စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ထောင်မပြုခင် ကိုယ့်ချစ်သူနဲ့တစ်ဘ၀လုံး လက်တွဲဖို့ ဖြစ်နိုင် မဖြစ်နိုင်

ကယ်ဆယ်ရေး သွားမယ့်သူများ အတွက်






ဒီ post က ကယ်ဆယ်ရေး သွားမယ့်သူတွေ အတွက်ပါ။ ပထမဆုံး စပြောချင်တာက ဒီ Post ကို ဆရာ လုပ်ချင်တဲ့ သဘောနဲ့ ရေးတာ မဟုတ်တဲ့အတွက် မလိုအပ်ဘူးထင်ရင် ကျော်သွားနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ တစ်ကယ် ကယ်ဆယ်ရေး ကိုယ်တိုင် သွားလှူမယ့် သူများ အတွက် လိုအပ်တာတွေကို ရည်ရွယ် ရေးပေးတာဖြစ်ပါတယ်။

ပထမဆုံး ပြင်ဆင်သွားရမှာက သွားမယ့် နေရာဖြစ်ပါတယ်။ ကိုယ်သွားမယ့် နေရာက အန္တရာယ် မရှိတဲ့ နေရာဆိုရင် ပြသနာ မရှိပါ။ ရေတွေ ပတ်လည် ၀ိုင်းနေတဲ့နေရာ အန္တရာယ် ရှိနိုင်မယ့် နေရာဆိုရင် ကျွန်တော် ပြောတာတွေ လိုလာမှာဖြစ်သလို ယူသွားသင့် ယူသွားရမယ့် ပစ္စည်းတွေ ရှိလာနိုင်ပါတယ်။
ပထမဆုံး အနေနဲ့ ကိုယ် ကယ်ဆယ်ရေး သွားမယ့် နေရာ မြို့ သို့မဟုတ် ရွာ ရဲ့ မြေပုံ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကြိုတင် သိထားရပါ့မယ်။ phone ထဲ ထည့်သွားရင်လဲ ရပါတယ်။
နောက်တစ်ခုက သံလိုက်အိမ်မြှောင် ဖြစ်ပါတယ်။ ဒါမှ ရုတ်တရက် မှောင်နေတဲ့ အချိန်များဆိုရင် ကိုယ် ဘယ်ရောက်နေတယ် ဘယ်ကို သွားရမယ်ဆိုတာ သိမှာပါ။

နောက်တစ်ခုက လက်နှိပ်ဓါတ်မီးပါ။ လက်နှိပ်ဓါတ်မီး ဆိုတဲ့နေရာမှာ LED ဓါတ်မီးတွေထက်စာရင် လေးထောင့်ထိုး ဓါတ်ခဲ ဓါတ်မီးတွေက အကောင်းဆုံးပါ။
နောက်တစ်ခုက Life Jacket (အသက်ကယ် အင်္ကျီးဝတ်စုံ) ဖြစ်ပါတယ်။ ကိုယ်သွားမယ့် နေရာမှာ ရင်ခေါင်းလောက် ရှိတဲ့ ရေတွေ တစ်ရပ်ကျော်တဲ့ ရေတွေရှိရင် ယူကို ယူသွားရမယ့် အရာ ဖြစ်ပါတယ်။
နောက်တစ်ခုက ၀ီစီ ဖြစ်ပါတယ်။ တစ်နေရာမှ တစ်နေရာ အချက်ပြနိုင်ရန် သို့မဟုတ် အကူအညီ တောင်းခံဖို့ အတွက်ပါ။

နောက်တစ်ခုက တောတွင်းစီး လည်ရှည် ဖိနပ်တွေ ဖြစ်ပါတယ်။ လမ်းမှာရှိတဲ့ ဆူး ညှောင့် မြွေစတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက်ပါ။

လမ်းပြမြေပုံ/ သံလိုက်အိမ်မြှောင်/ လက်နှိပ်ဓါတ်မီး/ အသက်ကယ် အင်္ကျီးဝတ်စုံ/ ၀ီစီ/ လည်ရှည်ဖိနပ် စုံရင် နောက်တစ်ဆင့် တက်ပါ့မယ်။

ကိုယ်ဘာတွေယူသွားမှာလဲ ?
ကိုယ်ဘာနဲ့သွားမှာလဲ ?

