စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့် နယုန်လပြည့်နေ့၏ ထူးခြားချက်များ”



နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေးမှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။မြတ်စွာဘုရားသည်ထိုနေ့၌ ကပိလဝတ်ပြည်
မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ်ဟောကြားတော်မူသည်ကို အကြောင်းပြု၍
နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ” ကျင်းပရခြင်း ဖြစ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-
•••••••••••••••••••••••••••••••••••••••••••••
(၁)။ ရေလုပွဲ ဆင်နွှဲကြသော တောင်သူလယ်သမားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေးခြင်း။
(၂)။ ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။
(၃)။ နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာစုရုံးမိသောနေ့ဖြစ်ခြင်း။
(၄)။မင်းသားငါးရာ သာ့သနာဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၅)။ရဟန်းတော် ငါးရာလုံး ရဟန္တာချည်းဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၆)။ “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” ကဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။
(၇)။မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
(၈)။မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
(၉)။ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
 

ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။
 

-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
 

-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

ဆိုလာပါဝါနဲ့ သဘာဝအလျောက် တည်ရှိမယ့် ဒူဘိုင်းမြို့ထဲက မြို့ငယ်တစ်ခု



ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့ထဲမှာပဲ မြို့ငယ်တစ်ခုဆောက်နေပါပြီ။ ယင်းမြို့ငယ်ဟာ နေရောင်ခြည်စွမ်းအင် ကိုသာ အသုံးပြုပြီး အရာအားလုံးက သဘာဝ အလျောက်ရရှိတဲ့ စွမ်းအင်များပဲ အခြေပြုမှာ ဖြစ်ပါတယ်။ ယင်းမြို့ထဲမှာ Intercontinental Hotels Group မှလည်း ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုပါ တည်ဆောက်မှာ ဖြစ်ပါတယ်။

ယင်း ဟိုတယ်အမည်ကို Indigo လို့ အမည်ပေးထားပြီး အခန်းပေါင်း ၁၇၀ ကျော် ပါရှိပါတယ်။ မြို့ရဲ့ အဓိက ထူးခြားချက်က သုံးခု ရှိပါတယ်။ ပထမတစ်ချက်ကတော့ ပြောပြီးတဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်ပြည့် ဆိုလာ စွမ်းအင်ဖြင့်သာ နေထိုင်မှာ ဖြစ်ပြီး ဒုတိယအချက်ကတော့ ရေဆိုးရေညစ်များ၊ စွန့်ပစ်ရေများကို စွ်းအင်ဖြစ်အောင် ပြန်လည် အသုံးချခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်သမျှ စွန့်ပစ် ပစ္စည်းအားလုံးကိုလည်း စွမ်းအင်ပြန်ထုတ်မှာ ဖြစ်သလို အခြားနည်းလမ်းများနဲ့လည်း ပြန်လည် အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံးထူးခြားချက် တစ်ခုကတော့ သဲကန္တာရ အလယ်မှာ တည်မယ့် ယင်းမြို့မှာ သစ်ပင်၊ ပန်း များကို သဘာဝအလျောက် ပေါက်ရောက်အောင် ကြိုးစား ဖန်တီးရယူမှာ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားများက ဟိုတယ်မှာ တည်းနိုင်သလို နေအိမ်များမှာတော့ ယူအေအီးနိုင်ငံသားတို့ နေထိုင်မှာ ဖြစ်ပါတယ်။ Eco system ပေါ်မှာ တည်မယ့် မြို့ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုး၊ ပစ္စည်း တစ်ခုမှ မရှိရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဖြစ်ပါတယ်။ ၂၀၁၇ လောက်မှာ စတင်နေထိုင်လို့ရမယ့် နေရာတစ်ခုဖြစ်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာ ယူအေအီးဟာ ကမ္ဘာ့အဆင့်အားဖြင့် နိမ့်ကျတဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်အရောက်မှာတော့ ဒူဘိုင်းမြို့ကော ယူအေအီးနိုင်ငံပါ ကမ္ဘာ့ ထိပ်တန်း နေရာရောက်ရန် စီမံကိန်းဖြင့် သွားနေကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

သွားကျန်းမာရေး လိုက်စားပေး


သွားကျန်းမာရေးလိုက်စားခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်သလို၊
သွားများတွင် ပြဿနာတစ်ခုခုဖြစ် ပါက၊ မမျှော်မှန်းနိုင်လောက်သည့်
နာကျင်ကိုက်ခဲမှုတို့ အပြင် စိတ်ဖိစီးမှုများလည်း ဖြစ်စေတတ်ပေရာ၊
အောက်ပါနည်းလမ်းအသွယ် သွယ်တို့ ဖြင့် ဆင်ခြင်နေထိုင်ကြပါစေကြောင်
မျှဝေလိုက်ရပါသည်။
 

(၁) ဖလူအိုရိုက်(ဒ်)ဒြပ်ပေါင်းပါသော သွားတိုက်ဆေးဖြင့် တနေ့ လျှင်
အနည်းဆုံး ၂-ကြိမ်မျှသွားတိုက်သော အလေ့အကျင့် ကောင်းကို မွေးမြူသင့်သည်။
ညအိပ်ယာဝင်ခါနီးသွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းကို တညတာလုံးသန့် ရှင်းစေသ
လို၊ နေ့ လည်ဘက် အစာစားပြီးတိုင်းသွားတိုက်ခြင်းကလည်း
ချိုးကပ်နေသောသွားချေးများနှင့်
အစာဟောင်းအပိုင်း အစများမှ အဆိပ်အတောက်ကင်းစေကာ
သွားများပျက်စီးခြင်းမှကာကွယ်ပေးသည်။
 

(၂) မှန်ကန်သော သွားတိုက်နည်းပုံစံမှာ သွား၏ နောက်ကျောဘက်ခြမ်းနှင့်
သွားဖုံးများတွင် ဗက်တီးရီးယားနှင့်အတူ သွားချေးများ
ကျောက်တည်တတ်သဖြင့် သွားတိုက်တံကို
လက်ဖြင့် ၄၅ံ စောင်း၍ ဒေါင်လိုက်တိုက်ပေးသင့်သည်။ သွားနှင့် သွားခြေတို့ ကို
စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ခပ်မှန်မှန်အားဖိ၍တိုက်ပေးရမည်။ ခပ်ကြမ်းကြမ်းတိုက်ပါက
သွားဖုံးကို ပွတ်ခြစ်မိကာ သွေးထွက်စေနိုင်သလို၊ ခပ်ဖွဖွတိုက်လျှင်လည်း
သွားချေးမစင်တတ်ပါ။ အချိန် ၂-မိနစ်ကြာအောင် ခံတွင်း ထဲရှိသွားအားလုံးကို
ရှေ့ -နောက်-အပေါ်ဘက်ပေါင်းစုံတိုက်ပြီးနောက်၊ သွားတိုက်ဆေးကုန်စင်အောင်
ရေများများဖြင့် ပလုပ်မကျင်းပါနှင့်။ သွားတိုက်ပြီးတိုင်း ခံတွင်းသန်
့စင်ရည်သုံးသည့် အလေ့အကျင့်ကောင်းကိုမွေးမြူပါ။ ရင်သွေးငယ် များအား
သွားစပေါက်သော အရွယ်မှစတင်၍ သွားတိုက်ပေးသင့်ပါသည်။
 

(၃) သွားကြားသန့် ရှင်းရန်သုံးသည့်ချည်မျှင် (သို့ မဟုတ်)
သွားကြားထိုးသွားတိုက်တံ အကူအညီယူ၍ သွားကြိုသွားကြား နှင့် အောက်ချေတို့  ကို
သန့် ရှင်းပေးရပါမည်။ သွားတိုက်ဆေးမသုံးဘဲ သွားတိုက်တံအခြောက်ဖြင့် တိုက်ပေး၍
ပလုပ် ကျင်းခြင်းကလည်း ချိုးကပ်နေသောသွားချေးများကို ဖယ်ရှားပေးနိုင်သည်။
 

(၄) သွားတိုက်သည့်အခါတိုင်း သွားတိုက်တံ (သို့ မဟုတ်) လျှာခြစ်တံကိုသုံး၍
တိုက်ပေးခြင်းဖြင့် လျှာပေါ်ရှိ အရိအရွဲများကို ဖယ်ရှားပေးပြီး၊
ချွဲကပ်ခြင်းနှင့် ခံတွင်းရနံ့ ဆိုးခြင်း ပပျောက်ကာ၊ အရသာအာရုံကိုလည်း
ပွင့်လာစေပါသည်။
(၅) သွားများပျက်စီးစေသည့် အဓိကအကြောင်းရင်းထဲတွင်
သွားတိုက်ဆေးသည်လည်းတခုအပါအ၀င်ဖြစ်၏။ ထို့ ကြောင့် မိမိနှင့် ဓာတ်တဲ့သော
သွားတိုက်ဆေးကိုသာ ရွေးချယ်တတ်ရပါမည်။ ခံတွင်းသန့် ရှင်းစေရန် သွားတိုက်ဆေး
အများကြီး သုံးစရာမလိုပါ။ သွားတိုက်တံကို ၃-လလျှင် တစ်ကြိမ်မျှ
အသစ်လဲလှယ်ပေးပါ။
(၆) သွားတိုက်တံကြမ်းကြမ်းသည် အပေါ်ယံကြွေသွားအလွှာကို
ပါးလွှာ၍အစင်းကြောင်းထင်စေနိုင်သလို၊ အလွန်အမင်း မာကျောသောပစ္စည်းများကို
ကိုက်ဖြတ်ခြင်းနှင့် သွားဖောက်၍အလှဆင်ခြင်းတို့ ကလည်း သွားများအလွယ်တကူ
ကျိုးပဲ့စေနိုင်သည်။

(၇) သန့် ရှင်းမှုမရှိသော သွားကြားထိုးတံသည် သွားဖုံကိုရောဂါရစေနိုင်သည်

(၈) အဆက်မပြတ် သွားရည်စာ စားခြင်းကလည်း သွားချေးတက်၍၊
သွားအခေါင်းပေါက်ဖြစ်လာစေသလို၊ သကြား/ကပ်စေး နှဲ (သို့ မဟုတ်) အချိုဓာတ်ကဲသော
အစားအစာများကလည်း သွား၏ကြွေသားအပေါ်ယံလွှာကို ပျက်စီးစေ၏။ မာကျော သော
အစေ့အဆံများကို လျော့စားပေးခြင်းဖြင့် အံသွားများပက်ကြားအက်ခြင်းမ
ကြိုတင်ကာကွယ်ရာရောက်သည်။

(၉) အချိုရည်ဖြင့် အာလုပ်ကျင်းခြင်းသည် သွားများကိုထိခိုက်စေ သဖြင့်
အရည်စုပ်တံဖြင့်သောက်ပါ။ ဖျော်ရည်ထဲတွင် ပါရှိသော အက်ဆစ်ဓာတ်များသည်
သွားကိုထိခိုက်စေသဖြင့် အနည်းငယ်မျှသာသောက်သုံးသင့်သည်။ အချို/အချဉ်နှင့်
ဖျော်ရည်များကို စားသောက်ပြီးနောက် ရေဖြင့်ဦးစွာပလုပ်ကျင်းပြီးမှသာ
သွားတိုက်ပေးသင့်သည်။ သို့ မဟုတ်ပါက သွားကျဉ်၍ကြွေသားကိုထိခိုက်စေသည်။

(၁၀) Bulimia (ခေါ်) အချိန်တိုအတွင်းအစားအသောက်များများစားပြီး
အန်ထုတ်ပစ်တတ်သောစရိုက်သည် အဆာအိမ်ထဲမှ ထွက်ရှိလာသော အက်ဆစ်ကြောင့်
သွားများကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။

(၁၁) ထမင်းစားပြီးတိုင်း အချိုဓာတ်မပါသော(သို့ မဟုတ်)အချိုနဲသော
ပီကေ၀ါးစားခြင်းသည် သွားကြားညပ်ခြင်းများကို သန့်  စင်စေရုံသာမက၊
အာခံတွင်းလည်းမခြောက်စေပါ။ သို့ သော် ပီကေကိုအဆက်မပြတ်တနေကုန်နီးပါး ၀ါးခြင်းက
သွားအခေါင်းပေါက် ဖြစ်စေနိုင်သည်။

(၁၂) သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ၆-လ လျှင် တစ်ကြိမ် သွားဆရာဝန်ဖြင့်
ပုံမှန်စစ်ဆေးမှုခံယူသင့်သည်။ အချို့ သော ပဋိဇီဝဆေးများသည် သွားဖုံးသွေးယို၍
အနာတရရောင်ကိုင်းစေသည့်အတွက် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သင့်သည်။

(၁၃) လေးညှင်းပွင့်အဆီ (သို့ မဟုတ်) ဂျင်းအနှစ် (သို့ မဟုတ်)
ကုလားအော်သီးကဲ့သို့ အလွန်စပ်သောငရုပ်သီးအမှုန့် တို့  ကလည်း
သွားကိုက်ခဲနာကျင်ခြင်းကို သက်သာစေ၏။ သို့ သော် သွားဖုံးနှင့် လျှာတို့ တွင်
မလိုလားအပ်သော အပူ လောင်မှုများ မဖြစ်စေရန် သတိပြု၍အသုံးပြုပါ။ သဘာဝ
ဖလူအိုရိုက်(ဒ်)ခံတွင်းသန့် စင်ဆေးရည်အဖြစ် လ္ဘက်စိမ်းရည် ဖြင့်
အာလုပ်ကျင်းပေးနိုင်သည်။

(၁၄) နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို နှင့် ပေါင်မပြည့်သော
ကလေးငယ်ကိုအချိန်မတိုင်မီ မွေးဖွားခြင်းတို့ သည် သွားရော ဂါနှင့်
ဆက်စပ်လျှက်ရှိကြောင်း နိုင်ငံတကာသွား ဘက်ဆိုင်ရာပါရဂူများက အကြံပြုထားကြသည်။

(၁၅) သွားကင်ဆာဖြစ်စေနိုင်သော 90% အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်း၊
အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အပူအစပ်များ အလွန်အကျွံစားခြင်းနှင့်
ဆက်စပ်မှုရှိကြောင်း၊ သွာပိုးချခြင်းမှာ နည်မှန်လမ်းမှန်မဟုတ်ကြောင်း၊
ခေါင်းရှည်ကဲ့သို့ သွားအတွင်းအမှုန့်များထည့်ခြင်းကလည်း
မှန်ကန်သောကုသနည်းမဟုတ်ဘဲ၊ ထိုအမှုန့်များ အစာအိမ် အတွင်းသို့
အလွန်အကျွံဝင်ရောက်ပါက အစာအိမ်ပေါက်သွားနိုင်ကြောင်း သွားသုတေသီများက
အကြံပြုထားသည်။

(၁၆) အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံများ၊ သောက်ရေ၊
နို့ နှင့် အချိုလျော့နဲသောနို့ ထွက်ပစ္စည်း၊ မာကျောခြင်းမရှိသောအစေ့အဆံ၊ အမဲသား၊
ကြက်ဥ/ဘဲဥ/ငုံးဥ၊ ငါး၊ အာလူး၊ တို့ ဟူး၊ ပဲသီး၊ ကောက်နှံပင်၊ ကွေကာ အုပ်၊
ဂျုံ၊ စပါး၊ ပြောင်း တို့ သည် သွားကျန်းမာရေးအတွက်
အကောင်းဆုံးအစားအစာများဖြစ်သည်။

