စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အချစ်မရှိတဲ့ တစ်နေ့သောအခါ




တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါးရှိပါတယ်။

ဆရာတော်က စာလည်းချပါတယ်၊ တရားလည်းဟောပါတယ်၊ သံဃာ့အဖွဲ့အစည်းတွေ၊
ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါနေတော့ စည်းဝေးပွဲတွေလည်း မကြာခဏတက်နေရပါတယ်။
ဆိုလိုတာကတော့ နေ့စဉ် အလုပ်များနေတဲ့ဆရာတော်ပါ။

တစ်နေ့တော့ ဆရာတော့်မှာ နှလုံးရောဂါပုံစံမျိုး ရောဂါတစ်ခု ၀င်လာပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောသလဲဆိုတော့ “ဆရာတော် နှလုံးရောဂါဖြစ်ချင်တဲ့ လက္ခဏာပဲ ဘုရား၊
အဲဒါ ဆရာတော် ဘာအလုပ်မှမလုပ်ဘဲ တစ်လလောက်အနားယူပေးပါဘုရား၊ စာလည်းမချပါနဲ့၊
တရားလည်း လိုက်မဟောပါနဲ့၊ သာရေးနာရေးတွေလည်း မလိုက်ပါနဲ့၊
စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေးထားပါဘုရား ” လို့ လျှောက်ပြပြီး
သောက်ဆေးလည်း ပေးလိုက်ပါတယ်။

ဆရာတော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းပဲ တစ်လအနားယူလိုက်ပါတယ်။ အဲဒီတစ်လအတွင်း
စာလည်းမချ၊ တရားလည်းမဟော၊ သာရေးနာရေးလည်း မလိုက်ဘဲ နေနေလိုက်ပါတယ်။
အဲဒီတော့ ဘာအလုပ်မှမလုပ်ရတော့ အချိန်တွေက တအားပိုနေပါတယ်။ တခြားဘာမှ လုပ်စရာမရှိ တာနဲ့
တရားပဲထိုင်အားထုတ်ပစ်နေလိုက်ပါတယ်။ ဆရာတော်က တရားအားထုတ်ရင်းနဲ့ စိတ်ထဲမှာလည်း
ကျေကျေနပ်နပ်နဲ့ ၀ိပဿာနာဉာဏ်စဉ်လေးတွေ ၀င်လာပါတယ်။

တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော်တစ်ပါး ကြွလာပါတယ်။
ကြွလာတာကတော့ လူနာမေးကြွလာတာပါ။

စကားတွေပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က ဘာပြောသလဲဆိုတော့
“ဆရာတော်ရယ်၊ တပည့်တော် ဒီရောဂါဖြစ်လိုက်တော့ စာလည်းမချရ၊ တရားလည်းမဟောရ၊ သာရေးနာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ်ဘုရား၊
တရားမှတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေလည်း ထိုက်သင့် သလောက် ၀င်လာတော့
စိတ်ထဲမှာလည်း အေးအေးချမ်းချမ်းရှိလာတယ်ဘုရား။ တပည့်တော် ဘယ်လို စဉ်းစားမိသလဲဆိုတော့
ငါ့ဒီရောဂါသာမဖြစ်ရင် ဒီလိုအားထုတ်ဖြစ်မှာမဟုတ်ဘူး။ ရောဂါဖြစ်လို့ တရား အားထုတ်ဖြစ်တာလို့
စဉ်းစားမိတယ်ဘုရား။ ပြီးတော့ ရောဂါဖြစ်တာတောင် ကျေးဇူးတင်နေမိတယ်ဘုရား” လို့ လျှောက်ပြပါတယ်။

ဒီတော့ သူငယ်ချင်း အာဂန္တုဆရာတော်ဘုရားက ဘာပြန်ပြောသလဲဆိုတော့
“ကပ်ကြီးဆိုက်တော့ လာဘ်ကြီးတိုက်တာပေါ့”လို့ ပြန်ပြောလိုက်ပါသတဲ့။

ကျောင်းထိုင်ဆရာတော်ကလည်း အာဂန္တုဆရာတော်ပြောတဲ့ “ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့”ဆိုတဲ့စကားကို သိပ်သဘောကျသွားပါသတဲ့။ဒါဟာ ရောဂါဝေဒနာကဝိပသနာကုသိုလ်ဖြစ်ဖို့
အတွက် ကျေးဇူးပြုလိုက်တာပါ။ရောဂါ ဖြစ်တာကကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။

တကယ်တော့ ၀ိပဿနာတရားဟာ နေရာတိုင်းမှာ အသုံးပြုလို့ရနေတာပါ။ ဒါကကို အံ့သြစရာ ကောင်းနေတာပါ။

ဒီလိုအပြုအမူလေးတွေ ပြုမူနိုင်ဖို့ဆိုတာကလည်း ......ကိုယ့်မှာ တရားဗဟုသုတလေးတွေ ရှိမှပါ။
တရားဗဟုသုတမရှိပြန်ရင်လည်း အော်လို့ပဲ ငြီးနေရမှာပါ။ တရားဗဟုသုတလေးတွေရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာပါပဲ။ ပြဿနာကြုံလာတဲ့အခါ ကိုယ်ဖတ်ထားတဲ့အထဲက တရား ဗဟုသုတ လေးတွေကို ပြန်နှလုံးသွင်းပြီး ကျင့်သုံး ကျင့်သုံးသွားလို့ရပါတယ်။
ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေနဲ့ လက်တွေ့ တစ်ခါအသုံးချကြည့်ဖြစ်တိုင်း တော်တော်ဟုတ်တဲ့
ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။

လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီးရယ်ပါ။ ကိုယ့်မှာ နှလုံးသွင်းစရာ တရားဗဟုသုတ တစ်ခုခု ရှိနေမှပါ။ မရှိရင် သိပ်ပူလောင်ရတာပါ။

စာရေးသူကတော့ နှလုံးသွင်းစရာ တရားအသိလေးတွေရဖို့ ယောဆရာတော်ဘုရား၊ ဆရာတော်ဦးဇောတိက၊ ဘုန်းကြီးဦးဆေကိန္ဒ၊ ဦးဇင်းအရှင်ဆန္ဒာဓိကတို့ရဲ့
စာအုပ်တွေ တရားခွေတွေကို အလုပ်တစ်ခုလိုကို သဘောထားပြီး ဖတ်ဖြစ်နာဖြစ်ပါတယ်။
ဒီဆရာတော်ဘုရားတွေက အပြင်မှာ လက်တွေ့ အသုံးချလို့ရအောင် ရေးပြဟောပြထားလို့ပါ။
ကိုယ်တိုင်က ကြည်ညိုတာလည်းပါသလို ပုဂ္ဂိုလ်ရေးသံယောဇဉ်ရှိတာလည်း ပါပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ အာရုံဆိုးတွေနဲ့တွေ့တဲ့အခါ နှလုံးမသွင်းတတ်ဘဲ အမှားတွေ ကျူးလွန်မိမှာ စိုးလို့ပါ။

 
လောဘကြောင့်သေ ပြိတ္တာပြည်။ဒေါသကြောင့်သေ ငရဲပြည်။မောဟကြောင့်သေ တိရစ္ဆာန်ပြည်။

အားလုံးကြားဖူး ရဖူးတဲ့စကားလေးပါ။
ဒါပေမယ့် “သုတ်ပါထေယျအဋ္ဌကထာ စက္က၀တ္တိသုတ်” မှာကျတော့-
လောဘဆိုတဲ့ အငတ်ဘေးကြောင့်သေရင် ပြိတ္တာပြည်။
ဒေါသဆိုတဲ့ လက်နက်ဘေးကြောင့်သေရင် ငရဲပြည်။
“မောဟဆိုတဲ့ အနာရောဂါဘေးကြောင့်သေရင် နတ်ပြည်။”
ဆိုတော့ ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

အဋ္ဌကထာဆရာက ရောဂါဝေဒနာ ခံစားနေရတဲ့အခါမှာ ကိုယ်ခံစားနေရတဲ့ ရောဂါလေးတွေကို အာရုံပြုပြီး
“အခုလို ငါစားနေရသလို သတ္တ၀ါတွေ မခံစားရပါစေနဲ့”လို့ မေတ္တာစိတ်ဖြစ်နေမယ်၊ မေတ္တာပို့နေမယ်ဆိုရင်
အဲဒီမေတ္တာစိတ်နဲ့ သေသွားရင် နတ်ပြည် ရောက်မှာပါတဲ့။
ဒါကြောင့် အနာရောဂါနဲ့ သေရင် နတ်ပြည်လို့ ပြောတာပါတဲ့။
 
ရောဂါဝေဒနာဖြစ်လာတဲ့အခါ ကိုယ်ခံစားနေရတာကို အာရုံပြုရင်း ကိုယ်ချင်းစာစိတ်မွေးပြီး
“ငါခံစားနေရသလို သူလည်းမခံစားနေရပါစေနဲ့”လို့ မေတ္တာပွားတဲ့နည်းကလည်း တစ်မျိုးစိတ်ဝင်စားစရာပါ။
ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ အသုံးချကြည့်လို့ ရလို့ပါ။ ရောဂါဝေဒနာ ကြီးကြီးမှတင်မဟုတ်ပါဘူး။
ဥပမာ-ခေါင်းကိုက်နေရင်လည်း“ငါခေါင်းကိုက်ဝေဒနာခံစားနေရသလို သူလည်း

တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်



ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။
 
နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြသည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့်သည့်နည်းအတိုင်း အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
ခေါင်းကိုက်ခြင်းကို အဓိကဖြစ်စေနိုင်သောအရာမှာ စိတ်ဖိစီးခြင်းဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် တရားထိုင်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာရေဗက္ကာအာဝင်ဝဲလ်စ်က ‘‘Headche’’ဂျာနယ်တွင် ယခုသီ တင်းပတ်အတွင်း ထောက်ပြရေး သားထားသည်။
 
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ ၁၉ ဦးကို သုတေသီများက အုပ်စုနှစ်စုခွဲကာ ၁၀ ဦးကိုတရားထိုင်ခြင်း၊ ယောဂနည်းအတိုင်း အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ရန် ညွှန်ကြားခိုင်းစေခဲ့သည်။ ၎င်းတို့ကို သီတင်းအပတ်စဉ်တိုင်း ငါးရက်ကြာမျှတစ်နေ့လျှင် ၄၅ မိနစ်စီ တရားထိုင်ခိုင်းခဲ့သည်။ အခြားဝေဒနာရှင်ကိုးဦးကို စံချိန်မီဆေးဝါးများဖြင့် ကုသပေးခဲ့သည်။ ထို့နောက်၎င်းတို့၏ ခေါင်းကိုက်ဝေဒနာခံစားရမှုအဆင့်နှင့် ကြာမြင့်ချိန်တို့ကို သုတေသီများက မေးမြန်းလေ့လာခဲ့သည်။

တရားထိုင်သော ဝေဒနာရှင်များမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာလျော့ပါးသွားပြီး ဝေဒနာပြင်းထန်မှုပိုနည်းသွားကြောင်း သု တေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင် ရာကျန်းမာရေးပိုကောင်းလာပြီး ခေါင်းကိုက်ဝေဒနာကို ထိန်းချုပ် ခံစားနိုင်မှုလည်း ပိုလာကြောင်း ဒေါက်တာဝဲလ်စ်ကပြောသည်။

တရားထိုင်ခြင်းနှင့်အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ခေါင်းကိုက်ဝေဒနာကိုကုသသူများမှာ
 ဆေးဝါးဖြင့်ကုသသူများထက် ပိုမိုသက်သာမှုရှိကြောင်း ယခု လေ့လာမှုကဖော်ပြသည်။ 

     —Ref:UPI

http://www.7daydaily.com/story/20690#.VClx12OM-So

သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ



သွေးထဲတွင် လုံလောက်သော သွေးနီဥအရေအတွက် မရှိခြင်းအဖြစ် လူသိပိုများသော သံဓာတ်ချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီးသန်းပေါင်းများစွာ ဝေဒနာခံစားနေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အာဟာရလုံလောက်ခြင်းမရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်းနှင့် အလုပ်စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာများတွင် အောက်ပါအစားအစာများ ထည့်သွင်းစားသုံးလိုက်ပါ။

ဆန်လုံးညိုတွင်ပါဝင်သော သံဓာတ်က သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
မြင်းစားဂျုံတွင် သံဓာတ်အပြင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည်။ နံနက်စာတွင် ဂျုံကြမ်းထည့်သွင်းစားသုံးခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။

အာလူးကို ကယ်လိုရီများသော ဟင်းသီးဟင်းရွက်တစ်မျိုးဟု လူ အများရှုမြင်ကြသော်လည်း သံဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် ပုံမှန်စားသော အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သည်။
ပန်းဂေါ်ဖီစိမ်းများကို အလွန်စားလိုစိတ်ပေါ်မှသာရွေးချယ်စား သောက်လေ့ရှိကြသော်လည်း သံဓာတ်ချို့တဲ့မှုဒဏ်ခံနေရသူများအတွက် အထူးကောင်းမွန်သော အစားအစာဖြစ်သည်။

စတော်ဘယ်ရီသီးများတွင် သံဓာတ်ပါဝင်သည့်အပြင် ခန္ဓာကိုယ်မှ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေအောင် ဆောင်ရွက်ပေးသည့် ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သည်။
အာဟာရဓာတ်များစွာပါဝင်သော ပဲစေ့များမှာ သံဓာတ်ချို့တဲ့သူများ သံဓာတ်ဖြည့်တင်းရန် ကူညီပေးနိုင်သည်။ ဒေါက်ခွရွက်တွင် သံဓာတ်အပြင် ဗီတာမင်စီလည်း ပါဝင်သဖြင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးနိုင်သည်။ ဘိုကိတ်ပဲများတွင်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ရွှေဖရုံစေ့များကို သရေစာအဖြစ် စားပေးခြင်းဖြင့် ခန္ဓာကိုယ်သံဓာတ်ကို မြှင့်တင်ပေးနိုင်သည်။
(JOI)

http://www.7daydaily.com/story/20960#.VClxdGOM-So

ကလေးများကို ပုံပြင် ပြောပြပါ



ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။

ဘိုးဘိုး၊ ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ဘေးတွင် လဲလျောင်း၍ ၎င်းတို့ ပြောပြသော ပုံပြင်များကို နားထောင်ရင်း ကျွန်တော်တို့ကို စိတ်ကူးယဉ်ခရီးသို့ ခေါ်ဆောင်သွားသော ယင်းကလေးဘ၀ အချိန်များမှာ အမှတ်ရစရာနေ့ရက်ဟောင်းများပင် ဖြစ်သည်။

၎င်းတို့ ပြောပြသော ပုံပြင်များတွင် ယုန်နှင့်လိပ် အပြေးပြိုင်ခြင်း၊ဘုရားဟောဇာတကတို့အပြင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ကဲ့သို့ သောအရာများကကျွန်တော်တို့ ဘ၀အတွက်အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်ရန် ကူညီပေးသည်။

သို့သော် ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဘ၀များသို့  ယခင်ကနှင့်မတူဘဲ နည်းပညာများ ထိုးဖောက်ဝင်ရောက်လာကာ အလုပ်များသော မိဘများနှင့် မိသားစုတွင် အခြားလူပိုမရှိကြသောကြောင့် ပုံပြောပြသော အလေ့အထမှာ ရှားပါးလာပြီ ဖြစ်သည်။ ကလေးများကို ပုံပြောပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ပုံပြင်နားထောင်ခွင့်ရသော ကလေးများမှာ ဝေါဟာရပိုကြွယ်ဝလာနိုင်သည်။ ယင်းကဲ့သို့ ပုံပြင်နားထောင်ရချိန်တွင် ကလေးများက ၎င်းတို့နားမလည်သော ဝေါဟာရ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလေ့ရှိသောကြောင့် စကားလုံးအသစ်များ၏ အဓိပ္ပာယ်ကို သိရှိနားလည်လာမည် ဖြစ်သည်။

ကလေးများသည် ၎င်းတို့ ဘ၀နောက်ပိုင်းတွင် အသုံးပြုမည့်စကားလုံးများစွာကို ငယ်စဉ် အရွယ်တွင် အများဆုံးမှတ်သားလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် စကားမပြောတတ်သေးသောအရွယ် ကလေးငယ်များကို ပုံပြောပြလျှင်ပင် အကျိုးများသည်။ ၎င်းတို့ ကြီးပြင်းလာချိန်တွင် ကလေးများ၏ နားထောင်နိုင်စွမ်းများကိုလည်း အားကောင်းလာစေသည်။ ကလေးများသည် နားထောင်ခြင်းထက် စကားပိုပြောလေ့ရှိသော အလေ့အထများကို စာသင်ခန်းများ၌ အထူးသဖြင့် မြင်တွေ့နိုင်သည်။ ပုံပြင်နားထောင်သော အလေ့အထရှိသည့် ကလေးများမှာ ကောင်းစွာနားထောင်နိုင်သော ကလေးများ ဖြစ်လာပေမည်။

သို့သော် ကွန်ပျူတာများတွင် ပုံပြင်များ ဖွင့်ပြခြင်းမှာ အကျိုးရှိသော်လည်း လူသားမဆန်သဖြင့် ကလေးငယ်များကို ကိုယ်တိုင် ကိုယ်ကျပုံပြောပြခြင်းက ပိုကောင်းကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကလေးများကို ပုံပြင်ပြောပြခြင်းဖြင့် ၎င်းတို့သည်ယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုနားလည်လာကာ သမိုင်းကြောင်းများကို လေ့လာသင်ယူလိုစိတ် ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ပုံပြင်ပြောပြခြင်းဖြင့် ကလေးများကို အပြန်အလှန် ဆက်သွယ်တတ်လာစေပြီး ကလေးများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မေးခွန်းများ မေးတတ်လာကြသည်။ ပုံပြောပြသူတစ်ဦးအနေဖြင့် ကလေးများသိ လိုစိတ် ရှိလာစေမည့် နည်းလမ်းများကို သုံးသင့်ပြီး ကလေးများကို စဉ်းစားတွေးတောစေ၍ မေးခွန်းများ မေးလာစေရန် တွန်းအားဖြစ်စေသည်။

ကလေးများကို ပြောပြထားသည့် ဇာတ်ကောင်များနှင့် ပုံပြင် တိုလေးတစ်ပုဒ် ဖန်တီးခိုင်းခြင်းမျိုး ပြုလုပ်ရန် တစ်ခါတစ်ရံ ကလေး များကို မိဘများက တိုက်တွန်းသင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယင်းကဲ့သို့ ပုံပြင်ဖန်တီးခိုင်းခြင်းကြောင့် ၎င်းတို့၏ စိတ်ကူးပုံဖော်နိုင်မှုကို အားကောင်းလာစေပြီး ပြောပြသောပုံပြင်များကို ပို၍ စိတ်ဝင်စားလာစေမည် ဖြစ်သည်။

ပုံပြောပြခြင်းက ကလေးတစ်ယောက်၏ စိတ်ခံစားချက်နှင့် ခံစားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။ ၎င်းတို့၏ စိတ်ကူးတွေးတောနိုင်စွမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။
-TOI


http://www.7daydaily.com/story/21618#.VClw-WOM-Sp

ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များအတွက် ပင်စိမ်းရွက်



 
မြန်မာ့ဆေးကျမ်းတွေထဲမှာ ပင်စိမ်းဖြင့် ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါမျိုး (၄၀) ရှိကြောင်းကို ဖော်ပြထားကြပါတယ်။

အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များကို ပင်စိမ်းဖြင့် မိမိတို့နေအိမ်တွင်းမှာ အလွယ်တကူ ကုသနိုင်ကြပါတယ်။

၁။ ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ခူးယူ၍ ရေစင်အောင် ဆေးကျောကာ
ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ရအောင် ညစ်ယူလိုက်ပြီး ရေကျက်အေးနှင့်
သောက်ပါ။ တစ်နေ့ကို (၂) ကြိမ်သောက်နိုင်ပြီး ၃ ရက်ခန့်သောက်ပေးပါက ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်များ ပျောက်ကင်းသက်သာ
စေပါမည်။

၂။ ပင်စိမ်းပွင့်ကို ဂျင်းခြောက်၊ ကြက်သွန်ဖြူတို့နှင့် ရောထောင်း၍ ပျားရည်စစ်စစ်နှင့် လျက်ပေးပါက ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ရောဂါများကို
ပျောက်ကင်းစေမည်။

၃။ ပင်စိမ်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးယူ၍ အစိုအတိုင်း ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်ပေးပါက အအေးမိ၊ တုပ်ကွေးရောဂါများ ချက်ချင်းသာပျောက်ကင်းစေပါမည်။ ဂျင်းအနည်းငယ် ထည့်ကျိုလျှင် ပိုကောင်းပါသည်။ ပျားရည်ရှိပါက အနည်းငယ်ထည့်သောက်နိုင်ပါသည်။
 
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ အံ့မခန်း ပင်စိမ်းအစွမ်း၊ မြန်မာ့ဆေးကျမ်းများ

ကျန်းမာရေးသတင်းများ
 

ထူးဆန်းသောနည်းဖြင့် သေဆုံးခဲ့သည့် ကမ္ဘာကျော်များ

ဆံပင်ညှပ်ဆရာတွေ အမြဲပြောလေ့ရှိတတ်တဲ့ မုသားစကား (၇) မျိုး


 


သင် ဆံပင်ညှပ်ဆိုင်ကို ရောက်ပြီဆိုပါတော့။ ဆံပင်ပဲညှပ်ညှပ်၊ ဘာပဲ လုပ်လုပ် ခေါင်းတော့ အရင်လျှော်ခိုင်းကြတာချည်းပဲ ဟုတ်။ သင်က ခုလေးတင်အိမ်မှာ လျှော်လာတာလို့ပြောရင် ခုထပ်လျှော်မှ ညှပ်ရတာ အဆင်ပြေမယ်၊ ဆံပင်ဆိုးရတာ အဆင်ပြေမယ်၊ ဒီကလျှော်ပေးတဲ့ ရှန်ပူက ဘယ်လိုကောင်းတာစသဖြင့် အခြေအတင်လေးတွေ ရှိလာပြီပေါ့။ အိုခေ သူတို့ပြောသလို ခေါင်းလျှော်ဖို့ လက်ခံလိုက်ပါပြီ။ အဲ့ဒီနောက်မှာ ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်ဆရာတွေ ပြောလေ့ရှိတဲ့ မုသားစကားပါးပါးလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
၁။ဟိုးအရင်ကတည်းက သုံးနေကျ ရှန်ပူတွေက မကောင်းတော့ဘူး။ ဆိုင်က ရှန်ပူတွေကတော့ အကောင်းဆုံး product တွေချည်းပဲ။

သင်က ခုလက်ရှိလည်း ဆယ်တန်းကျောင်းသူဘ၀က သုံးခဲ့တဲ့ ခေါင်းလျှော်ရည်အမျိုးအစားကိုပဲ စွဲစွဲမြဲမြဲသုံးနေတတ်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ သူတို့က အိမ်မှာဘာခေါင်ေးလျှာ်ရည်သုံးသလဲလို့ မေးတဲ့အခါ မဖြေရင်အကောင်းဆုံးပါပဲ။ သင်က ဖြေလိုက်ရင် ခုဆိုင်မှာ သုံးတာကတော့ ဘာအမျိုးအစားဖြစ်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။ ဒီအမျိုးအစားက ဘာကောင်းတယ်ဆိုတာ ပြောပြပြီး ဒါကို အိမ်မှာသုံးတာထက် ဆိုင်မှာလာလျှော်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေပိုရစေတယ်ဆိုတာမျိုးကိုလည်း သင့်ကို သူတို့ပြောပြပါလိမ့်မယ်။

၂။ဆံပင်ပါးရင် အထပ်ကလေးတွေ ညှပ်ကြည့် အဆင်ပြေသွားလိမ့်မယ်။

သင့်ဆံပင်က ခပ်ပါးပါးမို့ ဘယ်လိုကြည့်လိုက်ရင် အဆင်ပြေမလဲ တွေးရမှာပေါ့။ ဒါဆို သူတို့ပြောလေ့ရှိတာက အထပ်ထပ် layer ပုံစံသာညှပ် အားလုံးအိုခေသွားမယ်ဆိုတာပါပဲ။ တကယ်တော့ အဲ့ဒီလို အထပ်ကလေးတွေဖြစ်အောင် ညှပ်တာကလည်း ညှပ်ပြီးကာစ ဆိုင်မှာပုံသွင်းမှသာ အဆင်ပြေတာပါ။ ဆံပင်ပါးတယ်ဆိုရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ရှိနေပြီးသား ဆံပင်ပုံစံနဲ့ မျက်နှာကျစတာတွေလည်း ထည့်သွင်းစဉ်းစားရဦးမှာပါ။

၃။အဖျားနှစ်ခွ နည်းနည်းဖြစ်နေရင် ခပ်တိုတိုသာ ညှပ်လိုက်၊ ဒါမှအဆင်ပြေမယ်။

တစ်ခါတစ်လေ ကိုယ်က ဆံပင်အရှည်ထားဖို့ စိတ်အားထက်သန်နေတယ်ဆိုပါစို့။ ကိုယ့်ဆံပင်က အဖျားနှစ်ခွဖြစ်နေတယ်။ ဒါပေမယ့် ဒါကိုလည်း တိုသွားအောင် ညှပ်မပစ်ချင်ဘူး။ ဒါဆို သူတို့က ညှပ်ချပစ်လိုက်ဖို့ ပြောရင်တောင် ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်းပြောပြပြီး တစ်ခြားနည်းလမ်းစဉ်းစားခိုင်းပါ။ ဥပမာ- ဆံပင်ကို အရင်ကထက် ပိုဂရုစိုက်ပြီး ပေါင်းတင်တာမျိုးတွေ၊ အားဖြည့်ဗိုက်တာမင် လိမ်းပေးတာမျိုးတွေလုပ်မယ်ဆိုရင် ခုအတိုင်း ဘယ်လိုလေး တိုမသွားအောင် ပုံချလိုက်ရင် အဆင်ပြေမလဲ ဆိုတာမျိုးပေါ့။

၎။နေ့တိုင်းခေါင်းလျှော်တာ ဆံပင်အတွက် မကောင်းနိုင်ဘူး။

လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပြီး ချွေးထွက်တဲ့သူတွေအတွက် နေ့တိုင်းခေါင်းလျှော်လို့ ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုတော့ နည်းနည်းပျော့တဲ့ ရှန်ပူမျိုးသုံးရပါလိမ့်မယ်။ ခေါင်းလျှော်တိုင်းလည်း ဆံပင်ပျော့ဆေး သေချာသုံးပေးမယ်ဆိုရင် လျှော်လို့ရပါတယ်။

၅။ဆံပင်အဖျားတိမယ်ဆိုရင် ဆိုင်မှာလာတိတာ အကောင်းဆုံးပါ။

သင်အရင်ကရော ဆံပင်ကို ကိုယ်တိုင်တိဖူးပါသလား။ ရှေ့ဆံပင်တိမယ်ဆိုရင်တော့ ကိုယ်တိုင်ခန့်မှန်းတတ်ဖို့လိုပါတယ်။ ကွက်တိသွားတိလိုက်ရင် ရှေ့ဆံပင်တွေက အပေါ်ကိုတိုတက်သွားတဲ့အခါ အဆင်မပြေဖြစ်တတ်တာမို့ပါ။ ကျန်တဲ့ အဖျားနှစ်ခွဖြစ်နေတဲ့ နေရာတွေကိုတိမယ်ဆိုရင်လည်း ညီညီညာညာလေးတိမှာလား၊ ဒါမှမဟုတ် အချွန်ပုံစံထွက်အောင် တိမှာလား သိရပါမယ်။ သင်ကိုယ်တိုင်တိနေကျ၊ ဒါကိုလည်း သဘောကျတယ်ဆိုရင် သင်မလုပ်နိုင်စရာ မရှိပါဘူး။ အဲ့ဒီလိုမဟုတ်ပဲ ခုမှ စတိမှာ၊ သေချာလည်း မလုပ်တတ်ဘူးဆိုရင်တော့ သူတို့ပြောသလို ဆိုင်မှာ တိတာ ပိုသေချာတာပေါ့။

၆။ဆံပင်အဖျားလေးတွေ တိပေးတာ၊ ညှပ်ပေးတာ ဆံပင်ကို ပိုရှည်လာစေတယ်။

ဆံပင်ပညာရှင် Allen Ruiz ပြောကြားချက်အရတော့ ဒီအချက်ဟာ မှားပါတယ်။ ဆံပင်အဖျားလေးတွေ ပုံမှန်တိပေးတာ သင့်ဆံပင်ပိုမိုကျန်းမာလာစေတယ်ဆိုတဲ့ အချက်က မှန်ပေမယ့် ဆံပင်ကို ပိုအရှည်မြန်စေတယ်ဆိုတာကတော့ မှားပါတယ်တဲ့။

၇။ဆံပင်နဲ့ပတ်သက်ပြီး သုံးတဲ့ product ပိုများလေ ဆံပင်ပိုကျန်းမာလေပါပဲ။

ဒီအချက်ကလည်း မှားယွင်းပါတယ်။ သင့်ဆံပင်က အထူးတလည် ပျက်စီးနေတာမျိုးလည်း မဖြစ်ဘူး။ ပုံမှန်သင့်တော်တဲ့ ဆံပင်သားလည်းရှိတယ်ဆိုရင် ဆံပင်အတွက် သုံးတဲ့ ထုတ်ကုန်ပစ္စည်း နှစ်မျိုး၊ သုံးမျိုးဆို ရပါပြီ။


မူရင်း=https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

စိတ်ပျော်ရွှင်မှုရရှိဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ စားသုံးသင့်


တစ်နေ့တစ်နေ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်ရွက်စားသုံးတဲ့ ပမာဏများလာလေလေ ကိုယ်ကာယကျန်းမာရေး အပါအဝင် စိတ်ပျော်ရွှင်မှုရရှိမယ့် အခွင့်အရေး ပိုကောင်းလာလေလေဖြစ်ပါတယ်။

တစ်ဦးချင်းစီရဲ့ အသီးအရွက် စားသုံးမှုပမာဏ များလာလေ စိတ်ဝမ်းနည်းပျော်ရွှင်မှု လျော့လာလေဖြစ်ပါတယ်။

ဥာဏ်ရည်ထက်မြတ်သူတွေက တခြားသာမန်လူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သူများထက် အသီးအရွက်ပမာဏ ၅ ဆနဲ့ အထက် ပိုစားသုံးသူများဖြစ်ကြောင်းတွေ့ရပါတယ်။

ကျန်းမာရေးချို့တဲ့ခြင်းဟာ စိတ်ဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေ များစွာပတ်သက်ဆက်နွယ်နေပြီး စိတ်ပျော်ရွှင်မှုရှိခြင်းဟာ ရောဂါလက္ခဏာ သို့ နာမကျန်းမှုဖြစ်ခြင်းကင်းစင်စေတယ်ဆိုတာထက်တောင် ပိုပါတယ်။ ဒါဟာ လူတွေပျော်ရွှင်မှုရရှိလို့ အလုပ်တွေကောင်းစွာ လုပ်ဆောင်နေကြတယ်ဆိုသည့် အခြေအနေပဲဖြစ်ပါတယ်။

အကောင်းမြင်တတ်ခြင်း၊ ပျော်ရွှင်မှုရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုရရှိခြင်း၊ အလွယ်တကူပျော်ရွှင်တတ်ခြင်းနဲ့ ဆက်ဆံရေးကောင်းမွန်လာခြင်းတွေဟာ စိတ်ပျော်ရွှင်မှုရရှိခြင်းကြောင့်သာဖြစ်ပါတယ်။

စိတ်ပျော်ရွှင်မှုရှိခြင်းဟာ စိတ်ဝေဒနာ ကာကွယ်ပေးသည်သာမက သာမန်ရောဂါဘယတွေနဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။


http://www.searchmyanmar.com/link/comment/cid/42121#content-42121

ဘာကြောင့်အသက် ၂၅၆ နေနိုင်ခဲ.တာလဲ

                     
တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။


သူ အသက် ဆယ်နှစ်လောက်အရွယ်တွေမှာ Kansu, Shansi, Tibet, Annam, Siam နဲ့ Manchuria ဒေ သတွေကို ဆေးဖက်ဝင်အပင်တွေကို စုဆောင်းဖို့ ခရီးသွားလာခဲ့ပါတယ် ။ သူ့ရဲ့ ပထမ နှစ် ၁၀၀ အတွင်း မှာလည်း သူဟာ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ သူဟာ အဲဒီ ပင်တွေကြားမှာပဲနေပြီး သူ့မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ ၀ိုင်တွေ ပေါများစွာ ရှိခဲ့တယ် ။

သူ့ကို ဘာကြောင့်အသက်ရှည်သလဲလို့ မေးမြန်းတဲ့အခါ သူ့လျှို့ဝှက်ချက်ကတော့ “ တိတ် ဆိတ်ငြိမ် သက် တဲ့ နှလုံးသားနဲ့နေပါ လိပ်တစ်ကောင်လိုထိုင်ပါ ပင်ကွင်းငှက်လို လမ်းလျှောက်ပါ ခွေးတစ်ကောင်လို အိပ်ပါ ” လို့သူပြန်ဖြေခဲ့တယ် ။ ဒါပေမယ့် စစ်ဘုရင် Wu Pei-fu က အဲဒီ ဖော်မြူလာကိုဘ၀င်မကျခဲ့ဘူး ။ ဒါကြောင့် သူဟာ Li ကို အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်းမှာ အသက်အရှည် ဆုံးဘယ်လိုနည်း လမ်းတွေ နဲ့နေထိုင်ရမလဲဆိုတာ သင်ကြားစေခဲ့တယ် ။


အချို့ပြောတာကတော့ သူ့မှာ သေဆုံးပြီးသားဇနီး ၂၃ ယောက်ရှိပြီး လက်ရှိ ၂၄ ယောက်မြောက် ဇနီးနဲ့နေ ထိုင်တယ်လို့ဆိုပါတယ် ။ အဲဒီ ၂၄ ယောက်မြောက်ဇနီးဟာ အသက် ၆၀ အရွယ်ရှိပြီး မျိုးဆက် ၁၁ ဆက်ကို ပြန့်ပွားနိုင်ခဲ့တယ် ။ Li ရဲ့ ညာလက်က လက်သညးတွေဟာ ၆ လက်မ ရှည်လျှားပါတယ် ။ ၁၉၃၀ ခုနှစ်မှာတော့ ပရော်ဖက်ဆာ Wu Chung-chieh ဟာ အမှတ်မထင် ထူးဆန်းတဲ့အရာကိုရှာတွေ့ခဲ့တယ် ။ သူဟာ Chengtu University မှ ပရော်ဖက်တစ်ဦးလည်းဖြစ်ပါတယ် ။ သူတွေ့ခဲ့တာကတော့ Li Ching-yun ဟာ ၁၈၂၇ ခုနှစ်မှာ တရုတ် အစိုးရက သူ့မွေးနေ့အတွက် အသက်ရှည်ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပေးပို့ထားတဲ့ မှတ်တမ်း မှတ်ရာတွေကိုပါပဲ ။

အဲဒီမွေးနေ့ဟာ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်ပါတယ် ။ သိပ်မကြာသေးခင် ရက်သတ္တပတ်ကပဲ Li ဟာ သေဆုံး သွားခဲ့တယ် ။ အဲဒီလိုဆိုရင် Li Ching-yun ဟာ ကမ္ဘာမြေပေါ်မှာ 256 နှစ်တိုင်တိုင် အသက်ရှင်နေထိုင်သွားခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်လို့နေပါတယ် ။ ကဲ အံ့သြဖွယ်ရာ မယုံနိုင်စရာဖြစ်မနေဘူးလား ။


(ကျွန်တော့်အထင်ကတော့ ပရော်ဖက်ဆာ ရှာတွေ့ခဲ့တဲ့ record ထဲက လူနဲ့ Li ဟာ တစ်ယောက် တည်းဆို ရင်တော့ Li ဟာ တကယ်ပဲ ၂၅၆ နှစ်အသက်ရှည်ခဲ့တဲ့သူဖြစ်ပါတယ် ။ တစ်ယောက် စီဖြစ်နေမယ်ဆိုရင်တော့ Li ဟာ ၁၉၇ နှစ်အသက်ရှည်ခဲ့သူဖြစ်ပါ့တယ် )


http://www.searchmyanmar.com/click/search#content-42131

ကြက်သွန်ဖြူ၏အစေးဖြင့် ပိုးမွှားများ၏အဆိပ်ကို ကုသနိုင်



မိမိဝါသနာအလျှောက် လေ့လာလိုက်စားပြီး မှတ်သားထားသည့် ရိုးရာဆေးနည်း၊ သဘာဝဆေးနည်းများကို အများသူငါဖတ်ရှုနိုင်အောင် ဒီစာမျက်နှာပေါ်မှ ပြန်လည်မျှဝေပေးခဲ့သည်မှာ အခုဆိုရင် ၆ လခန့် ရှိလာပါပြီ။ ဖတ်ရှုအားပေးကြတဲ့ မိဘပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ မိမိသိရှိထားသည့် ဆေးနည်းများကိုလည်း အများသိအောင် ပြည်လည်မျှဝေပေးဖို့ ပေးပို့လာကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း မျှဝေပေးနေပါဦးမယ်။

ဒီတစ်ခါ စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ ဒီညနေမှာပဲ မိမိ၏ ၂ နှစ်သားအရွယ် သားလေးကို နေအိမ်ထဲမှာ ပျားတုတ်သွားပါတယ်။ ဆိုးဆိုးဝါးဝါး အောင်ငိုသံကြောင့် ကြည့်လိုက်တော့ မီးချောင်းအောက်မှာ ပြုတ်ကျနေတဲ့ ပျားတစ်ကောင်ကို သူက တက်နှင်းထားတာကို တွေ့လိုက်ရတော့ ခြေဖ၀ါးနုနုလေးကို ပျားက တုတ်လိုက်ပြီဆိုတာ သဘောပေါက်လိုက်ပေမယ့် ချက်ချင်းဆိုတော့ အဖေရော အမေပါ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲဖြစ်သွားခဲ့ပါတယ်။ (ကိုက်သွားတဲ့ပျား၏ ပုံလေးကိုပါ ဓါတ်ပုံမှာထည့်ပေးလိုက်ပါတယ်)

