စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ထူးထူးဆန်းဆန်း. Show all posts
Showing posts with label ထူးထူးဆန်းဆန်း. Show all posts

လူသားတွေတောင်လိုက်မမီသော တောင်တက်ကျွမ်းသည့်တောင်ဆိတ်များ


လူသားများဟာ ကိရိယာ တန်ဆာပလာအစုံပါရင် ကမ္ဘာ့အမြင့်ဆုံးတောင်တွေတောင် တက်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ တောင်ဆိတ်တွေကတော့ ၆၀ ဒီဂရီ မတ်စောက်တဲ့ တောင်ဖြစ်နေရင်တောင် ခြေထောက်တင်စရာ အထစ်ရှိရင် အပေါ်ထိ ရောက်အောင် တက်နိုင်ကြ ပါတယ်။

တောင်ဆိတ်ရဲ့ ထူးခြားချက်က မြေပြန့်မှာ နေထိုင်ကျက်စားရတာကို မကြိုက်ပဲ တောင်ပေါ် တက်နေရသည်ကို မွေ့လျော်တဲ့ သတ္တဝါများ ဖြစ်ပါတယ်။ တော်ပေါ် တက်တဲ့အခါ ဒဏ်ရာ အနာတရများစွာ ရရှိပေမယ့် သူတို့ရဲ့ ထူးခြားချက်က ပြန်လည် အသက်သာ မြန်ခြင်း ဖြစ်ပါတယ်။

 တော်ရုံအနာတွေဆိုရင် သူတို့ရဲ့ လျှာဖြင့် လျက်လိုက်ရုံနဲ့ကို ပျောက်ပါတယ်။ အရိုးကျိုးရင်လည်း ပြန်သက်သာ ပါတယ်။ တောင်ဆိတ်ရဲ့ လျှာဟာဆိုရင် အနာပျောက်ရန် အင်မတန် ဆေးဖက်ဝင်တာကြောင့် ဈေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ဆိတ်တွေကို ဥရောပ၊ သြစတေးလျ၊ အာဖရိက တိုက် တို့မှာ အဓိက မြင်တွေ့ရပါတယ်။

 အအေးပိုင်းမှာဆိုရင် အရေခွံပေါ် အမွေးဖြူ ပေါက်တဲ့ တောင်ဆိတ်မျိုး ဖြစ်ပြီး အပူပိုင်းမှာတော့ အညိုရောင်အမွှေးများ ရှိတဲ့ တောင်ဆိတ်များ ပေါက်ဖွား ပါတယ်။
တောင်ဆိတ်မိခင်တွေဟာ သူတို့ရဲ့ အကောင်ပေါက်များကို လမ်းစလျှောက်တတ်တဲ့ အရွယ်ကနေ စလို့ တောင်တက်ခြင်း အတတ်ပညာကို သင်ကြားပေးပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
https://web.facebook.com/YoYarLay/posts/1072701336106451

ဂါဇာကမ်းမြှောင်က အသန်မာဆုံးလူငယ်



ဂါဇာကမ်းမြှောင်ဒေသက လူငယ်တစ်ဦးဟာ ၁၅ တန်လေးတဲ့ ကားကို ရင်ဘတ်မှာ ကြိုးချည်ပြီး ဆွဲပြနိုင်သလို သွားနဲ့ ဆွဲပြနိုင်တဲ့အတွက် ခေတ်သစ်လူသန်ကြီး ဆမ်ဆွန်လို့ နာမည်ကျော်ကြားနေပါတယ်။ ဆမ်ဆွန်ဆိုတာ သမ္မာကျမ်းစာအရ နတ်ဘုရားက သဘာဝလွန် စွမ်းအားတွေပေးထားတဲ့ လူသန်ကြီးပါ။ ဘာကာရာလို့ အမည်ရတဲ့ ဂါဇာက အသက် ၂၀ အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူ့မွေးရပ်မြေ ဒိုင်ယာဘာလက်မှာ သူ့ရဲ့သန်စွမ်းမှုကို လှည့်လည်ပြသခဲ့ပါတယ်။