(၁၇) သွားကျန်းမာရေးအတွက် စပျစ်သီးခြောက်၊ ဇီးသီးခြောက် နှင့်
အာလူးခြောက်ကြော်တို့  အလွန်အကျွံစားခြင်းမှ ရှောင် ကျဉ်ပါ။

(၁၈) သွားများဖြူဝင်းစေရန်အတွက် ရက်သတ္တ ၁-ပတ်လျှင် ၄-ကြိမ်မျှ
သီးမွှေးဌက်ပျော်သီးအခွံ၏ အတွင်းသားဖြင့် သွား များကိုပွတ်တိုက်ပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339

သင့်မျက်နှာမှ ထင်ဟပ်နေတဲ့ သင့်ရဲ့ ဝိသေသစရိုက် လက္ခဏာများ


မျက်နှာဆိုတာ လူ့အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ကြေးမုံပြင်လို့ ရှေးတရုတ်တွေ ယုံကြည်ကြသလို အနောက်တိုင်းမှာလည်း အလယ်ခေတ် အလှမယ်တွေကို ကြင်နာတတ်သူတွေလို့ ယုံကြည်လက်ခံထားပါတယ်။ နောက်ပြီး ရုပ်ဆိုးမှုကို မလိုမုန်းထားစိတ်ရှိတဲ့ လက္ခဏာတစ်ခုအဖြစ် မှတ်ယူထားပါတယ်။

ဒီလိုအချက်အလက်တွေကို ခုခေတ်မှာ ခေတ်နောက်ကျတယ်လို့ မှတ်ယူထားပေမယ့် လူ့မျက်နှာပုံသဏ္ဍာန်နဲ့ ပင်ကိုလက္ခဏာနှစ်ခုကြား ဆက်နွယ်မှုရှိကြောင်း ဆက်လက်ယုံကြည်နေသူများစွာရှိပါတယ်။

မျက်နှာဝိုင်းဝိုင်း

မျက်နှာဝိုင်းဝိုင်းရှိသူတွေဟာ စိတ်ထိခိုက်လွယ်သော၊ ဆတ်ဆတ်ထိမခံသောသူနဲ့ ဆွေမျိုးတွေနဲ့ တခြားသူများရဲ့ အာရုံစိုက်မှု ခံရသောသူတွေဖြစ်ပါတယ်။ အမျိုးသားတွေဆိုရင် ဖိုမစိတ်ပြင်းပြပြီး ခိုင်မြဲရှည်ကြာတဲ့ ချစ်သူစုံတွဲဘဝကို ပိုင်ဆိုင်ကြပါတယ်။

စတုရန်းပုံသဏ္ဍာန်မျက်နှာ

စတုရန်းပုံသဏ္ဍာန်မျက်နှာရှိသူအများစုမှာ စိတ်အားထက်သန်မှုရှိတတ်ကြပါတယ်။ ဒါကလည်း ဒီလူတွေ ရန်လိုတဲ့စိတ်၊ ရည်မှန်းချက်ကြီးများပြီး စိုးမိုးခြယ်လှယ်လိုသူတွေ ဖြစ်တဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။ စိစစ်ခွဲခြားစိတ်ဖြာတတ်သောဥာဏ်ရှိပြီး ဆုံးဖြတ်ချက်ခိုင်မာကြပါတယ်

မျက်နှာရှည်ရှည်

မျက်နှာရှည်ရှည်ရှိသူတွေဟာ လက်တွေ့အရမ်းဆန်ပြီး အလုပ်လုပ်ရတာမှာ အခက်အခဲဆိုတာ မတွေ့မတတ်သူတွေဖြစ်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်ပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင် ဖျတ်လတ်ကြတယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲမှုကြောင့် ချစ်သူစုံတွဲ ဆက်ဆံရေးတွေမှာ ပြသနာတွေရှိကြတယ်။

တြိဂံပုံသဏ္ဍာန်မျက်နှာ

ဒီလိုမျက်နှာမျိုးနဲ့ ပုဂ္ဂိုလ်တွေက ပိန်ပေမယ့် စွဲမက်စရာကောင်းတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားသလို အသိဥာဏ်လည်းထက် မြက်ကြပါတယ်။ ဒီလိုမျက်နှာမျိုးနဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အသိရှိရုံတင်မက မြူးကြွတဲ့ စရိုက်လက္ခဏာလည်း ပိုင်ဆိုင်ထားကြပါတယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

ငါနဲ့မဆိုင်တဲ့ ကြွက်ထောင်ချောက်




ကျွန်တော်တို့က ဂျစ်စုတ်ဟုခေါ်သော တူမလေးက ကျွန်တော့်ကို ပုံပြင်တစ်ပုဒ်ပြောပြသည်။ က လေးစကားမို့ ယုတ္တိကျ၊မကျကျွန်တော်မသိ။ ဒါပေမဲ့ ပုံပြင်ကိုတော့ တော်တော်သဘောကျသွားသည်။ ပုံပြင်က ဒီလို ...။

လယ်သမားကြီးတစ်ယောက် အိမ်မှာ နွား၊ ၀က်၊ ကြက်နှင့်ကြွက် ဆိုသော သတ္တ၀ါလေးကောင်ရှိ သည်။ တိရစ္ဆာန်ချင်းမို့ ရင်းနှီးကြ သည်ပေါ့။ တစ်နေ့ လယ်သမား က ကြွက်ထောင်ချောက်တစ်ခု ၀ယ်လာသည်။ ကြွက်ကစိုးရိမ်တ ကြီးဖြင့် နွားဆီကိုပြေးသည်။ နွား က ကြွက်ထောင်ချောက်က ငါနဲ့ ဘာဆိုင်လို့တုံးဆိုပြီး ပြောလွှတ် သည်။ ကြွက်ခမျာ အားကိုးလို့ရလိုရငြား ၀က်ဆီကိုသွားပြန် သည်။ ၀က်ကလည်း ထိုနည်းနှင် နှင်။ သည်လိုနှင့် ကြက်ကိုပြောပြီး အကူအညီတောင်းပြန်တော့ ကိုယ့်ကိစ္စကိုယ်ရှင်း ငါတို့နဲ့မဆိုင် ဟု မျက်နှာလွှဲသည်။ ကြွက်ခမျာ ကူသူမဲ့ ကယ်သူမဲ့ဘ၀။

တစ်ရက်တော့ကြွက်ထောင် ချောက်ထဲကို မြွေတစ်ကောင်ဝင် နေသည်။ လယ်သမားကမသိဘဲ ကြွက်ထောင်ချောက်ဆီ လက်အ နှိုက် မှာ မြွေပေါက်ခံရတော့သည်။ လယ်သမား ဆေးရုံရောက်သွား ၏။ ဆေးရုံတက်နေသော လယ် သမားကို စွပ်ပြုတ်တိုက်ရန်ကြက် ကိုသတ်၏။ ဆေးရုံစရိတ်အတွက် ၀က်ကိုပေါ်ရောင်း၏။ သည်လို အဖြစ်မျိုးက ကံဆိုးလို့ဖြစ်တာ ယ တြာချေဖို့ အလှူလုပ်ရမယ်ဆို သောဗေဒင်ဆရာ၏ကောင်းမှုဖြင့် နွားကိုပါပေါ်ပြီး အလှူလုပ်၏။ ကြွက်ကလည်း သည်လိုကံဆိုးနေ သည့်အိမ်မှာ မနေဆိုကာ ပြောင်း သွား၏။ ပုံပြင်က ဒါပဲဖြစ်သည်။ ကြွက်ထောင်ချောက်တစ်ခုက စ တင်လိုက်သော အဖြစ်အပျက်။ ကိုယ်နှင့်မဆိုင်ပါဘူးဟု ဘာသိ ဘာသာနေလိုက်သော အခြေအ နေက ယခုတော့ သတ္တ၀ါလေး ကောင်လုံးဆီသို့ အန္တရာယ်ဂြိုဟ် ဆိုးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

တစ်ခါသား ညပိုင်းကျွန် တော်အိမ်ပြန်တော့ ပြည်လမ်း အေဒီကွေ့မှာ ဆိုင်ကယ်တစ်စီး တုံးလုံးလဲနေသည်။ ဆိုင်ကယ် ပေါ်ပါသည့်လူနှစ်ယောက်က တစ်နေရာစီမှာ လွင့်စဉ်ကျလို့၊ တစ်ယောက်က မလှုပ်မယှက်၊ တစ်ယောက်ကတော့ ဆန့်ငင် ဆန့်ငင်။ ကျွန်တော်စီးလာသည့် တက္ကစီကိုရပ်ခိုင်းပြီးသည်လူနှစ် ယောက်ကို ဆေးရုံပို့ဖို့ပြောသည်။ တက္ကစီဆရာက ခါးခါးသီးသီးငြင်း သည်။ သူကူညီလိုက်လျှင် သူအ မှုပတ်မည်။ ဆေးရုံရောက်လျှင် ချက်ချင်းပြန်လို့မရ။ ရဲကသံသယ ဖြင့်မေးမည်။ ပြီးလိုအပ်လျှင် အမှု မှာပါ သက်သေလိုက်ရမည်ဆို ကာ မကူညီ။ သူမှမဟုတ်အဲသည့် နားက ဖြတ်သွားသည့်ကားတိုင်း လည်း မည်သူမျှမကူညီ။ ကျွန် တော်ကိုယ်တိုင်လည်း တက္ကစီ ဆရာပြောစကားနှင့်ပင် ကူညီဖို့ လက်တွန့်ခဲ့သည်။ ကျွန်တော့်ကို ကျွန်တော်လည်း အတ္တကောင်ဟု သမုတ်လိုက်သည်။

ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့ အစည်းတွင် အမြဲဂုဏ်ယူပြောဆို လေ့ရှိသော စကားတစ်ခွန်းရှိ သည်။ မြန်မာဆိုသည်မှာယဉ်ကျေး ဖော်ရွေသော၊ ကူညီတတ်သောလူ မျိုးတဲ့။ သို့သော် ထိုအဓိပ္ပာယ်ဖွင့် ဆိုချက်က မည်သည့်ခေတ်ကာလ တွင် ကုန်ဆုံးကျန်ရစ်ခဲ့ရလေပြီမ သိ။ မိမိတိုင်းပြည်နှင့်လူမျိုးကို ဒုက္ခပေးခဲ့သော၊ နှိပ်စက်ကလူပြုခဲ့ သော ဖက်ဆစ်ဂျပန်များကိုပင်စစ် ရှုံး၍ထွက်ပြေးရသောအခါ၌ ကူ ညီကယ်တင်စောင့်ရှောက်သည့် လူမျိုးဟု စစ်ပြန်ဂျပန်ကြီးများနှုတ် က သတိတရတဖွဖွပြောခဲ့သော လူမျိုးက ယခုတော့ ကိုယ့်လူမျိုး အချင်းချင်းကိုပင် ကူညီဖေးမဖို့ လက်တွန့်ခဲ့ပြီ။ သူများဒုက္ခတွေကို ကိုယ်နှင့်မဆိုင်ဟုဆိုကာလျစ်လျူ ရှုထားနိုင်ခဲ့ပြီ။

သာမန်အားဖြင့် လူတစ် ယောက်ကို ကူညီလိုက်ရခြင်းအ တွက် တုံ့ပြန်အကျိုးကို မျှော်လင့် ၍ ကူညီသူရှားပါးပါလိမ့်မည်။ သို့ သော် ထိုအကျိုးမျိုးမရရုံမက ကူ ညီမှုကြောင့် ဆိုးကျိုးများပင် ဖြစ် စေသောအခါ သူသူငါငါ ကူညီလို စိတ်များ လျော့ပါးသွားနိုင်ကြ သည်။

နှစ်အတန်ကြာက ၀တ္ထုတို တစ်ပုဒ်ဖတ်ခဲ့ဖူးသည်။ ရေးသူကို မမှတ်မိတော့။ ၀တ္ထုထဲမှာ ဘတ်စ် ကားစီးရင်း ကိုယ့်ရှေ့မှာလာရပ် နေသည့် ကောင်မလေးကို ထိုင်ခုံ နေရာထပေးလိုက်သည်။ ကားက ကျပ်ညပ်နေသည်မို့ မိန်းကလေး ငယ်ကို ဦးစားပေးကူညီလိုက် သည့်သဘော။ နောက်တစ်နေ့အ ခြားဘတ်စ်ကားပေါ်မှာထိုကောင် မလေးကို သူ့ချစ်သူကောင်လေး နှင့်အတူ ထပ်တွေ့သည်။ သူ့ကို မြင်မြင်ချင်း ကောင်မလေးက ကောင်လေးကိုတီးတိုးပြောသည်။ ‘‘အဲဒီလူကြီးပေါ့ ချစ်ကိုနှာကျပြီး နေရာထပေးတာ’’ဟူ၏။ ထို ကောင်မလေး၏ သိမ်ဖျင်းယုတ် ညံ့သော အတွေးအခေါ်

မက်ဆီရဲ့ ပါရမီဖြည့်ဖက် အန်တိုနယ်လာ


ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ အောင်မြင်ရခြင်း နောက်ကွယ်မှာ အကြောင်းအရင်းတွေရှိနေ ပါတယ်။ မက်ဆီ ဟာ ပါရမီရှင် ကစားသမား ဆိုပေမယ့် အောင်မြင်မှုတွေ ရယူနိုင်အောင် စိတ်ဓာတ် ပိုင်းရေးရာက အစ အစစအရာရာ ဖြည့်ဆည်းပေးနေသူ တစ်ဦး ရှိပါတယ်။ သူကတော့ မက်ဆီရဲ့ဇနီးလောင်း အန်တိုနယ်လာ ဖြစ်ပါတယ်။

အန်တိုနယ်လာဟာ မက်ဆီရဲ့ ငယ်ချစ်ဦး တစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ အန်တိုနယ်လာဟာ သူငယ်ချင်း ဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် မက်ဆီနဲ့ ရင်းနှီး မှုရခဲ့ တာပါ။ မက်ဆီကလည်း အန်တိုနယ်လာကို မြင်တွေ့ပြီးတဲ့နောက်မှာ ချစ်ခင်စွဲလမ်းသွားခဲ့ ပါတယ်။ ဒီနောက် သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပန်းဖြေ ခရီးတွေ ထွက်ခဲ့ကြပါတယ်။ ၂၀၁၀ မှာ စေ့စပ်ခဲ့ပြီး သိပ်မကြာမီမှာ လက်ထပ် ထိမ်းမြားမှု ပြုလုပ်ခဲ့ ပါတယ်။ 