ကိုယ် ဘာတွေ ယူသွားမှာလဲ ဆိုတဲ့ နေရာမှာ လှူဖို့ ပစ္စည်းတွေ အစားအသောက် အ၀တ်အစား ဆေးဝါး စသဖြင့် ကိုယ်ယူမည့်ပစ္စည်းတွေနဲ့ အလေးချိန်ကို တွက်ပါ။ ဒါမှ ကိုယ်ဘာနဲ့ သွားမှာလဲဆိုတာ စဉ်းစားလို့ ရနိုင်မှာပါ။

စထွက်မယ့် နေရာကနေ လှူမယ့် နေရာထိ ကားစင်းလုံး ငှားထားနိုင်ရင်တော့ ပြသနာ မရှိပါ။ ဒါမှမဟုတ်ဘဲ တစ်နေရာကနေ တစ်နေရာကို ပစ္စည်းပြောင်းပြီး သယ်ဖို့ ရှိနေရင်တော့ မဖြစ်မနေ ကြိုစီစဉ်ထားဖို့ လိုပါတယ်။

ပြီးရင်တော့ ခရီးစဉ် ဆွဲဖို့ပါ။ ဘယ်ကနေ စထွက်မယ် ဘယ်နေရာကို သွားမယ် စသဖြင့် ပြီးတော့ ဟိုကိုရောက်ရင် ဘယ်သူနဲ့ ဆက်သွယ်ရမယ် ဘာလုပ်ကြရမယ် နောက်ဆုံးထိပါ ပါတယ်။
မဖြစ်မနေ လိုအပ်တာကတော့ တစ်ရက်တည်း တစ်ညတည်း ပြီးတဲ့ ခရီးစဉ် မဟုတ်ရင်တော့ တည်းခိုဖို့ နေရာ ကြိုရှာထား စီစဉ်ထားဖို့ပါပဲ။ ကိုယ်သွားမယ့်နေရာ ဘုန်းကြီးကျောင်းတွေ ဘာတွေ မှာ ကိုယ်တည်းဖို့ မဆင်မပြေကြဘူး မနေသင့်ဘူးဆိုတာ ကြိုတင် တွက်ဆ စီစဉ်ထားပါ။ ရေဘေး မုန်တိုင်းဘေး ခိုတဲ့သူတွေနဲ့တင် ပြည့်နေကြတာပါ။ မြို့ခံ ကယ်ဆယ်ရေး လုပ်နေသူများ ကူညီနေသူများထံ ကြိုတင် ဆက်သွယ်ပြီးမှ ထွက်သင့်ပါတယ်။

နောက်တစ်ခုက ထွက်လာချိန်မှာ ရည်မှန်းချက် မပျက်ဖို့ မပျောက်ဖို့ပါ။ ဆိုလိုတာက ကိုယ်က ဒီနေရာသွားမယ် ဆိုပြီးထွက်လာ ပြီးတော့မှ လမ်းလွဲပြီး တစ်ခြားနေရာ ရောက်သွားတာ အများကြီးတွေ့ရပါတယ်။ ကိုယ်ဆွဲထားတဲ့ ခရီးစဉ် ဘယ်လိုရှိတယ်။ ဘယ်လိုသွားရမယ်ဆိုတာ စနစ်တကျ စီစဉ်ထားဖို့ပါ။

ပထမအကြိမ် ကောလင်းကို ကျွန်တော်တို့ သွားခဲ့ကြတုန်းက ကျွန်တော်တို့လိုပဲ
ကောလင်းဆိုပြီး သွားတဲ့လူတွေ တွေ့ပါတယ်။ တော်တော်များများ .. တစ်ကယ့်ကို တော်တော်များများ လမ်းမှာ ကန့်ဘလူဘက် ခွဲထွက်ကုန်ကြပါတယ်။ ရည်မှန်းချက်ကို ရောက်ဖို့ သည်းခံနိုင်စိတ နည်းပါးရင် စိတ်မခိုင်ရင် လိုရင်း မရောက်တတ်ကြပါဘူး။ ကိုယ်ကြုံရမယ့် အခက်အခဲတွေကို အဆိုးဆုံး ကြိုတင် စဉ်းစားပြီး ပြင်ဆင်သွားကြပါ။

