စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သခင်အသတ်ခံရမယ့် ဘေးကနေ ကယ်တင်ပေးခဲ့တဲ့ ခွေး





အမေရိကန်ပြည်ထောင်စု Mississippi ပြည်နယ်က Hancock County မြို့မှာ ဖြစ်ပါတယ်။ ဒေသတွင်း လူဆိုးဂိုဏ်များကို နှိမ်နှင်းရန် ကင်းစောင့်လျက် ရှိတဲ့ ရဲ တစ်ဦးဟာ ဂိုဏ်းသား သုံးဦးရဲ့ တိုက်ခိုက်မှုကို ခံရပါတယ်။

သုံးဦးသားရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ ရဲကို အပြီးသတ်ဖို့အတွက် သစ်တောထဲကို ဆွဲခေါ်သွားပါတယ်။ ဆွဲခေါ်နေစဉ် ဒဏ်ရာရနေတဲ့ ရဲဟာ လက်ထဲမှာ ပါတဲ့ ကားသော့ ခလုတ်ကို နှိပ်လိုက်ပါတယ်။ ကားထဲကနေ ကင်းထောက်ခွေး ထွက်လာပြီး သခင့်ကို သတ်တော့မယ်ဆိုတာလည်း သိနေတာ့ သကောင့်သား သုံးဦးကို တိုက်ခိုက်ပါတော့တယ်။ ပထမတော့ တစ်ဦးကို ခုန်အကိုက် နောက် ၂ ဦး ဝင်ရန် ကြိုးစားမှုကိုပါ ပြန်လည် တိုက်ခိုက်တော့ သုံးဦးစလုံး မခံနိုင်ပဲ ထွက်ပြေးသွားပါတော့တယ်။

ဒဏ်ရာ အနည်းငယ်ရရှိထားတဲ့ ရဲအရာရှိ Todd Frazier ကို ဆေးရုံတင်ပေးခဲ့ကြပြီး ရက်ပိုင်းအတွင်း ကောင်းသွားပါတယ်။ သူ့ကို ကယ်တင်ခဲ့အတွက် ခွေးကို ဂုဏ်ပြုတဲ့ ပုံနဲ့ စာပါ Facebook ပေါ်တင်ခဲ့တော့ ယင်းခွေးလေးရဲ့ သစ္စာရှိမှုနဲ့ ရဲစွမ်းသတ္တိကို လူအများ သိစေခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...