၂၀၁၂ နိုဝင်ဘာ (၂) ရက်နေ့မှာတော့ မက်ဆီဟာ အန်တိုနယ်လာနဲ့ ရရှိတဲ့ ပထမဆုံး ရင်သွေးငယ်ကို မွေးဖွားခဲ့ ပါတယ်။ ဒီကလေးရဲ့အမည်ကို သီယာဂိုလ်လို့ ပေးထားပါတယ်။ မက်ဆီဟာ သားငယ်လေး ရရှိပြီးတဲ့ နောက်မှာ အလွန်ပျော်ရွှင်ခဲ့ပြီး ဘုရားပေးတဲ့လက်ဆောင်အဖြစ် မှတ်ယူခဲ့ ပါတယ်။ လက်ရှိ အချိန်မှာ မက်ဆီရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာဟာ ဒုတိယရင်သွေးလေး လွယ်ထားရပြီ ဖြစ်ပါတယ်။ မက်ဆီဟာ မိသားစု ဘ၀ကို မြတ်နိုးသူ စ်ဦး ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အန်တိုနယ်လာ ကလည်း မက်ဆီကို အကောင်းဆုံး ဘောလုံးသမား တစ်ဦး ဖြစ်အောင် ပါရမီဖြည့်ဖက် အဖြစ် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

the messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

ရေခဲပွင့် ပမာ



Frost Flower/ Ice Flower အစရှိသဖြင့် အမျိုးမျိုးခေါ်ကြတဲ့ အစိုင်အခဲများဟာ ပန်းပွင့်သဖွယ် ရှိနေတတ်ပါတယ်။ နေရာဒေသနဲ့ မြေပြင်ပေါ်မှာ တူတည်ပြီးတော့ ဖြစ်လာတဲ့ အစိုင်အခဲခြင်းက ကွာခြားပါတယ်။ တောအုပ်တွေထဲမှာ ဆိုရင် သစ်ခွ ပန်းပုံစံ၊ မှိုပင်ပုံစံလည်း ဖြစ်ကြ ဖြစ်ပါတယ်။

သူက မြေကနေ ပွင့်လာတာတော့ မဟုတ်ပါဘူး။ မြေရဲ့ အပူချိန်ဟာ သုည ဒီဂရီ စင်တီဂရိတ် အထပ်မှာ ရှိပြီး လေထု အပူချိန်က သုည ဒီဂရီ အောက်မှာ ရှိနေချိန်မှာဆိုရင် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေငွေ့တွေဟာ မြေပေါ်မှာ သွားစုပွင့် အပွင့်များ ပုံစံ ဖြစ်ပါတယ်။ အကယ်၍ ရေပေါ်ဆိုရင်လည်း ထိုနည်းတူစွာ ပါပဲ။ ဒါကြောင့်မို့ ပုံမှာ မြင်တွေ့ရသလိုပဲ ရေပေါ်မျာလည်း နှင်းပွင့်များဟာ ယခုလို ဖြစ်တည်နေပါတယ်။ သူဟာ နေပူချိန်ရောက်လာရင်တော့ ခပ်ကြာကြာ မနေနိုင်ပါဘူး။ လေထု အပူချိန် သုည ဒီဂရီအထပ် ပြန်ရောက်သွားရင်တော့ အရည်ပျော်သွားပါတယ်။ သူက အာတိတ် ရေခဲပြင်တွေဘက်မှာ အတွေ့များ ပါတယ်။

သူ့ရဲ့ ဖြစ်တည်မှုဟာ လူတွေကို သင်ခန်းစာ ရစေပါတယ်။ ကံစွမ်း ရှိနေခိုက် လူလောကမှာ ကျနော်တို့ အသက်ရှင် နေထိုင်ခွင့် ရပြီး ကံစွမ်းကုန်တဲ့ တစ်နေ့၊ ဘယ်နေ့ရယ် မသိတဲ့ တစ်နေ့မှာ တာတိတ် ပြန်လည်ထွက်ခွာသွားကြရ ပါတယ်။ မြေပြင်နဲ့ လေထု အပူအအေး သုည တစ်ဘက်ခြမ်း ရှိနေချိန် နှင်းပွင့်များ ပြန်ပေါ်လာသလိုပဲ ကောင်းကံ၊ ဆိုးကံများ လွန်ဆွဲနေချိန်၊ နိဗ္ဗာန်ကို မရောက်နိုင်သေးသရွေ့ ကျနော်တို့ဟာ ၃၁ ဘုံမှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက် အသက်ရှင် ကျင်လည်နေရအုံးမှာပဲ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

အပြုံးပန်းတစ်ပွင့်ရဲ့ ယုံကြည်မှု


လူတွေအတွက် ပြုံးပန်းအလှတစ်ပွင့်ဟာ စွင့်စွင့်ကားကား ဖူးပွင့်နေတဲ့ ပန်းတစ်ပွင့်လို လှပလွန်းပါတယ်။ ပြုံးလိုက်ရင် ချစ်စရာလေးဆိုတဲ့ စကားလေးတစ်ခွန်းဟာ ပြုံးပန်းတစ်ပွင့်ရဲ့ တန်ဖိုးတစ်ခုဘဲဖြစ်ပါတယ်။ အစွမ်းကုန်ဖူးပွင့်နေတဲ့ပန်းတစ်ပွင့်ရဲ့အလှတရားဟာ သူ့ရဲ့ပတ်ဝန်းကျင်ကိုအလှဆင်သလို မြင်ရသူရဲ့ရင်ထဲကိုလည်း နှစ်ခြိုက်အေးချမ်းစေပါတယ်။ ဒီလိုပါဘဲ လူတွေအတွက် လန်းဆန်းတဲ့ အပြုံးတစ်ပွင့်ရဲ့တန်ဖိုးတရားဟာ မိမိရှင်သန်ရာပတ်ဝန်းကျင်မှာ များစွာ အထောက်အကူဖြစ်စေပါတယ်။ ဒီလို ဖြူဖြူဖွေးဖွေး ပုလဲစီသွားတန်းလေးနဲ့ လှပတဲ့ အပြုံးတစ်ခုကို ဖန်တီးနိုင်ဖို့လူတိုင်းမှာ အခွင့်အရေးရှိတယ်လို့ထင်ပါသလား။ တစ်ခါတစ်ရံမှာ လူတွေဟာ မိမိမှာ ပြည့်စုံနေတဲ့အခါ အပြုံးတစ်ခု ဘာခက်လို့လဲဆိုတဲ့စကားလေးနဲ့ ပြောစမှတ်ပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လှပပြည့်စုံတဲ့ အပြုံးတစ်ခုကို ယုံကြည်မှုအပြည့်နဲ့ မပြုံးနိုင်သူတွေအတွက်ကတော့ အပြုံးပန်းတစ်ပွင့်ရှင်သန်နိုင်ရေးဟာ သူတို့အတွက် အင်မတန်ခက်ခဲတဲ့ ပြဿ နာ တစ်ရပ်ဘဲဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ သွားဖြူဖြူ စီစီရီရီလေးတွေကို ဖွင့်လှစ်ပြသကာ ပြုံးရယ်ပြနိုင်ဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူသယောင်နဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသေအချာစဉ်းစားကြည့်လိုက်ပါ။ မိမိရဲ့သွားတွေဟာ မလှမပနဲ့ မညီမညာ ဝါဝါကျင်ကျင်ဖြစ်နေခဲ့ရင် အများသူငှာရှေ့မှာ ရဲရဲဝံ့ဝံ့ရယ်ပြရဲဖို့ သတ္တရှိနိုင်ပါ့မလား။ မိမိသွားလေးကို မပေါ်အောင် ဖုံးဖိရယ်ပြရင်း ငါ့သွားလေးကို မြင်သွားမှဖြင့်ဆိုတဲ့ခံစားမှုတွေနဲ့ ရပ်တည်ရှင်သန်နေကြရသူတွေရှိကြလိမ့်မယ်လို့ထင်ပါတယ်။ စိတ်ထဲမှာ သူများမြင်သွားမှာစိုးရိမ်စိတ်လေးနဲ့ ယုံကြည်မှုနည်းနေကြရတာတွေဟာ စာနာစရာပါ။ အရာရာကို ဒီအားနည်းချက်လေးနဲ့ မပြောရဲမဆိုရဲ၊ သွားလေးတွေကို မဖော်ရဲဘဲ ပါးစပ်လေးပိတ်ပိတ်ပြီး ပြောနေကြရတာဟာ အပြုံးပန်းတစ်ပွင့်နဲ့ပတ်သက်ပြီး ယုံကြည်မှုပျောက်ကွယ်နေကြရတာလို့ဆိုလို့ရပါတယ်။

ဒါပေမယ့်လောကကြီးမှာ ပြဿ နာရှိရင် အဖြေရှိပါတယ်ဆိုတဲ့ လူသားတို့ရဲ့ တီထွင်ကြံဆမှုတွေက လည်း အံ့မခန်းပါ။ လူတွေအနေနဲ့ မိမိမှာ အားနည်းချက်တစ်စုံတစ်ရာရှိလာပြီဆိုရင် ပြဿ နာ အရင်းအမြစ်ကိုလိုက်ပြီး ဘယ်လိုဖြေရှင်းရင်အဆင်ပြေနိုင်မလဲဆိုတဲ့ ကြံဆမှုက မိမိတို့အတွက် အောင်မြင်မှုကို ဆွတ်ခူးနိုင်ခြင်းရဲ့ အနှစ်သာရဘဲဖြစ်ပါတယ်။မိမိတို့ရဲ့သွားလေးတွေ မလှမပနဲ့ ပြုံးရယ်ပြနိုင်ဖို့ခက်ခဲနေတဲ့အခါ ဒီသွားလေးတွေကို ပုလဲစီသွားလေးတွေဖြစ်လာနိုင်အောင် ကုသစွမ်းဆောင်နိုင်တဲ့နည်းလမ်းလေးတွေရှိပါတယ်။

ပုံမှန်သွားတိုက်ပေးပါ

ဝါကျင်ကျင်ဖြစ်ပြီး အရောင်အသွေးမလှမပဖြစ်နေသူတွေအတွက် သွားလေးတွေကိုဖြူဖွေးတောက်ပြောင်သွားအောင် လေဆာအကူအညီနဲ့ ပြုလုပ်လို့ရပါတယ်။ လေဆာနည်းကိုအသုံးပြုပြီး သွားတွေကိုဖြူဖွေးအောင်ကုသလုပ်ဆောင်ခြင်းဟာ သွားလေးတွေ ဖြူဖွေးတောက်ပြောင်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။တစ်ချို့ကျတော့ ဆေးလိပ်၊ ကော်ဖီ၊ ကိုလာ ၊ဝိုင် ၊ ကွမ်းယာ အစရှိတဲ့ အရာတွေကို သုံးစွဲလွန်းတာကြောင့် သွားရဲ့အရောင်အဆင်းတွေ နဲ့ သွားတွေ ပျက်စီးရတာဖြစ်ပါတယ်။ ဒါတွေကို အလွယ်တကူဖယ်ရှား ကုသလွယ်ပေမယ့် နောက်ထပ် မဖြစ်ပွားရအောင် ဆင်ခြင်ခြင်းဖြင့် လှပတဲ့သွားလေးတွေကို ကာကွယ်စောင့်ရှောက်ရာရောက်စေပါတယ်။ ဒါ့အပြင် မိမိရဲ့သွားလေးတွေ ကောင်းမွန်တိုးတက်စေဖို့ တစ်နေ့ကို မနက်တစ်ကြိမ် ၊ နေ့လည်စာစားပြီးတစ်ကြိမ် နဲ့ ညအိပ်ယာဝင်ခါနီးအချိန်တို့မှာ စနစ်တကျနဲ့ ပုံမှန်သွားတိုက်ပေးသင့်ပါတယ်။

ပြုပြင်ကုသမှုတွေရယူပါ

အခုခေတ်ကာလမှာ နည်းပညာတွေတိုးတက်လွန်းလှရာနယ်ပယ်ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သူပညာရှင်တွေလည်း ထွန်းကားလှပါတယ်။မိမိရဲ့သွားလေးတွေ မညီမညာဖြစ်ပြီး ကြည့်ရဆိုးနေခဲ့ရင်လည်းတစ်ကိုယ်တည်း ဝမ်းနည်းကြေကွဲနေဖို့မလိုပါဘူး။ မညီညာတဲ့သွားလေးတွေကို ညီညီညာညာ နဲ့ ပုလဲစီသွားတန်းလေးတွေဖြစ်သွားအောင်ပြုပြင်ကုသလို့ရတယ်ဆိုတာ မမေ့သင့်ပါ။အများသူငှာလို မိမိရဲ့သွားကိုကျန်းမာလှပအောင် ဂရုစိုက်ပေးခြင်းဖြင့် လူမှုအသိုင်းအဝိုင်းမှာ ယုံကြည်အပြည့်နဲ့ ရှင်သန်နိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့သက်ရောက်မှု

တကယ်တော့ လူတွေမှာ သွားပျက်စီးမှု၊ အရောင်အဆင်းမကောင်းမှု၊ပုံပန်းပျက်နေတဲ့သွားတွေဟာ လူရဲ့ စိတ်ပိုင်းယုံကြည်မှုကိုသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပါများစွာသက်ရောက်စေပါတယ်။ သွားမကောင်းတဲ့အခါ အစာကိုကောင်းစွာ ကြေအောင်မဝါးနိုင်ဘဲ အစာအိမ်ကိုထိခိုက်စေကာ အစာအိမ်ရောဂါဖြစ်ပွားစေပါတယ်။ စိတ်ဓာတ်ယုံကြည်မှုအနေနဲ့လည်း မိမိမှာသွားမလှမပတဲ့အတွက် အများသူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း မပြုံးမရယ်ရဲဘဲ အရာရာကိုတွန့်ဆုတ်နေကာ မိမိကိုယ်ကိုတန်ဖိုးထားမှုအရရော၊ ယုံကြည်မှုအရရော အားနည်းစေပါတယ်။

လူတစ်ယောက်အတွက် လှပစီရီတဲ့သွားကောင်းကောင်းလေးတစ်စုံပိုင်ဆိုင်ရမှုဟာ ကျန်းမာရေးအတွက်ရော၊ လူမှုပတ်ဝန်းကျင်မှာ ရှင်သန်ရာမှာ ယုံကြည်မှု တစ်ခုအနေနဲ့ရောများစွာ အင်အားဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့သွားလေးတွေကိုမပျက်မစီးရအောင်အလေးထားဂရုစိုက်ပေးခြင်း ၊ ပျက်စီးမှုတွေရှိလာခဲ့ရင်လည်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဖြင့် ပြုံးအလှတစ်ပွင့်နဲ့ မိမိတို့ရဲ့ယုံကြည်မှုကို ရယူနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Yangon Life

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

ကိုယ်နဲ့ရေရှည်လက်တွဲဖို့ အဆင်မပြေတော့တဲ့ ချစ်သူကို ဘာ့ကြောင့် မစွန့်လွှတ်နိုင်ကြတာလဲ


သင်ဟာ သင့် ချစ်သူအပေါ်မှာ ချစ်တဲ့စိတ်နဲ့ သည်းခံပြီး ဆက်လက် လက်တွဲနေတာဖြစ်တယ်လို့ သင်ထင်ကောင်းထင်ပါမည်။ သို့သော် တကယ်တော့ တခြားအကြောင်းပြချက်ကြောင့် သင် သူနဲ့ ဆက် လက်တွဲနေတာ မဖြစ်နိုင်ဘူးလား။ ဒါတွေက ဘာများပါလဲ။ ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့ချစ်သူကို လက်တွဲနေဟာ ကြီးမားတဲ့ပြသနာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကိုယ်အပေါ် ပိုမိုကောင်းမွန်ပြီး အပြန်အလှန်ပါရမီဖြည့်ဆည်း ပေးနိုင်မယ့် လက်တွဲဖော်ကို ရွေးချယ်နိုင်ခွင့် လျော့နည်းသွားစေနိုင်ပါတယ်။ နှစ်ဦး စလုံးအတွက်လည်း မပြည့်စုံနိုင်မှု၊ အလိုမကျမှု၊ အမျက်ထွက်မှုတွေ တဖြည်းဖြည်း တိုးလာစေနိုင်ပါတယ်။