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ကိုယ်က အစ အဆုံး စီစဉ်ပြီး သွားသည့်တိုင်အောင် ဒီလိုမဖြစ်ခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာ back-up plan ,, plan B , Plan C စသဖြင့် ကြိုတင် စီစဉ်ခဲ့ကြပါ။ ဒါကတော့ နားလည်မယ် ထင်ပါတယ်။ လမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ် ကြိုတင် တွက်ဆလို့ မရနိုင်တဲ့ ပုံစံမျိုးတွေ ကြုံရမှာပါပဲ။

အရေးကြီးဆုံးနဲ့ နောက်ဆုံး တစ်ခုကတော့ ‪#‎ငွေ‬ ပါ။ လိုအပ်တာထက် တတ်နိုင်သမျှ ပိုသာ ဆောင်သွားကြပါ။ ကားငှားရသည်ဖြစ်စေ နေရထိုင်ရသည်ဖြစ်စေ မဖြစ်မနေ လုပ်ရပြီး မဖြစ်မနေ လိုအပ်တဲ့ အရာပါ။

ဒီလောက်ဆို ကြိုတင် တွက်ဆဖို့ ပြင်ဆင်ဖို့ စဉ်းစားနိုင်ဖို့ လုံလောက်ပြီယူဆပါတယ်။ ဆရာ လုပ်ချင်တာမျိုး မဟုတ်ဘဲ ကယ်ဆယ်ရေး လုပ်နေသူ အချင်းချင်း တစ်ကယ်လို အပ်လာတဲ့အခါ တွေ့ရမယ် ဒုက္ခတွေကို ကြိုတင် ပြောပြပေးတာသာဖြစ်ကြောင်း နားလည်စေလိုပါတယ်ခင်ဗျာ။
PS ကိုယ့်မှာပါလာတဲ့ Electronic Devices တွေအတွက် Power Bank Mph ကြီးတာ များတာပါ ဆောင်သွားသင့်ကြောင်းပါခင်ဗျာ။
တစ်ခုခု အသုံးဝင်ခဲ့သော် ရေးရကြိုးနပ်ပြီ ဖြစ်ကြောင်း
Thu Rain Set Py
Copied from : https://www.facebook.com/thu.rainwildboyz/posts/519344261547271

https://www.facebook.com/yoyarlaydotcom/posts/932760600100526

အမေဆိုတဲ့အမေ




ဘူတာ အတွင်းသို့  ၀င်လာသော သာရဝေါရထားကို မအေးတင် မမှိတ်မသုံ စိုက်ကြည့်နေ ပါသည် ။ ရထားရပ်ပြီး ခရီးသည်များ ဆင်းသွား သည်နှင့် အထူးတန်းတွဲ ပေါ်သို့ တက်လိုက်ပြီး ရင်ခွင်ထဲတွင် အိပ်ပျော်နေသော သမီးလေးကို အားရပါးရ နမ်းကာ ထိုင်ခုံအောက်သို့ ထိုးသွင်း လိုက်ပြီး တွဲပေါ်မှဆင်း လိုက်ပါသည် ။

ရွာလမ်းထိပ် သစ်ပင်အောက်မှ ရန်ကုန် ဖက်သို့ ထွက်ခွါလာသည့် သာရဝေါ ရထားကို မအေးတင်ကြည့် နေသည် ။ အထူးတန်း တွဲဖြတ်သွားချိန် အောက်ပါအ တိုင်းပြောလိုက် ပါသည် ။ ။။ မေ့မေ့ကို ခွင့်လွှတ်ပါ သမီးလေးရယ် မေမေတို့ နဲ့ နေရင်သမီးလေး ဆင်းဆင်း ရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့  နေရမှာစိုးလို့ အခုလို လုပ်လိုက် ရတာပါ ။ သမီးလေး သူတော်ကောင်း လူချမ်းသာတွေနဲ့ တွေ့ ပါစေလို့ မေမေ ဆုတောင်းပေး လိုက်ပါ တယ် သမီးရယ် ။။

” အေးတင် နင်ဒီနေ့ ကလေးခေါ်မလာဘူးလား ” ” သမီးရှိတော့ဘူးအကို ”

” ဘယ်ရောက်သွားလို့ မရှိတာလဲ ”

