စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရိုးပါးရောဂါအတွက် ဆောင်ရန်အစားအစာလေးများ

            
အကယ်၍ သင့်မိခင်(သို့)မိသားစုဝင်များထဲမှာ အ ရိုးပွရောဂါကြောင့် ကွယ်လွန်သွားကြသောရာဇဝင်ရှိပါက သင်သည် အသက် ၃ဝ မပြည့်ခင်ကတည်းမှ စ၍ အရိုးအား ကောင်းစေတဲ့အစားအစာများကို မှီဝဲစားသုံးဖို့အထူးလို အပ်နေပါပြီ။ အရိုးအတွက်ကောင်းကျိုးပြုသော အောက် ပါအစားအစာများကို မကြာခဏစားသုံးပေးခြင်းဖြင့် အရိုး ပွရောဂါမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

(၁) အသက် ၁ဝနှစ်မှ ၁၂အရွယ်ကြီးထွားဖွံ့ဖြိုးဆဲ အမျိုးသမီးငယ်များ အရိုးအားကောင်းစေရန်အတွက် ကယ်လ် စီယမ်ဖြည့်စွက်စာအဖြစ် ဒိန်ချဉ်စားသုံးပေးသင့်ကြောင်း၊ အရိုးကြီးထွားမှုလျင်မြန်ပြီး၊ အရိုးသိပ်သည်းဆ အားကောင်း ကာ သန်မာစေကြောင်း၊ ဒိန်ချဉ်ထဲတွင် lactoferrin ဓာတ် ပါရှိခြင်းကြောင့် အရိုးပျော့ရောဂါမှကာကွယ်ပေးကြောင်း၊ သက်ကြီးပိုင်း အရိုးပွရောဂါမဖြစ်စေကြောင်း၊ အားကစား သမားများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြွက်တက် ခြင်းမှသက်သာစေကြောင်း စင်ကာပူနိုင်ငံ၊ ဂျန်ဂီအထွေ ထွေရောဂါကုဆေးရုံကြီးမှ အာဟာရဗေဒ ပညာရှင်အကြီး အကဲ Mrs Magdalin Cheong က အကြံပြုထားပါတယ်။

(အကယ်၍ နွားနို့နှင့်ဓာတ်မတည့်သူများမှာ ပဲပင်ပေါက် နှင့် ပဲပုပ်ပဲ (သို့) ပဲနို့ရည်တို့သောက်ပေးနိုင်ပါတယ်)။

(၂) နို့တိုက်မိခင်များ နို့ချိုတိုက်ကျွေးပေးခြင်းဖြင့် မိခင်ရော ကလေးပါ အရိုးပါး(အရိုးပွ)ရောဂါဖြစ်ခြင်းမှ လျှော့ချပေး နိုင်ပါတယ်။

(၃) ဂျင်း(ချင်း)လက်တစ်ဆစ်လောက်ကို နေ့ တိုင်းစားပေးပါ။ အဆစ်ရောင်ရောဂါတွေအပြင် အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါတို့ကိုပါ ၇၅ရာခိုင်နှုန်း လောက် သက်သာသွားစေနိုင်ပါတယ်။

(၄) စပျစ်သီးက အရိုးနဲ့ကြွက်သားတစ်သျှူးများသန်မာစေကြောင်း၊ စပျစ် သီးစားတဲ့အခါ အခွံနှင့်အစေ့များကိုပါဝါးစားသင့်ကြောင်း ကို မြန်မာ့ဆေးကျမ်းများ သာမက အမေရိကန်နိုင်ငံအခြေ စိုက် Women’s Health ဂျာနယ်၊ Rochester တက္က သိုလ်၊ Harvard ဆေးဝါးတက္ကသိုလ်၊ ကယ်လီဖိုးနီးယားရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်နဲ့ တူရကီနိုင်ငံရှိ Erciyes တက္က သိုလ်များက အကြံပြုထားကြပါတယ်။

