စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥာဏ်စဉ်ကို ရှင်းနည်း .....



အချို့ပုဂ္ဂိုလ်မှာ ဘယ , အာဒီန၀ , နိဗ္ဗိဒါ , မုဉ္စိတုကမျတာဥာဏ်တို့ကို ကြာမြင့်စွာ မတွေ့ရခဲ့သောကြောင့် ထိုဥာဏ်တို့၌ မရှင်းဘဲ ရှိတတ်၏ ...

သို့ဖြစ်၍ ရှင်းလင်းစွာ သိလိုလျှင် ဥာဏ်အသီးသီးကို အချိန်ဖြင့် ပိုင်းခြား၍ ရှုမှတ်ပါလေ ...

ပုံကား -

္ကဤနာရီဝက်အတွင်း တစ်နာရီအတွင်း၌ အဖြစ်အပျက် ၂-ပါးလုံးကို ရှု့မည် ...

ဥဒယဗ္ဗယဥာဏ်ကိုသာ ဖြစ်စေရမည်ဟု ပိုင်းခြား၍ မှတ်နေလျှင် ထိုအချိန် နာရီအတွင်း၌ အထက်ဥာဏ်သို့ မတက်ဘဲ ဥဒယဗ္ဗယဥာဏ်သာ လျှင်ဖြစ် နေလတ္တံ ...

အချိန်စေ့သောအခါ၌ အပျက်ကိုသာ တွေ့မြင်လျက် သူ့အလိုလို ဘင်္ဂ ဥာဏ် ဖြစ်ပေါ်လာ လတ္တံ ...

အကယ်၍ ... သူ့အလိုလို မဖြစ်သေးပါမှု "အပျက်ကိုသာ ရှုမည် ၊ ဘင်္ဂ ဥာဏ် ကိုသာ ဖြစ်စေမည်"ဟု အချိန် နာရီဖြင့် ပိုင်းခြား၍ မှတ်နေလျှင် အပျက်ကိုသာ သိလျက် ဘင်္ဂဥာဏ် ဖြစ်ပေါ်နေလတ္တံ ... အချိန်စေ့သော အခါ နောက်ဥာဏ်သို့ သူ့အလိုလို တက်လတ္တံ ... နောက်၌လည်း နည်းတူပင်တည်းးး

သူ့အလိုလို မတက်ပါမူ ထိုဥာဏ်၌ အားရသောအခါမှာ "ကြောက်ဖွယ်ဘေး ကို မြင်လျက် ဘယဥာဏ် ဖြစ်ပါစေ"ဟု စိတ်ညွှတ်လိုက်လျှင် ကြောက်ဖွယ် ထင်လျက် ဘယဥာဏ် ဖြစ်ပေါ်လတ္တံ ...

ထိုဥာဏ်၌ အားရပြန်လျှင် "အပြစ်ကို မြင်လျက် အာဒီန၀ဥာဏ် ဖြစ်ပါစေ" ဟုစိတ်ကို ညွှတ်လိုက်ပါ ...

မှတ်တိုင်း မှတ်တိုင်း အပြစ်မြင်လျက် အာဒီန၀ဥာဏ် ဖြစ်ပါလိမ့်မည် ...

ထိုဥာဏ်ကို အားရပြန်လျှင် "ငြီးငွေ့လျက် ရှုမြင်သော နိဗ္ဗိဒါဥာဏ် ဖြစ် ပါစေ"

ထိုဥာဏ်၌ အားရပြန်လျှင် "သင်္ခါရတို့မှ လွတ်လိုသောမုဉ္စိတုကမျတာ ဥာဏ် ဖြစ်ပါစေ" ဟု ဆင်ခြင်လိုက်ပါ ...။

သင်္ခါရတို့မှ လွတ်မြောက်လိုလျက် သင်္ခါရတို့ကို စွန့်လွှတ်လိုလျက် မုဉ္စိတု ကမျတာဥာဏ်သည် မှတ်ချက်တိုင်း၌ ဖြစ်ပေါ်လာပါလိမ့်မည် ...။

အားရသောအခါမှာ အထက်ဥာဏ်သို့ တက်ရန် စိတ်ညွှတ်လိုက်ပါ ... မခံနိုင်သောဝေဒနာ ထင်ရှားခြင်း ...ဣရိယာပုတ် ပြင်လိုခြင်း ... အားမရခြင်းတို့နှင့်တကွ ပဋိသင်္ခါဥာဏ် ဖြစ်ပေါ်ပါလိမ့်မည် .....။

ထိုဥာဏ်၌ အားရပြန်လျှင် အကောင်းဆုံးသိမှု သင်္ခါရုပေက္ခာဥာဏ်သို့ တက်ရန် စိတ်ညွှတ်လိုက်ပါ ... သူ့အရှိန်နှင့်သူ အလိုလိုပင် သိလျက် သိလျက် အလွန် သိမ်မွေ့စွာ သင်္ခါရုပေက္ခာဥာဏ် ဖြစ်ပေါ်ပါလိမ့်မည် ...။

ဤနည်းဖြင့် ပိုင်းခြား၍ ပိုင်းခြား၍ မှတ်နေလျှင် ပိုင်းခြားထားသော ထိုကာလ အတွင်း၌ ဖြစ်စေလိုသော ဥာဏ်သာလျှင် ဖြစ်ပေါ်နေသည်ကို လည်ကောင်း ...

ထိုထိုဥာဏ်၌ အားရ၍ အထက်ဥာဏ်ကို ဖြစ်စေလိုတဲ့ အခါ အချိန်စေ့သော အခါကျမှ မှတ်သိမှုသည် အထက်ဥာဏ်အဖြစ်သို့ ဒီဂရီအိမ်မြှောင်ကဲ့သို့ ကူးပြောင်း ကူးပြောင်းသွားသည်ကို လည်ကောင်း ...

ရှင်းလင်းစွာ တွေ့ရပါလတ္တံ .....

တစ်ကြိမ်မျှဖြင့် မရှင်းသေးလျှင် အကြိမ်ကြိမ် အားထုတ်ကြည့်ပါလေ ...

္ကဤသို့ မပိုင်းခြားဘဲ ရှုမှတ်နေလျှင်ကား ထက်သန်သော ပုဂ္ဂိုလ်မှာ မကြာမီ တစ်ခဏအတွင်း လေး ငါး ဆယ် မှတ် အတွင်းမှာသော်လည်း သင်္ခါရုပေက္ခာဥာဏ်သို့သာလျှင် ရောက်သွားတတ်သည် ...

ဖိုလ်သို့လည်း ခဏခဏ ရောက်သွားတတ်သည် ... နိုင်နင်းသောသူမှာ သွားနေရင်း စားသောက်နေရင်းသော်လည်း ဖိုလ်သို့ ရောက်သွား တတ် သေး၏ .....။

(မဟာစည်ဆရာတော်ဘုရားကြီး)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ 


https://www.facebook.com/photo.php?fbid=450519641712539&set=a.3510477149930

ကြက်ဥ ဘဲဥ ၏ ကျန်းမာရေး နှင့် အဟာရ


ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥ တွေကို အသင့်အတင့်စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ် -

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင် လို့ပါ။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါ ပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။
ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှု တွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သား ကင်ဆာဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေ တာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။
ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကို အားကောင်းစေပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန်များနေသူ တွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနားပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


 
http://www.futuresky-es/blog/show?id=6375524%3ABlogPost%3A305909

အင်တာနက် အသုံးပြုခြင်းကစိတ်ကျခြင်းကို သက်သာစေနိုင်



စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။


လေ့လာမှုခေါင်းဆောင် Dr.Judi Clements က"၁၉၅၀ပြည့် နှစ်များ မှာတော့ စိတ်ဖိစိးမှုနဲ့ စိတ်ကျ ဝေဒနာကို ခံစားနေရသူတွေဟာ တယ်လီဖုန်းကို အသုံးပြုခြင်း၊ သူငယ်ချင်း မိတ်ဆွေများထံ လည် ပတ်ခြင်းတွေကသာ ကုစားနိုင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်အလွန်မှာတော့ လူထုဟာ ဖုန်းခေါ်ဆိုခြင်း၊ လည်ပတ် ခြင်းတွေထက်စာရင် အင်တာနက်မှ တစ်ဆင့် လူမှုကွန်ယက်တွေ အသုံး ပြုကာ မိတ်ဆွေတွေနဲ့ စကားပြောခြင်း အားဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင် နိုင်လာကြတယ်"လို့ ပြောကြားထားပါ တယ်။


စိတ်ကျသူတွေဟာ သူငယ်ချင်း ကိုဖြစ်စေ၊ ကိုယ်မသိသေးတဲ့ သူစိမ်း တစ်ယောက်ကို မိတ်ဆွေဖွဲ့စကားပြော ရမှာ စိတ်သက်တောင့်သက်သာနဲ့ ရှက်နေစရာမလိုဘဲ စကားပြောနိုင်တဲ့ အတွက် စိတ်ဖိစီးမှု၊ စိတ်ကျဝေဒနာ တွေကို ရာခိုင်နှုန်းအတော်များများ သက်သာစေနိုင်ပါတယ်။ ရလဒ်များ အရတော့ လူမှုကွန်ယက် facebook ကို အသုံးပြုသူတွေဟာ စိတ်ဖိစီးမှု လျော့ပါးနိုင်ပြီး စိတ်ကျခြင်းတွေ ကိုလည်း ကွန်မန့်များရေးသားခြင်း၊ Status များ၊ ခံစားချက်စာသားများ ရေးသားမျှဝေခြင်းအားဖြင့် လျော့ပါး နိုင်ကြောင်း Dr.Judi Clements က ပြောကြားထားပါတယ်။


 ဒါ့အပြင် စိတ်ထဲမှာခံစားနေရတာကို သူငယ်ချင်း တွေ သိရှိအောင်ပြောပြနိုင်တဲ့
အတွက် အကူအညီများစွာလည်း ရရှိနိုင်ကြောင်း၊ သူစိမ်းတစ်ယောက် ကိုပြောပြတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ပေမယ့် ယုံကြည် ရတဲ့ သူငယ်ချင်းတွေထံကနေ အင်တာ နက်ကို အသုံးပြုပြီး တိုင်ပင်တာဟာ လေ့ကျင့်ခန်းလုပ်တာ ထက်စာရင် စိတ်ကျခြင်းကို ပိုမိုလျော့ပါးစေနိုင် တယ်လို့ အခု လေ့လာမှုမှာ ဖော်ပြ ထားပါတယ်။ 


ငြိမ်းအေး
ref:ANI

https://www.facebook.com/photo.php?fbid=450303941734109&set=a.3510477149930

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း


Wednesday, July 31, 2013

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။

ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။

ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို

ရိုးရာလေး


https://www.facebook.com/photo.php?fbid=450350388396131&set=a.351047714993066

မှတ်ဥာဏ်ပိုကောင်းစေတဲ့ အသားနဲ့အသည်း


Wednesday, 31 July 2013

ကာလကြာရှည် သိုလှောင်ထား နိုင်တဲ့ မှတ်ဥာဏ် (long-term memory)
ဆိုတာ အသက်အရွယ်မရွေး လူသားတိုင်းအတွက် အရေးပါလှပါတယ်။

အဲဒီမှတ်ဥာဏ်ချို့ယွင်းသွား တဲ့သူဟာ ရှင်လျက်သေနေတာနဲ့ အတူတူပါပဲ။
လေ့လာမှုတစ်ခုမှာတော့ long-term memory ကို တိုးပွားရင့် သန်စေမယ့် အစားအစာတွေကို သုတေသနပြုထားနိုင်ပါတယ်။ ဒါက တော့ အမဲသား၊ တိရစ္ဆာန်တွေကရတဲ့ အသည်းတွေပဲဖြစ်ပါတယ်။

လေ့လာမှုကို စပိန်နိုင်ငံက Granada တက္ကသိုလ်၊ ဗင်နီဇွဲလား နိုင်ငံ SimonBolivar က တက္ကသိုလ်နဲ့ အင်္ဂလန်နိုင်ငံက York တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ဖော်ပြထား တဲ့ အသားနဲ့အသည်းမှာ ပါဝင်တဲ့ ကိုလင်းဆိုတဲ့ ဗီတာမင်ဘီအုပ်စုဝင် ကြောင့်ပဲ ဖြစ်တယ်ဆိုတာ သက်သေပြ
နိုင်ခဲ့ပါတယ်။

ကိုလင်း(choline) ဓာတ်ဟာ အာရုံစူးစိုက်နိုင်မှု၊ လေ့လာ နိုင်စွမ်းတွေကို အထူးကောင်းမွန်စေ တာ ဖြစ်ပါတယ်။သုတေသီများက ဖော်ထုတ်နိုင်ခဲ့တာ
ကတော့ ဘီတာမင် ဘီအုပ်စုဝင် ကိုလင်းကို ကိုယ်ဝန် ဆောင်ကာလ
နောက်ဆုံးသုံးလမှာ ကျွေးထားမယ်ဆိုရင် မွေးလာတဲ့က လေးငယ်တွေမှာ မှတ်ဥာဏ်ကောင်းမွန်တယ်ဆိုတာပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ကိုယ်ဝန်ဆောင် အယောက်၃၀ကို ရွေးချယ်ခဲ့ပြီး ကိုလင်းဓာတ်များတဲ့ အစားအစာ၊ ပုံမှန်အစားအစာနဲ့ ကိုလင်းမပါဝင်တဲ့ အစားအစာတွေကို အုပ်စုခွဲခြား ကျွေးမွေးခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေအားလုံးထံကနေ
သွေး နမူနာတွေ ရယူခဲ့တဲ့အပြင် မွေးဖွားလာတဲ့ ကလေးငယ်တွေကိုလည်း ဥာဏ်ရည်ဖွံဖြိုးမှု ကိန်းညွှန်းနဲ့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သုတေသီတွေက ကိုယ်ဝန် ဆောင်ကာလမှာ ကိုလင်းပါဝင်တဲ့ အမဲသား၊ အသည်းစတာတွေကို စား သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့ ကလေးငယ်တွေသာလျှင် မြင့်မားတဲ့ long-term memory ကို ပိုင်ဆိုင် တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အခုလေ့လာမှုကို Journal of Nutritional Neuroscience မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ငြိမ်းအေး
ref:ANI
Health Updates Journal

https://www.facebook.com/photo.php?fbid=450332725064564&set=a.3510477149930

ကျန်းမာရေး၊ မြို့ပြများ သန့်ရှင်း လှပမှုနှင့် ကွမ်းယာ အန္တရာယ်



=================================

ကွမ်းယာသည် လူသားတို့ အသက်ရှင် ရပ်တည်ရေး အတွက် မဖြစ်မနေ စားသုံးရမည့် အစားအစာများ ထဲတွင် မပါဝင်သလို သရေစာအဖြစ် အဆာပြေ စားရသော အရာလည်း မဟုတ်ပါ။ သို့သော်လည်း ယခုအခါ၌ မြန်မာနိုင်ငံတွင် ကွမ်းယာ စားသုံးခြင်းသည် ကူးစက်ရောဂါ တစ်မျိုးကဲ့သို့ လျင်မြန်စွာ ပြန့်ပွား လာနေသည်ကို တွေ့ရှိ နေရပါသည်။