ဒါဆိုဘာလို့ သူ့ကို လက်တွဲနေ နေသေးတာလဲ။

အဓိက အကြောင်းရင်းများက ဘာပါလဲ။

၁) ချစ်သူက အရမ်း ဆွဲဆောင်မှု ရှိလို့

ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုက သင်သူ့ကို ဆက်ပြီး ချစ်နေရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ချစ်သူမှာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိခြင်းကြောင့် မကြာခဏဆိုသလို သင့်အနေနဲ့ သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို ရှာမတွေ့နိုင်လောက်အောင် သင့်မျက်စိကို ကန်းသွားစေနိုင်ပါတယ်။

ဥပမာ ချစ်သူက အလွန်ဆွဲဆောင်မှုရှိပေမဲ့ စိတ်ဓာတ်ရေးရာမှာတော့ မရင့်ကျက်တဲ့ အပြုအမူမျိုး ဖြစ်နေပါမယ်။ ဒါပေမဲ့ သူနဲ့အတူ လက်တွဲလာတာ ကြာလာတာနဲ့အမျှ သူ့ရဲ့ ရုပ်ရည်ရူပကာအပေါ်မှာ နစ်မျောပြီး ကောင်းကွက် တွေပဲ မြင်လာတာမျိုးပါ။

၂) ကိုယ့်အဖေ၊ အမေနဲ့ စရိုက်တူလို့

ဒီအချက်ကလည်း သင့်ချစ်သူကို မစွန့်လွှတ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ပါ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် ပြုမူပုံက မိဘတွေ ကိုယ့်အပေါ်ပြုမူပုံမျိုးနဲ့ဆင်တူနေရင်လည်း သူ့ကို သင် ချစ်မိသွားနိုင်ပါတယ်။

ဥပမာ - သင့်အဖေက ခပ်ဆိုးသွမ်းသွမ်း လူတစ်ယောက်ဖြစ်သလို သင့်ချစ်သူမှာလည်း ဒီလိုအချက်ရှိနေရင် သင်ဟာ သင့်ဖခင်နဲ့ ပြေလည်အောင် နေထိုင်ရသလို ချစ်သူနဲ့လည်း အဆင်ပြေအောင်ကြိုးစားရမှာပါ။

ဒါ့အပြင် သင့်ချစ်သူက သင့်ဖခင်လိုမျိုး အလွန်အမင်း သရော်တတ်သူဖြစ်နေလို့ သူဟာ သင့်ရဲ့ တကယ့် ဘ၀ လက်တွဲဖော်ကောင်း မဟုတ်သည့်တိုင်အောင် သင်သူ့ကို ချစ်မိသွားတာမျိုးပါ။

၃) ကိုယ့်ကို ရယ်မောအောင်လုပ်နိုင်လို့

သင့်ချစ်သူမှာ ဟာသဥာဏ်ရှိခြင်းဟာလည်း သူ့ကို ဆက်ချစ်နေ နေမိတဲ့ အကြောင်းရင်းတစ်ချက်ပါ။ သင့်ကို ရယ်မော ပျော်ရွှင်စေတဲ့ ကောင်းကွက်ကြောင့် သင်နဲ့ သင့်လျော်တဲ့ လက်တွဲဖော်ဖြစ်မဖြစ်ကို အကဲဖြတ်ဖို့ ခက်ပါတယ်။

၎) အတူနေဖူးလို့

တကယ်တော့ သင့်လက်တွဲဖော်နဲ့ အတူနေဖူးတဲ့ အတွက်ကြောင့် တမူထူးခြားတဲ့ နှောင်ကြိုးက ရှိနေမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အတူတူ နေထိုင်ကြတဲ့အခါ သူနဲ့ အတူ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပြီးဖြစ်ပြီး သက်တောင့်သက်သာ ပျော်ရွှင်မှုတော့ အထိုက်အလျောက် ရမှာပါ။ ဒါပေမဲ့ ဒီလိုပျော်ရွှင်မှုနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေး နှစ်ခုကတော့ အကွာကြီးကွာပါတယ်။

၅)ဘ၀ရဲ့အဓိကကျတဲ့ အတွေ့အကြုံကို သူနဲ့အတူ ဖြတ်သန်းဖူးလို့

ဒီလိုမျိုး အတူဖြတ်သန်းဖူးတာကလည်း သင်တို့နှစ်ဦးရဲ့ ချစ်ခြင်းကို ကြာရှည်စွာ ဆက်လက်ထန်းထားနိုင်ခြင်းတစ်ခုပါပဲ။

ဥပမာ သင့်ချစ်သူက သင်ဘွဲ့ယူတဲ့အချိန်၊ သင်အိမ်ပြောင်းရွေ့တဲ့အခါ ဒါမှမဟုတ် အလုပ်မှာ ကြီးကြီးမားမား အောင်မြင်မှု ရလာဒ်ရတဲ့အခါ ရှိပေးနေတာမျိုးပါ။ သူ့ကို ထားသွားသင့်တယ်လို့သင်သိနေနေတာတောင်မှ ဒီလိုမျိုး အခြေအနေတွေက ချစ်သူနဲ့ဆက်လက်လက်တွဲပြီး အောင်မြင်မှုကို အတူမျှဝေဖို့ ဖြစ်လာစေပါတယ်။

၆) ချစ်သူက အရမ်းချမ်းသာလို့

ငွေဟာ အချစ်ကိုမ၀ယ်နိုင်ဘူးလို့ပြောကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ငွေကြောင့် သင်လူ တစ်ယောက်အပေါ်မြင်တဲ့ အမြင်နဲ့ ပတ်သက်ပြီး သိသာတဲ့ သက်ရောက်မှု တစ်ခုတော့ ရှိနိုင်ပါတယ်။ ငွေဟာ အောင်မြင်မှုကို ကိုယ်စားပြုတယ်၊ ငွေနဲ့ ဘေလ်ဆောင်နိုင်တယ်၊ ပစ္စည်းကောင်းတွေ ပိုင်ဆိုင်နိုင်တယ်၊ လူမှုအသိုင်းအ၀န်းမြင့်မြင့် နေနိုင်တယ်။ ပြီးတော့ နောက်ထပ်နောက်ထပ် အများကြီး လုပ်နိုင်သေးတယ်။

ဒီငွေကပဲ သင်တို့နှစ်ဦးမှာ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှု လုံးဝရှိမနေတာကို ဖုံးကာ ပစ်လိုက်တယ်။ သင်က ဒီငွေကြောင့် ချစ်သူကို ဆက်ချစ်တာဖြစ်နေကြောင်း သတိပြုမိရင် ချစ်သူမှာ ငွေကြေး မပြည့်စုံတော့ရင်ကော သင်ချစ်နိုင်သေးရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

၇) ရှည်လျားတဲ့ ဆက်ဆံရေးရှိလို့

ဒီအချက်ကတော့ အရိုးအရှင်းဆုံးပါပဲ။ သင့်လက်တွဲဖော်ဟာ သင်နဲ့ ဆက်လက်တွဲဖို့ အဆင်မပြေတော့မှန်း သိနေတာတောင် ဒီအချက်ကြောင့် သင် သူနဲ့ လမ်းမခွဲနိုင်သေးပါဘူး။

၈) အလွန်ယုယကြင်နာတတ်လို့

ဒီအချက်ဟာလည်း သင်ဆက်ချစ်နေခြင်းရဲ့ အကြောင်းတစ်ခုပါ။ လက်တွဲဖော်တစ်ယောက်က ကြင်နာတတ်တာ ကောင်းတဲ့အချက်ပါ။ သူ့ကြင်နာမှုကို သင်က လမ်းခွဲမှု ပြန်ပေးပြီး တော့ အဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။

ကြင်နာမှုတစ်ခုတည်းကြောင့်နဲ့တော့ ဆက်လက်တွဲမနေသင့်ပါဘူး။ သူက သင့်ကို ဘယ်လိုပဲ ယုယပြ၊ သင့်အနေနဲ့ရိုးသားမှုရှိပြီး ယဉ်ကျေးသူတစ်ယောက်ကို ရှာတွေ့နိုင်ပါသေးတယ်။

၉) ချစ်သူနဲ့တူတဲ့ အချက်တွေ များလို့

ချစ်သူနဲ့ တူတဲ့ အချက်တွေများလို့ သူနဲ့ အတူလက်တွဲဖြစ်နေတာလို့ သင်ထင်ကောင်း ထင်နိုင်ပါတယ်။ဆိုလိုတာက ရုပ်ရှင်ကား၊ သီချင်း အကြိုက်တူတာ၊ တူညီတဲ့ အဖြစ်အပျက်မျိုး စတဲ့ အကြောင်းအရာ လေးတွေကြောင့်နဲ့ တော့ အတူဆက်လက်တွဲဖို့ဟာ လုံလောက်တဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ ဒီအသေးအဖွဲ့ စိတ်ဝင်စားမှု တူနေတာထက် ကျန်းမာပျော်ရွှင်ဖွယ် ဆက်ဆံရေးရှိဖို့က ပိုအရေးကြီးပါတယ်။

ဒီအချက်တွေက သင်ဟာ သင်နဲ့ သဟဇာတ မဖြစ်တော့တဲ့ ချစ်သူကို လမ်းလွဲနေတဲ့ အချက်တွေကြောင့် မစွန့်လွှတ်နိုင်သေးတာလားဆိုတာ ပြန်လည် သုံးသပ်နိုင်ဖို့ အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်။

TrendMyanmar
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

ပြင်းထန်သောနေရောင်ခြည်ကို ကာကွယ်ကြစို့


မနက် ၁၁နာရီကနေ ညနေ ၄နာရီ အချိန်ဟာ UV ထိတွေ့မှုအများဆုံးပါ။ UV အဆ သုံးဆထက်ပိုမို ထုတ်ပေးတဲ့အချိန်တွေလည်းဖြစ်ပါတယ်။

နေပြင်းချိန်တွေမှာ အတတ်နိုင်ဆုံး အရိပ်ထဲမှာနေပါ။ မလွှဲသာလို့ အပြင်ထွက်ရမယ်ဆိုရင်တောင် ထီး၊ဦးထုပ် စတာတွေ ယူဆောင်ပါ။ အဝတ်အစားဝတ်ရာမှာလည်း ချည်သားများနဲ့ ချောင်လည်ပြီး သက်တောင့်သက်သာရှိတာတွေ ရွေးဝတ်ပါ။ UV ကာကွယ်စေမယ့် နေကာမျက်မှန်ဝတ်ဆင်ပေးပါ။

တိမ်ထူတဲ့နေ့တွေမှာတောင် နေရောင်ခြည် ၈၀% ကသင့်ကို နေလောင်စေမှာပါ။ ဒါ့အပြင် သဲ၊ ရေပြင်၊ နှင်းတောင်နဲ့ အင်္ဂတေကတဆင့် သင့်ကို နေရောင်ခြည်က အလင်းပြန်ပြီး နေလောင်ဒါဏ်ခံရနိုင်ပါသေးတယ်။

အပြင်မထွက်ခင်မှာ SPF 15 အနည်းဆုံးပါဝင်တဲ့ UVA UVB ကာကွယ်တဲ့ sunscreen အသုံးပြုပေးပါ။ အပြင်မထွက်ခင် ၁၅မိနစ် မိနစ်၂၀ ကြိုတင်လိမ်းပေးပါ၊ နောက်ပြီး ရေကူးသူများ၊ လမ်းလျှောက်သူများ နေပူထဲအနေများသူများ အနေနဲ့ sunscreen ကို နှစ်နာရီခြားတခါ လိမ်းပေးသင့်ပါတယ်။

နေရောင်ခြည်မှာပါဝင်တဲ့ UV က အရေပြားကင်ဆာ နေလောင်ကွက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်တွေကိုတော့ ၆လသားအရွယ်မှစလို့ နေလောင်ကာလိမ်းဆေး လိမ်းပေးသင့်နေပါပြီ။ ကလေးငယ်တွေအတွက် မျက်လုံးကိုကာကွယ်ဖို့ ပလပ်စတစ်နေကာမျက်မှန် တပ်ပေးနိုင်ပါတယ်။ ကပ်ဦးထုပ်အစား ရိုးရိုးဦးထုပ်ကို ဆောင်းပေးသင့်ပါတယ်၊ ရေကူးသူတွေအတွက်တော့ ရေစိုခံ sunscreen လိမ်းပေးသင့်ပါတယ်။

နေကာမျက်မှန်တစ်လက်က သင့်ခန္ဓာကိုယ် အနူးညံ့ဆုံးအပိုင်း ဖြစ်တဲ့မျက်လုံးကို နေရောင်ကနေ ၁၀၀% ကာကွယ်ပေးနိုင်ပါတယ်။ နေလောင်ဒါဏ်ကြောင့် သင့်အရေပြားပေါ်မှာ အနီစက်ပေါ်လာခြင်း မှဲ့များအရောင်ပြောင်း ယားယံခြင်းများဖြစ်လာပါက အရေပြားဆိုင်ရာာဆရာဝန်ရဲ့ကုသမှုကို ခံယူသင့်ပါတယ်။

credit to : ကျန်းမာရေးနှင့် အစားအသောက်

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339

ပါရမီဖြည့်တယ်ဆိုတာ

               
ပါရမီဖြည့်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ မေးရင်။ ကိုယ်ကြုံနေရသမျှတွေအပေါ်မှာ ကိုယ့်ရဲ့ စိတ်ကောင်းကလေး ထားတတ်ရင် ပါရမီဖြည့်တယ်။

ခင်ပွန်းသည် ယောက်ျား၊ အိမ်သူသက်ထား ဇနီးမယား သားသမီး၊ ဆွေမျိုးသားချင်းတွေအတွက် ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေး၊ လောကအရေးတွေ ကြုံတွေ့ကြရပါတယ်။ အဲဒီ ကြုံတာတွေ အားလုံးကို စိတ်ကောင်းလေး ထားလိုက်ပါ။ စိတ်ကောင်းလေး ထားလိုက်ရင် ပါရမီ ဖြစ်ပါပြီ။ ပါရမီ ဆိုတာ သီးခြား မဟုတ်ပါ။ သို့သော်သူ့ဟာသူ အလိုလိုမပြည့်ပါ။ စိတ်ကောင်းတွေထားပြီး ပြုပြောကြံစည်ရင် ပါရမီဖြည့်တယ်ခေါ်ပါတယ်။ စိတ်ကောင်းထားနိုင်ရင် ပါရမီ ပြည့်တယ်။ စိတ်ကောင်း မထားနိုင်ရင် ပါရမီ မပြည်ပါ။

စိတ်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင်တွေသာ ထားလို့ရတာ မဟုတ်ပါ။ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံး စိတ်ကောင်းထားလို့ ရပါတယ်။ တကယ်ပြောရင် စိတ်ကောင်းထားရင် ပါရမီဖြည့်လို့ ပါရမီပြည့်ပါတယ်။ စိတ်ကောင်းထားရင် ကြီးကျယ်မြင့်မြတ်တဲ့လူ ဖြစ်လာပါတယ်။ 


