စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်းလေးကန်ကို ယူနက်စကိုက ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေ အဖြစ် အသိအမှတ်ပြု



ယူနက်စကို၏ လူသားနှင့် ဇီဝ အသိုက်အ၀န်း ဆက်စပ်ဖြစ်တည်မှု စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည့် နိုင်ငံတကာ ပူးပေါင်း လုပ်ဆောင်ရေး
ကောင်စီက ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ အင်းလေးကန်ကို ကမ္ဘာ့ ကွန်ယက်အတွင်းရှိ ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဇွန်လ ၈ရက်မှ ၁၂ရက်အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပနေသည့် ယူနက်စကို အစည်းအဝေးတွင် ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေသစ် ၂၀ကို အသိအမှတ်ပြု ထည့်သွင်းခဲ့ရာတွင် အင်းလေးကန် ပါဝင်လာခြင်းဖြစ်သည်။ ယူနက်စကိုသည် နိုင်ငံပေါင်း ၁၂၀မှ နေရာ ၆၅၁ ခုကို ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေအဖြစ် အသိအမှတ်ပြုထားပြီး အင်းလေးကန်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝ အသိုက်အ၀န်း သီးသန့်ဖြစ်တည်မှု နယ်မြေ အဖြစ် အသိအမှတ်ပြု ခံရခြင်းဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့အတွင်း တည်ရှိသည့် အင်းလေးကန်သည် နှစ်ပတ်လည် ရေမပြတ်သော စိမ့်စမ်းဒေသဖြစ်ပြီး ဇီဝဖြစ်တည်မှု စနစ် ကောင်းမွန်ခြင်းကြောင့် ငှက်မျိုးစိတ် ၂၆၇မျိုးနှင့် ရေချိုငါး မျိုးစိတ် ၄၃မျိုးတို့ ခိုနားရာ ဒေသ အဖြစ် တည်ရှိသည်။ ငှက်မျိုးစိတ် ၂၆၇မျိုးအနက် ၈၂မျိုးမှာ စိမ့်စမ်း ဒေသတွင် ကျင်လည် ကျက်စားသည့် ငှက်မျိုးစိတ်များဖြစ်ပြီး ရေချိုငါး မျိုးစိတ် ၄၃မျိုးအပြင် ဖျံနှင့် ပင်လယ်လိပ်များလည်း ရှိကြောင်း ယူနက်စကို၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့အပြင် အင်းလေးဒေသတွင် နေထိုင်သည့် အင်းသူ၊ အင်းသားများမှာလည်း သဘာဝ ပတ်ဝန်းကျင်ဖြစ်တည်မှုနှင့် လိုက်လျော ညီထွေသည့် ဘ၀ နေထိုင်မှု ပုံစံ ရှိကြပြီး မြေသား၊ ဒိုက်နှင့် မှော်တို့ ပေါင်းစပ်ထားသည့် “ကျွန်းမျော” (ယူနက်စကိုက ရေခြံဟု ဖော်ပြထား)များကို အသုံးပြုကာ ရေပေါ် စိုက်ပျိုးရေး လုပ်ကိုင်ကြသည်ဟု ယူနက်စကို၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အောက်ပါ လင့်ခ်တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။ ဓာတ်ပုံများကို seetheworldinmyeyes.com နှင့် awiu.org တို့မှ ကူးယူဖော်ပြပါသည်။
http://www.unesco.org/…/twenty_new_sites_added_to_unescos…/…
Nz (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/photos/pcb.907491952627391/9074919

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...