(၅) သင်္ဘောရွက်ကို ပြုတ်၍ အတို့အမြှုပ်လုပ်စားခြင်းဖြင့် အရိုးပျော့ရောဂါ ပျောက်ကင်းနိုင်ပါတယ်(သို့)သင်္ဘောရွက်ကိုအခြောက် လှန်း၍ အမှုန့်ပြုထောင်းထားပြီး ရေနွေးပူပူမှာ လက်ဖက် ခြောက်လို နေ့စဉ်မှန်မှန်ခတ်၍သောက်ပေးပါ။

(၆) ကမ္ဘာ ပေါ်တွင် ဆေးဖက်ဝင်သစ်သီးများစွာရှိသော်လည်း phloridzin ဓာတ်သည် ပန်းသီးတစ်မျိုးတည်းတွင်သာ ပါရှိ နေပါတယ်။ ထိုဓာတ်က အမျိုးသမီးများသွေးဆုံးပြီးနောက် အရိုးပွခြင်းကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့ပြင် အရိုးကိုသိပ်သည်းစေပြီး ကျန်းမာသန် စွမ်းစေပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်းထဲမှာကယ်လ်စီယမ် နှင့်ဗီတာမင်ကေဓာတ်တွေ ပါဝင်မှုများပြား၍ အရိုးကိုကျန်း မာခိုင်ခံ့စေကာ အသက်အရွယ်ကြီးရင့်သူတွေမှာ ဖြစ်လေ့ ရှိတဲ့ အရိုြး<ွကပ်ဆတ်ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။

(၈) သခွားမွှေးထဲမှာ phytonutrients အစွမ်းသတ္တိပါရှိ ခြင်းကြောင့် မှန်မှန်စားပေးခြင်းအားဖြင့် ရောင်ရမ်းနာ များ၊ အဆစ်အမျက်ရောင်ကိုက်ခဲခြင်း၊ အရိုးဆက်နှင့်ကြွက် သားများရောင်ရမ်းခြင်းမှ ကာကွယ်ပေးပါတယ်။

(၉) ကယ်လ် စီယမ်အရင်းအမြစ်ရရှိနိုင်သော ပန်းဂေါ်ဖီအဖြူကိုစားသုံး ပေးခြင်းဖြင့် အရိုးအဆစ်သန်မာစေပါတယ်။

(၁ဝ) ဟင်း သီးဟင်းရွက်များတွင်တွေ့ရခဲသော ဗီတာမင်ကေသည် တရုတ်နံနံပင်ထဲတွင် အမြောက်အမြားပါရှိနေပါတယ်။ ထို ဓာတ်က အရိုးနှင့်သွားများကိုကျန်းမာသန်စွမ်းစေကာ ဟော် မုန်းအပြောင်းအလဲကြောင့် အရိုြး<ွကပ်ဆတ်ရောဂါများကို မဖြစ်စေပါဘူး။

(၁၁) လက်ချောင်းများအကွေးအဆန့်ခက် ခဲနာကျင်ခြင်းဝေဒနာများအတွက် တရုတ်နံနံပင်ကို ရေ နွေးပူပူထဲ ၁၅ မိနစ်ခန့်စိမ်၍ သောက်သုံးနိုင်ပါတယ်။ ဒါ့ ပြင် ဒူး၊ တံတောင်ဆစ်၊ ခါးအရိုးအဆစ်များ အံဝင်ခွင်ကျ မဖြစ်တော့ဘဲ ကောင်းစွာမကွေးဆန့်မလှုပ်ရှားနိုင်ပါက တရုတ်နံနံပင်အမြစ်(သို့)တရုတ်နံနံပင်အစေ့တို့ကိုပြုတ် သောက်ခြင်းဖြင့် သက်သာစေပါတယ်။