မိမိ မိသားစုထဲမှာတင် လေ့လာကြည့်ရှုနိုင်ပါတယ်။ ဘယ် မိသားစုဝင်က ကြီးပွားသွားသလဲ၊ ဘယ်သူက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လဲ။ သားမို့လို့ အထင်မသေးနဲ့၊ သားကို မိဘတွေက လေးစားရတာ တစ်ပုံကြီးပါ။ သမီးမို့လို့အထင်မသေးပါနဲ့၊ သမီးကို မိဘတွေက လေးစားရတာတွေ တစ်ပုံကြီး အများကြီးပါ။ မိဘကို သားသမီးက လေးစားတယ်။ သားသမီးကို မိဘက လေးစားတယ်။ ဘာလို့ လေးစားတာလဲ ဆိုရင် သူက ကြီးကျယ်မြင့်မြတ်တဲ့ သူမို့လို့ပါ။ ဘာလို့ ကြီးကျယ်မြင့်မြတ်တာလဲ ဆိုရင် သူတော်ကောင်း စိတ်ဓာတ်နဲ့ ကြီးကျယ်မြင့်မြတ်နေလို့ပါပဲ။ ဘုန်းတော်ကြီး မြတ်စွာဘုရား ပါရမီဖြည့်တာကိုပဲ ပြောကြပါစို့။ အဲဒါကို ကိုယ့်အိမ်မှာ ကိုယ်လုပ်နေတာနဲ့ ပြန်ယှဉ်ကြည့်လို့ ရပါတယ်။

တစ်အိမ်လုံးမှာ စိတ်ကောင်းလေးမွေးတဲ့ ပုဂ္ဂိုလ်ရှိရင် – အဲဒီ ပုဂ္ဂိုလ် ကြီးကျယ်မြင့်မြတ်လာမယ်။ မိဘဆိုရင် ကိုယ် မွေးထားတဲ့ ကိုယ့်သားသမီးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်သူ စိတ်ကောင်းထားလို့ ကြီးကျယ်မြင့်မြတ်လာသလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။


 ဒါမှ မဟုတ်ရင် မိမိ ညီအစ်ကို မောင်နှမတွေကို ကြည့်နိုင်ပါတယ်။ အခု အသက် ၃၀၊ ၄၀၊ ၅၀၊ ၆၀ ရှိပြီး ငယ်ငယ်တုန်းက သူလိုကိုယ်လို နေခဲ့တဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ ဘယ်သူကြီးကျယ်မြင့်မြတ်လို့ အဆင့်အတန်းမြင့်မြင့် နေနိုင်သလဲ၊ လောကမှာ ဒါတွေ ကြည့်ရင် ကိုယ် ဘာတွေ ကျင့်ရမလဲဆိုတာ သိလာနိုင်ပါတယ်။ သဗ္ဗညုတဉာဏ်၊ အရဟတ္တမဂ်ဉာဏ်ကိုရရင် ရောက်ရင် ဘာလို့ ရရတာ၊ ရောက်ရတာလဲဆိုရင် ပါရမီဖြည့်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် ပါရမီ ၁၀ ပါးထဲက ဒါန အကြောင်းကို ပြောချင်ပါတယ်။ ဆက်ရန်. . . ဓမ္မဒူတဆရာတော်၏ “လိုရာခရီးရောက်ဖို့” စာအုပ်မှ ကူးယူဖော်ပြသည်။

Tun Tun Naing

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး အလုပ်လုပ်စရာ နေရာ Facebook



လူသတင်း လူချင်းဆောင် ဆိုသလိုပါပဲ။ Facebook မှာ အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်း လူငယ် နှစ်ဦးဟာ ဓာတ်ပုံနဲ့ အတွေ့အကြုံများကို အင်တာနက်မှာ ပြန်လည် မျှဝေပြီးနောက် Facebook ကို ကမ္ဘာ့ ပျော်စရာအကောင်းဆုံး အလုပ်လုပ်စရာ နေရာ အဖြစ် သတ်မှတ်လိုက်ကြ ပါတယ်။

Trainee (အလုပ်သင်) အဖြစ် ကျောင်းပြီးစနဲ့ ကျောင်းတက်ဆဲ လူငယ်တွေကို Facebook ဟာ လစာအားဖြင့် တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၆၀၀ ကနေ စပေးပါတယ်။ ဒါကြောင့်မို့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇ သောင်းနီးပါး ရှိနေပြီး အမေရိကန်မှာတောင် အလယ်အလတ်တန်း သွားကျတဲ့ ဝင်ငွေမျိုး ဖြစ်ပါတယ်။ ကြာသပတေးနေ့တိုင်းမှာ cocktail time ဆိုတာကို ထားရှိပြီး တစ်ရုံးလုံး သောက်ကြ၊ စားကြ၊ ပျော်ကြ ပါးကြပါတယ်။ အလုပ်သင်ဆိုတာ ဝန်ထမ်းတွေ မဟုတ်သေးပါဘူး။ ဒါတောင်မှ Mark Zuckerberg ဟာ ထရိန်နီ (အလုပ်သင်)တွေကို မြင်ရင် Hi. Good morning, အစရှိသဖြင့် တွေ့တိုင်းမှာ သူက စပြီးတော့ နှုတ်ဆက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းအားလုံးကို ဆက်ဆံတဲ့ နေရာမှာလည်း ရိုကျိုးစွာ ပြောဆိုတတ်မှုကြောင့် ဝန်ထမ်းများဟာ သူ့ကို လေးစား ချစ်ခင်ကြ ပါတယ်။ Melon Park က ရုံးမှာတင် မကပဲ ဗြိတိန် အိုင်ယာလန်၊ ဒူဘလင်မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ Facebook ရဲ့ ကမ္ဘာအနံ့က ရုံးတိုင်းကို ယင်းကဲ့သို့ ထားရှိပေးပြီး အလုပ်ဝန်ထမ်းနဲ့ အလုပ်သင်များက သတင်းကောင်းများကို ပြန်လည် ပြန့်နှံ့စေပါတယ်။ ဒါကြောင့်မို့ Google ကို ကျော်လွန်ပြီး ကမ္ဘာ့ပျော်စရာ အကောင်းဆုံး အလုပ်နေရာ အဖြစ် သတ်မှတ်ပေးလိုက်ကြခြင်း ဖြစ်ပါတယ်။ ရုံးတွင်း ဓာတ်ပုံ အချို့ကို http://goo.gl/EtcYVT မှာ ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647

ကျကျန်ခဲ့တဲ့အရာတွေ


မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်...
"မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ"

မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
"ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ?"

"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ်" လို့ အဒေါ်ကြီးက ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားဟာ အဓိပ္ပာယ်လေးနက်လွန်းပါတယ်။ အခုခေတ်လူတွေကို တွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ကြဘူး။ ကျွန်တော်တို့ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ်၊ ...... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုအရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ကိုယ်ပေါ်မှာဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို သတိပေးသင့်ပါတယ်။

"သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ကိုယ့်ကိုယ်ကိုချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ"
"သင့်မျက်နှာပေါ်ကအပြုံး ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ"

ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲကျကျန်နေခဲ့ပြီလား? အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ....

နိုင်းနိုင်းစနေ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

ကိုယ်ဝန်ဆောင်များ စိတ်ရွှင်လန်းစေချင်


 

အရွယ်ရောက်ပြီး အမျိုးသမီးများအဖို့ အချိန်တန်အခါသင့်ပြီဆိုပါက
ဘ၀အိမ်ထောင်ကို ထူထောင်ကြရစမြဲပါ။ လောကဓမ္မတာ အရ အဖိုနှင့်အမ
ပေါင်းသင်းဆက်ဆံကြရာဝယ် အမျိုးသမီးများက လူသားတို့ မျိုးဆက်တာဝန်ကို
မိခင်လောင်းအဖြစ် ကိုယ်ဝန် ဆောင်ပေးကြရပါတယ်။


 ကိုယ်ဝန်ဆောင်ချိန်ဟာအမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသလို၊ တပြိုင်တည်းမှာဘဲ
စိတ်ကြည်နူးခြင်း၊ ၀မ်းနည်းခြင်း၊ စိုးရိမ်အားငယ်ခြင်း၊
အလိုလိုဒေါသထွက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့
စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြုံတွေ့  ခံစားရလေ့ရှိပါတယ်။ 


ဒါ့ပြင်ခန္ဓာကိုယ်ဇီဝကမ္မပြောင်းလဲသွားခြင်းကြောင့် ကိုယ်အလေး ချိန်တိုးလာခြင်း၊
ဆာလောင်မွတ်သိပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊
ဟိုမုန်းပြောင်းလဲ၍အိပ်မပျော်ခြင်း၊ ဆံပင်ကျွတ်ခြင်း စတဲ့
ရုပ်ပိုင်းဆိုင်ရာပြဿနာများကိုလည်း မွေးဖွားခါနီးထိ ကြုံတွေ့ ရတတ်ပါတယ်။
အောက်ပါနည်းလမ်း (၁၄) သွယ်က မိခင် လောင်းများ စိတ်ရွှင်လန်းစေဖို့ အတွက်
အထောက်အပံ့ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
 

(၁) အချို့ သော မိခင်လောင်းများဟာ ရင်သွေးကို ၀မ်းတွင်လွယ်ရသော ပထမ
၃-လတာကာလအတွင်း ပျို့ အန်တဲ့ ဝေဒနာကို ခံစား ကြရပါတယ်။ ထိုဝေဒနာမှ
ကင်းဝေအောင် (က) လတ်လတ်ဆတ်ဆတ်ကျိုချက်ထားတဲ့ နွားနို့ ၁-ခွက်ထဲကို
ထန်းလျက် ၁-ခဲ(သို့ မဟုတ်)၂-ခဲထုချေ၍ ထဲ့ဖျော်သောက်ပါ (ခ) ထမင်းစားဇွန်း
၁-ဇွန်းပမာဏရှိသော ဥသျှစ်သီးမှည့် နှင့် သကြားတို့ ကို ဆ တူရော၍
ဆန်ဆေးရည် ၁-ခွက်ထဲသို့  ရောဖျော်သောက်ပါ (ဂ) သင်္ဘောသီးမှည့်ကို
နံက်တိုင်းစားပေးပါ။
 

(၂) ထို့ နည်းတူ ကိုယ်ဝန်ဆောင် ပထမ ၃-လတာအတွင်း
ဟော်မုန်းအဆင့်မြင့်တက်လာတာကြောင့်လည်း စိတ်ပင်ပန်းနွမ်းနယ် လာပြီး
ခေါင်းကိုက်ဝေဒနာခံစားရတတ်တာပါတယ်။ အနားများများယူပေးပါ။
 

(၃) ကိုယ်ဝန်ရင့်လာလေ ခန္ဓာကိုယ် တဖြည်းဖြည်းကြီးထွားလာလေဖြစ်တာကြောင့်
သွေးထဲမှာ သကြားဓာတ်ပမာဏ နည်းလာ ပြီး မူးဝေလာတတ်ပါတယ်။ ဒါကြောင့်
သွေးအတွင်း သကြားဓာတ်ပုံမှန်ရရှိစေဖို့ အတွက် နည်နည်းနှင့် မကြာခဏဆိုသလို
အစာ စားပါ။
 

(၄) စိတ်ဖိစီးမှုများခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ က
မိခင်လောင်း၏ ဦးနှောက်သွေးကြောတွေကို ရောင်ရမ်းစေတတ်လို့ ၊
ရေများများသောက်ပေးပါ။
 

(၅) ၂၁-ရာစု အမျိုးသမီးအများစုဟာ
ကော်ဖီကိုပုံမှန်သောက်သုံးသူများဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ရတဲ့အခါ
ကဖိန်းဓာတ် ရုတ် တရက်ဖြတ်လိုက်ခြင်းကြောင့်
ခေါင်းကိုက်၍စိတ်နောက်ကျိလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ
ကော်ဖီမသောက်သင့် သော်လည်း စိတ်ဖိစီးမှုပြေလျော့စေဖို့ အတွက်
တဖြည်းဖြည်းချင်းကော်ဖီလျော့သောက်၍ ဖြတ်ပေးပါ။
 

(၆) များသောအားဖြင့် သားဦးကိုယ်ဝန်ဆောင်သူ မိခင်လောင်းများမှာ
စိတ်ထိခိုက်လွယ်ကြပါတယ်။ အဲဒီလိုမဖြစ်ရအောင် အသက်ပြင်းပြင်း ရှုသွင်း
ရှုထုတ်လုပ်ပါ။ စိတ်ငြိမ်အောင် တရားမှတ်ပါ။ အဓိဌာန်ပုတီးစိပ်ပါ။
ပရိတ်တရားကြားနာပါ ရွတ်ဖတ်ပါ။
 

(၇) ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာအပူချိန်မြင့်တက်လာတာကြောင့်
ရေမှန်မှန်ချိုးဖို့ လိုအပ်ပါတယ်။ ပူအိုက်သော်လည်း အ ကြောင်း
အမျိုးမျိုးကြောင့် ရေမချိုးဖြစ်ပါက မျက်နှာ နှင့် နဖူးပေါ်မှာ
စိုစွတ်တဲ့အ၀တ်စ တစ်စကပ်ပေးပါ။
 

(၈) တစ်နေ့ ကို နာရီဝက်ခန့်  လမ်းမှန်မှန်လျှောက်ပါ။ အဲဒီလို
လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်မှ အန်ဒေါ်ဇင်ဟော်မုန်းကို
ထုတ်ပေးတာကြောင့် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်လာပြီး
မွေးဖွာစဉ်နာကျင်ခြင်းဝေဒနာကို လျော့ပါးသက်သာစေပါ တယ်။
 

(၉) ကိုယ်ဝန်ကိုလက်ဖြင့် အသာပွတ်၍ ဘုရားစာဆိုပေးခြင်း၊ မိမိရင်သွေးကို
မည်မျှချစ်ခင်မျှော်လင့်နေကြောင်း အားပေးစကား ပြောပေးခြင်း စသည်တို့ ကို
မကြာခဏလုပ်ပေးပါ။ ဒီနည်းက စိတ်ဖိစီးစေတတ်သော
ဟိုမုန်းထွက်ရှိမှုကိုပြေလျော့စေတဲ့အပြင်၊ မိခင်နှင့် ရင်သွေးငယ်တို
့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
 

(၁၀) မီးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့ အကြုံရှိသူများ၏စကားများ နှင့်
ကျန်းမာရေးသုတစာများကို နှိုင်းယှဉ် ဖတ်ရှုပြီးနောက် နားဝေတိမ်တောင်
ဖြစ်သွားတတ်ပါတယ်။ ခေါင်းအေးအေးထားပါ။ မိမိကိုယ်ဝန်ထားအပ်သော
ဆရာဝန်၏ညွှန်ကြားချက် အ တိုင်းသာ လိုက်နာပါ။
 

(၁၁) သားဦးကိုယ်ဝန်ဆောင်ရသူများအဖို့ မီးဖွားခြင်းအတွေ
့အကြုံမရှိသေးတာကြေင့်လည်း စိုးရိမ်ပူပန်မှုမရှိပါနှင့်။ ခေတ်မှီဆေး
သိပ္ပံနည်းပညာများ တိုးတက်ခေတ်မှီနေသည့်အတွက် "ယောကျာ်းဖောင်စီး၊
မိန်းမမီးနေ" ဆိုတဲ့ စကားကို ရာဇ၀င်ထဲမှာသာ ထားရစ်ခဲ့ပါတော့။
 

(၁၂) အာထရာလ်စောင်းကြည့်၍ မွေးလာမည့်ကလေးကို သားသား၊ မီးမီး ကြိုတင်ခန်
့မှန်းလေ့ရှိကြပါတယ်။ သို့ သော် အာထ ရာလ်စောင်း အဖြေက ၁၀၀
ရာခိုင်နှုန်းမမှန်တတ်တဲ့ သာဓကများရှိတာကို သတိချပ်ပါလေ။
 

