စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

မနူးနှပ်ခင် မခူးစားပါနဲ့။ ပညာ မစုံသေးပဲ ပညာသင်ခြင်း မရပ်တန့် ပါနဲ့





သရက်သီးကို မမှည့်ခင် စားတဲ့ သရက်သီး နုနုလေးများကို ငပိရေနဲ့ တို့စား ကြပါတယ်။ ဗူးသီးဆိုလည်း လက်ချောင်း တစ်ချောင်းစာ အရွယ် ငယ်စဉ် ကတည်းက ခူးပြီးတော့ စားကြပါတယ်။ အကယ်၍ သရက်သီးကို အရွယ် ကြီးတဲ့ အထိ ထားပြီး မှည့်မှ စားတော့ကော နှစ်ယောက်၊ သုံးယောက် စားလို့ ရတာပေါ့။ ဗူးသီးဆိုလည်း ဟင်း တစ်ပွဲစာ ရပါလိမ့်မယ်။ ဒါပေမယ့် အနု၊ အသေး၊ ငယ်ရွယ်တဲ့ အသီးတွေမှာလည်း သူ့ အရသာနဲ့ သူ အရည်ချင်း ရှိပေသကိုး။

လူ့လောက လူ့ဘဝမှာလည်း ဒီလိုပါပဲ။ နုနုနယ်နယ် ခူးစားတတ်တဲ့ အကျင့်ဟာ အသီး၊ အရွယ် တွေမှာတင်မက မိမိရဲ့လက်တွေ့ ဘဝမှာလည်း ရှိတတ် ပါတယ်။ အချို့လူငယ်တွေဟာရင်ဖြင့် ပညာ ပြည့်စုံအောင် မသင်သေးပဲ လုပ်ငန်းခွင်ကို စောဝင်ချင်တာမျိုး ရှိတယ်။ အချို့ကျတော့ ပညာစုံပြီထင်ပြီး ပညာ သင်ကြားမှု ရပ်တန့်လို့ လုပ်ငန်းခွင် ဝင်ကြ ပါတယ်။ ၁၀၀ ဖိုး တတ်ထားတဲ့ ပညာက ၁၀၀ ဖိုးပဲ ရလဒ် ရစေပါလိမ့်မယ်။ ဘွဲ့မရပဲ အလုပ်ဝင်ရင် ဘွဲ့မရလို့ပါ ဆိုပြီးတော့ ရေဘုယျအားဖြင့် နိမ့်ချလို့ ဆက်ဆံ ငွေပေးကြ ပါတယ်။ ဘဝ ကြောင်းကံ အမျိုးမျိုးကြောင့် မိမိဟာ ဗူးသီး နုနယ်စဉ် အခူးစားခံရသည် ဖြစ်စဉ် မိမိကိုယ်တိုင် အခူးခံလိုက်သည် ဖြစ်စေ နောက်မကျသေး ပါဘူး။ ငှက်ပျောသီးတောင် မမှည့်ခင် ခူးမိရင် မှည့်အောင်ဆိုပြီးတော့ တောင်းထဲမှာ ဖုံးအုပ်ပြီး ထည့်ထားရင် မှည့်သွားတတ်သေးတာပဲ။

မိမိ အနေနဲ့ ပညာတောင်ပံ မစုံသေးရင် အလုပ် လုပ်နေရင်း တစ်ဖက်ကနေ ပညာကို ဖြည့်ဆည်းဖို့ မမေ့ ပါနဲ့။ လက်ဘက် ကောင်းကောင်း စားချင်လျှင် ပလောင် တောင်တက် နှေးရသည် ဆိုတဲ့ စကားပုံလိုပဲ ဘဝမှာ အဆင့်မြင့်တဲ့ အခြေအနေ တစ်ခု၊ တိုးတက် အောင်မြင်တဲ့ အခြေအနေ တစ်ခုကို ရချင်လည်း နှေးနှေးနဲ့ မှန်မှန်၊ သွားတတ်ဖို့ လိုအပ် ပါတယ်။ စိတ်မလော ပါနဲ့။ စိတ်လည်း မပျက်ပါနဲ့။ အသက် ၃၀ ကျော်သွားလျှင်တောင် သင်မနောက်ကျ သေးပါ။ အသက် ၃၀ အောက်ဆိုရင် သင့်မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အချိန်တော့ မဆွဲပါနဲ့။ ဥမပေါက်ခင် ကြက်ဥများကို ခွဲစားနေမယ့် အစား၊ အကောင် ပေါက်ပြီး ကြီးပြင်းတဲ့ အထိ မွေးမြူပါ။ မိမိရဲ့ တတ်သလောက် မှတ်သလောက် ပညာနဲ့ အလုပ်လုပ် အသက်မွေးနေမယ့်အစား အားလပ်ချိန် အချိန်ကို ဖဲ့ပြီးတော့လည်း ပညာအသစ်များ ရဖို့ မွေးမြူ ထိန်းကျောင်းပါ။

ဒါတွေဟာ စာရေးသူ ဘဝရဲ့ ထပ်တူရင်းပြီး သိလာတဲ့ အသိဖြစ်တာကြောင့် လူတိုင်း ယင်း အသိဝင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

အင်္ဂလိပ်စာနှင့် ပတ်သက်၍ အများစုမသိကြသောအချက်များ


၁။ လူသန်းပေါင်း ၁ ထောင်ကအင်္ဂလိပ်လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။
၂။ ကွန်ပျူတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။
၃။ 'I', 'We', 'Two', 'Three' စတဲ့အင်္ဂလိပ်စာလုံးတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးဖြစ်ပါတယ်။
၎။ သရမပါတဲ့အရှည်ဆုံးအင်္ဂလိပ်စာကလုံးက 'Rhythms' ဖြစ်ပါတယ်။
၅။ ၉၈ မိနစ်တိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့စကားလုံးအသစ်တစ်လုံးကိုတီထွင်ကြပါတယ်။
၆။ သတို့သမီး 'Bride' ဆိုတဲ့စကားလုံးဟာ ပရိုတိုဂျာမန်စကားလုံးဟောင်းတစ်လုံးကနေဆင်းသက်လာတာဖြစ်ပြီး ချက်ပြုတ်ရန် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။
၇။ အပေါင်စာချုပ် 'Mortgage' ဆိုတဲ့စကားလုံးဟာ ပြင်သစ်စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး သေခြင်းစာချုပ်လို့အဓိပ္ပါယ်ရတယ်လို့ဆိုပါတယ်။
၈။ အင်္ဂလိပ်စာကိုရေးသိမျှရဲ့ ၉၀ % ဟာ စာလုံး ၁၀၀၀ ကိုသာအသုံးပြုထားတာဖြစ်တယ်ဆိုပါတယ်။
၉။ အချိန် Time ဆိုတဲ့စကားလုံးဟာမကြာခဏအသုံးအများဆုံးစာလုံးဖြစ်ပါတယ်တဲ့။
၁၀။ အခြားစကားလုံးများထက် s နှင့် စသောစကားလုံးများမှာအများဆုံးဖြစ်သည်။
 

၁၁။ Nigeria တွင် UK ထက်အင်္ဂလိပ်စကားပြောတဲ့သူပိုများပါတယ်။
၁၂။ တစ်သံထွက်သောအရှည်ဆုံးအင်္ဂလိပ်စကားလုံးမှာ screeched ဖြစ်ပါတယ်။
၁၃။ ၁၉ ရာစုမတိုင်ခင်က သရုပ်ဆောင်များ Actors ဆိုသည့်စကားလုံးမဟုတ်ဘဲ သူတောက်ကောင်းယောင်ဆောင်သူများ Hypocrites ဖြစ်ပါတယ်။
၁၄။ အင်္ဂလိပ်ဘာသာတွင် အတိုဆုံးနှင့် ပြည့်စုံသောဝါကျမှာ Go ဖြစ်ပါတယ်။
၁၅။ LOL (Laughing Out Loud) ဆိုသောစကားလုံးကို ၂၀၁၁ တွင် Oxford အဘိဓာန်ကအသိအမှတ်ပြုထည့်သွင်းလိုက်ပါတယ်။
 

၁၆။ အက္ခရာတစ်လုံးကိုနှစ်ခါမထပ်ဘဲရွတ်ဆိုနိုင်သော အရှည်ဆုံးစကားလုံးမှာ uncopyrightable ဖြစ်ပါတယ်။
၁၇။ အရှည်ဆုံးစကားလုံးမှာ အက္ခရာ ၄၅ လုံးပါဝင်ပါတယ်။ pneumonoultramicroscopicsilicovolcanoconiosis ဖြစ်ပြီး ပြာများနှင့်သဲမှုန့်များကိုရှုရှိုက်မိရာမှဖြစ်ပွားသောအဆုတ်ရောဂါဖြစ်ပါတယ်။
၁၈။ month, orange, silver, purple စသောစကားလုံးများနှင့် ကာရန်ညီသောစကားလုံးများမရှိပါ။
၁၉။ သရငါးလုံးတစ်ဆက်တည်းပါသော စကားလုံးမှာ Queueing ဖြစ်ပါတယ်။
၂၀။ pronounciation ဆိုသောစကားလုံးဟာ အသံထွက်အမှားအများဆုံးသောစကားလုံးဖြစ်ပါတယ်။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.38

ရုပ်ရှင်ကြည့်ပြီး Englishစာတိုးတက်အောင်လုပ်နည်း

ပြင်သစ်အဘိဓာန်ကို ၉ပတ်နဲ့ အကျေအလည်မှတ်သားနိုင်တဲ့ နယူးဇီလန်နိုင်ငံသား



 

 ပြင်သစ်စကားလုံးဆက် ပြိုင်ပွဲမှာ နယူးဇီလန် နိုင်ငံသား နီဂယ်ရစ်ချက်က ပြင်သစ်ဘာသာ စကား အသုံးပြုတဲ့ ဂါဘွနိနိုင်ငံသားကို ကျော်ဖြတ်ပြီး
ဗိုလ်စွဲခဲ့ပါတယ်။ သူဟာ ၂၀၀၇ခုနှစ်နဲ့ ၂၀၁၁ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ အင်္ဂလိပ်စကားလုံးဆက် ပြိုင်ပွဲတွေမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သူပါ။

နီဂယ်ရစ်ချက်ဟာ အခုနှစ် အစောပိုင်းက သီတင်းပတ် ၉ပတ်အတွင်း ပြင်သစ်ဘာသာ အဘိဓာန်စာအုပ်ကို အကျေအလည် မှတ်သားနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဂါဘွန်နိုင်ငံသား ရီကာဝီကို နှစ်ပွဲပြတ် အနိုင်ရခဲ့တာပါ။

Nz ရိုးရာလေး
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/pb.171647766211817.-2207520000.14

အိမ်နောက်ဖေးမှာ တဲဆောက်နေပြီး အိမ်ရှင်ကို ကောလိပ် စာမေးပွဲ အောင်ရန် သင်ပေးနိုင်တဲ့ ကျောင်းသား




အသက် ၂၄ နှစ် အရွယ် ကနေဒါ နိုင်ငံသား Evan Eames ဟာ ကနေဒါမှာ တက္ကသိုလ်ပြီးတော့ မန်ချက်စတာမှာ မာစတာ တက်ဖို့ အကြောင်း ပါလာပါတယ်။ မန်ချန်စတာ ဆိုတာ ဗြိတိန်နိုင်ငံက မြို့ကြီး တစ်မြို့ ဖြစ်ပြီး လူသိများတဲ့ ပညာရေး မြို့တစ်ခုပါပဲ။ ငွေကြေးအားဖြင့် သူ့မှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့ သူဟာ အွန်လိုင်းကနေ အိမ်နောက်ဖေးမှာ တဲဆောက် နေနိုင်မယ့် အိမ်မျိုးကို ရှာဖွေခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သူ့ အိမ်နောက်ဖေးမှာ ဆောက်လို့ နေနိုင်ကြောင်း အကြောင်းပြန်ခဲ့ ပါတယ်။

အပေးအယူကတော့ ငွေကြေးဖြင့် မဟုတ်ပဲ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး အိမ်ပိုင်ရှင်ကို စာပြန်သင်ပေးရမှာ ဖြစ်ပါတယ်။ အမျိုးသမီး Charley ဟာ ပညာရေးမှာ နောက်နှေးပြီး ကောလိပ် တစ်ခုမှာ GCSE ဖြေရန် ခက်ခဲနေပါတယ်။ အဓိကကတော့ ရူပဗေဒ နဲ့ သင်္ချာမှာ ဖြစ်ပါတယ်။ ဒါကို သိတော့ Charley ဟာ မာစတာတန်း တက်မယ့် Evan ကို အိမ်နောက်ဖေးမှာ နေထိုင်ခွင့် ပေးလိုက်ပြီး ရူပဗေဒနဲ့ သင်္ချာကို ပြန်သင်ပေးစေပါတယ်။ Evan ဟာ ၁၀ လပဲ နေထိုင်မယ့်သူ ဖြစ်ပါတယ်။ သူ နေထိုင်စဉ် အတွင်းမှာလည်း Charley ကို စာပြန်သင်ပေးပြီး Charley ဟာလည်း GCSE ကို ပြန်လည် ဖြေကြား အောင်မြင်ခဲ့ပါတယ်။

Evan ဟာ အိမ်နောက်ဖေးမှာ နေစဉ် သူ့မှာ ချစ်သူလည်း ရှိပြီး သူ့ ချစ်သူကတော့ အိန္ဒိယ နိုင်ငံ ဇာတိ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ခြံဝိုင်းမှာ နေပေမယ့် သူတို့ရဲ့ Relation ကို မထိခိုက်စေခဲ့ပါ။ အခုတော့ Charley လည်း စာမေးပွဲ ပြီးပြီ Evan လည်း မာစတာတန်း ပြီးသွားပါပြီ။

