စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ




ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက
ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို
သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊
(EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊
အလုပ်မှ ထွက်ခဲ့ ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး
ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက
အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက
ထိုအုပ်ချုပ်ရေးမှူး သည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင်
ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင်
စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။

နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း
(Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)
……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို
မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ
ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး
နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ
ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို
သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊
မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည်
သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး
နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု
မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက
နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်
မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏
သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။
ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော
၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊
ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင်
နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော
ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ
အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည်
ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည်
ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး
ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က
အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော်
ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည်
ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး
နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။
ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်
အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊
ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင်
မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန်
လိုအပ်သည့်အချက်များကို တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို
ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။
စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ
နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို
ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည်
နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည်
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန်
ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို
မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့်
ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို
ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း
နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော
ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော
ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင်
အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။

မိတ်ထွက်ခြင်းကို ကုသနည်းများ



30 MARCH 2013

မိတ်ထွက် လာရင် ပထမဆုံး လုပ်ရမယ့် အလုပ်က သင့်ခန္ဓာကိုယ်ကို အအေးခံဖို့ ပဲဖြစ်တယ်။ တတ်နိုင် သမျှ လေအေးပေးစက် တပ်ထား တဲ့ အခန်းထဲမှာ နေပါ။ ရေအေးနှင့် ရေချိုးပါ။ ယင်းနောက် မိတ်ထွက် လို့ ယားယံခြင်းမှ သက်သာစေဖို့ အောက်ပါ အလွယ်နည်း များကို အသုံးပြု နိုင်ပါတယ်။

ရေခဲကြပ်ထုတ် ကပ်ပေးပါအအေး ဓာတ်က ယားယံ ခြင်းနှင့် အရောင် ကို လျော့ပါးကျဆင်း စေပါ တယ်။ ၄ နာရီ ဒါမှမဟုတ် ၆ နာရီခြားပြီး ရေခဲကြပ် ထုပ်ကို မိတ် တွေ အပေါ်မှာ ကပ်ပေးပါ။ တစ်ကြိမ်ကို ၁၀ မိနစ်ကြာ အချိန်ယူပါ။

ရှားစောင်း လက်ပပ် အစေးနှင့် လိမ်းကျံပေးပါရှားစောင်း လက်ပပ် မှ အစေး သို့မဟုတ် ဂျယ်လ်(gel) ကို ယားယံခြင်း သက်သာ စေဖို့နှင့် အနာကျက် မြန်စေဖို့ ရှေးကပဲ သုံးစွဲ လာခဲ့တာ ဖြစ်တယ်။ ယင်းအစေးကို မိတ်ထွက်ရာ နေရာမှာ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် လိမ်းကျံပေးပါ။ မလိမ်းကျံမီ အရေပြား ကို ရေနှင့် ဆေးကြော ထားပါ။ကယ်လမင်း လိမ်းဆေး(calamine lotion )လိမ်းပါ
စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းကို လျော့ပါး စေနိုင်ပါတယ်။

ဦးလှမြင့်(ဂန္ဓာမာ)
HEALTH DIGEST

http://www.facebook.com/photo.php?fbid=398393910258446&set=a.351047714993066.76

ခွင့်လွှတ်တယ် ဆိုတာ


တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြမယ်။
ဒါက အမေရိကမှာဖြစ်ခဲ့တာ။

ဒကာမကြီး တစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးကို
လူတစ်ယောက်က သတ်လိုက်တယ်။ သူ့ မှာ
ဒီသမီးတစ်ယောက်ထဲ ရင်းရင်းနှီးနှီး ချစ်စရာရှိတာနော်။

အဲဒီသမီးအသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲ ရတယ်။သူ့ ရဲ့ ဆုံးရှုံးမှုက
ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့ဘူး။
ပစ္စည်းဆုံးရှုံးတာက ပြန်ရှာရင်ရနိုင်သေးတယ်။ သမီးအသတ်ခံရတာဘယ်လိုမှ ပြန်အစားထိုးလို့ မရနိုင်ဘူး။ အဲဒီဒကာမကြီးက ပညာလည်းတတ် ၊
ပစ္စည်းဥစ္စာလည်းချမ်းသာတဲ့ သူဖြစ်တယ်။ သူကရှေ့နေကောင်းကောင်းဌားပြီးတော့ သူ့ သမီးကို
သတ်တဲ့သူကို သေဒဏ်အပြစ်ပေးအောင် တရားရုံးမှာ
စွဲချက်တင်တယ်။

အဲဒီပြည်နယ်မှာ သေဒဏ်အပြစ်ဆိုတာ မရှိဘူး။
အလွန်ဆုံး ထောင်ဒဏ်တစ်သက်ပဲ ရှိတယ်။
သတ်တဲ့သူဟာ ထောင်ဒဏ်တစ်သက်ကျသွားတယ်။
ဒါပေမယ့် အဲဒီ ဒကာမကြီးဟာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။
သူ့ သမီးကို သတ်တဲ့သူသေမှပဲ သူကျေနပ်နိုင်မယ်ဆိုပြီး
ဆက်ပြီးတော့ ကြိုးစားသေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့
စိတ်နဲ့ နေလာလိုက်တာ ၁၈ နှစ်ကြာတယ်။
တစ်ခြားကိစ္စတွေကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

♦ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ခွင့်လွတ်ခြင်းဆိုတာကို
သူနားလည်လာတယ်။အသက်လည်းကြီးလာပြီနော်။
၁၈ နှစ်တောင်ကြာသွားပြီ။ ဘ၀အတွေ့ အကြုံလည်းများပြီ။ တရားသဘောတွေ သဘောပေါက်လာတယ်။
စိတ်ထဲမှာ အဲဒီလူကို ခွင့်လွှတ်လိုက်တယ်။
ခွင့်လွှတ်လိုက်ပြီးတော့ ထောင်ထဲကိုသွားပြီး တော့
အဲဒီ သတ်တဲ့လူနဲ့ တွေ့ တယ်။

တွေ့ ပြီးတော့ "နင့်ကို ငါ ခွင့်လွှတ်ပါတယ်" လို့ 
တစ်ကယ်စိတ်ပါလက်ပါ ပြောလိုက်တယ်။
တစ်ကယ်ကျေကျေနပ်နပ် ပြောလိုက်တာ။
ပြောလိုက်တော့ အဲဒီအချိန်ကျမှ သတ်တဲ့သူကလည်း
ဝမ်းနည်းပြီးတော့ ငိုတော့တာပဲ။
သူစိတ်မကောင်းပါဘူးလို့ ပြောတယ်။
သူလည်း လုပ်တုန်းက လုပ်ခဲ့ပြီးပြီနော်။
အခု၁၈ နှစ်လောက်ကြာတော့ သူလည်းပဲ
ဒုက္ခတော်တော်ရောက်ပါပြီ။သူ့ ဘ၀တစ်သက်လုံး
ထောင်ထဲမှာ နေရတော့မှာ။

တစ်ဖက်က ခွင့်လွှတ်ပါတယ်လို့ ပြောတော့မှ
လုပ်ခဲ့တဲ့သူကလည်း မှားပါတယ် ၊
သူစိတ်မကောင်းပါဘူးလို့ ပြောတယ်။

♦ အဲဒီဒကာမကြီးက နောက်တော့ဘယ်လိုပြောသလဲ
ဆိုတော့ အဲဒီအချိန်အထိ သူတစ်ရက်မှ
စိတ်မငြိမ်းချမ်းခဲ့ဘူးတဲ့။

♦ ခွင့်မလွှတ်နိုင်ပါသေးတဲ့အချိန်ထိ တစ်နေ့ မှ
သူစိတ်ငြိမ်းချမ်းမှုကိုမရခဲ့ပါဘူး။ ခွင့်လွတ်နိုင်တဲ့အချိန်ကနေ
စပြီးတော့သူ့ စိတ်ဟာငြိမ်းချမ်းသွားပြီ။ လွတ်လပ်သွားပြီတဲ့။

♦ ကျန်ရှိနေသေးတဲ့ ဘ၀ကိုကောင်းအောင် ဘယ်လိုနေရမလဲ
ဆိုတာ သူစဉ်းစားပြီတဲ့။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အဲဒီလောက်အထိအရေးကြီးတယ်။

♦ ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့
ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ဒုက္ခ ၊
ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု ၊
ပူဆွေးမှု ၊ သောက ၊ ဒေါမနဿ ၊ မခံချင်စိတ် ၊
လက်စားချေချင်စိတ်တွေ ၊
အဲဒါတွေကို သက်သာမှုရအောင် လုပ်လိုက်တာ။

► ဘယ်သူသက်သာမှု ရအောင်လုပ်တာလဲဆိုတော့ ကိုယ့်စိတ်သက်သာမှုရအောင်ကိုယ်လုပ်လိုက်တာပါ။
ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။

ကိုယ့်စိတ်ကို ဒီမုန်းတီးမှု ၊ နာကြည်းမှု ၊ ကလဲ့စားချေချင်တယ်ဆိုတဲ့အတွေးတွေက
နှောင်ဖွဲ့ ထားတာကို လွှတ်လိုက်တာပဲ။
ဘယ်သူ့ ကိုအနှောင်အဖွဲ့ က လွှတ်လိုက်တာလဲဆိုတော့
ကိုယ့်စိတ်ကို အနှောင့်အဖွဲ့ က လွှတ်လိုက်တာပါ။
အဲဒါကို နက်နက်နဲနဲစဉ်းစားပါ။

သူများအပေါ်မှာ နာကြည်းနေရတာ ၊
သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေပါတယ်။
ကိုယ်တစ်ကယ် လုပ်သင့်တဲ့ ၊
အကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။

► ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို
လွတ်လပ်မှုပေးလိုက်တာပဲ။
ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။

► တစ်ကယ်တော့ ကိုယ့်အကျိုးကို လုပ်လိုက်တာပါ။
သူများအကျိုးပါချင်လည်း ပါမယ်ပေါ့။
ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ အားလုံးကိုခွင့်လွှတ်ပါတယ်။
သူတို့ ကို ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရတာပဲနော်။

♦ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာ
ကနေပြီးတော့ မင်းကိုငါခွင့်လွှတ်တယ်ဆိုပြီး
တစ်ဖက်သားကို အနိုင်ယူလိုက်တာမဟုတ်ဘူး။
ခွင့်လွှတ်လိုက်တယ်ဆိုတာကိုအနိုင်ယူလိုက်တဲ့
သဘောထားမျိုးနဲ့ လုပ်လို့ မရဘူး။
သူက လူဆိုး ၊ သူကမတရားတာကိုလုပ်တာ ၊
သူက သူတော်ကောင်းစိတ်မရှိဘူး။
ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ ကိုခွင့်လွှတ်ပါတယ်
ဆိုပြီးတော့ ( one upတစ်ဆင့်မြင့် ) မာနစိတ်နဲ့ 
ခွင့်လွှတ်လို့ မရဘူး။
အဲဒီလို စိတ်မျိုးဟာ လွတ်လပ်တဲ့စိတ်မဟုတ်ဘူး။
မာနကြီးတဲ့သူဟာ ခွင့်မလွှတ်နိုင်ဘူး။

♦ အပြစ်မရှိတဲ့သူကို အပြစ်တင်ပြီးမှ ခွင့်လွတ်တယ်
ဆိုတာလည်း တစ်ကယ်တော့ ခွင့်လွှတ်တာမဟုတ်ပါဘူး။ "အနိုင်ယူလိုက်တာပါ" ပဲ။

♦ စေတနာဆိုးနဲ့ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တဲ့
သူဟာ သူ့ မှာအကုသိုလ်စိတ်ဖြစ်နေတယ်။
သူ့ အကုသိုလ်ကို တစ်ခြားတစ်ယောက်က ပျောက်အောင်
လုပ်ပေးလို့ မရဘူး။

♦ [You cannot escape from your kamma.]

ကိုယ့်ကံကို ကိုယ်လွတ်အောင် ပြေးလို့ မရဘူး။
ဒါကြောင့် ကိုယ်ကသူ့ ကိုခွင့်လွှတ်လိုက်တယ်ဆိုတာသူ့ အကုသိုလ်ကိုပျောက်အောင်လုပ်လိုက်တာမဟုတ်ဘူး။
ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာကိုပဲ ပျောက်အောင်
လုပ်လိုက်တာ။

♦ ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။
♦ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
♦ အထက်စီးကနေတာလည်းမဟုတ်ဘူး။
♦ အောက်ကျို့ တာလည်း မဟုတ်ဘူး။

[Forgiveness is freeing up and putting to better
use the energy once consumed by holding grudges ,
harboring resentments and nursing
unhealed wounds.]