(၁၃) ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးလာခြင်း နှင့်
ဗိုက်ကြောများပြတ်ခြင်းတို့ ကြောင့် အလှပျက်မှာကိုတွေးမပူပါနှင့်။ ဒါ
ယာယီသာဖြစ်ပြီး၊ ကလေးမွေးပြီးနောက် ကာလတစ်ခုအကြာမှာ ဗိုက်ကြောပြတ်တာတွေက
သူ့ အလိုလိုပြေပျောက်သွားသလို၊ ကိုယ်အလေးချိန် လျော့ကျသွားအောင်လည်း
ပြန်လည်ပြုပြင်လို့ ရပါတယ်။
 

(၁၄) အလှအပမြတ်နိုးသူ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးပြီးနောက်
ဗိုက်ကြောမပြတ် အလှမပျက်စေဖို့ အတွက် အောက် ပါ နည်းလမ်းကောင်းများကို
မျှဝေပေးလိုက်ရပါတယ်။ 


(က) ဗီတာမင်အီး ဆေးတောင့်ဖောက်၍ လိုးရှင်းအဆီအဖြစ်
အရေပြား ပေါ် သုတ်လိမ်းပါ၊ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို
ရွေးချယ်တတ်ပါစေ 


(ခ) အုန်းဆီကလည်း ဗီတာမင်အီးလိုဘဲ အသား ရေကို အားဖြည့်၍
အကြောပြတ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အုန်းဆီလိမ်းပါ၊ အုန်းဆီထဲကို
လက်ဖက်ဆီ အ စက်အနည်းငယ်ထဲ့ပြီး လိမ်းရင် အာနိသင်ပိုကောင်းပါတယ်

 (ဂ)
ကော်ဖီစေ့ မှုန့် တွေကလည်း အကြောပြတ်ရာမဖြစ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်၊
ကော်ဖီစေ့မှုန့် ကို ရေပျစ်ပျစ်ဖျော်၍လိမ်းပါ(နောက်တစ်နည်း)ကော်ဖီစေ့မှုန်
့ကို ရှားစောင်းလက် ပတ်အနှစ်(သို့ )သံလွင်ဆီရောပြီး နေ့ စဉ်လိမ်းပေးပါ၊
မိနစ် ၂၀ ခန့် အကြာ ကြက်သီးနွေးရေနဲ့  ညင်ညင်သာသာ ဆေးကြောပါ 

(ဃ)
ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကုသပေးနိုင်တဲ့ အကောင်းဆုံးသဘာဝဆေးပါဘဲ၊ အဆီက
ပျစ်လွန်းရင် သံလွင်ဆီ ရောထည့်ပြီး ကျဲအောင်လုပ်ကာ လိမ်းပေးပါ၊ အသာအယာ
နှိပ်နယ်ပြီး ၁၀-၂၀ မိနစ်ကြာ ထားလိုက်ရင် အရေပြားထဲကို အဆီ
ထိုးဖောက်ဝင်ရောက်သွားစေပါတယ် 


(င) shea butter က အသားအရေကို
အစိုဓာတ်ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာကြောင့် လိမ်းထားရင်
ရေဓာတ်ပြည့်နေစေပါတယ်၊ shea butter ပါတဲ့ ခရင်မ်လိမ်းတာကြောင့်
အရေပြားတင်းအားကို ကောင်းမွန်စေပြီး အကြောပြတ်ရာကို သက်သာစေပါတယ်
(အထူးသတိပြုရန်မှာ ၄င်းနည်းများကို ကလေးမီးဖွားပြီးမှ လိမ်းကြပါရန်
အကြံပြုလိုက် ပါရစေ)



(ပေါက်ပေါက်…ရေးသားမျှဝေသည်)

https://www.facebook.com/mmonlineclinic/photos/a.263659537082334.5751

အိမ်ထောင်ရေးသုခ ပြည့်ဝစေရန် အမျိုးသားများ ကော်ဖီသောက်သင့်


တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်ခြင်းဖြင့် အမျိုးသားတွေဟာ သူတို့ရဲ့ချစ်သူ၊ ဇနီးမယားတွေနဲ့ ကိုယ်လက်နှီးနှောတဲ့အခါ စွမ်းဆောင်ရည်ပိုမိုပြည့်ဝလာတက်ကြောင်းကို သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

လူပေါင်း လေးထောင်နီးပါးကို စမ်းသမ်ခဲ့တဲ့ဒီစမ်းသပ်မှုအရ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာ ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ ကိုယ်လက်နှီးနှောတဲ့နေရာမှာ စွမ်းဆောင်ရည် ကောင်းချင်ရင်တော့ တဖက်မှာရှိတဲ့ ကော်ဖီရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို ဂရုစိုက်နေလို့ မရပါဘူး။ ကော်ဖီလုံးဝ မသောက်သူနဲ့ ကော်ဖီသောက်သူ အမျိုးသားအုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ရာမှာ ကော်ဖီသောက်တဲ့ အုပ်စုကအမျိုးသားတွေဟာ အရင်ထက် ၄၂ ရာခိုင်နှုန်းလောက်ပိုပြီး ကိုယ်လက်နှီးနှောမှုမှာ စွမ်းဆောင်ရည်ပြည့်ဝလာတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လိုအပ်တာထက်ပိုပြီး တစ်နေ့ကို ကော်ဖီလေးခွက်လောက် သောက်မယ်ဆိုရင်တော့ အစာအိမ်ရောဂါဖြစ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းအပြင် ကော်ဖီနဲ့ပတ်သတ်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားရမှာဖြစ်ပါတယ်။

ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ အမျိုးသားအင်္ဂါထဲကို သွေးတွေပုံမှန်စီးဆင်းပြီး သွေးလွှတ်ကြောနဲ့ ကြွက်သားတွေကို လန်းဆန်းစေတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ ယနေ့ခေတ်တွက်ချက်မှုတွေအရ အမျိုးသား အသက် ၄၀ နဲ့ ၇၀ ကြားရှိသူတွေက လိင်အင်္ဂါ မသန်စွမ်းတဲ့ ရောဂါကို ကုစားနေရပါတယ်။ ကိန်းဂဏန်းအရဆိုရင်တော့ တနေ့ကို ကဖိန်းဓါတ် ၈၅ မီလီဂရမ်ကနေ ၁၇၀ မီလီဂရမ်လောက် သုံးစွဲသင့်ပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206

ကလေးငယ်များကို လက်သန်ရာ ရွေးချယ်စေပါ



ဘယ်ဘက်သန်တဲ့ ကလေးငယ်များကို ညာဘက်သန်အောင် အတင်းအကြပ် ဖိအားပေးတဲ့ မိဘများ ရှိနေပါတယ်။ ယင်းဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဘယ်ဘက်လက်သန်တဲ့သူဟာ ဆိုရင်ဖြစ် အသုံးအဖြုန်းကြီးတယ်တွေရော၊ ဆိုးတယ်တွေရော အစရှိသဖြင့် ကောလဟာလနဲ့ ရှေးရိုးစွဲ အယူများကြောင့် အချို့သော မိဘများဟာ ကလေးငယ်များကို ဘယ်ဘက်လက်သန်နေပါက ညာဘက်လက် သန်ရောက် ရိုက်နက်ဆုံးမ၊ တွန်းအားပေး ပြောင်းစေတာမျိုးတို့ ရှိပါတယ်။

ယင်းဟာ အင်မတန်မှားယွင်းပါတယ်။ ဘယ်ဘက်လက်သန်သူဟာ ညာဘက်ဦးနှောက်ကို ပိုမို အသုံးပြုသူ ဖြစ်ပြီး ညာဘက်လက် သန်သူဟာ ဘယ်ဘက်အခြမ်း ဦးနှောက်ကို အများဆုံး အသုံးပြုသူ ဖြစ်ပါတယ်။ ညာဘက်ဦးနှောက် အသုံးပြုသော ဘယ်လက်သန်သူများဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စိတ်ကူးစိတ်သန်းဆိုင်ရာ၊ အနုပညာဆိုင်ရာ တို့မှာ သန်ပြီး စွန့်စားရတာ ဝါသနာ ပါသူများ ဖြစ်ပါတယ်။ ညာဘက်လက်သန်သူများကတော့ ဘယ်ဘက်အခြမ်းဦးနှောက်ကို အသုံးပြုပြီး သိပ္ဗံ ပညာရပ်ဆိုင်ရာ၊ တွက်ချက်မှုပိုင်းဆိုင်ရာ၊ ဘာသာစကား လေ့လာမှုပိုင်းဆိုင်ရာ၊ အရေးအသား ဆိုင်ရာ တို့မှာ ကျွမ်းကျင်ပြီး သတိကြီးစွား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။

အချို့မိဘများကတော့ မိမိရဲ့ သားသမီးကို အများအလယ်ကို သွားတဲ့အခါ ဘယ်သန်ဖြစ်နေတာကြောင့် အများအကဲ့ရဲ့ခံရမှာကို စိုးရိမ်တဲ့အတွက်ကြောင်း ဆိုပြီးတော့ ကြိုးစားပြင်ယူကြ ပါတယ်။

အကယ်၍ ညာသန်သူကို ဘယ်သန်အောင် ပြောင်းစေတာပဲ ဖြစ်ဖြစ်၊ ဘယ်သန်သူကို ညာသန်အောင် တွန်းအားပေးတာပဲ ဖြစ်ဖြစ် လုပ်လိုက်ခြင်းက ကလေးငယ်ရဲ့ ဦးနှောက်ကို confuse ဖြစ်စေပြီး အာရုံကြောလုပ်ဆောင်ချက်ကို ထိခိုက်သွားပါတယ်။ လူသားတို့ မွေးဖွားစဉ်ကတည်းက ဘယ်ဘက်အခြမ်းက ပိုသန်တယ်ဆိုတာ ပါလာပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကို ပြုပြင်ယူရန် ကြိုးစားခြင်းကြောင့် လက်ရေးမှာသာ ပြောင်းလိုက်စေခြင်းက ကလေးငယ်ရဲ့ အာရုံကြောနဲ့ အခြားသော ကျန်းမာရေး ဆိုင်ရာများကို ထိခိုက်စေပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဘယ်ဘက်လက် သန်သူကို ညာဘက်လက်သန်အောင် လုပ်လိုက်ခြင်းကြောင့် -

စကားထစ်ခြင်း၊ စကားဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ခြင်း
စကား မပီသတော့ခြင်း
အာရုံကြော အားနည်း၊ အကြောဆွဲခြင်း
ဥာဏ်ထိုင်းခြင်း
မှတ်ဥာဏ်အားနည်းခြင်း
ရှက်ရွံ့ခြင်း
အာရုံစူးစိုက်မှုနည်းခြင်း
လက်သည်းကိုက်ခြင်း
အစရှိသဖြင့်တို့ကို အကုန်လုံးလည်း ဖြစ်နိုင်သလို တစ်ခုခုကိုလည်း ဖြစ်သွားနိုင်စေ ပါတယ်။
ယင်းဟာ ငယ်စဉ်ဘဝမှာ ဖြစ်ရုံမကပဲ ဘဝ တစ်သက်လုံး ဖြစ်သွားစေမယ့် အရာများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များကို ဘယ်သန်သန်၊ ညာသန်သန် ပြုပြင်ပြောင်းလဲမှု မလုပ်ပါစေရန် တိုက်တွန်းလိုက်ရ ပါတယ်။
.
Ref: lefthanded
အောင်ခမ်း ( ရိုးရာလေး) 

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647

မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်နည်း ၁၂ မျိုး



မိကိုယ်မိမိ ယုံကြည်မှုတော့ ရှိချင်ပါရဲ့။ ဒါပေမဲ့ အဲဒီလိုယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါသလား။ မိမိကိုယ်မိမိ အမှန်တကယ် ယုံကြည်မှုရလာအောင် နေ့ချင်းညချင်း လုပ်လို့မရပါဘူး။ လိုအပ်တာတွေကို တစ်ခုချင်း ဇောက်ချလုပ်ဖို့လိုတယ်။ ဒါမှလည်း မိမိဟာ အခြားသူတွေရဲ့လေးစားမှုနဲ့ ခင်မင်မှုမေတ္တာတရားနဲ့ဆိုတာ သဘောပေါက် ခံယူလာမှာဖြစ်ပါတယ်။

၁။ မိမိရဲ့ချို့တဲ့ချက်တွေ၊ လိုအပ်တာတွကို သိအောင်လုပ်ပါ။

စိတ်ထဲမှာကျိတ်ပြီး ခံစားနေတာမျိုးရှိသလား။ ဘာကြောင့် မိမိဘာသာမိမိ စိက်လက်မသက်မသာဖြစ်နေရတာလဲ။ ရှက် မိနေရတာလဲ။ မျက်နှာမှာ ၀က်ခြံပေါက်နေတာကအစ တနုံ့ နုံ့နောင်တရပြီး စိတ်မချမ်းမသာဖြစ်နေတာမျိုးအထိ အ ကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်။ ကျောင်းနေဖက်တွေကြောင့်၊ ဒါမှမဟုတ် စိတ်ထဲမှာစွဲနစ်နေတဲ့ မကောင်းတဲ့ အတွေ့အကြုံ အရ ခံစားချက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ်။ ငါဟာ အလကားပဲ၊ ရှက်စရာကောင်းတယ်။ သူများတွေနဲ့ယှဉ်ရင် ငါကညံ့နေတယ် စသဖြင့် ဘယ်လိုပဲခံစားနေရပါစေ အဲဒါ တွေကို ပီပီပြင်ပြင် သဲသဲကွဲကွဲ သိဖို့လိုတယ်။ အဲဒီလိုသိသွား ရင် အဲဒါကိုချရေးလိုက်ပါ။ ဒီစာရွက်လေးတွေကို ဆုတ်ဖြဲ ပစ်လိုက်နိုင်တယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး အကောင်း မြင်လာဖို့ စလိုက်တာဖြစ်တယ်။

၂။ ခင်မင်ရင်းနှီးရသူတွေနဲ့ ချစ်ရတဲ့သူတွေကိုဖွင့်ပြောပါ။

ပြော ချင်တာလေးတွေကို ပြောပြလိုက်ဖို့ အဆင်သင့်လုပ်ထားပြီး နေ့စဉ်ကြုံတိုင်း နည်းနည်းချင်းပြောကြပါ။ ယူပစ်သလို ချက်ချင်းကြီးတော့ ပြေပျောက်သွားမှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုချင်းနားလည်သွားဖို့ တစ်ခုပြီးမှတစ်ခုဆက်ရှင်းပါ။ အတိတ်က ခံစားခဲ့ရတဲ့ကိစ္စက ဒီကနေ့မှာ ဆီလျော်သက် ဆိုင်မှုရှိနေသေးလားဆိုတာ စိစစ်ကြည့်ပါ။ မကောင်းတဲ့ ခံစားချက်မှန်သမျကို ဖျောက်ဖျက်ပစ်ရမယ်လို့ မဆိုလိုဘူး။ (ဖျောက်လို့မရမှန်း အကြိမ်များစွာ ရှိခဲ့ဖူးမှာပါပဲ)။ မိမိရဲ့ လက်တွေ့အအဖြစ်မှန်ကို လက်ခံလိုက်ဖို့လိုတယ်။ အတိတ် ကအကြောင်းတွေ၊ အခြေအနေတွေကို အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ ဒီလိုလက်ခံရာမှာ ဒါတွေဟာ အလကား ဟာတွေ၊ မကောင်းတာတွေလို့လည်း မတွေးသင့်ဘူး။