ဒါကို ကြည့်တော့ ဘာကို သွားသတိရ သလဲဆို ပညာရှာရန် ရန်ကုန်နဲ့ အခြား မြို့ကြီးများပေါ်မှာ ခက်ခက်ခဲခဲ သွားရောက် နေထိုင် ကြတဲ့ မြန်မာ လူငယ်များ၊ ဘုန်းကြီးကျောင်းသားများကို ပြေးမြင်မိပါတယ်။ အဓိကနဲ့ သာမည ခွဲခြားတတ်မှု ဖြစ်ပါတယ်။ ပညာရှာတဲ့ ရည်ရွယ်ချက်က ဘဝ ဝမ်းစာ ပူလုံရန်ကနေ စတာဖြစ်ပေမယ့် မရခင်လေးမှာ ခက်ခဲတဲ့ ဘဝကို ကြံ့ကြံ့ခံကြရမှာပဲ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/927033110673275

အင်္ဂလိပ်စာ လေ့လာကြမယ်(meanings)

ဒါကတော့ ကျနော်စုဆောင်းထားတဲ့ meanings လေးတွေပါ အသုံးဝင်မယ်ထင်ပါတယ်
အားလုံးအဆင်ပြေကြပါစေဗျာ
ပြည်စစ်အောင် (MCTI-9)




https://www.facebook.com/permalink.php?story_fbid=1474845822808306&id=1458787257

ဟင်းသီး ဟင်းရွက် အခေါ်အဝေါ်များ



၁။ ချဉ်ပေါင်ရွက် = Sour green, Roselle, Sorrel kenaf
၂။ ဂေါ်ရခါးသီး = Chayote/ Marrow/ Chaico
၃။ ဂေါ်ဖီထုပ် = Cabbage
၎။ ကညွတ် = Asparagus
၅။ ဟင်းနုနွယ် = Spinach
၆။ ခရမ်းသီး = Egg plant
ရ။ မျှစ် = Bamboo shoot/ elephant bamboo shoot
၈။ ဌက်ပျောပင် = Banana Stem
၉။ ပဲပြား = Bean Curds
၁၀။ ပဲပင်ပေါက် = Bean Sprouts
၁၁။ ခရမ်းချဉ်သီး = Tomato
၁၂။ ဗူးခါးသီး = Gourd
၁၃။ ဘူးသီး = Calabash
၁၄။ ကြက်ဟင်းခါးသီး = Bitter grout/ karalla fruit
၁၅။ မုန်လာဥနီ = Carrrot
၁၆။ မုန်လာဥဖြူ အကြီး = White radish, turnip
၁ရ။ ပန်းဂေါ်ဖီ = Cauliflower
၁၈။ မုန်ညှင်းဖြူ = Chinese Cabbage
၂၀။ သခွာသီး = Cucumber
၂၁။ သခွားသီးအငယ်စား = Gherkin
၂၂။ ကျောက်ဖရုံသီး = White Pumpkin
၂၃။ ရွှေဖရုံသီး = Yellow Pumpkin
၂၄။ ရုံးပတီသီး = Okra, Lady’s Finger
၂၅။ ခ၀ဲသီး = Ridged-gourd/ Ribbed gourd
၂၆။ ကြောင်လျာသီး = Trumpet flower fruit 0r Indian trumpet tree
၂ရ။ ဒညင်းသီး = Daga, Danvo fruit, Fithio clobium
၂၈။ ဒန့်ဒလွန်သီး = Drumstick
၂၉။ ရွှေပဲသီး = Green peas, snow peas
၃၀။ ဘိုစားပဲ = French Bean
၃၁။ ပဲစောင်းလျာသီး = Goa bean/ winged bean
၃၂။ ပဲကြာဇံ = Vermicelli
၃၃။ ဆန်ကြာဇံ = Rice Noodle
၃၄။ မြင်းခွာရွက် = Indian penny wort leaf
၃၅။ ကိုက်လန် = Chinese Kale
၃၆။ ကန်စွန်းရွက် = Water Spinach/ Water convolvulus
၃ရ။ ကစွန်းဥ = sweet potato
၃၈။ စိမ်းစားဥ = White potato
၃၉။ ပဲမြစ် = Gea Beam roots
၄၀။ ဂျူးမြစ် = Leek Roots
၄၁။ အာလူး = Potato
၄၂။ ပြောင်းဖူး = Corn
၄၃။ မုန်ညှင်းရွက် = Mustard leaf
၄၄။ ဆလပ်ရွက် = Salad
၄၅။ ရေမုန့်ညှင်း = water cress
၄၆။ မှို = mushroom
၎ရ။ ငရုတ်သီးပွစိမ်း = Green Pepper
၄၈.ဆူးပုပ်ရွက် = concinna leaves (or) concinna leaves
၄၉.ပဲကြီး = lablab bean
Credit: Shwe Eain Si


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

ကျောင်းကောင်းဆိုတာ


- ကျောင်းကောင်းဆိုတာ ကိုယ့်ကျောင်းသားတွေကို ဂရုစိုက်တဲ့ ကျောင်းမျိုးဖြစ်ရမယ်။ ကျောင်းမှာ ရှိတဲ့ ကျောင်းသားတွေ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ သင်ပေးဖို့လိုမလဲဆိုတာ သိရမယ်။ ကိုယ့် ကျောင်းကို လာတက်တဲ့ကျောင်းသားတွေကို သင်ယူမှုမှာ စိတ်ဝင်စားအောင်၊ အားထုတ်မှုမှာ မြင့်မား လာအောင် လှုံ့ဆော်အားပေးနိုင်တဲ့နေရာမျိုးဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ အရေး၊ အဖတ်၊ အတွက်၊ အတွေး၊ အလုပ်၊ အကျင့်၊ အပြော အားလုံးကောင်း အောင် နည်းပေးလမ်းပြ လုပ်ဆောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ ကျောင်းသားတိုင်းကို အကောင်းမြင်စိတ်ထား ပွားများနိုင်အောင် လေ့ကျင့်ပျိုး ထောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။ ပညာရေးဆိုတာ အတန်းတစ်တန်းတက်သွားတိုင်း ကျန်ခဲ့တဲ့အတန်းဟာ လမ်းဆုံးဖြစ်သွားပြီဆိုတဲ့ အယူအဆအတွေးမျိုးတွေ ဖျောက်ပေးနိုင်ရမယ်။ ဘ၀တစ်သက်တာ ပညာရှာဖို့လိုတယ်။ ပညာသင်ကြားခြင်း၊ သင်ယူခြင်းဆိုတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည် ကြီးကို စိတ်ရှည်စွာ လျှောက်လှမ်းခြင်းဖြစ်ကြောင်း နားလည်အောင် လုပ်ပေးနိုင်ရမယ်။

- ကျောင်းကောင်းဆိုတာ ဆရာတွေက အမြဲနိုးကြားတက်ကြွပြီး ပြိုင်ဆိုင်မှုတွေကို ထက်သန်၊ စိန်ခေါ်မှု တွေကို လက်ကမ်းနေတဲ့ နေရာမျိုးဖြစ်ရမယ်။ ကိုယ့်ပညာနဲ့ ကိုယ့်အလုပ်ကို တန်ဖိုးထားပြီး မဖောက်ပြန်တဲ့ တည်ကြည်လေးမြတ် လေးစားအပ်သူတွေ ရှိနေတဲ့နေရာဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်း လက်တွဲပြီး ကလေးတွေကို အကောင်းဆုံး ဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ မိဘက ဘယ်လိုအဆင့်အတန်း၊ အခြေအနေ၊ အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ လူမျိုး ကွဲပြားနေသည်ဖြစ်စေ တစ်သွေးတည်း၊ တစ်သားတည်း အားလုံးကို ကိုယ့် ရင်နှစ်သည်းချာ အဖိုးတန်ရတနာများလို့ မှတ်ယူ ထွေးပွေ့ ဘ၀တွေကို မြှင့်တင်ပေးနိုင်တဲ့နေရာ တစ်နေရာဖြစ်ရမယ်။

(စင်ကာပူနိုင်ငံက ကျောင်းကောင်းဆိုတာ ဘယ်လိုကျောင်းမျိုးဖြစ်ရမယ်ဆိုပြီး ခံယူထားချက်တွေဖြစ်ပါတယ်။)


Maukkha

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ

                                 
ဒါလေးကဗဟုသုတအတွက်ဖတ်ကြည့်
၁။lady = မိန်းမပျို
finger = လက်ချောင်း
ladyfinger = ရုံးပတီသီး...။

၂။Chair = ကုလားထိုင်။
Man =လူ၊ ယောက်ျားကြီး။
Chairman = ဥက္ကဌ

၃။nut = အခွံမာသီး။
house =အိမ်။
nut-house = အရူးထောင်။

၎။cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၅။water = ရေ
cress = စမုန်နီ၊ စမုန်။
Water cress = ကန်ဇွန်းရွက်

၆။Man = လူ
go = သွားသည်
Mango = သရက်သီး

၇။။purse = ပိုက်ဆံအိတ်။
purses = သင်္ဘောအရာရှ်ိများ။

၈။small = သေးငယ်သော။
beer = ဘီယာ။
small beer= အသေးအဖွဲ။

၉။money. = ပိုက်ဆံ ။
bags = အိတ်များ။
moneybags = သူဌေးကြီး၊ ဓနရှင် ။

၁၀။heart = နှလုံး ။
stopping = ရပ်တံ့ခြင်း။
heart-stopping = သည်းထိတ်ရင်ဖို။

၁၁။mouth = ပါးစပ်။
watering = အပင်ရေလောင်းခြင်း။
mouth-watering. = သွားရည်ယိုစရာ။

၁၂။cow = နွားမ။
boy =လူကလေး။
cowboy = နွားကျောင်းသား။

၁၃။big = ကြီးသော။
head = ဦးခေါင်း။
big-head = ဘ၀င်မြင့်သူ။

၁၄။Lady = အမျိုးသမီး
bird = ငှက်
ladybird = ပိတုံးကောင်

၁၅။car = ကား။
park = ပန်းခြံ။
car park = ယာဉ်ရပ်နားစခန်း။

၁၆။peacock = ဥဒေါင်း၊ ဒေါင်းဖို။
flower = ပန်း။
peacock-flower = စိန်ပန်း။

၁၇။love = ချစ်ခြင်းမေတ္တာ။
child = ကလေး။
love-child = တရားဝင် လက်မထပ်ဘဲ ရရှိသော ကလေး။

၁၈။ sugar = သကြား။
apple = ပန်းသီး ။
sugar-apple = သြဇာသီး။

၁၉။။ bale = ဘေထုပ်။
fruit = အသီး။
bale fruit = ဥသျှစ်သီး

၂၀။ sugar = သကြား။
cane = ကြိမ်ပင်၊ ကြိမ်လုံး။
sugarcane = ကြံ။

၂၁။ palm = ထန်းပင်။
sugar = သကြား။
palm-sugar = ထန်းလျက်။

၂၂။ Jack = ၀န်ချီသည့် ဂျိုက် ( ကားဘီးလဲရန်။)
fruit = အသီး။
jackfruit = ပိန္နဲသီး။

၂၃။ palm = ထန်းပင်။
wine = ၀ိုင်အရက်။
palm wine = ထန်းရည်။

၂၄။ drum = ဗုံ။
stick = တုတ်ချောင်း။
drumstick = ဒန့်သလွန်သီး။

၂၅။ ant = ပုရွက်ဆိတ် ။
lion = ခြင်္သေ့။
ant-lion = ( အင်းဆက်ပိုး) ဖုတ်ကောင်။

၂၆။ chicken = ကြက်၊ ကြက်သား။
run = ပြေးသည်။
chicken-run = ကြက်ခြံ။

၂၇။ big = ကြီးသော။
stick = တုတ်ချောင်း။
big stick = မိမိကိုယ်ကို အရေးပါသူဟုထင်သူ။

၂၈။tiger = ကျား။
lady = အမျိုးသမီး။
tiger-lady = သဇင်ပန်း။

၂၉။ cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၃၀။ sugar-apple = သြဇာသီး။
custard apple = သြဇာသီး။
sweetsop = သြဇာသီး။

၃၁။ chest = ရင်ဘတ်။
nut = အခွံမာသီး။
chestnut = သစ်အယ်သီး၊ သစ်အယ်ပင်။

၃၂။ chick = ကြက်ပေါက်စ၊ ငှက်ပေါက်စ။
pea = ပဲလုံး၊ ပဲစေ့။
chick-pea = ကုလားပဲ။

၃၃။ star = ကြယ်။
fruit = အသီး။
star fruit = စောင်းလျားသီး။

credit :မင်းမြတ်အာကာ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

လူငယ်တို့ရဲ့ ပညာရေး နဲ့ မိသားစုရဲ့ နွေးထွေးမှု


အာရှနိုင်ငံတော်တော်များများလိုပဲ ရန်ကုန်မြို့မှာလည်း ပညာရေးဟာ လူလတ်တန်းစားနဲ့ အထက်တန်းစားလူတွေကြားမှာ အရေးကြီးဆုံးအရာ ဖြစ်နေပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ ကျောင်းသွားတက်ဖို့အတွက် ပညာရေးဟာ အဓိကသော့ချက်ဖြစ်ပြီး လခကောင်းတဲ့အလုပ်တစ်ခုရကာ ပျော်ရွှင်တဲ့ဘ၀ကိုပိုင်ဆိုင်ဖို့အတွက်လည်း ပညာရေးဟာ အခရာဖြစ်ပါတယ်။ သားသမီးတွေကို စနေ တနင်္ဂနွေပါမကျန် တစ်ပတ်လုံးအပြည့် ကျောင်း၊ ကျူရှင်တွေမှာ ပြည့်ပြည့်စုံစုံထားနိုင်ဖို့ မိဘတွေဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကြရပါ တယ်။ ဒါမှသာ သားသမီးတွေကို ကောင်းမွန်ပြည့်စုံတဲ့ ပညာရေးကို ပေးနိုင်မယ်လို့ မိဘတွေက ယူဆကြပါတယ်။