(၁၂) အမျိုးသမီး တစ်ဦး၏ တစ်နေ့တာဗီတာမင်ကေလိုအပ်ချက်မှာ မီလီ ဂရမ်၉ဝဖြစ်ပြီး အမျိုးသားတစ်ဦး၏လိုအပ်ချက်မှာ မီလီ ဂရမ်၁၂ဝဖြစ်ပါတယ်။ ဗီတာမင်ပြေါ<ွကယ်ဝသော ဂေါ် ရခါးသီးကိုစားပေးခြင်းဖြင့် အရိုးပွခြင်းမှကာကွယ်ပေးနိုင် ပါတယ်။

(၁၃) အနက်ရောင်ကြက်၏အသား (ကြက်နက် သား)ကိုစားသုံးခြင်းဖြင့် အရိုးကျိုးခြင်းကို အမြန်ဆုံးပြန် ဆက်စေပါတယ်။

(၁၄) သခွားသီးထဲမှာ စီလီကာဗီတာမင် ကေနှင့်ကယ်လ်စီယမ်တို့အလုံအလောက်ပါရှိသောကြောင့်၊ အရိုးအဆစ်ြ<ွကက်သားများကို ခွန်အားဖြစ်စေပါတယ်။ ထို့ပြင် အရိုးကိုကျန်းမာသန်စွမ်းစေကာ အရိုးအဆစ်ရောင် ရမ်းခြင်းနှင့် အရိုးပွခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၁၅) လူတစ်ဦးတစ်ယောက်အတွက် တစ်နေ့တာ ကော့ပါး ဓာတ်လိုအပ်မှုပမာဏမှာ ၉ဝဝမီလီဂရမ်ဖြစ်ပြီး ကိုယ်ဝန် ဆောင်အမျိုးသမီးအတွက် တစ်နေ့တာ ကော့ပါးလိုအပ် မှုပမာဏမှာ မီလီဂရမ်၁ဝဝဝဖြစ်ပါတယ်။ ကော့ပါးဓာတ် ချို့တဲ့သောမိခင်လောင်းတွေမှာ အချိန်မတိုင်မီမီးဖွားစေ ပြီး နောက်ဆက်တွဲပြဿနာများအနေဖြင့် သွေးဖြူဥအား နည်းကာ အရိုးကျိုးလွယ်ပါတယ်။ ထိုပြဿနာများအတွက် ကော့ပါးဓာတ်ြ<ွကယ်ဝသောသြဇာသီးကို အားဖြည့်အစာ အဖြစ် စားသုံးပေးသင့်ပါတယ်။

(၁၆) ဒန့်သလွန်သီးထဲရှိ ကယ်လ်စီယမ်ဓာတ်ဟာ နို့ထဲတွင်ပါရှိသောပမာဏထက် လေးဆမျှပိုသောကြောင့် အရိုးနှင့်သွားများကို ခိုင်မာသန် စွမ်းစေနိုင်ပါတယ်။ အရိုးအားကိုတိုးပွားစေသည့်အတွက် နို့စို့အရွယ်ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့်အ ရွက်ပြုတ်ရည်တို့ကို အဝတ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့်ရော ၍ တိုက်ကျွေးသင့်ပါတယ်။

(၁၇) ဒူးရင်းသီးထဲတွင် မဂ္ဂနီ စီယမ်၊ ဗီတာမင်ဘီနှင့် ပိုတက်စီယမ်တိြု့<ွကယ်ဝစွာပါရှိခြင်း ကြောင့် အရိုးနှင့်အရိုးဆက်များကျန်းမာရေးကိုကောင်း စွာပံ့ပိုးပေးနိုင်ပါတယ်။

(၁၈) ဗိုလ်စားပဲသီးစားသုံးခြင်း ဖြင့် အရိုးအားနည်းခြင်းမှကြိုတင်ကာကွယ်ရာရောက်ပါ တယ်။

