စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Selfie ရိုက်ရင်း ကိုယ့်ခေါင်းကိုယ် သေနတ်နဲ့ ပစ်မိတဲ့ အမျိုးသမီးငယ်



ရုရှားနိုင်ငံ မော်စကိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမ အနေနဲ့ လုံခြုံရေး အလုပ်လုပ်ကိုင်နေတဲ့ အသိမိတ်ဆွေဆီ သွားလည်စဉ် selfie ရိုက်ဖို့ စိတ်ကူးရခဲ့ပါတယ်။

ယင်းစိတ်ကူးကတော့ သူ့ မိတ်ဆွေ လုံခြုံရေးသမားရဲ့ ပစ်စတို သေနတ်ဖြင့် Selfie ရိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ သေနတ်ကို ခေါင်းမှာ ချိန်ပြီး ရိုက်ပါတယ်။ မမျော်လင့်ပဲ သူမဟာ သေနတ်ပစ်တဲ့ မောင်းတံကို ဆွဲမိပြီး ကျည်ဆံထွက်သွားပါတယ်။ ဦးနှောက်ရဲ့ အသက်ကို သေစေမယ့် အဓိက နေရာတော့ မထိခဲ့ ပါဘူး။ ဒါကြောင့်မို့ ဆေးရုံပေါ် တင်ခဲ့ရပါတယ်။ ဒါပေမယ့် အသက်ရှင်မရှင် ဆိုတာကလည်း ဘယ်သူမှ ပြောနိုင်သေးတဲ့ အခြေအနေ မဟုတ်ပါဘူး။ လုံခြုံရေး ဝန်ထမ်းများ မရှိစဉ်မှာလည်း ဖြစ်သွားတဲ့ ကိစ္စမို့ ဖြစ်ပါတယ်။

Selfie ရိုက်တဲ့ ယဉ်ကျေးမှုဟာ တစ်ကမ္ဘာလုံးမှာ ခေတ်စားနေပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထူးခြားအောင် ပြုလုပ် ကြွားချင်ရာကနေ ဖြစ်လာတဲ့ အက်ဆီးဒန့် များလည်း တိုးလာကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း 

https://www.facebook.com/Internationalnewsformyanmar/photos/a.150971318323342.40

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...