ရန်ကုန်ကို ကျမ စရောက်ရောက်ချင်းမှာပဲ ရန်ကုန်နေလူထုရဲ့ ပညာရေးအပေါ် အလေးထားမှုကို သိမြင်ခဲ့ရပြီး အရမ်းကို သဘောကျလေးစားခဲ့မိပါတယ်။ အမေရိကနဲ့ ဥရောပမှာ နေထိုင်ခဲ့ဖူးတဲ့ ကျမအနေနဲ့ အာရှနိုင်ငံသားတွေရဲ့ ပညာရေးလိုလားမှုဟာ ပိုမိုသာလွန်နေတာကို သိလာရပါတယ်။ အနောက်တိုင်းမှာလို ကျောင်းစာသင်ချိန်ပြီးရင် ကစားခုန်စားတွေတောင် မလုပ်ကြတော့ပဲ ကျူရှင်ကိုပဲ တန်းပြီးပြေးကြပါတယ်။ ဒီလိုမျိုးကြိုးစားပုံနဲ့ဆိုရင် အာရှတိုက်သားတွေဟာ ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီကြီးတွေမှာ ရာထူးကြီးကြီးတွေ ရလောက်အောင် ပညာပြည့်ဝတဲ့လူတော်တွေ ဖြစ်လာပြီး အနောက်နိုင်ငံကိုကျော်သွားမယ်လို့ ခံစားမိပါတယ်။ သင်တန်းဆရာမ တစ်ယောက်ဖြစ်တဲ့ကျမဟာ ဒီအချက်ကို အရမ်းစိတ်ဝင်စားမိပြီး ကျမရဲ့ ကျောင်းသားများနဲ့ သူတို့ရဲ့ မိသားစုဝင်များကတဆင့် ပညာရေးအပေါ် သူတို့ရဲ့ သဘောထားကို အနီးကပ် လေ့လာကြည့်ခဲ့ပါ တယ်။

ပညာရေးဟာ အရေးပါကြောင်းကို လူတိုင်း လက်ခံနားလည်ကြပေမယ့် ကောင်းမွန်တဲ့ပညာရေးဟာ ဘယ်လိုမျိုးလဲဆိုတာ အမြင်အမျိုးမျိုးနဲ့ ငြင်းခုန်နေကြဆဲပါပဲ။ ခေတ်အဆက်ဆက် သမိုင်းအထောက် အထားတွေအရ လူ့အဖွဲ့အစည်းကို ပြောင်မြောက်ထင်ရှားစွာ အကျိုးပြုခဲ့ကြတဲ့ လူပုဂ္ဂိုလ်တိုင်းဟာ ကျောင်းစာဘက်မှာ ထူးချွန်သူများ မဟုတ်ကြောင်းတွေ့ရှိရ ပါတယ်။ အိုင်းစတိုင်း (Albert Einstein) ကို ဘာမှသင်ကြားလို့တတ်မှာမဟုတ်ကြောင်း သူ့ဆရာတစ်ဦးက ပြောဖူးခဲ့တာ လူတိုင်းသိပြီးဖြစ်မှာပါ။

သင်တန်းဆရာမအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ကာလတလျှောက်မှာ ပညာလေ့လာလိုက်စားမှုတွေကို အိမ်မှာရော ကျောင်းမှာပါ စိတ်ဝင်တစားပြုလုပ်ပြီး တခြားဝါသနာပါ ရာ ပညာရပ်တွေကိုလည်း စိတ်အားထက်သန်စွာလုပ်တတ်တဲ့ အထူးချွန်ဆုံးကျောင်းသားတွေ အများကြီးတွေ့ ခဲ့ဖူးပါတယ်။ သူတို့ဟာ ကျောင်းမှာ အမြဲတမ်း အမှတ်အမြင့်ဆုံးရချင်မှ ရကြမှာဖြစ်ပေမဲ့ စိတ်ဝင်စားဖွယ် အကြံဥာဏ်များ၊ တင်္ခဏုပ္ပတိဥာဏ်ထက်သန်မှုနဲ့ ကျောင်းစာကို ထူးခြားတဲ့ရှုထောင့်က သုံးသပ်နိုင်စွမ်းရှိမှု တွေနဲ့ စာသင်ခန်းထဲက လူအားလုံး (ဆရာမဖြစ်တဲ့ ကျမအပါအ၀င်) ကို ပိုမိုစိတ်ဝင်စားအောင် ဆွဲဆောင်ခေါ်ယူသွားနိုင်ကြပါတယ်။ ဒီလိုကလေးမျိုးဟာ မိသားစုစည်းစည်းလုံးလုံးနဲ့ အတူတူစကားတွေပြော၊ အတူတူကစားပြီး ပျော်ရွှင်တဲ့ဘ၀ကို ရရှိကြတဲ့ကလေးမျိုး များပါတယ်။ မိဘတွေဟာ မိမိရဲ့ကလေးတွေကို ပစ္စည်းလေးတွေ ဖန်တီးတတ်ဖို့၊ စားစရာကိုပြင်ဆင်တတ်ဖို့၊ သေတ္တာလေး တစ်ခုဆောက်တတ်ဖို့ စတဲ့ဖန်တီးမှု ပညာရပ်ကို အတူတူလုပ်ဆောင်ရင်း သင်ကြားပေးသင့်ပါတယ်။ ဒါ့အပြင် ရေကူးခြင်း၊ စက်ဘီးစီးခြင်းနဲ့ တခြားအားကစားတစ်ခုခုလုပ်ခြင်း တို့ကိုလည်း အချိန်ပေးသင်ကြားပေးသင့်ပါတယ်။ မိဘနဲ့ သားသမီးကြားက နွေးထွေးတဲ့ ဆက်သွယ်ပြောဆိုဟာ ကလေးတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ မိမိကိုယ်ကိုအလေးအမြတ်ထားမှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို နှစ်ဆတိုးမြင့်လာစေပြီး ကျောင်းပညာသင်ကြားရာမှာ တာဝန်ခံဆရာ/ဆရာမက ပျိုးထောင်ပေးတဲ့အခါ တိုးတက်နှုန်းပိုမြန်စေပါတယ်။

ရန်ကုန်မှ မိသားစုတွေနဲ့ ပညာရေးရဲ့ ဆက်နွယ်မှုကို ပိုမိုမြင်သာထင်သာရှိစေဖို့ ကျမဟာ သင်တန်းက ကျောင်းသားတွေကို မိသားစုနဲ့ပညာရေးဆက်စပ်မှုအကြောင်း စာစီစာကုံးတွေရေးစေခဲ့ပါတယ်။ ရလဒ်တွေကတော့ အံ့သြဖွယ်ရာပါပဲ။ မိသားစုနွေးထွေးမှုမရှိခြင်းဟာ ပညာရေးမှာ ဆိုးဝါးစွာထိခိုက်နိုင်ကြောင်း ခြွင်းချက်မရှိမှန်ကန် တာ တွေ့ရှိခဲ့ရပါတယ်။ မိဘတွေဟာ သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ပို့နိုင်ဖို့ ပင်ပင်ပန်းပန်းငွေရှာကြတဲ့အတွက် အိမ်ပြန်မိုးချုပ်ကာ မိသားစုနဲ့အတူပျော်ရွှင်စွာနေဖို့ အင်အားတွေလည်း မကျန်ရှိတော့ပါဘူး။ ထမင်းစားချိန်တွေဟာ တစ်ဦးနဲ့တစ်ဦး ညှိမရကြတော့တဲ့အတွက် မိသားစုထမင်းလက်ဆုံ မစားဖြစ်ကြတာများလာပါတယ်။ ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုကို သူတက်တဲ့ကျူရှင်အရေအတွက်နဲ့ ကျောင်းမှာရတဲ့ သူ့အမှတ်နဲ့ပဲ တိုင်းတာကြပါတော့တယ်။

ကလေးတွေအနေနဲ့ကလည်း အထီးကျန်တဲ့အခြေအနေကို ရင်ဆိုင်နိုင်ဖို့ ဖုန်း၊ ဂီတ၊ ရုပ်ရှင်နဲ့ ဗွီဒီယိုဂိမ်းတွေကိုပဲ အဖော်ပြုကာ အိပ်ခန်းထဲမှာပဲ အချိန်ကုန်နေပါတော့တယ်။ မိဘနဲ့ သားသမီးကြား စကားစမြည်ပြောဆိုခြင်းဟာ လုံးဝကိုမရှိတော့တဲ့အထိ နည်းပါးသွားပြီး တစိမ်းဆန်ခြင်းကတော့ ကြီးမားသထက် ကြီးမားလာခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ပုန်ကန်သောင်းကျန်းမှုတွေ အနောက်နိုင်ငံမှာလို သိသာဆိုးဝါးစွာ မဖြစ်ပေါ်တာဟာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာရဲ့ အရိပ်အောက်တည်ရှိတဲ့နိုင်ငံဖြစ်ပြီး မိဘ၊ ဆရာဆိုတာ ဘုရား၊တရား၊ သံဃာနဲ့ တစ်တန်းတည်းဖြစ်ကြောင်း ဟောကြားထားတဲ့ တရားတော်ကြောင့်ဖြစ်ပါတယ်။ ကလေးတွေဟာ မိသားစုတွေ ထမင်းလက်ဆုံစား၊ အတူစကားပြောပြီး စုစုစည်းစည်းပျော်ရွှင်ခဲ့ကြတဲ့ ရှေးမြန်မာခေတ်ကို တမ်းတနေကြပါတယ်။ မိဘတွေဟာ ကလေးတွေကို အိမ်အကူများနဲ့ ထားခဲ့ပြီး အလုပ်မှပြန်လာတဲ့အခါ သူတို့ရဲ့လုပ်ဆောင် ချက်တွေကို ပြန်လည်တိုင်ကြားဖို့ ညွှန်ကြားကြတတ်ကြပါတယ်။ ဒါဟာ ကလေးတွေအနေနဲ့ ကိုယ့်အိမ်ကိုယ်နေရင်း ကိုယ့်ကိုသူများစောင့်ကြည့်နေသလို နောက်ကျောမလုံတဲ့ အဖြစ်ကို ခံစားကြရပါတယ်။ ကလေးတော်တော်များ များဟာ လူကြီးတွေရဲ့ပြောစကားကို နားထောင်တတ်ကြတဲ့ လိမ္မာတဲ့ကလေးတွေဖြစ်ပေမဲ့ ပျော်ရွှင်မြူးထူးနေကြတာတော့ နည်းပါးကြပါတယ်။ ဒီတော့ တစ်ခုမေးချင်တာက မြန်မာနိုင်ငံမှာ ကလေးတွေကို ဘယ်လိုလူတွေဖြစ်လာအောင် မွေးမြူနေတာလဲ ဆိုတဲ့အချက်ပါပဲ။

မြန်မာနိုင်ငံကို အရင်လို ပြည့်စုံကောင်းမွန်တဲ့ ရွှေနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိအောင် နိုင်ငံတကာမှ အတွေ့အကြုံရင့်ပညာရှင်တွေက ကူညီဖော်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် သက်တမ်းနုဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအနေနဲ့ ဥာဏ်ပညာ၊ အမြော်အမြင်၊ စိတ်အားထက်သန်မှုနဲ့ လူသားဆန်တဲ့နှလုံးသားရှိတဲ့ လူငယ်လူရွယ်လေးတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာသင်စေလွှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက မိသားစုမှာ သင်ယူရရှိနိုင်မယ့် အခမဲ့ပညာရေးကို မိဘများက စိတ်ရှည်လက်ရှည်သင်ကြား ပေးခြင်းဖြင့် ပညာပြည့်ဝတဲ့ နိုင်ငံ့သားကောင်းရတနာများကို မွေးမြူပျိုးထောင်ပေးနိုင်မှာ အသေအချာပါပဲ။