ဘာကာရာဟာ ၁၅ တန်လေးတဲ့ ကားကို ရင်ဘတ်မှာ ကြိုးသိုင်းပြီး ဆွဲပြနိုင်သလို သွားနဲ့လည်း ဆွဲပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်ပေါ်မှာ ပက်လက်လန်အိပ်ပြီး ပရိသတ်ထဲက တစ်ယောက်ကို သူ့ဗိုက်ပေါ် တစ်မီတာအမြင့်ကနေ ဓားဦးစိုက်ပြီး ပစ်ချခိုင်းတဲ့ ပြကွက်မျိုးလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းတွေက သူ့ရင်ဘတ်ပေါ် အုတ်ခဲတင်ပြီး တူနဲ့ထုပြတာမျိုးလည်း လုပ်ဖူးပါတယ်။ ဘာကာရာက သူ့ရဲ့သန်စွမ်းမှုဟာ ကြွက်သားတွေ၊ လေ့ကျင့်မှုတွေနဲ့ မသက်ဆိုင်ဘဲ သူ့ကိုယ်ထဲက စွမ်းအားကြောင့်လို့ ပြောပါတယ်။
Ref: Dailymail
Nz (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/YoYarLay/posts/1041376222572296

ဖုန်းဖြင့် ပြုလုပ်တဲ့ကား



ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့ မြို့တော်ခန်းမ အနီးမှာ ဖုန်းဖြင့် ပြုလုပ်ထားတဲ့ ကားကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ ကားက သစ်သားဖြင့် ပြုလုပ်ထားပြီး ယင်းအပေါ်မှာ ဖုန်းများကို ပြန်လည် ကပ်ထားခြင်း ဖြစ်ပါတယ်။

Roadster ကား အမျိုးအစားပုံစံတည်ဆောက်ထားတဲ့ ဖရိန်ပေါ်မှာ အသုံးပြုပြီးသား ပျက်စီးပြီးသား စမတ်ဖုန်းနဲ့ ကီးပတ်ဖုန်းများကို ကောဖြင့် ကပ်ထားခြင်း၊ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ဖုန်းပေါင်း အလုံးရေ ၂၅၀၀၀ ကို အသုံးပြုပြီးတော့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ 

ရည်ရွယ်ချက်ကတော့ နည်းပညာ ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ များပြားလာမှုကို သိသသာစေရန် ပြုလုပ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ စမတ်ဖုန်းကဲ့သို့ နည်းပညာ ပစ္စည်း စွန့်ပစ် ပစ္စည်းများကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည် အသုံးချစေရန် နိုးဆော်တဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: CCTV
အောင်ခမ်း (ရိုးရာလေး)
 https://web.facebook.com/YoYarLay/posts/978852448824674

မျက်နှာဖုံး တပ်ပြီး အစည်းအဝေး တက်ရတဲ့ ကုမ္ပဏီ


တစ်ယောက်နဲ့ တစ်ယောက် မျက်နှာ မမြင်ချင်ရလောက်အောင် စိတ်သောကဖြစ်၊ စိတ် ဖိစီးမှု အဖြစ်ကို ကြုံဖူးပါလသား။ အထူးသဖြင့် လုပ်ငန်းခွင့်မှာပေါ့။ လုပ်စရာ တာဝန်များ၊ ကိစ္စများ ဖိစီးနေပြီး အစည်းအဝေးသာ လုပ်ရတော့မယ် ဆိုရင် မျက်နှာကို တစ်ခုခုနဲ့ ဖုံးထားချင်လောက်အောင် စိတ် ဖိစီးသူများလည်း ရှိကောင်း ရှိပါလိမ့်မယ်။

ယင်းကဲ့သို့ ကြုံတွေ့ရမှုကို ရှုမြင့် သုံးသပ်တဲ့ ကုမ္ပဏီ တစ်ခုရဲ့ ပိုင်ရှင်ဟာ သူ့ ဝန်ထမ်းတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစည်းအဝေးမှာ မျက်နှာဖုံး တပ်စေဖို့ စီစဉ်ခဲ့ ပါတယ်။ တရုတ်ပြည် Hangzhou မြို့ရှိ ကုမ္ပဏီ တစ်ခုမှာ ဖြစ်ပါတယ်။ မိမိ နှစ်သက်ရာ မျက်နှာဖုံးကို ရွေးချယ် တပ်ဆင်ခွင့် ပေးထား ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်တဲ့ အခါ ရုပ်တွေ တည်မထားနိုင်ပဲ ဖြစ်ရပါတယ်။ ဒါကြောင့်မို့ စိတ် ဖိစီးမှုများ အနည်းငယ်တော့ ကျဆင်း ကြပါတယ်။ နောက်ထပ် ဖြည့်ဆည်းပေးထားတဲ့ စီမံချက်ကတော့ ခေါင်းအုံး ရိုက်ပွဲ ဖြစ်ပါတယ်။ ခေါင်းအုံး ရိုက်ပွဲကိုပါ အပတ်စဉ် ပြုလုပ်ပြီး ဝန်ထမ်း အားလုံး ပျော်ပျော်ပါးပါး ခေါင်းအုံး ရိုက်ကြပါတယ်။ 

