စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

ပျံသန်းနိုင်တဲ့ ကလေးငယ် ဓာတ်ပုံစီးရီး



Alan Lawrence လို့အမည်ရတဲ့ ဘလောဂါ တစ်ဦးမှာ ကလေး ၆ ယောက်ရှိပါတယ်။ ယင်း ၆ ဦးထဲမှာ ကလေးငယ်လေး တစ်ဦးမှာ Down Syndrome ရှိနေပါတယ်။ မွေးရာပါ ဥာဏ်ရည်နိမ့်ကျတဲ့ ရောဂါ တစ်မျိုး ဖြစ်တာကြောင့် သူတို့လေးတွေဟာ အင်မတန် သနားဖို့ ကောင်းပါတယ်။

ယခုလဟာဆိုရင် ယင်းကဲ့သို့ Down Syndrome ဖြစ် ကလေးငယ်နဲ့ လူများကို မေတ္တာဂရုဏာထားတဲ့ လတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် ကမ္ဘာ အရပ်ရပ်မှာ campaign များ ပြုလုပ်ကြပါတယ်။ blogger Alan ကနေပြီးတော့ သူ့ရဲ့ ကလေးကို လေပေါ် ပစ်ချည်ပြီးတော့ Wil Can Fly ဆိုတဲ့ ဓာတ်ပုံစီးရီးကို ပြုလုပ်ပါတယ်။ သူ့သားလေးဟာ Wil လို့ အမည်ရ ပါတယ်။ 

သူတို့ လေးတွေဟာ ချို့ယွင်းချက်ရှိနေတာ မဟုတ်ပဲ သာမန်လူသားတွေထက် ထူးခြားကောင်းမွန်ကြောင်းကို ပေါ်လွှင်စေရန် အိုင်ဒီယာနဲ့ ကလေးငယ် ပျံသန်းနေတဲ့ ဓာတ်ပုံများစွာကို ပုံစံရအောင်ယူပြီးတော့ ကြိုးစား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ယင်း ဓာတ်ပုံများကို ပြန်လည် စုစည်းပြီးတော့ ပြက္ခဒိန် ပြုလုပ်ပေးခဲ့ရာ ဝယ်ယူသူ အော်ဒါမှာသူများစွာ ရှိလာခဲ့ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/posts/971595986216987
 
 
 https://www.facebook.com/YoYarLay/posts/971595986216987

အာကာသယဉ်မှုး Scott Kelly ရဲ့ ကမ္ဘာ့မြေပြင် ပုံရိပ်များ


ကမ္ဘာမြေကြီးကို အာကသထဲက ကြည့်ရင် တမူဆန်းတဲ့ အသွင်အပြင်တွေနဲ့ လှပနေပါတယ်။ ဒီပုံရိပ်တွေကို အမေရိကန် အာကာသယဉ်မှုး Scott Kelly ကမိမိရရ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရောင်စုံ မြေအသွင်အပြင် တွေနဲ့ ယှက်ဖြာနေတဲ့ မြစ်လက်တက်တွေဟာ ထူးခြားလှပနေပါတယ်။

Scott Kelly ဟာ နိုင်ငံတကာ အာကာသ စခန်း (International Space Station )အတွက် ၁ နှစ်ကြာမြင့်မဲ့ အထူးမစ်ရှင်တစ်ခုအတွက် ရွေးချယ်ခံရတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူ့အတွက် ၃ ကြိမ်မြောက် အာကာသ ခရီးစဉ် တစ်ခုလည်းဖြစ်ပါတယ်။ ဒီပုံတွေကို အာကသထဲ ရောက်နေစဉ် ၆ လတာ အတွင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 နေ့တိုင်းလိုလို အာကသထဲကနေ သူရိုက်ကူးထားတဲ့ ပုံတွေကို twitter ပေါ် တင်လေ့ရှိပါတယ်။ သူ့ရဲ့Twitter အကောင့် https://twitter.com/StationCDRKelly ဖြစ်ပါတယ်။ သူ့ဓာတ်ပုံ ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကို လည်း ဖြေကြားလေ့ရှိပါတယ်။ ဒီအထဲမှာ သမ္မတ Barack Obama တောင်ပါ ပါတယ်။ 

ဒီပုံတွေကတော့ သူရိုက်ကူးထားတဲ့ ပုံတွေထဲက အကောင်းဆုံး ပုံအချို့ဖြစ်ပါတယ်။


 https://www.facebook.com/ayesaycommm/posts/452759934896117
 

 https://www.facebook.com/ayesaycommm/posts/452759934896117

ကွယ်လွန်သွားတဲ့ ဇနီးအတွက် အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ခင်ပွန်းနဲ့ သမီး



Rafael Del Col ဆိုသူဟာ ကွယ်လွန်သွားတဲ့ သူ့ဇနီးဖြစ်သူအတွက် ၃ နှစ်အရွယ် သမီးဖြစ်သူ Raisa နဲ့ဓာတ်ပုံတွဲရိုက်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ သူရိုက်ချင်တဲ့ပုံတွေကတော့ သူ့ဇနီးနဲ့ လက်မထပ်ခင် တစ်ပတ်အလိုက ရိုက်ခဲ့တဲ့ပုံတွေအတိုင်း ရိုက်ချင်ခဲ့တာပါ။

ဇနီးဖြစ်သူ Tatiane ဟာ ၂၀၁၁ နှစ်တုန်းက ကားမတော်တဆ မှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပါတယ်။ ပိုပြီးကံဆိုးခဲ့တာကတော့ သူ့ရဲ့
ဇနီးဟာ ဒီအချိန်မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားခဲ့တာကြောင့်ဖြစ်
ပါတယ်။ ဒီအချိန်မှာ Raisa ဟာ အသက် ၁ နှစ်ပဲရှိပါသေးတယ်။

အခုတော့ Rafael ဟာ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်လိုက်နိုင်
ပါပြီ။ သူ့ရဲ့သမီးဖြစ်သူ Raisa ကို ဇနီးဖြစ်သူဝင်ဆင်ခဲ့တဲ့ အင်္ကျီ၊ ဖိနပ်၊ လည်ဆွဲ တွေအတိုင်းတစ်ပုံစံတည်း ၀တ်ဆင်စေခဲ့ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်နိုင်ခဲ့ပါတယ်။

https://www.facebook.com/ayesaycommm/posts/451606755011435
 
 
 https://www.facebook.com/ayesaycommm/posts/451606755011435
Related Posts Plugin for WordPress, Blogger...