♦ ရန်ငြိုးဖွဲ့ နေရတာ ၊ မုန်းတီးနေရတာ ၊
မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ 
ကုန်နေရတဲ့ အင်အားတွေကိုပိုပြီးတော့
ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင်
လုပ်လိုက်တာဟာ ခွင့်လွှတ်တာပဲ။

♦ ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင်လုပ်လိုက်တာပါ။
ရန်ငြိုးထားနေရတာ စိတ်မလွတ်လပ်ဘူး။
စိတ်ဓာတ်အင်အားတွေကိုတစ်ခြားကောင်းတဲ့အလုပ်တွေမှာ
လွတ်လွတ်လပ်လပ်သုံးခွင့်မရဘူး။

နာကြည်းနေရတာ ၊ စိတ်ဆိုးနေရတာ၊
အနာဟောင်းလေးကို ပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားနဲ့ အချိန်တွေအလကားဖြစ်သွားစေတယ်။

အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ ၊ ခန္ဓာကိုယ်အင်အားတွေ ၊
အချိန်တွေကုန်မယ့်အစား
အဲဒီအချိန်နဲ့ အင်အားကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်းအကျိုးများအောင် ကောင်းတဲ့ကိစ္စ တွေကို
လုပ်ရင်းနဲ့  အသုံးချချင်တယ်။ ဒါကြောင့် သူ့ ကိုခွင့်လွှတ်တာ။

[Forgiveness is an internal process. It happens within us.]

ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်စဉ်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်တယ်။

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး ၊
စိတ်ဆိုးနေတယ် ဆိုပါတော့။
အဲဒီစိတ်ကိုသေသေချာချာကြည့်နေပါ။
စိတ်ထဲမှာ သူ့ ကိုဘယ်လိုပြောလိုက်မယ် ၊
ဘယ်လိုလုပ်လိုက်မယ် ၊
သူဒုက္ခရောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေ
ခဏခဏပေါ်နေမယ်။

တော်ကြာရင် ပြန်ပေါ်လာပြီးခဏလောက်မေ့နေပြီးတော့ ဒီအကြောင်းသတိရပြန်ပြီး ပြန်တွေးနေမိပြန်ပြီ။
အဲဒီလိုတွေးနေတာကို သေသေချာချာကြည့်ပါ။
စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ တင်းကျပ်နေတယ်။
ပင်ပန်းနေတယ်။ဆင်းရဲနေတယ်။ ခေါင်းတွေ ပူနေတယ်။
ရင်တွေပူနေတယ်။

♦ သူ့ ကိုမေ့မေ့ပျောက်ပျောက်နေနိုင်တဲ့အခါ သက်သာတယ်။ တော်ကြာသတိရပြန်ရင် တွေးပြန်တယ်။
အဲဒီအတွေးကိုပြန်ကြည့်ပါ။ ဘယ်လိုခံစားရသလဲ။
ရင်ပူတယ်။ ပင်ပန်းတယ်။ နွမ်းနယ်တယ်။
အဲဒီလို ကြည့်ဖန်များလာတဲ့အခါတစ်ချိန်ချိန်မှာ
သတိအားကောင်းလာလို့ တည့်တည့်မြင်ရင်သူ့ သဘောသူဆောင်တဲ့စိတ်ပဲဆိုတာ သိလာတယ်။
ဖြစ်တတ်တဲ့ သဘာဝပဲဆိုတာသိလာတယ်။
ကိုယ့်ဟာကိုယ် ပင်ပန်းခံနေတယ်ဆိုတာမြင်လာတယ်။
ဒီလိုနဲ့ တစ်ချိန်မှာ ခွင့်လွှတ်နိုင်တဲ့စိတ်ကို ရသွားတယ်ဆိုပါတော့။

အဲဒီသူ့ အပေါ်မှာ နာကြည်းနေတဲ့စိတ် ၊
မကျေနပ်တဲ့စိတ် ၊ လက်စားချေချင်တဲ့စိတ် မရှိတော့ဘူး
ဆိုပါတော့ ၊ အဲဒီလိုစိတ်မရှိတော့တဲ့အခါ စိတ်ထဲမှာ
ဘယ်လိုနေသလဲ။ နေသာထိုင်သာရှိသွားတယ်နော်။
နေရတာ တော်တော်သက်သာသွားတယ်နော်။

[It is a feeling of wellness, freedom and acceptance.]

♦ ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ ကောင်းတဲ့ခံစားမှုကိုဖြစ်စေတယ်။ခွင့်လွှတ်နိုင်ရင် နေလို့ ကောင်းတယ်။ လွတ်လပ်သွားတယ်။လက်ခံနိုင်သွားတယ်။ ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။

♦ ဒါကြောင့်အကယ်၍စိတ်ထဲမှာ လွတ်လပ်မသွားဘူး ၊
စိတ်ထဲမှာ ငြိမ်းချမ်းမသွားဘူး ၊
ဒီကိစ္စကို ထပ်ခါတစ်လဲလဲတွေးနေသေးတယ်ဆိုရင်
ခွင့်မလွှတ်နိုင်သေးလို့ ပဲ။

ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က
သူ့ ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။
အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး။
အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး ၊
အကျိုးမရှိတော့ဘူးလို့ သိသွားတာ။

(ဆရာတော်ဦးဇောတိက)

[ဆရာတော်ဦးဇောတိက ၏
"သိက္ခာရှိရှိနေမယ် ၊ ခွင့်လွှတ်ပါတယ်" မှ-]

--------------------------*--------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
"Donated By Honey Lay"

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

ကြိုတင်၍ မသိနိုင်ပါသဖြင့်…





မှတ်မှတ်ရရ ထိုနေ့က စာရေးသူအပါအ၀င် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) အကျိုးဆောင် အဖွဲ့ဝင်များ ကျောင်းဖွင့်ပွဲအတွက် အစည်းအဝေး လုပ်သည့်နေ့ဖြစ်၏။ တိတိကျကျပြောရလျှင် ၁၄-၁၂-၂၀၀၈ ရက်နေ့ကဖြစ်၏။ သို့သော် ကျောင်းဖွင့်ပွဲပြုလုပ်မည့် ရက်ကိုအတိအကျ မသတ်မှတ်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် စာရေးသူ၏ ဥပစ္ဇျာယ်ဆရာတော်ကြီး ကျန်မာရေး အသဲအသန်ဖြစ်သဖြင့် မဖြစ်မနေ မြန်မာပြည်ပြန်ကြွရန် အကြောင်းပေါ်လာသောကြောင့်ဖြစ်၏။ ထို့ကြောင့် ``မြန်မာပြည်က ပြန်ကြွလာမှပဲ ကျောင်းဖွင့်ပွဲရက်ကို ပြန်ပြီးတိုင်ပင်ညှိနှိုင်းကြပါစို့`` ဟုသာ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြရ၏။ သို့ဖြင့် စာရေးသူလည်း မြန်မာပြည်ပြန်ကြွရန် လိုအပ်သည့် ပြင်ဆင်မှုများလုပ်နေစဉ် ထိုနေ့ညနေစောင်းအချိန် ကျောင်းသို့ ဒကာတစ်ယောက် အပြေးအလွှားရောက်လာ၏။ မျက်နှာမှာလည်း ပူဆွေးသောကရိပ်များ လွှမ်းမိုးလျက်ရှိသည့်အပြင် မျက်ရည်များဖြင့် စိုရွှဲနေ၏။ စာရေးသူအား မြင်မြင်ချင်း ဦးချကန်တော့ကာ အက်ကွဲနေသည့် ငိုသံကြီးဖြင့် ``အရှင်ဘုရား… တပည့်တော်သမီး ဆုံးသွားပြီဘုရား..၊ ဘယ်လိုမှယုံနိုင်စရာ မရှိဘူး..၊ မနေ့ကပဲ တပည့်တော်နဲ့ စကားပြောတော့ အဖေဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူးလို့တောင် ပြောတယ် ခုတော့… `` ပြောဆိုနေသော်လည်း ရှေ့ဆက်အသံထွက်မလာခဲ့ပေ။ ရှိုက်ကြီးတငင်ဖြင့်သာ ငိုကြွေးနေလေတော့၏။ စာရေးသူလည်း အားပေးဖြေသိမ့်စကားပြောရင်း ယနေ့မနက်မှာပင် ထိုဒကာပြုလုပ်ခဲ့သည့် ကုသိုလ်များကို ပြန်လည်အမှတ်ရစေလျှက် ဆုံးသွားသည့် သမီးအား အမျှပေးဝေပေးခဲ့ရ၏။

ထိုဒကာပြန်သွားပြီးနောက်တွင် စာရေးသူမှာ အတွေးများဖြင့် လေးလံနေတော့၏။ မျှော်လင့်မထားသည်များနှင့်သာ မကြာမကြာ ကြားသိကြုံတွေ့နေရသဖြင့် ပုထုဇင်သဘာဝ စိတ်တုန်လှုပ်မှုဖြစ်ခဲ့၏။ ဖြစ်မည်ဆိုလည်း ဖြစ်စရာကောင်းလှ၏။ ကျေးဇူးရှင်ဆရာတော်ကြီးမှာလည်း နေ့လားညလား ဖြစ်နေသည့်အခြေအနေ၊ ယခုသမီးဆုံးသွားသည့် ဒကာ၏ပူဆွေးနေရသည့် ခံစားမှု၊ ထို့အပြင် လွန်ခဲ့သည် နှစ်လအလွန်က လောကကြီးကို စွန့်ခွာသွားသည့် စာရေးသူ၏ သာသနာ့ညီတော်လည်းဖြစ်၊ အလွန်အားကိုးရပြီး အရည်အချင်းလည်း ရှိသည့် အသက် ၃၁နှစ်သာ ရှိသေးသည့် သူငယ်ချင်းဖြစ်သူ၏ ဆုံးရှုံးမှု စသည့်အချက်များက စိတ်ကိုတုန်လှုပ် ချောက်ခြားစေခဲ့၏။ သက်တမ်းအရ ကြည့်မည်ဆိုလျှင် အရင်မွေးသူ အသက်ကြီးသူက အရင်သေကြေပျက်ဆီး ကြရမည်သာဖြစ်၏။ သို့သော် ယခုမူ စာရေးသူထက် ၂နှစ်ငယ်သည့် ညီတော် ရဟန်းတော်က အရင်ကံစွမ်း ကုန်သွားခဲ့သကဲ့သို့ အဖေ့အရင် သမီးက သေဆုံးသွားခဲ့သည့် ဒကာ၏အဖြစ်ကလည်း လက်တွေ့ဖြစ်နေ၏။ ညီတော်အတွက် ရည်စူးပြီး နောင်တော်ဖြစ်သူက ကုသိုလ်ပြု အမျှပေးဝေပေးနေရသကဲ့သို့ သမီးဖြစ်သူအား ရည်စူးပြီး အဖေဖြစ်သူက အမျှပေးဝေပေးနေရပြန်၏။ 
 
ကြီးစဉ်ငယ်လိုက် သွားရမည့်အခြေအနေများသည် ပြောင်းပြင်ဖြစ်နေခဲ့၏။ ကျန်းမာရေး အသည်းအသန်ဖြစ်နေသည့် ဆရာတော်၏ စကားကိုသာ ပြန်လည်ကြားယောင်နေခဲ့မိ၏။ ဆရာတော်က အသဲကင်ဆာ ခံစားနေရသည့် တပည့်ဖြစ်သူကို ကြည့်ပြီး ``ဒီကောင့်ကို ပိုပြီးဂရုစိုက်ကြပါ… င့ါရောဂါအခြေအနေထက် သူ့အခြေအနေက ပိုဆိုးတယ်… `` ဟု မိန့်တော်မူဖူး၏။ ဆရာတော်အမိန့်ရှိသကဲ့သို့ပင် စာရေးသူ၏ ညီတော်သူငယ်ချင်း၊ ဆရာတော်ကြီး၏ တပည့်အရင်းက ဆရာတော့်အရင် သေဆုံးသွားခဲ့ရှာပေပြီ။ ထို့အတူ အထက်မှာ တင်ပြခဲ့သည့် ဒကာ၏ အခြေအနေသည်လည်း ``အဖေ… သမီးအတွက်ဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူး..`` ဟု ပြောခဲသည့် သမီးက အဖေ့အရင် သေဆုံးသွားခဲ့ရှာပေပြီ။ အချိန်မရွေး လာနေသည့် သေခြင်းတရားကား အမှန်ပင် သံဝေဂဖြစ်စရာ၊ ကြောက်လန့်စရာပင်။

