စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သစ္စာရှိသော ယောင်္ကျားကောင်းဆိုတာ



ကမ္ဘာပေါ်မှာ ယောင်္ကျားအမျိုးမျိုးရှိပင်မဲ့ ယောင်္ကျားကောင်းဆိုတာ လက်တဆုပ်စာသာရှိပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ဘဝတစ်သက်တာ လက်တွဲနိုင်ရန်အတွက်ကိုသာ စဉ်းစားပြီး လက်တွဲကြတာပါ။

ဒါပင်မဲ့လည်း ယောင်္ကျားတွေထဲမှာ ဖောက်ပြန်တဲ့အတွက်ကြောင့် မိန်းကလေးတွေမှာ စိုးရိပ်စိတ်တွေ၊ ဝမ်းနည်းမှုတွေ၊ ပေးဆပ်ရတဲ့အရာတွေကြောင့် ယောင်္ကျားအချို့ကို ယုံကြည့်ဖို့ဆိုတာကိုက ခဲယဉ်းနေပြီ။ယောင်္ကျားတွေက နောင်မလုပ်တော့ပါဘူးလို့ ပြောလိုက်ပင်မဲ့လည်း ဒီစကားကို ယုံကြည်မဲ့ မိန်းကလေးဆိုတာ အနည်းအကျဉ်းသာရှိပါလိမ့်မယ်။ ဒီလိုယောင်္ကျားတွေက ထပ်ခါတလဲလဲ လုပ်ပြီးရင်းလုပ်တတ်ပါတယ်။ဒါတွေကြောင့် ဒီလိုအတွေ့အကြုံမျိုးရှိတဲ့ မိန်းကလေးမှာတော့ နောင်တစ်ယောက်ကို စဉ်းစားဖို့ရန် ဝန်လေးနေတော့မှာပါ။ ယောင်္ကျားကောင်းဆိုတာ ဘယ်လိုလဲ။

★ ကိုယ့်စိတ် အကြောင်းနားလည်သူ

မိန်းကလေးတွေဟာ စိတ်ပြောင်းမြန်ပြီး ကလေးထိန်းနေရသလဲပဲလို့ပြောကြပင်မဲ့၊ တကယ်တော့ ယောင်္ကျားတွေက ပိုပြီး စိတ်ခံစားမှုများပါတယ်။ မိန်းကလေးတွေဟာ ကိုယ့်ရဲ့ခံစားချက်ကို မိဘ၊သူငယ်ချင်းတွေနဲ့ ဝေမျှပြီး ရင်ဖွင့်လေ့ရှိတာကြောင့် ကိုယ်စိတ်ရဲ့ထွက်ပေါက်ကို နားလည်ပင်မဲ့ ယောင်္ကျားတွေမှာတော့ ငိုယိုပြီးပြောတော့လည်း ယောင်္ကျားမဟုတ်ဘူးလားလို့ဆို၊ မိန်းမဆန်လိုက်တာလို့ ပြောခံရနဲ့၊နောက်ဆုံးတော့ ရန်တွေဖြစ်ပြီး မဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်။ ယောင်္ကျားကောင်းတွေဆိုတာကတော့ ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို နားလည်ပြီး ဘယ်အချိန်မှာ ဘယ်လိုစိတ်ကိုထိန်းမလဲဆိုတာကို နားလည်နေသူဖြစ်ပါလိမ့်မယ်။

★ အခြေအနေကို စဉ်းစားသုံးသပ်နိုင်သူ

ယောင်္ကျားဆိုတာ လူ့လောကအစကတည်းက မိန်းကလေးကို ပိုင်ဆိုင်ချင်တဲ့စိတ်ဆန္ဒက အမြဲတမ်းရှိနေသူပါ။ အခွင့်အရေးတစ်ခုကြောင့် အခြေအနေတစ်ခုကြောင့် မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ရမယ်ဆိုရင် သူ့အနေနဲ့ သေသေချာချာ စဉ်းစားဆုံးဖြတ်တတ်လားဆိုတာကို ကြည့်သင့်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့မိသားစုဘဝလေး ပြိုပျက်သွားရင်လည်းမထူး၊ ဖြစ်ချင်ရဖြစ်ဆိုတဲ့ သူမဟုတ်သောသူ၊ ဆင်ခြင်တုံးတရားရှိသူကသာလျှင် ယောင်္ကျားကောင်းပါ။

