စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တတိယအရွယ်နှင့်fitness


ပထမအရွယ်မှာပညာရှာ၊ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှာတရားရှာဆိုတာကျွန်တော်တို့ မြန်မာ့
နယ်ပယ်မှာတော့အတွင်ကျယ်ဆုံးပါ။တတိယအရွယ်မှာတရားရှာဖို့ ကျန်းမာဖို့ လည်းလိုအပ်တယ်လို့ ထင်
ပါတယ်။အချို့ ကအသက်လေးဆယ်ကျော်လာလျင်လမ်းလျောက်ခြင်းလောက်သာလုပ်ရန်အားပေးကြသော်
လည်းအလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ရန်ဆိုလျင်တော့မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကုန်ကြသတည်းပေါ့။
ဒုတိယအရွယ်လေးဆယ်ကျော်မပြောနှင့်တတိယအရွယ်များပင်လျင်အလေးများနှင့်fitnessလေ့ကျင့်ခန်း
များပြုလုပ်နိုင်ကြောင်းသုတေသနများကတင်ပြလာကြပြီဖြစ်သည်။

ဒုတိယအရွယ်နှင့်တတိယအရွယ်အားကစားပြုလုပ်လိုသူများသည်၊အလေးဝန်များများဖြင့်စနစ်တကျဖိအား
ပေးလေ့ကျင့်ပေးမည်ဆိုပါကမည်သည့်အသက်အရွယ်တွင်မဆိုကြွက်သားကြီးထွားရန်မျှော်လင့်နိုင်သေး
သည့်အပြင်အဆီလည်းကျနိုင်သလို၊ဇရာကြောင့်ကိုယ်တွင်းဆဲလ်ဖရိုဖရဲပျက်ဆီးခြင်းများကိုတားဆီးပေးနိုင်
ပါသည်။ထို့ ကြောင့်ဇရာကိုအံတုလိုသူကျားမ၊မရွေးလေ့ကျင့်သင့်သော၊ဘေးအကင်းဆုံးသော life style အားကစားနည်းမှာ၊ကာယဗလနှင့်ကာယအလှအားကစားသာဖြစ်ပါကြောင်းကိုဝမ်းမြောက်ဂုဏ်ယူစွာတင်ပြ
အပ်ပါသည်။

လေးစားလျက်-
နိုင်ဦး-၁၁၉
http://muscleprofessor.blogspot.com/2015/05/fitness.html

တတိယအရွယ်နှင့်fitness

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...