စင်စစ် ပုထုဇင်ဖြစ်၍သာ စာရေးသူအနေဖြင့် မည်သည့်အရာက အရင်ဖြစ်သင့်သည်၊ မည်သည့်ပုဂ္ဂိုလ်က အရင်သွားသင့်သည့် စသည့်အတွေးများ ဖြစ်နေသော်လည်း တရားသဘောအရ၊ သဘာဝဓမ္မအရ ကြည့်မည်ဆိုလျှင် မည်သည့်အရာမျှ တစ်သမှတ်တည်း တွက်ဆ၍မရပေ။ လောကကြီးသည် မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်ခွင့်မရှိ၊ သူ့သဘာဝအတိုင်းသာ ဖြစ်နေခြင်းဖြစ်၏။ ဤသဘောအတိုင်းပင် သေခြင်းတရား ဟူသည်မှာလည်းအသက်အရွယ်အစဉ်အတိုင်း ဖြစ်ပေါ်လာတတ်သည့် သဘောမဟုတ်၊ အရွယ်မရွေး ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ သားသမီးထက်အရင် မိဘသည် လောကကြီးအတွင်းသို့ ရောက်လာသဖြင့် လောကကြီးမှ ပြန်လည်ထွက်ခွာသည့်အခါ မိဘကအရင် ထွက်ခွာရမည် ဖြစ်သော်လည်း မိဘအရင် သားသမီးက ထွက်ခွာသွားနေကြသည်မှာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်၏။ ထို့အတူ ဆရာနှင့်တပည့်၊ အစ်ကိုနှင့်ညီ စသူတို့သည်လည်း မည်သူကအရင် သေကြရမည်၊ မည်သူကအရင် လောကကြိးက ထွက်ခွာသွားကြရမည်ဟူ၍ သတ်မှတ်ထားချက်မရှိ၊ ကြိုတင်၍လည်း မှန်းဆသိနိုင်ခွင့်လည်း မရှိပေ။ ထို့ကြောင့်လည်း ဗုဒ္ဓစာပေများတွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖော်ပြထားခြင်းဖြစ်၏။ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာတို့တွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အောက်ပါအတိုင်း ဖော်ပြထား၏။ စာပေ၌ ဖော်ပြထားသည်မှာ

``ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ`` ဟူ၍ဖြစ်၏။ ဤဂါထာတွင် ဖော်ပြသည့် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အများနားလည်စေရန် သရုပ်ထုပ်ပြရလျှင်…

၁။ မည်သည့်အရွယ်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သည့်ရောဂါဖြင့် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အချိန်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်နေရာတွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း တို့ပင်ဖြစ်၏။

မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေကြရမည်ကို သေချာတိကျစွာ သိနိုင်ကြသော်လည်း မည်သည့် အသက်အရွယ်တွင် သေကြရမည်ဟူသည်ကိုကား ကြိုတင်၍ မသိနိုင်ကြပေ။ အချို့ဆိုလျှင် သက်တမ်းပြည့် နေသွားကြသော်လည်း အချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားကြရ၏။ အချို့လည်း မွေးပြီးတစ်လ၊ နှစ်လအလွန်တွင် သေကြရပြီး အချို့ဆိုလျှင် မွေးမွေးချင်း သေသွားကြရ၏။ သေခြင်းတရားတွင် မည်သည့်အရွယ်၌ သေကြရမည်ဟု ကြိုတင်သတ်မှတ်ချက် မရှိ၊ အချိန်မရွေး သေနိုင်ကြ၏။ ထို့ကြောင့်လည်း မည်သို့မျှ မျှော်လင့်မထားသည့် အရာများ ဖြစ်နေကြခြင်းဖြစ်၏။ နေ့မြင်ညပျောက် ဖြစ်သွားခဲ့ကြ၏။ မနေ့တစ်နေ့ကပင် ထိုသူနှင့် မိမိတွေ့ကြုံစကားပြောခဲ့ကြသေး၊ ယခု သူကမရှိတော့ဟူသည် ခံစားမှုမျိုး ကြုံတွေ့ဖူးကြမည်ဖြစ်၏။ ထို့ကြောင့် မည်သည့်အရွယ်တွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေခြင်းတရားသည် အရွယ်မရွေးလာနိုင်သည် ဟူသည့် အချက်မှာ အတိအကျဖြစ်သဖြင့် သေခြင်းတရား မိမိထံရောက်မလာမီ ထိုသေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်၏ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ သတ္တ၀ါတို့ ကြိုတင်၍ မသိနိုင်သည့် အရာတစ်ခုမှာ မည်သည့်ရောဂါဖြင့် သေရမည်ဟူသည့် အချက်ပင်ဖြစ်၏။ မျက်မှောက်ခေတ်တွင် ရောဂါများသည် အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ အထူးသဖြင့် ဖွင့်ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသဖြင့် ရောဂါဖြစ်ပွားမှု ပို၍များပြားသည်ကို တွေ့နိုင်၏။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ စသည်ဖြင့် ဖြစ်လျင်သေနိုင်သည့် ရောဂါများ ဆွဲကပ်မှုသည် တစ်ဆတစ်ဆ များများလာ၏။ ထိုရောဂါများသည် မိမိထံသို့လည်း အချိန်မရွေးလာနိုင်၏။ မိမိသည်လည်း ထိုရောဂါတစ်ခုခု ဆွဲကပ်ခံရပြီး အချိန်မရွေး သေနိုင်၏။ မည်သည့် ရောဂါဖြင့် သေမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေရမည်ကား အမှန်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိနေခြင်းကပင် ရောဂါအစုကြီး ရှိနေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ရောဂါအစုကြီးဖြစ်သည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် မိမိတို့အနေဖြင့် မည်သည့်ရောဂါဖြင့် သေမည်ကို ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည့် အချက်ကို အမြဲသတိပြု ဆင်ခြင်သင့်လှ၏။

ထို့အပြင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည်ကိုလည်း မည်သူမျှ ကြိုတင်၍ မသိနိုင်ကြပေ။ မနက်သေမည်လား၊ နေ့လယ်သေမည်လား၊ ညနေသေမည်လား၊ ညသေမည်လား စသည်ဖြင့် လားပေါင်းများစွာဖြင့်သာ သေရမည့်အချိန်ကို စောင့်နေကြရ၏။ သေခြင်းတရားကား အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ အချို့လည်း အလုပ်လုပ်နေချိန် သေကြရ၏။ အချို့လည်း တရားထိုင်နေစဉ် သေကြရ၏။ အချို့လည်း အိပ်နေစဉ် သေကြရ၏။ အခြေအနေအမျိုးမျိုးတွင် တစ်မျိုးမျိုးဖြင့် သေနေကြရသော်လည်း တိကျသည့် အချိန်သတ်မှတ်ချက်ကိုကား ကြိုတင်မပြောပြနိုင်၊ ကြိုတင်မသိနိုင်ကြပေ။ သေချာသည်ကား အချိန်မရွေးသေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် မနက်၊ နေ့၊ ည အချိန်မရွေး ရောက်လာနိုင်သည့် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်၏။

မည်သည့်နေရာတွင် သေကြရမည်ဆိုသည့် အချက်သည်လည်း သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုဖြစ်၏။ အချို့ဆိုလျှင် မွေးသည့်နေရာက တစ်နေရာ၊ သေသည့်အခါ တစ်နေရာဖြစ်သွားသည်ကို တွေ့ကြရမည်ဖြစ်၏။ တောမှာ မွေးပြီး မြို့မှာ လာသေကြရသူများ ရှိသကဲ့သို့ မြို့မှာမွေးပြီး တောသို့ အလည်သွားသည့် အခိုက် တောမှာသေကြရသူများလည်း ရှိ၏။ ခရီးသွားစဉ် ကားပေါ်၊ ရထားပေါ်၊ သဘောင်္ပေါ်၊ လေယာဉ်ပေါ် စသည့်နေရာ အမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် သေကြရသူများလည်း ရှိ၏။ နိုင်ငံအနေဖြင့် ပြောလျှင် မြန်မာနိုင်ငံတွင် မွေးပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ အာရှ၊ ဥရောပ၊ အမေရိက စသည့် နိုင်ငံခြား တိုင်းပြည်များမှာ သွားရောက်သေကြရသူများလည်း မရေတွက်နိုင်အောင် များပြားလှ၏။ ဤသည်မှာ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပေါ်နေပြီး မည်သည့်နေရာတွင် သေကြရမည်ဆိုသည်ကို မသိနိုင်ကြသောကြောင့်ပင် ဖြစ်၏။ သေချာသည်ကား မည်သည့်နေရာတွင် ရှိရှိ သေကြရမည်၊ သေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် သေခြင်းတရားမှ လွတ်အောင်ရှောင်တိမ်းနိုင်သည့် နေရာဟူသည် မရှိနိုင်သည့်အပြင် မည်သည့်နေရာတွင် သေမည်ကိုလည်း ကြိုတင်၍မသိနိုင်သဖြင့် ရောက်သည့်နေရာတိုင်းတွင် သေခြင်းတရားကို မမေ့ကြရန် သတိပြုဆင်ခြင်ထားကြရန် လိုအပ်လှ၏။

အရေးကြီးဆုံးအချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ရမည်ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရိစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် နောင်ဘ၀မည်သို့ ဖြစ်မည်ကို ကြိုတင်မသိနိုင်ကြသဖြင့် ယခုဘ၀တွင် မိမိတို့ လုပ်နေသည့်အလုပ်များကို အထူးဂရုစိုက်လုပ်သင့်လှ၏။

အချုပ်အားဖြင့် ပုထုဇင်မှန်သမျှ မည်သူမဆို မည့်သည့်အရွယ်၊ မည့်သည့်ရောဂါ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေကြရမည်ဟူသည်ကို မသိနိုင်ကြသည့်အပြင် သေပြီးနောက် မည်သည့်ဘ၀တွင် ပြန်လည်ဖြစ်ကြရမည်ဟူသည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် တိကျသေချာသည့် ယခုလက်ရှိအချိန်ကို တန်ဘိုးရှိရှိ အသုံးပြုရန် လိုအပ်လှ၏။ တန်ဘိုးရှိရှိ အသုံးပြုသင့်သည်ဟူသည်မှာ မကောင်းသည့်အလုပ်များ မလုပ်ကြရန်နှင့် ကောင်းမှုကုသိုလ်များကို ရသမျှ ပြုလုပ်စုဆောင်းကြရန်ကို ဆိုလို၏။ ထိုကြိုတင်၍ မသိနိုင်သည့် အရာများ ရောက်မလာမီ တိကျသေချာသည့် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်လှ၏။ ယခုအချိန်တွင်မှ ရသမျှ ကုသိုလ်အစုကို စုဆောင်းရှာဖွေ အားထုတ်မထားနိုင်လျင် အချိန်မရွေးရောက်လာနိုင်သည့် ထိုတရားများ ရောက်လာသည့်အခါ အလွန်နောက်ကျသွားနိုင်ပေ၏။ ထို့ကြောင့် မတိကျမရေရာသည့်၊ ကြိုတင်၍ မသိနိုင်သည့်အရာများ ရောက်လာသည့်အခါ ရဲရဲရင်ဆိုင်နိုင်ရန် တိကျသေချာသည့် ယခုအချိန်တွင် ကောင်းမှုအစုကို ကြိုးစားပြုကြပါဟု သတိပေးတိုက်တွန်းရင်း စာရေးသူ၏ ဆရာတော်ကြီး ဈာပနအခမ်းအနားတွင် စာရေးသူကိုယ်တိုင် နောက်ဆုံးသီကုံး ပူဇော်ကန်တော့ခဲ့သည့် ကြိုတင်၍ မသိနိုင်သည့်အရာများအကြောင်း သံဝေဂကဗျာလေးကို ပြန်လည်မျှဝေရင်း….

ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။

===================
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

" မနာပဒါယီ " ဆိုဒ်မှကူးယူဖော်ပြခြင်းဖြင့် ဓမ္မဒါနပြုပါသည်။

မြတ်ဗုဒ္ဓအလင်း

ဒီနေရာမှ ကူးယူမျှဝေပါသည်။

ရာသီဥတုပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ





နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်မားမှုနဲ့ အတူ ကျန်းမာရေးအန္တရာယ်တချို့ ဒွန်တွဲပါလာတတ်ပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) တို့ဖြစ်ကြပါတယ်။

ရေနှင့် ဆားဓာတ်ခန်းခြောက်ခြင်း

ဒါက ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ရေနဲ့အတူ ပိုတက်စီယမ်၊ ဆိုဒီယမ်စတဲ့ သွေးတွင်းအရေးပါတဲ့ ဓာတ်ဆားတွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကျောက်ကပ်၊ ဦးနှောက်နဲ့ နှလုံးတို့လို အင်္ဂါအစိတ်အပိုင်း တွေရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်ဟာ သတိလစ်တာ၊ ထိုင်းမှိုင်းလေးလံတာ၊ အသက်ရှူရခက်ခဲတာနဲ့ နှလုံးခုန်နှုန်းမမှန်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့ ချွေးထွက်တာကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

အရေပြားနေလောင်ခြင်း

နွေရာသီမှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်တဲ့ လက္ခဏာ ပြသတတ်ပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားနာကျင်ရုံသာမက အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး အရေပြားကင်ဆာလို အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke)

ကိုယ်ခန္ဓာအပူချိန်တက်ပြီး (Heat Stroke) ဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလိုဖြစ်ရင် လက္ခဏာတွေက အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပေါ်ပြီး သတိလစ်မေ့မြောသွားနိုင်လို့ပါ။

လက္ခာဏာများ

သင့်ပတ်ဝန်းကျင် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အပူချိန် 20ံ C (68F) မှာနှလုံးခုနှုန်းက ပုံမှန်ဖြစ်ကာ သက်တောင့်သက်သာ ရှိနေပါလိမ့်မယ်။ အပူချိန် 25ံ C (77F) မှာ ချွေးအသင့်အတင့် ထွက်ပါလိမ့်မယ်။ အပူချိန် 30ံ C (86F)မှာ ချွေးအသင့်အတင့် ထွက်ပြီး အာရုံစူးစိုက်မှု ထိခိုက်ပါလိမ့်မယ်။ အပူချိန် 38-41ံ C (104F) မှာ ချွေးအလွန်အမင်းထွက်ပြီး နှလုံးခုန်နှုန်းမြန်ကာ မောပန်းတာနဲ့ ပျို့အန်ချင်တာတွေဖြစ်တတ်ပါတယ်။ အပူချိန် 45ံ C (113F) မှာ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အရေပြားပူပြင်း ခြောက်သွေ့ကာ ကိုယ်တွင်းအင်္ဂါတွေတောင် ထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

ကုသမှုနှင့် ကာကွယ်မှု

အရည်များများသောက်ပါ

ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်များများဆုံးရှုံးတယ်ဆိုရင် အကောင်းဆုံးက ရေများများသောက်ကာ အရည်ဓာတ်ပြန်လည် အစားထိုးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၁၂၈ ပေါင်ရှိတဲ့ လူတစ်ယောက်က တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်။ အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ရေကို များများသောက်ပေးသင့်ပါတယ်။

အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။

အစားအသောက်ကို ဆန်းစစ်ပါ

ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါ။

နေရောင်ခြည်နှင့် ဝေးဝေးတွင်နေပါ

နေပူရှိန်ပြင်းထန်တဲ့နေ့တွေမှာ အကောင်းဆုံး နေသင့်တဲ့နေရာက အရိပ်ထဲမှာဖြစ်ပါတယ်။ နေပူထဲထွက်မယ်ဆိုရင် အနည်းဆုံး နေကာနိုင်စွမ်း SPF အဆ ၂၀ ပါတြ့ နေကာခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။ နေပူထဲမှာ နေရင်း ပျို့အန်ချင်သလို အော်ဂလီဆန်တာနြ့ နေထိုင်မကောင်းတာတွေကို ခံစားရပါက နေရိပ်ထဲကို အမြန်ဆုံး နေထိုင်ပါ။ နေရောင်ခြည်က နံနက် ၁၁နာရီနဲ့ ညနေ ၃နာရီကြားအချိန်မှာ အပြင်းထန်ဆုံးဖြစ်တာကြောင့် ရှောင်ဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်လျှင် သတိထားပါ

တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်အတောအတွင်းမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်းလုပ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူမဝသလို၊ နှလုံးခုန်မြန်သလို ဖြစ်လာရင် ချက်ချင်းရပ်နားပြီး ခန္ဓာကိုယ်ကို အေးအောင် စောင့်ကာ ရေချိုးလိုက်ပါ။ သက်တောင့်သက်သာရှိတဲ့အထိ အနားယူပေးပါ။

အေးမြအောင် နေပါ

ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။ ထွက်လာတဲ့ ချွေးတွေ အငွေ့ပြန်လွယ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြနေအောင် ထားတာက အပူဒဏ်ကို သက်သာစေပါတယ်။

အပူဒဏ်သင့်လွယ်သူများကို အထူးဂရုစိုက်ပါ

အသက်လေးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ကျော်သူတွေဟာ နေပူဒဏ်ကြောင့် အန္တရာယ် ကြီးကြီးမားမား ရရှိတတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို လိုက်လျောညီထွေ ညှိနိုင်စွမ်း လျော့နည်းလို့ပါ။ အဝလွန်သူတွေနဲ့ နာမကျန်းဖြစ်နေသူတွေဟာလည်း အပူကို များများ စုပ်ယူထားကာ အပူဒဏ်သင့်နိုင်ပါတယ်။

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်



အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ
အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့
တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက
ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှ
ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက်အသက်ပိုတိုတယ်လို့ စစ်တမ်းများအရတွေ့ရှိထားရတာ ဖြစ်ပါတယ်။ (အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို
မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့ ရှိပါတယ်)။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ
အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ
ကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှု
စောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာတစ်ဝန်း
ကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။

“အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ
စိတ်ဝင်စားစရာတွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို
လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့
ထင်နေတတ်ကြပါတယ်” လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးက
ပြောပြပါတယ်။

အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့
အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။
အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ “အမျိုးသားတွေဟာ
အလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့
ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့
စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ်အရက်၊
မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်” လို့
ကောက်ချက်ချပါတယ်။

ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကို
မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။
ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာ
ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ
အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosis
လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ
ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina)
ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး သေတတ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ
လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး
တစ်ခုတောင် ဖြစ်နေပါပြီ။
အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များလွန်းလို့ သွေးကြော
နံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ဒါကြောင့်
အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ
စတင်ခံစားရတော့တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရော
များတဲ့ သူတွေကတော့ ဒီထက် စောတတ်ပါတယ်။


မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြောတွေက
ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အနေနဲ့ မိန်းကလေးတွေမှာ
သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော တစ်မျိုး
ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..
(၁)အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ်တစ်ကြိမ် ဆက်တိုင်းပါ။
(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃)ဆေးလိပ်ကို ရှောင်ပါ။
(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

(၂) အဆုတ်ကင်ဆာ
တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာ ရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှု
အရမ်းဆိုးခြင်း၊ ရောဂါတိုးတက်မှု မြန်ခြင်း၊ ကင်ဆာဆဲလ်များ နေရာအနှံ့
ပျံ့ခြင်းတွေမှာ တခြားကင်ဆာတွေထက်ကို ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုရင်
ရောဂါလက္ခဏာတစ်ခုခု မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု မရှိသေးခင် စဖြစ်တဲ့
အချိန် ကတည်းကကို စပျံ့ နေပြီ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင်
နောက်ကျနေပြီလို့ကို တစ်ထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာကောင်း ပါတယ်။


ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်ကြောင့်
ဖြစ်ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲ
မရှိသေးပါဘူး။လက်ရှိစွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်ပါနဲ့တဲ့။ ဆေးလိပ်ကိုဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်ဆာနဲ့ အခြားရောဂါတွေဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာရှင်များက
အဆိုပြုထားပါတယ်။


(၃)ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာ ရှိလို့ ယောက်ျားတွေပဲ
ဆီးကျိတ်ကင်ဆာ ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တစ်ယောက်နှုန်း
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့သူတွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာ
တစ်ယောက်သာသေနိုင်တာမို့ တော်သေးတာပေါ့ လို့ပဲ ဆိုရမှာပဲ။


(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း
စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတယ် လို့ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်ဆိုတဲ့ ယောက်ျားတွေက
မိန်းမများလောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒါကြောင့်လဲ
ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ ဖြစ်နေတာပါ။
နောက်ပြီး စိတ်ကျရောဂါ (depression) ၀င်နေတဲ့ သူဟာ နံပတ်(၁)မှာ ပြောခဲ့တဲ့
နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။


မိန်းမတွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူပါပဲ။ ဒါပေမယ့်
မိန်းမတွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့
ဖြေဖျောက်လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ လို့ ကိုယ့်ကိုယ်ကိုယ်
သတ်မှတ်ထားတဲ့ အမျိုးသားများကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေ
ပေါက်ကွဲမှုတွေ နဲ့ပဲ ထွက်ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။
(ငိုရင် ပေါ့သွားတယ်ဆိုတာ ဒါဖြစ်မယ်)


နောက်တစ်ချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့ယောက်ျား မကွာလှဘူးလို့သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့က
လုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။
အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့ သူများကတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကို
meditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေနဲ့ ကုသပြီး
အောင်မြင်မှုကို ပြန်လည်ရယူတတ်ကြပါတယ်။

(၅)ဆီးချိုရောဂါ
တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီး
ကာကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့
ပိုလျှံနေတဲ့ သွေးတွင်း သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက်
အဆိပ်အတောက်များ အဖြစ် နေရာ ယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊
လေဖြတ်ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းနဲ
ခြေလက်တွေ ဖြတ်ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချိုရောဂါကနေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ပန်းသေပန်းညှိုးခြင်း
ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ
တစ်ရပ် ဖြစ်ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အျမိုးသားတိုင်းရဲ့
၄၀% ဟာ ဒီပြဿနာ ခံစားနေရပါတယ်။ ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့
စိတ်ဓာတ်ကျဆင်းခြင်းကို ထိရောက်စွာ အားပေးရာရောက်လို့ ကာကွယ်သင့်လှပါတယ်။
နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့အထဲက
atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့
ဒါကြောင့်သာ အမျိုးသားသဘာဝ မလာတော့ဘူးဆိုရင် နှလုံးသွေးကြောပိတ် လေဖြတ်
စတဲ့ ရောဂါတွေလဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။


 ဒါကြောင့် ဆရာဝန်များကပန်းသေပန်းညှိုးခြင်းကို နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများရဲ့
ရှေ့ပြေးသတိပေး လက္ခဏာ တစ်ရပ် အဖြစ် ထည့်သွင်းစဉ်းစား ကြပါတယ်။
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေ
အများကြီးရှိပေမယ့် ဒါတွေဟာ ဒီကိစ္စကိုပဲ ကုသလို့ ရပြီး နောက်ခံ
အကြောင်းတရားဖြစ်တဲ့ သွေးကြောဆိုင်ရာ ပြဿနာများကို မကုသ မကာကွယ်နိုင်တဲ့
အတွက် အမျိုးသားများ ဒီလို ခံစားလာရပြီဆိုရင် ဆေးစစ်သင့်ပြီလို့
အကြံပြုချင်ပါတယ်။


ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့ တာဝန်တွေကို ယူထားကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့
မဖြစ်ပါဘူး။ လူသားတိုင်းအနေနဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာ
ပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိတာလေးတွေ လုပ်နိုင်ဖို့
ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့မှာချင်ပါတယ်။


ဒီနေရာမှကူးယူမျှဝေပါသည်။ 

ပေးဆပ်ခွင့်ပြူပါ ကြယ်စင် ဖေဖေ



ပထမ အခေါက်က မသိသာ ချေ ။
ဒုတိယ အကြိမ်မြောက်မှာ တော့လူတွေ အားလုံးရဲ့ မျက်ဝန်းတွေက အသံကြားရာဘက်သို့  ဦးလှည့်လာကြသည် ။

" ဦးလေး တောင်းပန်ပါတယ် ငါ့ တူရယ် နော် "
" ဘာတောင်းပန်တယ် ဟုတ်လား ဟားးး ဒါဆိုလည်းရဒယ် ခွင့်လွတ်ရတာပေါ့ လေ ကဲ့ ဦးလေး ကြောင့် ပေစွန်းသွားခဲ့တဲ့ ကျူပ်ဘောင်းဘီပေါ်က ဟင်းဖတ်တွေကို ဦးလေး ပါးစပ်နဲ့ လျက်ပြီးသုတ်ပေး ဒါဆိုခွင့်လွတ်မယ် "