(၁၉) ပိန္နဲသီးထဲရှိ ပိုတက်စီယမ်ပါဝင်မှုပမာဏဟာ ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်ရဲ့ ထက်ဝက်မျှပမာ ဏပါရှိနေတဲ့အပြင် ¤င်းပိန္နဲသီးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် ပြေါ<ွကယ်ဝတာကြောင့် ကယ်လ်စီယမ်စုပ်ယူခြင်းကို အား ပေးတဲ့အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင်ဒီနှင့်ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်တတ် သည့် အရိုြး<ွကပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါနှင့်အရိုးအ လွယ်တကူကျိုးခြင်းတို့မှကာကွယ်ပေးပါတယ်။ ကလေး ငယ်များ အရိုးသန်စွမ်းစေရန်အတွက်လည်း ပိန္နဲသီးဟာ အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

(၂ဝ) လိုက်ချီးသီးထဲ တွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂ္ဂနီစီယမ် စသည့် သတ္တုဓာတ်များပါရှိသောကြောင့် အရိုးနှင့်သွားများ ကြီး ထွားမှုအတွက်အလွန်အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးနေ ဆဲ ကလေးငယ်များကိုလည်း လိုက်ချီးသီးကျွေးသင့်ပါတယ်

(၂၁) ပြောင်းဖူးက သက်ကြီးပိုင်း အရိုးကျိုးခြင်း၊ အက်ခြင်း မှ ကာကွယ်ပေးနိုင်ပါတယ်။

(၂၂) မင်းကွတ်သီးက အရိုးနု များကိုထောက်ပံ့ပေးနိုင်ပြီး အရိုးပွရောဂါနှင့် အရိုးပါးခြင်း တို့ကိုလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

(၂၃) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများ က သူငယ်နာအရိုးပျော့ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီယိုရောဂါမဖြစ်စေ ရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင် များ မဲဇလီဖူးကို မဖြစ်မနေစားသုံးသင့်ပါတယ်။

(၂၄) ပူစီ နံရွက်ထဲတွင် ကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မား စေကာ အရိုးကိုသန်စွမ်းစေပါတယ်။

(၂၅) မှိုထဲတွင် ကယ်လ် စီယမ်ြ<ွကယ်ဝစွာပါရှိသောကြောင့် အရိုးကျန်းမာရေးအ တွက် အထောက်အပံ့ဖြစ်စေပါတယ်။

(၂၆) သီဟိုဠ်စေ့က အရိုးသန်မာစေပါတယ်။

(၂၇) သင်္ဘောသီးတွင် ကယ်လ် စီယမ်နှင့်သတ္တုဓာတ်များပါရှိခြင်းကြောင့် အရိုးကို ကျန်းမာ ကြံ့ခိုင်စေပါတယ်။

(၂၈) ဆီး(ဇီး)သီးဟာ အရိုးများကိုသိပ် သည်းစေပြီး သွေးဆုံးပြီးအမျိုးသမီးကြီးများကို အရိုြး<ွကပ် ဆတ်၊ အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း Florida State University မှ ဆေးသုတေသီများက အတည်ပြုထား ကြပါတယ်။ ဒါ့ပြင် အဆစ်ရောင်ရောဂါများကိုလည်းမဖြစ် စေနိုင်ပါဘူး။

(၂၉) ကျွဲကောသီးထဲတွင်ပါရှိသော ပိုတက် စီယမ်က အရိုးပွခြင်းကိုကာကွယ်ပေးနိုင်ပြီး အရိုးကို ခိုင် မာစေပါတယ်။ ဒါ့ပြင်ြ<ွကက်သားများ ကျုံ့ခြင်းဆန့်ခြင်း ကိုအားပေးသဖြင့် ခြေသလုံြး<ွကက်သားများကိုြ<ွကက်မ တက်စေနိုင်ပေ။