မိမိ၏ ဇနီးသည်မှာ မီးဖိုချောင်မှာ ဟင်းချက်နေချိန်ဆိုတော့ ချက်ချင်းပဲ ခေါင်းထဲပေါ်လာတဲ့ ရိုးရာဆေးမြီးတိုနည်းလေးကို သတိရပြီး ကြက်သွန်ဖြူတစ်မွှာကို ငရုတ်ကျီပွေ့ဖြင့် ထုထောင်းလိုက်ပြီး ၄င်းကြက်သွန်ဖြူ၏ အစေးဖြင့် ပျားတုတ်ထားသည့်နေရာကို ပွတ်လိမ်းပေးလိုက်ပါတယ်။

မိနှစ်ပိုင်းခန့်အကြာမှာပဲ ကလေးက အငိုတိတ်သွားပြီး ကြက်သွန်စေး၏ အစွမ်းကြောင့် အဆိပ်များပြေသွားသလို ပျားတုတ်ထားသည့်နေရာမှ အသားထဲကို နစ်ဝင်နေတဲ့ ပျားအစွယ်လည်း သူ့အလိုလို အပြင်ကို စူထွက်လာပါတယ်။ အဲဒါကို လက်သည်းလေးနဲ့ပဲ ဆွဲထုတ်လိုက်တော့ ကလေးလည်း လုံးဝမငိုတော့ပဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်၊ ဆော့နိုင်သွားပါတယ်။

အိမ်ထဲကို ၀င်ကိုက်တဲ့ပျားရဲ့အဆိပ်ကို အိမ်ထဲမှာရှိနေတဲ့ အိမ်တွင်းကုထုံးလေးနဲ့ လက်တွေ့ကုသလိုက်ရပါတယ်။

ရိုးရာဆေးနည်း၊ တိုင်းရင်းဆေးနည်း၊ သဘာဝဆေးနည်းများကို လေ့လာနေတဲ့ မိမိအဖို့တော့ သဘာဝတရားကပေးတဲ့ ဆေးနည်းများ၏အစွမ်းကို ပိုမိုယုံကြည်လာပါတယ်။

ရိုးရာဆေးနည်းတွေထဲမှာဖတ်ခဲ့ရသည့်အတိုင်း ပိုးကောင်၊ ပျား၊ ပုရွတ်ဆိတ် စတဲ့ အဆိပ်ရှိတဲ့ အကောင်လေးများကို အကိုက်ခံရပါက လက်တကမ်းမှာ အလွယ်တကူ ရရှိနိုင်သည့် ကြက်သွန်ဖြူ၏အစေးဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြကြောင်း ကိုယ်တွေ့ဖြစ်ရပ်လေးဖြင့် မျှဝေပေးလိုက်ရတယ်။
စောနွဲ့ နေဆိုင် (ပူတာအို)

ကျန်းမာရေးသတင်းများ
 

သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်



၁။ ရေများများသောက်ပါ

တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။ မိုးလင်းပြီဆိုတာနဲ့ သံပရာရည်ခွက်ကြီးတစ်ခွက်နဲ့ စတင်လိုက်ခြင်းက သင့်အသည်းရဲ့ အဆိပ်အတောက်ထုတ်ပစ်မှုကိုများစွာ အထောက်အကူဖြစ်စေပြီး သံပရာရည်ထဲမှာပါသည့် Citric acid က သည်းခြေ ရည်ယိုထွက်စေကာ ယင်းကလည်း အဆိပ်အတောက်များကို ထွက်စေရန် ကူညီလေသည်။

၂။အရွက်ဖားဖားအသီးအရွက်များ စားပေးပါ

အထူးသဖြင့် အစိမ်းရောင် အရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လံ စသည့်အရွက်များ၊ မုန်လာဥ၊ ဥနီ စသည့် အသီးအရွက်များအား အနည်းဆုံးတစ်ရက် နှစ်ကြိမ်စားသင့်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်းတွေက ဆာလဖာ ပိုမိုပါဝင်ပြီး အသည်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာမှာ အဓိကကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာမှာ ညီညွှတ် မျှတတဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။

၃။အနည်းငယ်နှိပ်ပေးပါ

လဲလျောင်းနေစဉ်မှာ သင့်ရဲ့ ၀မ်းဗိုက်ညာဘက်အပေါ်ခြမ်းအသည်းနဲ့သည်းခြေအိတ်တစ်ဝိုက်ကို ဖြေး ဖြေးနှိပ်ပေးပါ။ ယင်းက အသည်းကို သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

၎။သင့်ရဲ့အသည်းကို ၀န်ထုတ်ဝန်ပိုး မဖြစ်ပါစေနဲ့

အရက်၊ဘီယာ၊ အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ ယင်းက အသည်းဖျက်ဆီးခြင်းနဲ့အသည်းရောဂါတွေ ဖြစ်စေပါတယ်။

၅။အသည်းကို အထောက်အပံ့ပေးတဲ့ဖြည့်စွက်စာတွေ စားပါ။

နနွင်း 45mg ၊ ဒုစလီမြစ်မှ အရည် 400 mg သို့မဟုတ် နွားနို့ 400mg နေ့စဉ် သောက်သင့်ပါတယ်။ ဒုဝလီမြစ်အား လက်ဖက်ရည်ကြမ်းထဲတွင်လည်း ထည့်၍ သောက်သုံးနိုင်သည်။

၆။ လုံလောက်သောသတ္တုဓာတ်အား ရရှိပါစေ

အသည်းမှ အဆိပ်အတောက် ဖယ်ထုတ်ရာတွင် သတ္တုဓာတ်က အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လေသည်။ အထူးသဖြင့် မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဆိုဒီယမ်၊ အိုင်းရွန်း၊ ဇင့်၊ ဆယ်လီနီယမ်၊ မဂ္ဂနီစ်တွေ ပါဝင်တဲ့ အားဆေးတွေ၊ အာဟာရတွေကို သောက်သုံးသင့်ပါတယ်။

Credit To မိုင်ကိ

 https://www.facebook.com/364484143692148/photos/a.364489287024967.107

ကိုးနှစ်သား ကာယဗလမောင်လေး ကင်းမြီးကောက် ဒိုက်ထိုးနိုင်ပြီ



ပုံမှာ မြင်တွေ့နေရတဲ့ ကလေးငယ်ကို သိကြမှာပါ။ Giuliano Stroe လို့ အမည်ရတဲ့ ရိုမေနီးယား က အသက် ၉ နှစ်အရွယ် ကလေးငယ်လေး ဖြစ်ပြီး ကမ္ဘာ့ အသန်မာဆုံး ကလေးငယ်အဖြစ် ဂင်းနစ်စံချိန်တင်ထားသူ ဖြစ်ပါတယ်။ သူတင် မကပဲ သူ့ရဲ့ ၇ နှစ်အရွယ် ညီငယ်လေးပါ စံချိန်တင်ထားတာပါ။ ယခု နောက်ဆုံးရ သတင်းကတော့ သံတိုင်ဘားတန်းကို လက်ထောက်လို့ ကင်းမြီးကောက်ထောင် ပုံစံနဲ့ ဒိုက်ထိုးနိုင်ခြင်း ဖြစ်ပါတယ်။

၉၀ ဒီဂရီ အောက်ကို စိုက်ပြီး သံတိုင်ပေါ် လက်ချလို့ ဒိုက်ထိုးတယ် ဆိုတာ သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်တောင် မလုပ်နိုင်ပါဘူး။ အသက် ၃ နှစ်သား အရွယ်ကစလို့ ကာယဗလ လေ့ကျင့်လာတဲ့ သူဟာ ရှေ့ဆက်မှာ ထူခြားတဲ့ ဂင်းနစ်စံချိန်များ ပိုတင်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအတွက် ရိုမေနီးယားက ရုပ်သံတွေမှာ ပြသမှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ မွေးဖွားပြီး မိဘ နှစ်ဦးစလုံးဟာလည်း ကာယဗလမောင်နဲ့ ဗလမယ်များ ဖြစ်ပါတယ်။ ယနေ့တိုင်လည်း လေ့ကျင့်ခန်း စင်တာ ဖွင့်ထားပြီး သား ၂ ယောက်စလုံးကို ငယ်ငယ်လေးကတည်းက သင်ပေးနေရှာ ပါတယ်။

မူလတန်း ကျောင်းသားအရွယ်တွေသာ ရှိသေးတဲ့ သူတို့ ၂ ယောက်ကို သင်ပေးနေတာ ကျန်းမာရေး အရ ဆိုးကျိုးသက်ရောက်မှု ရှိမရှိကတော့ အငြင်းပွားနေဆဲပါ။ သူတို့လေးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးတဲ့ အခါမှာလည်း သာမန်လူထက်တောင် သန်မာလို့ ကောင်းမွန်နေတာ တွေ့ရ ပါတယ်။ ဒါပေမယ့် အခြားကလေးတွေ သူတို့လို လိုက်ဆော့ဖို့ တော့ ဘယ်သူမှ အားမပေးပါဘူး။ ကင်းမြီးကောက်ထောင် ဒိုက်ထိုးတဲ့ ဗီဒီယိုကို http://youtu.be/_NfdTKwFKi8 ထဲမှာ ၀င်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

မှဲ့နဲ့ဆက်စပ် ဖြစ်တတ်တဲ့ အရေပြားကင်ဆာ



ဒေါက်တာသက်ဦး


အရေပြား ဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင် အင်္ဂါ အစိတ်အပိုင်း တခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့် အရေပြားတထောက် အလှအပကို မက်မောကြတာလည်း ရှိကြသပေါ့။ ဒါပေမယ့်လည်း ရှောင်လွှဲမရတဲ့ ဗျာဓိသဘောအတိုင်း အင်္ဂါ အစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေတော့ အရေပြားမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။
ဖြစ်တာမှ အမျိုးအစားတွေ ကွဲပြားပြီး အမျိုးအမည်တွေ အများကြီး ရှိတတ်ပါတယ်။ အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာကတော့ အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါက အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အရောင်ထုတ်ပေးတဲ့ အရေပြားဆဲလ် တွေမှာ ကင်ဆာဖြစ်လာတာမျိုး ပါ။ အရေပြားတင်မက မျက်လုံး နဲ့ အူတွေမှာပါ တွေ့ရတတ်ပါသေးတယ်။ အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲ ပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့် စဖွယ်ဖြစ်သလို အန္တရာယ် လွယ်ထားရသလိုပဲ ဆိုတဲ့ အသိလေး လည်း ရှိကြစေချင် ပါတယ်။

ဒီ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာက ဖြစ်နိုင်ခြေ အများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲက သာမက လိမ္မော်ဝါရောင် မီးချောင်းတွေနဲ့ ထိတွေ့ရတဲ့ အရေပြားတွေမှာလည်း အန္တရာယ်ရှိတယ် လို့ ဆိုပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ အတွေ့ရများတယ် လို့ ဆိုပါတယ်။ တကယ်လို့ ကင်ဆာအဖြစ် ပြောင်းလဲလာမယ့် အရေပြားရဲ့ လက္ခဏာတွေကို ကြိုတင်သတိထားမိ သူတွေ အဖို့တော့ စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်ပါတယ်။
Melanoma ကင်ဆာက တကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် နေရောင်အထိများတဲ့ ကျော၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခြေသည်း လက်သည်းအောက်လို နေရောင်ခြည်နဲ့ အထိအတွေ့ သိပ်မများတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရောင်မရွေး ဖြစ်တတ်တဲ့ ရောဂါပါပဲ။

ရှေးဦးလက္ခဏာတွေ

ဒီ အရေပြားကင်ဆာရဲ့ ပထမဦးဆုံး လက္ခဏာတွေကတော့
-  ရှိနေတဲ့မှဲ့မှာ အပြောင်းအလဲတွေ ဖြစ်လာတာ
- ပုံမှန်အရေပြားမှာ အရောင်ပြောင်းလာတာ၊ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ တခုခု ဖြစ်လာတာတွေ ပါပဲ။ တခု သိထားဖို့က အမြဲတမ်း မှဲ့ကနေ ပေါ်လာတာ မဟုတ်ဘဲ ပုံမှန် အရေပြားကနေလည်း ဖြစ်တတ်တယ် ဆိုတာပါ။

ပုံမှန်မှဲ့ဆိုတာ

ကင်ဆာ အပြောင်းအလဲကို သိဖို့ ပုံမှန်မှဲ့ရဲ့ သဘာဝကို သိထားသင့်ပါတယ်။ ပုံမှန်မှဲ့ ဆိုတာက ယေဘုယျအားဖြင့် အရောင် တရောင်တည်းပါ။ အညို၊ ဒါမှမဟုတ် အမည်း စသဖြင့် ပေါ့။ အနားကပ်လျက် အရေပြားနဲ့ တိတိကျကျ အနားသတ်ကလေး ရှိပါတယ်။ အဝိုင်း၊ ဒါမှမဟုတ် ဘဲဥပုံတွေ့ရပြီး လက်မတစိတ် (၆ မီလီမိတာ) လောက်အချင်း ရှိတတ်ပါတယ်။ ခဲတံဖင်ပိုင်းက ခဲဖျက်လောက်ပေါ့။ တချို့တော့လည်း ဒီထက်ပိုကြီးတာ တွေ့ရတတ်ပြီး တချို့က အသက်ကြီးမှ ပေါ်လာတတ်သလို တချို့ကျတော့လည်း အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။

ပုံမှန် မဟုတ်တဲ့၊ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့

မှဲ့တခုမှာ ပုံမှန် မဟုတ်တဲ့ အနေအထားတွေရှိရင် ကင်ဆာဖြစ်နိုင်ခြေကို သတိပြုရပါတော့မယ်။ အဓိက တွေ့နိုင်တာ တွေက ပုံသဏ္ဌာန် မမှန်တာ (ထက်ခြမ်းပုံ ကြည့်ရင် နှစ်ဖက်မညီတာမျိုး)၊ အနားသတ်က တိတိကျကျ မရှိဘဲ ချိုင့်ကွေးဝင်နေတာ၊ အရောင်ပြောင်းလာတာ၊ နဂိုရှိနေတာထက် ပိုကြီးလာတာ အစရှိတဲ့ အချက်တွေပါပဲ။

တခြား အရေးပါတဲ့ အပြောင်းအလဲ ကတော့ ယားလာတာ၊ သွေးစိမ့်ထွက်လာတာတွေ ဆိုရင် သတိပြုပါ။ အရေပြား ပေါ်မှာ မဟုတ်ဘဲ တခြားနေရာတွေမှာလည်း မှဲ့ကင်ဆာကို တွေ့ရတတ်ပါသေးတယ်။ အများအားဖြင့်တော့ လက်သည်း ခြေသည်းတွေ အောက်မှာ၊ ပါးစပ်၊ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေမှာ၊ မျက်လုံး ထဲမှာ စသဖြင့်ပေါ့။

ဖြစ်တန်ရာ အကြောင်းတွေ

အရေပြား ကင်ဆာမှာ ခရမ်းလွန် ရောင်ခြည်ကို အဓိက ဖြစ်တန်ခြေရှိတဲ့ အကြောင်းလို့ သတ်မှတ်ပေမယ့် တခြား ဖြစ်နိုင်ခြေတွေလည်း ရှိနေတာပါပဲ။ အသားအရောင် နုတာ၊ ဖြူတာ၊ ဆံပင်နဲ့ မျက်လုံး အနက်ရောင် မဟုတ်သူတွေ မှာတော့ နေရောင်ခြည် လောင်ကျွမ်းတာ ပိုစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုပါတယ်။
အသားညိုသူ၊ မည်းသူတွေမှာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းနည်းပါ သတဲ့။ နေလောင်ခံရတာ များတာ၊ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုများတာ၊ အီကွေတာ အနီးမှာ နေထိုင်တာ၊ ခန္ဓာကိုယ်မှာ မှဲ့တွေများတာ၊ မိသားစုမှာ အရေပြား ကင်ဆာရှိတာ စတဲ့အချက်တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

ဘယ်လို တွေ့ရှိတတ်သလဲ

အရေပြား ကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းတွေ ကိုယ့်မှာ ရှိနေတယ်လို့ သံသယမကင်းရင် ပုံမှန်စစ်ဆေးမှုတွေ ပြုတာ ကတော့ အကောင်းဆုံးပါ။ အများအားဖြင့်တော့ ရောဂါ လက္ခဏာအရ ဖြစ်စေ၊ တခြား ရောဂါကို စစ်ဆေးရင်းနဲ့ ဖြစ်စေ၊ နှံ့စပ်သေချာတဲ့ ဆရာဝန်တွေက တွေ့ရှိတာသာ များပါတယ်။
တချို့လည်း ကိုယ့်မှာ ရှိနေတဲ့ မှဲ့ရဲ့ အပြောင်းအလဲကို သတိပြုမိတာ၊ ကိုယ့်အရေပြားကိုယ် အလှကြည့်နေတတ် သူတွေမှာ ဆိုရင်လည်း အရေပြားအရောင် ပြောင်းလာတာမျိုးကို သတိပြုမိတာကနေ ကင်ဆာဖြစ်တာကို သိရှိကြရ ပါတယ်။ သေချာတဲ့နည်းကတော့ သံသယရှိတဲ့ အရေပြား အစိတ်အပိုင်းကနေ အသားစယူ စစ်ဆေးခြင်းပါပဲ။

ကုသပုံ

အရေပြား ကင်ဆာကိုလည်း တွေ့ရှိတာ စောခြင်း၊ နောက်ကျခြင်း၊ သူ့ရဲ့ အရွယ်အစား၊ အတိမ်အနက်နဲ့ ပျံ့နှံ့မှုပေါ် မူတည်လို့ အဆင့်တွေ ခွဲခြားပြီး ကုသနည်းတွေ အမျိုးမျိုး ရှိပါတယ်။ ဖြစ်နေတဲ့ အစိတ်အပိုင်းလေးကို လှီးဖြတ်တာ၊ အဲဒီ နေရာကနေ သွားနိုင်တဲ့ သားငန်ရည်ကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေ တိုက်ကျွေးကုသတာ၊ ဓာတ်ကင်တယ်လို့ ဆိုကြတဲ့ ဓာတ်ရောင်ခြည်သုံး ကုတာ အစရှိတဲ့ ကုထုံးတွေကို သုံးကြပါတယ်။

အခုနောက်ပိုင်း ထိရောက်တယ် ဆိုပြီး သုံးလာတာက ဇီဝကုထုံးပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက် စေတာပေါ့။ ကင်ဆာနဲ့ တူတဲ့ ပစ္စည်းကို ခန္ဓာကိုယ်ကနေ၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ထုတ်ပြီး လူကိုယ်ထဲ ထည့်ပေးတဲ့ နည်းပါ။

အရေပြားကင်ဆာက စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ခုနောက်ပိုင်း ပေါ်လာတဲ့ ဆေးဝါးတွေဖြစ်တဲ့ Vemurafenib (Zelboraf) နဲ့ Dabrafenib (Tafinlar)  ကတော့ အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။