Win Pa Pa San-YangonLife
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1

အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်စကားတိုလေးများ




-
(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း)
(12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ
(13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့်
(14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ
(15) Big deal ! = ဒါလေးများ
(16) Bless me ! = ဘုရားရေ
(17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ
(18) Bye now ! = သွားပြီဗျို့ 
(19) Can't complain ! = ဘာမှပြောစရာ မရှိဘူး
(20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ
(21) Chill out ! = မကြောက်နဲ့
(22) Could be ! = ဖြစ်နိုင်ပါတယ်
(23) Damned fool ! = သောက်ရူး
(24) Drop dead ! = သွား...သေလိုက်
(25) Enjoy yourself ! = ပျော်ရွှင်ပါစေ
(26) Fat chance ! = မဖြစ်နိုင်တာပဲ
(27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ
(28) For shame ! = ရှက်စရာ ကောင်းလိုက်တာ
(29) Get lost ! = ထွက်သွားစမ်း
(30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော
(31) Good job ! = တယ်ဟုတ်ပါလား
(32) Got that ? = နားလည်ရဲ့လား
(33) Guess what ? = မှန်းကြည့်စမ်း
(34) Hands off ! = မထိနဲ့ (လက်ရှောင်)
(35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ
(36) Hot air ! = မဟုတ်တရုတ်တွေ
(37) How come ? = ဘယ်လို ဖြစ်ရတာတုန်း
(38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ
(39) It stinks ! = နံစော်နေတာပဲ
(40) It's handy ! = အသုံးတည့်ပါတယ်
(41) Looking good ! = ကြည့်လို့ ကောင်းတယ်
(42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ
(43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ်
(44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့
(45) Not yet ! = မပြီးသေးဘူး
(46) Over here ! = ဒီမှာ ဟေ့
(47) Watch out ! = သတိထား
(48) You guys ! = ကိုယ့်လူတို့
(49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ
(50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ
(51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ
(52) You see ? = သိလား
(53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ
(54) Enjoyable ! Delighted! = ကြို က်တယ်
(55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ
(56) Right away ! = အခုချက်ချင်း
(57) Come on ! = လာလေကွာ
(58) Shut up ! = ပါးစပ်ပိတ်
(59) Thumbs up ! = အောင်ပြီဟေ့
(60) Hold sit ! = ရပ်လိုက် /ခဏ နေဦး
(61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ
(62) God forbid ! = ဖွ လွဲစေဖယ်စေ
(63) Poorly paid ! = လခ မစွံဘူး
(64) Need anything ? = ဘာလိုချင်ပါသလဲ
(65) That's weired ! = ကိုးရို့ကားယားကြီး
(66) It can ! = အဲဒါ ဖြစ်နိုင်တယ်
(67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
(68) Pardon me ! = တဆိတ်လောက်
(69) Need to talk ! = ပြောစရာရှိလို့
(70) So talk ! = အဲလိုဆို ပြောလေ
(71) Chat ! What? = ဘာပြောမှာလဲ ပြောလေ
(72) Stop that ! = တော်ပါ မပြောပါနဲ့တော့
(73) Well enough ! = အခြေအနေ ကောင်းပါတယ်
(74) What happen ? = ဘာဖြစ်နေလဲ
(75) Any hardship ? / Any different ? = ဘာခြားနားနေလို့လဲ / ဘာထူးလို့လဲ?
(76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(77) Take that ! = ကဲကွာ
(78) Look alive ! = မြန်မြန်လုပ်
(79) Show time ! = လှုပ်ရှားလိုက်ကြစို့
(80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ
(81) Go ...go ! = လုပ်ထားကွ
(82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ်
(83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ်
(84) Near miss ! = ထပ်လွဲသွားတယ်ကွာ
(85) far out ! = မိုက်တယ်ကွာ
(86) Thank God ! = တော်ပါသေးရဲ့
(87) Holy cow ! / Good Heavens! =အမလေး
(88)My ...my ! = အမလေး ...လေး
(89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ
(90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ
(91) Better talk != ပြောသင့်တာပေါ့ကွာ
(92) Doing okay ? = အိုကေလား
(93) Been okay ! = အိုကေပါတယ်
(94) And you ? = ခင်ဗျာကော ဘယ်လိုလဲ
(95) Have courage ! = တရားနဲ့ ဖြေပါဗျာ
(96) Which country ? = ဘယ်နိုင်ငံကလဲ
(97) Have it ! = စားပါဦး
(98) What thing ? = ဘာတွေလဲ
(99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း
(100) Where to ? = ဘယ်လဲ
(101) Just here! = ဒီနားလေးတင်
(102) Phone calling ! = ဖုန်းလာနေတယ်
(103) Keep trying ! = ဆက်ကြိုးစားပါ
(104) What about ? = ဘာတွေပြောနေတာလဲ
(105) Just gossip ! = အတင်းပြောနေကြတာပါ
(106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့
(107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ
(108) Can't wait = မစောင့်နိုင်ပါဘူး
(109) Dear me ! = အဲလို ဒုက္ခပါပဲ
(110) So soon ! = မကြာတော့ပါဘူး
(111) Really splendid ! = တစ်ကယ့် သားနားတယ်
(112) Just relax ! = စိတ်အေးအေးထားပါကွာ
(113) You wish ! = မင်းပြောသလို ဖြစ်ပါစေ
(114) No lie ? = လိမ်တာ မဟုတ်ဘူးနော်
(115) Mind that ! = အဲဒါကို သတိရပါ
(116) Enjoying yourself ? = မင်း ပျော်နေလားဟင်
(117) All time ! = အချိန်တိုင်းပါပဲ
(118) Hurry on ! = သွက်သွက်လုပ်ပါ
(119) Hold , please ! = ခနလေး နေပါဦး
(120) This taken ? = ဒီခုံ လူရှိလား
(121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက်
(122) Stop worrying ! = မစိုးရိမ်နဲ့တော့
(123) Any difference ? = ဘာကွာလို့လဲ
(124) Fairly act ! = သရုပ်ဆောင်ကောင်းတယ်
(125) Most pleased ! = ကျေနပ်သွားပြီ
(126) Behind you ! = နောက်မှာ အန္တရာယ်
(127) Noisy talk ! = ဆူညံနေတာပဲ
(128) Do justice ! = မှန်မှန်ကန်ကန်လုပ်
(129) Your hear ? = ငါပြောတာ ကြားလား
(130) Perhaps not ! = ဖြစ်ချင်မှ ဖြစ်မှာပါ
(131) Hope not ! = မဖြစ်ပါစေနဲ့ဗျာ
(132) Who then ? = ဒီလိုဆိုရင် ဘယ်သူလဲ
(133) Aim high ! = ရည်ရွယ်ချက် မြင့်မြင့်ထား
(134) No fair ! = မတရားဘူးကွာ
(135) Sure do ! = သေချာတာပေါ့
(136) Never before ! = အရင်က ဒီလို တစ်ခါမှ မကြုံ ဖူးဘူး
(137) Well done ! = ခင်ဗျာပြောတာ သိပ်ကောင်းတာပဲ
(138) Nightly - night ! = ဂွတ်ဒ်နိုက်ပါနော်
(139) Butt out ! = ၀င်မရှု ပ်စမ်းနဲ့
(140) Just thinking ! = ငါ စဉ်းစားနေပါတယ်
(141) Never better ! = မဆိုးပါဘူး
(142) Don't yan ! = စကားမများနဲ့
(143) First class ! = သိပ်ကောင်းတာပဲ
(144) Beautiful dreams! =အိပ်မက်ကောင်းကောင်းမက်ပါစေ
(145) Sure thing ! = စိတ်ချစမ်းပါ
(146) Any thing ? = ဘာ ကိစ္စရှိလို့လဲ
(147) So what ? = အဲဒီတော့ ဘာဖြစ်လဲ
(148) Look here = ဒီမှာ ကြည့်ပါဦး / ဒီမယ် ငါပြောမယ်
(149) Listen here = နားထောင်ပါဦး
(150 ) Just beyond = ဟိုဘက်လေးမှာ
(151) Just here = ဒီနားမှာပဲ
(152) Just things = စုံနေတာပဲ
(153) Just friendly = ခင်ခင်မင်မင်ပေါ့ / မိတ်ဖြစ်ဆွေဖြစ်ပေါ့
(154) Just relaxed = အပန်းဖြေရုံပါပဲ
(155) Just now = ခုလေးတင်ပဲ
(156) Just easy = အလွယ်လေးပါ
(157) Just usually = ခါတိုင်းလိုပေါ့ / ထုံးစံအတိုင်းပါပဲ
(158) Just arrived / Just got = ငါလိုချင်တာ ဒါပဲ
(159) Just so = ဒီလို ဖြစ်ရမယ်လေ
(160) I say = ဟေ့လူ
(161) I see = ဟုတ်ပြီ / သဘောပေါက်ပြီ
(162) I do = သဘောတူပါတယ်
(163) I quit = ကျွန်ုပ် နုတ်ထွက်တယ် / ငါမလုပ်တော့ဘူး
(164)Earliest memories=ငယ်ငယ်တုန်းက သတိရစရာတွေပေါ့
(165) Well dressed = ၀တ်ထားတာ ကြော့နေတာပဲ
(166) Something wrong = တစ်ခုခု မှားနေပြီ
(167) How much? = ဘယ်လောက်ကျ သလဲ
(168) Any time = ဘယ်အချိန်မဆို
(169) May be = ဟုတ်ချင် ဟုတ်မယ်
(170) Without fail = မပျ က်မကွက်
(171) So far = ခုချိန်ထိ
(172) Keep away / Keep out = အနားမကပ်နဲ့ ဝေးဝေးရှောင်
(173) Take care = သတိထား
(174) It depends = အခြေအနေအရပဲ
(175) Make ready = အသင့်ပြင်ပါ
(176) You insist = မင်းကတော့ ဇွတ်ပဲ
(177) Seem secretive = အုံ့ပုန်းကျနေတာပဲ
(178) Be friend = သူငယ်ချင်း ဖြစ်ချင်လို့ပါ
(179) Easy now = ဖြည်းဖြည်းပဲ / စိတ်အေးအေးထား
(180) That's great = သိပ်ကောင်းတာပေါ့ကွယ်
(181) Really say = တကယ်ပြောတာ
(182) Brace up = အားတင်းထားနော်
(183) Touch wood = တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် ဆုတောင်းခြင်း
(184) Guess what ? = ဘာလဲဆိုတာ မှန်းကြည့်ပါလား
(185) Forget it = မေ့လိုက်ပါတော့
(186) Your treat ? = မင်းကျွေးမှာလား
(187) Any prides = မာန်တက်နေတာလား
(188) Be franked = ပွင့်ပွင့်လင်းလင်းပေါ့
(189) Here goes ! = စပြီဟေ့
(190) Hello again ! = ပြန်တွေ့ကြပြန်ပြီ
(191) Speak up! = ကျယ်ကျယ်ပြော
(192) Good job ! = တယ်ဟုတ်ပါလား
(193) Nice place ! = နေချင်စရာလေး
(194) Absolutely stunning = အံ့မခန်းပဲဟေ့
(195) Respective job! = လူရိုသေ ရှင်ရိုသေ အလုပ်လေးပဲ
(196) Oh quite ! = ငါ သဘောတူတယ်
(197) Any more? = နည်းနည်း ယူပါဦးလား
(198) No more = တော်ပါပြီဗျာ
(199) Need assistance = အကူညီလိုလို့လား
(200) Anything's wrong ?= ဘာဖြစ်လို့လဲ
(201) So difference = တစ်ခြားစီ
(202) You eavesdrop = မင်းက ချောင်းနားထောင်နေတာကိုး
(203) Bad trait = အကျင့်ကို မကောင်းဘူး
(204) Craning you = မျှော်လိုက်ရတာ
(205) Fully- engaged = လုံးဝကို မအားတာ
(206) Uneasy act-polite = လောကွတ်လုပ်ဖို့က မလွယ်ဘူးလေ
(207) l'm cardial = ငါဒီလောက်ပျူငှါတာ
(208) Quite off-hand ! = တယ်အလိုက်မသိတာပဲ
(209) Welcome back! = ပြန်ရောက်လာတာ ကြိုဆိုပါတယ်
(210) That's enough = တော်ပါပြီ
(211) Ever devoted = သိပ်ချစ်ကြတာပဲ
(212) Getting hurt = အထိနာတယ်
(213) Getting dressed = အ၀တ်ဝတ်နေတယ်
(214) What 's wrong ? = ဘာမ် ားမွားသြားလဲ
(215) Here comes = လာပါပြီ
(216) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်
(217) Look here! = ငါ ပြောမယ်
(218) Have courage = တရားနဲ့သာ ဖြေလိုက်ပါ
(219) Bitterly disappointed = အော့ နှလုံးနာတယ်
(220) Don't sweet- talk = မြှောက်ပင့် မပြောပါနဲ့
(221) Seriously ill = အသဲအသန် ဖျားနေတယ်
(222) Any hardships?= အခက်အခဲ ရှိလား
(223) Silly idea = ပေါက်တတ်ကရ စိတ်ကူးပဲ
(224) Narrow - minded = အမြင်ကျ ဉ်းတယ်
(225) Quick - sighted = မျ က်စိရှင်တယ်
(226) Better talk = ပြောသင့်တာပေါ့
(227) Need anything ? = ဘာလိုသေးလဲ
(228) Extra ordinary ! = ထူးခြားပါပေ့
(229) Really upset = တကယ် စိတ်ထိခိုက်ရတယ်
(230) Uneasy feeling = စိတ်ဂဏာမငြိမ် ဖြစ်နေတယ်
(231) Any remedy ? = ဘာဆေးရှိလဲ
(232) Badly hurt = ဒဏ်ရာ ပြင်းတယ်
(233) On business?= အလုပ်ကိစ္စနဲ့လား
(234) Really upset = တကယ်ပဲ စိတ်ထိခိုက်မိတယ်
(235) What line? = ဘယ်လမ်းက သွားမှာလဲ
(236) Money talks = ပိုက်ဆံ စကားပြောတယ်
(237) Time out = ခဏ ရပ်နားပေးပါ
(238) I'm buying = ငါ ဒကာခံမယ်
(239) Right away! = အခု ချ က်ချင်းပဲ
(240) That's why = အဲဒါကြောင့် / ဒါကြောင့်
(241) That's because = ဘာကြောင့်လဲဆိုတော့
(242) Nature calls ! = အိမ်သာ သွားလိုက်အုံးမယ်
(243) Duty calls ! = ကိစ္စ ရှိလို့ သွားလိုက်အုံးမယ်
(244) How much = ဘယ်လောက်ကျ သလဲ
(245) Any time = ဘယ်အချိန်မဆို
(246) What's wrong ? = ဘာမ် ားမွားသြားလဲ
(247) That's enough = တော်ပါပြီ
(248) You should = မင်း လုပ်သင့်တယ်
(249) It depends = အခြေအနေအရပဲ
(250) Thumbs up = အောင်ပြီဟေ့
(251) Take care = သတိထား
(252) Go on / Go ahead / Keep on / Carry on = ဆက်လုပ် / ဆက်ပြော
(253) So far = ခုချိန်ထိ
(254) May be = ဟုတ်ချင်ဟုတ်မယ်
(255) Let out = လျို့  ၀ှက်ချ က်ကို ပြောပြပါ
(256) So what? = အဲဒီတော့ ဘာဖြစ်လဲ
(257) As ever = အရင်အတိုင်းပဲ
(258) Here comes = လာပါပြီ
(259) How come! = ဘယ်လိုဖြစ်တာလဲ
(260) What's happened = ဘာဖြစ်ခဲ့တာလဲ
(261) Rosy cheeks = ပါးပြင်က နှင်းဆီရောင် သန်းနေတယ်
(262) Charming manners = ပီပြင်လိုက်တဲ့ စရိုက် လက္ခဏာတွေပဲ
(263) Oriental charm = အရှေ့တိုင်းအလှပဲ
(264) Familiar voice = ဒီအသံ ကြားဖူးတယ်
(265) Make ready = အသင့်ပြင်ပါ
(266) Walk charmingly ! = ကြည့်ကောင်းအောင်လျှောက်ပါ
(267) immortal film = လူၾကိဳ က္မ် ားတဲ့ ရုပ္ရွင္ပဲ
(268) Have fun! = ပျော်ကြပါစေ
(269) Phone's calling? = ဖုန်းလာနေတယ်
(270) The reminder = အမှတ်တရ ပစ္စည်းများ
(271) Well dressed = ၀တ်ထားတာ ကျော့နေတာပဲ
(272) Dress tastefully. = အ၀တ်ကို လိုက်ဖက်အောင် ၀တ်ပါ
(273) Delicate skin. = အသားရေက နုဖက်နေတာပဲ
(274) Need anything? = ဘာ လိုအပ်ပါသလဲ
(275) Fair price = ဈေးသင့်တယ်
(276) Market price = ပေါက်ဈေးပဲ
(277) Family tidings.= မိသားစု သံယောဇဉ်တွေပေါ့