ယင်း အလေ့အထကို မြင်တဲ့ အခြား ကုမ္ပဏီများ အနေနဲ့လည်း ၎င်းတို့လို stress ကို လျော့ကျစေမယ့် နည်းလမ်းများကို ရှာဖွေလာကြကြောင်း သိရပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/962306377145948
 
https://www.facebook.com/YoYarLay/posts/962306377145948

ဂျပန်နိုင်ငံ ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တဲ့ ပင်လယ် မြေခွေးငါးကြီး



Wolffish လို့ခေါ်တဲ့ ပင်လယ် မြေခွေးငါးကြီးတွေဟာ သာမန်အားဖြင့် ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ နေထိုင်ကြပါတယ်။ သူတို့ဟာ ပင်လယ် ကြမ်းပြင်မှာ ရှိနေတဲ့ သက်ရှိ သတ္တဝါလေးတွေကို စားသုံးကြပါတယ်။ အခုတော့ ပင်လယ် မြေခွေးငါးကြီးကို ဂျပန် ငါးဖမ်းသမား တစ်ယောက်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အမြင်ပိုင်းမှာတော့ အလျားဟာ ၁.၂ မီတာနီးပါး ရှိပေမဲ့ သေသေချာချာ တိုင်းတာကြည့်တဲ့ အခါမှာတော့ ၂ မီတာ နီးပါး ရှိပါတယ်။ အဆိုပါ ငါးကြီး ပါးစပ် ဟလိုက်တဲ့ အခါမှာတော့ ကလေးငယ် တစ်ယောက်ကို အသာလေး မြိုနိုင်ပါတယ်။

ပင်လယ် မြေခွေးငါးကြီးဟာ ကမ္ဘာ့ တစ်မျိုးတည်းသော သတ္တဝါ မျိုးစိတ် ဖြစ်တဲ့အပြင် သူ့ရဲ့ သွင်ပြင် လက္ခဏာ၊ အရွယ်အစား တို့ကြောင့်လည်း နာမည်ကြီးပြီး Animal Planet တီဗီ အစီအစဉ်မှ ထုတ်လွှင့် ပြသတဲ့ ကြောက်မတ်ဖွယ်ရာ ရေနေသတ္တဝါ တို့အကြောင်းမှာ ဖော်ပြခြင်း ခံထားရတဲ့ ငါးအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီ မြေခွေးငါးကြီးကိုတော့ ရုရှား ရေပိုင်နက် ကမ်းရိုးတမ်း တစ်လျှောက်ရှိ ဂျပန်ပိုင် ကျွန်းအနီးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သမုဒ္ဒရာထဲမှာသာ နေထိုင်တဲ့ ဒီငါးကြီးဟာ ဘာကြောင့် ဂျပန်နိုင်ငံ ရေပိုင်နက်ထဲကို ရောက်ရှိနေတာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ ငါးကြီးကို ဖမ်းမိသူ ကာယကံရှင်ကတော့ နျူကလီး စက်ရုံ အရည်ပျော်မှုကြောင့်လို့ ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် နျူကလီးယား စက်ရုံ အရည်ပျော်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကြောင့် ဂျပန် ရေပိုင်နက်ထဲမှာ ရှိနေတဲ့ ငါးတွေထဲကမှ အချို့ဟာ အခုလို ငါးမျိုးစိတ် အဖြစ် ကူးပြောင်းသွားခဲ့ကြတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : dailymail
Aung Ko Htet (ရိုးရာလေး)


https://www.facebook.com/YoYarLay/posts/956904067686179 

ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲ

ကားငယ်ထဲကို လူ ( ၅၁ )ယောက် ၀င်အောင်ပြုလုပ်ခြင်း

ထူးထူးခြားခြား စူပါစွမ်းအားနဲ့ လူသားများ


စူပါစွမ်းအား ဆိုတာ သာမန်လူနဲ့ များစွာသာလွန်တဲ့ အစွမ်းကို ဆိုချင်တာပါ။ ကမ္ဘာပေါ်မှာ စူပါစွမ်းအားရှင် များစွာရှိပါတယ်။ ခုပြောမှာ အဲ့ဒီထဲက အချို့ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်စီမှာ
သာမန်လူနဲ့ မတူတဲ့ စွမ်းအား တစ်မျိုးစီပိုင်ဆိုင်ထားကြပါတယ်။သင့်ကို အံသြသွားစေမယ့် အစွမ်းတွေပေါ့