ကာကွယ်နိုင်မယ့် နည်းလမ်းတွေ

အရေပြား ကင်ဆာကိုလည်း ဖြစ်နိုင်ခြေများ စေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ရင် ကာကွယ်လို့ ရနိုင်ပါတယ်။ နေ့လယ်ပိုင်း နေရောင်ခြည်ကို ရှောင်ကြဉ်သင့် ပါတယ်။ အထူးသဖြင့် နေရောင်ခြည် အစူးရှဆုံး မွန်းတည့် အချိန်တွေမှာ ခန္ဓာကိုယ်ကို ကြာရှည် ရောင်ခြည် မထိစေတာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ခရမ်းလွန် ရောင်ခြည်သင့်မှုကို ကာကွယ်ရာ ရောက်လို့ပါ။

နေရောင်၊ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ အဝတ်အစားတွေ၊ အရောင်ရင့်တဲ့ ချည်သားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်တာမျိုး ပေါ့။ အသားအရောင်ကို အမြဲဂရုစိုက်ပြီး အပြောင်းအလဲ တခုခုကြုံတာနဲ့ သတိမူမိတာ ကလည်း ကောင်းတဲ့ ကာကွယ်နည်းပါ။

မှန်ကြည့်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်တွေမှာ အရေပြား အရောင် အပြောင်းအလဲကို စောင့်ကြည့်၊ ရင်ဘတ်နဲ့ ကိုယ်လုံး၊ ခြေ၊ လက်တွေကို စစ်ဆေးကြည့်နေတာကလည်း ကာကွယ်နည်းပါပဲ။ မမြင်အပ်တဲ့ နေရာတွေကိုလည်း အဆင်သင့်တိုင်း ကြည့်ရှု စစ်ဆေးသင့်ပါတယ်။
အထူးသဖြင့်တော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေ နေရာအနှံ့ ပိုင်ဆိုင်ထားလေ ပိုပြီး ဂရုစိုက်ဖို့ လိုလေ ပါပဲ။ မှဲ့တွေ ပေါ်လာတယ် ဆိုရင် မှဲ့တွေမှာ အပြောင်းအလဲ တခုခု ရှိလာပြီ ဆိုရင် ကိုယ့်ဘာသာ အဝါကတ်ပြပြီး သေချာတဲ့ စစ်ဆေးမှုတွေ လုပ်သင့်တာကို သတိပြုရမှာပါ။

အဲဒီတော့ ကိုယ့်မှာ စံပယ်တင် မှဲ့ကလေးများ ရှိနေတယ် ဆိုရင်တော့ သူတပါးရဲ့  အားကျမြတ်နိုးမှု၊ မိမိဘာသာ ကျေနပ်ရတဲ့ အလှအပ အတွက်သာမက နောက်ဆက်တွဲ ကင်ဆာမဖြစ်စေဖို့၊ ဖြစ်နေရင်လည်း စောစောသိ၊ စောစောကုနိုင်ဖို့ အတွက် အမြဲ အရိပ်တကြည့်ကြည့် တသသသာ လုပ်နေပါလို့ တိုက်တွန်းလိုက်ပါတယ်။     ။


http://burma.irrawaddy.org/article/2014/09/29/65314.html

မျက်နှာပေါင်းတင်ကပ်ခွာတွေ အကြောင်း သိကောင်းစရာ


 

ခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေကအစ သူတို့ကိုယ်ပိုင်အချိန်လေးတွေမှာ မျက်နှာအသားရေပိုင်းကို ဂရုစိုက်ကြတဲ့အနေနဲ့ အိမ်မှာ အလွယ်တကူ ကပ်ထားလို့ရတဲ့ မျက်နှာကပ်ခွာ (mask) တွေ သုံးလာကြပါပြီ။ တစ်ခါတစ်လေ အဲ့ဒီကပ်ခွာတွေ ကပ်ပြီး selfie ရိုက်ထားတဲ့ပုံလေးတွေတောင် သင်တွေ့ဖူးတယ်မလား။ အဲ့ဒီ ကပ်ခွာတွေက သုံးပြီးသွားတဲ့အခါ ကိုယ်နဲ့တည့်တယ်၊ အဆင်ပြေတယ်ဆို၇င် အသားအရေ ၀င်းပြီး ကျန်ခဲ့မယ်၊ ကြည်လင်တာမျိုးလေးတွေ အကျိုးကျေးဇူးရှိတာမို့ မျက်နှာပေါင်းတင်ကပ်ခွာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ပေါင်းတင်ကပ်ခွာဆိုပေမယ့် ကပ်ခွာမပါပဲ ရိုးရိုးပေါင်းတင်တာမျိုးနဲ့တော့ အကျိုးကျေးဇူး မတူညီနိုင်ပါဘူး။

အရင်တုန်းက ဆိုင်သွားပြီး ပေါင်းတင်တယ်ဆိုရင် မျက်နှာပါ ပေါင်းတင်ဆေးရည်၊ ဆေးအနှစ်တွေနဲ့ လိမ်းကျံပြီး ပေါင်းတင်တာမျိုးတွေရှိပါတယ်။ ဒီပေါင်းတင်ကပ်ခွာကတော့ ခုနပြောသလို ပေါင်းတင်တာမျိုးနဲ့ မတူပါဘူး။ ဒီမျက်နှာ ကပ်ခွာဟာserum အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချည်သားလိုအသားမျိုး မို့လို့ သင့်မျက်နှာအသားရေကို ဟိုးအတွင်းထဲထိ သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီပေါင်းတင်ကပ်ခွာတွေဟာ မျက်နှာအသားရေအတွက် လိုအပ်နေတဲ့ အက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ အခြားသော ဗိုက်တာမင်တွေကိုတော့ ဖြည့်ပေးနိုင်ပါတယ်။ ပြီးတော့ ရွှံ့စေးမျက်နှာပေါင်းတင်ဆေးတွေလိုလည်း အသားကို ခြောက်မသွားစေပါဘူး။

၂။Serum သုံးမယ့်အစား ဒါကို နေ့စဉ်သုံးလို့ မရပါဘူး။

မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ serum ကို အခြေခံထည့်သွင်းထားတယ်ဆိုပေမယ့် ဒါကို serum အစားသုံးလို့တော့ အဆင်မပြေနိုင်ပါဘူး။ သူဟာ ရေဓာတ်ခန်းခြောက်တဲ့အခါ အလွယ်တကူ ၀ယ်ယူကပ်ထားလို့ရမယ်။ ခရီးသွားတဲ့အခါ ကိုယ့်အသားလေး ၀င်းနေအောင် အလွယ်တကူ ၀ယ်ယူသုံးလို့ရတဲ့အပြင် တစ်ပတ်ကို လေး ၊ ငါးကြိမ်အထိကို အသုံးပြုနိုင်ပါတယ်။ သူ့ဆီမှာ ပြင်းလွန်းတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားခြင်း မရှိတာမို့ မျက်နှာအသားရေစားသွားမှာ၊ နီရဲလောင်သွားမှာမျိုးတွေ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

၃။မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ ရေဓာတ်ကို အဓိက ဖြည့်တင်းပေးပါတယ်။

အသားရေမှာ လိုအပ်တဲ့ ရေဓာတ်ကို အဓိကဖြည့်တင်းပေးတဲ့ မျက်နှာပေါင်းတင်ကပ်ခွာတွေကို ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တွေ့ရမှာပါ။ စစ်တမ်းကောက်ထားတဲ့ မှတ်တမ်းတွေအရတော့ အားလုံးဟာ ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်ဖို့ အဓိကထား ဖန်တီးထားကြတယ်လို့ သိရပြီး ၀က်ခြံပျောက်တာ၊ အရေပြားတွန့်တာမျိုး ပျောက်ကင်းသွားစေတာမျိုးထက် ရေဓာတ်ဖြည့်တင်းခြင်းကိုသာ အဓိကထားတာပါတဲ့။ ဒါ့အပြင်သူက မျက်နှာအသားရေအပူချိန်ကိုလည်း အနည်းငယ်ပြောင်းလဲသွားစေတတ်ပြီး အပူချိန်ပိုတိုးသွားစေတယ်လို့ သိရပါတယ်။

၎။ဒီကပ်ခွာတွေကို ၀က်ခြံအထွက်များတဲ့သူတွေ မသုံးသင့်ပါဘူး။

သင်က မျက်နှာမှာ ၀က်ခြံတွေ အများကြီးထွက်နေလို့ ကပ်ခွာဝယ်ကပ်ပြီး ၀က်ခြံတွေ လျော့ပါးသွားအောင် လုပ်မယ်လို့ တွေးလိုက်ရင် ဒါဟာ မှားယွင်းတဲ့ အတွေးအခေါ်လို့ ဆိုပါရစေ။ ကပ်ခွာဟာ မျက်နှာအသားရေရဲ့အပူချိန်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သင့်မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ပိုမိုပြန့်နှံ့သွားစေကာ ၀က်ခြံပိုထွက်စေတတ်လို့ပါ။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားရေရှိတဲ့သူ၊ ၀က်ခြံထွက်တဲ့သူတွေဟာ သုံးချင်တယ်ဆိုရင်တောင် အရင်ဆုံး မျက်နှာအစိတ်အပိုင်းတစ်ခုကို တည့်မတည့် ကပ်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ကပ်ခွာကို နှာဖူးက စကပ်ပေးဖို့ လိုပါတယ်။
 

ပေါင်းတင်ကပ်ခွာတွေဟာ ဆိုဒ်တစ်ဆိုဒ်ထဲ ပုံမှန်ထုတ်တတ်တာကြောင့် သင့်မျက်နှာနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဆင်ပြေပြေကပ်နိုင်ဖို့ဆိုရင် နှာဖူးကစပြီး ကပ်ပေးပါ။ ဒီလိုမှသာ မျက်လုံးနဲ့နှာခေါင်းကို အတိအကျ အဆင်ပြေပြေ ကပ်နိုင်မှာပါ။ အောက်က စကပ်မယ်ဆိုရင် အဆင်ပြေဖို့ မလွယ်ကူနိုင်ပါဘူး။

Ref:womenshealthmag.com
Trend Myanmar


https://www.facebook.com/lyhealthcare/photos/a.3451123456314

ကြားစကား၊ကြားလုပ်ရပ်

                       

ဘယ်လို ချစ်ခြင်းမျိုးကိုပဲဖြစ်ဖြစ် အလွယ်တကူ ခွဲပစ်နိုင်တာဟာ
သူတစ်ပါးရဲ့ “ကြားစကား၊ကြားလုပ်ရပ်” ပါပဲ။

ဘယ်လို ချစ်ခြင်းမျိုးနဲ့ ချစ်ကြသူတွေပဲဖြစ်ဖြစ် ကြားလူရဲ့ ကြားစကား ကြားလုပ်ရပ်ကို
ယုံမိလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ ချစ်ခြင်းဟာ
စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးနဲ့ ပြိုလဲပျက်သုဉ်းသွားနိုင်ပါတယ်။

ကြားစကား၊ ကြားလုပ်ရပ်တွေကို မမေးမြန်း၊ မစုံစမ်းဘဲ အမှန်မထင်မိဖို့ ၊
မဆွေးနွေး၊မဖြေရှင်းဘဲ မဆုံးဖြတ်မိဖို့ ၊ချစ်တတ်သူတိုင်း အထူးသတိပြုရပါမယ်။

တစ်ခါတစ်ရံမှာ ကိုယ်ချစ်တဲ့သူရဲ့စကားထက်၊ကြားစကားကို ပိုယုံမိတတ်တာဟာလည်း
ကြီးမားတဲ့ ချစ်ခြင်းအတွက် ကြီးမားတဲ့ အန္တရာယ် တစ်ခုပါပဲ။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
[အကြင်နာပေါင်း ရှစ်သောင်းလေးထောင်စာအုပ် နှာ ၂၂၂ မှ-]
Posted by ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

ဒေါ်လာ ၂၀ တန် ဆေးခြောက်တစ်ထုတ် အတွက် ဒေါ်လာ သိန်းချီတန် စိန်နဲ့ လဲသူ

ဒေါ်လာ ၂၀ တန် ဆေးခြောက်တစ်ထုတ် အတွက် ဒေါ်လာ သိန်းချီတန် စိန်နဲ့ လဲသတဲ့

အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်းဖိုး တန်ကြေး ရှိတဲ့ စိန်တုံးထုပ် တစ်ထုပ်ကို ကန်ဒေါ်လာ ၂၀ ဖိုးတည်း တန်တဲ့ ဆေးခြောက် တစ်ထုပ်နဲ့ လဲလှယ်တဲ့ ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။

Walter Earl Morrison လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် လူငယ်ဟာ UPS လို့ခေါ်တဲ့ အမေရိကန်က သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု ကုမ္မဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မှာ တာဝန် ထမ်းဆောင်ပြီး သယ်ယူရမယ့် ပစ္စည်းထဲမှာ စိန်ထုပ် တစ်ထုပ်ကို ခိုးယူခဲ့ ပါတယ်။ ပြီးတော့ ဆေးမှောင်ခို ကွန်ရက်ကနေ ကန်ဒေါ်လာ ၂၀ သာ တန်ကြေး ရှိတဲ့ ဆေးခြောက်ထုပ်လေး ရဖို့ အတွက် လဲလှယ်ခဲ့ ပါတယ်။ စိန် တစ်လုံးကို တန်ကြေး အမေရိကန်ဒေါ်လာ ၁သိန်း ရှိပြီး အထုပ်မှာ ပါတဲ့ စိန်ရဲ့ တန်ဖိုးက ကန်ဒေါ်လာ ၁သိန်း၆သောင်း ရှိပါတယ်။

ထုတ်ခွဲရောင်းချဖို့ အတွက် ပွဲစားက ဆိုင်ကြီးမှာ သွားရောက်တော့မှ ဖမ်းဆီးရမိပြီး မူလ ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးအပ်ခဲ့ ပါတယ်။ တန်ဖိုးဆိုတာ သိသူ အတွက်သာ ရှိတယ်ဆိုတာကို ယင်း သတင်းဟာ သက်သေပြသွား ပါတယ်။
.
Ref: Metro

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

“ကြီးမားသော ပညာဉာဏ်ကို ဖြစ်စေတတ်တဲ့ အကျင့်တရား”


                        
ပုဂံခေတ်ကပဲ ၊ အသက်ြကီး မှ စာပေသင်တာဟာ တတ်မြောက်နိုင်သေးတယ်လို့၊
စာပေသင် ကြားရေးနဲ့ ပတ်သက်ပြီးတော့ “စိတ်ဓာတ်တွေ မကျကြဖို့” ဆိုပြီး စံနမူနာပြသွားတဲ့
“ဦးကျပွေ့(ဦးကျည်ပွေ့)” ဆိုတာလည်း ပဲစံနမူနာယူရမယ့် ပုဂ္ဂိုလ် တစ်ဦးပဲ။
 
မြန်မာနိုင်ငံမှာ ပြောလေ့ရှိကြတယ်။“အသက်ကြီးမှ ဘာလုပ်မှာတုန်း သင်နေလို့
ဘာအကျိုးရှိမှာတုန်း” လို့ပြောတဲ့ သူကရာခိုင်နှုန်း တော်တော်များများ။
“ပညာဆိုတာ အိုတယ်” လို့မရှိဘူး။

 
မြန်မာနိုင်ငံမှာ ဆဋ္ဌသံဂါရတနာတင်ပွဲတုန်းက ကမ္ဘောဒီယားက ဆရာတော် ကြီးတစ်ပါး ကြွလာတယ်။
ကမ္ဘောဒီယားဆရာတော်ကြီးက “သက်တော် (၈၀)” ရှိနေပြီ။
●အဲဒီဆရာတော်ကြီးက မြန်မာနိုင်ငံမှာလာရင်း၊သူဘာလုပ်နေတုန်းဆိုတော့
“အင်္ဂလိပ်စာ”သင်နေတယ်၊ ဖတ်နေတယ်။တချို့ကိုယ်တော်တွေက သွားပြီးတော့
စကားပြောရင်း လျှောက်တယ်၊

“ဆရာတော် ဘာဖတ်နေလဲ။”

“အင်္ဂလိပ်စာသင်နေတယ်။အင်္ဂလိပ်စာကျက်နေတယ်။”

“ဆရာတော် သက်တော် (၈၀) ရှိနေပြီ။အင်္ဂလိပ်စာဘာလုပ်ဖို့တုန်း။”

တန်ဖိုးမထားတတ်တဲ့ ပုဂ္ဂိုလ်က ဘာလုပ်ဖို့တုန်းဆိုတာကိုပဲ ကြည့်နေတယ်။
အဲဒီ ဆရာတော်ကြီး ပြောလိုက်တဲ့ စကားကလည်း မှတ်သားစရာ အလွန်ကောင်းပါတယ်။

●“ကိုယ်တော် ပညာဆိုတာ တစ်နေ့ရ၊တစ်နေ့သုံးရင် နည်းသလား။ဘာပညာ ပဲဖြစ်ဖြစ် ၊ ပညာဆိုတာ ယူရတယ်၊ အသက်ကြီးသွားတယ် ဆိုတာ မရှိဘူး။တစ်နေ့ အသက်ရှည်ရင် တစ်နေ့ အသိဉာဏ်တစ်ခုရတယ်။
●ဒီဘဝမှာ ပညာမသင်ခဲ့ဘူး ဆိုလို့ရှိရင် နောက်ဘဝ ပိုပြီးတော့ တတ်ဖို့ မရှိတော့ဘူး။

ဒီဘဝ သင်လိုက်တဲ့ ပညာဟာ (On line) ဖြစ်သွားတယ်။
ပညာမသင်တဲ့ ပုဂ္ဂိုလ် နောက်ဘဝ သူ့ဟာသူ တတ်လာမှာ မဟုတ်ဘူး။
ဒီဘဝ သင်သွားတဲ့ ပုဂ္ဂိုလ် ဟာ နောက်ဘဝပိုလွယ်သွားတယ်။ပျောက်သွားတာ မဟုတ်ဘူး။
●“မူလတန်း ပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်သည် “အလယ်တန်းပညာ” တတ်ဖို့ လွယ်သွားတယ်။
●“အလယ်တန်းပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်ဟာ အထက်တန်းတက်ဖို့လွယ်သွားတယ်။
●အထက်တန်းပညာသင်ထားတဲ့ ပုဂ္ဂိုလ်ဟာUniversity တက္ကသိုလ် ပညာလွယ်သွားတယ်။
ပျောက်သွားရင် ဘယ်လွယ်မလဲ။အဲဒီလိုပဲ သံသရာခရီးသွားနေတဲ့ အချိန်မှာ
ဒီဘဝသင်ထားတဲ့ ပညာသည် နောက်ဘဝမှာပိုလွယ်ကူမှု ရှိတယ်၊ လို့ ဒီလိုဆိုလိုတယ်။
ပျောက်သွားတာမဟုတ်ဘူး။

ဒါမျိုး အလားသဏ္ဌာန်တူတာနဲ့ တစ်ပြိုင်နက် အသိဉာဏ်ပေါ်လာတာပဲ။ဒါကြောင့် မို့လို့ ပညာဆိုတာ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆည်းပူး လေ့လာနေကြရမယ်”တဲ့။

■“ပါရမီ” ဆိုတာလည်း ဒီလိုဆည်းပူးရတယ်။ “တို့ကတော့ ပါရမီနုသေးတာပဲ” လို့ပြောပြီးတော့၊
ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ်တွေက ပါရမီကသူ့ဟာသူ “သရက်သီး” ရင့်သလို
ရင့်လာလိမ့်မယ်လို့များ အောက်မေ့လို့လား မသိဘူး။ သရက်သီးကတော့ သူ့ဟာသူ
သရက်ပင်က သီးပြီး၊ ရင့်ကောင်း ရင့်လာလိမ့်မယ်။ ပါရမီကတော့ မဖြည့်ဘဲ ၊ သူ့ဟာသူ ရလာမှာမဟုတ်ဘူး၊