” သမီးလေးကို ရန်ကုန်မှာနေတဲ့ လူချမ်းသာကတွေ့ ပြီး ချစ်စရာလေးမို့  သူတို့  မွေးစားပါရစေပြောလို့  ကျွန်မပေးလိုက်ပြီအကို ”

” ဟယ်ကျီးကန်းမရယ် နင်ကလည်း ငါတို့ ကိုပေးဆိုတော့ မပေးဘူး ” အကို့ မိန်းမ မသက်က အခုလို မကျေမနပ်နှင့် ၀င်ပြောပါသည် ။

” မဟုတ်ပါဘူး မမသက်တို့ လည်း ဒီလောက်ပြေလည်တာမှမဟုတ်တာ ” ” နင်တစ်ကယ်ပေးလိုက်တာမှ ဟုတ်ရဲ့ လား အေးတင် ”

” ဟုတ်ပါတယ်ဆို အကိုကလည်း ကျွန်မကလိမ်ရမှာလား ” တစ်ရွာလုံးကျွန်မကိုအသားမဲသဖြင့် ကျီးကန်းမဟု ခေါ်ကြသော်လည်း အကိုက တော့ နာမည်ပဲခေါ်သည် ။ ကျွန်မအကို့ အပါးမှလှည့် အထွက် ။ ။။ နင့်ယောင်္ကျားထွန်းလူကို ဘယ်လိုပြန်ပြောမလဲ ။။

။။ သူကအရက်ကလွဲပြီးဘာမှစိတ်ဝင်စားတဲ့သူမှမဟုတ်တာ အကိုလည်းသိရဲ့သားနဲ့ ။ အကိုက ခေါင်းတစ်ညိတ်ညိတ်နှင့်မို့  ကျွန်မလှည့်ထွက်လာခဲ့ပါသည် ။ မျက်စိထဲတွင် သမီးလေးမျက်နှာကို မြင်ယောင်ရင်း မျက်ရည်များကျလာသည် ။

သမီးလေးမျက်နှာမြင်သောနေ့ ကိုပြန်အမှတ်ရမိသည် ။ အရပ်လက်သည်ဒေါ်လေး စောက သမီးကိုကြည့်ရင်း ပြောလိုက်သည် ။ ။။

ကျီးကန်းမရယ် ကလေးအသားလေးက ဖြူဖွေးနေတာပဲ နင့်ကလေးဆိုတာ ငါ ကိုယ်တိုင်မွေးမပေးရင်ယုံနိုင်စရာတောင်မရှိဘူး ။။

။။ ဟုတ်ပါရဲ့ငါ့တူမလေးကဖြူဖွေးနေတာပဲ ဒီနေ့ ကစပြီး ဖြူဖွေးလို့ ပဲခေါ်တော့မယ် အကို့ မိန်းမ မမသက်ကတစ်ခါထဲနာမည်ပါပေးလိုက်ပါသည် ။။ ထိုဖြစ်ရပ်များဖြစ်ပြီး နှစ်ပေါင်း (၂၀)အကြာ ရွာသူရွာသားများ ဧရာဝတီမြစ်ကမ်း ဘက်သို့ အပြေးအလွှားသွားနေကြသဖြင့် ဒေါ်အေးတင် အိမ်ခြေရင်းမှ မခင်ပုကို လှမ်းမေးလိုက်ပါသည် ။

။။ ဟဲ့ ခင်ပု ကမ်းနားမှာ ဘာတွေဖြစ်နေလို့ လဲ ။။

။။ ဒေါ်လေး ကျီးကန်းမကလည်း မြစ်ကမ်းပါးမှာရုပ်ရှင်အဖွဲ့ သားတွေရောက်နေ တယ် ။ အခု နာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသမီး နှင်းဝတ်ရည် လည်းပါတယ်အဲ့ဒါ တစ်ရွာလုံးသွားကြည့်နေကြတာ ။။ ကျွန်မက ရုပ်ရှင်လည်းမကြည့် သဖြင့် မသိသလိုပဲနေ လိုက်ပါသည် ။သို့ သော် အကို့  မိန်းမ မမသက်ယူလာသော သတင်းကြောင့် ကျွန်မစိတ် လှုပ်ရှားသွား ပါသည် ။။