-
_ Zaw Lwin

အင်္ဂလိပ် စာ ဘာသာရပ် လေ့လာမှု မြန်ဆန်ရန် နည်းလမ်း


               

 အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာရန်မှာ ခပ်မြန်မြန် တိုးတက်မယ့် နည်းလမ်းလေး သိပါရစေ ဆိုပြီးတော့ လာမေးသူများကို အကောင်းဆုံး နည်းလမ်း ပေးပါမယ်။ ဆောင်ပုဒ် လေး တစ်ခုနဲ့ပါ။
To write more, write more
To speak more, speak more
To understand more, listen more
To read more, read more
များများ ရေးတတ်ချင်ရင် များများ ရေးဖို့ လိုအပ် ပါတယ်။
များများ ပြောတတ်ဖို့ များများ ပြောဖို့ လိုအပ် ပါတယ်။
များများ နားလည် တတ်စေဖို့ များများ နားထောင်ရန် လိုအပ် ပါတယ်။
များများ ဖတ်တတ်စေဖို့ များများ ဖတ်ရန် လိုအပ် ပါတယ်။


အလေ့အကျင့် တစ်ခု ရသွားရင် ဘာမဆို အဆင်ပြေ သွားပါ လိမ့်မယ်။ Second Nature ကနေ First Nature အထိတောင် အလေ့အကျင့် များရင် ဖြစ်သွား ပါလိမ့်မယ်။ ရေးတတ်ဖို့အတွက် များများ ရေးရမယ်လို့ ဆိုတဲ့ နေရာမှာ ဖတ်ဖို့လည်း လို ပါ သေးတယ်။ Professional writing အတွက် စာအုပ်များများ ဖတ်ရပါမယ်။ ဒီတော့ ဖတ်ရှုမှု အရည်အသွေးပါ မြင့်တက် လာမှာ ဖြစ်ပါတယ်။ နားထောင်ရမယ် ဆိုတဲ့ နေရာမှာ အင်္ဂလိပ်ရုပ်ရှင်၊ သီချင်း နားထောင် ကြည့်ရှုခြင်း၊ နိုင်ငံခြားသား များ ဖြင့် ပြောဆိုခြင်း၊ မိမိ ပတ်ဝန်းကျင်ထဲကပဲ ပြောနိုင်ဆိုနိုင်ရှိသူများထံ ချည်းကပ် ပြောဆိုခြင်း တို့  ပြုလုပ်ရပါမယ်။ များများ ပြောကျင့် ရှိဖို့ လိုအပ် ပါတယ်။


မြန်မာတွေမှာ မှားယွင်းတဲ့ အကျင့် တစ်ခုက မိတ်ဆွေ လူငယ် သူငယ်ချင်း တွေထဲ မှာတောင် တစ်ယောက်ယောက်က အင်္ဂလိပ် ကြားညှပ် ပြောလာပြီ။ ထည့်ထည့် ပြောလာ ပြီဆိုရင် (ကန်တော့ပါရဲ့) ဗိုလ် လမ်းနီး နေပြီ။ တံတွေး စင်တယ် အစရှိသဖြင့် စကြ နောက်ကြ ပါတယ်။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာသူ ရှိပေမယ့် သူ့ပတ်ဝန်းကျင်မှ တိုးတက်မှု မလိုလားသူတို့ ဝန်းရံမှုကြောင့် တိုးတက် လာမှု မရှိတော့ ပါဘူး။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး မြင့်တက် ဖို့ အတွက် တူညီတဲ့ ခံယူချက် ရှိတဲ့ Partner ရှိဖို့လည်း လိုအပ် ပါတယ်။


ဒီတော့ အင်္ဂလိပ်စာ အရည်အချင်း မြင့်တက်စေမယ့် ဆောင်ပုဒ်နဲ့ စကား လက်ဆောင် လေးကို မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/WaterFestival/photos/a.295546060601031.1073741834.295538557268448/298718863617084/?type=1&theater 

ဖင်လန် နိုင်ငံမှာ ကလေးတွေကို စာသင်ရန် ဘာသာရပ်များ မထားရှိတော့



ကမ္ဘာမှာ ပညာရေးအားဖြင့် ရှေ့အပြေးဆုံး စာရင်းမှာ ပါဝင်တဲ့ ဥရောပတိုက်က ဖင်လန်နိုင်ငံဟာ ပညာရေးကို ပြောင်းလဲမှုများ ပြုလုပ်နေပါတယ်။ ယင်းထဲမှာ ပြောင်းလဲမှု တစ်ခုကတော့ မူလတန်း ကလေးငယ်များနဲ့ အလယ်တန်း အချို့အဆင့်တွေမှာ ပညာ သင်ကြားတဲ့အခါ ဘာသာရပ်များ မထားရှိတော့ခြင်း ဖြစ်ပါတယ်။

ယင်းသို့ မထားရှိတော့တဲ့ အကြောင်းကတော့ ယခုလို ဖြစ်ပါတယ်။ ကမ္ဘာမှာ ခေတ်ပညာ များစွာ နေ့စဉ်နဲ့အမျှ တိုးတက်နေပြီး တိုးတက်နေတဲ့ အနောက်ကို လိုက်လို့ ခေတ်နဲ့ လျော်ညီတဲ့ ပညာကိုသာ သင်ကြားစေလိုခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ဒ့ါအပြင် နိုင်ငံခြားဘာသာ စကားကိုပါ ထည့်သွင်း သင်ကြားပေး သွားမှာ ဖြစ်ပြီး တွက်ချက်မှု အတွက်လည်း သင်ကြားမှာ ဖြစ်ပါတယ်။ လက်ရှိ ဖင်လန်နိုင်ငံမှ ကျောင်းသားများဟာ ကမ္ဘာ့ သင်္ချာ အတော်ဆုံး စာရင်းထဲမှာ ပါဝင်နေကြောင်း ဆိုပါတယ်။

ယခု ပြောင်းလဲမှုကို အောင်မြင်မယ်လို့ ယုံကြည်ထားပြီး မူလတန်းတွေမှာ စတင် ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်ရိုးစာအုပ် အတည်တကျ မရှိတော့ ပါဘူး။ ယင်းသို့ ပြောင်းလဲမှုကို အခြားသော ဥရောပ နိုင်ငံများကပါ စိတ်ပါဝင်စားလျက် ရှိပြီး ဗြိတိန်မှလည်း အလားတူ ပြုလုပ်ရန် ရှိမရှိ ဆွေးနွေး တိုင်ပင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.

မြန်မာဘာသာဖြင့် လေ့လာလို့ရမယ့် ဝဘ်ဆိုဒ်တွေ





ပညာသင်ကြားလေ့လာရေးအတွက် ကျနော်တို့အများစုအနေနဲ့ အွန်လိုင်းမှာ ရှရင် အင်္ဂလိပ်လို ရေးထားတဲ့ ဝဘ်ဆိုဒ်တွေက ခပ်များများပါ။ ယခုလို အခြေအေနမှာ ပြည်တွင်းမှာ အနေနဲ့ မြန်မာဘာသာဖြင့် ဖော်ပြပေး၊ ရေးပြပေးတဲ့ ဝဘ်ဆိုဒ်များ ပေါ်ပေါက်လာစေရန်လိုအပ်ပါတယ်။ အကယ်၍ ရှိလာရင် ရိုးရာလေးမှာ အခမဲ့ မျှဝေပေးပါ့မယ်။ ယခုတော့ ဝဘ်ဆိုဒ် ငါးခု မျှဝေ ပါရစေ။

http://mm.english-attack.com/
http://www.myanmar-network.net/
http://www.thebestenglish4you.com/
http://moeshinn.com/

ယင်း ဝဘ်ဆိုဒ် သုံးခုဟာ အင်္ဂလိပ်စာ ဘာသာစကားကို လေ့လာချင်သူများ အတွက် မြန်မာပြည်မှာ လောလောဆယ် မြန်မာဘာသာနဲ့ မြင်တွေ့နိုင်တဲ့ ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ Myanmar Network ဟာ ဆိုရင် ဗြိတိသျှသံရုံးမှ မြန်မာများအတွက် ပြုလုပ်ပေးထားတဲ့ Community ဆိုဒ်တစ်ခု ဖြစ်ပြီး IELTS နဲ့ အခြားသော သင်ခန်းစာများကို ရယူနိုင်ပါတယ်။ English Attack ကတော့ အွန်လိုင်း အင်္ဂလိပ်စာ လေ့လာရေး သင်တန်းတစ်ခု ဖြစ်ပြီး Moeshine ကတော့ လူငယ်ကျောင်သားတစ်ဦးမှ မိမိအတွေ့အကြုံဖြင့် ပြန်လည် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ သူတို့ အားလုံးမှာ ဖော်ပြတဲ့ အကြောင်းအရာများက တကယ်ကောင်းပါတယ်။

https://www.youtube.com/user/RHCTechnologies/

သူကတော့ Networking Engineer ဘာသာရပ်ကို လေ့လာနေသူများ အတွက် ဗီဒီယို ကျူတိုရီရယ်များ အခမဲ့ ကြည့်ရှု လိုက်လုပ်ကြည့်လို့ရမယ့် နေရာ ဖြစ်ပါတ်။ RHC Technology မှ တည်ထောင်ထားခြင်း ဖြစ်ပြီး အွန်လိုင်းကနေပဲ Networking ပညာကို အခြေခံကနေ စပြီးတော့ လွယ်တကူ လေ့လာလို့ရအောင် Channel တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

http://www.khanacademyburmese.org/

ကမ္ဘာကျော် Khan Academy မှ သင်ရိုးနဲ့ စာများကို မြန်မာလို လေ့လာနိုင်အောင် စာတမ်းထိုးထားပေးတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ လောလောယ် ကတော့ သင်္ချာ၊ သမိုင်း အပြင် အခြားသော Science ဘာသာရပ်များကို လေ့လာနိုင်ပါတယ်။

လောလောဆယ်ကတော့ YouTube ပေါ်ကနေ ဗီဒီယိုတင်ပြီး စာသင်တဲ့ မြန်မာ Channel ကတော့ အဲ့ဒီ ၂ခု ပဲ ရှိပါအုံးမယ်...

ဒါကြောင့်မို့ အွန်လိုင်းကနေ အင်္ဂလိပ်စာနဲ့ Networking နည်းပညာ နဲ့ အခြား ပညာရပ်များကို မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

ဆွီဒင်နဲ့ ဖင်လန်မှာ Ph.D ဘွဲ့ အဖြစ် ဦးထုပ်နှင့် ဓားကို ပေး


             
ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က တက္ကသိုလ်အများစုမှာ ပါမောက္ခတန်း ဂုဏ်ပြု ဘွဲ့ အဖြစ် ဦးထုပ်နဲ့ ဓားကို ပေးပါတယ်။ Ph.D ရဖို့အတွက် သုတေသန ပြုလုပ်ပြီး နောက်ဆုံး အောင်မြင်သွားတဲ့သူတွေကို ပေးခြင်း ဖြစ်ပါတယ်။ ယင်းကို ပေးအပ်တဲ့အခါ ပေးအပ်တဲ့ ပါမောက္ခများကလည်း top hat လို့ခေါ်တဲ့ ဦးထုပ်ကို စောင်းထားပါတယ်။

ယင်းဦးထုပ်က ဥရောပနဲ့ အမေရိကန်တို့မှာ တွင်ကျယ်တဲ့ အုပ်ထုပ်အမျိုးအစား ဖြစ်ပေမယ့် ဘွဲ့အတွက် ဦးထုပ်က နည်းနည်း တိုပါတယ်။ ဦးထုပ်မှာ ပါဝင်တဲ့ ရွှေ ပုံစံနဲ့ အခြားသော အရောင်များကလည်း ဘွဲ့အမျိုးအစား ပေါ်မူတည်လို့ ကွဲပါသေးတယ်။ Science (Technology) အတွက် လည်း ပါဝင်ပါတယ်။ ဦးထုပ်ကို Dinner ပွဲတက်တဲ့အခါ နဲ့ အခြားသော ပွဲလှမ်းသဘင်များ သွားတဲ့အခါ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတက်တဲ့အခါ ဝတ်ပြုတဲ့အခါတော့ ချွတ်တို့အတွက် မှာထားပါတယ်။ အဓိက ကတော့ ယင်း ဦးထုပ်ကို စောင်းထားခြင်းဖြင့် ပညာရှိ တစ်ယောက်ဖြစ်ကြောင်း ပါမောက္ခ တစ်ယောက်ဖြစ်ကြောင်း လူတွေကြားမှာခွဲခွဲခြားခြား မြင်စေဖို့လည်း ဖြစ်ကြောင်း ဆိုပါတယ်။

