စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆင်ခြင်တုံတရား လက်ကိုင်ထားပါ


လူ့အဖွဲ့အစည်း အတွင်း လူတိုင်းဟာ နေ့စဉ်ဆိုသလို စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးများတွက် ရုန်းကန်ကြရပါတယ်။အဲသလို လှုပ်ရှားရုန်းကန်နေရင်းကပဲ နိုင်ငံရေး၊ အခြားအခြားသောတိုင်းရေးပြည်ရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး စတာတွေအတွက်လည်း လုပ်ကြကိုင်ကြရပါတယ်။ လူတိုင်းဟာ မတူကွဲပြားတဲ့နယ်ပယ်အသီးသီး၊ မတူကွဲပြားတဲ့ အခြေအနေများအောက်မှာလည်း ရုန်းကန်လုပ်ကိုင်ကြပါတယ်။ တစ်ဆက်တည်းဆိုသလို မတူကွဲပြားတဲ့ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်များလည်း ထွက်ပေါ်လာပါတယ်။ အစိုးရခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊ ပညာရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်၊ လယ်သမားခေါင်းဆောင်၊ အလုပ်သမားခေါင်းဆောင် အစရှိသဖြင့်များမြောင်လှပါတယ်။

ခေါင်းဆောင်တွေဟာ သက် ဆိုင်ရာနယ်ပယ်အသီးသီးမှာ ပါ ဝင်နေတဲ့ လူထုတွေကို ခေါင်း ဆောင်ရတာ ဖြစ်တာကြောင့် ခေါင်းဆောင်ပီသဖို့လည်း လိုအပ် လာပြန်ပါတယ်။ ခေါင်းဆောင် ကောင်းဖြစ်ဖို့၊ ခေါင်းဆောင်ပီသ ဖို့ မဖြစ်မနေရှိရမယ့် အရည်အ ချင်းတွေ လိုအပ်လာပြန်ပါတယ်။ လုံ့လထကြွရှိဖို့၊ ရိုးသားဖြောင့် မတ်ဖို့၊ ဉာဏ်အမြော်အမြင်ကြီး မားဖို့၊ ကျောသားရင်သားမခွဲခြား ဖို့၊ တရားမျှတမှုရှိဖို့စတဲ့ အချက်တွေဟာ ခေါင်းဆောင်ကောင်းတွေအတွက် မရှိမဖြစ် အရည်အသွေးတွေပါ။ အဲဒီအထဲမှာမှ အမြဲမပြတ် သတိထားနှလုံးသွင်း ကျင့်ကြံရမယ့်အရာ၊ မမေ့မလျော့ရမယ့်အရာကတော့ ဆင်ခြင်တုံတရားကို အမြဲလက်ကိုင်ထားဖို့ဖြစ်ပါတယ်။

လေ့လာရသလောက်တော့ အခုအစိုးရတက်လာကတည်းက အစိုးရခေါင်းဆောင်တချို့၊ နိုင်ငံ ရေးခေါင်းဆောင်တချို့နဲ့ ဘာသာ ရေးခေါင်းဆောင်တချို့ဟာ ဆင် ခြင်တုံတရားကနေ ကင်းလွတ်တဲ့ အပြောအဆိုတွေ၊ အပြုအမူတွေ ကို မကြာမကြာ လုပ်ဆောင်နေ တာ တွေ့ရပါတယ်။ အခုရက်ပိုင်း အတွင်းမှာလည်း တွေ့ခဲ့ရတဲ့ ကိစ္စတစ်ခုကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြောခဲ့တဲ့ စကား ပါ။ အမေရိကန်က စီးပွားရေးပြန် ပိတ်လည်း အနှစ်တစ်ရာကြာပါ စေ၊ ဂရုမစိုက်ဘူးဆိုတဲ့ အပြော မျိုးဖြစ်ပါတယ်။ ဒါမျိုးဟာ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတစ် ဦးပြောရမယ့် စကားမဟုတ်သလို ရွေးကောက်ပွဲနဲ့လည်း သက်ဆိုင် ခြင်းမရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့တာဝန်ဟာ လာမယ့်ရွေးကောက်ပွဲကို ဘယ် လိုဘယ်ပုံ လွတ်လပ်ပြီး တရားမျှ တစွာ ကျင်းပပေးမယ်ဆိုတဲ့ အ လုပ်သာဖြစ်ပါတယ်။ နိုင်ငံခြား ရေးဆန်တဲ့၊ နိုင်ငံခြားရေးနဲ့သက် ဆိုင်တဲ့ ပြောရမယ့် စကားတွေကို နိုင်ငံခြားရေးတာဝန်ယူထားတဲ့ ခေါင်းဆောင်များကသာ ပြော သင့်ပါတယ်။