■“ပညာပါရမီ” နဲ့ ပတ်သက်ပြီးတော့၊ မှတ်သားစရာလေးတစ်ခုကတော့
ဒီကနေ့ခေတ်မှာ “ပညာဒါန” ဆြိုပီး တော့ပညာကို ရည်စူးပြီးတော့ ၊ ပညာသင်ဖို့ အားပေးတာတွေကို
“ပညာဒါန” လို့ခေါ်ကြတယ်။ အဓိက မကျလှဘူး။အကျိုးမပေးဘူး လို့ မဆိုလိုဘူး။
သို့သော် “အထောက်အကူ” ပဲဖြစ်မယ်။

သူတစ်ပါး ပညာတော်အောင် ဆိုပြီးတော့ စရိတ်စက ထောက်ပံ့တဲ့ ပုဂ္ဂိုလ်ဟာနောင်ဘဝ ရောက်လို့ရှိရင်၊
ကိုယ့် ပညာသင်ကြားရေးအတွက် အထောက်အကူ ပေးမှာပဲ။ဒီအကျိုးပဲရမယ်။ “ပညာတတ်ဖို့” မဟုတ်ဘူး။

ပညာ အတွက် အထောက်အကူ ကုသိုလ်လုပ်ရင်ပညာအတွက် အထောက်အကူပဲရမယ်။
“ဉာဏ်ကောင်းချင်တယ် ၊ တော်ချင်တယ်”ဆိုရင် ဒီဘဝမှာ သင်ရမယ်။ 

ဒါကြောင့်မို့၊ မြတ်စွာဘုရားက “မဟာပညာသံဝတ္တနိကပဋိပဒါ”လို့ ခေါ်တဲ့ ကြီးမားသော ပညာကို
ဖြစ်စေတတ်တဲ့ အကျင့်တရား ဆိုတာ ဘာလဲတဲ့။ပညာရှိ ပုဂ္ဂိုလ် တွေကို ချည်းကပ်ပြီး အရှင်ဘုရား
(သို့မဟုတ်) လူ ဆိုလို့ရှိရင်လည်း လူပေါ့ ၊ သွားရောက်ပြီးတဲ့အခါကျတော့
●ဒါက ဘယ်လိုခေါ်တာတုန်းဗျ၊
●အပြစ်ရှိတဲ့ တရားက ဘယ်လိုတုန်း၊
●အပြစ်ကင်းတဲ့ တရားက ဘယ်လိုတုန်း၊
●ဒါက လုပ်သင့်တဲ့ ဟာလား၊
●ဒါက မလုပ်သင့်တဲ့ ဟာလား၊ မသိသေးတဲ့ အခြင်းအရာတွေကို စူးစမ်းလေ့လာ မေးမြန်းမှတ်ယူတာကမှ “ပညာပါရမီ” အစစ်ပါ။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by ►
www.facebook.com/youngbuddhistassociation.mm
 

မြန်မာပြည်နှင့် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းမယ်ဆိုရင်






အောင်ခမ်း (ရိုးရာလေး)

လက်တလော လူပြောများတဲ့ အလုပ်လက်မဲ့ အကြောင်းနဲ့ ပက်သက်လို့ စာရေးသူ အမြင်ကို မျှဝေ ပါရစေ။ Trading Economic ဝဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ မြန်မာပြည်မှာ သက္ကရာဇ် ၂၀၁၃ ခုနှစ်က အလုပ်လက်မဲ့ ရာခိုင်နှုန်းဟာ ၄.၈ ရှိပါတယ်။ ဒီတော့ လူဦးရေ သန်း ၅၀ မှာ ၅ သိန်းသာ အလုပ်လက်မဲ့ ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီစာရင်းကို မှန်ကန်တယ်လို့ ယူဆလို့ မရ ပါဘူး။ ပြည်တွင်း မီဒီယာ အချို့ရဲ့ ဖော်ပြချက်အရ ကတော့ အသက် ၁၈ နှစ်ကနေ ၂၄ ကြားမှာတောင် ၄ သန်းလောက် ရှိကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ အလုပ်လက်မဲ့ များတယ်ဆိုတာ နိုင်ငံတကာကို မမှီပါဘူး။

'ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အလုပ်လက်မဲ့ ပိုများ'

ကမ္ဘာမှာ အလုပ်လက်မဲ့ အများဆုံး တိုက်က ဥရောပ တိုက်ဖြစ်ပြီး ဂရိ၊ စပိန်၊ ပိုလန်၊ အိုင်ယာလန် အစရှိသဖြင့် တို့ ဦးဆောင်နေပါတယ်။ အာဖရိက တိုက်မှာ ဆိုရင် ဆင်းရဲတဲ့ နိုင်ငံတွေ မပါဝင်ပဲ ချမ်းသာတဲ့ နိုင်ငံ တစ်ခု ဖြစ် တဲ့ တောင်အဖရိက ထိပ် ဆုံး ၅ နိုင်ငံ စာရင်းထဲမှာ ပါဝင်နေခြင်း ဖြစ်ပါတယ်။ သူတို့ကျတော့ ရာခိုင်နှုန်းက ၂၀ ကျော် ၃၀ ကပ်နေပါပြီ။ Highest Unemployement Countries လို့ ရိုက်လို့ ရှာလိုက်ရင် နိုင်ငံအလိုက်နဲ့ ရာခိုင်နှုန်း အလိုက် ဖော်ပြ ထားပါလိမ့်မယ်။ ဒီတော့ လက်ရှိ မြန်မာပြည်မှာ အလုပ်လက်မဲ့တွေ ဖြစ်နေတယ် ကြုံနေတယ် ဆိုတာ နိုင်ငံတကာကို မမှီသေး ပါဘူး။ အမေရိကန် ဆိုရင် ၆.၈ ရာခိုင်နှုန်း ရှိပြီး ဗြိတိန်က ၆.၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့်မို့ သမ္မတ အဖြစ် ဝင်အရွေးချယ်ခံသူများက အလုပ်ဖန်တီးပေးမယ် ဆိုတဲ့ အချက်နဲ့ မဲဆွယ်နေခြင်း ဖြစ်ပါတယ်။

'နိုင်ငံရေး ပေါ်လစီလည်း သက်ရောက်မှုရှိ'
 
နိုင်ငံရေး ပေါ်လစီ အရလည်း လုပ်သားအပေါ် သက်ရောက်မှု ရှိပါတယ်။ ဥရောပ နဲ့ အမေရိက တို့မှာ အလုပ်လက်မဲ့ များတယ် ဆိုတာ သူတို့ နိုင်ငံသားတွေ အပေါ် ကူညီထောက်ပံ့မှုတွေ များစွာ ရှိနေလို့ ပါ။ သူတို့ နိုင်ငံသားမှန်ရင် အလုပ်မရှိရင် အစိုးရဆီကနေ ထောက်ပံ့ကြေး ယူတဲ့ စနစ်နဲ့ နေထိုင်လို့ ရတာတွေလည်း ရှိပါတယ်။ ဒါကို နိုင်ငံခြား ရောက်နေတဲ့ မြန်မာတို့ ပိုသိ ပါလိမ့်မယ်။ မဟုတ်လည်း မိဘတွေက ရရှိတဲ့ လူမှုဖူလုံကြေး စရိတ်/ ပင်စင်စရိတ် ကိုလည်း မျှသုံးလို့ နေထိုင်နေတာတွေလည်း ရှိပါတယ်။ ယင်းကဲ့သို့ နိုင်ငံသား တို့ အပေါ် သက်သာချောင်ချိ စေခြင်းကလည်း အလုပ်လက်မဲ့ ထွက်ရှိဖို့ အလားအလာတွေ အများကြီး ဖြစ်စေ ပါတယ်။ တရုတ်ပြည်ရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းက လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်။ လူ အယောက် တစ်ရာမှာ ၃ ယောက်သာ အလုပ်မရှိတာ ဖြစ်ပြီး လူတိုင်းနီးပါး အလုပ်လုပ်ကြတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အလုပ်က ရတဲ့ ဝင်ငွေသာ ကွာသွားမယ် အားလုံး အလုပ်လုပ်ကြ ပါတယ်။ ဒါကြောင့်မို့ အလုပ်လက်မဲ့ ဖြစ်မှု မဖြစ်မှုက နိုင်ငံရေး ပေါ်လစီကနေလည်း များစွာ သက်ရောက်မှု ရှိပါတယ်။

'လုပ်ငန်း ကဏ္ဍလည်း သက်ရောက်မှုရှိ'

ကား စက်ရုံ တစ်ခုမှာ လုပ်သား ၁ထောင် လိုအပ်ပေမယ့် ကား စက်ရုံမှာ သုံးမယ့် ဆော့ဖ်ဝဲကို ထုတ်လုပ်တဲ့ ကုမ္ပဏီက လူ တစ်ထောင် မလိုအပ် ပါဘူး။ ၁၀ ယောက် နဲ့လည်း လုပ်လို့ ရပါတယ်။ ဆိုလိုရင်းက ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း၊ လူအင်အား များစွာ လိုအပ်တဲ့ စက်မှု လုပ်ငန်းတွေ များပြားခြင်းကလည်း အလုပ်လက်မဲ့ကို နည်းစေ ပါတယ်။ တရုတ်ပြည်ဟာ တွင်းထွက်လုပ်ငန်း အပြင် စက်မှု လုပ်ငန်းမျိုးစုံ ထွန်းကား တာကြောင့် အလုပ်များစွာ ပေးနိုင်ပါတယ်။ သယံဇာတနည်း၊ စက်မှု ကုန်ထုတ် လုပ်ငန်း နည်းတဲ့ နိုင်ငံမှာတော့ အလုပ် ဖန်တီးပေးနိုင်မှု နည်းပါလိမ့်မယ်။ လက်ရှိ မြန်မာပြည်ဟာ ဆိုရင် သယံဇာတ အားဖြင့် ရှိပေမယ့် ကုန်ထုတ်လုပ်ငန်း အရေအတွက် နည်းပါးနေသေးတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရာမှာ အခက်အခဲ ရှိပါတယ်။

'ပညာရေးလည်း သက်ရောက်မှု ရှိ'

ဒီမှာ ပြောစရာ များစွာ ရှိပါတယ်။ အများစုက ပညာရေးကို အပြစ်တင်ကြ ပါတယ်။ မြန်မာပြည် ပညာရေး စနစ်က ပေါက်ဖွားလာသူများ အရည်အချင်း မပြည့်ဝခြင်းကြောင့် အလုပ်လက်မဲ့ တိုးစေကြောင်း ဆိုပါတယ်။ ဒါဟာ မှားပါတယ်။ စာရေးသူဟာ နိုင်ငံတကာ ပညာရေးနဲ့ ထိတွေ့ဖူးပါတယ်။ သူတို့ဆီမှာ သင်ကြားပေးမှု စနစ်က လက်ရှိ မြန်မာပြည်နဲ့ မကွာပါဘူး။ ဆရာ၊ဆရာမ တို့က နှုတ်တိုက် ရွတ်ပြီး အိမ်စာပေးလိုက်ပါတယ်။ ဒါပေမယ့် သာသွားတဲ့ အချက်က ပညာရေး ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ စုံလင်စွာ ရှိနေခြင်း ဖြစ်ပါတယ်။ ဥပမာ တက္ကသိုလ်မှာ ဆိုရင် စာအုပ်ထဲက သင်ခန်းစာကို ဖတ်လာခိုင်းပြီး နောက်နေ့မှ အခန်းမှာ ဆွေးနွေးကြ ပါတယ်။ ဒီတော့ ကျောင်းသား များဟာ အိမ်ရောက်တာနဲ့ အင်တာနက်မှာ ရှာသူကရှာ၊ ကျောင်းစာကြည့်တိုက် မှာ ရှာသူကရှာနဲ့ အထောက်အပံ့ ပစ္စည်းများ ပြည့်စုံမှုကြောင့် တတ်မြောက်လွယ်ပါတယ်။ မြန်မာပြည်ကို ပြန်ကြည့် တဲ့အခါမှာ လက်တွေ့ ခန်းများ မရှိခြင်း၊ သင်ထောက်ကူ ပစ္စည်းများ မစုံလင်ခြင်း၊ ပြင်ပမှာလည်း လေ့လာရန် resource များ အလုံအလောက် မရှိခြင်းတို့ကို ဖြတ်သန်းပြီးတဲ့ ကျောင်းသား၊ ကျောင်းသူ များတိုင်း ကြုံတွေ့ဖူးမှာပါ။ ဒါကြောင့်မို့ ပညာရေးမှာ ပညာအတွက် သင်ထောက်ကူ ပစ္စည်းများ နည်းပါးခြင်းက အလုပ်လက်မဲ့ တိုးပွားစေမှုကို သွယ်ဝယ်ပြီး ထိခိုက်စေ ပါတယ်။

'အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းမယ် ဆိုရင်'

၁) ကုန်ထုတ်လုပ်ငန်း အပြင် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်ခြင်း ကလည်း အလုပ် လက်မဲ့ ပြဿနာကို ဖြေရှင်း နိုင်ပါလိမ့်မယ်။

၂) ပညာရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ တိုးလာရင် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းနိုင်ပါလိမ့်မယ်။

၃) နိုင်ငံရေး ပေါ်လစီအရအလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာအောင် နည်းဗျူဟာများ ချမှတ် နိုင်ပါတယ်။

အဓိက ပြောချင်တဲ့ ဖြေရှင်းချက်က အဲ့ဒါတွေ မဟုတ်ပါ။ အမှန် တကယ် ဖြေရှင်းရမှာက သင်ကိုယ်တိုင် ဖြစ်ပါတယ်။ အဓိက ကတော့ မျော်လင့်ချက်ပါ။ အလုပ်လက်မဲ့ ဖြစ်တာ ပြဿနာလို့ ဆိုသူက ဆိုကြပါတယ်။ မဆိုသူက မဆိုကြပါဘူး။ မျော်လင့်ချက်မဲ့ တာထက် မျော်လင့်ချက်ထားက ပြဿနာပါ။ လူငယ်တွေကို မျော်လင့်ချက် ထားတတ်အောင် ဘယ်သူတွေ သင်ပေးခဲ့ ပါသလဲ။ သင်ကိုယ်တိုင်ပဲ မွေးဖွား လာတဲ့ စိတ်ဓာတ်ဖြစ်ပါသလား။ မျော်လင့်ချက်ဆိုတာ ထားရတာ မဟုတ်။ ဖန်တီးရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရှင် တစ်ဦးရဲ့ အဆိုအတိုင်း ပြော ရရင် အနာဂတ်ကို ခန့်မှန်းဖို့ အကောင်းဆုံး နည်းလမ်းက ယင်း အနာဂတ်ကို ယခုပင် ကိုယ်တိုင် ဖန်တီးဖို့ ဖြစ်ပါတယ်။ မြန်မာ လူမျိုးမှာ ‘ငါမျော်လင့်ချက်ပေးမှ၊ ငါဖန်တီးပေးမှ သူတို့တွေ ချမ်းသာမှာ၊ ရမှာ’ လို့ ထင်နေသူတွေနဲ့ ‘သူတို့တွေ အခွင့်အလမ်းပေးမှ ငါတို့ အလုပ်ရမယ်၊ အခွင့်အလမ်း ရမယ်’ လို့ ထင်မြင်နေတဲ့ လူတွေကြောင့်မို့ အလုပ်လက်မဲ့တွေ တိုးရခြင်း ဖြစ်ပါတယ်။

ဒီတော့ လက်ခုတ် ဆိုတာ နှစ်ဖက်တီးမှ မည်သလို အလုပ်လက်မဲ့ တိုးရတယ်ဆိုတာ တစ်ဖက်တည်းတင် မဟုတ် အလုပ်လက်မဲ့ ဖြစ်နေသူများ ကိုယ်တိုင်နဲ့လည်း သက်ဆိုင် ပါတယ်။ ဆရာ ဒေါက်တာ အောင်ထွန်းသက် ပြော ခဲ့ သလိုပဲ လူတွေ ကိုယ်ကိုယ်တိုင် Self-employ လုပ်တတ်ဖို့ လိုအပ်ပါတယ်။ အလုပ်မရှိရင် အလုပ်ဖန်တီးပေးဖို့ ကြိုးစားကြည့်ပါ။ ဘာမှ လုပ်စရာ မရှိရင် လုပ်လို့ ရတာ လုပ်ကြည့်ပါ။ ဗြိတိန်က အလုပ်သမား ဝန်ကြီး အမျိုးသမီး တစ်ဦး ပြောခဲ့သလို အလုပ်မရှိရင် ကော်ဖီဆိုင် စားပွဲထိုး လုပ်ပါလားလို့ ခပ်မာမာပဲ ဆိုထားပါတယ်။ အကြောင်းကတော့ ချမ်းသာတဲ့ နိုင်ငံမှာ မွေးဖွားတဲ့ လူငယ်တွေဟာ ဘဝကို နားမလည်တော့ပဲ အလုပ်တွေ ရွေးချင်တိုင်း ရွေးကြ ပါတော့တယ်။ အောင်မြင်သွားတဲ့လူတွေကို လေ့လာတဲ့ အခါမှာ အခက် အခဲကြား မှာ အောင်မြင်သူတွေကို လေ့လာကြည့်ပါ။ အလုပ်ရဖို့၊ အောင်မြင်ဖို့ အတွက် ဘွဲ့လက်မှတ်တွေ၊ certificate တွေ ဘယ်လောက်လိုကြောင်း သွားမေးရင် ရောက်ရာ ဘဝကနေ ရယ်နေ ပါလိမ့်မယ်။

အလုပ်လက်မဲ့ ဖြစ်တယ် မဖြစ်ဘူး ဆိုတာ စိတ်ဓာတ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပညာရေးကိုလည် အပြစ် မတင်ပါနဲ့။ ယခု ထူးချွန်ထက်မြတ်နေသူများ ကို လေ့လာကြည့်ပါ။ သင့်ပတ်ဝန်းကျင် လုပ်ငန်းခွင်မှာ အောင်မြင်နေသူများ ကို ကြည့်ပါ။ ယင်းထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ ၁၀ တန်းကို ဂုဏ်ထူးတွေ တစ်စီတစ်တန်းနဲ့ အောင်ထားသူတွေ ဆိုတာ သင်လေ့လာမိပါလိမ့်မယ်။ လက်ရှိ နည်းပညာ လောကမှာ အောင်မြင်နေသူ အများစုဟာ မြန်မာပြည် ကွန်ပြူတာ တက္ကသိုလ် နဲ့ အခြားသော တက္ကသိုလ်များမှ ပညာသင်ကြားခဲ့သူများ ဖြစ်ပါ တယ်။ သူတို့ကို သွားမေးလျှင်လည်း ကျောင်းပညာရေး စနစ် ညံ့တယ် လို့ပဲ ဖြေလိမ့် မယ်။ ဒါပေမယ့် ပတ္တမြား စစ် နွံမနစ်ဆိုသလို တော်နေ သူများ ဖြစ်တာကြောင့် သူတို့တွေ အောင်မြင်ပါတယ်။ အကယ်၍ သင်လည်း ယင်းလူစားမျိုးတွင် ပါဝင်ပါက သင့်ကျောင်းတော် မကောင်းကြောင်း ပြောနေခြင်း ကို ရပ်တန့်ရန် လိုအပ် ပါလိမ့်မယ်။