ဦးထုပ်အပြင် နောက်တစ်ခုက ဓားပါ။ ဓားကိုလည်း သေချာ စီမံထားပြီး ဘွဲ့ယူတဲ့လူရဲ့ အမည်၊ ဘွဲ့အမျိုးစား၊ ဘွဲ့ယူ နေ့ရက် အစရှိသဖြင့် တို့ကို အတိအကျ ထည့်ရေးထားပါတယ်။ သူ့ကိုတော့ အရင်တုန်းက ဆောင်ခွင့်ပေးပေမယ့် ယခုတော့ ပါမောက္ခဘွဲ့ယူ အခမ်းအားနဲ့ ညစာမှာပဲ သုံးစေပြီး အခြားမှာတော့ မသုံးစေပါဘူး။ မဟုတ်ရင် လက်နက် ကိုင်ဆောင်မှု ဖြစ်ပါလိမ့်မယ်။

ပါမောက္ခ ဒေါက်တာ ဘွဲ့ဦးထုပ် ကွဲပြားမှုများကို https://www.jyu.fi/en/academic-events/degrees-ceremony/instruct/doctoral-hats-and-sword ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

အင်္ဂလိပ်စကားပြောသည့်အခါ သင်သတိထားရမယ့် အချက် ငါးချက်





ရိုးရာလေး စာဖတ်သူတွေထဲမှာ အင်္ဂလိပ်စကား ပြောကျင့်နေသူများ ရှိပါလိမ့်မယ်။ အင်္ဂလိပ်စကား ပြောတတ်သူတွေဟာ မပြောတတ်သူများထက် စာရင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိပါတယ်။ အင်္ဂလိပ်စကားပြောတတ်ခြင်းက ကမ္ဘာ့ဘာသာစကားတစ်ခုကို တတ်မြောက်ထားခြင်း ဖြစ်ပြီး အလုပ်ခွင်မှာလည်း မျက်နှာပန်းလှပြီး ဂုဏ်ရှိပါတယ်။ အခွင့်အလမ်းတွေလည်း ပိုရပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်စကား ပြောကျင့်တဲ့အခါ သတိထား ရှောင်ကျဉ်ရမှာလေးတွေကို မျှဝေပေးလိုက်ရ ပါတယ်။

၁) ဝါကျရှည်များ ဖွဲ့၍ ပြောခြင်း
အင်္ဂလိပ်စကားပြောတဲ့ အခါ စာရေးတာနဲ့ မတူပါဘူး။ စာမှာက Complicated sentence များ ဖန်တီးပြီး ရေးသားခြင်းက အဆင်ပြေပေမယ့် ပြောတဲ့အခါကျ ဝါကျ အဖြတ်များနဲ့ ပြောခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ နားထောင်သူမှလည်း ပိုလို့ ရှင်းလင်းစွာ နည်းလည်မှာ ဖြစ်ပါတယ်။ ဝါကျဖွဲ့တဲ့အခါလည်း စိတ်ထဲမှာ ခက်နေတာကြောင့် အမှားလည်း များနိုင်ချေ ပိုများ ပါတယ်။ နောက်မှပဲ တဖြည်းဖြည်းနဲ့ ပိုရှည်တဲ့ ဝါကျကို ကြိုးစားဖွဲ့နိုင်ပါတယ်။

၂) မိမိနှင့် မရင်းနှီးသော စကားလုံးကို ပြောဆိုခြင်း
မသိတဲ့ စကားလုံးကို ရမ်းတန်းမှန်းတန်းနဲ့ ပြောတာဟာလည်း မှားယွင်းတဲ့ အမူအကျင့် ရှိပါတယ်။ အကယ်၍ အဲ့ဒီလိုပြောရင် တစ်ဖက်သားလည်း နားမလည်တဲ့အပြင် မိမိကိုယ်လည်း အရှက်ရစေပါလိမ့်မယ်။ ဒါပေမယ့် မပြောပြန်တော့လဲ မသိဘူး ဖြစ်ရမှာ စိုးပါတယ်။ ဒီတော့ ကိုယ်က စာများများ လေ့လာရန် လိုအပ်ပြီး ယင်းစကားလုံး တစ်လုံးကို ဖော်ပြလို့ရတဲ့ အခြား meaning တစ်ခုရှိရင် ယင်း meaning နဲ့ အစားထိုး ဖော်ပြ နိုင်ပါသေးတယ်။

၃) မိမိ၏ အားနည်းချက်ကို မျက်ကွယ်ပြုထားခြင်း
အားနည်းချက်အများစုကတော့ အထက်က ပြောခဲ့သလိုပဲ ဝါကျဖွဲ့ခြင်းမှာ ပဲ ဖြစ်ပါတယ်။ ဥပမာ သူငယ်ချင်း တစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက် အကြောင်းကို နာမ်စားတစ်ခုသုံးပြီး ပြောတော့မယ်ဆိုရင် His နဲ့ Her ကို မခွဲနိုင်သေးပါဘူး။ နောက်ထပ် မိတ်ဆွေ တစ်ဦးကတော့ Active နဲ့ passive ကို မခွဲနိုင်သေးတာပါ။ သူက I phoned them ဆိုတဲ့အစား I am phoned them အစရှိသဖြင့် am, is, was, were တို့ကို မှားယွင်း အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ အားနည်းချက်ကို သိရှိပြီး ပြင်နိုင်အောင်လည်း ကြိုးစားဖို့ အထူးလိုအပ် ပါတယ်။

၎) ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်မှာကို စိုးရိမ်ခြင်း
ကျွမ်းကျင်တယ် ပိုင်နိုင်တယ် ဆိုတဲ့အဆင့်ကို ရောက်ဖို့က အင်္ဂလိပ်စကားပြောတဲ့အခါမှာ ဆိုရင် အလေ့အကျင့်နဲ့ များစွာ သက်ဆိုင်ပါတယ်။ အလေ့အကျင့်မှာတောင် ဝါကျအမှားတွေကိုပဲ ခပ်မြန်မြန်နဲ့ ခပ်များများ ပြောကျင့်ရှိနေသူ တစ်ဦးအတွက်ကတော့ ဘယ်လောက် အလေ့အကျင့် များများ တိုးတက်လာမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ သဒ္ဒါအရ မှန်ကန်အောင် အရင်ဆုံး ကျင့်ကြံပြောဆိုပြီး၊ နှေးနှေးနဲ့ စိတ်ရှည်ရှည် ပြောရာကနေ တဖြည်းဖြည်းနဲ့ အလိုလို မြန်ဆန်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မစိုးရိမ် ပါနဲ့။

၅) အသံထွက် မသိပဲ ပြောဆိုခြင်း
အသံထွက်ကို ပီပီပြင်ပြင်နဲ့ မှန်မှန်ကန်ကန် သိအောင် အရင်ဆုံးလုပ်ရမှာပါ။ ဒါကို သိအောင် မလုပ်ပဲ ကိုယ် သိသလောက် မှတ်သလောက် ပြောရင်တော့ အမှားများစွာနဲ့ မထူးပါဘူး။ တစ်ဖက်လည်း နားလည်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကား မဟုတ်တာကြောင့် အသံထွက်လွဲတာကတော့ ကြိမ်းသေရှိမှာပါ။ ဒါကို ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံးဖြစ်အောင် ဘယ်လို ရယူမယ် ဆိုတာက လေ့ကျင့်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

' ပန်း အမျိုးမျိုး ''(အင်္ဂလိပ်အမည်များ)





(၁) စံပယ်ပန်း = Jasmine

(၂) နှင်းဆီပန်း = Rose

(၃) သစ်ခွပန်း = Orchid

(၄) ကြာပန်း = Lotus (or ) Water- lily

(၅) နှင်းပန်း = Lily

(၆) သဇင်ပန်း = Tiger-lady

(၇) ထပ်တရာပန်း = Marigold

(၈) ဒေါနပန်း = Wormwood

(၉) ဆောင်တော်ကူးပန်း = Vervain (or) Bridal bouquet

(၁၀) ပိတောက်ပန်း = Gumkino flower

(၁၁) စိန်ခြယ်ပန်း = Golden coreopsis

(၁၂) မေမြို့ပန်း = Aster

(၁၃) ဇီဇဝါပန်း = Gardenia

(၁၄) နေကြာပန်း = Sunflower

(၁၅) ချယ်ရီပန်း = Cherry

(၁၆) ဒေလီယာပန်း = Dahlia

(၁၇) ညမွှေးပန်း = Queen of the night

(၁၈) စိန်ပန်း = Gold mohur

(၁၉) ခေါင်ရမ်းပန်း = Hibiscus (or ) Shoe flower

(၂၀) ငုပန်း= Laburnum

(၂၁) ခရေပန်း = Star-flower

(၂၂) ဗေဒါပန်း = Water-hyacinth

(၂၃) သော်ကပန်း = Golden shower

(၂၄) ခွါညိုပန်း = Clematis

(၂၅) ဒေစီပန်း = Daisy

(၂၆) သခွတ်ပန်း = Trumpet flower

(၂၇) ခေါင်းလောင်းပန်း = Canterbury bell-flower

(၂၈) နွယ်သာကီပန်း = Oleander

(၂၉) ကုမုဒြာကြာပန်း = Kumudra waterlily

(၃၀) ပုန်းညက်ပန်း = Alexandrian laurel

(၃၁) ဖယောင်းပန်း = Yellow oleander

(၃၂) ကံ့ကော်ပန်း = Mesua ferrea

(၃၃) ငုဝါပန်း = Casssiafistula

(၃၄) မြတ်လေးပန်း = Star ipomea

(၃၅) မိုးမခပန်း = Salitetrasperma

(၃၆) မလေးပန်း = Spanish jasmine

(၃၇) ကြွေပန်း = Begonia

(၃၈) တိုက်ပန်း = Antigonum (or) Coralvine

(၃၉) ရွှေပန်း = Yellow ginge lily

(၄၀) ငွေပန်း = White waxy flower

(၄၁) ပိန်းပန်း = Anthurium

(၄၂) ဇွန်ပန်း = Small jasmine

(၄၃) ဒန်းပန်း = Balsam flower

(၄၄) စကားဝါပန်း = Yellow champac

(၄၅) စကားဖြူပန်း = White champak

(၄၆) တောင်ဇလပ်ပန်း = Rhododendron

(၄၇) ဇော်မွှေးပန်း = Carnation

(၄၈) သစ္စာပန်း = Gladiola

(၄၉)ဂန္ဓမာပန်း=Chrysanthemum

(၅၀) ခတ္တာပန်း = Tulip

(၅၁) ပုဏ္ဏရိတ်ပန်း = Lxora

(၅၂) စက္ကူပန်း = Bougainvillaea

(၅၃) စန္ဒကူးပန်း = Sandal wood flower

(၅၄) တိုက်ကပ်နွယ်ပန်း = Ivy flower

(၅၅) ဒေါင်းဖန်ဝါပန်း = Zinnia

(၅၆) အင်ကြင်းပန်း = Religiosa

(၅၇) တရုတ်စကားပန်း = Frangipani

(၅၈) ရွက်လှ= Croton

(၅၉) ဂမုန်း = Johnuil

(၆၀) ဂမုန်းသစ်ခွ = Slipper orchid

(၆၁) ခိုင်ရွှေဝါ = Golden rod

(၆၂) သရဖီ = Callophillum amoenum

(၆၃) နန်းလုံးကြိုင် = Vachellia

(၆၄) ကြက်ရုန်း = Arabian jasmine

(၆၅) သပြေရွက်များ = Eugenia leaves

(၆၆) ဗုဒ္ဓံ သရဏံ = Canna

Credit By : The Best English For
လူတိုင်းအတွက် အင်္ဂလိပ်စာ
 

HND ပြီးရင် ဘာလုပ်မလဲ . . . .


              

ယနေ့ခေတ်ကာလတွင် ပညာရေးအခွင့်အလမ်းများ တိုးတက် ထွန်းကားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ ပေးအပ်သောဘွဲ့၊ ဒီဂရီများ၊ သင်တန်းကျောင်းများလည်း ဖွင့်လှစ် လာသောကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ရွေးချယ်မှုများ ပိုမိုစုံလင်လာပြီဖြစ်သည်။ ယင်းကဲ့သို့ ပြည်ပမှပေးအပ်သော ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်များထဲမှ HND ဟုခေါ်သော (Higher National Diploma) သည် ကျောင်းသား၊ ကျောင်းသူများအကြား ရေပန်းစားလျက်ရှိနေသည်။

HND Qualification သည် ယူကေ၏ ပညာရေးအဆင့် တိုင်းတာမှု Qualifcation and Credit Framework (QCF) အရ Level 5 တွင်ရှိသော Vocational Education အမျိုးအစားဖြစ်သည်။ Vocational Education ဆိုသည်မှာ လက်တွေ့ဆန်သော သင်ကြားမှုများနှင့် လုပ်ငန်းခွင်ဝင်ရန် ဦးစားပေး သင်ကြားပေးသော အသက်မွေးဝမ်းကျောင်း ပညာရေးကို ဆိုလိုသည်။ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် မေးစရာ ရှိလာသည်မှာ “HND ပြီးရင် ဘာလုပ်မလဲ” ဆိုသည်ပင်။ ဘွဲ့ရရှိရန် နောက်ဆုံး ပညာသင်နှစ်ကို နိုင်ငံတကာ အတွေ့အကြုံတွေ ရအောင်နိုင်ငံခြား တက္ကသိုလ်တွင် သွားတက်ရောက်မည်လား သို့မဟုတ် ပြည်တွင်း၌ပင် တက်ရောက်မည်လား ရွေးချယ်ကြရသည်။ HND တက်ရောက်သော ကျောင်းသား၊ ကျောင်းသူ အများစုမှာ နောက်ဆုံးနှစ် ကို နိုင်ငံခြားသို့ ကူးပြောင်းရန် ရည်ရွယ်ကြသည်။ ထို့ကြောင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားသော လူငယ်များရှိသကဲ့သို့ မိမိ၏ Budget ၊ လူမှုရေးအကြောင်းအရာများပေါ် မူတည်ပြီး မြန်မာနိုင်ငံ၌ပင် နောက်ဆုံးနှစ် တက်လိုက်ရသောသူများလည်း ရှိသည်။