အင်မတန် ရိုင်းစိုင်းလှသော စကားသံကြောင့် ကျွန်တော် ထိုင်ရာမှ ထရပ်လိုက်သည် ။ ကျွန်တော်ဘေးနားမှာ ထိုင်လျက်ရှိနေသော သူငယ်ချင်း က ကျွန်တော့်လက်အားဆွဲးထားက
" မင်းသွားလို့ မဖြစ်ဘူးလေ ဒီအချိန်က မင့်ရဲ့ မျော်လင့်ချက်ကို အကောင်ထည် ဖေါ်ပေးရမယ့်အချိန်ရောက်နေပြီ "

ကျွန်တော့် ဒေါသကို အသာအယာ မျိုချလိုက်သည် ။ ဒီနေ့ ကျွန်တော်ဘ၀ကို အမြင့်မားဆုံးသို့ ပို့ နိုင်မည့် လူကြီးတစ်ဦးနှင့် ချိန်းထားသောကြောင့် ဖြစ်သည် ။

" မလုပ်ပေးနိုင်လို့ မရဘူး ဒီမှာ ခင်ဗျားကြောင့်ဟင်းဖတ်တွေ စွန်းကုန်ပြီ "ဟု ရိုင်းစိုင်းစွာ အော်ဟစ်လျက် စာပွဲထိုးဦးလေး ကြီးအားဆောင့်တွန်းလိုက်သည်
" ဟင်းးး အဖေ အဖေ ပါလား "

ကျွန်တော် ကိုယ်ထဲမှာ စီးဆင်းလျက်ရှိသော သွေးတို့ မှာ အဆမတန်မြင်ဆန်လျက် သွေးများဆူပွက်စွာ စီးဆင်းလျက်ရှိချေတော့သည် ။ ကျွန်တော် ကိုယ် ဘာလုပ်မိမှန်း ကျွန်တော်မသိ ။ ကျွန်တော် သိသည်
အချိန်တွင် အဖေ အားဆောင်တွန်းလိုက်သော လူငယ်ခေါင်းမှာ သွေးများထွက်လျက် ။ ပြီးတော့ ကျွန်တော်လက်ထဲမှာလဲ ဘီယာ ပုလင်းကွဲအားဆုပ်ကိုင်လျက်ရှိချေသည် ။

လူတွေ အားလုံးရဲ့ မျက်ဝန်းများက အထိတ်တလန့် ရှိနေပြီး ကျွန်တော့်အားတလှည့် လက်ထဲရှိ ပုလင်းအား တလှည့် ကြည့်နေတော့သည် ။ ထိုအချိန်တွင် အရိုက်ခံရသော ကောင်လေး ၏ သူငယ်ချင်းများက ...

" ခင်ဗျား နဲ့ ဘာဆိုင်လည်း မဆိုင်ဘဲ နဲ့ ဘာလို့ ဝင်ပါရတာလဲ ခင်ဗျားသေချင်ပြီလား "
" ဒါ ငါ့ အဖေ ကွ ငါကို မွေးခဲ့တဲ့ အဖေ အရင်းကွ ၊ အေငါကလည်း ထပ်ပြောလိုက်မယ် ၊ မင်းတို့ ရော သေချင်ပြီလား ငါ ဒီချိန်မှာ လူသတ်ဖို့ ဝန်မလေး ဘူးနော် "

ကျွန်တော် ဒေါသ ၊ ကျွန်တော့်  အကြည့်ကြောင့် သူတို့ အားလုံးနောက်ဆုတ်သွားကြသည် ။ ထိုအချိန်တွင် အဖေက
" မင်းဘယ်သူလဲ ငါ မင့်ကို မသိဘူး မင်းငါ့ သားမဟုတ်ဘူး '
ဖေဖေ ရဲ့ တုန်တုန်ယင်ယင်နဲ့ ဂယောင်ချောက်ခြား ညင်းဆိုသံကြောင့် ကျွန်တော် အထိတ်တလန့်  လက်ထဲရှိ ဘီယာ ပုလင်းကွဲးအားလွတ်ချလျက် အဖေ အားပြေးဖက်လိုက်သည် ။

" အဖေ;;;;;;;;;; "
'ဟင့် အင်း မင်းငါ့ သားမဟုတ်ဘူး ဟု အတင်းငြင်းဆိုလျက် ဆိုင်ထဲမှ ပြေးထွက်သွားသည် ။ ကျွန်တော် ဖေဖေ နောက်သို့ လိုက်ရန် ပြင်လိုက်စဉ် သူငယ်ချင်းက

" မင်းသွားလို့ မရဘူးလေ သူငှေးလာတော့မှာ ကွ ပြီးတော့ အဲဒါ မင့်အဖေ လို့ ပြောလို့ မဖြစ်ဘူး သိဒယ်မလား ... "
" ဘာဖြစ်လဲ အဖေ ဟာ အဖေ ဘဲ စာပွဲထိုးဖြစ်ဖြစ် ငါ ဂရူ မစိုက်ဘူး အိုးးး အဆုံးထိ ပြောမယ်ကွာ သူတောင်းစားလဲ အဖေ ဘဲ ဒီအချိန်ငါ အဖေ နားမှာ ရှိမှ ဖြစ်မယ် အိမ်ပြန်ပြီ "

' ဟာ ဟရောင် သူဌေးလာရင်ရော '
" Sorry ပါ ငါ့ အဖေက လွဲရင် ကျန်တာအားလုံးက အရေးမပါတဲ့ အရာတွေ ဖြစ်ကုန်ပြီ ။ ငါက ငါ့ဖေနဲ့ ပတ်သက်လာရင် အဖေ ဖိနပ်စုတ်က အစတန်ဖိုးထားတယ် ကဲ့ ငါသွားပြီ သူငယ်ချင်း"
------------------------------------------

အိမ်ရောက်တော့ အိမ်ခန်းထောင့် တစ်နေရာမှာ အံကြိတ်ငိုနေတာတွေ တော့ ကျွန်တော် နှလုံးသားတစ်စစီ ကြေကွဲသွားရသည် ။ ကျွန်တော့် ဘ၀မှာ အဖေ ငိုတာ ပထဆုံးမြင်ဘူးခြင်းဖြစ်သည် ။
" အဖေရယ် ဘာဖြစ်လို့ အဲ့လိုလုပ်ရတာလဲ ပြီးတော့ ကျွန်တော့် ကို အဖေသားမဟုတ်ဘူးလို့ ပြောရတာလဲ "
" ငါ သား အလုပ်မရမှာစိုလို့  ပြီးတော့းးး ပြီးတော့ "
" ပြီးတော့ ဘာဖြစ်လဲ အဖေ "

" ပြီးတော့ ငါ့သားရှက်မှာ စိုလို့  .."
" ဟားးးး အဖေရာ ကျွန်တော်က အဖေ့သားပါလို့ ပြောရတာကို အမြဲဂုဏ်ယူနေတာ အဖေ ဘယ်ဘ၀ ရောက်ရောက် အဖေ ဟာ ကျွန်တော့် ရဲ့  ထာဝရ အဖေ ဘဲ ကဲ့ကဲ့ အဖေ မငိုနဲ့ တော့ တိတ်တော့ ဒီအလုပ်မရလဲ နောက်အလုပ်ပေါ့ဗျားးး နော် အဖေ "

ကျွန်တော့် မျက်ဝန်းဝမှ မျက်ရည်များကိုလည်း အမြန်သုတ်လိုက်ရင်း ဖေဖေ မျက်ဝန်းဝမှ မျက်ရည်များ ကို ဖြည်းညင်းစွာ သုတ်ပေးနေမိသည်
ထိုအချိန်တွင် အိမ်ပေါက်ဝမှ သူငယ်ချင်းအသံကြောင့် ကျွန်တော်တို့ သားအဖ နှစ်ယောက်လုံး လှည့်ကြည့်မိလိုက်သည် ။

" မင်း မင့်အဖေငိုတာကို မတားပါနဲ့ တော့ ငိုပါစေ ဒီတစ်ခါ ကျတဲ့ မျက်ရည်က ၀မ်းသာလို့ ကျတဲ့ မျက်ရည် ဖြစ်မှာပါ ၊သူဌေး က မင့်ကို ရာထူးတိုးလိုက်ပြီ တကယ်တော့ သူဌေးက မရောက်သေးတာ မဟုတ်ဘူး အစောထဲက ဆိုင်ခန်းတစ်နေရာမှ ရောက်နေပြီးသားလေ ပြီးတော့ မင့်ကို မှာလိုက်သေးတယ် လေးစားပါတယ်တဲ့

" အဖေးး "
" သားးး "
ကျွန်တော်နဲ့ ကျွန်တော် အဖေ ပြိုင်တူအော်ဟစ်လျက် အားရ၀မ်းသာစွာ ပြေးဖက်လိုက်သည် ။
ထိုအချိန်တွင် ဘေးအိမ်မှ လေဒီယို မှ တေးသံရှင် ရိုန်မိုး ၏ သီချင်းတစ်ပုဒ်ပြန့် လွင့်လာသည် ။

♫ ♫ ရင်မှာ ထာဝစဉ်တောက်ပခဲ့တဲ့ အဖေရဲ မေတ္တာ ... လိုင်းထန်ကာ စီးဆင်းပစေ .. ♫ ♫
♫ ♫.ပေးဆပ်ခွင့်ပြူပါ ကြယ်စဉ် အဖေ .... ♫ ♫


Written by ကောင်လေး
ပြီးပါပြီ ( ရွင်လန်းချမ်းမြေပါစေ )

>မြန်မာ့ယဉ်ကျေးမူကို တန်ဖိုးထားသူများ

ဒီနေရာမှကူးယူမျှဝေပါသည်။ 

အရင်းနည်းနည်း အမြတ်များများ ဥကန်စွန်းစိုက်ကြစို့လား



မြန်မာ့ရေမြေသဘာဝရာသီဥတုနှင့်အညီ ဒေသအသီးသီးတွင် စားစရာ အပင် များ၊ ဝတ်ဆင်စရာ အတွက် အထောက်အကူပြုအပင်များ၊ နေထိုင်စရာအထောက် အကူပြုအပင်များ နှင့် စက်မှုကုန်ကြမ်းသီးနှံပင်များကို စိုက်ပျိုးကြရသည်။

ထိုအထဲတွင် ပါဝင်သောရေစကြိုမြို့နယ်တွင်လည်းမြစ်ရေဝင်ကျွန်းပိုင်းဒေ သများ၌ ဥကန်စွန်း ကိုအများအပြားစိုက်ပျိုးလေ့ရှိကြောင်း လေ့လာသိရှိရသည်။ အလယ်သောင်ကျေးရွာအုပ်စုအတွင်းက သူဌေးကုန်းရွာတွင် ဥကန်စွန်းတွေ လှိုင်လှိုင်ပေါ်နေသည်ဆိုသော သတင်းစကားကြောင့် သွားရောက်လေ့လာမှတ် သားခဲ့ရသည်။
သူဌေးကုန်းရွာမှ ဦးသိန်းဆွေဆိုသူက ပြောပြရာတွင် ''ကျွန်တော်တို့ဒေသ က မြစ်ရေဝင်ဒေသဖြစ် ပါတယ်။

စိုက်ပျိုးလေ့ရှိတဲ့သီးနှံတွေကတော့ မြေပဲ၊ ကုလား ပဲ၊ နှမ်း၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ သစ္စာပန်း၊ မေမြို့ပန်း၊ ဂန္ဓာမာပန်း၊ ဒေါနပန်း၊ အက်စတာပန်း၊ ဘူးသီး၊ ဖရုံသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲအမျိုးမျိုး၊ ဥကန်စွန်းစတာတွေစိုက်ပျိုးကြပါတယ်။
ဥကန်စွန်းကတော့ အရင်းအနှီးနည်းနည်းနဲ့ အမြတ်များများရနိုင်တဲ့သီးနှံဖြစ် ပါတယ်။ ဥကန်စွန်းကို စိုက်တော့မယ်ဆိုရင် ပထမမြေကိုထွန်ယက်ပြင်ဆင်ပြီး မြောင်းဖော်ရပါတယ်။ မြောင်းအတွင်းမှာ ဥကန်စွန်းသားတက်တွေ ထည့်ရပါတယ်။

အဲဒီသားတက်တွေက နွယ် (အညွန့်)တွေနည်းနည်းရှည်လာတော့မှ ထယ်ထိုးပြီး မြေဖို့ထားရုံပါပဲ။ မြေသြဇာဖိုး လည်း မကုန်ဘူး။ စပြီးစိုက်တာကတော့ မြစ်ရေကျသွားပြီးနောက် သီတင်းကျွတ်၊ တန်ဆောင်မုန်းလမှာ စိုက်ကြတာများပါတယ်။

