စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ညဘက်တွေ လွယ်လွယ်အိပ်မပျော်တတ်သူမျေားအတွက်



ကဲ ညဘက်တွေ လွယ်လွယ်အိပ်မပျော်တတ်သူတွေအတွက် ခုပြောပြမယ့်အချက်ကလေးတွေကို print ထုတ်ပြီး အိပ်ယာဘေးမှာသာ ကပ်ထားလိုက်တော့နော်။ အသက်ရှုလေ့ကျင့်ခန်းတစ်ခုမို့ လွယ်ကူပါတယ်။ အိပ်ပျော်ရုံတစ်ခုတည်းတင် မဟုတ်ပဲ စိတ်ငြိမ်မယ်၊ အဆုတ်အတွက်လည်း ကောင်းပါတယ်။ ဒီအသက်ရှုနည်းကို 4-7-8 အသက်ရှုလေ့ကျင့်ခန်းလို့ ခေါ်ရပါလိမ့်မယ်၊ သူ့မှာ အဆင့်ခြောက်ဆင့်ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။အာခေါင်ကို လျှာနဲ့ထိထားလိုက်ပါ။ ဒီလိုထိထားရမှာက လေ့ကျင့်ခန်းလုပ်မယ့်တောက်လျှောက် ပါပဲ။
၂။ဒုတိယအဆင့်ကတော့ လေကိုဖြည်းဖြည်းချင်း ရှုထုတ်ရမှာပါ။ ရှုထုတ်တဲ့အခါ ၀ှူးလို့ အသံမြည်တဲ့အထိပါပဲ။
၃။ပြီးတဲ့နောက် ပါးစပ်ပြန်ပိတ်လိုက်ပြီး လေကို နှာခေါင်းက ဖြည်းဖြည်းချင်း ရှုသွင်းပါ။ ပြီးရင် တစ်၊နှစ်၊ သုံး ၊လေးအထိ ရေတွက်ပါ။
၎။နောက်တစ်ဆင့်က အသက်အောင့်ထားပြီး ခုနှစ်အထိ ရေတွက်ရမှာပါ။
၅။အဲ့ဒီနောက်မှာတော့ ဒုတိယအဆင့်လို လေကိုဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပြီး ရှုထုတ်နေချိန်အတွင်း တစ် နှစ် သုံး လေးကို ရှစ်အထိ ရေတွက်ပါ။
၆။ဒီလေ့ကျင့်ခန်းကို သုံးခါ ပြန်လည်လုပ်ဆောင်ပေးပါ။

ခုလိုလုပ်ဆောင်ပေးခြင်းဟာ အိပ်ပျော်စေရုံသာမကပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်မတည်ငြိမ်တာတွေကို သက်သာသွားစေတဲ့အပြင် အားအင်တွေပြန်ပြည့်သွားစေတာမို့ ဒီနည်းလေးကို စမ်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...