နိုင်ငံခြားတွင် ပညာသင်ကြားသည်ဆိုသည်မှာ ဘွဲ့ရရုံတစ်ခုတည်း မဟုတ်ပေ။ အဆင့်မြင့် သင်ကြားမှု၊ သင်ယူမှုပုံစံများနှင့် တကွ ပိုက်ဆံနှင့် ပေးဝယ်၍မရသည့် အတွေ့အကြုံ၊ ဗဟုသုတ၊ လူမှုပေါင်းသင်း ဆက်ဆံရေး၊ ပြီးလျှင် အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ ဘ၀အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှု အတွက်လည်း ပါဝင်သည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံခြား တွင် ကျောင်းသွားတက်သည့် ရည်ရွယ်ချက်များမှာ ကွဲပြားသလို အကျိုးကျေးဇူးလည်းများနိုင်သည်။

ပထမဦးဆုံးအနေဖြင့် အင်္ဂလိပ်စကားပြော နိုင်ငံများဖြစ်သည့် အလျောက် ဘာသာစကားပြောဆိုမှုပိုင်း ဆိုင်ရာများမှာ စာသင်ခန်းအတွင်း၌သာ မဟုတ်ဘဲ နေ့စဉ် လူနေမှုဘဝနှင့် တိုက်ရိုက် ချိတ်ဆက် နေသောကြောင့် လေ့လာ သင်ယူမှုကို ပိုပြီး မြန်ဆန်စေနိုင်ခြင်းဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ စုဝေးတက်ရောက်ရာ နေရာဖြစ်သောကြောင့် နိုင်ငံတကာမှ ကွဲပြားခြားနားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ၊ အစားအစာနှင့်တကွ လူနေမှုအကျင့်စရိုက်များကိုပါ တစ်နေရာတည်းတွင် သိရှိစေနိုင်သည်။ ထို့အပြင် နိုင်ငံအစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် သိရှိခွင့်ရသည့်

အတွက် မိမိ၏ လူမှုကွန်ရက်ကို ပိုမိုဖြန့်ကြက်နိုင်ကာ Networking ကောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတွင်ကျယ်စေမည် ဖြစ်သည်။ Term တစ်ခုပြီးဆုံး၍ ကျောင်းခဏပိတ်ချိန် (Semester Break) များတွင်လည်း မိမိတက်ရောက်နေသော မြို့၏ပတ်ဝန်းကျင်ကို သွားရောက်ကာ ဒေသန္တရ ဗဟုသုတ ရရှိစေရန် လေ့လာခရီးများထွက်ခြင်း၊ တချို့သော တက္ကသိုလ်များတွင် Field Trip ထွက်ခြင်းများကိုလည်း သင်ရိုးညွှန်းတမ်းများအတွင်း ထည့်သွင်းရေးဆွဲလာကြတာကို တွေ့ရမည်ဖြစ်သည်။

HND Qualification သည် ယူကေမှ အသိအမှတ်ပြုထားသော လက်မှတ်ဖြစ်သောကြောင့် ယူကေရှိ တက္ကသိုလ် အများစု၏ နောက်ဆုံးနှစ် (Top up) ကို တက်ရောက်ခွင့်ရှိသော်လည်း အချို့သော တက္ကသိုလ်များတွင်မူ ဒုတိယနှစ်မှ စတင်ဝင်ရောက်ရကာ ဘွဲ့ရရန် ၂ နှစ် တက်ရောက်ရသည်။ HND ပြီးဆုံးသွားပါက ယူကေအပြင် အခြားသော နိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ အမေရိကန် စသည့်နိုင်ငံများရှိ ကျောင်းများတွင်လည်း Credit Transfer လျှောက်ထားနိုင်သည်။

မိမိတက်ရောက်သော ဘာသာရပ်၊ ရမှတ်နှင့် တက်ရောက်သော နိုင်ငံပေါ်မူတည်ပြီး ဘွဲ့ရရှိရန် ဆက်လက် တက်ရောက်ရသော အချိန်ကာလ ကွာခြားတတ်သည်။ ယူကေတွင် ဆက်လက်ပညာ သင်ကြားမည်ဆိုပါက HND ပြီးထားသူတိုင်း ဘွဲ့ရရှိရန် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမပညာရေးလမ်းကြောင်းသည် HND ၂ နှစ်နှင့် တက္ကသိုလ်တွင် နောက်ဆုံးနှစ်တို့ ပြီးမြောက်ရန် လိုသည့်အတွက် (2+1 route) ဟု ခေါ်တွင်ပြီး ဒုတိယတစ်ခုမှာ HND ၂ နှစ်နှင့် တက္ကသိုလ်တွင် ၂ နှစ် တက်ရောက်ရန် လိုသည့်အတွက် (2+2 route) ဟုခေါ်တွင်သည်။

BTEC HND အား Business, Computing နှင့် Engineering ဘာသာရပ် ပြီးမြောက်ထားသူများသည် ယူကေရှိ တက္ကသိုလ် ၁၃ ခုတို့၏ နောက်ဆုံးနှစ် (Year 3) သို့ တိုက်ရိုက်လျှောက်ထားနိုင် သည်။ BTEC HND ပြီးမြောက်ထားသူများသည် ယူကေတက္ကသိုလ် ၂၈ ခု၏ ဒုတိယနှစ် (Year 2) သို့မဟုတ် နောက်ဆုံးနှစ် (Year 3) သို့တိုက်ရိုက်လျှောက်ထားနိုင်သည်။ ယူကေနိုင်ငံ ၏ ပြင်ပတွင် တက်ရောက်ပြီးစီးထားသော Edexcel BTEC Higher National Diploma လက်မှတ်အား အသိအမှတ်ပြုထားပြီး ယူကေတက္ကသိုလ် ၃၈ ခုသို့ ဘာသာရပ် ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်သည်။

EDUVISION Worldwide Education Specialist မှ ကူညီပံ့ပိုးသည်။
 

အသုံးများဆုံး English Expressions (10)ခု


 
အင်္ဂလိပ်စာလေ့လာနေတဲ့ လူငယ်တော်တော်များများမှားလေ့ရှိတာကတော့စကားပြောရင် စာအုပ်ထဲက စာဆန်တဲ့စကားတွေကို ပြောနေကြတာပါပဲ။မြန်မာစကားကိုပဲ ဥပမာယူကြည့်ပါ။ ကျွန်တော်တို့စကားပြောကြတဲ့အခါမှာ“ကျွန်တော်သည်မနေ့က လှည်းတန်းသို့သွားရောက်ခဲ့ပါသည်”လို့ပြောလား“ငါမနေ့ကိုလှည်းတန်းကိုဒိုးခဲ့သေးတယ်ကွ”လို့ပြောပါသလား။ အနည်းဆုံး
“ဒိုးတယ်””လိမ့်တယ်” ဆိုတဲ့စကားတွေမသုံးရင်တောင် “သွားခဲ့တယ်လို့”တော့သုံးမှာပါ။ သွားရောက်ခဲပါသည်ဆိုတာမျိုးတော့ စကားပြောမှာသုံးမှာမဟုတ်ပါဘူး။ 
 
ကျွန်တော်ဆိုလိုချင်တာက မြန်မာစကားမှာ စာမှာရေးတာနဲ့စကားပြောနဲ့ အသုံးအနှုန်းကွာခြားသလို အင်္ဂလိပ်စာမှာလည်းအသုံးအနှုန်း
ကွာပါတယ်။ စာအုပ်တွေအဖတ်များပြီးပြောတဲ့သူရဲ့စကားကို Nativeတွေကြားတဲ့အခါမှာ သူတို့ကသိပါတယ်။ အဲ့ဒိလိုပြောတဲ့ Englishစာကို သူတို့ကBookish Englishလို့ခေါ်ပါတယ်။ ဒီတော့ စာမဆန်ပဲ လက်တွေ့ဆန်တဲ့Englishစာပြောတတ်အောင်ဘယ်လိုလုပ်မလဲ? အဲဒါကတော့ သူတို့နေ့စဉ်
ဘ၀မှာတကယ်အသုံးပြုနေတဲ့ စကားလုံးတွေကိုလေ့လာရမှာပါ။

အခုတော့ သူတို့ရဲ့နေ့စဉ်ဘ၀မှာအသုံးများဆုံးစကားလုံး (၁၀)လုံးကိုဖော်ပြလိုက်ပါတယ်။ ကျွန်တော်ရေးမယ့်(၁၀)လုံးထဲမှာ သင်သိပြီးသားစကားလုံးတွေလည်း ပါကောင်းပါနေမှာပါ။
ဒါပေမဲ့ တကယ်ပြန်ပြီးဆန်းစစ်ရမှာက သင်စကားပြောမှာရော ထိုစာလုံးတွေအသုံးပြု ဖြစ်ရဲ့လား ဆိုတာပါပဲ။ အကယ်၍ အရင်က အသုံးမပြုမိဘူးဆိုရင်လည်းသင့်ရဲ့နေ့စဉ်စကားပြောတွေမှာ အခါအခွင့်သင့်သလို ဒီနေ့ကစပြီးအသုံးပြုလိုက်ပါတော့။ မသုံးသရွေ့ သင့်ကိုယ်ပိုင်စကားလုံးဖြစ်လာမှမဟုတ်ပါဘူး။အားလုံးပဲ Englishစာကို သဘာဝကျကျပြောဆိုနိုင်ကြပါစေ။

(1) twenty four seven (24/7)

တစ်နေ့မှာ ၂၄နာရီရှိပြီး တစ်ပတ်မှာ ၇ရက်ရှိပါတယ်။ 24/7 ဆိုတာကတော့
အဲ့ဒိလိုအချိန်တိုင်းကို ဆိုလိုတာပါ။

e.g
You can access our website 24/7.
ကျွန်တော်တို့ဝက်ဘ်ဆိုဒ်ကို အချိန်မရွေးအသုံးပြုလို့်ရပါတယ်ခင်ဗျာ။

(2) get the ball rolling

ဒီ expressionကတော့ တစ်စုံတစ်ခုကိုစတင်ဖို့ပြောတာပါ။

e.g
Let’s get the ball rolling. [Let’s start now.]
ကဲစကြစို့။

(3) take it easy

ဒီ expressionကတော့ relaxနဲ့သဘောတရားတူပါတယ်။
အနားယူတာ၊ စိတ်လျော့တာမျိုးကိုဆိုလိုတာပါ။
e.g
I don’t have any plan this weekend. I think I’ll take it easy.
ဒီပိတ်ရက်တော့ငါဘာမှအစီအစဉ်မရှိဘူးကွ။ ငါအနားယူဖြစ်မယ်ထင်တယ်။

(4) sleep on it

ဒီexpressionကတော့ တစ်ခုခုကိုအလေးအနက်စဉ်းစားအုံးမယ်လို့ဆိုလိုတာပါ။
တစ်ညအိပ်လောက်စဉ်းစားပြီးမနက်ဖြန်မှ အဖြေပြန်ပေးမယ်လို့ဆိုလိုတာပါ။

e.g
I’ll get back to you tomorrow. I have to sleep on it.

(5) I’m broke.

ဒီexpressionကတော့ ပိုက်ဆံမရှိတော့ဘူး၊ဘိုင်ပြတ်နေပြီလို့ဆိုလိုတာပါ။

(6) The meeting is at 7 o’clock sharp!
အစည်းအဝေးက 7နာရီအတိမှာစမှာနော်

Sharpကိုတော့ ဒီလိုအနေအထားမှာ တိတိကျကျလို့ဆိုလိုချင်တာပါ။

(7) like the back of my hand

ဒီexpressionကတော့ တစ်စုံတစ်ခုကို သေသေချာချာ မိမိရဲ့
လက်ဖမိုးကဲ့သို့ သိတယ်လို့ ဆိုလိုချင်တာပါ။

e.g I know this city like the back of my hand.
ကျွန်တော်ဒီမြို့ အကြောင်းကို သေသေချာချာသိပါတယ်။

(8) give me a hand

ဒီ expressionကတော့ အကူအညီတောင်းတဲ့နေရာမှာ သုံးတာပါ။

e.g Do you want to give me a hand? = Do you wanna help me?

Would you give me a hand? = Would you help me?

ငါကိုကူညီပါလား?

(9) in ages

ဒီexpressionကတော့ အချိန်တွေကြာသွားခဲ့ပြီလို့ဆိုလိုချင်တာပါ။

e.g I haven’t seen him in ages.
ငါသူ့ကိုမတွေ့တာနှစ်တွေတော်တော်တောင်ကြာနေခဲ့ပါပြီ။

(10) sick and tired

ဒီexpressionကတော့ စိတ်ကုန်နေပြီ။မကြိုက်တော့ဘူး။မုန်းနေပြီလို့
ဆိုလိုတာပါ။

e.g
I’m sick and tired of doing homework.