ကွမ်းယာနှင့် ပတ်သက်၍ ရာဇဝင်မှ မအိုဇာနှင့် ကွမ်းတစ်ယာ ရေတစ်မှုတ် ဇာတ်လမ်း၊ ပုဂံခေတ် သီဟသူမင်းနှင့် အမတ်ကြီး ရာဇသင်္ကြန်တို့၏ ရန်ငြိုးဇာတ်လမ်းနှင့် ရခိုင်ဘုရင် မင်းထီး၏ လက်ညှိုးဖြတ်သော ဇာတ်လမ်းတို့က မြန်မာလူမျိုးတို့ ကွမ်းယာ စားခဲ့ကြသည်မှာ နှစ်ပေါင်းအားဖြင့် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဆိုသည်ကို ဖော်ပြနေပါသည်။

ထို့ပြင် ရှေးခေတ် စာဆိုတော် လူဦးမင်း၏ ''တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီး တောင်ငူနဲ့ ကိုင်းထုံး ဖြူပြည်ရှား၊ သာဝါးလို့ထွေး''ဟူသော စာချိုးနှင့် ဖိုးသူတော် ဦးမင်း၏ ''ကွမ်းရွက်ကယ် ညှာကြွေ၊ ရေစိမ်တဲ့ဆေး၊ သန်းခေါက်လှိုင်လှိုင်နဲ့ ချိန်လိုက်မယ် ထုံးဖြူခြောက်ကယ်၊ အာပေါက်မှထွေး''ဟူသော စာချိုးတို့ကလည်း မြန်မာလူမျိုးတို့ ကွမ်းယာစားသော အလေ့အထ ပြုလုပ်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဆိုသည်ကို သက်သေပြနေ ပါသည်။

ကွမ်းယာစားခြင်း အလေ့အထကို အနောက် နိုင်ငံသားများတွင် မတွေ့ရပါ။ မြန်မာနိုင်ငံ အပါအဝင် အာရှ နိုင်ငံအချို့တွင်သာ တွေ့ရပါသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ အဆိုအရ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ကွမ်းယာ စားသုံးမှု နှုန်းထား အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရပါသည်။ ယခုအခါ မိမိတို့မြန်မာ နိုင်ငံ၌ ကွမ်းယာစားခြင်းကို ကျေးလက် တောရွာများနှင့် မြို့ကြီး ပြကြီးများပါ မကျန် နေရာဒေသ အနှံ့အပြားတွင် ကျောင်းသားအချို့၊ ဝန်ထမ်းအချို့ အပါအဝင် ယာဉ်မောင်း သူများနှင့် ယာဉ်နောက်လိုက်များ၊ ကာယ လုပ်သားကြီးများ ပါမကျန် အသက်အရွယ် မရွေး၊ အမျိုးသား၊ အမျိုးသမီး မရွေးတို့တွင် အလေ့အကျင့် တစ်ခုအဖြစ် တွေ့မြင်နေရပါ သည်။

အချို့သော လူငယ်များ ကွမ်းယာ စားကြခြင်းမှာ လူငယ် သဘာဝ တစ်ခါတစ်ရံတွင် အပေါင်းအသင်းများ ကောင်းမှုဖြင့် အရက်ကလေး ဘာလေး သောက်မိပြီးနောက် အိမ် အပြန်တွင် လူကြီးများ ဆူပူခံရမည်ကို စိုးရိမ်သဖြင့် အရက်နံ့ ပျောက်စေရန် ကွမ်းယာဝါးပြီး မှ ပြန်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ ဤကဲ့သို့ တစ်ခါတစ်ရံပေါင်း များစွာဖြစ် လာသောအခါ အဆိုပါ လူငယ်များသည် အရက်လည်းစွဲ၊ ကွမ်းလည်းစွဲသည့် အဖြစ်များသို့ ရောက်ရှိ သွားတတ်ကြ သည်ကိုလည်း တွေ့မြင်ကြားသိ နေရပါသည်။ ကွမ်းယာထဲတွင် ပါဝင်သော ထုံးများကြောင့် သွားအပေါ်ယံလွှာများ ကြွေခြင်း၊ ပါးခြင်း၊ သွားဖုံးများ ရောင်ရမ်းခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းတို့ကို ဖြစ်စေပြီး သွားများနှင့် ပါးစပ်အလှကို ပျက်စီးစေပါသည်။ ထုံးပေါက်ခြင်းမှ အစပြုကာ ခံတွင်း ကင်ဆာအထိ ဖြစ်စေ နိုင်ပါသည်။ ထို့ပြင် ဆီးပြွန်၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင်း များတွင် ကျောက်တည်သော
ရောဂါလည်း ဖြစ်စေနိုင်ပါသည်။
 
ဆေးရွက်ကြီး ပါသော ကွမ်းယာကို ဝါး၍ ကွမ်းဖတ်များကို ပါးစောင်တွင် အချိန်ကြာမြင့်စွာ ငုံထားခြင်း၊ မြုံ့နေပြီး စားခြင်းများသည် ခံတွင်း အမြှေးပါးများ၏ ဇီဝဖြစ်စဉ်ကို ပြောင်းလဲလွယ်ပြီး မျက်နှာပြင် ထူလာခြင်း၊ ကြမ်းလာခြင်း၊ အဖြူကွက်၊ အနီကွက်၊ မီးခိုးရောင် အကွက်များ ပေါ်လာခြင်း စသည့် ခံတွင်းအကြို ကင်ဆာအနာများ (Precancerous Lesions)  ဖြစ်စေတတ်ပါသည်။ အလွန်ပင် အန္တရာယ် ကြီးမား ပါသည်။

အချို့သူများ ယူဆ ပြောဆိုနေကြသလို ကွမ်းစားခြင်းကြောင့် သွားများကို ခိုင်မာစေသည် ဆိုသည်မှာ လုံးဝမမှန် ပါ။ ပါးစပ်ထဲ၌ ကွမ်းဝါးနေသမျှ ကာလပတ်လုံး သွားများသည် အချိန်ပြည့် ကြိတ်ဝါးနေရသဖြင့် သွားများ၏ ကြံ့ခိုင်မှုကို လျော့နည်း စေပါသည်။ ကျောက်ကပ်သည်လည်း အချိန်ပြည့် အလုပ်လုပ် နေရသဖြင့် အနားမရပါ။ ထို့ပြင် ကွမ်းစား သူ အများစုသည် အသက်ငယ်ငယ်နှင့် ရုပ်ရင့် ကြသည်ကိုလည်း တွေ့ရပါသည်။ စာရေးသူတို့ ငယ်စဉ်က ''ကလေးများ ကွမ်းယာစားလျှင် လျှာထူတတ်သဖြင့် အင်္ဂလိပ်စာ သင်ရာတွင် အခက်အခဲ ဖြစ်နိုင်၍ ကွမ်းယာ မစားကြနှင့်''ဟု လူကြီးများမှ ပြောဆိုခဲ့ကြသည်ကိုလည်း ကြားခဲ့ရဖူးပါသည်။

ကွမ်းယာ စားခြင်းကြောင့် စားသုံးသူ တစ်ဦးတစ်ယောက် တည်းကိုသာ ဆိုးကျိုးများ ဖြစ်စေနိုင်သည် မဟုတ်ပါ။ ကွမ်းယာစားပြီး မဆင်မခြင် ထွေးသော ကွမ်းသွေးများကြောင့် မြို့ပြများ၏ ပတ်ဝန်းကျင် အလှအပကိုလည်း များစွာ ထိခိုက် စေပါသည်။

ယခုအခါ၌ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီးအား ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး သာယာ လှပသော နိုင်ငံတော် သစ်ကြီး အဖြစ် ကြိုးပမ်း တည်ဆောက်နေချိန်တွင် ကွမ်းသွေးများကို စည်းကမ်းမဲ့ ထွေးနေခြင်းများက မြို့ရွာများမှ လမ်းများ၊ တံတားများ၊ အဆောက်အအုံများ၏ အလှအပကို ထိခိုက် စေပါသည်။ ရန်ကုန် မြို့တော်ကြီးတွင်လည်း စည်းကမ်းမဲ့ ကွမ်းသွေးများကြောင့် မြို့တော်အလှကို ပျက်စီးမှေးမှိန် စေသဖြင့် လွန်ခဲ့သော နှစ်ကာလများက ရန်ကုန်မြို့လယ်မှ မြို့နယ် အချို့တို့တွင် ကွမ်းယာ မရောင်းရဟု သတ်မှတ် ခဲ့ဖူးပါ သည်။ ထို့အတွက်ကြောင့် မြို့လယ်ရှိ လမ်းများ၊ ပလက်ဖောင်းများ ပေါ်တွင်  ကွမ်းသွေးကွက်များ နည်းသည်ဆိုရုံ နည်းသွား ခဲ့ဖူးသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ယခုအခါတွင် ကွမ်းယာ စားသုံးသူများ ပိုမို တိုးပွားလာနေပြီး လမ်းများတွင် ကွမ်းသွေးကွက်များ၊ ကားပေါ်မှ လမ်းမပေါ်သို့ ကွမ်းသွေးထွေး ချ နေခြင်းများက မြို့ရွာအနှံ့၊ နေရာအနှံ့ တွေ့နေရဆဲပါ။

ထိုစဉ်အခါက ကွမ်းယာ မရောင်းရဟု သတ်မှတ် ထားသဖြင့် ကွမ်းယာဗန်းများ လွယ်ပြီး လှည့်လည် ရောင်းချခြင်းများ ပျောက်ကွယ် ခဲ့သော်လည်း အသင့် ယာထားသော ကွမ်းယာများကို ပလတ်စတစ်အိတ် အတွင်းထည့်၍ ရောင်းချခြင်းများ ရှိခဲ့သည်ကို သတိပြုမိပါသည်။ သို့သော်လည်း ယခုအခါ၌ တစ်နိုင်ငံလုံးတွင် ကွမ်းယာ စားသုံးသူ ဦးရေ သိသိသာသာ တိုးတက်လာမှုကြောင့် ကွမ်းယာဆိုင် မရှိသည့် လမ်းဟူ၍ မရှိသလောက်ပင်။ ကွမ်းယာဆိုင်များက လက်ညှိုးထိုး မလွဲ ပေါများ လာနေပါသည်။ အချို့သော ကားမှတ်တိုင်များတွင် ကွမ်းယာဆိုင်များက သူတို့ကိုယ်ပိုင် နေရာများ အလား အချိန်ပြည့် နေရာယူ ထားကြသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ် ရာ တွေ့မြင် နေရပါသည်။

ထို့အတူ ရုံးများတွင်လည်း  ''ကွမ်းမစားရ'' ''ကွမ်းသွေးမထွေးရ'' ဟူသော စာတန်းများ ရေးထားကြသော်လည်း ရုံးများအတွင်း ကွမ်းစား သူများ ရှိနေဆဲဖြစ်သလို ကွမ်းသွေးကွက်များ ကလည်း ပျောက်ကွယ် မသွားကြသေးပါ။ အချို့သောရုံးများတွင် ''ကွမ်းစား၍ မဝင်ရ''ဟု ရေးသားထား သည်ကိုပင် တွေ့ရဖူးပါသည်။ သို့သော်လည်း စားသူတွေကတော့ စားနေကြဆဲပါ။ မိမိ ကြိုက်နှစ်သက် သောကြောင့် ကွမ်းစားသည်ကို မည်သို့မျှ မဝေဖန်လိုသော်လည်း ကွမ်းသွေးများကို စည်းကမ်းမဲ့ ထွေးနေကြခြင်းများကိုတော့   ရှောင်ကြဉ်သင့်ပါသည်။ စည်းကမ်း ရှိသင့်ပါသည်။

နေပြည်တော်နှင့် ရန်ကုန် အပါအဝင် မြို့ကြီးပြကြီးများ၏ အချို့သော နေရာများရှိ အလှအပ မွမ်းမံ ခြယ်သထားသော အဆောက်အအုံများ၏ နံရံများ၊ နက်ပြောင် ချောမွတ်နေ သော ကတ္တရာ လမ်းမများ၊ ဖြူစင် ညီညာနေသော ကွန်ကရစ်လမ်းများ၊ ပလက်ဖောင်းများနှင့် လူမြင်ကွင်း နေရာများတွင် စည်းကမ်းမဲ့စွာ ထွေးထားသော ကွမ်းသွေးကွက်များကို တွေ့မြင်နေရဆဲ ဖြစ်သဖြင့် စည်းကမ်းရှိမှု၊ စည်းကမ်းလိုက် နာမှုအပိုင်းတွင် များစွာ အားနည်းနေသေးသည်ဟု ဆိုနိုင် ပါသည်။ သို့အတွက် ပညာပေးမှု များစွာ ပြုလုပ်ရန် လိုအပ် နေသေးသည် ဟုလည်း ဆိုရမည်ဖြစ်ပါသည်။

