စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ချိန်တုန်းက ကယ်ခဲ့ ကလေးမလေး ဘွဲ့ရတဲ့အခါ



အမေရိကန် ဝါရှင်တန်ရှိ မီးသတ် ဌာနမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက Mike Hughes အလုပ် လုပ်ပါတယ်။ လုပ်ပြီး တစ်နှစ် အကြာမှာ အိမ်မီးလောင်မှု တစ်ခုရဲ့ အရေးပေါ် ခေါ်ခြင်းကို ခံရပါတယ်။ သွားရောက် ကယ်ဆယ်တဲ့ အချိန် အသက် ၁ နှစ်အရွယ် ကလေးမ တစ်ဦးကို Mike မှ ကယ်တင်နိုင်ခဲ့ပါတယ်။

ယင်းကဲ့သှို့ ကယ်တင်ပြီး လူတစ်ယောက် အသက်ရှင် ကျန်ဖို့ဆိုတာ လွယ်တဲ့ ဖြစ်ရပ် မဟုတ်ပါဘူး။ အခြေအနေအရ မလွယ်ကူတဲ့ အနေအထားမှာ ၁ နှစ်အရွယ် ကလေးငယ်ကို ကြိုးစားပန်းစား ကယ်တင်ခဲ့မှုကြောင့် အမေရိကန်က သတင်းစာ၊ ဂျာနယ် အချို့မှာ ခေါင်းကြီး သတင်းအဖြစ်တောင် ပါဝင်လာခဲ့ ပါတယ်။ ယနေ့ဆိုရင် ၁၇ နှစ်ကြာသွားပါပြီ။ ကလေးမလေးဟာ အသက် ၁၈ နှစ်ကို ရောက်ခဲ့ပြီး အထက်တန်းကျောင်း အောင်လက်မှတ် ဘွဲ့ ယူတဲ့နေ့ကို ရောက်လာပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိသွားပြီ ဖြစ်တဲ့ Mike ဟာ ပင်စင်စားပြီး နေထိုင်နေပြီ ဖြစ်ပြီး ကျောင်းဆင်းပွဲကို လာရောက်ဖို့ ကလေးမရဲ့ ဖိတ်ကြားခြင်းကို ခံရပါတယ်။ ကလေးမလေးဟာ သူမကို အသက်လု ကယ်တင်ပေးခဲ့တဲ့ Mike ကို ဖအေ တစ်ဦးလို ၁၇ နှစ်လုံး မကြာမကြာ သွားတွေ့လို့ ပြုစုပေးခဲ့ပြီး ယခုလို ဓာတ်ပုံ နှစ်ပုံကို ယှဉ်လို့ Facebook ပေါ် တင်တော့ နာမည်ကြီးသွားပါတယ်။

ဖခင်ရင်း မဟုတ်ပေမယ့် Mike အနေနဲ့ သူမကို သမီးငယ် တစ်ဦးပမာ သဘောထားလို့ ကျောင်းဆင်းပွဲသို့ မျက်ရည်သုပ်လို့ သွားရောက်ပေးခဲ့ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...