စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယုံကြည်မှုအပြည့်ရှိတဲ့ စကားပြောဆိုသူ



သင် စကားပြောဆိုနေချိန် သို့မဟုတ် Presentation လုပ်နေချိန်၊ ဟောပြောနေချိန်တွေမှာ သင့်စကားကို နားထောင်နေသူတွေအနေနဲ့ သင့်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်နေစိတ်ထားကို အကဲဖြတ်နေကြပါတယ်။ သင်ဟာ ကြောက်နေတာလား၊ အမှားတွေပြောနေတာလား၊ ယုံကြည်ရမယ့်သူဟုတ်ပါ့မလားဆိုတဲ့ အတွေးတွေ သူတို့ဆီမှာ ရှိနေပါတယ်။ UCLA ကနေ လုပ်ထားတဲ့ သုတေသနတစ်ခုအရ သင်အကြောင်းအရာတစ်ခုခုကို ပြောဆိုနေတုန်း သင့်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်နေစိတ်ထားကို အကဲဖြတ်ကြရာမှာ လူတွေက အောက်ပါ အချက်တွေနဲ့ ကြည့်ကြပါတယ်။

(၁) ၅၅% သောသူများက သင့်ရဲ့ အသွင်အပြင်၊ မျက်နှာရိပ်မျက်နှာကဲများနဲ့ သင့်ကို အမှတ်ပေးလေ့ရှိကြတယ်။

(၂) ၃၈ % သော နားထောင်သူတွေက သင့်ရဲ့ အသံနေအသံထား၊ အတိုးအကျယ် စတာတွေနဲ့ အကဲဖြတ်ကြတယ်။

(၃) ၇ % သောသူများကသာ သင်သုံးသော အသုံးအနှုံးတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။

စကားလုံးအသုံးအနှုံးက အောက်ဆုံးမှာ ရောက်နေပေမဲ့လည်း သူတို့ကို အလေးမပေးသင့်တာတော့ မဟုတ်ပါဘူး။ သင့်ရဲ့ အသွင်အပြင်၊ အသံနေအသံထားနဲ့ သင်သုံးတဲ့စကားလုံးတွေက သင့်ကို ယုံကြည်မှုအပြည့်ရှိတဲ့ စကားပြောဆိုသူ အနေနဲ့ အခြားသူတွေကို အသိအမှတ်ပြုစေမှာပါ။


https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...