X-ray အမြင်နဲ့ Natasha Demkina

 
ရရှားအမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Natasha ရဲ့အစွမ်းကတော့ သူဟာအခြားသူတွေရဲ့ ကိုယ်အတွင်းဘက်ကို မြင်နိုင်တာပဲ ဖြစ်ပါတယ်။ အထဲမှာဘာဖြစ်နေတာက အစ သူမြင်နေရပါတယ်။ ဒီစွမ်းအားဟာ သူမ ၁၀ နှစ်သမီးတည်းက စပေါ်လာခဲ့တာပါ။
(သိပ္ပံပညာရှင်အချို့ကတော့ သူမမှာ Xray အမြင်ရှိတယ်လို့ စမ်းသပ်လက်ခံကြ
ပေမယ့် အချို့ကတော့ အပြည့်အ၀ လက်မခံကြပါဘူး။ သူမရဲ့အမြင်ကို စမ်းသပ်
ရာမှာ လူ ၇ ယောက်မှာ ၄ယောက်ပဲ တိကျမှန်ကန်ခဲ့လို့ပါ)
https://en.wikipedia.org/wiki/Natasha_Demkina

 
သံလိုက်စွမ်းအားရှင် Liew Thow LinLiew Thow Lin ကတော့ သံလိုက်စွမ်းအားရှင်ပါ။ သံမှန်သမျှ သူ့ခန္ဓာကိုယ်မှာကပ်နိုင်တဲ့အစွမ်းရှိပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ သိပ္ပံပညာရှင်တွေ
ရှာမတွေ့ခဲ့ပါဘူး။
https://en.wikipedia.org/wiki/Liew_Thow_Lin

 
စူပါမှတ်ဥာဏ်နဲ့ Daniel Temmetသင်္ချာဂဏန်း Pi မှာ မဆုံးနိုင်တဲ့ ဒသမကိန်းတွေရှိတာ အားလုံးသိပြီး ဖြစ်ပါတယ်။ဒီဥာဏ်ကြီးရှင်ကတော့အဲ့ဒီ ဒသမကိန်းနေရာ ၂၂၅၁၄ နေရာအထိ အလွန်
ရွတ်ပြ နိုင်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Daniel_Tammet

မယုံလျင် အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=AbASOcqc1Ss

မအိပ်ပဲနေတတ်တဲ့ Al Herpin
ကမ္ဘာပေါ်မှာ မအိပ်ပဲ နေနိုင်တဲ့သူ ဘယ်သူရှိပါသလဲ။ ဟုတ်ကဲ့ Al
Herpin ရှိပါတယ်။ သူဟာ ရှားပါးရောဂါ တစ်မျိုးဖြစ်တဲ့ amnesia ဆိုတဲ့ရောဂါ
ရပြီး တည်းက မအိပ်တော့ပါဘူး။ သူ့အိမ်မှာ အိပ်ယာမရှိပါဘူး။ မအိပ်ပေမယ်
့လို့ သူဟာ ကျန်းမာသန်စွမ်းပြီး အသက် ၈၅နှစ်အထိ နေထိုင်သွားခဲ့ပါတယ်။
https://en.wikipedia.org/wiki/Al_Herpin
 
စူပါအစာခြေစွမ်းအားနဲ့ Michel Lotito
သူ့ရဲ့ အစာခြေစနစ်ဟာ အံသြဖွယ်ပါပဲ။ သူရဲ့အစာအိမ်ဟာ ရာဘာ၊ သံ၊ ဖန်၊ စတီး
စတဲ့ အရာတွေကို တောင်ခြေဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ သူဟာစက်ဘီး၊ တီဗီ၊
အိပ်ယာ၊ ကွန်ပျူတာနဲ့ အခြားအရာများစွာကို စားပစ်နိုင်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Michel_Lotito