အချို့လည်း နောက်ကျမှစိုက်ကြပါတယ်။ စိုက်ပြီး ရက် ၁ဝဝ၊ ၁၂ဝ လောက်ဆို ရင် ဖော်လို့ရပါပြီ။ ဒီရွာမှာ တော့ ကျွန်တော်က စိုက်ဧက အနည်းဆုံးဖြစ်ပါတယ်။

ဒီနှစ်မှာ ဒသမ ၆ဝ ဧကပဲစိုက်ပျိုးခဲ့ပါတယ်။ စိုက်စရိတ်က ငွေကျပ် ၂ဝဝဝဝ၊ တူးဖော်စရိတ်က ငွေကျပ် ၂ဝဝဝဝ၊ ထွန်စရိတ်နဲ့ဆိုရင် ငွေကျပ် ၅ဝဝဝဝ လောက် တော့ရင်းရတာပေါ့။ ဥကန်စွန်းက တစ်ဧကစိုက်ရင် ပိဿာချိန် ၃၅ဝဝ၊ ၄ဝဝဝ လောက်ထွက်တယ်ဗျ။ ဒီနှစ် ကျွန်တော်စိုက်တဲ့ ဒသမ ၆ဝ က အသားတင် အမြတ် ငွေကျပ် ၄၂ဝဝဝဝ ရရှိပါတယ်။

ဝယ်တဲ့လူက စိုက်ခင်းထဲအထိ ကားနဲ့လာ ဝယ်ကြတယ်။ ခုတော့ ကျွန်တော်တို့ဒေသက လူတွေ အရင်ကလို သယ်ယူစရိတ် မစိုက်ရတော့ဘူး။အဲဒီစရိတ်က အပိုဝင်ငွေလို ဖြစ်လာရတာကတော့လမ်းပန်း ဆက်သွယ်ရေး ကောင်းလာလို့ပါပဲ။တကယ်တော့ ဇီးကုန်း၊ ဇီးကုန်းကျွန်း၊သူဌေးကုန်းနှင့်အရှေ့လက်၊ တောင်လက်က ကျေးရွာ ၂ဝ လောက်အတွက် ဆက်စပ်လမ်းနဲ့တံတားတွေကို သမ္မတရုံး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး
ဦးစိုးမောင်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သူရဦးမြင့်မောင် တို့ရဲ့ စီမံဆောင်ရွက်ဖောက် လုပ်လှူဒါန်းသလို သူဌေးကုန်းရွာ ဆက်စပ် လမ်းပေါ်ကတံတားတစ်စင်းကိုလည်း ဦးသန့်ဇင်-ဒေါ်အေးအေး၊ မန္တလေးမြို့က ငွေကျပ် သိန်း ၉ဝဝ လောက် အကုန်အကျခံဆောက်လုပ်ပေးထားတဲ့အတွက် နွေ၊ မိုး၊ ဆောင်းရာ သီမရွေး သွားလာနိုင်လို့ ဒေသခံပြည်သူတွေ အကျိုးခံစား နေရတာ ကျွန်တော် တော့ လက်တွေ့ပါပဲ'' ဟု ဥကန်စွန်းစိုက်ပျိုးပုံ အရင်းအနှီး အကျိုးအမြတ်နှင့်အတူ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု ကြောင့် ဒေသခံပြည်သူတွေ အကျိုးရှိပုံတို့ကို စုံစုံလင်လင်ရှင်းပြသည်မှာ အားရစရာ မုဒိတာပွားမှတ်သားခဲ့ရပါသည်

ဒါကြောင့် ဒေသအနှံ့က ကျေးလက် တောင်သူများအနေဖြင့် အရင်း အနှီးနည်းနည်းဖြင့် အကျိုးအမြတ်များ သော ဥကန်စွန်းကို တစ်ပိုင် တစ်နိုင်သီးညှပ်ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်ပျိုးကြဖို့ တိုက်တွန်းရေး သားအပ်ပါ သည်။ ။

http://bit.ly/ZuC9o3

ဒီနေရာမှကူးယူမျှဝေပါသည်။ 

သင်က တကယ် အသက်ရှည်ကျန်းမာမယ့်သူလား



အိမ်အကူ မရှိလျှင်

အိမ်သန့်ရှင်းရေးလုပ်တာ၊ ဖုန်သုတ် တာ၊ ပြတင်းပေါက်တွေ ဆေးတာတို့ကို တစ်နာရီကျော်ကြာ လုပ်တာကြောင့် ၂၈၅ ကယ်လိုရီလောင်ကျွမ်းစေနိုင်တဲ့အပြင် စောစော သေဆုံးနိုင်ခြေကို ၃ဝ ရာခိုင်
နှုန်းလျော့ကျစေပါတယ်။

ဆယ်ကျော်သက်အရွယ်က ကျန်းမာရေး နှင့်ညီညွတ်သော ကိုယ်အလေးချိန် ရှိခဲ့လျှင်

ကလေးကျန်းမာ ရေးဂျာနယ်ကမွေးဖွားစဉ်မှ အသက် ၂၈ နှစ်အထိ အာဖရိက-အမေရိကန်လူမျိုး ၁၃၇ဦးကို လေ့လာခဲ့ရာ အသက် ၁၄ နှစ်အရွယ်မှာ ကိုယ်အလေးချိန်များနေသူတွေက အရွှယ်ရောက်လာချန်မှာအမျိုး အစား(၂)
ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များကြောင်း သိရ ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ရောဂါ မရှိသူတွေ ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂-၄ဆ ပိုများကြောင်း အမေရိကန် နှလုံး ကျန်းမာရေးအဖွဲ့အစည်းက ဆိုပါတယ်။

ဘွဲ့ရပညာတတ်ဖြစ်လျှင်

ဟားဗတ်ဆေးကျောင်းရဲ့ လတ်တ လောလေ့လာမှုတစ်ရပ်အရ ၁၂နှစ်ကျော် ကြာတဲ့ အထိ ကျောင်းပညာသင်ခဲ့ရသူတွေ (ကောလိပ်ကို တစ်နှစ်ပဲတက်ခဲ့ရင်တောင်) ဟာ ကျောင်းတက်နှစ် လျော့နည်းသူတွေ ထက် လူ့သက်တမ်း ၁၈ လပိုရှည် ရှည်နေရကြောင်း သိရပါတယ်။ ပညာပို တတ်လေလေ၊ ဆေးလိပ်စွဲနိုင်ခြေ လျော့ နည်းလေလေ ဖြစ်လို့ပါ။ ဘွဲ့ရတဲ့ အရွယ် ရောက်သူ ၁ဝ ရာခိုင်နှုန်းကသာ ဆေးလိပ်သောက်ဖြစ်ကြပြီး ပညာသင်ယူမှု နည်းသူ ၃၅ ရာခိုင်နှုန်းကတော့ ဆေးလိပ် သောက်ဖြစ်ကြကြောင်း ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။

သင့်သူငယ်ချင်းများကို ချစ်ခင်လေးစားမှု ရှိလျှင်

''ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံ ရေးစနစ်ရှိတာက စိတ်ဖိစီးမှုကို တွန်းလှန် နိုင်တဲ့ အရာပါ''လို့ ဆိုက်ဒါခရက်စ်ကော လိပ်က စိတ်ပညာတွဲဖက်ပါမောက္ခ မီကန် က ဆိုပါတယ်။ သင်နဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကို သင်က ရင်းနှီးကျွမ်းဝင် မှု ရှိတယ် ဆိုရင် သင့်ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်သလို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင် ရာ အားပေးမှုတွေလည်း လုပ်ဆောင်ပေး
နိုင်ပါတယ်။ တကယ်လို့ ရင်ဖွင့်စရာ မိတ် ဆွေမရှိဘဲ နာတာရှည်စိတ်ဖိစီးမှု ရှိနေ ရင် ကိုယ်ခံစွမ်းအားစနစ်ကို အားနည်း စေပြီး ဆဲလ်တွေကို မြန်မြန်အိုမင်းလွယ် စေကာ ဘဝသက်တမ်းကို ၄-၈ နှစ်ကြာ တိုတောင်းသွားစေပါတယ်။ သင်ရဲ့ စိတဖိစီးမှုတွေ လျော့ပါးသက်သာသွားစေဖို့ သင် ပြောသမျှ နားထောင်ပေးမယ့် မိတ်ဆွေ သူငယ်ချင်းတွေ လိုအပ်နေပါတယ်။


အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းများက ကျန်းမာရေးကောင်းမွန်လျှင်

သင်ရဲ့ အခင်မင်ဆုံးမိတ်ဆွေ သူငယ်ချင်းတွေက ကိုယ်အလေးချိန်မြင့် တက်နေရင် သင့်အနေနဲ့ ကိုယ်အလေး ချိန်မြင့်တက်နိုင်ခြေ ၅၇ ရာခိုင်နှုန်းရှိပါ တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှုပုံစံကို တည်ဆောက်နိုင်ဖို့ စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းတွေနဲ့ ပေါင်း ဖော်သင့်ပါတယ်။ သူငယ်ချင်းနဲ့အတူ ကိုယ်အလေးချိန်လျော့ကျစေဖို့ အားက စားခန်းမကို သွားပါ ဒါမှမဟုတ် လမ်းအ တူလျှောက်ပါ။

စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်လွှား နိုင်လျှင်

ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိတယ်လို့ သိနားလည်သူတွေက အရာရာကို အစီအစဉ်တကျဆောင်ရွက်နိုင်ပြီး တခြားသူတွေထက် အယ်လ်ဇိုင်း မားရောဂါဖြစ် နိုင်ခြေ ၈၉ ရာခိုင်နှုန်းနဲ့အထက် လျော့ကျနိုင်ပါတယ်။

အလုပ်သစ်တွေကို စိန် ခေါ်ရင်း ကျော်လွှားနိုင်အောင် ကြိုးစား ရတာကြောင့် ဦးနှောက်စွမ်းအားကို ပိုပြီး
အသုံးချဖြစ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
တစ်ချိန်မှာ တွေ့ဆုံလာနိုင် တဲ့ စိန်ခေါ်မှုတွေကို ပန်းတိုင်တစ်ခု ချ မှတ်ပြီး လုပ်ဆောင်ပါ။ ဦးနှောက်ကို လှုံ့
ဆော်နိုင်တဲ့ အရာတွေကို ချမှတ်ဆောင် ရွက်ပါ။

ဇွန်


Good Health

ဒီနေရာမှကူးယူမျှဝေပါသည်။ 

လမ်းမတော် ဖိုးတုတ် အကြောင်း

ကိုလိုနီခေတ် က ကုလားလူမိုက်တွေနဲ့ ပြိုင်ပီး မိုက်ခဲ့တဲ့ မြန်မာလူမိုက် လမ်းမတော် ဖိုးတုတ်

(PDF ဖိုင်အခက်အခဲကြောင့်...မဖတ်ရသူများကို တောင်းပန်အပ်ပါသည်..
အပိုင်းများခွဲ၍ ဆက်လက်ဖော်ပြပါမည်)

ဒုတိယကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျားတွင် ရေပန်းစားအပြောများခဲ့သည့် လူပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့သည်။

သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့်လုပ်ရပ်များလုပ်ခဲ့သူတစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလအလျောက် ထူးခြားသော သူ၏လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏အမည်နာမမှာ ဟိန်းထွက် ကျော်ဇောလို့ လာသည်။

သူ၏လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ်ဘက်သို့ အလေးမသာသည့်အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသောလည်း နာမည်မကောင်း။

ကောင်းသောနှင့် ကျော်ကြားထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ်ထင်သော ကျော်ကြားခြင်းသည် နှစ်လိုဖွယ်မဟုတ်ပေ။

ကောင်းသတင်းနှင့်ကျော်ဇောထင်ရှားသူမှာ အသတ်သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင်ကတည်းက နာမည်သေသည်။ ကောင်းသောပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..