ယနေ့ခေတ် အခါ၌ နိုင်ငံတော်သည် ပြည်ပနိုင်ငံများ နှင့် ဆက်သွယ်မှု တိုးတက်လာသဖြင့် မြန်မာနိုင်ငံ အတွင်း နေရာဒေသ အနှံ့အပြားသို့ နိုင်ငံခြားသားများ ပိုမိုလာရောက် လျက်ရှိနေပါသည်။ မကြာမီ ကျင်းပတော့မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင်လည်း ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်များ အများအပြား ရောက်ရှိလာကြမည် ဖြစ်ပါသည်။  ထိုအခါ  လမ်းများ၊ တံတားများ၊ ပလက်ဖောင်းများ အဆောက်အအုံ နံရံများ စသည်တို့ အပေါ်တွင် စည်းကမ်းမဲ့စွာ ထွေးထားကြသော ကွမ်းသွေးကွက် များကို နိုင်ငံခြားသားများ တွေ့မြင် သွားပါက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ အပေါ် အထင်သေး သွားစေနိုင်ပါသည်။

သို့ပါ၍ ကွမ်းယာ စားသူများ သိသာစေရန် အတွက် ''သင်၏ ကွမ်းသွေးကြောင့် မြို့ရွာများ၏ အလှအပကို မပျက်စီးပါစေနှင့်''၊ ''သင်၏ ကွမ်းသွေးကြောင့် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို မထိခိုက် ပါစေနှင့်''ဟူသော ပညာပေး ဆိုင်းဘုတ်များ ရေးသား စိုက်ထူကာ နှိုးဆော် ပညာပေး သင့်ပါသည်။

မိမိတို့ နိုင်ငံတွင်လည်း ကွမ်းယာစားခြင်းမှ ပေးသော အန္တရာယ်များ အကြောင်း ကျန်းမာရေး ပညာပေးမှုများကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ပြီး လိုက်နာရန် စည်းကမ်းများ သတ်မှတ်၍ မလိုက်နာပါက ထိထိရောက်ရောက် အရေးယူမှု များကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ကြမည် ဆိုပါက ပြည်သူလူထု အတွင်း ကျန်းမာရေး ဆိုင်ရာ အသိတရားများ ရရှိလာပြီး စည်းကမ်းလိုက်နာ လုပ်ဆောင်လာကာ ကွမ်းစားသူ ဦးရေ သိသိသာသာ လျော့နည်း သွားနိုင်ပါသည်။ ကွမ်းစားသူ ဦးရေ လျော့နည်းသွားပါက ကွမ်းယာဆိုင်များလည်း လျော့နည်းသွားမည် ဖြစ်ပါသည်။

ကွမ်းစားသူဦးရေ လျော့နည်း သွားခြင်းကြောင့် ကွမ်းစားခြင်းမှ ပေးသော ကျန်းမာရေး ပြဿနာများ လျော့နည်း သွားမည်ဖြစ်သလို စည်းကမ်းမဲ့ ကွမ်းသွေး ပြဿနာများလည်း လျော့နည်းသွားကာ မြို့ရွာ အလှအပ နေရာများ၊ လမ်းများ၊ တံတားများ၌ ကွမ်းသွေးများကြောင့်  ဖြစ်ပေါ်နေရသော အရုပ်ဆိုး အကျည်းတန် နေရမှုများသည်လည်းပျောက်ကွယ်သွားမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။   ။

http://www.myawady.com.mm/library/stories/storiesforall/item/20862-2013-07-29-15-56-25

သစ်တော ပြုန်းတီးခြင်းနှင့် မိုးခေါင်ရေရှား အန္တရာယ်




ယခုတလော မီဒီယာတချို့တွင် လွန်ဆွဲပွဲ ကျင်းပသည့် သတင်းများ မကြာမကြာ တွေ့မြင် နေရသည်။ လွန်ဆွဲခြင်း ဆိုသည်မှာ လွန်ဆွဲလျှင် မိုးရွာသည် ဟူသော အယူအဆကြောင့်ပင် ဖြစ်ရာ ဒေသ အချို့တွင် မိုးခေါင် ရေရှားမှုများ ကြုံတွေ့နေကြကြောင်း ပေါ်လွင် လှပေသည်။ ထိုသို့ မိုးခေါင် ရေရှားခြင်းသည် အခြား သော သဘာဝ ဘေးဒဏ်များ ဖြစ်သည့် မုန်တိုင်း တိုက်ခြင်း၊ မိုး သည်းထန်ခြင်းနှင့် အပူချိန် လွန်ကဲခြင်းတို့ ကဲ့သို့ပင် ရာသီဥတု ဖောက်ပြန်ခြင်း တစ်မျိုးပင် ဖြစ်သည်။ 


လက်ရှိ ရောက်ရှိနေသော ကာလသည် ရှေးလူကြီး သူမများ လက်ထက် ခေတ်အဆက်ဆက် ကတည်းက ''ဝါဆို ဝါခေါင် ရေဖောင်ဖောင်'' ဟု ညွှန်းဆို ရလောက်အောင်ပင် ရေဓာတ် ကြွယ်ဝသော မိုးလ အခါတော် ဖြစ်သည်။ မိုးလရာသီ ဖြစ်သော်လည်း ဒေသအချို့တွင် မိုးရွာရန် ဝေးစွ၊ ရှိပြီး သား မြစ်၊ ချောင်း၊ ရေတွင်းများပင် ရေခန်းခြောက်မှု ကြုံတွေ့ နေရပေသည်။ သို့ဖြစ်ရာ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း တချို့တင်ပြ လိုသည်။

ဒေသ တစ်ခုတွင် မြေပေါ်ရေနှင့် မြေအောက်ရေတို့ ထောက်ပံ့ ပေးနိုင်မှု လျော့နည်းလာသည့် ကာလသည် မိုးခေါင် ရေရှားခြင်း ဖြစ်သည်။ မိုးရေချိန်သည် လေထုထဲရှိ ရေငွေ့ ပါဝင်မှုနှင့် ဆက်စပ်လျက်ရှိရာ မိုးခေါင် ရေရှားခြင်း သည် မိုးရေချိန် လျော့နည်း၍ပင် ဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံတွင် မိုးရေချိန် လျော့နည်း ရခြင်း၏ အဓိက အကြောင်းအ ရင်းမှာ သစ်တော ပြုန်းတီးမှုများ ဖြစ်ပြီး မြေဆီလွှာ တိုက်စားခံရကာ ရေကို ထိန်းသိမ်း ထားနိုင်စွမ်း လျော့ကျ လာခြင်းပင် ဖြစ်သည်။ 


မိုးခေါင် ရေရှားလျှင် တိရစ္ဆာန်များ နေထိုင် ကျက်စားရာ ပျက်စီးခြင်း၊ လေနှင့်ရေ အရည်အသွေး ကျဆင်းခြင်း၊ မီးလောင်နိုင်ခြေ မြင့်တက်ခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ မြစ်ချောင်း များ ရေ လျော့နည်း၍ ဆားငန်နှုန်း မြင့်တက်ခြင်း၊ အပင် ရောဂါများ၊ လေတိုက်နှုန်းများ မြင့်တက်ခြင်းနှင့် အင်းဆက်ပိုးမွှား ကျရောက်ခြင်းတို့ တိုးတက်မြင့်မားစွာ ဖြစ်ပေါ်စေသည်။ ထိုသို့ ကြုံလာလျှင် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ဒေသခံများတွင် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများ၌ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိုးခေါင် ရေရှားခြင်း မကြုံရလေအောင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြရပေမည်။

သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် အတွက် အစိမ်းရောင် စီးပွားရေး စိုက်ခင်းများ ထူထောင်ခြင်း၊ ရာသီပေါ် သီးနှံနှင့် နှစ်ရှည်ပင်များ ရောနှော စိုက်ပျိုးခြင်း၊ ရှိပြီးသား သစ်ပင်များကို ပြုစုစောင့်ရှောက်ကြခြင်း၊ ဒီရေတော များ ပြန်လည် ထူထောင်ခြင်း၊ ရေဝေရေလဲ ဒေသများနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းခြင်း တို့ကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာများရှိ ရပ်မိရပ်ဖများက မိုးဦးရာသီတွင် ပျိုးပင်များ ပေး၍ အစီအစဉ်များ ချမှတ်ကာ အကောင် အထည် ဖော်ခြင်းနှင့် ဇီဝနည်းပညာ ပြန့်ပွားရေး ဆိုင်ရာ ဟောပြောခြင်းများ ပြုလုပ်ရပေမည်။ 

ထို့ပြင် သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူ သုံးစွဲမှု မရှိစေရန် တောင်ယာလုပ်ခြင်း၊ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ခြင်း များကိုလည်း တာဝန်ရှိသူတို့က ကြပ်မတ် ကြရပေမည်။ သစ်ပင်များ စိုက်ပျိုးရာတွင်လည်း စိုက်လျှင် မပေါက်၊ ပေါက်လျှင် မရှင် မဖြစ်ရ လေအောင် မြေနှင့် ရာသီဥတု အဆင်ပြေမှု၊ စိုက်ပျိုးနည်းစနစ် မှန်ကန် စနစ်ကျမှု၊ စိုက်ပျိုးမည့် မျိုးစေ့များ မျိုး အောင်မြင်မှုနှင့် အပင်ပေါက်များ ဖြစ်လာပါက ပြုစု ပျိုးထောင်ခြင်းနှင့် ကာကွယ်ခြင်း များ ဆောင်ရွက်ပေးကြ ရပေမည်။ ဤသို့ လုပ်ဆောင်ခြင်းများကို နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော သန်း ၆ဝ သော ပြည်သူများ ဝိုင်းဝန်း လုပ်ဆောင်မည် ဆိုပါက လျင်မြန်စွာ ထိရောက် အောင်မြင်မည် ဖြစ်သည်။ 

ထိုသို့ အောင်မြင်ပါမှ သစ်တောထွက် ပစ္စည်းများ၏ လူသားတို့ အပေါ် အကျိုးပြုသော စားဝတ်နေရေး အထောက်အပံ့ များကို မိမိတို့နှင့် တကွ သားစဉ်မြေးဆက် တိုင်အောင် ခံစားရပေမည်။ ထို့အပြင် မိမိတို့အား ခြိမ်းခြောက်နေသည့် မိုးခေါင် ရေရှားခြင်း အပါအဝင် ရာသီဥတု ဖောက်ပြန်မှုများလည်း ကင်းဝေးနိုင်မည် ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

အင်ကြင်းသူ (နေပြည်တော်)
 http://www.myawady.com.mm/library/stories/storiesforall/item/20911-2013-07-30-10-12-

ကာလ နဂါး တကယ်ရှိလား...?


စာပေပညာရှင်များအား မေးမြန်းလိုပါသည်၊ ကာလ နဂါး အကြောင်းဖြစ်ပါသည်-ခင်ဗျား---
(၁) ကာလ နဂါးသည် ယခုထိ ရှိပါသလော-

ကာဠ နဂါးနှင့် ပတ်သက်သော အကြောင်းအရာတို့ကို အရေတကြီး သိသင့်သောအကြောင်း အရာတိုဟူ၍ မထင်မြင် မယူဆသော်လည်း မေးခွန်းရှင် ( တင်လတ်(မကွေး)၏ သိလိုစိတ်ကို မျက်ကွယ်မပြုလိုသဖြင့်၎င်း ၊ ကာဠ နဂါး အကြောင်း အပြည့်အစုံပါဝင်သော စာအုပ်စာတမ်းတို့ ကို မတွေ့မိသဖြင့်၎င်း စာဖတ်သူများလည်း ဗဟုသုတ ပွားနိုင်ရန် စွမ်းနိုင်သမျှ ရှာဖွေတင်ပြလိုက်သည် ။

( ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည် ။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏ ။)
ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ ၊ ယံ တဿ ကပ္ပါယုကတာ ၀ုတ္တာ ။”

“ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည် ။

(၂) ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း ။
ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး ၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏ ၊ (ဘုရားငါးဆူထက်ပို၍ ပွင်သောကမ္ဘာဟူ၍လည်းမရှိ ။) ထိုမျှအအိပ်ကြီးသော သတ္တ၀ါဟူ၍ မကြားမသိရပါ ။
(၃) အဓိဋ္ဌာန်ဖြင့် ရေသို့ချသော ဖလားသည် အဘယ်ကြောင့် ကာလနဂါး၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ပြုရသနည်း ။

ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။
မဟာဗုဒ္ဓ၀င်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏ ။

ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ၀ဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏ ။
ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့ လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ” ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏ ။
 
 ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထ၀ီမြေ ကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့ သို့ ဖြစ်ရှိနေပေ၏ ။ ) (မဟာဗုဒ္ဓ္ဓ၀င် ၊ ဒု၊၂၇၈ )

( ကာဠ နာဂရာဇံ သုပန္တံဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓ၀ံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ ၏ ။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏ ။)

(၄) ကာလနဂါး၏ သက်တမ်းကား အဘယ်မျှရှိပါသနည်း ။
တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုပါသည်။

(၅) မည်သည့် အတိတ်ကံကြောင့် ယခုကဲသို့ တန်ခိုးကြီးမားသော သက်တမ်း ရှည်သော နဂါးဖြစ်နေရပါသနည်း ။ ၎င်း၏အရွယ်ပမာဏကား အဘယ်မျှရှိပါသနည်း ။
ကာဠနဂါးမင်း၏ အတိတ်ကံနှင့် အရွယ်ပမာဏတို့ကို မတွေ့မိပါ--ပညာရှင်တို့ကား နဂါးနှင့်ပတ်သက်လာလျှင် သာရတ္ထသင်္ဂဟ ဟူသောကျမ်းကို ညွှန်းလေ့ရှိကြ၏ ။ မိမိမှာ ထိုကျမ်းမရှိသည့်အတွက် ထိုကျမ်းလာအကြောင်း အရာတို့ကို မဖော်ပြနိုင်ပါ ။ သံယုတ္တနိကာယ်၊ ယက္ခသံယုတ်လာ သုတ်ကို ဤနေရာ၌ ဆက်စပ်မှု့ ရှိသဖြင့် ထုတ်ပြချင်ပါသည်။