။။ ကျီးကန်းမ အဲ့ဒီ ရုပ်ရှင်မင်းသမီးက ရွာသားတွေကို လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကသာရဝေါရထားအထူးတန်းတွဲပေါ်ကိုကလေးတစ်ယောက်တင်ပေးလိုက် တဲ့ အမျိုးသမီးတစ်ယောက်ကို သိလားလို့ လိုက်မေးနေတယ် ။။

။။ ဟင် တကယ်လား ။။ ကျွန်မအံ့သြသော အမူအရာနှင့်ပြန်မေးလိုက်ပါသည် ။ ဒါကိုရိပ်မိသောမမသက်က ။

။။ ကျီးကန်းမ နင်သမီးလေးကိုပေးလိုက်တာမှဟုတ်ရဲ့ လား ဘယ်သူမှမသိအောင် တိတ်တိတ်ကလေးတင်ပေးလိုက်တာလား မလိမ်နဲ့ ငါ့ကိုမှန်မှန်ပြောစမ်း ။။ ကျွန်မဘာမှမပြောနိုင်ပဲ မျက်ရည်များကျလာပါသည် ။ ခဏကြာမှ မျက်ရည်သုတ် ပြီး ပြောပြလိုက်ပါသည် ။

။။ ဟုတ်ပါတယ်မမသက်ရယ်ကျွန်မ အကိုနဲ့ မမသက်ကိုလိမ်ပြောခဲ့တာပါ ။ သမီး လေးကိုကျွန်မ အထူးတန်းတွဲပေါ်မှာ ဘယ်သူမှမသိအောင်တင်ထားခဲ့တာပါ ။။

။။ အာ နင်တော်တော်ရက်စက်တဲ့မိန်းမပဲဟာ ။ ဒါဆိုရင်အခုလိုက်မေးနေတဲ့မင်းသ မီးကို ငါသွားတွေ့ မယ် ။အကျိုးအကြောင်းသိရအောင် ။။

။။ မလုပ်ပါနဲ့ မမသက်ရယ်နေပါစေ ထားလိုက်ပါတော့ ။။

။။ မဟုတ်ပါဘူး နင်နဲ့ ပတ်သက်တာကို ငါဘာမှမပြောပါဘူး ။ သူဘာကြောင့်ရှာနေ တာလဲဆိုတာ သိချင်လို့ ပါ ။။ သာရဝေါဘူတာရှိ စားသောက်ဆိုင်တစ်ခု၏သီးခြားအခန်းတစ်ခုအတွင်းတွင် ရုပ်ရှင် မင်းသမီး နှင်းဝတ်ရည်က မမသက်ကိုတွေ့ ဆုံပါသည် ။

။။ အန်တီက အဲ့ဒီကလေးကိုစွန့် ပြစ်ခဲ့တဲ့သူကိုတကယ်သိလို့ လား ။။

။။ ဘာဖြစ်လို့  အဲ့ဒီအမျိုးသမီးကို တွေ့ ချင်နေတာလဲဆိုတာ အရင်ပြောပြနိုင်မလား။။

။။ ဟုတ်ကဲ့ပြောပြနိုင်ပါတယ် လွန်ခဲ့တဲ့ နှစ်(၂၀)လောက် ကရထားပေါ်တင်ပေး တာခံ ခဲ့ရတဲ့ မိန်းကလေးက ကျွန်မပါ ။ ကျွန်မကို ကောက်ယူမွေး စားခဲ့တဲ့  မိဘတွေက လ၀န်းသော် တာရုပ်ရှင်ကုမ္မဏီပိုင်ရှင် တွေပါ ။။ မမသက်က ပါးစပ်အဟောင်းသားနှင့် မင်းသမီးနှင်းဝတ်ရည် မျက်နှာလေးကို ငေး ကြည့်နေမိ ပါသည် ။ စိတ်ထဲမှလည်း တွေးနေမိပါသည် ။