(၃ဝ) The American Journal of Clinical Nutrition တွင်ဖော်ပြထားတာ ကတော့ အသက် ၄၅နှစ်မှ ၉၂နှစ်အရွယ်အမျိုးသားကြီး ၄ဝဝကို သုတေသန ပြုဆန်းစစ်ချက်အရ ဇင့်ဓာတ်ချို့တဲ့မှုကြောင့် ဦးခေါင်းခွံ မှ မြီးညှောင့်ရိုးအထိ ကျောရိုးတစ်လျှောက် အရိုြး<ွကပ် ဆတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်တဲ့။ ဇင့်ဓာတ်မြင့်မားစွာ ပါရှိတဲ့ ရွှေဖရုံစေ့ကိုစားသုံးပေးခြင်းဖြင့် အရိုြး<ွကပ်ဆတ် ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

(၃၁) ချဉ် ပေါင်ရွက်မှာ ကယ်လ်စီယမ်ဓာတ် အမြောက်အမြားပါရှိ သဖြင့် အရိုးကိုသန်မာစေပါတယ်။

(၃၂) ပင်စိမ်းထဲတွင် ဗီတာမင်အေ၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ကေတို့ ပါရှိမှု ကြောင့် သွားနှင့်အရိုးများကိုကျန်းမာသန်စွမ်းစေပါတယ်။ ဒူးနာ၊ ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ လေငန်းရောဂါများ အတွက် ပင်စိမ်းရွက်ထောင်းကာ အုံဆေးအဖြစ် အသုံးပြု နိုင်ပါတယ်။

(၃၃) အရိုးသန်မာအားကောင်းပြီး သက်ရှည် ကျန်းမာစေရန်အတွက် ကယ်လ်စီယမ်၊ ဖောစဖရက်စ်နှင့် သံဓာတ်တို့က မရှိမဖြစ်လိုအပ်လျက်ရှိရာ သစ်ကြားသီး ထဲမှာ ထိုဓာတ်သုံးမျိုးစလုံးြ<ွကယ်ဝ စွာပါရှိနေကြပါတယ်။

(၃၄) ဟင်း နုနယ်တွင် ဗီတာမင်ကေဓာတ်ြ<ွကယ်ဝစွာပါရှိသောကြောင့် အ ရိုးပွခြင်းမှ အထူးကာကွယ်ပေး ပါတယ်။

(၃၅) စတော်ဘယ်ရီအ သီးထဲတွင် ပိုတက်စီယမ်၊ ဗီတာ မင်ကေနှင့်မဂ္ဂနီစီယမ်တို့ပါရှိခြင်း ကြောင့် အရိုးကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေ နိုင်ကြောင်း၊ အရိုးကျီးပေါင်းတက် ရောဂါများကိုပါ ပျောက်ကင်းသက် သာစေနိုင်ကြောင်း အိန္ဒိယနိုင်ငံ ၏ဆေးမှတ်တမ်းများတွင် ဖော် ပြထားပါတယ်။

(၃၆) ပိန်းဥက အ ရိုးများကို ကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပါတယ်။

(၃၇) တိုဟူးက သွေးဆုံးပြီးနောက် အရိုး များယိုယွင်းလာမှုတို့ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ပြင် တိုဟူးထဲမှာ ကယ်လ်စီယမ် ပြေါ<ွကယ်ဝသဖြင့် အထူးသဖြင့် ကျောရိုးကိုခိုင်မာစေခြင်း၊ အရိုးပွရောဂါ၊ ဒူလာရောဂါ၊ အဆစ်အမျက်နာကျင်ကိုက် ခဲရောင်ရမ်းခြင်း စသည့်အရိုးရောဂါအမျိုးမျိုးတို့ကို ကာ ကွယ်ပေးနိုင်ပါတယ်။