အခါတစ်ပါး ရဟန်းတော်တစ်ပါးသည် ဘုရားရှင်အား အရှင်ဘုရား ဤလောက၌ အချိုသောသူတို့သည် သေလွန်သောအခါ အဘယ်ကြောင့် နဂါးအဖြစ်သို့ ရောက်ပါသနည်း မေးလျှောက်လေရာ `ရဟန်းတို့ ဤလောက၌ အချိုသောသူတို့သည် ကိုယ် နှုတ် စိတ်တို့ဖြင့် ကောင်းမှု မကောင်းမှု နှစ်ပါးစုံကို ပြုလေရှိ၏ ။ ထိုသူသည် `“ နဂါးတို့သည် အသက်ရှည်ကြကုန်၏ ၊ အဆင်းလှကြကုန်၏ ၊ ချမ်းသာခြင်းများကုန်၏ ဟူ၍လည်း ကြားဖူး၏ ။ `“ငါသေလွန် သောအခါ နဂါးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ပါမူ ကောင်းလေစွာ့ ” ဟူ၍လည်း ထိုသူအား တောင်းတခြင်းဖြစ်၏၊ ရဟန်းတို့ ဤသို့တောင်းတခြင်းသည် အချိုသောသူများ နဂါးအဖြစ်သို့ ရောက်ခြင်း၏ အကြောင်းပေတည်း ဟု မြတ်ဗုဒ္ဓမိန့်တော်မူ၏ ။

ထိုကြောင့် သတပဒိက ပုစ္ဆာဝိသဇ္ဖနာကျမ်းတွင် မင်းကွန်းဆရာတော်က `“ပြည်မန္ဒာနဂရ၊ ရွှေကာလ နာဂိန်၊ ဒေ၀ါမျှ ပမာချိန်၊ မဟာသိန်လွန်ကြူး ၊ သက်အာယု တကမ္ဘာ၊ ဋ္ဌကထာ ကျမ်းမိန့်အထူး။ ။ ထိုသက်တော်ရှည်မြတ်တဲ့ ထိုရေနတ်သူကံကို ၊ ရှုကြံဘွယ်ရှိဘူး---ပါယ်ဘုံမှာ သက်ရှည်ကြူးလို့ ၊ ဖြစ်ထူးတဲ့ ကြောင်းလျာ။ ။ကံနှစ်ဖြာ စုံကာပြုသည်ဟု ၊ သဗ္ဗညုဟောမိန့်တော်မူလျက်ပါ။ ။ အကုသိုလ်စေတနာမှာ ပါယ်ခန္ဓာ သန္ဓေရလို့၊ ကုသလ သူ့စေတနာအဟုန် ကြီးနိုင်မျှဂုဏ် ။” စသည်ဖြင့် ဖြေကြားတော်မူထားသည်ကို ၂၉-ခုမြောက် ပုစ္ဆာဝိသဇ္ဖနာတွင် လေ့လာဖတ်ရှုနိုင်ပါသည် ။

ထိုကာဠနဂါး၏ အရွယ်ပမာဏကို မိမိလက်လှမ်းမှီသမျှ ကျမ်းဂန်တို့၌ မတွေ့မိပါ ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ (၁)နဂါးချင်း မေထုန်မှီဝဲသောအခါ (၂) စိတ်ချလက်ချ အိပ်ပျော်သော အခါ (၃) ပဋိသန္ဓေနေစဉ်အခါ (၄) အရေဟောင်းကို စွန့်သောအခါ (၅) စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။

( ၆ ) မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏ ။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏ ။သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်း အဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏ ။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မဉ္ဖေရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါဝဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။

(၇) အချို့စာပေများအရ ကာလနဂါးသည် အမြဲတမ်းအိပ်နေသည်ဟု ယူဆရမလိုဖြစ်သည် ဟုတ်ပါသလား ။
ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ၀မ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။

( ၈ ) အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ခံစားခြင်းများ ရှိပါသလော။
စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။

(၉) ကာလနဂါးသည် မည်သည့် ဘုရားရှင်လက်ထက်မှစ၍ ရှိနေပါသနည်း ။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။

ဗုဒ္ဓ၀င်တွင် ကာလနဂါးနှင့် ပတ်သက်သည် အချက်အလက်များပါရှိပါက အထောက်များဖြင့် ပြည့်ပြည့်စုံစုံ သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်--ဟူရာ၌ ဗုဒ္ဓ၀င်တွင် ပြည့်ပြည့်စုံစုံ မပါဝင်ပါ ။ အပါဒါန် အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ထူပ၀ံသ မဟာဝံသ နမက္ကာရဋီကာ ၀ိနည်းဋီကာ စသည်တို့မှ ရှာဖွှေကောက်နှုတ်၍ အဖြေပေးလိုက်ပါသည် ။

အရှင်ကောဝိဒ (ယော)
 http://www.myatpanyagon.com မှတဆင့်ခံစားတင်ပြသည်။
 
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A353181

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း


Tuesday, July 30, 2013

အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို

နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို

ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။

ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။

မီယာမီရှိ ဆေးကျောင်း ဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာ တင်ပြချက်မှာ ၄င်း Capsic** သုံးစွဲသူ အဆစ် ဝေဒနာရှင် များသည် သုံးလအတွင်း အဆစ် ဝေဒနာများ ၈၀-ရာခိုင် နှုန်းခန့် သက်သာ ပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင် နှုန်းသာ သက်သာ သည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီး အနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင် တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။

မိမိတို့ဘာသာ အောက်ဖော်ပြပါ အတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။

ပါဝင်ရမည့် ပစ္စည်းများမှာ-

၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။

၂။ အုန်းဆီ တကွာတ။

၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။

၎။ ဆီမွှေး အစက် ၄၀။

ပြုလုပ်နည်းမှာ-

၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကို ရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်း ဆူပွက်လာသည်အထိ အပူပေးပါ။

၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။

၃။ သုံးနာရီခွဲခန့် အအေးခံပါ။

၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။

၅။ ဆီနှင့် ငရုတ်သီး အရောအနှောကို ဖျော်စက်တွင် ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။

၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။

၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။

၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။

၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။

၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။

၁၁။ အဖုံးသေချာစွာ ဖုံးပါ။

၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။

ဆေးညွှန်းမှာ-

နာကျင် ကိုက်ခဲသည့် နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်း လိမ်းပေးပါက အဆစ်နာ ဝေဒနာများ ပျောက်ကင်း နိုင်ပါသည်။

Ref: Working woman Asia,2001.

ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်(လိုက်ဖ်စတိုင်လ် တူဒေး ၂၀၀၁-စက်တင်ဘာ)


https://www.facebook.com/photo.php?fbid=449927325105104&set=a.351047714993066.

အမှိုက် နှင့် စားစရာ လဲလှယ်သော မက္ကစီကိုစီးတီး

အမှိုက် နှင့် စားစရာ လဲလှယ်ခြင်းဖြင့်... သန့်ရှင်းသော မြို့တော်ကြီးဆီသို့

မက္ကစီကိုနိုင်ငံ မြို့တော် မက္ကစီကိုစီးတီး၏ မိုးရွာသောမနက်ခင်းမှာ မြို့ခံတွေအများအပြား မိုးရေထဲ ထီးကိုယ်စီနှင့် တန်းစီရပ်နေကြသည်...။ လက်ထဲမှာလည်း ဗူးခွံတွေ..၊ ပလပ်စတစ်အမှိုက်များ..၊ စွန့်ပစ်စရာ အမာထည်ပစ္စည်း နှင့် အမှိုက်အမျိုးမျိုး ကိုယ်စီကိုယ်စီ ကိုင်စွဲထားပြီး တန်းစီနေကြသည်...။ ဘာအတွက်များမိုးရေထဲ အမှိုက်ထုပ်တွေကိုင်ပြီး တန်းစီနေကြတာပါလိမ့်....??

အကြောင်းကတော့ အမှိုက် နှင့် စားစရာ လဲလှယ်ပေးသော အစီအစဉ်ကြောင့် ကိုယ်စီကိုယ်စီ အမှိုက်နှင့် စားစရာလဲလှယ်ဖို့ တန်းစီနေကြခြင်းဖြစ်ပါသည်...။

မက္ကစီကိုစီးတီးတွင် ထိုအစီအစဉ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ကျင့်သုံးခဲ့ပြီး အမှိုက်ယူလာသောသူများ၏ အမှိုက်များကိုတန်ဖိုးဖြတ်၍ အမှတ်များ သတ်မှတ်ပေးလိုက်သည်...။ ထိုအမှတ်များရရှိမှု အနည်းအများအလိုက် ထုတ်ယူနိုင်သော စားသောက်ကုန်အမျိုးမျိုးကိုလည်း သတ်မှတ်ပေးထားသည်...။ အမှိုက်များကိုပေးအပ်ပြီးပါက ရသည့်အမှတ်စာရင်းလိုက် တစ်လ တစ်ခါဖွင့်ပြီး သတ်မှတ်ပေးထားသော ဈေးများတွင် စားသောက်စရာများထုတ်ယူနိုင်သည်...။

“အစိုးရက ဒီလိုစီစဉ်လိုက်တာ သိပ်ကောင်းပါတယ်..။ မြို့တော်တစ်ခွင် အမှိုက်စွန့်ပစ်ရေး စနစ်တကျရှိသွားသလို ကျနော်တို့လည်း အမှိုက်ပစ်ရတာ ပိုစိတ်ပါလက်ပါရှိလာကြပါတယ်...။ လမ်းမှာ အမှိုက်တွေ့ရင်တောင် ကောက်သိမ်းချင်စိတ်တွေဖြစ်လာပါတယ်...။ အမှိုက်က စားစရာဖြစ်လာတဲ့အတွက် အမှိုက်ကို စနစ်တကျသိမ်းဆည်းပြီး ဒီမှာလာစွန့်ပစ်ပြီး အမှတ်တွေရယူနိုင်တယ်လေ...။ ကမ္ဘာမြေကြီးသန့်ရှင်းရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရာလည်း ရောက်တာပေါ့...” ဟု တန်းစီနေသော ဓါတ်ပုံဆရာ တစ်ဦးကပြောပါသည်...။

မက္ကစီကို စီးတီး မြို့တော်ကြီးသည် လူဦးရေ သန်း ၂၀ နီးပါး နေထိုင်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုမြင့်မားလျက်ရှိသောကြောင့် သန့်ရှင်းသာယာလာစေရေး အတွက် အစိုးရက နည်းလမ်းသစ် တီထွင်ကာ အမှိုက်ကင်းစင်ရေး ဆောင်ရွက် လိုက်ခြင်းဖြစ်သည်...။ အဲ့ဒီအစီအစဉ်ဟာ မက္ကစီကိုစီးတီးတွင် လူတိုင်းပါးစပ်ဖျား တွင်ရေပန်းစား လျက်ရှိသည်...။ မက္ကစီကိုစီးတီးသည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၂၀၀၀ ထွက်ရှိလျက်ရှိသည်...။ မြို့ခံများယူလာသော အမှိုက်မျိုးစုံကို များပြားလှသော ပေါင်ချိန်သမားများက ချိန်တွယ်လက်ခံကာ အသင့်စောင့်နေသော ထရပ်ကားကြီးများပေါ်သို့ တင်ကြသည်...။ ထိုကားကြီးများသည် မြို့ပြင်ရှိ ကြိတ်ခွဲကြိုချက် နှင့် တဖန်ပြန်လည်သုံးစွဲနိုင်အောင်ပြုလုပ်သော စက်ရုံအသီးသီးသို့ ပို့ဆောင်ပေးကြသည်...။

စားသောက်စရာများသာမက အခြားသောထွက်ကုန်အမျိုးမျိုးကိုလည်း မိမိတို့ရထားသော ရမှတ်အလိုက် ဈေးတွင် လဲလှယ်ယူနိုင်သည်...။ “ကျနော်ကတော့ ရထားတဲ့အမှတ်တွေ နဲ့ ဈေးကနေ မုန်လာဥနီတွေ ၀ယ်လာခဲ့တယ်ဗျာ..။ ချိစ်တွေလည်းပါသေးတယ်..။ ဒါတောင် နောက်ထပ် သုံး လေး ဒေါ်လာဖိုးစာလောက် ၀ယ်စရာကျန်နေပါသေးတယ်...။ တကယ်ကောင်းတဲ့အစီအစဉ်ပါ...”ဟု ဈေးမှ စားသောက်စရာများကို ရမှတ်ဖြင့် ၀ယ်လာသူတစ်ဦးကပြောပါသည်...။ ထိုဈေးကွက်ကြောင့် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်သူ များလည်း အကျိုးဖြစ်ထွန်းစေသည်..။ “ဒီအစီအစဉ်လုပ်တာ တော်တော်ကောင်းတယ်..။ အမှိုက်လည်းရှင်းပြီးသားဖြစ်သွားတယ်...။ ကျနော်တို့စိုက်ပျိုးထားတာတွေကိုလည်း အစိုးရက ပုံမှန်ထက် ဈေးပိုပေးဝယ်ယူပြီး ဒီဈေးထဲမှာ ရမှတ်နဲ့ ပြန်လဲပေးတယ်...” ဟု ပန်းဂေါ်ဖီ စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးကပြောသည်...။

အမှိုက်များကိုပြန်လည် သန့်စင်ကြိုချက်ခြင်း လုပ်ငန်းများထံမှ ပေးချေသောငွေများဖြင့် အစိုးရက ပြန်လည် လည်ပတ်ခြင်းဖြစ်သည်...။ ယင်းအစီအစဉ်ကြောင့် မြို့ခံများ ဈေးသည်များသည် အမှိုက်များကို စနစ်တကျ ခွဲခြားတတ်သွားအောင်နှင့် စနစ်တကျ ခွဲခြားပြီးစွန့်ပစ်တတ်အောင် ပညာပေးပြီးသားဖြစ်သွားသည်...။ ယခုနည်းလမ်းအောင်မြင်နေပြီဖြစ်ရာ မက္ကစီကိုနိုင်ငံတစ်ဝှမ်းမှာပါ ဖြန့်ကြက် အကောင်အထည်ဖော်နိုင်အောင် အစိုးရက ကြိုးပမ်းနေပြီ ဖြစ်ကြောင်းသိရပါသည်...။