၃။အမှားရှိရင် အမှန်ပြင်။

ဘယ်သူမှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ် ပါဘူး။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိပါတယ်ဆိုတဲ့သူတွေတောင် ‘တို့မှာ ချို့တဲ့ချက်တွေ၊ ဟာကွက်တွေ ရှိလာပါလား’ဆိုတဲ့ အသိကရှိ နေတယ်။ ဒါကတော့ လူ့ဘ၀မှာ အမှန်တရားပဲ။ ဘ၀ဆိုတာ အဖုအ ထစ်ဆူးငြောင့်ခလုတ်တွေ အများကြီးပဲ။ ဒါတွေဟာလည်း အမြဲမ ပြောင်းလဲဘဲ တည်ရှိနေကြတာမဟုတ်ဘူး။

၎။မိမိကျွမ်းကျင်တဲ့၊ အောင်မြင်တဲ့နေရာကိုသိထားပါ

လူတိုင်းဟာ တစ်ခုခုမှာ တော်ကြတာချည်းပါပဲ။ ဒီတော့ သင်လည်း ဘယ်နေရာမှာ တော်သလဲဆိုတာ သိအောင်လုပ်ပြီး အဲဒီတော်တဲ့အချက်တွေကို အာ ရုံစိုက်ပါ။ ဂုဏ်လည်းယူပါ။ ဒီအတွက် မိမိကိုယ်မိမိ ချီးကျူးစမ်းပါ။ သိမ်ငယ်စိတ်ဆိုတာ မိမိဘာသာလုပ်ထားတာဖြစ်တယ်။ မိမိကိုယ်မိမိ သားကောင်အဖြစ် အလုပ်မခံပါနဲ့။ စိတ်ထဲကခံစားရချက်တွေကို အနုပညာ၊ တေးဂီတ၊ စာရေးခြင်းစတဲ့ နည်းတွေနဲ့ ဖော်ထုတ်ပေးပါ။ ၀ါသနာပါတာ တစ်ခုခုကိုရှာပါ။ လူတိုင်းမှာ ၀ါသနာတို့၊ အစွမ်းအစ တို့ဆိုတာရှိတယ်။ ကိုယ့်ဝါသနာ၊ ကိုယ့်အစွမ်းအစကို ဖွံ့ဖြိုးအောင်လုပ်ပါ။ ၀ါသနာပါတာတူတဲ့သူတွေနဲ့ ပေါင်း လုပ်ပါ။ ၀ါသနာပါတာလုပ်နေရရင် မိမိကိုယ်မိမိ ယုံကြည်မှုမရှိ ဖြစ်နေတာလျော့ပါ။ ပျောက်ကင်းသွားနိုင်တယ်။ အောင်မြင်အောင်လုပ်တတ်တယ်ဆိုတဲ့အသိကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလာနိုင်တယ်။ ဒါ့အပြင် အတူတူလက်တွဲ လို့ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း တွေ့ကြုံလာနိုင်တယ်။

၅။ဒါလောက်ရှိတာပဲ တော်လှပြီလို့ သဘောထားပါ။

မိမိကိုယ်မိမိ မယုံကြည်ခြင်းရဲ့အကြောင်းရင်းတွေထဲမှာ များသောအားဖြင့် ရှိသင့် တယ်လို့ထင်ထားတဲ့အရာတွေ မိမိမှာချို့တဲ့နေတယ်ဆိုတဲ့ ခံစား ချက်ဖြစ်လေ့ရှိတယ်။ ခံစားချက်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကံအကျိုး ပေးတို့၊ ငွေရေးကြေးရေးတို့နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကိုယ့်မှာချို့တဲ့ နေတယ်ဆိုတဲ့စိတ်မျိုး ပေါ်ပေါက်နေတတ်တယ်။ ဒါကြောင့် ကိုယ့် မှာရှိတာလေးနဲ့ပဲ ရောင့်ရဲနေရင် စိတ်ချမ်းသာမှုရပြီး မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရေးကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။

၆။အကောင်းဘက်ကို မြင်အောင်ကြည့်ပါ။

သူများတွေနဲ့ အမြင်မတူပေမဲ့ အကောင်းဘက်ကို မြင်အောင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သနားစရာ လို့ မမြင်သင့်သလို သူများတွေရဲ့သနားတာကိုလည်း မခံချင်ပါနဲ့။ အဲဒီလိုမဟုတ်ရင် တခြားသူတွေက အထင်သေးမှာပါပဲ။ ဒါကြောင့် ကိုယ့်အကြောင်းကို အကောင်းမြင်ရှုထောင့်ကနေပြောပါ။ ကိုယ့်အစွမ်း အစနဲ့ အရည်အသွေးတွေကို ပြဖို့မကြောက်ကြနဲ့။ ဒါဆိုရင် သင်ဟာ အပြုသဘောဆောင်တဲ့ဘက်ကို ဦးလှည့်သွားနိုင်ပါတယ်။

၇။သူများက မိမိကို ခင်မင်မှုအရ ချီးမွှမ်းပြောဆိုတာတွေကို ယဉ်ယဉ် ကျေးကျေး တုံ့ပြန်ပါ။

”အင်း၊ ဟုတ်တယ်” ဆိုပြီး မျက်နှာလွှဲခဲပစ် သဘောမထားပါနဲ့။ နှလုံးသားထဲကပါ လှိုက်လှိုက်လှဲလှဲခံယူပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ တုံ့ပြန်ပါ။ (ကျေးဇူးတင်ပါ တယ်လို့ ပြုံးပြီးပြလိုက်ရင်လည်း ကောင်းတာပါပဲ)။

၈။မှန်ထဲမှာကြည့်ပြီး၊ ပြုံးပါ။

ဦးနှောက်ဟာ မျက်နှာရဲ့အမူအရာကိုလိုက် ပြီး ခံစားချက်ကို မှတ်သားထားလေ့ရှိတတ်တယ်။ ဒါကြောင့် နေ့ စဉ် မှန်ထဲကြည့်ပြီး ပြုံးတာနဲ့ ပိုပြီးစိတ်ချမ်းသာလာနိုင်ပြီး ရေရှည်မှာ ယုံကြည်မှုလည်း တက်လာနိုင်တယ်။

၉။သရုပ်ဆောင်ပါ။

အထက်ပါအတိုင်း မှန်ထဲကြည့်ပြီး ပျော်အောင်လုပ် သလိုပဲ မိမိကိုယ်မိမိ ယုံကြည်မှုရှိတယ်လို့မှတ်ယူပြီး သရုပ်ဆောင် နေရင် တကယ်ပဲ ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လာနိုင်တယ်။ အဲဒီလို တကယ်လုပ်ပြီး ခံစားကြည့်ပါ။

၁၀။မိမိရဲ့မူ၊ မိမိရဲ့ခံယူထားချက်ကို အမြဲစွဲကိုင်ထားပါ။

ဒါကတော့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ချက်၊ ခံယူချက်ဆိုတာမရှိရင် တခြားဘာမှလည်း ရှိမှာမဟုတ်ဘူး။ ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည် စရာမရှိရင် ဘာဒဏ်မှမခံနိုင်ဘဲ ပြိုလဲသွားမှာပဲ။ ဘ၀မှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ခံယူချက်၊ ယုံကြည်ချက်တွေကို အတတ်နိုင်ဆုံးစွဲကိုင်ထား နိုင်တယ်။

၁၁။သူများကို ကူညီပါ။

ကိုယ့်အနီးအနားတစ်ဝိုက်က လူတွေကို ဘယ် သူ့ကိုပဲဖြစ်ဖြစ် ကြင်နာမှုကရုဏာထားတဲ့စိတ်ရှိပြီး ကူညီသင့် တယ်။

၁၂။ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်အောင် မကြိုးစားပါနဲ့။

အဲဒီလို ဖြစ်အောင် ကြိုးစားနေရင် ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ မိမိရဲ့ရည် ရွယ်ချက်ပန်းတိုင်တွေနဲ့လည်း ဝေးနေမှာဖြစ်တယ်။

CEO Myanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

သိထားရမည့် နှင်းခူအကြောင်း



နှင်းခူဖြစ်ရင် အရေပြား နီမြန်းတာနဲ့ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေး ငါးဦးအနက် တစ်ဦးနှုန်းနဲ့ အရွယ်ရောက် လူကြီး ၁၀ ဦးအနက် တစ်ဦးနှုန်းဟာ အဖြစ်များတဲ့ နှင်းခူအမျိုးအစား Atopic Eczema ကို ဖြစ်စေနိုင်ပါတယ်။

နှင်းခူဖြစ်နှုန်းက အရင်ကထက်စာရင် အခုအခါမှာ ပိုမိုသိသာလာတာကြောင့် အလေးထားရမယ့် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနေပါပြီ။

နှင်းခူဖြစ်မှန်း ဘယ်လို သိနိုင်သလဲ

နှင်းခူရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကုသမှုပုံစံက အပြောင်းအလဲ ရှိနိုင်ပါတယ်။ နှင်းခူဆိုတာ အရေပြားကို ယားယံတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာ၊ အက်ကွဲတာနဲ့ နီမြန်းတာတွေကို ဖြစ်စေတဲ့ အရေပြား အခြေအနေ တစ်မျိုးပဲ ဖြစ်ပါတယ်။

နှင်းခူအမျိုးအစားကို ဆန်းစစ်ရှာဖွေဖို့ အလွန်အရေးကြီးပါတယ်။ အကြောင်းကတော့ နှင်းခူအမျိုးအစား အမျိုးမျိုးအတွက် မတူညီတဲ့ ကုသမှုနဲ့ ထိန်းသိမ်းနည်းတွေ လိုအပ်နေလို့ပါ။ နှင်းခူကို ပိုမဆိုးသွားအောင် နေထိုင်စားသောက်မှု ပုံစံနဲ့ ထိန်းချုပ်ဖို့လည်း လိုအပ်နေပါသေးတယ်။ နှင်းခူနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကလည်း အသေးအမွှားမှ အပြင်းအထန်အထိ အမျိုးမျိုးရှိပါတယ်။ နှင်းခူရဲ့ လက္ခဏာပေါ် မူတည်ပြီး ကုသမှုက အမျိုးမျိုးရှိပါတယ်။

နှင်းခူဖြစ်စေသော အကြောင်းရင်းများ

နှင်းခူက မျိုးရိုးလိုက်နိုင်ခြေ ရှိပါတယ်။ နှင်းခူဟာ စိတ်ဖိစီးမှု၊ စိုထိုင်းဆများတဲ့ အပူချိန်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖြစ်တတ်တာမျိုးပါ။

ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှင်းခူနဲ့ အရေပြားမှာ သဘာဝအတိုင်း ရှိနေတဲ့မှို (Yeast) ပုံမမှန် ကြီးထွားမှုကြောင့် ဖြစ်တဲ့ နှင်းခူဆိုပြီး တခြားနှင်းခူ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ နှင်းခူ သက်သာစေမည့် နည်းများ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် နှင်းခူကို ထိန်းချုပ် ပေးနိုင်ပါတယ်။ နှင်းခူ ထိန်းချုပ်ရေးအတွက် ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှု မရှိအောင် ရှောင်ဖို့ လိုပါတယ်။

နှင်းခူဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ကြေးချွတ်ပစ္စည်းတွေ၊ ဆပ်ပြာ၊ ရှမ်ပူတွေနဲ့ ကြမ်းတမ်းတဲ့အင်္ကျီ၊ လုံခြည်တွေကို သတိထားဖို့ လိုပါတယ်။ အရေပြားမှာ ကြမ်းတမ်း ထိခိုက်မှုတွေ မဖြစ်စေဖို့ အရေပြားစိုပြည် နူးညံ့နေအောင် အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးဖို့ လိုပါတယ်။ အရေပြားက ထိခိုက်ပျက်စီးနေရင် ပိုးဝင်နိုင်ခြေ များပါတယ်။

ရုတ်တရက်နဲ့ ပြင်းထန်တဲ့ အရေပြားအနာတွေကို ကော်တီစုန်းခရင်မ်၊ အရေပြားချောမွေ့စေတဲ့ ခရင်မ်တွေ လိမ်းပြီး သက်သာအောင် လုပ်သင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချတာ၊ အစာကို ကောင်းကောင်းစားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ ကိုယ်ခံစွမ်းအား ကောင်းအောင် ထိန်းတာတွေ အားလုံးက နှင်းခူကို ထိန်းချုပ်နိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။

အရေပြားကို အပူဒဏ်၊ အအေးဒဏ်နဲ့ မထိတွေ့မိအောင် ကြိုးစားပါ။ ဒီဒဏ်တွေကို ခံရတာကြောင့် နှင်းခူကို ပိုဆိုး စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သူတွေမှာ အကျိုးပြု ဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်လို အစာတွေကို စားပေးတာကြောင့် ကလေးငယ်မှာ နှင်းခူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လေ့လာမှုအရ အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ နွားနို့ကိုသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကလေးငယ်တွေဟာ နှင်းခူဖြစ်နှုန်းကို ၄၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။ နှင်းခူဖြစ်တဲ့ ကလေးငယ်တွေကို အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာတွေ ကျွေးတာကြောင့် နှင်းခူကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နှင်းခူကို မကုတ်ခြစ်ပါနဲ့။ ကလေးတွေကို လက်သည်းတိုတို ညှပ်ထားပေးပါ။ ဒါမှ အရေပြားကို ကုတ်ခြစ်မှု လျော့ကျပြီး အရေပြား ထိခိုက်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ရေကူးတဲ့အခါ သတိထားပါ။

ကလိုရင်းပါတဲ့ ရေထဲမှာ ကူးတာကြောင့် တချို့ကလေးတွေမှာ
နှင်းခူဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ နားမှာ နီကယ်ပါတဲ့ နားကွင်း တပ်ဆင်တဲ့အတွက် ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှင်းခူကို ဖြစ်စေနိုင်ပါတယ်။

နားကပ်နဲ့ ဓာတ်မတည့်တာကြောင့် နား ယားယံတာ၊ နီမြန်းတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ရွှေ၊ ငွေနဲ့ လုပ်ထားတဲ့ နားကပ်ကို တပ်တာက ဓာတ်မတည့်မှု ဖြစ်နှုန်း နည်းပါတယ်။
ကြေးချွတ်ဆေးတွေကို ကြာကြာထိတွေ့တာကြောင့် နှင်းခူဖြစ်တတ်ပါတယ်။

ဒါကြောင့် ဆိုဒီယမ်လော်ရိုင်းဆာလဖိတ်ပါတဲ့ ဆပ်ပြာနဲ့ ကြေးချွတ်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်လို့ပါ။ ဥအမျိုးမျိုး၊ အခွံမာသီးနဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာတွေက ကလေးတွေမှာ နှင်းခူ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်တဲ့ အစာတွေကို သတိထားပြီး ရှောင်သင့်ပါတယ်။

ကြယ်စင် (Good Health)

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ



သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

အမေရိကန် ကလေးများ ငွေကြေး နားလည်ရေး သုတေသနလုပ်ငန်းအဖွဲ့မှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဌ Alan Krueger နဲ့ အမျိုးသားစီးပွားရေး ကောင်စီ ဒါရိုက်တာ Gene Sperling တို့ ဦးဆောင် ပါဝင်ပါတယ်။ ၁၈ လတာ သုတေသနရလဒ်ကို အတည်ပြုပြီးရင် အိမ်ဖြူတော်က ကျောင်းတွေ၊ ပညာရေးသမားတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
သုတေသနရလဒ် အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