အဓိက မြန်မာတို့ ဖြတ်သန်းခဲ့တဲ့ ပညာရေး စနစ်မှာ သင်ထောက်ကူ ပစ္စည်းကသာ အဓိက ပြောစရာ ဖြစ်ပါလိမ့်မယ်။ သင်ထောက်ကူ ပစ္စည်းနဲ့ အခြား resources သာ ဆုံရင် ကျူရှင်ဆိုတာတောင် ဖြစ် မလာ နိုင်ပါဘူး။ ထားပါ။ ယခု ပြောချင်သည့် အချက်က အလုပ်လက်မဲ့ ဖြစ်တယ် မဖြစ်ဘူး ဆိုတာ အထက်ကက တစ်ချက်ချင်းစီက အချက်တွေနဲ့ မဆိုင်ပဲ အလုပ်လက်မဲ့ ဖြစ်နေသူရဲ့ စိတ်ဓာတ်နှင့်သာ ဆိုင်ကြောင်း သက်သေပြခြင်း ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်သွားလည်း အလုပ်လက်မဲ့ ပြဿနာ မရှိတော့ဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အလုပ်လက်မဲ့ဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ အဖြစ်များတာကို သတိထားစေလို ပါတယ်။

အနှစ်ချုပ်အားဖြင့် မျော်လင့်ချက်ထားခြင်းထက် မျော်လင့်ချက်များကို ဖြစ်အောင် ဖန်တီးကြဖို့ တိုက်တွန်းလို ပါတယ်။

#aungkham_yyl
 

အထိုင်များသူတွေ သိထားသင့်သော ကျန်းမာရေး နည်းလမ်းများ



ရုံးခန်းအတွင်း နေ့တိုင်း ထိုင်လျက် အလုပ်လုပ်နေရသော သူတွေဟာ နှစ်တွေကြာ
လာတာနှင့် အမျှ ရောဂါ ဖြစ်ဖို့အလား အလာတွေ ပိုမိုများပြား လာပါတယ်။ ဒါကြောင့် မိမိအနေနဲ့ အထိုင်များသူ ဖြစ်ပါလျှင် လိုက်နာသင့်သော ကျန်းမာရေး အတွက် နည်းလမ်း လေးတွေကို ပြန်လည်မျှ ဝေပေး လိုက်ရ ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

နေ့တိုင်း ထိုင်နေရတဲ့ အတွက် တစ်နေ့မှ ၁ နာရီလောက် အချိန်ပေးပြီး လေ့ကျင့်ခန်း
လုပ်သင့် ပါတယ်။ ဥပမာ - လမ်းလျှောက်ခြင်း၊ ကြိုးခုန်းခြင်း၊ ရေးကူးဖြင်း၊ ကြက်တောင် ရိုက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ ထဲက တစ်ခုမဟုတ် တစ်ခု ကတော့ လုပ်ဖြစ်စေ ချင်ပါတယ်။

(၂) အသီးအရွက်တွေ စားပေးပါ

အထိုင်များတဲ့ အတွက်ကြောင့် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငှက်ပျော်သီး စားပေးလို့ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ တစ်ခြားသော ရောဂါတွေ အတွက်လည်း အသီးအရွက်တွေကို စားသုံးပေးစေ ချင်ပါတယ်။

(၃) အစားကို ပုံမှန်စားပေးပါ

အစားကို အချိန်မမှန် စားသုံးခြင်းကြောင့် အစားအိမ်နှင့် ပက်သက်သော ရောဂါတွေကို

ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အစားကို ပုံမှန်စားစေ လိုပါတယ်။

(၄) အားဆေးများကို မှီဝဲပါ

အလုပ်တွေ များစွာလုပ်နေရလို့ ခန္ဓာကိုယ် အားမရှိ ဖြစ်နေရင် စိတ်လည်း လန်းဆန်းစေမှာ မဟုတ်ပါဘူး ဒါကြောင့် ခွန်အား ဖြစ်စေမယ့် မှန်ကန်သော ဆေးဝါးများကို မှီဝဲစေလိုပါတယ်။


ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

"စွန့်ခြင်းကြီး ငါးပါး"




••••••••••••••••••••
ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီတရားများကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘ၀ဆက်တိုင်း ဖြည့်ကျင့်တော်မူရာ၌ အခြားတပါးသူတို့ ကြံတွေးရုံမျှ ကြက်သီးထလောက်အောင် လွန်စွာခက်ခဲသော စွန့်လွှတ်မူ အနစ်နာခံမူတို့ကို ပြုလုပ်ခဲ့ရသည်။

ထိုသို့ စွန့်လွှတ်မူ အနစ်နာခံမူများကို မြင့်မြတ်သောစိတ်ထားဖြင့် စွန့်လွှတ် ဖြည့်ကျင့်ခဲ့သဖြင့်
"ပဉ္စမဟာပရိစ္စာဂ = စွန့်ခြင်းကြီး (၅)ပါး" ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။ စွန့်ခြင်းကြီးငါးပါးကို စွန့်လွှတ်ကာ သူမတူအောင် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည်မှာ
သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရေးအတွက်သာ ဖြစ်သည်။ ထိုဉာဏ်တော်မြတ်ကို ရယူလိုသည့် ရည်ရွယ်ချက်မှာလည်း သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ
ကယ်တင်တော်မူလိုသော အာသီသဆန္ဒကြောင့်သာဖြစ်ပေသည်။ ထို့ကြောင့် ဤစွန့်လွှတ် အနစ်နာခံမူမျာကိုမဟာပရိစ္စာဂ မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် မြင့်မြတ်သောသူတို့သာ ပြုလုပ်နိုင်စွမ်းသော
 မြင့်မားခက်ခဲ့သည့် စွန့်လွှတ်ခြင်းကြီးများဟု အမည်သမုတ်ခဲ့ကြပေသည်။

ထိုစွန့်ခြင်းကြီး ငါးပါးတို့မှာ -

(၁) ဓနပရိစ္စာဂ - ရွှေ ငွေ ဘဏ္ဍာ ရတနာပစ္စည်းများနှင့်
တိုင်းပြည် နိုင်ငံ ထီးနန်း စည်းစိမ်ကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၂) ပုတ္တပရိစ္စာဂ - သားသမီး ရတနာများကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၃) ဘရိယပရိစ္စာဂ - ဇနီးမယားကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၄) အင်္ဂပရိစ္စာဂ - မျက်စိ၊ နား၊ နှာ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို
စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၅) ဇီဝိတပရိစ္စာဂ - မိမိအသက်ကိုပင် နှမြောတွန့်တိုမူ မရှိဘဲ
စွန့်လွှတ် စွန့်လှူ အနစ်နာခံကာ ပါရမီဖြည့်ကျင့်ခြင်း - တို့ဖြစ်သည်။

"၁။ ဓနပရိစ္စာဂ"
------------------
ထိုစွန့်ခြင်းကြီးငါးပါးတို့သည် တစ်မျိုးထက်တစ်မျိုးက ပို၍ ခက်ခဲသည်။ မိမိကိုယ်တိုင် အပတ်တကုတ် နေပူမိုးရွာမရှောင် နေ့ညမဟူ ချမ်းသာ ဆင်းရဲမျိုးစုံ ဆင်နွှဲကာ ရှာဖွေထားသော ပစ္စည်းဥစ္စာ ရတနာတို့ကို ပကတိ ဖြူစင် ကြည်လင်သော စိတ်ထားဖြင့် စွန့်လှူမူသည် လူတိုင်းပြုလုပ်နိုင်သော အမူကိစ္စ မဟုတ်ပေ။ မိမိလက်ဝယ်ရောက်ရှိပိုင်ဆိုင်လာသော တိုင်းပြည် နိုင်ငံ ထီးနန်း စည်းစိမ်တို့ကို စွန့်လွှတ်လှူဒါန်းနိုင်မူသည်လည်း လွန်စွာခက်ခဲသော ကိစ္စမျိုးပင် ဖြစ်ပေသည်။ သို့သော် ဘုရားအလောင်းတော်တို့မှာမူ မိမိပိုင်ဆိုင်သော ထီးနန်းစည်းစိမ်ကိုပင် လိုချင်သူ ပေါ်ပေါက်လာပါက စိတ်ရင်းဖြူစင်စွာ ပေးလှူခဲ့ကြသည်မှာ ဘ၀များစွာ အကြိမ်များစွာပင် ဖြစ်လေသည်။ မဟာသီလ၀ဘုရင် မင်းကြီးဘ၀တွင် မိမိနိုင်ငံကို လိုချင်သော ကောသလမင်းကြီးအား အသာတကြည်ပင် ပေးလှူ၍ ပါရမီဖြည့်ခဲ့လေသည်။

"၂။ ပုတ္တပရိစ္စာဂ"
------------------
ဥစ္စာပစ္စည်း စွန့်လှူမူ၊ တိုင်းပြည်နိုင်ငံ စွန့်လှူမူမျိုးထက် သားသမီးများကို လှူဒါန်းနိုင်မူမှာ ပို၍ ခက်ခဲပေသည်။ အရေထူလွန်မြောက် အရေပါးဖောက်၍ ရိုးတွင်းချဉ်ဆီရောက်အောင် အသည်းခိုက်မျှ ချစ်ခင် ယုယကြင်နာခဲ့ရသည့် မိမိရင်နှစ်သည်းချား သားသမီးရတနာတို့ကို လူတိုင်း ချစ်မြတ်နိုးကြပေသည်။ ဘုရားအလောင်းတော်တို့လည်း လူသားသဘာဝ ချစ်မြတ်နိုးကြသည်ပင်။ သို့သော်လည်း သဗ္ဗညုတဉာဏ်တော်မြတ်ကို ရယူလိုမူက ပိုမိုပြင်းထန်လှသဖြင့် ပါရမီဖြည့်ဘက် သားသမီးတို့ကို လိုလားသူ အလှူခံ ပေါ်ပေါက်ပါက လှူဒါန်းခဲ့ာကသည်မှာ ဘ၀များစွာ ရှိခဲ့သည်။ ဝေဿန္တရာမင်းကြီးဘ၀တွင် အလှူခံလာသူ ဇူဇကာပုဏ္ဏားအား သားတော်သမီတော်များဖြစ်ကြသော ဇာလီနှင့် ကဏှာဇိန်တို့ကို ပေးလှူခဲ့သည်။ ဇူဇကာပုဏ္ဏားက မိမိရင်သွေးတို့ကို မိမိမျက်မှောက်မှာပင် ကြိုးနှင့်တုပ် တုတ်နှင့် ရိုက် ကြိမ်းမောင်းဆဲဆိုပြီး လိုရာသို့ ခေါ်ဆောင်သွားပုံကို မြင်ရသော အလောင်းတော် ဝေဿန္တရာမင်းအဖို့ စိတ်မသက်သာ ပင်ပန်းနာကျင်ခဲ့ရသည်။ သို့သော်လည်း သဗ္ဗညုတ ဉာဏ်တော်ကို လိုလားမူက ပြင်းပြလှသဖြင့် သားသမီးတို့ကို စွန့်လှူကာ ပါရမီဖြည့်ခဲ့ရ ပါသည်။

"၃။ ဘရိယပရိစ္စာဂ"
-------------------
ဘရိယပရိစ္စာဂမှာ ဇနီးမယားကို စွန့်လွှတ်လှူဒါန်းမူဖြစ်သည်။ ဘ၀ကြင်ဖော်အဖြစ် လက်တွဲ၍ ချမ်းသာဆင်းရဲ မခွဲအတူ ကြည်ဖြူ မြတ်နိုးလှသော မိမိ၏ ဇနီးကို စွန့်လွှတ်ခြင်းသည်ကား ကြီးမားလွန်းလှသော စွန့်လွှတ်မူမျိုးဖြစ်သည်။ လူတို့သဘာဝအရ မိမိ၏ အိမ်သူသက်ထားကို သူတပါး စေ့စေ့ကြည့်တောင် ခံလိုသောစိတ်မရှိ။ ဘုရားအလောင်းတော်လည်း လူထဲက လူတစ်ဦးသာ ဖြစ်သဖြင့် မိမိဇနီးကို ချစ်ခင်လှသည်။ သို့သော်လည်း ပါရမီမျိုးစေ့ဟူသမျှ အနည်းငယ်မျှ မကျန်ရအောင် ဖြည့်ကျင့်နေသော ဘုရားအလောင်းတော်အဖို့ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရေးသည်သာ ပဓာနဖြစ်သဖြင့် ချစ်လှစွာသော ဇနီးမယားတို့ကို စွန့်လွှတ် လှူဒါန်းခဲ့သည့် အကြိမ်ပေါင်းမှာ များလှချေပြီ။ ဝေဿန္တရာမင်းမြတ်သည် မဒ္ဒီမိဖုရားကို ပုဏ္ဏားအိုယောင်ဆောင်လာသူ သိကြားမင်းအား တွန့်တို ဆုတ်နစ်မူမရှိ လှူဒါန်းခဲ့သည်။

"၄။ အင်္ဂပရိစ္စာဂ"
-------------------
အထက်ပါ စွန့်ခြင်းကြီးသုံးမျိုးမှာ ပြုလုပ်ရန် လွန်စွာခဲယဉ်းလှပါသည်။ သို့သော်လည်း မိမိကိုယ်ခန္ဓာနှင့် မစပ်သော ပြင်ပအရာများသာဖြစ်၍ လှူနိုင်ကောင်း လှူနိုင်ဦးမည်။ မိမိကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ကို တစ်ပိုင်းစီ ဖြုတ်ဖြတ်၍ စွန့်လွှတ်လှူဒါန်းမူမှာ ပို၍ ခက်ခဲလှပါသည်။ လူတိုင်း လူတိုင်းပင် မိမိကိုယ်ခန္ဓာ အားအင်ပြည့်ဝ လှပစေရန် စီမံအားထုတ်မြဲပင် ဖြစ်သည်။ လူတိုင်းပင် မိမိတို့ ကိုယ်ခန္ဓာကို တွယ်တာ မြတ်နိုးကြမြဲ ဖြစ်သည်။

ဘ၀ တစ်သက်တာတွင် အတွယ်တာဆုံး အမြတ်နိုးဆုံးအရာသည် မိမိတို့ ကိုယ်ခန္ဓာပင်ဖြစ်သည်။ ထိုမျှ ချစ်ခင်မြတ်နိုးလှပါသော ခန္ဓာကိုယ်ကြီးမှ မျက်စိကို ထုတ်၍ လှူခြင်း၊ နားကိုဖြတ်၍ လှူခြင်း၊ ခြေလက်အင်္ဂါဖြတ်၍ လှူခြင်းမျိုးကာ လွန်စွာပြုနိုင်ခဲသော စွန့်လှူခြင်းဖြစ်သည်။ ဘုရားအလောင်းတော်တို့ကား မိမိစွန့်လွှတ်မူကြောင့် တစ်ဖက်သား အကျိုးရှိမည်ဆိုလျှင် ဖြစ်စေ၊ အခြားသူတစ်ဦးဦးက မိမိခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို လိုချင်ပါသည်ု အလှူခံလာလျှင်ဖြစ်စေ နှမြောတွန့်တိုခြင်းမရှိ၊ ကြောက်စိတ်မ၀င်၊ ရွှင်ကြည်ဝမ်းမြောက်စွာ လှူဒါန်းခဲ့သည်မှာာ ဘ၀များစွာပင် ရှိခဲ့ပြီ သဗ္ဗညုတဉာဏ်တော်ကိုသာ ရမည်ဆိုပါက စွန့်လွှတ်မည်သာဖြစ်သည်။ အလောင်းတော် သိဝိမင်းဘ၀တွင် မိမိခါးတွင် နွယ်ကြိုးချည်၍ မျောက်အပေါင်းကို ခန္ဓာကိုယ်ပေါ်မှ ဖြတ်လျှောက်စေကာ ကိုယ်ခန္ဓာကို စွန့်လွှတ်၍ ပါရမီဖြည့်ခဲ့သည်။

"၅။ ဇီဝိတပရိစ္စာဂဝဘဝ"
--------------------------
စွန့်ခြင်းကြီးငါးပါးတွင် အခက်ခဲဆုံးကား အသက်ကို စွန့်လွှတ်၍ ပါရမီဖြည့်မူ ဇီဝိတပရိစ္စာဂပင် ဖြစ်သည်။ ပြင်ပဥစ္စာ သားသမီး ဇနီးမယားတို့ကို စွန့်လွှတ်စဉ် အခါတုန်းက “မိမိကိုယ်တိုင် မဟုတ်၍ စွန့်လှူနိုင်ခြင်း ဖြစ်သည်။ ဘုရားအလောင်းတော်တို့သည် မိမိ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် မိမိကို မှီခို အားထားနေကြသည့် သားသမီး ဇနီးမယားတို့ကို ရက်ရက်ရောရော စွန့်လှူခဲ့ကြသည်။ ထိုသို့ စွန့်လွှတ်မူကို မိမိ ကိုယ်ကျိုးအတွက် ပြုလုပ်သည်” ဟု ထင်မြင်ကောင်း ထင်မြင်စရာရှိသော်လည်း မိမိ၏ ကိုယ်ခန္ဓာအသက်ကိုပင် မြက်တစ်ပင်မျှ ပမာမထား စွန့်လွှတ်စွန့်စားသည်ကို ကြည့်လျှင် ထိုထင်မြင်မူများ ယုတ္တိမရှိကြောင်း သိသာလှ၏။ အလောင်းတော်မြတ်တို့၏ စိတ်အစဉ်ဝယ် တွယ်ကပ် စွဲလမ်းနေသည့်အရာမှာ ဘုရားဖြစ်ရေးပင် ဖြစ်သည်။ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိရန်သာ ဖြစ်သည်။

သသပဏ္ဍိတ ယုန်ပညာရှိဝတွင် မိမိအသားကို အလှူခံလာသော ပုဏ္ဏားအို (သိကြားမင်း) အတွက် မီးပုံကြီးထဲ ခုန်ဆင်းကာ အသက်စွန့် လှူဒါန်းခဲ့သည် နိရောဓသမငဘ်ဝတွင် သားသည်အမေ သမင်မတစ်ကောင်အတွက် မိမိအသက်ကို စွန့်၍ လှူဒါန်းခဲ့သည်။ အသက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို စွန့်လွှတ်၍ ပါရမီဖြည့်ပုံကို ဆိုရလျှင် ကောင်းကင်ပြာရှိ ကြယ်အရေအတွက်မျှမက မျက်စိများကို လှူဒါန်းခဲ့သည်။ မဟာသမုဒ္ဒရာ ရေပြင်မက အသွေးများကို လှူဒါန်းခဲ့သည်။ မဟာ ပထ၀ီ မြေပြင်မက အသားခန္ဓာတို့ကို လှူဒါန်းခဲ့သည်။ ထိုမျှ ကြီးကျယ်များပြားစွာ စွန့်လွှတ် အနစ်နာခံမူများမှာ သဗ္ဗညုတဉာဏ်တော်အတွက်သာ ဖြစ်ချေသည်။