Messenger News Journal ၊ ဟန်လင်းအောင် ရေးသော ဆောင်းပါးမှ ထုတ်နုတ်ထားပါသည်....။

Read more..>AFP News>>


https://www.facebook.com/photo.php?fbid=449930415104795&set=a.351047714993066.7

ဓမ္မခရီးသွားလုပ်ငန်းကမ္ဘာလှည့်များကိုဆွဲဆောင်


Tuesday, July 30, 2013

အရုဏ်မတက်မီ နှိုးစက်သံများနှင့်အတူ ငြိမ်သက်ဆာလောင် သော
နေ့ရက်များသည် အားလပ် ရက်တစ်ရက်တွင် ပြုလုပ်လိုသည့် လူတိုင်း၏
စိတ်ကူးမဖြစ်နိုင်ပေ။ သို့ သော်လည်း စိတ်အာဟာရကို ရှာ ဖွေရယူလိုသော ကမ္ဘာလှည့်ခရီး သည်များအတွက် ဗုဒ္ဓဟောကြား သော နိဗ္ဗာန်သို့ သွားရာ
လမ်းတွင် မြန်မာဘုန်းကြီးကျောင်းများက အကူအညီပေးလျက်ရှိသည်။

စိတ်၏ငြိမ်းချမ်းမှုကို ရှာ ဖွေခြင်းက အားလပ်ရက်များကို ပျော်ရွှင်မှုသာ ပဓာနဆိုသည့် ခံယူ ချက်ဖြင့် ချဉ်းကပ်နေသောသူများကို ဆွဲဆောင်ရန်
မဖြစ်နိုင်ပေ။ အ ရက်ကမ်းခြေနှင့် ဘီကီနီတို့အား လုံးဝ အပြင်မှာသာရှိနေ
ရသည်။

''စစချင်းမှာ နည်းနည်းတော့ အုတ်နံရံတစ်ခုကိုဝင်တိုးရ သလိုမျိုးအကျပ်တွေ့
မှာပဲ၊ ခင်ဗျားသိတဲ့အတိုင်း ခင်ဗျားဟာ ခင်ဗျားရဲ့ ပြင်းထန်တဲ့ပြဿနာ
တွေကို သက်သောင့်သက်သာဖြစ် အောင်လုပ်နေတာ ခင်ဗျားရဲ့စိတ် ကို အေးချမ်းအောင်လုပ်နေတာ ပါ'' ဟု ဗြိတိသျှပန်းချီသမိုင်းပညာ ရှင် ရူးပတ်အဲရိုးစမစ်က ပြောကြားခဲ့သည်။

ရန်ကုန်အနီး ကျေးလက်ရှိ တရားကျင့်ရန်နှင့် အိပ်စက်ရန် အခန်းများရှိသော ငြိမ်းချမ်းသည့် ပရိဝုဏ်တစ်ခုဖြစ်သော ချမ်းမြေ့ ရိပ်သာဘုန်းကြီးကျောင်းတွင် ရူး ပတ်အဲရိုးစမစ်က ဝစီပိတ်၄၅ရက် နေခဲ့သည်။ ကျောင်းက အကျင့် ခြိုးခြံမှုနှင့် စည်းကမ်းနာမည်ကြီး သည်။

နံနက်၃နာရီခွဲတွင် အိပ် ရာမှထ၍ နေ့တစ်နေ့၏ အချိန် အများစုကို ထိုင်လျက်နှင့် လမ်း လျှောက်လျက် တရားရှုမှတ်ရင်း ကုန်ဆုံးစေခဲ့သည်။ ရံဖန်ရံခါ ကောင်းမွန်သောဟင်းလျာများ ပါသော အစားအစာကို မွန်းမ တည့်မီ စားသုံးကြရသည်။

ချမ်း မြေ့ရိပ်သာတွင် နောက်ဆုံးစား သောက်ရချိန်မှာ နံနက်၁ဝနာရီ ခွဲဖြစ်သည်။ လေးနက်သည့်သ ဘောထားရှိရန် ဘုန်းကြီးကျောင်း တစ်ခုသို့ ဝင်လာသူများကို အဲရိုး စမစ်က တိုက်တွန်းခဲ့သည်။ ''ဒါ က ဒစ္စနေလဲန်း
မဟုတ်ပါဘူး''ဟု ၎င်းကဆိုသည်။ ဘုန်းကြီးကျောင်း သို့ သူ၏ဒုတိယ
အကြိမ်ရောက် ရှိခဲ့သည့်အတွေ့အကြုံမှာ ထိုက် တန်မှုရှိသည်ဟုလည်း ၎င်းကပြော ကြားခဲ့သည်။

''ကိုယ့်ရဲ့စိတ်တွေက ဘာ တွေလုပ်ဆောင်နေသလဲဆိုတာကို သိချင်နေ
တဲ့သူတွေအတွက် ဒါက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ဒါဟာ အနောက် တိုင်းကလူတွေအတွက် အဓိက အချက်ဖြစ်နိုင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

''ကိုယ့်ကိုယ်ကိုယ်နားလည် တဲ့အကြောင်း ပြောတဲ့လူတွေ ခင်ဗျား သိပါ
တယ်။ သူတို့အနေနဲ့ မြန်မာပြည်ကိုလာပြီး ဝိပဿနာ တရားရှုမှတ်မှုလုပ်ဖို့ အမှန်တ ကယ်လိုအပ်ပါတယ်''ဟုလည်း အဲ ရိုးစမစ်က ပြောကြားခဲ့သည်။

ဘုန်းကြီးကျောင်းထောင် ပေါင်းများစွာရှိနေသော ဘာသာ တရားကိုင်းရှိုင်း
မှုရှိသည်ဟု ဒေသ တွင်း၌ ဂုဏ်သတင်းကျော်ကြား သော မြန်မာနိုင်ငံ
အနေဖြင့် ဗုဒ္ဓ၏တရားဓမ္မကိုစိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသည်များကို ဆွဲ ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

တရားစခန်းခရီးစဉ်များအ တွက် ဗီဇာများ ယခုအခါအလွယ် တကူရရှိနေပြီး ဓမ္မခရီးသွားလုပ်ငန်းမှာ မြင့်မားလာကြောင်း မြန်မာခရီးသွားလုပ်ငန်း
ဘုတ်အဖွဲ့မှ ကိုဖြိုးဝေရာဇာ က ပြောကြားခဲ့သည်။

Yangon Media Group


 https://www.facebook.com/photo.php?fbid=449935338437636&set=a.35104771499306

အရည်အချင်းနဲ့ လက်တွေ့ 




လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။
...
တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး အကြားအမြင်များသူ၊ ပညာရှိသူကို ချည်းကပ်ရမည်ပင်။


https://www.facebook.com/photo.php?fbid=449937248437445&set=a.351047714993066.

Look, See, Watch နေရာမှန် အသုံးပြုခြင်း (English lesson)




တော်တော်များများ ဒါကို မှားသုံးကြပါတယ်။ သိနေပေမယ့်လည်း သတိလက်လွတ်ပြောဆို ရေးသား အသုံးပြုမှုကြောင့် Look, See, Watch က နေရာမှန်ကို မရောက်နိုင်သေးပါဘူး။ အလွယ်ကူဆုံး ရှင်းပြပါမယ်။

Look - အကြောင်းပြချက် တစ်ခုခုအတွက် ကြည့်ရှုခြင်း ဖြစ်ပါတယ်။

ဥပမာ - Look at that strange man/ Look at the pictures I took on holiday. I am looking for my mother.

See - အကြောင်းပြချက် မရှိသော်လည်း အမြင်ရှေ့ ရောက်လာသည်ကို ကြည့်ရှုခြင်း ဖြစ်ပါတယ်။ သူက နည်းနည်း ရုတ်တရက် ဆန်ပါတယ်။ မျော်လင့်မထားတဲ့ အရာမျိုးကို မြင်တဲ့အခါကျ See ကို သုံးပါတယ်။

ဥပမာ - ‘Did you see that bird? – I wasn’t looking for it, it just appeared.
‘I saw you driving to work today.’


Watch - အာရုံစူးစိုက်စွာ ကြည့်ရှုခြင်း။ (အထူးသဖြင့် ရွှေ့ လျားနေသာ အရာများ) ဖြစ်ပါတယ်။ သူကို ဘယ်မှာသုံးတယ်ဆိုတာ သိကြမှာပါ။

Watch TV မှာဆိုရင် တီဗီက မရွေ့ ပါဘူး။ သို့ပေမယ့် တီဗီထဲက ရွေ့ လျားနေတဲ့ ပုံရိပ်များကို ကြည့်ရှုနေခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ I am seeing TV လို့ သုံးလိုက်ရင် တီဗီကပဲ ရုတ်တရက် ကိုယ့်နားပဲ ဖြတ်ပြန် သွားသလားလို့ အဓိပ္ပါယ်သက်ရောက်ပါလိမ့်မယ်

အသုံးမှားများ

I watched the bird. (မှားတယ်လို့ မဆိုနိုင်ပါဘူး။ ငှက်ကို စောင့်ကြည့် ပေးတယ်လို့ အဓိပ္ပါယ်သက်ရောက်သွားစေမှာပါ။)

I see the picture. (ပန်းချီကားကို ဖြတ်ကနဲ မြင်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။

I am looking for the movie. (ပျောက်နေသော ရုပ်ရှင်ကို ရှာသလို အဓိပ္ပါယ်သက်ရောက် သွားစေပါတယ်)
--

စာဖတ်သူတို့ တောင်းဆိုရင် English Lesson of the Week ပုံစံမျိုးနဲ့ အပတ်စဉ် ပုံမှန် ဖော်ပြပေးသွားပါမယ်။
-
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=449948568436313&set=a.3510477149930

" ခရီးလမ်းမပေါ်မှာကြွေလွင့်ခဲ့ရသော အနုပညာကြယ်ပွင့်များ"




၁၈၈၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နံနက်ခင်းတွင် ဂျာမနီနိုင်ငံသား ကား(လ်)ဖရီး ရစ်(ခ်ျ)ဘင့်(ဇ်)၏ဇနီးသည် ဘာသာဘင့်(ဇ်)သည် ဝက်ဂွန် Wagon ကားလေးကိုမောင်း၍ ၆၅ မိုင်ဝေးသော ပီဖိုဇိန်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြင့်ကမ္ဘာပေါ် တွင်မော်တော်ကားကို လူတွေ စတင်စိတ်ဝင်တစားခဲ့လေသည်။ ထိုကားကို စက်မှုအင်ဂျင် နီယာကား(လ်)ဖရီးရစ်(ခ်ျ)ဘင့်(ဇ်) ဆိုသူ ဂျာမနီနိုင်ငံသားက ၁၈၈၅ ခုနှစ်တွင် တီထွင်ထုတ်လုပ်ကာ ၁၈၈၆ခုနှစ်ဇန်နဝါရီလ၂၉ရက် တွင်မှတ်ပုံတင် ခဲ့ခြင်းဖြစ်သည်။

သည်ကားကိုတီထွင်သူ ကားလ် ဖရီးရစ်(ခ်ျ)ဘင့်(ဇ်)ကို ၁၈၄၄ခုနှစ် နိုဝင်ဘာ ၂၅ ရက် နေ့တွင်ဂျာမနီနိုင်ငံ ဘာလင်မြို့ ကား(လ်)စ်ဂူဟီအရပ်တွင် မွေး ဖွားခဲ့သည်။ငယ်စဉ်ကပင် ပညာ ရေးကို အထူးစိတ်ဝင်စားသူဖြစ် ရာ အသက် ၉နှစ်သားအရွယ်မှာ ပင်လိုက်ဇီယမ်အ ရှေ့တိုင်းသိပ္ပံ ဌာန၌ သင်ကြားခဲ့ပြီး အ သက် ၁၅နှစ်သားအရွယ်မှာပင် စက်မှု အင်ဂျင်နီယာဘွဲ့ကို
ရရှိခဲ့သူ ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဗီလိုအမျိုး အစား၊ ၁၉ဝ၉ခုနှစ်တွင် ဘလစ် ဇင်ဘင့်(ဇ်)ကားများကို ဆက် လက်တီထွင်နိုင်ခဲ့သည်။

ဤသို့ ဖြင့်ကမ္ဘာပေါ်တွင် မော်တော်ကားဆိုသောယာဉ်တစ်မျိုး ပေါ် ပေါက်လာခြင်း ဖြစ်လေသည်။

၁၈၉၃ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ၌ လူဖြင့်ဆွဲရသည့် လန်ချားများပေါ်ပေါက်လာပြီး ၁၉ဝဝပြည့်နှစ်တွင်ကိုယ် ပိုင်မော် တော်ကားများ ပေါ်ပေါက်လာ ပြီဟု ဆိုပါသည်။ ၁၉ဝ၆ ခုနှစ်တွင်
ဓာတ် ရထားများ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။ မန္တလေး မြို့မှာတော့ ၁၉ဝ၄ ခုနှစ်တွင်စတင်သည် ဟု သိရသည်။ ထို ဓာတ်ရထားကို ထရော် လီဘတ်(စ်)ဟုလည်း ခေါ်ကြပါသေးသည်။

မြန်မာနိုင်ငံတွင် RBT ကုမ္ပဏီက ဘတ်စ် ကားငါးစီးဖြင့် ၁၉၁၃ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းကို စတင်ခဲ့သည်ဖြစ်ရာ ယခုနှစ်သည်မြန်မာနိုင်ငံ၌ ဘတ်စ် ကားပြေးဆဲသည့်
နှစ်တစ်ရာ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၁၉၁၅ ခုနှစ်တွင်တော့ ရန်ကုန်မြို့မှာ အငှားယာဉ် ၂၈စီး၊ ကိုယ်ပိုင်ကား ၄၂၆စီး၊ မော်တော်ဆိုင်ကယ် ၁၃၉စီးမျှရှိ နေပြီဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် မော်တော် ယာဉ်လိုင်းသစ်များတိုးချဲ့ခဲ့ပြီးရန် ကုန်တက္ကသိုလ် နှင့်မြို့တွင်း သို့ ပြေးဆွဲသောကားခြောက်စီးရှိခဲ့ကြောင်းလည်း သိရသည်။