ခေတ်ရေစီကြောင်း အခြေအနေအရသူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။

ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်းရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင်ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။

နှာခေါင်းရှုံ့ရဲသူမရှိ။ မဲ့ရိပ် ထင်ရာသူမရှိ။

နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။

သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။

ခေတ်ရေစီးကြောင်းအခြေအနေအရ စီးပွားရေးအချက်အချာကျသည့်နယ်မြေကြီးတစ်ခုလုံးမှာ သူ၏စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။

ရန်ကုန်မြို့၏ အုပ်ချုပ်ရေးနယ်ပယ်ကို တရားဝင်အုပ်ချုပ်နေသည့် ပုလိပ်အဖွဲ့ကြီးရှိသော်လည်း ပုလိပ်အဖွဲ့ကြီး၏ သြဇာသက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။

ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့်အညီ အုပ်ချုပ်သည်။

သူက ဥပဒေကို မျက်နှာလွှဲခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်းခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။

ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန်အလယ်ပိုင်းကို ပုလိပ်အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုးကိုင်တွယ်ထားသည်။ နယ်စားပယ်စားလုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များအုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ်တစ်ခေတ် ထွန်းကားခဲ့သည်။

လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။

လူမိုက်ကို ကြားခံအဖြစ်ထား၍ လူလူချင်း ဗိုလ်ကျစိုးမိုးသည့် စနစ်ကို ဖန်တီးပေးခဲ့သည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။

ဒါ့ကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စားရထားသူတို့နှယ် စိုးမိုးချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလတလျှောက်လုံး ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ လမ်းမတော်ဖိုးတုတ်၏ ကျော်ဇောသတင်းမှာ လျှမ်းလျှမ်းတောက်ခဲ့ခြင်းဖြစ်၏။

လမ်းမတော်ဖိုးတုတ်က တပည့်အသိုင်းအ၀ိုင်း အားကိုးနှင့် မိုက်သူ မဟုတ်။

သူကိုယ်တိုင်လည် လုပ်ရဲ ကိုင်ရဲ သတ္တိရှိသည်။

တပည့်တပန်းအသိုင်းအ၀ိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။

သြဇာညောင်းအောင်လည်း အကိုင်အတွယ် ကျင်လည်သည်။

မလှုပ်ရဲ၊ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။

ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရာတွင် အထာကျွမ်းသည်။

အချိုကြိုက်သူ အချို၊ အချဉ် ကြိုက်သူ အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။

ဘာကြိုက် သူဖြစ်သည်ကို အကဲဖမ်းကျွမ်းသလို အကြိုက်ကိုလည်း ပေးစွမ်းနိုင်သည်။

ငွေရေး ကြေးရေး အပေးအကမ်းလည်း ရက်ရောသည်။

အဲဒီအရည်အချင်းတွေကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ လူမိုက်သတ်တမ်းရှည်ကြာခဲ့ခြင်းဖြစ်၏။

လူမိုက်ခေတ်အစ၊ မတ်စတီးခန်းမန်မဆာတို့က ဟု ဆိုစမှတ်ပြုရအောင် ရန်ကုန်မြို့၏ လူမိုက်စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။

မြန်မာလူမိုက်ခေတ်မရောက်မီက ကုလားလူမိုက်ခေတ်။

ထိုစဉ်ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေနည်းသည်။

ကုလားနှင့်တရုတ်များသာ အနေများသည်။

မြန်မာလူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော ထိုထိုကာလ မြို့ဆင်ခြေဖုံးဟု ဆိုရမည်သော ရပ်ကွက်များတွင်သာ အနေများသည်။

အဓိကစီးပွားရေးလုပ်ငန်းများမှာလည်း ကုလားနှင့်တရုတ်တို့လက်ထဲတွင်ရှိသည်။

အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေးလုပ်ငန်း အတော်များများကို စိုးမိုးချုပ်ကိုင်ထားသည်။

ကုလားလူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့်သူတို့လူမျိုးများကို မြန်မာလူမျိုးများ၏အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြန်မာလူမျိုးများ သူတို့နယ်မြေထဲသို့ ၀င်ရောက်ဗိုလ်မကျစေရန် ရည်ရွယ်ချက်ဖြင့် ကုလားလူမိုက်ခေတ်ကို ထူထောင်ခဲ့ကြသည်။

ကျော်ဇောထင်ရှားသည့်ကုလားလူမိုက် ခေါင်းဆောင်မှာ မတ်စတီးခန်း။

လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။

ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့တို့၏အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းတွင် ၀င်ဆန့်သူဖြစ်သည်။

ရန်ကုန်ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။

မက်စတီးခန်းက စတီးဘရားသားနှင့်ဆက်နွယ်သည့် စပါးအရောင်းအ၀ယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ။

စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီ များ ပိုင်ဆိုင်သူ။

ကမာရွတ်တွင်ရှိသည့် မတ်စတီးဈေးကြီးကို ပိုင်ဆိုင်သူ။

ကြည့်မြင်တိုင် ဈေးကြီးလမ်းဟု အစွဲပြုခေါ်ဝေါ်ရသည့် စူရတီဘဇားဈေးကြီး၏အစုရှယ်ယာ ပိုင်ရှင်။

အစဦးပိုင်းက သူ၏လုပ်ငန်းများကို အကာအကွယ်ရဖို့အတွက် ကုလားလူမိုက်များကို လက်သပ်မွေးထားခဲ့သည်။

ထိုမှ တစ်စတစ်စ တပည့်တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် သြဇာသက်ရောက်မှုကို မိန့်မောလာသည်။

ကုလားသူဌေးများထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏အကူအညီကို ရယူလာကြရသည်။

နေရာတကာမှာ ၀င်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာမိန့်မောလာသည်။ တကယ်တော့ သူက ကိုယ်တိုင်လုပ်ရဲ၊ ကိုင်ရဲ သတ္တိကောင်း၍ ထင်ပေါ်လာသူဖြစ်လာသည် မဟုတ်။

တပည့်တပန်း အသိုင်းအ၀ိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူအပိုင်းအထိ ၀င်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။

စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေးအထိ သူ့ပိုင်နက်နယ်မြေဖြစ်လာသည်

သူကြီးစိုးထားသည့် နယ်ပယ်အဖြစ် ထင်ရှားလာသည်။ မတ်စတီးခန်း၏ အရှိန်အ၀ါမှာလည်း တောက်ထင်လာသည်။ သူ၏ အမည်မှာ အကျော်ဒေးယျ ဖြစ်လာသည်။

အုပ်စိုးသည့်အင်္ဂလိပ်တို့က သူတို့၏စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ ပေးထားသည့်လမ်းအမည်သည်ပင် သူ၏အမည်နှင့်အစားထိုးအသိအမှတ်ပြုခံလာရသည်။

အင်္ဂလိပ်တို့ပေးထားသည့် လမ်းအမည် "စတင်းမောင်ထော်လေးလမ်း"

နောက်ပိုင်း လူအများ၏အသိအမှတ်ပြု ခေါ်ဝေါ်လာသည့်လမ်းအမည်မှာ "မတ်စတီးလမ်း "

သူနေထိုင်သည့်လမ်းကို သူ၏အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည့်အထိ သူ၏အရှိန်အ၀ါ တောက်ထည်လာသည်။

သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်းဇာတ်ကားတွင်ပါဝင်သည့် ရွှေဦးထုပ်မျိုးကို သူက အဲ့ဒီကတည်းက ဆောင်းခံသူပါ။

တကယ် ဟုတ် မဟုတ်ဆိုသည်ကိုတော့ အတိအကျ မပြောနိုင်။

ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ်စကား ဖြစ်တည်ခဲ့သည်။

သူညနေဘက် လေညင်းခံထွက်သည့်အခါ မြင်းလေးကောင်တပ်ဒေါက်တပ်ရထားကြီးစီး၍ လေညင်းခံထွက်သည်။

ထိုခေတ်က မော်တော်ကားစီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်ကပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ်ဒေါက်တပ်က ပို၍ စရိတ်က ကြီးမြင့်သည်။

လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။

သူ၏ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း၊ ဥရောပတိုက်သားတို့၏ ခန့်ထည်သော ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း ၀တ်စားဆင်ယင်ပြီး မောင်းရသည်။

ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ်စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည်ကို အထူးပြောစရာမလိုအောင် ထည်ဝါနေလိမ့်မသည်သာပါ။

တစ်ခါတရံ အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကို ပတ်၍လည်း လေညှင်းခံတတ်လေ့ရှိသည်။

လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ တောင်းမှာအကွပ်၊ လူမှာ အ၀တ် ဆိုရိုးစကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ်အဆင့်၊ ထိုထက်သာလွန်၍ ရွှေဖလားကို စိန်နားကွပ်သူပါ။

မတ်စတီးခန်းနှင့်ခေတ်ပြိုင်လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။

မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အ၀ါကြီးသော်လည်း ရန်ကုန်အရှေ့ပိုင်းမှာ သူကလည်း တစ်ဗိုလ်တစ်မင်း လုပ်နေနိုင်သူဖြစ်၏။

သော်မဆင်မှာ တိုက်တာနှင့်အကျအန နေသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံးအများအပြား ပိုင်ဆိုင်သည်။

ခေတ်အခါလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလတစ်ထောင်မှာ အငှားချထားသည့် တိုက်တာအိမ်ခြေများ ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံးလုပ်ငန်းအတွက် တပည့်လူမိုက်မွေးရင်းကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင်ဖြစ်လာသူ

မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာဆိုသည့် နာမည် အသိအမှတ်ပြုခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော်ဖိုးတုတ်လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန်တို့ မန်မဆာတို့နှင့်ဆက်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။ ကုလားလူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်းတင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ်က မခံချင်။ မြန်မာလူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့်ရနေတာလား။

မြန်မာလူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာဘဲ နယ်ကျဉ်းခံပြီး နေနေတာ သူတို့အရှိန်အ၀ါကို ကြောက်လို့လား။

မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။

လမ်းမတော်ဖိုးတုတ်က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓါတ်အခြေခံနှင့် လူမိုက်လောကထဲသို့ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း၏ ညာလက်ရုံးနာမည်ကြီး ကုလားလူမိုက် တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီးဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီကတည်းက လူမိုက်အဖြစ် ကြီးစိုးနေသူ။

နောက်ပိုင်း မတ်စတီးခန်းက လက်ရုံးတပည့်အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏အရှိန်အ၀ါနှင့် ပို၍ ဇက်ရဲ လက်ရဲ ဗိုလ်ကျစိုးမိုးလာသည်။

ကိုဖိုးတုတ်က နောင်သူ့တပည့်ဖြစ်လာသူ သောင်းတင်ဆိုသူနှင့် နှစ်ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်းသို့ ၀င်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက် သားလောက်ဖြစ်အောင် နှက်ခဲ့သည်။

မာမွတ်က သူ့ကို ဘယ်သူဝင်နှက်သွားမှန်းပင် မသိလိုက်။ ကိုဖိုးတုတ်ကလည်း နာမည်မခံ။ ခံလို့လည်း မဖြစ်။ မတ်စတီးခန်းက ပုလိပ်အဖွဲ့အပေါ် သြဇာသက်ရောက်မှ ရှိနေသောကြောင့် နာမည်မခံရဲ။

ထို့ကြောင့် . . .

ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသိုသိပ်သိပ် ပိပိရိရိ လုပ်ခဲ့ခြင်းဖြစ်၏။

ခံလှည့်မရှိ။

လုပ်လှည့်သာရှိခဲ့သည့် မာမွတ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ဖျားသွားသည်။

ဗိုလ်ကျသည့် ထီမထင်လုပ်ရပ်များ အရှိန်တန့်သွားသည်။

လမ်းမတော်ဖိုးတုတ်က သည်နည်းဖြင့် သူတို့အုပ်စုဝင် လူမိုက်များက တစ်ယောက်ပြီးတစ်ယောက် ဖြိုခဲ့သည်။


credit :Kyaw Mya Than
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ


ဒီနေရာမှကူးယူမျှဝေပါသည်။ 

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ



၁။ ဝိုင်

ဝိုင်နီဟာ အက်စစ် ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။

၂။ လက်ဖက်ရည်

ဝိုင်လိုပဲ သွားတွေကို အရောင် စွန်းစေတဲ့ Tannins တွေ ပါဝင်ပါတယ်။ ကော်ဖီတွေဟာ Tochromogen ပါဝင်မှုမြင့်ပေမယ့် သွားကို အရောင်စွန်း စေတဲ့ Tannin ပါဝင်မှု ကတော့ နည်းတဲ့အတွက် လက်ဖက်ရည် သောက်တဲ့ သူတွေရဲ့ သွားဟာ ကော်ဖီသောက်သူတွေ ထက် ပိုပြီး အရောင် စွန်းနိုင်ပါတယ်။
၃။ ကိုလာ

အက်စစ် သဘာဝများပြီး Chromogen များစွာပါတဲ့ ကိုလာဟာ သွားတွေကို သိသိသာသာ အရောင်စွန်း စေပါတယ်။ အရောင်ဖျော့တဲ့ တခြားအအေး (Soft Drink) တွေဟာလည်း အက်စစ်သဘာဝရှိပြီး တခြား အစားအစာ တွေကြောင့် သွားတွေ အရောင် စွန်းရအောင် ကူညီ ပေးပါတယ်။ ခုံပေါ်မှာ အအေးဘူး တင်ထားလေ့ရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အရောင်စွန်း လွယ်ပါတယ်။

၎။ ပြင်းသော အချိုရည်

အက်စစ် ပါဝင်မှု ပိုများတဲ့ ရှတတ အချိုရည်တွေဟာ သွားတွေရဲ့ ကြွေလွှာကို ဖျက်ဆီးပစ်ပြီး သွားတွေကို အရောင် စွန်းထင်း လွယ်စေပါတယ်။

၅။ ဘယ်ရီသီးများ

ဘလူး ဘယ်ရီသီး၊ ခရမ်းဘယ်ရီသီး၊ ချယ်ရီ၊ စပျစ်သီး အပါအဝင်၊ အရောင်သိသာတဲ့ အသီးတွေ၊ ဖျော်ရည်၊ မုန့်တို့ဟာ သွားကို အရောင်စွန်း စေပါတယ်။

၆။ ဆော့

ပဲငံပြာရည်၊ ခရမ်းချဉ်သီး sauce၊ Curry Sauce အပါအဝင် တခြား အရောင်ရင့်တဲ့ Sauce တွေဟာ သွားကို အန္တရာယ် ဖြစ်စေပါတယ်။

၇။ အချို

အချို၊ သကြားလုံး၊ ပီကေ စတာတွေမှာ သွားကို အရောင်စွန်းထင်းစေတဲ့ အရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါတွေကို စားပြီးလို့ လျှာလေးဟာ အရောင်စုံ ဖြစ်နေပြီ ဆိုရင်တော့ သင့်ရဲ့ သွားလည်း မကြာခင် ဒီလိုမျိုး ဖြစ်လာ ပါလိမ့်မယ်။ အမြဲတမ်း စားနေတဲ့သူ မဟုတ်ရင်တော့ ဒီပြဿနာကို သိပ်ပြီး ကြီးကြီးကျယ်ကျယ် ခံစားရမှာ မဟုတ်ပါဘူး။

ဒီပြဿနာ တွေကို ရှောင်ကြဉ်ဖို့ အတွက်ဆိုရင်. . .

(၁) ပိုက်ကိုအသုံးပြုပါ

ပိုက်ကနေ တစ်ဆင့် စုပ်သောက်ရင် သွားတွေ အရောင်စွန်းတာကို ထိန်းချုပ် နိုင်ပါလိမ့်မယ်။ ပိုက်က သောက်တာကြောင့် သွားနဲ့ အရည်ထိတွေ့မှု နည်းသွားပါတယ်။ ဝိုင်၊ ကော်ဖီပူပူ တို့ကို ပိုက်နဲ့စုပ်သောက်ဖို့ စိတ်မပါပေမယ့် အအေး၊ ဖျော်ရည်၊ ကော်ဖီအေး၊ ကိုလာ တို့ကိုတော့ ပိုက်နဲ့ သောက်သင့်ပါတယ်။

(၂) ချက်ချင်း မျိုချပါ

သွားကို အရောင်ထင်းစေတဲ့ အအေးတွေ၊ အစားအစာတွေကို ချက်ချင်း မျိုချတာကလည်း ကူညီ နိုင်ပါတယ်။ ဒါပေမယ့် မမျိုချခင် သေသေချာချာ ဝါးဖို့တော့ လိုပါတယ်။ အစားအစာ တွေကို ပါးစပ်ထဲ အကြာကြီး ငုံထားတာမျိုးကို ရှောင်သင့်ပါတယ်။

(၃) ပလုတ်ကျင်းပါ

အစာစားပြီးတိုင်း သွားတိုက် ဖို့ဆိုတာ သိပ်အဆင် မပြေပါဘူး။ ဒါပေမယ့် သွားတွေရဲ့ ကြွေလွှာဟာ အစာ စားပြီးလို့ မိနစ် ၃၀ လောက် ကြာတဲ့အထိ သွားတွေကို ကာကွယ် ပေးထား ပါတယ်။ ဒါကြောင့် အရင်ဆုံး ရေနဲ့ ပလုတ်ကျင်းထားပြီး နောက်မှ သွားတိုက်ပါ။

http://www.facebook.com/photo.php?fbid=398600206904483&set=a.351047714993066.76

ရခိုင်ရိုးရာသံချပ်ပြိုင်ပွဲနှင့် နံ့သာသွေးပွဲတော်ကို မြောက်ဦးမြို့လုံးကျွတ် ကျင်းပမည်



နှစ်ပေါင်းများစွာ တိမ်ကော ပျောက်ကွယ်နေခဲ့သည့် ရခိုင်ရိုးရာသံချပ်ပွဲတော်အား ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် မြို့လုံးကျွတ်ဆိုင်ရာ ရခိုင်ရိုးရာသံချပ်ပြိုင်ပွဲနှင့် နံ့သာသွေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အခုလိုသံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရတာဟာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက သင်္ကြန်မှာ သံချပ်ထိုးတာဟာ ရခိုင်ရိုးရာ ပျော်ပွဲရွှင်ပွဲတစ်ခုပါ။ ပြီးတော့ ဒီရိုးရာဟာ ခုမှစတင်ပြီးလုပ်တာမဟုတ်ပါဘူး။ ရခိုင်ဘုရင်ခေတ်ကတည်းက ကျင်းပတဲ့ရိုးရာအစဉ်လာတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်က ဒီရိုးရာဟာ တိမ်ကော ပျော်က်ကွယ်နေခဲ့တာကြာပါပြီိ။ အခက်အခဲအမျိုးမျိုးကြောင့်ပေါ့။ အဲဒါတွေအားလုံးဟာ ဒီကနေ့အချိန်မှာ ပြန်လည် ဖေါ်ထုတ်သင့်ပြီလို့ထင်တဲ့အတွက် အခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ " ဟု သံချပ်ပြိုင်ပွဲဖြစ်မြောက်ရန် ဦးဆောင်ပြုလုပ်နေသူ ကိုကျော်စိန်သန်းက ပြောသည်။


နံ့သာသွေးပွဲကို ဧပြီလတွင် ကျရောက်မည့် ရိုးရာသင်္ကြန် ရက်များဖြစ်သည့် (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ကာ ဘုရားရေသပ္ပာယ်ပြီး (၁၄)ရက်နေ့မှ မြန်မာနှစ်ဆန်း (၁)ရက်နေ့ထီ သံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


၎င်းပွဲတော်ကို မြောက်ဦးမြို့ အားကစားကွင်းဟောင်းဖြစ်သည့် နန်းတော်ကုန်း တတိယအထပ်တွင် ကျင်းပမည့်ဖြစ်ပြီး ဆုများကိုလည်း ထိုက်ထိုက်တန်တန် ပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သည့်နေရာမည်သည့် မြို့ကမဆို လွတ်လပ်စွာပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။


အဆိုပါ သံချပ်ပြိုင်ပွဲကို ရိုးရာဟန်မပျက် ပြန်လည်ဖေါ်ထုတ်ရန်အတွက် ငွေကြေးလုံလောက်မှု အားနည်းနေသည့်အတွက် အလှူငွေများ လှူဒါန်းနိုင်ကြောင်းနှင့် လှူငွေများလှူဒါန်းလိုပါက (ကိုနှင်းထွန်းတိုး-09 41000 184)၊ (ဆရာဦးမောင်ကျော်ဇော- 09 492 175 3171) ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။


Share Arakan News

http://www.facebook.com/photo.php?fbid=398649460232891&set=a.351047714993066.76

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှင် ၁၀၀ ကျော် အလှူပွဲ မြန်မာပြည်လို စည်စည်ကားကား ကျင်းပ


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ဟာ တချိန်က ရှမ်းတိုင်းရင်းသားတွေ စုဝေး နေထိုင်ခဲ့ကြတဲ့ ဇင်းမယ်မြို့ လို့လည်း ခေါ်ကြပါတယ်။ ဒါကြောင့်ဘဲ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသား အများဆုံး စုဝေး တဲ့ နေရာလို့ ပြောရမလားပါဘဲ။ 
ရှင် ၁၀၀ ကျော် ရှမ်းရိုးရာ ရှင်ပြု အလှူပွဲ၊ ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ) ~

ရှမ်းတိုင်းရင်းသားတွေရဲ့ အဆိုတွေအမျိုးမျိုး ရှိကြတဲ့အထဲက တခုဖြစ်တာကတော့ သံစဉ်လေးနဲ့မို့ အမှတ်ရနေကြမယ် ထင်ပါတယ်။ 

"တမူးရလို့ တပဲလှူ တို့ ရှမ်းတောင်သူ လှူနိုင်ရိုးလား" ဆိုတဲ့ စကားအတိုင်း ရှမ်းတိုင်းရင်းသားတွေရဲ့ အလှူပွဲဆိုတာ တကယ်ပဲ အံ့သြဖွယ်ပါ။ 

မတ်လ ၂၈၊ ၂၉၊ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်တ၀ိုက် မြန်မာနိုင်ငံက ရောက်ရှိလာကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ရှင် ၁၀၀ ကျော် ရှင်သာမဏေ ပြု အလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပါ တယ်။ 

မကြာခင် ရှင်သာမဏေ ဖြစ်တော့မယ့် မောင်ရှင်လောင်း လေးတွေကို ရှမ်းအမျိုးသားတွေက ပုခုံးပေါ် ထမ်းပြီး အလှူလှည့်ကြပါတယ်။ ရှမ်းအိုးစည်၊ မောင်သံတွေနဲ့  ရှမ်းရနံ့တို့ သင်းပျံ့နေတဲ့ အချိန်ကာလ ပါဘဲ။  
 ဒီလို က ခုန် ပျော်မြူးရင်း ရှင်လောင်းလှည့်ကြတယ်
ပုခုံးပေါ်က မောင်ရှင်လောင်း
အထမ်းနဲ့ ပင့်လာရတဲ့ မောင်ရှင်လောင်း
 နေကာမျက်မှန်နဲ့ မောင်ရှင်လောင်း
အိုးစည်နဲ့ မောင်သံတွေကြားမှာ စည်းချက်ညီ သိုင်းကွက်နင်းနေကြစဉ်
 ဒီလို ပြင်ဆင်ထားတဲ့ အထမ်းနဲ့ မောင်ရှင်လောင်းလည်းပါတယ်
 ပူလွန်းအိုက်လွန်းလို့ ရှင်လောင်းလည်း ယပ်တောင်ခပ်နေရတယ်
 မင်းတရားကြီးအလား မောင်ရှင်လောင်း ၀၀ ဖိုင့်ဖိုင်က လည်း အထမ်းနဲ့
 တပတ်ပြီး တပတ် ရှင်လောင်းလှည့်ရင်း မောပန်းလာတော့ ဒီရှင်လောင်းကတော့ ဘယ်လိုမှ မနိုင်တော့လို့ အိပ်ပျော်သွားတယ်။
 ကိုယ့် မောင်ရှင်လောင်းတွေအတွက် သူ့ မဏ္ဍပ်နဲ့သူ၊ ဧည့်သည်ကိုလည်း မဏ္ဍပ်တွေက ဧည့်ခံသေးတယ်။ မနက်ထမင်း၊ ဟင်း၊ ည ထမင်း၊ ဟင်း ကျွေးတယ်
  မြိုင်မြိုင်ဆိုင်ဆိုင် ရှမ်းအိုစည်သံတွေနဲ့ ရှမ်းတို့ ရိုးရာ ရှင်လောင်လှည့်ပွဲ 
 ရှင်လောင်းလှည့်အပြီး မောပန်းလို့၊  ရေချိုးပြီး အပြန်
 မောင်ရှင်လောင်းအား အဆင့်ဆင့် ပြင်ဆင် ၀တ်စားဆင်ယင်ပေးနေပုံ
ရှမ်း တို့ ရိုးရာ ရှမ်း ရှင်ပြုပွဲ ရုပ်သံကိုလည်း ဧရာဝတီက တင်ဆက်ထားပါတယ်။ 
 
မှ
နွေည(ခေတ္တထိုင်း)
31/3/2013
Related Posts Plugin for WordPress, Blogger...