(၃၈) အနီရောင်ခရမ်းချဉ်သီးထဲ တွင်ပါရှိသော ဗီတာမင်အေသည် အစိမ်းရောင်ခရမ်းချဉ်သီး ထက် လေးဆမျှပိုမိုပါရှိလို့ အရိုးနှင့်သွားများကို ခိုင်မာစေ ပါတယ်။ ဒါ့ပြင် ဗီတာမင်ကေဓာတ်မြင့်မားစွာပါရှိခြင်းကြောင့် အရိုးတစ်သျှူးထဲရှိ ကယ်လ်စီယမ်မော်လီကျူး တို့ကိုအားဖြစ်စေပြီး အရိုးကိုကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးထဲရှိ ကယ်လ်စီယမ်ဓာတ်က မီးယပ်သွေးဆုံး ပြီး အမျိုးသမီးများ အရိုးပါးခြင်း၊ အရိုြး<ွကပ်ဆတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၃၉) စားတော်ပဲပြုတ်တစ်ခွက် စာပမာဏထဲတွင် ဗီတာမင်ကေ၄၄ရာခိုင်နှုန်းပါရှိသည့် အပြင် ဗီတာမင်ဘီလည်းပါရှိသဖြင့် အရိုးကိုကျန်းမာသန် စွမ်းစေကာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုြး<ွကပ် ဆတ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေး များ၊ လူကြီးများသာမက ကိုယ်ဝန်ဆောင်မိခင်လောင်း များပါ ပဲပြုတ်ကိုစားပေးသင့်ပါတယ်။

(၄ဝ) မြင်းခွာရွက်ကို မှန်မှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်၍ အ ရိုးအဆစ်အမျက်ပွကာ ရောင်ရမ်းနာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ ထိုရောဂါများအတွက် ဆေးမြီး တိုအဖြစ် မြင်းခွာရွက်သတ္တုရည်နှင့် ရေနံဆီတို့ကို ဆတူ ရောကာ လိမ်းပေးနိုင်ပါတယ်။ ခြေ၊ လက် အရိုးကျိုးပါက ဆင်ချေးကိုမီးဖုတ်၍ ဆေးမြင်းခွာရောကြိတ်ကာ ကျပ်စည်း ပေးခြင်းဖြင့် ရက်သတ္တတစ်ပတ်အတွင်း အရိုးအကြော ဆက်သွားစေနိုင်ပါတယ်။

(၄၁) ဗိုလ်စားပဲသီးထဲမှာပါရှိ သော ဗီတာမင်ဘီ ၆နှင့် ဖောလိပ်ဓာတ်များက အရိုးဆဲလ် များနှင့် အရိုးကော်လာဂျင်ဖိုင်ဘာများကို အားဖြည့်ပေး တာကြောင့် အရိုးခွန်အားဖြစ်စေပါတယ်။

(၄၂) ဂေါ်ဖီ ထုပ်ထဲမှာ အရိုးခွန်အားဖြစ်စေသော ဗီတာမင်ကေ၊ ဖော လိပ်နှင့် ဗီတာမင်ဘီ ၆တို့ အလုံအလောက် ပါရှိနေပါတယ်။

(၄၃) လက်ဖက်စိမ်းထဲမှာပါရှိတဲ့ သဘာဝဓာတ်ပေါင်းစု များဟာ အရိုးတစ်သျှူးကို အားဖြစ်စေပါတယ်။

(၄၄) ကွေ ကာအုပ်ထဲမှာပါတဲ့ သတ္တုဓာတ်များက အရိုးကိုကောင်း ကျိုးပြုပါတယ်။

(၄၅) ဆလတ်ရွက်ထဲမှာပါရှိတဲ့ trifecta (ခေါ်)အာဟာရတစ်မျိုးက အရိုးကိုကျန်းမာစေဖို့ ကောင်း စွာ အထောက်အကူဖြစ်ပါတယ်။

(၄၆) ဆိတ်ရိုး(သို့)အမဲ ရိုးစွပ်ပြုတ်ဟင်းချိုသောက်ပါ။ ¤င်းဟင်းချိုချက်ပြုတ်တဲ့ အခါ ရှလကာရည်(ဗီနီဂါ) အနည်းငယ်ထည့်ပြီးချက်မှသာ ထိုအရိုးများထဲက ကယ်လ်စီယမ်ထွက်လာနိုင်မှာပါ

#TheYangonTimes

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...