လမ်းမပေါ်တွင် မော် တော်ကားများဖြင့် ခရီးသည် များ၊ ကုန်စည်များ ပို့ဆောင်လာ နိုင်ခြင်းကြောင့်ခေတ်သစ်တစ် ခုဆီသို့ ပြောင်းလဲတိုးတက်လာ ခဲ့သလိုတစ်ဖက်တွင်လည်း မော် တော်ယာဉ်တိမ်းမှောက်ခြင်း၊ မော် တော်ကား တိုက်ခြင်းတို့ကြောင့် လူတွေအသက် အန္တရာယ်ထိခိုက် သေ ဆုံးမှုတွေလည်း ပေါ်လာရ ပါတော့သည်။ ထိုအထဲတွင် ထင်ပေါ်ကျော်ကြားသူတွေ၊ အနု ပညာရှင်တွေလည်း လမ်းမပေါ် ၌ ကြွေလွင့်ခဲ့ရသည်က အများအပြားပင် ဖြစ်လေသည်။

၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၅ ရက် က ဖြစ်သည်။ ထိုနေ့သည် ၁၉ နှစ်မြောက်အမျိုးသားနေ့ လည်းဖြစ်ရာ စာရေးဆရာကြီး ပီမိုးနင်းသည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိမြန်မာ့အလင်း သတင်းစာတိုက်သို့

နိဗ္ဗာန်အကြောင်း အကြမ်းဖျဉ်း သုံးသပ်ချက်


https://www.facebook.com/World0fWisdom

နိဗ္ဗာန်ဆုကို တောင်းကြပါတယ် နိဗ္ဗာန်ရောက်အောင် အားထုတ်ကြပါတယ် တစ်ခုသိချင်တာက ရုပ်ရောနာမ်ပါ ချုပ်ငြိမ်းသွားတယ်ဆိုရင် နိဗ္ဗာန်ကို ရောက်သွားတာက ဘာပါလဲ။

နိဗာန် ကို ရောက်ချင်ရင် တဏှာ မရှိ ရဘူးပြောပါ တယ်တဲ့  ။ဘာကို မှ လိုချင်တပ်မက်စိတ် မရှိတော့  တာ မျိုး ပေါ့  ။ ဒါဆို နိဗာန်ရောက်ဖို့ ကြိုး စားရမယ် ။ ကျန်တဲ့ လိုချင်တာ ဘာမှ မရှိ တော့ ပေမယ့် ဘာလို့  နိဗာန်ကို ရောက်ချင် စိတ်က ရှိသေးတာ လဲ။ နိဗာန်ကို ရောက်အောင်လုပ်တယ်ဆို တာ လိုချင်တဲ့ တဏှာ ရှိလို့ မဟုတ်လို့  လား ။ စသည်စသည်ဖြင့် မေးလာသောမေးခွန်းများကို သိသလောက် နားလည်းထားသလောက် သုံးသပ်တင်ပြရလျှင် -

နိဗ္ဗာန်ဆိုတာ ရောက်အောင်လုပ်ရတဲ့တရားမဟုတ်ဘူး ဘာဖြစ်လို့လည်းဆိုတော့ နိဗ္ဗာန်ဘုံဆိုပြီးသတ်မှတ်လို့ရတဲ့ ဘုံဌာနမျိုးမဟုတ်လို့ပါပဲ၊ သူ့အလိုအလျောက်ရှိနေတတ်တဲ့ သဘောတရားသာဖြစ်တယ်၊ ဘယ်လိုလည်းဆိုရင် ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်ထားတာလေးနဲ့ ဥပမာ ပေး သုံးသပ်ကြည့်ရအောင် -

" နိဗ္ဗာန်ဆိုတာ အကြမ်းဖျဉ်း ပြောရရင် အတွယ်အတာ ငြိမ်းသွားတာကို ပြောတာ။ ဥပမာ - မီးရှိရင် မီးငြိမ်းတာလည်း မရှိဘူးလား။ မီးရှိရင် ပူမယ်၊ လောင်မယ်၊ အခိုးထွက်မယ်။ ဒါမီးရဲ့ သဘာဝပဲ။ ကယ် ငြိမ်းသွားရင် ဒါတွေရှိဦးမှာလား။ အပူလည်းမရှိဘူး၊ လောင်တာလည်းမရှိဘူး၊ အခိုးလည်းမထွက်ဘူး။ မီးငြိမ်းသွားတာကို ကိုယ်တိုင်မသိနိုင်ဘူးလား။ အေး နိဗ္ဗာန်ဆိုတာလည်း ဒါမျိုးပါပဲ။ "
( ဒေါက်တာနန္ဒမာလာဘိဝံသ )

မီးရှိရင် ပူမယ်၊ လောင်မယ်၊ အခိုးထွက်မယ်။ ဒါမီးရဲ့ သဘာဝပဲ။ ဒီလိုပါပဲ လာဘစတဲ့ကိလေသာတို့ဟာ ရှိရင် ပူမယ် လောင်မယ်ပေါ့ ဒီပူမူလောင်မူတို့ဟာ အဆက်မပြတ် ဖြစ်ပျက်နေတယ် ဒါပေမဲ့ အဲ့ဖြစ်ပျက်တွေက အသေးစိတ်လွန်းတော့ သာမှန်ဉာဏ်နဲ့ မမြင်နိုင်ပါဘူး ဒီလို မမြင်နိုင် မသိမူကြောင့် လောဘ တဏှာတွေကို တွယ်တာတတ်တဲ့ အကြောင်းတရားတွေကို ဆက်လျက်ဖြစ်ပေါ်စေတယ် ဖြစ်ပေါ်သည့်အလျောက် အကျိုးတရားတွေကလည်း ဆက်နေပါတယ်။ ဒီလို လောင်စာနှင့် တူသော အကြောင်းတရားတွေက ရှိနေသေးရင် လောင်ခြင်းဆိုတဲ့ အကျိုးတရားတွေကရှိနေဦးမှာပဲ၊ ဒီတော့ ဝိပဿနာ ဉာဏ်နဲ့ ထိုးထွင်းပြီး ကောင်းကောင်းသိမြင်လိုက်ပြီးနောက် ဒီအကြောင်းတရားတွေကို ရပ်တန့်နိုင်သွားတော့ အကျိုးတရားဆိုတဲ့ လောင်ခြင်းဆိုတာမရှိတော့တာပါ။

လောင်ခြင်းမရှိတော့တဲ့ အငြိမ်းဓာတ်လေးဟာ လောင်ပြီး ငြိမ်သွားမှ ရောက်ရတဲ့ တရားမဟုတ်သလို ငြိမ်သွားပြီးမှ ရောက်နိုင်တဲ့ တရားလည်းမဟုတ်ပါ။ သူ့အလို အလျောက်ရှိတာကို ဉာဏ်နဲ့ ထိုးထွင်းသိလိုက်လို့ မြင်လိုက်လို့ နောက်ထက် အကြောင်းတရား မဆက်မိတော့ပဲ ပကတိ ငြိမ်းချမ်းသွားတာမျိုးပါ။ အဲ့ဒီ ငြိမ်းချမ်းခြင်းဟာ တစ်ခုခုကြောင့် ဖြစ်ပေါ်လာရတာမဟုတ်တဲ့ အတွက် ပျက်ခြင်းသဘောလည်းမရှိပါ၊ ဒါကြောင့်လည်း ထာဝရ ငြိမ်းချမ်းခြင်းလို့ ခေါ်တာပါ။ ဖြစ်ပျက်တတ်တဲ့ သဘောရဲ့ ဆန့်ကျင်ဘက် မဖြစ်မပျက်တတ်တဲ့ သဘောအလျောက် ဆက်ရန်မရှိတော့ပါ။ အဲ့တော့ နိဗာန်ဆိုတာ ရောက်အောင်လုပ်တဲ့ တရားမဟုတ်တဲ့ အတွက် လိုချင်တဲ့ တဏှာဆိုတာမရှိပဲ အမှန်ကို အမှန်အတိုင်းမြင်ပြီး ပကတိ အငြိမ်းဓာတ်ကို ဦးတည် မြတ်မှောက် ပြုတဲ့ တရား။

လောင်ကျွမ်းမူကို ဖြစ်စေတတ်တဲ့ အကြောင်းတရား လောဘစတဲ့ ကိလေသာကို ဖြတ်တောက်တဲ့ တရားဖြစ်တယ်။ ဒီလို လောဘ တဏှာ စတဲ့ကိလေသာတွေကို မလိုချင်တာကို လိုချင်မူ တဏှာလို့ ခေါ်လို့ရမလား - မရပါဘူး။ အမှန်ကို အမှန်အတိုင်း မြင်လိုသိလိုတဲ့ ဆန္ဒတာလျှင်ဖြစ်ပါတယ်။

နိဗ္ဗာန်ကို ရောက်ဖို့ဆိုတဲ့ စကားဟာ ပညတ်မျှသာ ဖြစ်ကြောင်းနှင့် မိုးကုတ်ဆရာတော်ကြီးမိန့်သလို အခေါ်ရှိကို ကျော်လွန်ပြီး အမှန်ရှိကို မြင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။

ဒါကတော့ ကျွန်တော် နားလည်းထားသလို အပေါ်ရံ အကြမ်းဖျဉ်း တင်ပြလိုက်တာပါ။ အသေးစိတ်ကိုတော့ တော်တော်လေ့လာရဦးမှာပါ။ တကယ် သိဖို့ နားလည်ဖို့ မြင်နိုင်ဖို့ ဆိုတာလည်း လွယ်တဲ့ အရာမဟုတ်တဲ့ အတွက် လေ့လာလိုက်စား ပွါးများရဦးမှာပါ။ သူတစ်ပါးကို ရှင်းပြဖို့ အထူးသဖြင့် ဘာသာခြားကို ရှင်းပြဖို့ ပိုခတ်ပါတယ်။ မြတ်ဗုဒ္ဓ ပေးတဲ့ ဥပမာ လေးလိုပါပဲ - တောင်ပေါ်ကို ရောက်အောင်ကြိုးစားတက်ပြီးမှ မြင်နိုင်တဲ့ ရှူ့ခင်းနှင့် အရသာကို တောင်အောက်ကလူက ဘယ်လိုနဲ့မှ သိနိုင် ခံစားနိုင်လို့ မရပါဘူး၊ လက်ခံခဲ့ရင်လည်း ပြောတဲ့ လူကို ယုံကြည်လို့ မဟုတ်ရင်လည်း မငြင်းချင်လို့ပဲ။ ကိုယ်ကိုယ်တိုင်း အပေါ်ရောက်မှ သိမြင်နိုင်မဲ့ တရားမို့ ကျင့်ကြံ ပွါးများအားထုတ်ဖို့လိုပါတယ်။

http://www.d-existence.worldofwisdom.asia/2013/07/blog-post_556.html

( D-eXistence - 30.7.2013 )

သိနားလည်သူများလည်း ကိုယ်နားလည်ထားသလို အကြမ်းဖျဉ်း သုံးသပ်၍ ပါဝင် ရှင်းပြစေလိုပါတယ်။

https://www.facebook.com/photo.php?fbid=449963351768168&set=a.35104771499306

လူမှုကွန်ယက် Facebook မှသိမှတ်ဖွယ်ရာများ



၁။ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက
thefacebook လို့ခေါ်တယ်လို့ဆိုတယ်ဗျာ၊အဲဒီတုန်းကတော့
ဟားဗတ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့  ကိုယ်ရေးအချက်
အလက်တွေနဲ့ မှတ်တမ်းများကိုသိမ်းဆည်းရန်သာ အသုံးပြုဖို့သာဖြစ်တယ်
လို့ဆိုတယ်၊၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေခေါ်နေကျအသံ
ဖွဘွတ်(ခေါ်)Facebook လို့စတင်ခေါ်ဆိုတယ်လို့သိရတယ်ခင်ဗျ။


၂။ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ဖို့ Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့်
စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချတယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ
ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ၊
"အင်း....တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင်
ကျွန်တော်တို့တွေ တွယ်တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား
နေလောက်ပြီ"

၃။Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network
ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။အဲဒီကားထဲ
မှာဆိုရင် Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင်
ဆိုင်ရပြီး အပိတ်ခံရလုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင်ပါတယ်လို့
ကြည့်ဖူးတဲ့ သူတိုင်းကတော့ ပြောကြတာပဲ။
"ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာလုပ်ထားတာ...
......"

၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ
တော့သိဘူး...တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ်
တဲ့....


၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင်
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်တဲ့။
"မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကိုလိုက်ဖမ်းတယ်လို့တော့
ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက
ဖွဘွတ်ကို သိမှသိပဲကို..."

၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ်
ဆိုပဲ၊ကျွန်တော်တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ
နေမှာ....

၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။
"သူတို့များ ကွန်နက်ရှင်ကောင်းလို့ထင်ပါရဲ့ "

၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး
ကမ္ဘာမှာသုံးစွဲမှုအများဆုံးဖြစ်၊
"အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများ
တာကိုး....မြန်မာပြည်မှာတောင် သုံးတဲ့သူ ၇ သိန်းလောက်ရှိသေးတာပဲ..
ဟုတ်ဖူးလား...နောက်ဆိုရင်ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ
တာနော်.."

၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး
ဦးဆောင်နေပြီတဲ့ဗျ၊အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update
၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုးသားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။

"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....."
ထွက်ပဲထွက်နိုင်လွန်းတဲ့ ချော့ပင်...Status Update မှာတွေ့နေရတာတွေကို
ပြောတာ.....

၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်း
သန်း ၂၅၀ တောင်ရှိတယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်..
ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo တွေ...

၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု
တာက ၉၅%ရှိပြီး တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့....
"ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...."

၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........
ကျွန်တော့်အတွက် ထူးဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး
လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊ဗီယမ်နမ်၊အီရန်
တို့တွင်ပိတ်ပင်ထားတဲ့......
" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့ အတော်လေးကိုပျော်နေလို့ မဖြစ်
သေးဘူးဗျ...ဖွဘွတ်ကိုတချို့ကတလွဲတွေချည်းလုပ်နေလို့
ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ..."ဒါကလည်း ဖြစ်သင့်
တယ်ပဲဆိုရမှာလားပဲ...အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ....
ရေးစရာရှိတော့ဘူး....."

၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက
"ကယ်.....မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့
ဟုတ်ဘူးလား...."

၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ
ကျွန်တော်တို့ရဲ့ ဖွဘွတ်ကြီးတဲ့ဗျာ...
"မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...."

၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာ
Facebook ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့
Texas Hold’em Poker လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင်
သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....
Fan Page အဖွဲ့ဝင်အများဆုံးပေါ့ ဗျာ.......

၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့
Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်.....
"အဲဒါမှ တေပီဆရာပဲ...လက်လန်တယ်.."

၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့်
မယ်ဆိုရင် တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကို
ဒါရိုက်ရောက်ရှိတယ်လို့ ပြောထားတယ်ဗျ...
"ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး
ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်...
ပြောခဲ့နော်...."

၁၈။ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက်
အလက်တွေကို Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀
ချီးမြင့်မယ်တဲ့....မနည်းလွန်းဘူးလားလို့...အဲဒါကြောင့်မို့လို့....
Hack တော့ပါဘူး...
" အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ်
လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေ
ရင်တစ်ဝက်ခွဲပေး..."

ကယ်....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ...
ဖတ်ရှုတဲ့ သူတွေကျေးဇူးအထူးတင်တယ်ဗျ..စလုံးပေါင်းမှားရင်လည်း
မျက်လုံးမှာ ဆင်ဆာစနစ်တပ်ပြီး ပြင်ဖတ်ပေးပေါ့ဗျာ....

ခွန်နေ(August Myanmar Media Group) http://bluenavyblog.blogspot.com/2013/07/facebook_5967.html

ရက်သတ္တသုံးပတ် ဆက်တိုက် ချောင်းဆိုးပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း သံသယရှိနိုင်၍ စစ်ဆေးမှုခံယူသင့်



၃၀-၇-၂၀၁၃

ရက်သတ္တ သုံးပတ်ထက် ကျော်၍ ချောင်းဆိုးနေသူ တစ်ဦး အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ စစ်ဆေး ကုသမှု ခံယူသင့်ကြောင်း အဆုတ် ကင်ဆာ ရောဂါ တိုက်ဖျက်ရေး အစီအစဉ် တစ်ခုက ထုတ်ပြန် ကြေညာသည်။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု ဖြစ်စဉ် ၃၈၀၀၀ အသစ်တစ်ဖန် နှစ်စဉ် ဖြစ်ပွားလျက် ရှိရာ ဖြစ်စဉ် ၇ ခုလျှင် တစ်ခုသာ စောစီးစွာ စစ်ဆေး စမ်းသပ် ကုသမှု ထိရောက်စွာ ခံယူကြောင်း သိရသည်။

အဆိုပါ စစ်ဆေး စမ်းသပ်မှု များတွင် ခွဲစိတ် ကုသမှု ၊ ရေဒီယို ဓာတ်ရောင်ခြည် ဖြင့် စမ်းသပ်မှုနှင့် ဓာတ်ကင်မှုများ ပါဝင်ကြောင်း သိရသည်။ အခြား ကင်ဆာ ဖြစ်ပွားမှု ပုံသဏ္ဍာန် အမျိုးမျိုးမှ အသက်ရှင် ကျန်ရစ်မှု နှုန်းမှာ လွန်ခဲ့သည့် နှစ်သုံးဆယ် ကာလအတွင်း သိသိသာသာ မြင့်တက် ခဲ့သော်လည်း အဆုတ်ကင်ဆာ ဖြင့် အသက်ရှင် ကျန်ရစ်မှု နှုန်းမှာ တစ်သမတ် လည်း ဖြစ်လျက် ရှိသည်။

ကင်ဆာရောဂါ ကြောင့် ကုသမှု ခံယူသူ ပျမ်းမျှ လူနာ တစ်ဦးသည် ၅ လ အချိန်ကာလ သာ အသက်ရှင် နေနိုင်ကြောင်း သိရသည်။ ၄င်းမှာ အင်္ဂလန် နိုင်ငံတွင် ကြောက်မက်ဖွယ် အကောင်းဆုံး သေဆုံးမှု ဖြစ်ပြီး ကင်ဆာရောဂါ ကြောင့် တစ်နှစ်လျှင် လူ ၂၈၀၀၀ ခန့် သေဆုံး နေသည်ဟု သိရသည်။ နှစ်စဉ် အသစ်တစ်ဖန် ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ် ၃၈၀၀၀ ကျော် ရှိသော်လည်း ရောဂါ ဖြစ်ပွားစ အစောပိုင်းတွင် ဆေးကုသမှု ခံယူသူ ၁၅ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။

ကျော်ဇင်ထွဋ်
( ၂၀၁၃ ခုနှစ် သြဂုတ်လထုတ် မြ၀တီရသစုံ မဂ္ဂဇင်း ပါ ကျန်းမာရေးရာ သတင်းပဒေသာ ကဏ္ဍ )


https://www.facebook.com/photo.php?fbid=449964941768009&set=a.3510477149930

ခြေစွယ်ငုတ်ခြင်း


Tuesday, July 30, 2013

ခြေမများတွင် အဖြစ်များသည်။

ခြေစွယ်များ နီရဲ၊ ရောင်ရမ်း၊ နာကျင် လာတတ်သည်။ ခြေသည်း ညှပ်စဉ် ကျန်ခဲ့သော ခြေသည်း စွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ် ၀န်းကျင်တွင်၊ ရောင်လာ တတ်သည်။ တစ်ခါတစ်ရံ ပြည်တည် လိုက်လာသည်။ ခြေသည်း ညှပ်ရာတွင် ခြေစွယ် ကျန်ခြင်းနှင့်၊ ရှုးဖိနပ် ကျပ်ကျပ် စီးသည့် အခါ၊ ခြေချောင်းဖျားများ စုညှစ် ခံထားရခြင်း တို့မှာ ခြေစွယ်ငုပ် စေသောအရင်းခံ အကြောင်းများ ဖြစ်ကြ ပါသည်။

ဆရာဝန်နှင့်အရင်ပြရန်

ခြေစွယ်ပိုးဝင်၊ ရောင်ရမ်း နေလျှင် ထိုသို့ ဝေဒနာ ရနေသူတွင် ဆီးချို၊ သွေးကြောကျဉ်း ရောဂါ စသည်တို့ ရှိလျှင်။

မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ

ခြေစွယ်ငုပ်မှန်း စောစီးစွာ ခန်.မှန်း သတိထား မိပါက အောက်ပါတို.ကို ဆောင်ရွက်ခြင်းဖြင့် ခြေစွယ်ငုပ် ဝေဒနာပိုဆိုး မလာအောင် ဟန်.တား ပေးထား နိုင်သည်။

ခြေစွယ် ငုပ်နေသော ခြေထောက်ကို ရေနွေးထဲ ဆားရည် နွေးနှစ်ဇွန်း၊ သုံးဇွန်း ထည့်မွှေ ထားသော ဆားရည် နွေးဖြင့် တစ်ခါစိမ် ဆယ်မိနစ်ခန်.ကြာ တစ်နေ. နှစ်ကြိမ် ပုံမှန် စိမ်ပေးပါ။ နာနေ၊ ရောင်စ ပြုနေသော ပလာစတာ ကပ်ထားပါ။

ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။

ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။

ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။

ကာကွယ်ခြင်း

အကောင်းဆုံး ကာကွယ်နည်းမှာ ခြေထောက်ကို ဂရုစိုက် နည်းသာ ဖြစ်ပါသည်။ နေ.စဉ် ခြေဆေးပါ။ ခြေဆေးပြီးနောက် ရေစင်အောင် သုတ်၊ ရေခြောက်အောင် ထားပါ။ ရှေ.ဘက်တွင် ခြေချောင်းလေး များကို စုညှစ် ထားတတ်သည့် ဖိနပ်၊ ဦးချွတ်၊ ဒေါက်မြင့်၊ ဖိနပ် စသည်တို. မစီးသင့်။ ချည်ထည် ခြေစွပ်၊ စကော့ကင် များကိုသာ ၀တ်ပါ။ နေ.စဉ် လဲပါ။ ခြေဦးပိုင်း ဖွင့်ထားသော ခြေစွပ်၊ စကော့ကင်များ ၀ယ်၍ ရသည်။ ယင်းအမျိုး အစားကို အသုံးပြုပါ။

ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။

ခြေသည်းညှပ်နည်း

(၁)ခြေသည်း မညှပ်မီ ခြေသည်းနူး၊ ပျော့သွား စေရန် ရေနွေး ဇလုံထဲတွင် ဆယ်မိနစ်ခန်. စိမ်ထားပါ။

(၂)တုံးသော ခြေသည်းညှပ်၊ ဓား၊ ကပ်ကြေးတို. မသုံးသင့်။ တစ်ခါ ညှပ်လျှင် တစ်ချက်တည်း ပြတ်မည့် ခြေသည်းပြတ်မည့် ခြေသည်းညှပ်ကို သုံးပါ။ ခြေသည်းကို ကွေး ၀ိုက် ညှပ်သွားပါ။ ထောင့်ဘက်များကို ဂရုစိုက် ညှပ်ပါ။ ထောင့်ဘက်ဖျား များကို တစဉ်း တိုက်ပါ။

(၃)ခြေစွယ် ကုပ်နေလျှင်၊ ခြေသည်းညှပ်၊ ဓား၊ ကပ်ကြေး စသည်တို.ကို ဇွတ်ထိုး မထည့်ရ။ ရေနွေး စိမ်ပြီးခြေသည်း နူးညံ့ နေချိန်မှာ ထိုခြေစွယ်ကို ညှပ်ပါ။ မာခေါက် ကွေးကုပ် နေသော ခြေစွယ်အောက်သို. မည်သည့် အရာမှ ထိုးမ သွင်းရ။


https://www.facebook.com/photo.php?fbid=449971101767393&set=a.351047714993066.

ဒီဇိုင်းလှလှမြန်မာဖောင့် 300 ကျော် ဒီမှာရပြီနော်


စာစီစာရိုက် လုပ်ငန်းလုပ်သော သူငယ်ချင်းများအတွက်သော မြန်မာစာလုံးဖောင့်
လှလှလေးတွေက အလွန်အရေးကြီးပါတယ်။ဖိတ်စာဆိုရင်လည်း ဖိတ်စာလှလှလေးရတာပေါ့
လုပ်တာချင်းတူပေမယ့် စာလုံးဖောင်းလှပသေသပ်မှုက အမှတ်ပေးသွားမှာပါ။
မြန်မာစာလုံးဖောင့်တွေကို စုံလင်အောင်ရှာဖွေစုစည်းတင်ပြလိုက်ပါတယ်
သူငယ်ချင်းတို့ အဆင်ပြေပါစေနော်......
 
 

"နောင်တတစ်ဖန်ပူပန်ခြင်း(ကုက္ကုစ္စအကြောင်း)"


•••••••••••••••••••••••••••••••••••••
နောင်တ တစ်ဖန်ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။
ထို့ကြောင့် “ကုက္ကုစ္စ” နောင်တတစ်ဖန် ပူပန်ထန်ပြင်း”ဟုဆိုခဲ့သည်။ချဲဦးအံ့။

ဤကုက္ကုစ္စ၏ နောင်တရမှုသည် “အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွ “ဟုလည်းကောင်း၊ကုသိုလ်မပြုမိ၍
“မပြုမိတာ မှားလေစွ”ဟုလည်းကောင်း နောင်တရခြင်း(၂)မျိုးရှိ၏။

"နောင်တရပုံ"
--------------
“ဒု-သ-န-သော”ဟု အများပြောကြသော အများပြောကြသော သူဌေးသားလေးယောက်သည် လူဘဝ၌ ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ရာ ပစ္စည်းအလုံအလောက် ရှိကြပါလျက်
ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ထိုနောက် “လောဟကုမ္ဘီ” သံရည်ပူငရဲ၌ကျကာ အနှစ်ခြောက်သောင်းကြာမှပေါ်လာ၍

♦“ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြတယ်နော်”ဟုပြောလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ “ဒု” ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ဤသူ၌ ကုသိုလ်ကောင်းမှု မပြုမိ၍ နောင်တ ရသော ကုက္ကုစ္စဖြစ်သည်။

♦အခြားတစ်ယောက်ကလည်း “ငါတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာမဟုတ်ပါဘူး၊လူ့ဘဝတုန်းက မကောင်းမှုကို ငါတို့ပြုခဲ့ကြတယ်နော်”ပြောလိုရင်းစကားဆုံးအောင်
မဟနိုင်ဘဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ဤသူ၌ အကုသိုလ်ကို ပြုမိ၍ နောင်တရသော ကုက္ကုစ္စ ဖြစ်သည်။

♦ ဤသို့ နောင်တရမှု နောက်တစ်ဖန်ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည်မဟုတ်ပါ။
ယခု ဘဝမှာလည်း ထိုသို့ပူပန်တတ်သည်။အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲ တွင်သာမက
ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်တတ်လေသည်။

"နောင်တမရသင့်ပုံ"
-------------------
အကုသိုလ်ကိုပြုလုပ်ပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ကုက္ကုစ္စအကုသိုလ် အသစ်ပင် တိုးလာပါသေး၏။

ထို့ကြောင့် နောင်တတစ်ဖန် ပူပန်မနေဘဲ ပြုပြီး သမျှ အကုသိုလ်များ နောင်အခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုးကို နောက်ထပ် မဖြစ်စေရန် သတိထားပြီး ရှောင်ကြဉ်ရမည်။

ထိုသို့လွန်ပြီးသော အကုသိုလ်မျိုး “ငါ့မှာ နောင်အခါမဖြစ်ရ” ဟု စိတ်ပါ လက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ်(သိပ်မကြီးကျယ်လျှင်) အကျိုးမပေးဘဲ ပပျောက်သွားတတ်ကြောင်းကို(မဟာဝဂ္ဂသံယုတ်) ၌ ဟောတော်မူသည်။

"အချိန်ရှိခိုက်လုံးလစိုက်"
-----------------------------
ငယ်စဉ်အခါသည် ပညာ၊ဥစ္စာ၊ကုသိုလ် ဤသုံးမျိုးကို မိမိဥာဏ်ရှိသလောက် လိုချင်သလောက် ရှာရမည့် အခါ ရှာဖို့ရန် အခွင့်အလမ်းသာသော အခါဖြစ်၏။”မိုးကုန်မှထွန်ချ”လျှင် အကျိုးရ နည်းရုံသာမက လုံးလုံး မရဘဲလည်းရှိတတ်သည်။သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း