။။။ သြော် ငါ့တူမလေး ဖြူဖွေးက နိုင်ငံကျော်ရုပ်ရှင်မင်းသမီးဖြစ်နေပါရောလား ။။။

။။ အန်တီ ကျွန်မကိုတင်ပေးလိုက်တဲ့ အမျိုးသမီးကိုသိလားဟင်။ သိရင်ပြောပြပါ ကျွန်မ အမေအရင်းကိုတစ်ကယ်တွေ့ ချင်လို့ ပါ။ ကျွန်မမွေးစားမိဘတွေလည်း မရှိတော့ပါဘူး ။ သူတို့ မသေခင် ဒီအဖြစ်အပျက်ကို ကျွန်မမွေးစားအမေကပြော ပြခဲ့တာပါ ။ ကျွန်မကိုစွန့် ပြစ်ခဲ့လို့ အပြစ်မတင်ပါဘူး ။ အမေ့ကိုကျွန်မ တွေ့  ရင်အမေ့မျက်နှာကိုကြည့်ပြီး စကားတွေပြောမယ် ပြီးတော့ပြန်ပြီးပြုစု ချင်လို့ ပါ။

။။ အင်းဖြစ်နိုင် မလားတော့မသိဘူး အဲ့ဒီအမျိုးသမီးရဲ့ အကိုတော့ရှိတယ် သေသေ ခြာခြာပြန်မေးလိုက်ဦးမယ် ။။

။။ ဟုတ်လား အမေ့ရဲ့ အကိုဆိုတော့ ကျွန်မရဲ့  ဦးလေးပေါ့ ။ မနက်ဖြန်ခေါ်ခဲ့ပါလား အန်တီ ကျွန်မ ဦးလေးဆီကနေ အမေ့အကြောင်းတွေသိချင်လို့ ပါ ။။

။။ အင်း သေသေခြာခြာမေးခဲ့ပြီး သေခြာရင်ခေါ်လာခဲ့မယ်လေ ။။

။။ ဟုတ်ကဲ့အန်တီ သေသေခြာခြာခေါ်လာခဲ့ပါနော် ကျွန်မစောင့်နေမယ် ။ မနက် ဖြန်ဆိုရင် ရိုက်ကွင်းပြီးပြီ ကျွန်မတို့ ပြန်ရတော့မှာ ။။

။။ ကောင်းပါပြီကွယ် စိတ်ချပါ ။။ အကိုနဲ့ မမသက်က ကျွန်မကိုပြောပါသည် ။

။။ အေးတင် ဘယ်လိုလည်းနင်သွားတွေ့ မလား ။ အခုမသက်ပြောပုံအရဆိုရင် နင့်သမီးဆိုတာသေခြာနေပြီ ။။

။။ အေးဟာ လိုက်တွေ့ လိုက်ပါ ကျီးကန်းမရယ် ။ ကောင်မလေးကချောလိုက်တာ နင့်ကိုအရမ်းတွေ့ ချင်နေတာ ။။ ကျွန်မခေါင်းကိုဖြေးညှင်းစွာ ခါလိုက်ပြီး အကို့ ကိုကြည့်ကာပြော လိုက်ပါသည်။ ။။ အကိုပဲ သွားတွေ့ လိုက်ပါ သမီးကိုကျွန်မသေ သွားပြီလို့ ပြောပေးပါအကို။ မွေးကတည်းက တာဝန်မယူနိုင်လို့ စွန့် ပြစ်ခဲ့ပြီး ကောင်းစားတော့မှ သမီးကို ဘယ်လို မျက်နှာမျိုးနဲ့  ကျွန်မရင်ဆိုင်ရမလဲ အကို ။။

။။ မဟုတ်ဘူးလေ အခုဟာက သူကိုယ်တိုင်တွေ့ ချင်လို့ လိုက်ရှာနေတာ သနား ပါတယ် အေးတင်ရယ် နင်လိုက်တွေ့ လိုက်ပါလား ။။

။။ မတွေ့ တော့ဘူး အကို ကျွန်မတစ်ကယ်ဆုံးဖြတ် ထားလို့ ပါ သူဒီဘ၀မျိုး ရောက်အောင် ကျွန်မစွန့် စားခဲ့တာလေ ။ အခုသမီးလေး ကျွန်မဖြစ်ချင်တဲ့ ဘ၀မျိုး ဖြစ်သွားခဲ့ပြီ ကျွန်မကျေနပ်တယ် အကို ။ ဒီလိုအသားမဲမဲ မိန်းမ တစ်ယောက်ဟာ နိင်ငံကျော်မင်းသမီး တစ်ယောက်ရဲ့ အမေဆိုတာ ဘယ်သူမှ မသိစေချင်တော့ပါဘူး ကျွန်မကိုကြည့် ပြီး သားသမီးကို စွန့် ပြစ်ခဲ့တဲ့အမေ အသားမဲမဲရုပ်ဆိုးဆိုးနဲ့ အမေ ဆိုတဲ့ စိတ်ခံစားချက်မျိုး သမီးကိုမခံစားစေချင်တော့ဘူးအကို ။ ကျွန်မခံစားချက် ကိုအကို နားလည်မှာပါ ။ အကိုပဲသွားတွေ့ လိုက်ပါ ။။