★ အပျင်းဖြေ မတွဲသူ

မိန်းကလေးတစ်ယောက်ကို တကယ်လည်းမကြိုက်ပဲနဲ့ စိတ်အပန်းပြေဖို့ရန်သာ တွဲချင်သော ယောင်္ကျားတွေရှိတတ်ပါတယ်။ မိန်းကလေးဘက်မှာတော့ ကိုယ့်ကို ကြိုက်လားမသိဟု စိတ်ထဲခံစားရလို့သာလျှင် သွားလာကြပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ကို လှည့်စားခြင်းမရှိပဲ ရိုးရိုးသားသား ပေါင်းသင်းဆက်ဆံသူ၊ ကိုယ်ကတကယ်ကို မိန်းကလေးကို ကြိုက်လို့ ချစ်ရေးဆိုသောသူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။

★ ယုံကြည်မှုဆိုတဲ့ အဓိပ္ပာယ်ကို သိသောသူ

ယောင်္ကျားဆိုတာ ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံနိုင်သောသူများဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေသာမက ကိုယ့်ရဲ့ချစ်သူကိုလည်း ဒီထက်လေးလေးစားစား ဆက်ဆံတတ်သူများပါ။ ဖောက်ပြန်တယ်နေပြီဆိုရင်တော့ လိမ်နေတာနဲ့တူပါတယ်။ မိန်းကလေးရဲ့ ယုံကြည်မှုကို ချိုးဖဲ့ရုံသာမက လူကျင့်လူ့ဝတ်ကိုလည်း ချိုးဖောက်သောသူဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ယောင်္ကျားကောင်းဆိုတာ ဘယ်လိုဖြစ်မလဲ။

★ ကိုယ့်ရဲ့အရည်အချင်းကို နားလည်းသောသူ

ယောင်္ကျားကောင်းဆိုတာ ကိုယ့်ရဲ့ အရည်အချင်းကို နားလည်ထားသူဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းကောင်းတွေရှိနေတာကို သိနေပြီးတဲ့ ယောင်္ကျားဆိုတာ ကိုယ့်ရဲ့ချစ်သူ၊မိသားစုထက် သာမန် မိန်းကလေးကို ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်ဆိုတာကို နားလည်ပြီးသားပါ။

★ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို တန်ဖိုးထားသူ

ဘယ်မိန်းကလေးကို မဆို စိတ်ထိခိုက်အောင်မလုပ်သင့်ပါ။ ဒါဟာလဲ ယောင်္ကျားတစ်ယောက်ရဲ့တာဝန်ပဲလို့ထင်ပါတယ်။ ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကို အမြဲတမ်း စိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့ ခံစားချက်လေးရှိသူက ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုချစ်တဲ့ မိန်းကလေးက ကိုယ့်အနားမှာ မရှိတော့တဲ့အချိန်မှာ နောင်တ ရမဲ့အလုပ်ကို မလုပ်တာက ယောင်္ကျားကောင်းတစ်ယောက်ရဲ့ တာဝန်ဖြစ်ပါလိမ့်မယ်။

★ ဘဝရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို နားလည်သောသူ

ယောင်္ကျားဆိုတာ တစ်ခုပြီးတစ်ခုကို လိုချင်တဲ့အတွက်၊ စွန့်စားနေတတ်တဲ့ လူမျိုးပါ။ ကြိုးစားရင်းနဲ့ လမ်းပျောက်သွားတတ်တဲ့သူလဲရှိပါတယ်။ လမ်ပျောက်သွားသူဆိုတာ ဘယ်အရာက ဘဝမှာ အရေးကြီးဆုံးလဲဆိုတာကို နားမလည်တော့တဲ့အတွက်ပါ။ မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲ၊ သွားလာပျော်ပါးနေတာက ဘဝရဲ့အောင်မြင်မှုလား? မဟုတ်ပါ။ လွယ်လွယ်ပဲတွေးပါ။ ကိုယ့်ရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးသောသူသာလျှင် သူ့ဘဝအတွက် အလိုအပ်ဆုံးသောသူဆိုတာကို သိထားပြီးသောသူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။

★ လမ်းခွဲနိုင်သူ

အကယ်၍ ဖောက်ပြန်မိခဲ့သည်ရှိသော်လည်း၊ ဒီမိန်းကလေးနဲ့ ဆက်ပြီး လက်တွဲဖို့ရန် မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ချနိုင်သူဖြစ်ရမှာပါ။ ကိုယ့်ရဲ့ချစ်သူ၊ ဘဝလက်တွဲဖော်ကို တကယ် နားလည်ပြီး ချစ်သူဖြစ်ပါက ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သူ ဖြစ်သူသာလျှင်၊ အမှားကို ပြင်နိုင်သူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။

Chelmo Team

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...