အသက် ၃ နှစ် မှ ၅ နှစ်
အဲဒီအရွယ်မှာ ကလေးဟာ ငွေနဲ့ ပစ္စည်းကို ၀ယ်လို့ရတယ်ဆိုတာ နားလည်သင့်ပါတယ်။ ငွေကို အလုပ်လုပ်ပြီး ရှာနိုင်ကြောင်း သိသင့်ပါတယ်။ လိုချင်တာကို (want) မ၀ယ်ယူနိုင်ခင် စောင့်ဆိုင်းတတ်တဲ့ အလေ့အကျင့် သင်ပေးရပါမယ်။ ဆိုလိုတာက လိုအပ်တာ (need) နဲ့ လိုချင်တာ (want) ကို အဲဒီအရွယ်ကတည်းက ခွဲခွဲခြား နားလည်အောင် လုပ်ပေးထားသင့်တယ်။ မတော်လောဘမဖြစ်အောင်၊ မဖြုန်းတီးအောင် သိစေဖို့ ဖြစ်ပါတယ်။

အသက် ၆ နှစ်မှ ၁၀ နှစ်
အဲဒီအသက်အရွယ်မှာ ကလေးဟာ ငွေ ဘယ်လို သုံးရမလဲ (ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ) ဆိုတာ နားလည်သင့်ပါတယ်။ ဈေးဝယ်ထွက်ပုံကိုလည်း သင်ပြသင့်တယ်၊ ဒါပေမဲ့ အွန်လိုင်းကနေ ၀ယ်ယူနိုင်တဲ့ အင်ဖော်မေးရှင်းတွေ များပြားခြင်း၊ ကြော်ငြာတွေများပြားခြင်းက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ငွေကို ဘဏ်အကောင့်ဖွင့်ပြီး သိမ်းထားနိုင်တယ်၊ အတိုးရနိုင်တယ်ဆိုတာလည်း သိစေအပ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၃ နှစ်
ကလေးဟာ ရတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စုဆောင်းသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ အွန်လိုင်းကနေ ခရက်ဒစ်ကဒ် သုံးခြင်းဟာ ကိုယ့်ရဲ့ password အခိုးခံရပြီး၊ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စုဆောင်းခြင်းဟာ ရေရှည် ပိုမိုစုဆောင်းနိုင်မှုကို ဖြစ်စေပါတယ်။ ခရက်ဒစ်ကဒ် ဆိုတာ အကြွေးဝယ်ယူနိုင်တဲ့ ကဒ်ဖြစ်တာမို့၊ လစဉ် ငွေမဖြည့်နိုင်တာထက် ပိုသုံးနေရင် အကြွေးတွေ အများကြီး တိုးပွားလာနိုင်ပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်
ဆယ်ကျော်သက်တွေအတွက် ကောလိပ်စရိတ်က အရမ်းဈေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ဒါကြောင့် ကျောင်းကို သတိထား ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့် မျှော်လင့်ထားတဲ့ အလုပ်အကိုင်အတွက် အကျိုးဖြစ်မယ့် ကျောင်းစရိတ်ချေးငှားမှုကိုသာ လုပ်သင့်ပါတယ်။ ငွေစက္ကူနဲ့ ကိုယ်မပေးချေနိုင်တဲ့ဟာမျိုးကို ခရစ်ဒစ်ကဒ်ကို အသုံးပြု ၀ယ်ယူတာမျိုး ရှောင်ရှားသင့်တယ်။ မိမိကိုယ်ပိုင်ဝင်ငွေ ရှိပြီဆိုတာနဲ့ အခွန်ပေးဆောင်ရလိမ့်မယ်။ ကိုယ်ပိုင် ဘတ်ဂျက်ကို စနစ်တကျ သုံးတတ်သင့်တယ်။ စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်ဖို့ အကောင်းဆုံးနေရာက Roth IRA ဖြစ်တယ်။

အသက် ၁၈ နှစ်နှင့် အထက်
အရွယ်ရောက်သူတိုင်းဟာ လစဉ် ၀င်ငွေရပြီဆိုတာနဲ့ ခရက်ဒစ်ကဒ် ကိုသာ သုံးသင့်ပါတယ်။ ငွေစက္ကူကို ကိုင်မနေသင့်တော့ပါ။ ကျန်းမာရေးနဲ့ အသက်အာမခံလုပ်မထားရင် နောက်ကျောမအေးလို့ ဘယ်တော့မှ စိတ်ချမ်းသာမည် မဟုတ်ပါ။ ကိုယ့်ရဲ့ အပိုငွေကို ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

အထက်ပါ အချက်တွေက လူတစ်ဦးချင်းအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ အချက်တွေ ဖြစ်သလို၊ ကိုယ်ပိုင် ဘတ်ဂျက်ထိန်းသိမ်းမှုမှာလည်း အားနည်းမှုအများဆုံးရှိနေတဲ့ ပြဿနာများ ဖြစ်တယ်လို့ သမ္မတရဲ့ ငွေကြေးအကြံပေးအဖွဲ့က ပြောဆိုပါတယ်။

ဝင့်ထန်း-maukkha.

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

၂နှစ်အတွင်း ပေါင် ၄၀၀ ဝိတ်ချသူ



Ronnie Brower လို့အမည်ရတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အလေးချိန် ၆၇၅ ပေါင် ရှိပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့ Post တွေကို Facebook ပေါ်တင်ပြီး ဒါကို သူ့ရဲ အထက်တန်းကျောင်း ဆရာက မြင်သွားပါတယ်။ ဒြါောင့်မို့ အထက်ကျောင်းမှာ သူ့ကို စာသင်ပေးခဲ့တဲ့ ဆရာက သူဖြစ်နေတဲ့ အခြေအေနကို သနားပြီး ပြုပြင်ပြောင်းလဲသွားစေရန် တွန်းအားပေးခြင်း၊ Gym သို့ သွားစေခြင်းတို့ လုပ်ပါတယ်။ Personal trainer များလည်း ရှာဖွေပေးပါတယ်။

Facebook မှာ ဝိတ် ပေါင် ၆၀၀ ချမယ့် Milestone ကိုတင်ခဲ့ပြီး ကြိုးစားလာလိုက်တာ ယနေ့တော့ သူဟာ ပေါင် ၄၀၀ ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ ဆက်ပြီးတော့လည်း ကြိုးစားနေပါတယ်။ သူ့ရဲ့ ယင်းသို့ တစ်စိုက်မတ်မတ် ကြိုးစားစေမှုထဲမှာ ဆရာ အပြင် တေလာဆွစ်ဖ်လည်း ပါဝင်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ တေလာဆွစ်ဖ်ရဲ့ သီချင်းများကို နားထောင်ပြီး အားတက်ပါတယ်။ Gym ကစားနေစဉ်မှာလည်း တေလာဆွစ်ဖ်ရဲ့ သီချင်းများကို နားထောင်ခဲ့ပါတယ်။

သူ့ကို ယခုလို ဖြစ်လာအောင် အားပေးတဲ့အထက်တန်းကျောင်း ဆရာကို လာမယ့် ဇွန်လဆန်း တေလာဆွစ်ဖ်ရဲ့ ရှိုးပွဲလက်မှတ် လက်ဆောင်ဝယ်ပေးမယ်လို့ ပြောပါတယ်။
.
Ref: Mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

နှလုံးသားလက်ဆောင်


တစ်ခါတော့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ၁၁နှစ်အရွယ်သမီးက သူ့အဖေကိုမေးတယ်
” ဖေဖေ သမီး ၁၅ ပြည့်မွေးနေ့ရောက်ရင် သမီးကို ဘာလက်ဆောင်ပေးမှာလဲ ဟင် ”
သူ့အဖေကတော့ ” သမီးလေးအတွက် ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးလက်ဆောင် တစ်ခုဖြစ်မှာပေါ့ သမီးရဲ့ ” လို့ပြန်ဖြေလိုက်တယ်။


ဒါပေမယ့် သူဘာပေးရမှန်းမသိဘူး။
ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ အသက် ၁၄ နှစ်လောက်မှာတော့ ကောင်မလေးဟာ အလွန်ပြင်းထန်တဲ့ နှလုံးရောဂါခံစားပြီး ဆေးရုံတက်လိုက်ရတယ်။ ဆရာဝန်တွေက သူ့အဖေကိုပြောတယ်။


” ခင်ဗျားသမီး အခြေအနေအရမ်းဆိုးနေပြီ သိပ်မကြာခင် သူသေမှာပဲ ” လို့ပေါ့
သူ့အဖေကတော့ စိတ်မပူသလိုနဲ့ ” ဟုတ်ကဲ့ပါဆရာ ကျွန်တော်သူ့အတွက် အကောင်းဆုံးပြင်ဆင်ထားတာတွေရှိပါတယ် ”


သိပ်မကြာဘူး။ သူ့အဖေဟာ ဆေးရုံလာတဲ့လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်သွားတယ်။နောက်ရက်အနဲငယ်ကြာတော့ ကောင်မလေးကို လာပြောတယ်။မင်းအရမ်းကံကောင်းတာပဲ မင်းနှလုံးအတွက် အလှူရှင်ရှာတွေ့ပြီတဲ့။


နောက်မကြာဘူး ကောင်မလေး အခြေအနေတိုးတက်လာတော့ အိမ်ပြန်လာတယ်။ အဲဒီအချိန်မှာ သူ့အသက်ကလဲ ၁၅ နှစ်ပြည့်ပြီးပြီပေါ့။သူဟာ သူ့အိပ်ယာမှာ လှဲအိပ်လိုက်တယ်။ အဲဒီအချိန်မှာ အိပ်ရာအောက်က ခုလုခုလု ဖြစ်နေလို့ အခင်းကို လှန်လိုက်တယ်။ အဲဒီမှာ သူ့အဖေချန်ထားတဲ့ စာအုပ်လေးတွေ့သွားတယ်
” ငါ့သမီး ဒီစာကိုဖတ်နေတဲ့အချိန်မှာ ၁၅ နှစ်ပြည့်ပြီးလောက်ပေါ့ သမီးမွေးကတည်းက နှလုံးမကောင်းတာကို အဖေအစောကြိးကတည်းက သိပြီးသား အဲဒါကြောင့် အဖေ့နှလုံးကို ကြိုတင်လှူဒါန်းထားတယ်သမီး။


သမီးဒီလို အသဲအသန်ဖြစ်မယ်ဆိုတာလဲ အဖေခန့်မှန်းပြီးသား။ ဒါပေမယ့် သမီးဖြစ်တာ အဖေမှန်းထားတာထက်စောတဲ့အတွက် မတတ်နိုင်ဘူး။ သမီးအတွက် ၁၅ နှစ်ပြည့်လက်ဆောင်အဖေပေးခဲ့ပါတယ်။
အဖေ့ရဲ့ အသည်းနှလုံးလောက်ချစ်ရတဲ့ သမီးလေးအတွက် အဖေ့ရဲ့ နှလုံးက လက်ဆောင်ကောင်းဖြစ်မှာပါ ”
မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့စိတ်ကို ခံစားနိုင်မည့် ၀တ္တုလေးဖြစ်မှာပါ။

နည်းစနစ်ကျကျအတွေးအခေါ်

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

စူပါစက်ဖြင်.ပေါင်ကြွက်သားကစားခြင်း


ပေါင်ကြွက်သားအတွက်လေ.ကျင်.ခန်းများကစားရာတွင်ပေါင်လေ.ကျင်.နည်းအမျိုးစုံအောင်(၃)ပတ်(၄)
ပတ်ခန်.လျှင်တစ်ကြိမ်ခန်.အပြောင်းအလဲလေ.ကျင်.နည်းများဖြင်.ကစားပေးသင်.ကြောင်းစမ်းသပ်လေ.ကျင်
.မှုများအရတွေ.ရှိရပါသည်။နောက်ထပ်သတိပြုသင်.သည်.အချက်မှာအလေးဖြင်.လေ.ကျင်.နေစဉ်ဒူးဒါဏ်၇ာ
မရစေ၇န်ဂရုစိုက်ပြီးကစားရပါမည်။ပေါင်လေ.ကျင်.ခန်းများတွင်ပုံမှန်ထိုင်ထနှင်.အလေးကို ညှပ်ရိုးပေါ်တင်သောထိုင်ထ (FRONT SQUAT)ကိုလည်းရံဖန်ရံခါ လေ.ကျင်.သင်.ပါသည်။

ထို.အပြင်နာကျင်ကိုက်ခဲတတ်သောDROPSET ဖြင်.လည်းအပြောင်းအလဲအနေဖြင်..လေ.ကျင်.ကစားသင်.
ပါသည်။ယခုဖော်ပြမည်.ပေါင်လေ.ကျင်.ခန်းများမှာSUPERSETနှင်. ပေါင်ကြွက်သား လေ.ကျင်.နည်းဖြစ်ပါ
သည်။ထိုလေ.ကျင်.ခန်းများတွင်ပါဝင်နေသောSUPER SETS အတွဲများမှာ-



 (1)-ပေါင်အပြည်.ထိုင်(FULL SQUAT) 15ကြိမ် ကစားပြီးတာနှင်.ပေါင်ရှေ.သားဆန်.(LEG EXTENSION) 15ကြိမ် ဆက်ကစားပါမည်။ ၄င်းကဲ.သို.အကျော.ပေါင်း (၃)ကျော.

(2)-အလေးကို ညှပ်ရိုးပေါ်တင်သောထိုင်ထ (FRONT SQUAT)၁၅ကြိမ် ကစားပြီးဆက်ကစားရမည်မှာ
ပေါင်နောက်သားဆွဲ(LEG CURL) 15ကြိမ် ထိုကဲ.သို.အကျော.ပေါင်း(၃)ကျော.

(3)-ခြေစု၊ဒူးနှစ်ဘက်စုပြီးပေါင်တစ်ဝက်ထိုင်(HACK SQUAT) 15ကြိမ်ကစားပြီး
ဘားတို(သို.)ုဘားရှည်ကိုင်ခြေခွဲလမ်းလျှောက်(DUMBBELL LUNGS)ခြေလှမ်း (၃၀)+ ၃ကျော.စသည်.အတွဲများဖြစ်သည်။


ဖော်ပြပါလေ.ကျင်.ခန်းများကစားပြီးပါက စက်ဘီးနင်း(၂၀)မိနစ်မှ(၃၀)မိနစ်နင်းရပါမည်။ပြီးမှအကြောဆန်.ခြင်းလေ.ကျင်.ခန်းများပြုလုပ်ပြီးပေါင်လေ.
ကျင်.ခန်းများလေ.ကျင်.ခြင်းကိုအဆုံးသတ်ပါမည်။ဖော်ပြခဲ.သောပေါင်စူပါစက်ကစားနည်းသည်
ပေါင်လေ.ကျင်.နည်းများစွာအနက်လေ.ကျင်.သင်.သောပေါင်လေ.ကျင်.နည်းတစ်ခုဖြစ်ကြောင်းရေး
သားဖော်ပြအပ်ပါသည်။

Ref:  super sets of Thigh By Joe weider’s Training Principle

ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-

 စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
http://muscleprofessor.blogspot.com/2014/04/blog-post_5839.html?spref=f
Related Posts Plugin for WordPress, Blogger...