နှစ်ဦးသား ရွှေလက်တွဲပြီးသွားသူတို့ရဲ. အချစ်စာတိုလေးများ

ချစ်သူသမီးရည်းစားတွေအတွက်တင် မဟုတ်ပဲ ရွှေလက်တွဲပြီး နှစ်ယောက်တစ်ဘ၀ဖြစ်သွားပြီဖြစ်တဲ့ စုံတွဲတွေအတွက် မှတ်သားစရာ စာတိုလေးတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။
၁။တစ်သက်လုံးအတူ ပျော်ရွှင်စွာ နေထိုင်သွားနိုင်မယ့် အောင်မြင်တဲ့
အိမ်ထောင်ရေးဆိုတာ အကြိမ်ကြိမ်အခါခါ ချစ်နေတတ်ဖို့ လိုပါတယ်။ ဒါပေမယ့်
ကိုယ့်လက်တွဲဖော် တစ်ယောက်တည်းကိုပါပဲ။ (Mingon McLaughlin)
၂။အချစ်ဆိုတာ မျက်ကန်းတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဆိုတာကတော့ သင့်မျက်လုံးတွေကို ဖွင့်ပေးလိုက်နိုင်တဲ့ အရာတစ်ခုပါပဲ။ (အမည်မသိစာဆို)
၃။ဘယ်လိုပျော်ရွှင်အောင်မြင်တဲ့
အိမ်ထောင်ရေးမှာမဆို အရင်က ဘယ်လောက်ပဲ ရိုမန်တစ်ဆန်ခဲ့ဆန်ခဲ့
သူငယ်ချင်းလို ဆက်ဆံတတ်ဖို့လည်း လိုပါသေးတယ်။ အဲ့ဒီလို
ချစ်သူအိမ်ထောင်ဖက်လိုသာမက သူငယ်ချင်းလိုပါ ချစ်သွားနိုင်တဲ့
အိမ်ထောင်ရေးဟာ မြဲတာပါပဲ။ (အမည်မသိစာဆို)
၎။အိမ်ထောင်ရေးကို အမြဲတမ်းတောက်ပနေစေချင်ပါသလား၊
လုပ်ဆောင်ရမှာက တကယ်လို့ ကိုယ်မှားရင် ဘယ်တော့မဆို ၀န်ခံတတ်ပါစေ။ တကယ်လို့
ကိုယ်မှန်နေရင်တော့ ပါးစပ်ပိတ်နေတတ်ဖို့ပါပဲ။ (Ogden Nash)
TrendMyanmar
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
No comments:
Post a Comment