သဗ္ဗညုတဉာဏ်ကိုသာ ရရှိမည်ဆိုလျှင် မည်သည့်အရာကို စွန့်ရစွန့်ရ၊ စွန့်လွှတ်မည်သာ ဖြစ်ပေသည်။ သဗ္ဗညုတဉာဏ်ရမှသာ မိမိကယ်မလိုသော သတ္တ၀ါတို့ကို အထွတ်အထိပ် ကယ်မနိုင်မည် မဟုတ်ပါလား။

ဤသို့လျှင် သဗ္ဗညုတဉာဏ်တော်ကို ရရှိရေးအတွက် ဘုရားအလောင်းတော်သည် စွန့်ခြင်းကြီးငါးပါး ကိုလည်း စွန့်လှူခဲ့ရလေသည်။

[ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ -]


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျ ၁၀၀


1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။
6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။
7. I’m up! = ကျွန်ုပ်အိပ်ယာနိုးပြီ။
8. I’m all ears = ကျွန်ုပ် နားထောင်နေပါတယ်။
9. I give up = ပန်းပေးတယ်/ အရှုံးပေးတယ်။
10. Search me! = ပန်းပေးတယ်/ ကျွန်ုပ်မသိပါ။
11. I quit = ကျွန်ုပ် နုတ်ထွက်တယ်။
12. I’m buying = ကျွန်တော်/မ ဒကာခံမယ်။
13. My treat = ကျွန်တော်/မ ကျွေးမယ်။
14. Your treat? = မင်းကျွေးမှာလား…။
15. How much do I owe you? = ဘယ်လောက်ကျပါသလဲ…။
16. That calls for celebrations! = မုန့်ကျွေးသင့်တယ်။
17. God bless you! = ဘုရားသခင်ကောင်းချီးပေးပါစေ။
(နှာချေရာ၌ အသုံးပြုသည်)
18. Good bless you = ကျေးဇူးကြီးပါပေတယ်။
19. Touch wood = တိုက်တိုက်ဆိုင်ဆိုင်စကားဆုံမိလျှင်
ဆုတောင်းခြင်း။
20. Knock on wood! = ကံကောင်းပါစေ…။
21. Cross my heart! = ဘုရားစူး။
22. Keep your fingers crossed! = အောင်မြင်ဖို့ဆုတောင်းနေကြ။၏
23. Swear upon the Bible! = ဘုရားပေးပေး ကျမ်းပေးပေး။
24. Swear to God = ဘုရားစူး။
25. Thank God! = တော်ပါသေးရဲ့။
26. Jeeze! = ဘုရားရေ။
27. Holy cow! = အမလေး။
28. Good Heavens! = အမလေး။
29. Ma…ma…mia… ! = အမလေး … လေး။
30. My…my ! = အမလေး … လေး။
31. Wish me luck! = ဆုတောင်းပေးပါ။
32. Let’s say grace = ဆုတောင်းကြစို့။
33. By the grace of God = ဘုရားကျေးဇူးတော်ကြောင့်။
34. God forbid! = ဖွ… လွဲစေဖယ်စေ။
35. Freeze! = မလှုပ်နဲ့။
36. Hold still = မလှုပ်နဲ့… ငြိမ်ငြိမ်နေ။
37. Hold sit! = ရပ်လိုက် / နေဦး။
38. Thumbs up! = အောင်ပြီဟေ့။
39. Come on ! = လာလေကွာ။
40. (Just) you dare ! = လုပ်ရဲလုပ်ကြည့်စမ်း။
41. Just you wait ! = မင်းသိမယ် / မင်းစောင့်နေပါ။
42. Just in case = လိုလိုမယ်မယ်။
43. Just as I thought = ငါထင်တဲ့အတိုင်းပဲ။
44. Shut up ! = ပါးစပ်ပိတ်။
45. Take that ! = ကဲကွာ။
46. Break it up ! = ရန်ဖြစ်တာ တော်ကြတော့။
47. Enough is enough = တော်တန်တိတ်..။ (တော်ပြီဆို တော်ပြီ)
48. A deal is a deal! = အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ။
49. Deal ! = သဘောတူတယ်။
50. No kidding = နောက်နေတာမဟုတ်ဘူး။
51. No fooling you = နောက်နေတာမဟုတ်ဘူး။
52. Never say never again. = စကားအကုန်မပြောနဲ့။ (ဆိုခဲစေ မြဲစေ)
53. Never say die = ဘယ်တော့မှ အရှုံးမပေးနဲ့။
54. Never say lie = ဘယ်တော့မှ မုသားမပြောနဲ့။
55. It never rains but pours = ပြဿနာပေါင်း သောင်းခြောက်ထောင်
56. A watched pot never boils = စောင့်ကြည့်နေရင် ဘယ်တော့မှဖြစ်မလာဘူး။
57. Age before beauty = အသက်ကြီးသူကို ဦးစားပေးပါ။
58. Act your age ! = အရွယ်နဲ့လိုက်အောင်နေစမ်း။
59. Take it easy = ဖြည်းဖြည်းပေါ့။
60. Easy now = ဖြည်းဖြည်းပဲ၊ စိတ်အေးအေးထား။
61. Right away ! = အခုချက်ချင်း။
62. Make it snappy = မြန်မြန်လုပ်ကွာ။
63. Look alive ! = မြန်မြန်လုပ်။
64. Dead or alive ! = အသေရရ၊ အရှင်ရရ။
65. Alive and kicking = သက်ရှင်လှုပ်ရှားဆဲပဲ။
66. Let's rock n' roll = လှုပ်ရှားလိုက်ကြစို့။
67. Show time ! = လှုပ်ရှားလိုက်ကြစို့။
68. Believe it or not ! = ယုံချင်ယုံ မယုံချင်နေ။
69. Take my word = ကျွန်တော်ပြောတာယုံပါ။
70. Too good to be true = ယုံတောင် မယုံရဘူး။
72. Have a nice day = ပျော်ရွှင်သောနေ့ ဖြစ်ပါစေ။
72. Keep the faith = ယုံကြည်စမ်းပါ။
73. Go for it ! = လုပ်ထားကွ။
74. The show must go on = လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။
75. It goes without saying = အထူးပြောစရာ မလိုပါဘူး။
76. Going... gone... gone = သွားတော့မယ်… သွားတော့မယ်… သွားပြီ။
77. Go! Go! Go! Go! = လုပ်ကြ… လုပ်ကြ။
78. Go... go ! = လုပ်ထားကွ။
79. Out you go ! = ထွက်သွား.. ထွက်ထွက်…။
80. One down, two to go = တစ်ယောက်ကျရင် နှစ်ယောက်တက်မယ်။
81. Let bygones be bygones = ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
82. It'll go down in history = သမိုင်းတွင်ကျန်ရစ်မယ်။
83. Let go ! = လွှတ်စမ်း၊ လွှတ်လိုက်။
84. Duty calls ! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်။
85. Nature calls ! = အိမ်သာသွားလိုက်ဦးမယ်။
86. Where can I wash my hands? = အိမ်သာလေး ခဏတက်ချင်တယ်။
87. Where can I powder my nose? = အိမ်သာလေး ခဏတက်ချင်တယ်။ (အမျိုးသမီးများအတွက်သာ)
88. Got to do what you go to do = အန္တရာယ် မလွယ်ကောင်းဘူး။
89. Near miss ! = ကပ်လွဲသွားတယ်ကွာ။
90. Bull's=eye = ပစ်မှတ်ထိတယ်။
91. Far from it ! = တခြားစီပဲ။
92. Far out ! = မိုက်တယ်ကွာ။
93. Head or tail? = ခေါင်းလား၊ ပန်းလား။
94. Head you win tail you lose = ခေါင်းဆိုမင်းနိုင်၊ ပန်းဆိုမင်းရှုံး။
95. Money makes everything = ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်။
96. You look like s***! = မင်းပုံက စုတ်ပြတ်နေတာပဲ။
97. Give me a break = အေးအေးဆေးဆေးနေပါရစေဦး..။ (လာမနှောင့်ယှက်ပါနဲ့)
98. That's great ! = သိပ်ကောင်းတာပေါ့ကွာ။
99. ..... man = … ကွာ။
100. ... the hell... ? = … ကွ။


Credit- myanmarnetwork
The Express Times's status update.

ဝန်ထမ်းတွေကို အကန့်အသတ်မရှိ အားလပ်ရပ်ပေးမယ့် Virgin ကုမ္ပဏီ



Virgin Group အမည်ရ ကုမ္ပဏီဟာ လေကြောင်းလိုင်း အပြင် အခြားသော သယ်ယူပို့ဆောင်ရး လုပ်ငန်း၊ travel, entertainment နဲ့ lifestyle အပြင် health care, food and drink, media နဲ့ telecommunications လုပ်ငန်းတို့ကို လုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်မှာ ဝန်ထမ်းပေါင်း ၅သောင်းကျော်နဲ့ လုပ်ကိုင်နေပြီး သူချမှတ်မယ့် အလုပ်သမား ပေါ်လစီ ကတော့ ဝန်ထမ်းတွေကို ရပ်အကန့်အသတ် မရှိ အားလပ်ရပ် ပေးခြင်း ဖြစ်ပါတယ်။

အင်တာဗျူးမှာ တည်ထောင်သူ Richard Branson က ယခုလို ဖြေပါတယ်။ 'ကျနော် ဒီအိုင်ဒီယာကို သမီးလေးဆီကနေ ရတာပါ။ ဝန်ထမ်းတွေကို ကျနော် မတားဆီးထားချင်ပါဘူး။ သူတို့ရဲ့ အလုပ်တာဝန် မပျက်သရွေ့၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝ တိုးတက်မှုကို မဖျက်ဆီးစေတဲ့ သရွေ့ ကတော့ အားလပ်ရက်ယူနိုင် ပါတယ်။ အားလပ်ရပ် ယူဖို့ အတွက် ခွင့်တောင်းစရာလည်း မလိုပါဘူး။ ပြန်လာတာကိုလည်း report တင်စရာလည်း မလိုဘူး။ စိတ်ငြီးငွေ့နေရင် ချက်ချင်းထပြန်သွား၊ ပြန်လုပ်ချင်မှ လာခဲ့။ သူ့အတွက် လစာလည်း မပျက်စေရဘူး' လို့ ဖြေပါတယ်။

လက်ရှိမှာ သူဟာ ဗြိတိန်နဲ့ အမေရိကန်မှာ ရှိတဲ့ ဝန်ထမ်း ၁၇၀ ကျော်ကို ယင်း ပေါ်လစီနဲ့ အကျုံးဝင် စေပြီ ဖြစ်ပါတယ်။ တစ်နှစ်မှာ ကိုယ်ကြိုက် သလောက် ခွင့်ယူပေးထားတာ ကတော့ တစ်ကမ္ဘာလုံးကို အံ့သြစေခဲ့ ပါတယ်။ ဒီအတွက်လည်း ခွင့်မယူနိုင်အောင် တာဝန်တွေ ဇွတ်ပေးမှု လုပ်မှာ မဟုတ်ဘူးလို့ သူဆို ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္ပဏီ အဖြစ် Virgin က Google နေရာကို အစားထိုးဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: Metro, BBC

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်



၁။ ရေကို လုံလောက်စွာ သောက်ပါ

၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ

၃။ ဆား၊ အငံတို့ကို လျှော့စားပါ

၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေမည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အများဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေးပါ။ ရေဓါတ်ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။

၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး
ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။

၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို လျှော့နည်းစေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စားသင့်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ salt and kidney infection, Good Health

ကျန်းမာရေးသတင်းများ


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.23

ကမ္ဘာ့ဘာသာပေါင်းစုံမဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး၌မိန့်ကြားခဲ့သော သီတဂူဆရာတော်ကြီး၏မိန့်ခွန်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၁၆ရက်မှ ၁၉ရက်အထိကျင်းပသော ကမ္ဘာ့ဘာသာပေါင်းစုံမဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး၌မိန့်ကြားခဲ့သော သီတဂူဆရာတော်ကြီး၏မိန့်ခွန်
Friday, September 26, 2014

 

 - အရှင်ဥာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., D.Litt. ) မြန်မာ။

လေးစားအပ်ပါသော ဘာသာရေးခေါင်း ဆောင်များ၊ စိတ်ဓာတ်ရေးခေါင်း ဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး ငြိမ်းချမ်းကြပါစေ၊ ချမ်းသာကြပါ စေလို့ ရှေးဦးစွာ ဆုတောင်းပါတယ်။
ဤမျှကြီးကျယ်သော အစည်းအဝေးကြီးကို မမော နိုင်၊ မပန်းနိုင်ဘဲ အင်တိုက်အားတိုက် ဆောင်ရွက်ကြကုန် သော လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အသင်းအဖွဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒုတိယအကြိမ် လှိုက် လှိုက်လှဲလှဲ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။



ဤမျှကြီးကျယ်တဲ့ထိပ်တန်းငြိမ်းချမ်းရေး အစည်း အဝေးက ကျွန်ုပ်တို့အား မွန်မြတ်သော၊ ကြီးကျယ်သော အတွေ့အကြုံနှင့် ခံစားမှုများကို ရရှိစေခဲ့ပါတယ်။ ကမ္ဘာ ကြီးမှာ စစ်ပွဲတွေရပ်ဆိုင်းရေး၊ ညီညွတ်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးတို့အတွက် ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးရာခေါင်း ဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ သစ္စာ၊ သီလ နှင့် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း၊ အယူမသီးခြင်း၊ အစွန်းမရောက်ခြင်းတို့ဖြင့် တူညီသော ဘုံလမ်းကြောင်း ( Common High Way ) ပေါ်မှာ လက် တွဲလမ်းလျှောက်နိုင်ကြပါစေလို့လည်း ကျွန်ုပ်ဆုတောင်း ပါတယ်။

ဒီကနေ့ ဒီအစည်းအဝေးကြီးကို တက်ရောက်လာ ကြတဲ့ ဘာသာရေးခေါင်းဆောင်တွေမှာ အပြင်အပအ သွင်အပြင်တွေ အမျိုးမျိုး ရောင်စုံခြယ်ထားကြတာတွေ့ မြင်ရတော့ အလွန်လှပတဲ့ ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ် ကြီးတစ်ခု ရောက်နေသလို ကျွန်ုပ်ခံစားမိပါတယ်။
ယနေ့ ကျွန်ုပ်တို့တစ်တွေဟာ ဘာသာရေး၊ နိုင်ငံ ရေး၊ ယဉ်ကျေးမှု စသည့် အမျိုးမျိုးကွဲပြားနေတဲ့ ကမ္ဘာ ကြီးထဲမှာ နေနေကြရတာဖြစ်ပါတယ်။ ဤကဲ့သို့သော ကမ္ဘာကြီးမှာ အယူအဆမတူမျှတဲ့ ကျွန်ုပ်တို့တစ်တွေဟာ အမျိုးမျိုးသော ပြဿနာတွေရဲ့အပေါ်မှာ အမျိုးမျိုးသော အယူအဆထင်မြင်မှုတွေ ရှိကြပါတယ်။ သို့သော် ပြဿနာ ဆိုတာကတော့ အားလုံးအတွက် အတူတူပါပဲ။ ဒါကြောင့် ကျွန်ုပ်တို့တစ်တွေဟာ တူညီသောပြဿနာတို့ရဲ့အပေါ် မှာ တူညီသောအဖြေကို ကြိုးစား၍ ရှာဖွေနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူဘဝပြဿနာအားလုံးတို့အတွက် အပြီးသတ်အဖြေဆိုတာတော့ ရှိလိမ့်မယ်မဟုတ်ပါဘူး။ ဒါကြောင့် ကွဲပြားခြင်းထဲမှာ ညီညွတ်ခြင်း (Unity in Diversity )ကို ရှာရမယ်ဆိုတဲ့ သဘောတရားကို လက် ခံရမှာဖြစ်ပါတယ်။ ဒီခံယူချက်ဟာ ကျွန်ုပ်တို့ဘဝပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ ဘုံလမ်းကြောင်း (Common Platform)ဖြစ်ပါတယ်။ ဒီဘုံလမ်းကြောင်းကို ရှာတွေ့မှ ဒီလမ်းကြောင်းပေါ်မှာ လက်တွဲ၍ လျှောက်လှမ်းနိုင်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်၊ တည် ဆောက်နိုင်ကြမှာဖြစ်ပါတယ်။
ယနေ့ ကမ္ဘာမှာ အဓိကအားဖြင့် ကိုးကွယ်ဘာသာ တရား ခုနစ်ခုလောက်ရှိပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျိန်း၊ ဂျူးနှင့် ဆစ်ခ်ဘာသာများရယ်လို့ ရှိပါ တယ်။ တခြားနတ်ကိုးကွယ်မှုပေါင်းများစွာလည်း ရှိပါ သေးတယ်။ ကမ္ဘာမြေကြီးပေါ်မှာ လူသားတွေ စတင် ပေါ်ပေါက်ခါစအချိန်က ကိုးကွယ်ရာမရှိတဲ့ လူသားတွေ ဟာ အမှောင်ကျတဲ့အခါ၊ မိုးချုန်းတဲ့အခါ၊ လေတိုက်တဲ့ အခါ၊ ငလျင်လှုပ်တဲ့အခါ၊ ရောဂါဖြစ်တဲ့အခါ ကြောက် လန့်တုန်လှုပ်ကြတယ်။ အဲဒီအခါ သူတို့တစ်တွေဟာ ကိုးကွယ်ရာအမျိုးမျိုးရှာကြတယ်။ တော၊ တောင်၊ နေ၊ လ၊ သစ်ပင် စသည်တို့ဟာ သူတို့(ကမ္ဘာဦးလူတို့)ရဲ့ကိုး ကွယ်မှုတွေ ဖြစ်လာကြပါတယ်။ ဒီအချက်ကို ကမ္ဘာ့ သမိုင်းဆရာတို့က ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ ဖော်ပြ ထားကြတယ်။

အိန္ဒိယဝန်ကြီးချုပ် နေရူးကတောင် သူ့ရဲ့ "The Glimposes of World History" စာအုပ်ကြီး မှာ ဖော်ပြထားပါတယ်။ မြတ်ဗုဒ္ဓကလည်း ဗဟုံ ဝေ သရဏံ ယန္ထိ-မနုဿာ ဘယတဇ္ဇိတာ- ကြောက်စိတ် ကြောင့် ကိုးကွယ်ရာများစွာ ပေါ်ပေါက်လာတာလို့ ဟော ထားပါတယ်။ ကိုးကွယ်ရာအမျိုးမျိုးကို အသီးသီးရရှိကြ တော့မှ ခေတ်ဦးလူတို့ ကြောက်လန့်စိတ်တွေ ပျောက် ကြပါတယ်။
ယနေ့ကမ္ဘာမှာ လူသားအများစုမှာ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။ အဲဒီလူသားတွေ စိုးရိမ် မှု၊ ကြောင့်ကြမှု၊ ကြောက်လန့်မှုတွေကို ဘာသာရေးခေါင်း ဆောင်များအားလုံး ဝိုင်းဝန်းဖြေဖျောက်ပေးဖို့ တာဝန်ရှိ ပါတယ်။

