စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကန်ဒေါ်လာ ၂သိန်းကျော်တန် Aple ကွန်ပြူတာကို အမှိုက်ပုံတွင် တွေ့ရှိ



၁၉၇၆ ခုနှစ်တုန်းက ကမ္ဘာ့ပထမဆုံး Apple ကွန်ပြူတာကို မိတ်ဆက်ခဲ့ပြီး တစ်လုံးကို အမေရိကန်ဒေါ်လာ ၆၆၆ ဒေါ်လာနဲ့ Apple က ရောင်းချခဲ့ပါတယ်။ အရေအတွက် သိပ်အများကြီး မထုတ်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တစ်ဝိုက်မှာ နေထိုင်သူတို့ ဝယ်ဖြစ်ခဲ့ကြ ပါတယ်။

ယင်း Bay area မှာပဲ နေထိုင်တဲ့ အသက် ၆၀ ကျော် အဖွားအို တစ်ဦးဟာ သူမရဲ့ ဂိုဒေါင်ကို ရှင်းတုန်း ကွန်ပြူတာကို တွေ့ရှိပြီး ယခုလို အမှိုက်ပုံတည်းကို လွယ်တကူ ပစ်ခဲ့ပါတယ်။ အမှိုက်ရှင်းတဲ့ လူ အနေနဲ့ ဒါကို မြင်မြင်ချင်း မယုံနိုင်ပေမယ့် နောက်တော့ Apple 1 လို့အမည်ရတဲ့ ပထမဆုံး Apple ထုတ် ကွန်ပြူတာ ဖြစ်တယ်ဆိုတာကို သိလိုက်ပါတယ်။ ယင်း ကွန်ပြူတာဟာ ဈေးကွက်မှာလည်း မရှိတော့ပါဘူး။ ပြတိုက်ပေါ်တွေ ရောက်နေပါပြီ။ ပိုင်ဆိုင်သူများ အနေနဲ့ အမေရိကန်ဒေါ်လာ ၂ သိန်း ကျော်မကနဲ့ လေလံအောင်နေတဲ့ ပစ္စည်း ဖြစ်ပါတယ်။

အမှိုက်ပုံရှင်းလင်းတဲ့ ဝန်ထမ်းအနေနဲ့ ယင်း ကွန်ပြူတာကို ရောင်းချပြီး ယင်းထဲမှ အမေရိကန်ဒေါ်လာ ၁ သိန်းကို အဖွားအိုကို ရှာဖွေ ပေးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: metro
အောင်ခမ်း

http://www.innewsmyanmar.com/?p=1502

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...