မိုးရှင်း (I.M.T)
www.work.com.mm

Ref:engvid.com

နိုင်ငံတကာကျောင်းမှာ ကလေးတို့ကို ကျောင်းထားမယ်ဆိုရင်


ခေတ်ဘုန်းသစ်
    သရုပ်ဖော်ပုံ ကာတွန်း အာကာ
သရုပ်ဖော်ပုံ ကာတွန်း အာကာ
ကလေးတို့ ကျောင်းနေမယ့် အရွယ်ကို ရောက်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်းမှာ မိဘများ စတင်စဉ်း စားလာရတဲ့ အလုပ်ကတော့ ကျောင်းရွေးချယ်တဲ့ အလုပ်ပါပဲ။ ကျမတို့ ငယ်ငယ်တုန်းကလိုမျိုး အစိုးရကျောင်း တခုတည်း တက်စရာ ရှိတဲ့ခေတ် မဟုတ်တော့ တာမို့ ကလေးများကို ဘယ်ကျောင်းထားမလဲ ဆိုတဲ့ကိစ္စက မိဘများ အတွက် စဉ်းစားစရာ ဖြစ်လာပါပြီ။
အထူးသဖြင့် ငွေရေးကြေးရေး ချောင်လည်သူ မိဘများ အနေနဲ့ ရွေးချယ်စရာ ကျောင်းတွေက ဒီခေတ်မှာ များလာပြီမို့ ကလေးတို့ကို နာမည်ရ အစိုးရကျောင်းများမှာ ထားမလား၊ ဒါမှမဟုတ် အပြင်ကျောင်း (နိုင်ငံတကာ ကျောင်းများမှာ) ထားမလား ဆိုတာကို ရွေးချယ်လာကြရ ပါတယ်။
တချို့ကလည်း ဆယ်တန်းမှာ ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် လိုင်းကောင်းကောင်း ရဖို့အတွက် တန်းစီရအောင်လို့ နာမည်ရ အစိုးရကျောင်းများမှာ ကလေးတို့ကို ကျောင်းထားဖို့ စဉ်းစားကြသလို၊ တချို့ကလည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာ ထားကြပါတယ်။
နိုင်ငံတကာကျောင်း အရပ်အခေါ် (ဘိုကျောင်း) ကိုထားပြီဆိုရင်တော့ အနည်းနဲ့အများ ဆိုသလို ဘိုလို (အင်္ဂလိပ်လို) ပြောတတ်၊ ရေးတတ် လာပါပြီ။ မိဘတော် တော်များများဟာ ကိုယ်သွက်သွက် မပြောနိုင်တဲ့ ဘိုစကားကို ကလေးတို့ ရွတ်ရှက်ဒွတ်ဒတ်နဲ့ ပြောဆိုနိုင်ကြတာကိုလည်း ဝမ်းသာကြပါတယ်။
ကလေးတို့ ဘိုလို သွက်သွက်ပြောနိုင်လာပြီ ဖြစ်တဲ့ အတွက် ကလေးတို့ရဲ့ ဘဝအတွက်၊ ပညာရေး အတွက် စိတ်အေးရပြီ လို့လည်း မိဘတချို့က ထင်တတ် ကြပါတယ်။ ဘိုလို ကောင်းကောင်း ပြောနိုင်ပြီ၊ ရေးနိုင်ပြီ ဖြစ်လို့ နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ဖို့အတွက် ဝင်ခွင့်ဖြေတဲ့ အခါမှာ ကိုယ့်ကလေးက တပန်းမက သာလိမ့်မယ်လို့လည်း တွေးတတ်ကြ ပါသေးတယ်။
တကယ်တော့ အင်္ဂလိပ်စာဟာ ဘာသာစကားပါ။ ပညာရပ်မဟုတ်ပါဘူး။ အင်္ဂလိပ်စကားကို ရေလည်အောင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်ဖို့ ဘာကြောင့် လိုပါသလဲ လို့ မေးမယ် ဆိုရင် ဒီစကားဟာ ဘယ်ပညာရပ် မဆိုရဲ့ တံတား ဖြစ်နေလို့ ပါပဲ။ ကျမတို့ဟာ ဘာကိုပဲ လေ့လာချင်၊ လေ့လာချင် အင်္ဂလိပ်လိုတတ်မှ အဆင်ပြေမှာ ဖြစ်တာ ကြောင့် အင်္ဂလိပ်စာကို အရေးတကြီး သင်ကြရပါတယ်။ ပြီးတော့ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေက ဘယ် သာသာရပ်မှာ မဆို အများကြီးပဲ ရှိတာမို့လို့ပါ။ ဒါကြောင့် မို့လို့ အင်္ဂလိပ်လိုတတ်ဖို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။
ဒါပေမယ့် ကလေးတို့ကို သူငယ်တန်းကနေ စလို့ ဆယ်တန်းအထိ ပညာသင်ကြားတဲ့ အခါမှာတော့ အင်္ဂလိပ်စာ တခုတည်းကိုပဲ ကျမတို့ အဓိက ထားပြီးတော့ သင်ကြားလို့ မရပါဘူး။  အင်္ဂလိပ်စာလိုပဲ အရေးကြီးတဲ့ သင်္ချာ၊ သိပံ္ပ၊ သမိုင်း၊ လူမှုဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ တွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ကျိုးကြောင်းကျနစွာ စဉ်းစားတတ်မှု စသဖြင့် အဲဒီအရာတွေ ကိုပါ သင်ကြားဖို့လိုပါတယ်။
ဒီလိုအရာတွေကို ဘယ်လိုသင်ကြားမလဲ၊ ဘာနည်းနဲ့ သင်ကြားမလဲ ဆိုတဲ့ကိစ္စက ခုနက အင်္ဂလိပ်စာ တတ်ဖို့ ဆိုတာထက် ပိုပြီးတော့ အရေးကြီးပါတယ်။
ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာထား ကြတဲ့ အခါမှာ မိဘများအနေနဲ့ ကလေးတို့ကို ဘယ်လို သင်ရိုး ညွှန်းတမ်းနဲ့ သင်မှာလဲ၊ သင်ရိုးညွှန်းတမ်းထဲမှာ ဘာတွေပါသလဲ ဆိုတာကို သိဖို့လိုပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်း ထဲက စာတွေကို ကလေးတို့ကို သင်ကြားပေးတဲ့အခါမှာ ဘယ်လို နည်းစနစ်တွေကို သုံးပြီးတော့ သင်သလဲ ဆိုတာ ကိုလည်း သိဖို့ လိုပါတယ်။
ကျမတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံများက ကျောင်းတွေဆီကို ရောက်လာကြတဲ့ နိုင်ငံခြားသား ဆရာတွေဟာ တကယ်တော့ ဆရာစစ်စစ်တွေ မဟုတ်ကြတာ များပါတယ်။ နိုင်ငံခြားသား (အဖြူ) ဆရာတွေ များတယ်ဆိုတိုင်း ကျောင်းကောင်းရယ်လို့ ခေါ်လို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ဆရာဟာ တကယ်ရော ဆရာအရည်အချင်းနဲ့ ပြည့်စုံရဲ့လား၊ ပြည့်စုံဖို့ကိုရော ကြိုးစား အားထုတ်နေတဲ့သူ ဟုတ်ရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ သိဖို့လိုပါ သေးတယ်။
ဒါ့အပြင် ကလေးတို့တက်နေတဲ့ ကျောင်းများမှာ ကလေးတို့ကို အမူအကျင့် ကောင်းလေးတွေကိုရော သင်ပေးရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ လေ့လာဖို့ လိုပါသေးတယ်။ ဥပမာ – စာဖတ်တတ်တဲ့ အကျင့်လေးရသွားအောင်လို့ ကလေးတို့ကို လေ့ကျင့် ပေးတာမျိုးပါ။ စာဖတ်ဝါသနာပါခြင်းဟာ ကလေးတို့ရဲ့ အနာဂတ်ပညာရေး အတွက် သိပ်ကိုမှ အရေးကြီးတဲ့ ရေသောက်မြစ်တခု ဖြစ်တာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံကကျောင်းတွေမှာဆိုရင် ကလေးတို့ကို သူငယ်တန်း လောက်ကတည်းက စပြီးတော့ စာဖတ်ဝါသနာ ပါဖို့ကို စတင်ပျိုးထောင်ပေးနေကြပါပြီ။
ကိုယ့်ရဲ့ ကလေးတက်တဲ့ ကျောင်းမှာ စာကြည့်တိုက်ချိန် ရှိမရှိ ဆိုတာကို မိဘများ အနေနဲ့သိဖို့ လိုပါတယ်။ စာကြည့်တိုက်ချိန် ရယ်လို့ ရှိပေမယ့် ဒီစာကြည့်တိုက်ချိန် ဆိုတာဟာ ဟန်ပြအချိန်လား၊ တကယ်ကိုပဲ ကလေးတို့ကို စာဖတ်ဝါသနာ ပါစေဖို့ အတွက် လေ့ကျင့်ပေးတဲ့ အချိန်လား ဆိုတာကို သိအောင်လို့လည်း လုပ်ထားရပါမယ်။
နိုင်ငံတကာ ကျောင်းတွေမှာ အစိုးရကျောင်း တွေထက်စာရင်တော့ အားသာချက်တွေ အများကြီး ရှိတယ်လို့ ဆိုလို့ ရပေမယ့် အားနည်းချက်တွေလည်း ရှိပါတယ်။ အဆိုးဆုံး အားနည်းချက်ကတော့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို သင်မပေးနိုင်ကြတာ ပါပဲ။ နိုင်ငံတကာကျောင်းများမှာ ထားတဲ့ မိဘများအနေနဲ့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို ကလေးတို့ သိအောင်လို့ အိမ်မှာပြောပြ၊ သင်ပြပေးဖို့ လိုပါတယ်။ နိုင်ငံတကာ ကျောင်းမှာ ထားပေမယ့်လည်း မြန်မာစကား ကောင်းကောင်း ပြောနိုင်အောင်၊ မြန်မာစာ ကောင်းကောင်း ဖတ်နိုင်အောင်လို့ ကလေးတို့ကို သင်ကြားပေးဖို့ လိုပါတယ်။
ဒါ့အပြင် လူမျိုးတိုင်း လူမျိုးတိုင်းမှာ ရိုးရာယဉ် ကျေးမှုဆိုတာ ရှိတာကြောင့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု များကိုလည်း ကလေးတို့ကို နားလည်အောင်လို့ ရှင်းပြသင်ပြ ပေးဖို့လိုပါတယ်။ ကထိန်ဆိုရင် ဘာကြောင့် ကထိန်ခင်းရတယ်၊ အာဇာနည်နေ့ ဆိုရင် ဘာဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်ရတယ်၊ အမျိုးသားနေ့က ဘာ စသဖြင့် ကလေးတို့ သိအောင်လို့  မိဘများက ပြောပြဖို့ လိုပါတယ်။
လူမျိုးတိုင်း လူမျိုး တိုင်းမှာ ယဉ်ကျေးမှုတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတော်တွေ ရှိတာဟာ ဘာကြောင့် ရှိရသလဲ ဆိုတာကို ကလေးတို့ သိဖို့ လိုသလို၊ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင် သင်ပေးဖို့လိုပါ တယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင်၊ ဒီလိုပဲ ကိုယ်နဲ့ မတူတဲ့ လူမျိုးများရဲ့ ယဉ်ကျေးမှုတွေ ကိုလည်း လေးစားတတ်ဖို့ ကလေးတို့ကို သင်ပေးဖို့ လိုပါတယ်။
ဒါဆိုရင်ဖြင့် နိုင်ငံတကာ ကျောင်းတွေမှာ ကလေးကို ထားရတာ ရိုင်းလာတယ်တို့၊ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို မသိတော့ဘူးတို့ ဆိုတဲ့ အားနည်းချက်တွေကို ကျမတို့ ကျော်လွှား နိုင်သွားပါလိမ့်မယ်။ တကယ်တော့ ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှုကြောင့် အစိုးရကျောင်းများရဲ့ ကျက်ဖြေစနစ် အောက်မှာ ကလေးတို့ရဲ့ ပညာရေးဟာ တခြားဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေခဲ့ရပါပြီ။
နိုင်ငံတကာ ကျောင်းများ ပေါ်လာချိန်မှာတော့ နောက်ကျ ကျန်ရစ်တဲ့ ပညာရေးကို ပိုက်ဆံတတ်နိုင်သူ မိဘများက ဒီကျောင်းများရဲ့ အကူအညီနဲ့ အမီလိုက်ဖို့ ကြံစည်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကျောင်း တော်တော်များများဟာ သင်ရိုးညွှန်းတမ်း မခိုင်မာ၊ ဆရာကောင်းကောင်းမရှိ၊ သင်နည်းစနစ် အတိအကျ မရှိကြသေးပါဘူး။ ဒါနဲ့ပဲ ပညာရေးဟာ နောက်ကျမြဲ နောက်ကျနေဆဲပါ။
သို့ပေမယ့် ကျမတို့ဟာ ရွေးချယ်စရာလည်း များများစားစား မရှိတာမို့ များပြားလှစွာသော နိုင်ငံတကာကျောင်းတွေ ထဲက ကိုယ့်ကလေးနဲ့ သင့်တော်မယ့် ကျောင်းလေး တကျောင်းကိုတော့ ရှာရဖွေရပါတော့တယ်။ ကလေးတို့ အတွက် ကျောင်း ဆိုတာဟာ ဒုတိယအိမ်ပါပဲ။ ဒီ ဒုတိယအိမ်မှာ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံနဲ့ စာသင်ကြား တတ်မြောက် နိုင်ဖို့ ဆိုတဲ့ကိစ္စက ကျောင်းအဆောက်အဦတွေ ကောင်းဖို့ဆိုတာထက်၊ ကားပါကင် ကျယ်ကျယ် ဆိုတာတွေထက် ပိုပြီးတော့ အရေးကြီးပါတယ်။
ဒါကြောင့်မို့လို့ ကလေးတို့ကို နိုင်ငံတကာကျောင်းမှာ ထားမယ် ဆိုရင်ဖြင့် မထားခင်ကတည်က ကလေး သင်ရမယ့် သင်ရိုးညွှန်းတမ်းက အစ၊ ဆရာ၊ ဆရာမ အဆုံး မိဘများအနေနဲ့ ကြိုတင်စုံစမ်း လေ့လာကြဖို့ လိုတာမို့လို့ စုံစမ်းပြီးမှ သာ ကလေးကို ကျောင်းထားကြပါလို့။     ။
Related Posts Plugin for WordPress, Blogger...