ဘာသာရေးတရားကြောင့် ကမ္ဘာကြီးမှာ ထိတ် လန့်မှုဆိုတာ မဖြစ်သင့်ပါဘူး။ ထို့ပြင် အကယ်၍များ လူသားတွေမှာ အစွဲသန်ခြင်း၊ အစွန်းရောက်ခြင်းများရှိ ခဲ့လျှင် ဝိုင်းဝန်းဖြေရှင်းကြပါ။ ဘာသာရေးကိုအခြေခံ၍ အစွန်းရောက်ခြင်း၊ နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက် ခြင်းတို့ဟာ ပဋိပက္ခဖြစ်ခြင်း၊ ဆူပူသောင်းကျန်းခြင်းရဲ့ အစပဲဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အစွဲ မသန်ခြင်း၊ အစွန်းမရောက်ခြင်း၊ အလယ်လမ်းလိုက်ခြင်း တို့ဟာ ငြိမ်းချမ်းရေးရဲ့လမ်းစပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာ လောကကြီးမှာ အပြစ်အညစ်အကြေးတွေနဲ့ ပြည့်နေပါ တယ်။
ဆူပူသောင်းကျန်းခြင်းတွေ၊ အကြမ်းဖက်ခြင်းတွေ၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ကမ္ဘာကြီးဟာ တုန်လှုပ်နေတယ်။ တည် ငြိမ်မှုမရဘူး။ အတွင်းအပြင်လောင်နေတယ်။ သောက ပရိဒေဝတွေနဲ့ ပြည့်နေတယ်လို့ ဟောထားပါတယ်။ ကမ္ဘာ လောကကြီးမှာ အဝိဇ္ဇာအမှောင်ကျနေတယ်။ အမှန်တရား ကို မမြင်လောက်အောင် ကန်းနေကြတယ်။ ဒါကြောင့် ဒီကနေ့ကြွရောက်လာကြတဲ့ ဘာသာရေးခေါင်းဆောင် များအားလုံး ကမ္ဘာ့လူသားအားလုံးရဲ့ အဝိဇ္ဇာအမှောင် ကို ဖယ်ရှားပေးကြပါ။ ဝိဇ္ဇာ(ပညာ) အလင်းရောင်ပေးကြ ပါလို့ တောင်းပန်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ပါပဲ။

ချစ်ခင်လေးစားရပါသော ဘာသာရေးခေါင်းဆောင် များအားလုံးကို ဆက်လက်၍ ပြောပြချင်တာက ယနေ့ဘာ သာတိုင်း၏ ဘာသာရေးနောက်လိုက်အားလုံးလိုလိုပါ ပဲ။ သူတို့ကိုးကွယ်နေတဲ့ သူတို့ရဲ့ သက်ဆိုင်ရာဘာသာ တိုင်းရဲ့ အနှစ်သာရ၊ အနက်အဓိပ္ပာယ်ကို သူတို့ ထိထိ မိမိ တိတိကျကျ မသိနားမလည်ကြတော့ပါဘူး။ တိတိ ကျကျ လိုက်နာကျင့်သုံးခြင်းနည်းပါးသွားကြပါပြီ။ ဒါ ကြောင့် အဲဒီဘာသာရေးအဝိဇ္ဇာအမှောင်မှာ ကျရောက် နေတဲ့ လူတွေကို မပြတ်မပြတ် ဟောပြောဆုံးမခြင်းဖြင့် ပညာပေးဖို့ (Educate လုပ်ဖို့) အထူးပဲ လိုအပ်ပါတယ် လို့ ပြောချင်ပါတယ်။

ယနေ့ကမ္ဘာလောကမှာ- ဤမျှပင် ကွဲပြားခြားနား နေကြသော်လည်း Common Bridge အများလျှောက် ဖို့ တံတားတစ်ခုများ ဆောက်ပေးလိုက်နိုင်လျှင် ကျွန်ုပ် တို့ ဘာသာရေးတရားအားလုံး၏ ဘာသာဝင်အားလုံးအ ချင်းချင်း အပြန်အလှန်ရင်းနှီး ပွင့်လင်းသော နားလည်မှု တစ်ခု ရရှိလာကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။ တင်းမာမှုနဲ့ ပဋိပက္ခမှုတွေကို လျှော့ချနိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။ တံတားဆိုတာဟာ မြစ်ချောင်းဟူ သော အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဖြတ်လျှောက် သူ လူအားလုံးတို့ကိုမ တူညီသောဦး တည်ရာအမျိုးမျိုးကို ပို့ဆောင်ပေးတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ ကိုယ့်ရည် ရွယ်ချက်နဲ့ကိုယ်၊ ကိုယ့်ဦးတည်ချက် နဲ့ကိုယ်၊ ကိုယ့်လမ်းကိုယ်လျှောက်နေ သူတွေဟာ ဒီတံတားကိုရှောင်လွှဲလို့ မရဘဲ ဒီတံတားပေါ်မှာ ဆုံမိကြမှာဖြစ်ပါတယ်။ ကျွန်ုပ် တို့တည်ဆောက်ရမည့်ဘုံတံတား(Common Bridge) ကတော့ သီလ၊ မေတ္တာ၊ ခန္တီ၊ သစ္စာတို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘုံပန်းတိုင် (Common Goal)ကတော့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ညီညွတ်ရေး (Peace, Security and Unity) ပဲဖြစ်ပါတယ်။ သီလ၊ မေတ္တာ၊ ခန္တီ၊ သစ္စာ လက်ကိုင်ထားနိုင်သူတိုင်း လူမျိုး နှင့် ဘာသာမခွဲခြားဘဲ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် ဒီကနေ့ကျင်းပတဲ့ ဒီ Peace Summit ကြီးဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှပါတယ်။ ဒါ့ကြောင့်ပဲ ဒီ Summit ကို ကျွန်ုပ် တို့တံတားဆောက်ဖို့ ပစ္စည်းစုဆောင်းခြင်းလို့ တင်စာခေါ် ဆိုပါရစေ၊ ဤသို့များ ကျွန်ုပ်တို့တစ်တွေ အများလျှောက် ဖို့ တံတားဆောက်လိုက်နိုင်ကြလျှင် မငြိမ်းချမ်း၊ မလုံခြုံတဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသော၊ လုံခြုံသောကမ္ဘာကြီးအသွင် သို့ ပြောင်းလဲပေးလိုက်နိုင်ကြမှာဖြစ်ပါတယ်။ ဤသို့ဆို လျှင် ကျွန်ုပ်တို့တစ်တွေဟာ သူတစ်ပါးတို့ကို လက်နက် တွေနဲ့ အနိုင်တိုက်နေကြမည့်အစား မိမိတို့ကိုယ်ကိုယ် မိမိတို့နိုင်အောင်တိုက်ကြဖို့ လိုပါတယ်။

ဆင်းရဲမွဲတေခြင်းကို ပေးကမ်းခြင်းဖြင့် အနိုင်တိုက် ပါ။ မုန်းတီးခြင်းကို ချစ်ခြင်းဖြင့် အနိုင်တိုက်ပါ။ ရက်စက် ခြင်းကို ကရုဏာတရားဖြင့် အနိုင်ယူပါ။ အကျင့်ပျက် ခြင်းကို သီလဖြင့် အနိုင်ယူပါ။ ဒေါသသမားကို ခန္တီဖြင့် အနိုင်ယူပါ။ အကြမ်းဖက်ခြင်းကို ငြိမ်းချမ်းစွာနေခြင်းဖြင့် အနိုင်ယူပါ။ မာနထောင်ခြင်းကို နှိမ့်ချခြင်းဖြင့် အနိုင်ယူ ပါ။ အစွန်းရောက်သူများကို အလယ်လမ်းကြောင်းကို လျှောက်လှမ်းခြင်းဖြင့် အနိုင်ယူပါ။ သူတစ်ပါးတို့ကို အ နိုင်တိုက်ခြင်းထက် မိမိကိုယ်ကိုယ် အောင်နိုင်သူသည်သာ တကယ့်အောင်နိုင်သူအစစ်ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ လူသားအားလုံးရဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ Common Bridge သို့မဟုတ် Universal Humanism ဖြစ်ပါတယ်။
သို့သော် ကျွန်ုပ်တို့လူသားအားလုံး ကျွန်ုပ်တို့ရဲ့ညံ့ ဖျင်းသောစိတ်ထား၊ ယုတ်မာသောအပြော၊ ရိုင်းပျသော အပြုအမူတွေကို မဖယ်ရှား၊ မထိန်းချုပ်နိုင်သေးလျှင်တော့ ကျွန်ုပ်တို့တစ်တွေဟာ အလွန်ဝမ်းနည်းပူဆွေးစရာကောင်း တဲ့ ကမ္ဘာကြီးထဲမှာပဲ တဝဲလည်လည် နေနေကြရဦးမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော ဘာသာရေး ခေါင်း ဆောင်များ၊ ဘာသာရေးညီအစ်ကိုမောင်နှမများခင်ဗျား-
ဥပမာတစ်ခုပြောပြချင်ပါတယ်။ အမှောင်ရှိလျှင် အလင်းဆိုတာလဲ ရှိပါတယ်။ အမှောင်ကျတဲ့အခါ အ လင်းရောင်ဟာ အထူးလိုအပ်ပါတယ်။ အမှောင်နဲ့ အ လင်းဟာ အတူယှဉ်တွဲနေလို့ မရပါဘူး။ သူတို့နှစ်ခုဟာ ဆန့်ကျင်ဘက်ကြီးပါ။ အစွန်းရောက်ခြင်း၊ အကြမ်းဖက် ခြင်း စတဲ့ အမှောင်ဖုံးတဲ့ ကမ္ဘာလောကကြီးကို ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးဟူသော အလင်းရောင် ဝိုင်းဝန်းပေး ကြပါလို့ တောင်းပန်တိုက်တွန်းလိုပါတယ်။
မီး...မီး...ဆိုလျှင် ရေဆိုတာဟာ တကယ်မရှိ မဖြစ်လိုအပ်တဲ့အရာဝတ္ထုဖြစ်ပါတယ်။ ရေလာလျှင် မီး ငြိမ်းရိုး ထုံးစံရှိပါတယ်။ ဒီကနေ့ကမ္ဘာမှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေပါတယ်။
ဒီအစည်းအဝေးကြီးကို တက်ရောက်လာကြသော ဘာသာရေးခေါင်းဆောင်အားလုံးတို့က သူတော်ကောင်း တရားတည်းဟူသော ရေစင်ဖြင့် စစ်မီးတောက်တွေကို ဝိုင်းဝန်းသွန်းလောင်း ငြှိမ်းသတ်ပေးကြပါလို့ တောင်းပန် လိုပါတယ်။

အာဏာမက်မောမှုကြောင့် စွန်းထင်းနေသော ကမ္ဘာကြီးရဲ့ အညစ်အကြေးတွေကိုလည်း စွန့်လွှတ်ခြင်း၊ လိုက်လျောခြင်းတို့ဖြင့် ဆေးကြောပေးကြဖို့ တောင်းပန် လိုပါတယ်။
အမှန်တရားမျက်နှာလွှဲမှုကြောင့် ဖြစ်ပေါ်နေသော ငြင်းခုံမှုတွေကိုလဲ သစ္စာတရား၊ သီလတရားတို့ဖြင့် ပြေ ငြိမ်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တောင်းပန် တိုက်တွန်းလိုပါတယ်။
မွန်မြတ်လှသော သစ္စာတရားသည် ဘာသာတ ရားအားလုံး၏ အနှစ်သာရဖြစ်ပါတယ်။ သစ္စာမဲ့သော ဒီကမ္ဘာအတွက် ဒီကနေ့သစ္စာတရားမှတစ်ပါး တခြား သင်ကြားပို့ချစရာ ဘာမှမရှိပါဘူး။ သစ္စာတရား ထွန်း ကားရေးမှာ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံး တာဝန်ရှိပါတယ်။ လူသားတိုင်းရဲ့ အတွင်းနှလုံးသားမှာ သစ္စာတရားဟာ ရှိနေပါတယ်။ ထုတ်ဖော်ကြပါ။

ဘာသာရေးခေါင်းဆောင်အပေါင်းတို့
ဒီကနေ့ ကမ္ဘာကြီးမှာ ညီညွတ်ရေး၊ အတူတကွ လက်တွဲနေထိုင်ရေး၊ ငြိမ်းချမ်းရေးတို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအချက်များဟာ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များကို အထူးစိန်ခေါ်နေသော အချက်များဖြစ်ကြပါတယ်။ ထိုစိန်ခေါ်မှုများနှင့် စိတ်ပူ ပန်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်မှုများကို လျော့ပါးအောင် ကျွန်ုပ်တို့ဘယ်လိုနည်းများဖြင့် လျော့ပါးသွားအောင် လုပ်ရမလဲဆိုတာ စဉ်းစားပြင်ဆင်ဖို့လိုနေပါပြီ။ ကျွန်ုပ် တို့ဘာသာရေးခေါင်းဆောင် အားလုံး ကျွန်ုပ်တို့ရဲ့ သက် ဆိုင်ရာဘာသာတရားများ သင်ကြားထားသော မွန်မြတ် သော ဘာသာရေးအဆုံးအမများဖြင့် လူသားတို့ရဲ့စိုး ရိမ်ပူပန်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ မလုံခြုံမှု၊ မငြိမ်းချမ်း မှုအားလုံး လျော့ပါးပျောက်ကွယ်သွားအောင် ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်မျှော်လင့် ပါတယ်။
ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်း အနှစ်သာရဆိုတာရှိပါတယ်။ ပူဇော်ခြင်း၊ ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ အခမ်းအနားကျင်းပခြင်းတို့ဟာ ဘာသာ တရားတို့ရဲ့ ပြင်ပအကာမျှသာဖြစ်ပါတယ်။ အဲဒီပြင်ပ အကာတွေက ကျွန်ုပ်တို့ရဲ့ ဘာသာတရားအချင်းချင်း ကွဲပြားခြင်းရဲ့ အကြောင်းရင်းတွေပါပဲ။ ဒါပေမဲ့ သီလ၊ သမာဓိ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ ကရုဏာဆိုတဲ့ သန့်ရှင်း သောစိတ်၊ ဖြူစင်သောအကျင့်နှင့် ဆင်းရဲသူဆင်းရဲသား၊ ဘေးဒုက္ခရောက်သူများအား ပေးကမ်းဝေငှခြင်း၊ ဒါန၊ စာဂ၊ သစ္စာ၊ သန္တိတရားတွေဟာ ဘာသာတရားတို့ရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ (Inner Core) အတွင်း အနှစ်သာရကို ဘာသာရေးခေါင်းဆောင် များအားလုံးက သက်ဆိုင်ရာလူသားအားလုံးကို သင်ကြား ပို့ချဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒီအနှစ်သာရဟာ ကျွန်ုပ်တို့အားလုံးရဲ့ Common Ground ဖြစ်ပါတယ်။

ဒီဘာသာရေးအနှစ်သာရတွေကို လူတိုင်းသိရှိ၊ လိုက်နာ နိုင်ကြလျှင် ပဋိပက္ခနှင့် အကြမ်းဖက်ခြင်းတို့ဟာ လျော့ ပါးသွားနိုင်တယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။ ဒါ ကြောင့် လူသားထုတစ်ရပ်လုံး သက်ဆိုင်ရာဘာသာ တရားများရဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာ ရပ်မနေဘဲ အတွင်းအနှစ်သာရရောက် အောင်၊ ထိအောင်၊ သိ အောင် သင်ယူကြဖို့နှင့် ကျင့်သုံးလိုက်နာကြရန် အလေး အနက်တိုက်တွန်းလိုပါတယ်။
မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ညှိနှိုင်း၍မရနိုင်သော မတူကွဲပြားသော အချက်တွေပေါ်မှာ စူးစိုက်ဆွေးနွေး ငြင်းခုံမနေဘဲ အားလုံးသဘောတူနိုင်သည့် အနှစ်သာရ အပိုင်းကို ဘုံလျှောက်တံတားအဖြစ် တည်ဆောက်ကြ ကာ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လက်တွဲလျှောက်လှမ်းကြ ပါစို့ဟု တိုက်တွန်းတောင်းဆိုလိုပါတယ်။

မြတ်ဗုဒ္ဓက မိန့်ကြားပါတယ်-
(က) ရန်ပြုသူကို ပြန်၍ရန်ပြုခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်၊
(ခ) ရန်ငြိုးဖွဲ့သူကို ပြန်၍ ရန်ငြိုးဖွဲ့ခြင်းဖြင့် ငြိမ်း ချမ်းရေး မရနိုင်၊
(ဂ) အကြမ်းဖက်သူကို ပြန်၍ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
(ဃ) မုန်းတီးသူကို ပြန်၍မုန်းတီးခြင်းဖြင့် အမုန်း ဇာတ် အဆုံးမသတ်နိုင်၊
(င) ဆဲရေးပုတ်ခတ်သူကို ဆဲရေးပုတ်ခတ်ကာ တုံ့ ပြန်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
(စ) လိမ်လည်လှည့်ဖြားသူကို မုသာဝါဒနဲ့ တုံ့ပြန် ခြင်းဖြင့် သစ္စာတရား မထွန်းကားနိုင်၊
ရန်ပြုလာသူ၊ ရန်ငြိုးဖွဲ့သူ၊ အကြမ်းဖက်သူ၊ မုန်းတီး သူ၊ ဆဲရေးသူ၊ ပုတ်ခတ်သူ၊ လိမ်လည်သူတို့ကို မေတ္တာ၊ ခန္တီ၊ သစ္စာ၊ သမာဓိ၊ ပညာတို့ဖြင့်သာ ငြိမ်းချမ်းစေရာ၏။
ဤသည်တို့ကား- သနန္တနဓမ္မ-ကမ္ဘာဦးတရား- Elernal Law ဖြစ်ပါတယ်။
ဤသည်တို့ကား- Buddhism မဟုတ်။ Hinduism လည်းမဟုတ်၊ Jainism လည်းမဟုတ်။ Judaism လည်းမဟုတ်။ Islamism လည်းမဟုတ်။ Sikhism လည်းမဟုတ်။ Christianism လည်းမဟုတ်။ တကယ် တော့ ဒီကျင့်စဉ်တွေဟာ Universal Humanism ဖြစ် ပါတယ်။ ဒါကို ''ဓမ္မ''လို့ဆိုရင်တော့ Dhamma is a Simple Truth ပါပဲ။ Truth ဆိုတာ ဘာသာတရားအား လုံး၏ အနှစ်သာရပါပဲ။
(က) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ Common Core (ဘုံဆိုင် အနှစ်သာရ)
(ခ) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ Common Goal (ဘုံဆိုင် ပန်းတိုင်)
(ဂ) သစ္စာတရားကို သိမြင်နားလည်ခြင်းသည်
ကျွန်ုပ်တို့၏ ''Common Solution to Common Problems"
(ဘုံဆိုင်ပြဿ နာ များအတွက် ဘုံဆိုင်အဖြေ)
(ဃ) အစွန်းမရောက်ခြင်းနှင့် အလယ်လမ်းက လျှောက်ခြင်းသည် ငါတို့၏ ဘုံလမ်းကြောင်း
''To avoid the extremism and aggressiveness and to follow the Middle Path are our Common Platform"
''သန္တိ၊ သစ္စာ ဤနှစ်ဖြာ၊ ဤကမ္ဘာမှာ ထွန်းတောက် ပါစေသား''

သီတဂူဆရာတော်
ဆိုးလ်မြို့၊ ကိုရီးယားနိုင်ငံ
ဘာသာတရားအားလုံးတို့၏ ဏနခေနှကာာငအယ
၂ဝ၁၄ စက်တင်ဘာလ-၁၈ရက်

Democracytoday
YMG


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10737
Related Posts Plugin for WordPress, Blogger...