“ကုသိုလ်ကို မပြုမိတာ မှားပေါ့” ဟုနောင်တမဖြစ်သင့်။
အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူ
များစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။

"တမ္ဗဒါဌိက" မည်သော အဘိုးအိုကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကိုထမ်းလာခဲ့၏။ကောင်းစွာ သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာနှင့်တွေ့၍ တရား နာရာတွင် သူလုပ်ခဲ့သော
အပြစ်နှင့် ယခုတရားသည်အလွန်ကွာခြား၍ နေသောကြောင့်
တရားတော်၌ စိတ်မဝင်စားနိုင်ဘဲ ရှိလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာက သိတော်မူ၍
“ဒါယကာ အသင်သတ်ချင်လို့ သတ်တာလား အသက်မွေးမှု အတွက် မလွှဲသာ၍ ဘုရင်ကသတ်ခိုင်းလို့ သတ်တာလား”ဟု မေးတော်မူလေရာ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ။ရှင်ဘုရင်က ခိုင်းလို့သတ်ရပါကြောင်း”ဟု လျှောက်လေလျှင်
“သည်လိုဆိုလျှင် အပြစ်ရှိလေသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီး နောက်ဆက်လက်၍ တရားဟောတော်မူသောအခါ
“ငါ့မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင်
တရားကို စိတ်စိုက်နာရင်း
“စူဠသောတာပန်(သောတာ ပန်အငယ်)”ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။

(ဤဝတ္ထု၌ ရှင်ဘုရာင်က ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။
သို့သော် စိတ်သက်သာရာရအောင် ပရိယာယ်ဖြင့်မေးတော်မူခြင်းဖြစ်သည်။)

ထိုအဘိုးအိုကြီး၌ ပါဏာတိပါတ အပြစ်တွေ များစွာရှိနေသည်ကား မှန်၏။သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်။

ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့်
နတ်ပြည့်သို့ ရောက်ရလေသည်။အကယ်၍သာ
သူတစ်ပါးအသက်သတ်ခဲ့တဲ့ အကုသိုလ်အပေါ်၌ နောင်တတစ်ဖန် ပူပန်မှုဆိုတဲ့ ကုက္ကုစ္စစွဲ၍ သေပါမူ အပါယ်လေးပါးသို့ ရောက်ရုံသာရှိတော့သည်။ထို့ကြောင့် ကုက္ကုစ္စတရားကိုမစွဲလန်းသင့်ကြောင်းထင်ရှားလှ ပါသည်။သေခါနီးအချိန်မှာပို၍ပင်ဆင်ခြင်သင့်ပါသည်။

သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီးသော အကုသိုလ် အတွက်လည်း
မပူပန်ရ။ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တမဖြစ်ကြစေဘဲ ပြခဲ့သောနည်းဖြင့် အကုသိုလ် အသစ်မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့် လှကြောင်း အသိပေးရေးသားလိုက်ရပါသည်။

မှတ်ချက်။ ။အရှင်ဇနကာဘိဝံသ(ကိုယ်ကျင့်အဘိဓမ္မာစာအုပ်)မှ
ကောက်နှုတ်ချက်ဖြစ်သည်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

- [အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)]

Dhamma Danã Source ►
youngbuddhistassociation
 

လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး





လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ် ပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာတွေ ကြောင့်လည်း ဖြစ်စေ နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသော်လည်း ပန်းဂေါ်ဖီစိမ်းနဲ့ နို့စတဲ့ အစားအစာ တချို့ကြောင့် လေပွခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ သက်သောင့် သက်သာ မရှိဘဲ မအီမသာ ဖြစ်စေပါ တယ်။ ဒီမှာတော့ လေပွခြင်းကိုဖြစ်စေတဲ့ အစားအစာ ၆ ခုကို ဖော်ပြ ထားပါတယ်။

(၁) ပန်းဂေါ်ဖီစိမ်း

ဗီတာမင်တွေ၊ အမျှင်တွေ အပြည့် ပါသော်လည်း ပန်းဂေါ်ဖီစိမ်းက လေပွခြင်းကို ဖြစ်စေ ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို ဖြည်းဖြည်းချင်း စားခြင်းဖြင့် အစာခြေစနစ်အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပါ။

(၂) သဘာဝမဟုတ်တဲ့ အချိုတွေ

ကယ်လိုရီ မတက်စေသော်လည်း လေပွခြင်းကိုဖြစ် စေတဲ့ သကြားဓာတ် အယ်လ်ကိုဟော တွေ ပါဝင် ပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်တဲ့ အချိုတုတွေ စားသုံးခြင်း ကို လျှော့ချပါ၊ ဒါမှမဟုတ် လုံးဝ ရှောင်လိုက်ပါ။

(၃) ပီကေဝါးခြင်း

ပီကေဝါးခြင်းက အစာကြေစေပြီး သွားတွေကို ဖြူစေသော်လည်း အပိုလေတွေကို အစာခြေ စနစ် လမ်းကြောင်းထဲသို့ မျိုချမိသလိုဖြစ်စေပါတယ်။ ဒါကြောင့် ပီကေ ကို ဖြည်းဖြည်း ဝါးပြီး
အပိုလေတွေ ဝင်လာမှု လျှော့ချပါ။
 
(၄) ပန်းဂေါ်ဖီ

အရသာရှိပြီး ကျန်းမာစေတဲ့ ပန်းဂေါ်ဖီဟာ အရမ်း ကောင်းတဲ့ ဟင်းသီး ဟင်းရွက်ဖြစ်ပြီး တစ်နှစ် ပတ်လုံးလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဟင်းသီး ဟင်းရွက်က ဗိုက်ထဲမှာ စူးစူး အောင့်အောင့် ဖြစ်တဲ့ ဝေဒနာမျိုး ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေ သက်သာစေဖို့ တဖြည်းဖြည်းချင်း ဝါးစားပါ သို့မဟုတ် ရှောင်ကြဉ်ပါ။

(၅) ကာဗွန်ထည့်ထားတဲ့ ဖျော်ရည် အမျိုးမျိုး

တချို့နာမည်ကြီး ဆိုဒါတွေက အစာခြေခြင်းမှာ ကူညီသော်လည်း လေပွခြင်းကိုလည်း ဖြစ်စေ နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ် လမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အမြှုပ်တွေပါတဲ့ အရည်တွေ သောက်ခြင်းကို ကန့်သတ်ပါ။

(၆) နို့

ဗီတာမင်တွေ၊ အာဟာရတွေ အများကြီးပြည့် နေသော်လည်း နို့က လေပွခြင်းကို ဖြစ်စေတဲ့ အဓိက အစား အစာတစ်ခုပါ။ Lactose နို့၊ သကြား မပါတဲ့ နို့ဒါမှမဟုတ် Almond နို့ကို သောက်ခြင်းဖြင့် နို့ရဲ့အရသာ မပျောက် စေဘဲ သောက်သုံး နိုင်ပါတယ်။

Ref:Health Digest
 http://www.myawady.com.mm/health/preventing/item/6194-2013-02-05-10-58-51

သင့် ကျန်းမာရေး (အစာအိမ်နာ ပိုး)




ဒေါက်တာ လွင်သန့် (ဆေး-၂)

အစာအိမ်နာများ ယခင်အခါက ခွဲစိတ်ကုသဖို့ သို့မဟုတ် နာတာရှည် အစာအိမ်နာ အဖြစ် သတ်မှတ်ကာ စားဆေး လက်မလွှတ်ရအောင် ဆေးခန်း၊ ဆေးရုံ ခပ်စိပ်စိပ် သွားပေးရတဲ့ ရောဂါမျိုးဟာ အစာအိမ်အနာ ဖြစ်အောင် အစာအိမ် ရောဂါပိုး ဟယ်လိုကို ဘက်တာပိုင်လိုရီ (Helicobacter Pylori) ကြောင့် ဖြစ်ရကြောင်း တွေ့ရှိ လာကြပါတယ်။ သူတို့ဟာ အလွန်သေးငယ်တဲ့ ဗက်တီးရီးယား ပိုးလေးတွေ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၁ဝဝဝ ကျော် ကတည်းက အီဂျစ် မံမီဆေးစိမ် အလောင်းများမှာ တွေ့ခဲ့ရတယ်။ အစာအိမ်ပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကဲ့သို့ ကင်ဆာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ (Class Carcinogen) အဖြစ် သတ်မှတ် လာကြတယ်။ ၁၉၈၃ ခုနှစ်မှာ ဒေါက်တာ ဂျေးရော်ဘီဝါလင်နဲ့ ဒေါက်တာ ဘယ်ရီဂျေမော်ရှယ် တို့က အစာအိမ်ပိုးကို စတင် တွေ့ရှိပြီး ၂ဝဝ၅ ခုနှစ်က ဆေးပညာ နိုဘယ်လ်ဆု ရခဲ့ပါ တယ်။

မသန့်ရှင်းတဲ့ ရေ၊ မသန့်ရှင်းတဲ့ အစားအစာ၊ တံတွေး၊ လူရဲ့ မစင်တို့ကနေ ကူးစက်တတ်တယ်။ အသက်အ ရွယ်ကြီးသူတွေ၊ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ တစ်အိမ်ထဲ လူအများ စုပေါင်းနေထိုင်တဲ့ မိသားစုတွေမှာ ရောဂါပိုး ပိုမို တွေ့ရှိနိုင်တယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ အသက်အရွယ် အမျိုးမျိုး၊ ဘာသာ အမျိုးမျိုး၊ ကျား၊ မ၊ ကလေး၊ လူကြီးမရွေး အစာအိမ်ရောဂါပိုး တွေ့ရတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများရဲ့ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော်နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ လူဦးရေ (၇ဝ-၉ဝ) ရာခိုင်နှုန်းမှာ အစာအိမ်ရောဂါပိုး တွေ့ရှိ ရတယ်။ လက်နဲ့ နယ်ထားတဲ့ အစာများ၊ ယင်နားစာများ၊ မသန့်ရှင်းတဲ့ အစာများ၊ ချဉ်ဖတ်၊ လမ်းဘေးအကင် ချောင်းများမှာ အစာအိမ်ပိုးကို ပိုမို တွေ့ရှိရတယ်။ လက်ဖက်ရည်ကြမ်း (Green Teas) ၊ ဝိုင်အနီ (Red wine) ၊ လတ်ဆတ်တဲ့ ဒိန်ချဉ်တို့ဟာ အစာအိမ် ရောဂါ ပိုး ပြန့်ပွားခြင်းကို
တားဆီးနိုင်တယ်။

    အစာအိမ် ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေက အူသိမ်ဦးပိုင်း အနာ၊ အစာအိမ် အမြှေးပါးရောင်ခြင်း ၊ အစာအိမ်နာ၊ အစာမကြေ ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ၊ အစာအိမ်ကင်ဆာ၊ အစာအိမ် သားငံရည်ကျိတ် ကင်ဆာနှင့် သွေးမြွှာဥ အားနည်းရောဂါတွေ ဖြစ်တတ်ပါတယ်။ အခြား ဖြစ်နိုင်တဲ့ ရောဂါ တွေက သွေးအားနည်း ရောဂါ၊ အင်ပျဉ်ထခြင်း၊ အရေပြား ယားယံခြင်း၊ အရေပြား အကြေးခွံ ထခြင်း၊  နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင် ရောဂါ၊ ဝက်ခြံ၊ အသည်းရောဂါ၊ ခြေထိပ်၊ လက်ထိပ် သွေးမရောက် ရောဂါနဲ့ အခြားရောဂါများ လည်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများ အရ အစာအိမ်ရောဂါပိုးဟာ ဆင့်ကဲဖြစ်စဉ်အရ ပကတိ ကျန်းမာတဲ့ အစာအိမ် အမြှေးလွှာမှာ အစာအိမ်ရောဂါပိုး ကူးစက် ဝင်ရောက်ပြီး ရုတ်ချည်း အစာအိမ်ရောင်ကာ နာတာရှည် အစာ အိမ်ရောင်ရမ်းနာ ဖြစ်တယ်။

အဲဒီက တစ်ဆင့် အစာအိမ် အမြှေးလွှာ ဆဲလ်များ ကင်ဆာအဖြစ် အဆင့်ဆင့် ကူးပြောင်းသွားပြီး  အစာအိမ် ကင်ဆာ ကနဦးအဆင့် အချိန်မီ (ခွဲစိတ်) ကုသ၍ ရသေးတဲ့ အဆင့်မှ အချိန်မီ မသိရခြင်း၊ မကုသ၍ ရောဂါ ကျွမ်းတဲ့ အစာအိမ်ကင်ဆာနာ ဖြစ်လာတတ်တယ်။ အစာအိမ်ရောဂါပိုး ကူးစက်ခံရပြီးသူဟာ ကုသမှု မခံရပါ ကရောဂါဟာ တစ်သက်လုံး ရှိနေမှာဖြစ်ပြီး အခြားသူတွေကို ကူးစက်နိုင်ခြင်း၊ ရောဂါဆင့်ကဲ ဖြစ်နိုင်ခြေ များခြင်းဖြစ်တယ်။ လူအများစုမှာ ရောဂါပိုး ကူးစက်ပေမဲ့ ဘာလက္ခဏာမှ မပြဘူး။

အစာအိမ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အစာမကြေရောဂါ ရှိသူများ၊ အစာအိမ်နာ၊ အူသိမ်အနာ ရှိသူတွေ၊ အစာအိမ်ကင်ဆာ သံသယရှိသူတွေ၊ အစာအိမ်ကင်ဆာ လူနာရဲ့ မိသားစုနဲ့ ဆွေမျိုးတွေ၊ သွေးအားနည်း ရောဂါ ရှိသူတွေ၊ သွေးဖြူဥနည်းတဲ့ လူနာတွေဆိုရင် ရောဂါ စစ်ဆေးသင့်ပါတယ်။  ။

 http://www.myawady.com.mm/library/stories/healthstories/item/20585-2013-07-26-1
Related Posts Plugin for WordPress, Blogger...