အရင်ကာလများမှာလည်း ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ဒီလို အပြောမျိုးတွေ အစိုးရခေါင်း ဆောင်တချို့ ပြောခဲ့ပြီးပါပြီ။ မီးမလာရင် ဖယောင်းတိုင်ထွန်း၊ ထ မင်းတစ်နပ်လျှော့စား၊ နယ်လှည့် ပါးရိုက်မယ်၊ တရုတ်ကို ကြောက်ရတယ်၊ ဘူးလက်လွှတ်လိုက်မယ် အစရှိသဖြင့် အပြောတွေဖြစ်ပါ တယ်။ မဟတ္တမဂန္ဒီက ပြောခဲ့ဖူး ပါတယ်။ လူတိုင်းလူတိုင်းဟာ ဆင်ခြင်တုံတရားကို လက်မလွှတ် စေသင့်ဖူးလို့ ဆိုပါတယ်။ အထူး သဖြင့် တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရ မယ်လို့ ထောက်ပြခဲ့ဖူးပါတယ်။ ဘာကြောင့်ပါလဲ။ ဆင်ခြင်တုံတ ရား ကင်းမဲ့လာပြီဆိုရင် နောက် ဆက်တွဲ ရင်ဆိုင်ရမယ့် ကိစ္စက တော့ ကျရှုံးခြင်းနဲ့ ပြိုကွဲခြင်းဆို တာပဲ ဖြစ်ပါတယ်။ ရှေးမြန်မာ စကားပုံတစ်ခုကလည်း လက် ကြောင့်ကြေ၊ နှုတ်ကြောင့်သေလို့ ဆိုထားဖူးတယ် မဟုတ်ပါလား။

လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နဲ့ နပန်းလုံးလာရတဲ့ နိုင်ငံတစ်ခုဟာ ကျရှုံးခြင်းနဲ့ပဲ ရင် ဆိုင်ရတယ်ဆိုတာ အားလုံးမျက် မြင်ပါပဲ။ ဘာဖြစ်လို့ ပြည်တွင်းစစ် ဟာ ဒီလောက် သက်ဆိုးရှည်ရ တာလဲ။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး မဖြေရှင်းခဲ့ဘဲ ချေမှုန်းမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားခဲ့လို့ ဖြစ်ရတာလို့ ဆိုနိုင်ပါတယ်။ တစ်ဖက်မှာ ပြန် ကြည့်ရင်လည်း မြင်ရတာတစ်ခု ကတော့ မတော်လောဘကြီးသူ တွေ၊ ဉာဏ်အမြော်မြင်နည်းသူ တွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင်မထားနိုင်ဘူးဆိုတာပါ ပဲ။ နောက်တစ်ချက်လည်း ရှိပါ သေးတယ်။ ငါ့ဥမှ ငါ့ဥဆိုတဲ့ လူ စားမျိုးတွေလည်း ဒီအထဲမှာ အ ကျုံးဝင်ပါတယ်။ ငါ့လူမျိုးမှ ငါ့လူ မျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာဆိုတဲ့ ဘက်လိုက်မှုမျိုးကြောင့်လည်း ဆင်ခြင်တုံတရားဟာ မျက်ကွယ် ပြုခံရပါသေးတယ်။

ပြောရဦးမယ်ဆိုရင်တော့ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈နာဂစ်အခြေခံဥပဒေသည်ပင် လျှင် ဆင်ခြင်တုံတရားကင်းလွတ် ပြီး ရေးဆွဲအတည်ပြုခဲ့တာလို့ ဆို နိုင်ပါတယ်။ ကနေ့ခတ် ဘယ်ဒီမို ကရေစီနိုင်ငံမှာမှ မရှိတဲ့ အခြေခံ ဥပဒေဖြစ်ပါတယ်။ စစ်တပ်က ရွေးကောက်ပွဲဝင်စရာမလိုဘဲ ပါ လီမန်မှာ ၂၅ ရာခိုင်နှုန်း အမတ် ဖြစ်ခွင့်ရှိတယ်။ တိုင်းပြည်ချောက် ထဲကျဖို့ လတ်တစ်လုံးအလိုမှာ ကာကွယ်ရေးဦးစီးချုပ်က အာ ဏာသိမ်းနိုင်တယ် ဆိုတာမျိုးဟာ ဆင်ခြင်တုံတရားကင်းလွတ်ပြီး ထည့်သွင်းထားတဲ့ ဥပဒေတွေလို့ မပြောရင် ဘယ်လိုပြောရတော့ မှာလဲ။ ပဒေသရာဇ်တစ်ပိုင်း စစ် တစ်ပိုင်း ဖွဲ့စည်းပုံလို့ အမည်တပ် ရင် လူများစုက ကန့်ကွက်မယ် မထင်ပါဘူး။