။။ ဦးလေးက တစ်ကယ် ကျွန်မရဲ့ ဦးလေးပေါ့နော် ၀မ်းသာ လိုက်တာ ။ နှင်းဝတ်ရည် မျက်နှာချင်း ဆိုင်ထိုင်နေသော ကျွန်တော့်မျက်နှာ ကိုစေ့စေ့ကြည့်ပြီး ကျွန်တော့် လက်နှစ်ဖက်ကို လှမ်းဆုတ်ကာ အငမ်းမ ရမေးသည်။ မေမေရော အခု ဘယ်မှာလဲ ။ ဦးလေးနဲ့ တူရင်မေမေကလည်း ချောမှာပဲ ။ သမီးတွေ့ ချင်တယ် တယ်ဦးလေးရယ် ။။ ကောင်မလေး ကိုကြည့်ကာ ကျွန်တော် စိတ်မကောင်း ဖြစ်ရသည်။ မိခင်မေတ္တာငတ် နေသော သမီးတစ်ယောက်ရဲ့ ခံစားမှုသူ့ မျက်နှာတွင် အတိုင်းသား ပေါ်နေသည်။ ကျွန်တော် အားတင်းပြီး တစ်ခွန်းချင်းပြောလိုက် ပါသည် ။

။။ သမီးမေမေက ငယ်ငယ်လေး ကတည်းက ပန်းနာရင်ကျပ် ရောဂါဖြစ်နေတာ သမီးကိုမွေးပြီး (၄)လသမီးအရွယ်မှာ သမီးကိုကောင်းစား စေချင်လို့ ဆိုပြီး အထူး တန်းရထားတွဲပေါ်ကို ဘယ်သူမှမသိအောင်တင်ပေးလိုက်တာ ။ဦးလေးကိုတောင် အကိုမို့ လို့ ပြောပြခဲ့တာ ။တစ်ရွာလုံးကိုတော့ ရန်ကုန်က သူဌေးတွေ မွေးစားချင် လို့ ပေးလိုက်တယ်ဆိုတာပဲပြောခဲ့တယ် ။ သူကွယ်လွန်သွားတာ (၄)နှစ်လောက်ရှိ သွားပြီ နေပူမိုးရွာမရှောင်အလုပ်လုပ်ခဲ့တဲ့ဒဏ်တွေနဲ အမြစ်တွယ်နေတဲ့သူု့ရောဂါ က သူ့ ကိုအနိုင်ယူသွားတာပဲ ။။

။။ ဖြစ်ရလေမေမေရယ် သမီးရှာတာနောက်ကျသွားတာပဲ စိတ်မကောင်းလိုက်တာ ။။ ကျွန်တော့်စကားကြောင့် ကောင်မလေး မျက်ဝန်းမှမျက်ရည်များကျလာသည် ။ ကျွန် တော်လည်းသူငိုတာမကြည့်ရက်သဖြင့်မျက်နှာလွှဲနေလိုက်ပါသည် ။ ခဏအကြာကောင်မလေးမျက်ရည်သုတ်ပြီး ကျွန်တော့်ကိုပိုက်ဆံတစ်ထပ်ကြီးထုတ် ပေးကာအောက်ပါအတိုင်းပြောသည်။ ။။ ဒီပိုက်ဆံတွေ ဦးလေးယူသွားပါ သမီးကန်တော့တာပါ ။ မေ့မေ့အတွက်လည်း ကောင်းမှုကုသိုလ်တွေလုပ်ပေးပါ ။ ဒါ သမီးနေတဲ့ရန်ကုန်ကအိမ်လိပ်စာကဒ်ပါ ။ ဦးလေးနဲ့ ဒေါ်လေးသမီးဆီကို လာခဲ့ပါ ။။ ကောင်မလေးကလိပ်စာကဒ်တစ်ခု ကျွန်တော့်ကိုပေးပါသည် ။ တစ်ဆက်တည်း ။

