စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးတက်စေဖို့...

                             
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုတာ အောင်မြင်သူတွေရဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ အဲလို ယုံကြည်မှုရှိလာဖို့ အောက်ပါ အကြံဥာဏ်တွေကနေ အထောက်အကူပြုပါလိမ့်မယ်။

၁။ ကိုယ့်ကို တခြားသူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူများတွေ ရှိနေတာတွေဟာ ကိုယ်နဲ့ ဘာမှမဆိုသလို ကိုယ့်မှာ မရှိလို့လဲ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကိုယ့်ရဲ ဘ၀ကို ကိုယ့်ရဲ ရည်မှန်းချက်၊ အိပ်မက်တွေနဲ့ပဲ အသက်ရှင်ပါ။

၂။ ဆိတ်ငြိမ်အေးဆေးစွာ အလုပ်လုပ်ရင်လည်းရပါတယ်။ အော်ကြီးဟစ်ကျယ်နဲ့ အရမ်းကို တက်ကြွပြမှ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာမဟုတ်ပါဘူး။ ကိုယ့်ရည်မှန်းချက်ကို တစိုက်မက်မက်နဲ့ အားမလျော့တမ်း လုပ်နိုင်တဲ့သူတွေသာ ယုံကြည်မှုရှိတယ်သူတွေဖြစ်ပါတယ်။

၃။ ဘယ်သူတွေ ဘာတွေးတွေး ကိုယ်နဲ့မဆိုင်ပါဘူး။ တခြားသူတွေ ကိုယ့်ကို ဘယ်လိုပဲ ဝေဖန်ပိုင်းခြား နေပါစေ ကိုယ်လမ်းကို ကိုယ်ပဲ ဆက်လျှောက်ရမှာပါ။

၎။ ကိုယ်ဟာ အမှားလုပ်တတ်သူတစ်ယောက် ဖြစ်တယ်လို့ လက်ခံထားပါ။ မပြည့်စုံသူဖြစ်တဲ့အတွက် အရှုံးတွေ၊ အမှားတွေဆိုတာ သင်ယူနိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။

၅။ ကိုယ်မပိုင်တဲ့အရာတွေ ကိုယ့်ဆီကထွက်ခွာသွားရင်လည်း လက်ခံလိုက်ပါ။ အရာအားလုံး ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ လောကကြီးထဲမှာ နေနေရလို့ဖြစ်ပါတယ်။

၆။ တခြားသူတွေကို နှစ်သိမ့်ပေးပါ။ အဆိုးမြင်တဲ့ စိတ်တွေဟာ အတင်းပြောတာတွေ၊ စိတ်ဆိုစိတ်ဆိုးတာတွေနဲ့သာ အချိန်တွေကုန်ဆုံးစေမှာပါ။ တခြားသူတွေကို ကူညီစောင့်မရင် သင်ဟာလည်း လူချစ်လူချင်ပေါများလာမှာပါ

၇။ တခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ တစ်ဦးတစ်ယောက်ထဲ စီမံကိန်းတစ်ခုကို ထိထိရောက်ရောက် လုပ်ဖို့မဖြစ်နိုင်ပါဘူး။ အများနဲ့ တွဲလုပ်တဲ့မျိုးမွေးမြူခြင်းအားဖြင့် ကိုယ်ကျွမ်းကျင်တဲ့နေရာမှာ စိတ်နှစ်ကိုယ်နှစ် အလုပ်လုပ်နိုင်ဖို့ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။

၈။ အွန်လိုင်း၊ Social Media တွေကို ခဏပိတ်ထားပြီး သင်ဝါသနာပါတဲ့ အလုပ်တွေနဲ့ သင့်ရဲ့ လက်တွေ့ဘ၀ကို အချိန်ပေးလိုက်ပါ။

၉။ ကြင်နာတတ်ပါ။ ရုံးမှာ အချိန်ခဏပိုယူပြီး အလုပ်တွေ ပိနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ကူညီတာ၊ နာမကျန်းဖြစ်နေတဲ့ မိတ်ဆွေဆီသွားပြီး အားပေးစကားပြောတာ စတာတွေဟာ သင့်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တိုးတက်စေမှာပါ။ အဲလိုကူညီပေးရင်းနဲ့ ကိုယ့်ကိုကိုယ် ပိုပြီးတန်ဖိုး ထားတတ်စေလာမှာပါ။

Ref: www.lifehack.org


https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.1073741 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...