နောက်တစ်ချက်ကလည်း သမ္မတဖြစ်မယ့်သူဟာ စစ်ရေး အမြင်ရှိရမယ်တဲ့။ သမ္မတ ဖြစ်မယ့်သူဟာ ဗိုလ်ချုပ်ဖြစ်ဖူးရ မယ်လို့ တိုက်ရိုက်ရေးမကောင်း လို့ အဲသလို ရေးခဲ့တာပဲ ဖြစ်နိုင်ပါ တယ်။ ဒါတွေဟာ ဆင်ခြင်တုံတ ရားမရှိဘဲ ပြုစုခဲ့တဲ့၊ အတည်ပြု ခဲ့တဲ့ ဥပဒေဖြစ်တာကြောင့် တ ကယ်တမ်းမှာတော့ တိုင်းပြည်နဲ့ လူထုသာ နစ်နာရပါတယ်။ ဒါပေ မဲ့ သူတို့နဲ့၊ သူတို့ရဲ့စီးပွားဖက်တွေ မှာ တစ်နေရာမှာတော့ ဆင်ခြင် တုံတရားလေး ရှိသေးတာ တွေ့ရ ပါသေးတယ်။ အဲဒါကတော့ သူတို့သားသမီးများကို နိုင်ငံရပ် ခြားတွေမှာ သွားပြီး ပညာသင်စေ တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘာ ကြောင့်တုံးဆိုတော့ မြန်မာ့ပညာရေးဟာ အောက်တန်းနောက် တန်း ကျနေပြီဆိုတာကိုတော့ သူ တို့ကောင်းကောင်း သိတာကြောင့်ပါ။ အဲဒါကြောင့် သူတို့သားသ မီးများကို အဆင့်အတန်းမြင့်တဲ့ ပညာရေးမျိုး ရစေချင်တဲ့နေရာမှာ တော့ ဆင်ဆင်ခြင်ခြင် တိုင်းတိုင်း ထွာထွာ လုပ်တယ်ဆိုတာကို မြင် ရတာပါပဲ။

အခုလတ်တလောဖြစ်နေ တဲ့ ကိစ္စကိုပဲ ကြည့်ပါဦး။ အဲဒီ ကိစ္စကို ရွှေတိဂုံအရေးတော်ပုံလို့ အမည်ပေးချင်ပါတယ်။ ရှေးတုန်း က စာရေးဆရာတစ်ဦးက ရွှေတိ ဂုံစေတီတော်ကို နိုင်ငံတော့်မျက် နှာဆိုတဲ့အမည်နဲ့ ရေးသားခဲ့ဖူးပါ တယ်။ အဲဒီအကြောင်းကို ဟိုတုန်းက အထက်တန်းစကားပြေမှာ တောင် ကျောင်းသားတွေ သင်ခဲ့ ဖူးပါတယ်။ ဒီနေရာမှာ နိုင်ငံတော့် မျက်နှာဆိုတာ သိပ်လှပတဲ့၊ ကျစ် လျစ်တဲ့ အသုံးအနှုန်းလို့ ဆိုရမှာ ပါပဲ။ နိုင်ငံတော်မျက်နှာကို အိုးမဲ သုတ်မယ့် အထပ်မြင့်အိမ်ရာစီမံ ကိန်းကို ဘာကြောင့် အာဏာပိုင် များက ခွင့်ပြုရတာလဲ။ ဆင်ခြင် တုံတရားခေါင်းပါးလို့ ဖြစ်ရတာ လို့ ပြောလိုပါတယ်။ တစ်ချိန်က အာဏာစက်ထက်လှတဲ့ စပိုင် ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတစ်ဦး ကလည်း အခုအထိ လူသိရှင်ကြားပြောဆိုနေတာတစ်ခုရှိပါတယ်။ ဘုရားဆိုတာ ရွှေရှိမှ တင့်တယ် သတဲ့။ အဲဒါကြောင့် သူ့လက် ထက်မှာ ဘုရားတွေကို ရွှေသင်္ကန်းလိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခေတ်သစ်မှာ တည်တဲ့ဘုရားဆို ရင်တော့ မပြောလိုပါ။ ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ်ဘုရား တွေဆိုတာ မူလရှေးလက်ရာမ ပျက်စီးအောင် ထိန်းသိမ်းစောင့် ရှောက်တာကလွဲလို့ တခြားအပို စာသားတွေ ထည့်ဖြည့်ဖို့ မလိုဘူး ဆိုတာကို မသိရှာပါဘူး။ ဒါက လည်း ဆင်ခြင်တုံတရားမဲ့တယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ပုဂံဘုရားအ တော်များများ စပိုင်ခေါင်းဆောင် ကြီးရဲ့ လက်ချက်မိခဲ့ရပါတယ်။