။။ ကဲ ဦးလေးသမီးဒီညနေ နောက်ဆုံးအခန်းရိုက်ပြီးရင် ရန်ကုန်ပြန်တော့မယ် ။ သူ့ စကားအဆုံးကျွန်တော်တို့ နှစ်ယောက်အိမ်ပြန်လာခဲ့ပါသည် ။ အိမ်ပေါက်ဝတွင် ထိုင်စောင့်နေသော မအေးတင်ကို အကျိုးအကြောင်းပြောပြလိုက်ပါသည် ။။

။။ ကျီးကန်းမ ဒီညနေရုပ်ရှင်ရိုက်ပြီးရင်ရန်ကုန်ပြန်တော့မှာ နင်သွားတွေ့ ပါလား ။။

။။ ကောင်းပါ့မလားမမသက်ရယ် ။။

။။ ဘာလို့ မကောင်းရမှာလဲ ကိုယ်သမီးကိုကိုယ်သွားကြည့်တာ ဘယ်သူမှသိတာ မှမဟုတ်ပဲ ကျီးကန်းမရယ် နင်သွားချင်ရင်ငါလိုက်ပို့ မယ် ။။ ကျီးကန်းမက ပုဆိုးတစ်ထည်ကိုခေါင်းပေါင်းကာ ရိုက်ကွင်းရှိရာသို့ ထွက်ခဲ့ပါသည်။ ကျီးကန်းမ ကောင်မလေးကို စိုက်ကြည့်နေပါသည် ။ ကောင်မလေးရိုက်နေသည့်အ ခန်းက ဧရာဝတီမြင်အတွင်း လှေမှောက်ကာ အသက်ဆုံးသွားသော မိခင်အ လောင်းကို ဖက်ကာ ငိုကြွေးနေသည့်အခန်း ။။

။။ မေမေရယ် သမီးကိုထကြည့်ပါဦး ဒီလောကကြီးထဲမှာ သမီးတစ်ယောက်ထဲထား ခဲ့တော့မှာလား မေမေမရှိရင်သမီးဘယ်သူ့ ကိုအားကိုးနေရတော့မှာလဲ ။။ မျက်ရည်အရွှဲသားနှင့်မြစ်ကမ်းနဖူးတွင် မိခင်အလောင်းကိုဖက်ကာ ငိုကြွေးနေသော ကောင်မလေးကိုကြည့်ကာ ကျီးကန်းမ ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျလာသည် ရွာလမ်းဘက်သို့ ပြန်လှည့်ထွက်လာခဲ့သည် ။ နှုတ်မှလည်း အောက်ပါအတိုင်းရေ ရေရွတ်ပြောဆိုနေပါတော့သည် ။

။။ သမီးဖက်ပြီးငိုနေတဲ့ အလောင်းကို မေ့မေ့အလောင်း အဖြစ် သတ်မှတ်ပြီး သမီး အားရပါးရ ငိုလိုက်ပါ သမီးရယ် ။ မေမေနဲ့  သမီးဟာ တစ်ကယ့်ကို ဝေးသွားခဲ့ပါ ပြီ ။ သမီးလေးဘ၀ အခုလို တင့်တင့် တယ်တယ်ဖြစ်နေတာ ကိုကြည့်ပြီး အမေကျေနပ်ပါတယ် သမီးရယ် ။ သားသမီးကို တာဝန်ကျေအောင် ပြုစုပျိုးထောင် နိုင်စွမ်းမရှိခဲ့တဲ့ အမေဟာ သမီးလေးပြုစုတာကို မခံယူရဲပါဘူး ။ အမေဆို တာ သားသမီးတွေပြည့်စုံသွားတာကိုမြင်နေရရင်ပဲ ကျေနပ်နေကြတဲ့ သူမျိုးတွေ ပါသမီးရယ် ။ ကျေနပ်နေတဲ့သူမျိုးတွေပါ ။

ကိုမောင်မောင်(ဆန်းသုတေသီ)
http://www.searchmyanmar.com/link/comment/cid/52745
Related Posts Plugin for WordPress, Blogger...