 
ဘာသာစကားအများဆုံးပြောနိုင်တဲ့ Harold Williams
လူ တစ်ယောက်ဟာ ဘာသာ စကားဘယ်နှမျိုး အများဆုံးပြောနိုင်မယ် လို့
သင်ထင်ပါသလဲ။ တစ်ယောက်တည်းနဲ့ ၅ ဘာသာ၊ ၆ဘာသာ စသည်ဖြင်
့ ပြောနိုင်တဲ့ သူတွေကို တွေ့ဖူး ကြားဖူး ကြမှာပါ။ ဒါပေမယ့် Harold
Williams က ၅၈ မျိုး တောင် ပြောနိုင်ပါသတဲ့။ အသက် ၇ နှစ်က
စလို့ သူ့ဘ၀ တစ်လျှောက်လုံးကို ဘာသာစကားသင်ရင်း ကုန်ဆုံး
ခဲ့ပါတယ်တဲ့။
https://en.wikipedia.org/wiki/Harold_Williams_%28linguist%29

 
လူဂဏန်းပေါင်းစက် Shakuntala Devi
အိန္ဒိသူ သူမဟာ သာမန်သူတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ တွက်ချက်မှု
စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ အသက် ၆နှစ်အရွယ်တည်း
က ဒီအတိုင်းတွက်ဖို့ မလွယ်တဲ့ ဂဏန်းများစွာကို စိတ်တွက်နဲ့ တစ်လုံးမှ မမှားပဲ
တွက်ချက်နိုင်ခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Shakuntala_Devi
|
လူကင်မရာ Stephen Wiltshire
အင်္ဂလန်က ဗိသုကာ ပညာရှင် တစ်ယောက်ဖြစ်တဲ့ သူရဲ့အစွမ်းကတော့ မြင်ကွင်း
တစ်ခုကို ခဏလောက်မြင်လိုက်တာနဲ့ မှတ်မိနေပြီး မြင်ကွင်းတွေ
ကို ထပ်တူနီးပါးဆွဲပြ နိုင်သူပါ။ လေယာဉ်ပေါ်က မိနစ် ၂၀ လောက်ပဲ
မြင်ခဲ့ရတဲ့ နယူးယောက်မြို့ နဲ့ လန်ဒန်မြို့တွေကို ဆွဲပြခဲ့ပါတယ်။
https://en.wikipedia.org/wiki/Stephen_Wiltshire

 
 ရေခဲလူသား Wim Hof
ခုအချိန်မှာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်တဲ့ Wim Hof ဟာ ဂင်းနစ်စံချိန်တွေ
ကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့သူလည်း ဖြစ်ပါတယ်။ သာမန်လူတစ်ယောက် မိနစ်အ
နည်းငယ်အတွင်း သေဆုံးနိုင်မယ့် ရေခဲထဲမှာ သူဟာ ၁ နာရီ၊ ၅၂ မိနစ်၊ ၄၂ စက္ကန်
့ နေပြီးတော့ နောက်ဆုံးဂင်းနစ်စံချိန်ကို တင်ခဲ့ပါတယ်။ သူဒီလိုနေနိုင်ရခြင်းဟာ
အသက်ရှုခြင်း၊ တရားထိုင်ခြင်းနည်းစနစ် တွေကြောင့်လို့ သူက ဆိုပါတယ်။
https://en.wikipedia.org/wiki/Wim_Hof
 
ဓားခုတ်အမြန်ဆုံးလူသား Isao Machii
Iaido မာစတာ တစ်ယောက်ဖြစ်တဲ့ Isao Machii ဟာ ကမ္ဘာပေါ်မှာဓား
ခုတ် အမြန်ဆုံးလူသား ပဲ ဖြစ်ပါတယ်။ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ BB သေနတ်ရဲ့
ကျည်ဆံကို ဓားနဲ့ထိအောင် ခုတ်ပြခဲ့ပါတယ်။
https://en.wikipedia.org/wiki/Isao_Machii
သေနတ်ကျည်ဆန်ကို ဓားနဲ့ခုတ်တာကို အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=Qzhs1Z8Rwnk



https://www.facebook.com/ayesaycommm/posts/442746952564082

ခေါင်းကနေ ဦးချိုတစ်ခု ထူးဆန်းစွာ ထွက်လာတဲ့ Unicorn အမျိုးသမီး

ပြင်ဖို့ ပျက်ကွက်နေတဲ့အပေါ် အနုပညာလက်ရာတွေနဲ့ လူတွေစိတ်ဝင်စားအောင် ထောက်ပြ

 

အိန္ဒိယအနုပညာရှင်တစ်ဦးဖြစ်တဲ့ Pushparaj Appu က မြို့တွင်းလမ်းတွေ ပျက်စီးနေတာကို သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက ပြင်ဖို့ ပျက်ကွက်နေတဲ့အပေါ် သူ့ရဲ့ အသက်ပါလှတဲ့ အနုပညာလက်ရာတွေနဲ့ လူတွေစိတ်ဝင်စားအောင် ထောက်ပြခဲ့ပါတယ်။