ဆင်ခြင်တုံတရားလက်ကိုင် ထားဖို့ဆိုတာ အစိုးရခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်မှ မဟုတ် ပါဘူး။ လူတိုင်းလူတိုင်း ဆင်ခြင် တုံတရားကို လက်ကိုင်ထားဖို့လို ပါတယ်။ မိဘက သားသမီးကို ငါမွေးထားတာပဲဆိုပြီး နင်ပဲငဆ ပြောဆိုရိုက်နှက်တာမျိုးတွေက အစ ဆင်ခြင်တုံတရား ကင်းမဲ့ တယ်ဆိုတာကို ပြသနေပါတယ်။ အလားတူဆိုသလို ကျောင်းဆရာ မက သူ့ကျူရှင်လာမတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ နှိမ်ချဆက်ဆံတာမျိုးကလည်း ဆင်ခြင်တုံတရားမဲ့တာကို ပြသ ရာ ရောက်ပါတယ်။ တစ်ခါ မတူ ကွဲပြားတဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား ကူးလူးဆက်ဆံတဲ့ နေရာများမှာ လည်း ဆင်ခြင်တုံတရားနဲ့ တိုင်း ထွာပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မြန်မာလူမျိုးတွေဟာ စိတ် မြန်လက်မြန် ရှိလှပါတယ်။ အဲဒါ ကြောင့် အကျိုးရှိခဲ့တာတွေ ရှိခဲ့ သလို အကျိုးယုတ်ခဲ့တာတွေ လည်း ရှိပါတယ်။ အကျိုးယုတ်ခဲ့ တာက ပိုများပါတယ်။ နောက် တစ်ချက်ကတော့ ကိုးကွယ်တဲ့ ဘာသာရေးဆိုတာ လူတွေ ဆင် ခြင်တုံတရားရှိအောင် သွန်သင်တဲ့အရာပါ။ ဆင်ခြင်တုံတရားရှိမှ သာ မတရားလုပ်ရပ်တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲသလို အခြေအနေမျိုးမှာ ဘာသာရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က ဆင်ခြင်တုံတရားကင်းလွတ်တဲ့ အပြောမျိုး၊ အဆိုမျိုး ပြုလုပ်လာ ပြီဆိုရင်တော့ ဒါဟာ လူ့အဖွဲ့အ စည်းကျရှုံးမယ့် အရိပ်လက္ခဏာ ဖြစ်တယ်လို့ ညွှန်းဆိုတာနဲ့ အတူ တူပါပဲ။ အကယ်၍ ပါလီမန်ထဲက ၂၅ ရာခိုင်နှုန်းသော တပ်မတော် သား ကိုယ်စားလှယ်များ မိမိတို့ရဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ဆီကို ပြန်ကြမယ်ဆိုရင် ဆင်ခြင် တုံတရားနဲ့ ပြည်စုံတဲ့လုပ်ရပ်လို့ လူတိုင်းက အသိအမှတ်ပြုကြပါ လိမ့်မယ်။

အချုပ်ကိုပြောရမယ်ဆိုရင် တော့ မြန်မာပြည်ကြီးမှာ ဒီနှစ်အ တွင်း ကျင်းပမယ့် ရွေးကောက်ပွဲ မှာလည်း လက်ရှိအာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီများ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး လူကြီးလူကောင်းဆန်ဆန် ယှဉ် ပြိုင်ကြပါလို့ တိုက်တွန်းလိုပါ ကြောင်း။

http://www.searchmyanmar.com/link/comment/cid/51633

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...