အနုပညာရှင် Pushparaj Appu က ဆိုးဆိုးရွားရွားဖြစ်နေတဲ့ လမ်းဘေးချိုင့်ခွက်တွေထဲမှာ မိချောင်း၊ မွေ၊ စက္ကူလှေတွေ အပါအဝင် အနုပညာပြကွက်အမျိုးမျိုးနဲ့ ငွေကြေးအကုန်အကျခံပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလို ထောက်ပြမှုတွေပြုလုပ်ပြီး ရက်ပိုင်းအကြာမှာဘဲ အစိုးရတာဝန်ရှိသူတွေက လမ်းအပျက်အစီးတွေကို လာရောက်ပြုပြင်ပေးသွားတယ်လို့သိရပါတယ်။

ဓာတ်ပုံ - scoopify.org






 https://www.facebook.com/IrrawaddyBurmese/posts/1063800026997482

ကမ္ဘာ့ပထမဆုံး ခိုးယူလို့ မရနိုင်တဲ့ စက်ဘီး

အင်္ဂလန်က အရပ် ၇ပေ ၁လက်မ ရှည်တဲ့ လူငယ်

                            
ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် စီးပွားရေး တက္ကသိုလ် ကျောင်းသား William Jewell ဟာ ဗြိတိန်ရဲ့ အရပ် အရှည်ဆုံး လူငယ်လို့ ဆိုနိုင်ပါတယ်။ ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် အရပ် အရှည်ဆုံးက ၇ပေနဲ့ ၉လက်မ ရှိခဲ့တာကြောင့် William ရဲ့ အရပ်ဟာလည်း သူနိုင်ငံထဲမှာ ထိပ်တန်း ဝင်တဲ့ အရပ် ဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ တစ်လလောက်မှာ ကျောင်း အတူတူ တက်ပြီး သူ့ထပ် ၂နှစ်ငယ်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနဲ့ ချစ်ကြိုက် ပါတယ်။ William အရပ်ရှည်ရတဲ့ အကြောင်းအရင်း အနေနဲ့ ငယ်စဉ်ကတည်းက နွားနို့ကို အလွန်သောက်လို့ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့မျိုးရိုးထဲမှာလည်း ထူးထူးခြားခြားကြီး အရပ်ရှည်သူများ မပါပါဘူး။ အဖေကတော့ ၆ပေ ၃လက်မ ရှိပြီး မိခင်နဲ့ အစ်မတို့က ၅ပေ ၁၀ လက်မ ရှိပါတယ်။ လက်ရှိ သူ့ရဲ့ ကောင်မလေး ကတော့ ၅ပေ ၉လက်မ ရှိပါတယ်။ 

William အနေနဲ့ အပြင်သွားရင် ဝိုင်းကြည့်ကြပြီး ဓာတ်ပုံ တွဲရိုက်ဖို့လည်း အမြဲ ကမ်းလှမ်းခံရသတဲ့။ အသက် ၁၃ နှစ်အရွယ်မှာကတည်းက ၆ပေကျော်တဲ့ အရပ်ကို ရရှိပြီး သူ့ သူငယ်ချင်းတွေထပ် ပျမ်းမျှအားဖြင့် ၈လက်မလောက် ပိုရှည်နေသူ ဖြစ်ပါတယ်။ ဗြိတိန်မှာ သာမန် အမျိုးသမီး တစ်ဦးရဲ့ အရပ်က ၅ပေ ၄လက်မ ဖြစ်ပါတယ်။ လက်ရှိ သူ့ရည်းစားရဲ့ အရပ်က ၅ပေ ၉လက်မ ဆိုတော့ အရပ်ရှည်တဲ့ အထဲမှာ ပါဝင်ပေမယ့် သူနဲ့ယှဉ်ရင် ၁ပေနဲ့ ၄လက်မလောက် ပိုနေ ပါသေးတယ်။
သူ့အတွက် အဝတ်အစား၊ ဖိနပ်များကအစ ဝယ်ဝတ်စရာမရှိပဲ ဆိုင်ကို အော်ဒါမှာ ချုပ်စေပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
 https://www.facebook.com/yoyarlaydotcom/posts/926616100714976

 


 

 https://www.facebook.com/yoyarlaydotcom/posts/926616100714976
Related Posts Plugin for WordPress, Blogger...