စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးရာသီမှာ လုပ်သင့်တဲ့ အရေပြား ထိန်းသိမ်းနည်းလေးတွေ

ပူပူအိုက်အိုက် ချွေးတလုံးလုံး အခြေအနေကနေ စိုစိုထိုင်းထိုင်း ရာသီကို ပြောင်းလာတဲ့အခါ အဆီပြန်တာ၊ ခြောက်တာ၊ ရေ ဓာတ်ခန်းခြောက်တာစသဖြင့် အရေပြားပြဿနာလေးတွေ ကြုံ ရတတ်တာမို့ မိုးရာသီနဲ့ လိုက်ဖက် ညီအောင် လုပ်သင့်တဲ့ အသား အရေထိန်းသိမ်းနည်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ရေကိုတော့ များနိုင်သမျှ များများ     သောက်ပေးသင့်ပါ တယ်။ ဒါမှလည်း ခန္ဓာကိုယ်အ တွက် ရေဓာတ်ပြည့်ဝနေပြီး မလို အပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မှာမို့ပါ။ အဆီပြန်သူ တွေ အသားအရေကောင်းဖို့ဆို ရင် အုတ်ဂျုံမှုန့် (ဒါမှမဟုတ်)သင်္ဘောသီးမှည့်နဲ့ ပွတ်တိုက်ဆေး ကြောမှုမျိုး လုပ်သင့်ပါတယ်။

မိုး ရေထဲ အကြာကြီးသွားလာပြီးရင် ဦးရေပြားမှာ စိုထိုင်းထိုင်းဖြစ် သွားသလို ခြေထောက်အရေပြား တွေ တွန့်ကုန်တတ်ပြီး မှိုရောဂါ တွေ ကူးစက်ဖြစ်ပွားတတ်ပါတယ်။ဒီလိုဖြစ်ပြီဆိုရင် လွယ် လွယ်ကူကူ သက်သာပျောက်ကင်းဖို့အ တွက် ဒိန်ချဉ်ရှိရင်ကို အဆင်ပြေပါ တယ်။ ဒိန်ချဉ်က မှိုရောဂါတွေ ကို နိုင်နင်းတာမို့ဖြစ်တဲ့နေရာ တွေမှာ ဒိန်ချဉ်သုတ်လိမ်းပေး တာမျိုး လုပ်နိုင်ပါတယ်။

နောက်ပြီး ရေနဲ့ အများဆုံး ထိတွေ့ခံရတဲ့ ခြေထောက်တွေ မှာ ရောဂါကူးစက်မခံရဖို့ အရေး ကြီးတာကြောင့် ခြေထောက်ကို အမြဲသန့်ရှင်းခြောက်သွေ့နေစေ ပြီး အနံ့ဆိုးမထွက်စေဖို့ လိုပါ တယ်။ ရေခပ်နွေးနွေးထဲမှာ ဒက် တောလို ပိုးသတ်ဆေးနှစ်စက်၊ သုံးစက်လောက်ထည့်ပြီး     ခြေထောက် ကို ၁၅ မိနစ်လောက် စိမ်ထားကာ အ၀တ်နုနုနဲ့ ခြောက်သွေ့နေအောင် သေချာသုတ်ပြီး လိုးရှင်းတစ်ခုခု လိမ်းထားသင့်ပါ တယ်။

ရေချိုးတဲ့အခါမှာလည်း ရေ ပူတို့၊ ရေနွေးငွေ့တို့နဲ့ ရေချိုးတာ မျိုးက အသားအရေ ခြောက်သွေ့ ပျက်စီးစေနိုင်တာကြောင့် ရှောင်ရှား သင့်ပါတယ်။ ခပ်နွေးနွေး အခြေ အနေလေးနဲ့ ချိုးတာမျိုးပဲ လုပ် သင့်ပါတယ်။ နေလောင်ခံလိမ်း ဆေးကိုလည်း နွေရာသီမှာလိုမျိုး ပဲ လိမ်းပေးဖို့ လိုအပ်ပါတယ်။ အ ရည်အသွေးကောင်းတဲ့ လိုးရှင်းရွေးချယ်သုံးသင့်ပြီး တစ်နေ့နှစ်ကြိမ်လောက်ဖြစ်ဖြစ် မျက်နှာနဲ့ အလင်းရောင်ထိတွေ့တဲ့ နေရာတွေကို လိမ်းပေးသင့်ပါတယ်။

မျက်နှာသစ်တဲ့အခါမှာ လည်း မျက်နှာကြေးချွတ်ဆေးတွေ နဲ့ ဆပ်ပြာအပြင်းစားတွေ မသုံး သင့်ပါဘူး။ အရေပြားစပ်ဖျဉ်း ဖျဉ်းဖြစ်ပြီး ခြောက်သွေ့စေလို့ပါ ပဲ။ နောက်ပြီး ဓာတ်တုဆေးပါ အလှကုန်တွေ သုံးမယ့်အစား သဘာဝပစ္စည်းတွေနဲ့ ပဲအရေပြား ထိန်းသိမ်းသင့်ပါတယ်။ ခြေ သည်း၊ လက်သည်းတွေကိုလည်း သန့်စင်အောင်ထားသင့်သလို မလိုအပ်တဲ့ အမွေးအမျင်တွေကို လည်း ရှင်းလင်းထားဖို့ လိုပါ တယ်။ အရေပြားစိုပြည်ကျန်းမာ နေစေဖို့အတွက် ဟင်းသီးဟင်း ရွက်တွေနဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ် သတ္တိရှိတဲ့ သီးနှံတွေများများ စားပေးဖို့ လိုပါတယ်။

ထိခိုက်ခံစားလွယ်တဲ့ အရေပြားပိုင်ရှင်တွေ ဆိုရင် စိုစွတ်စွတ်ရာသီတွေမှာ ဖန်စီအလှအပ ပစ္စည်းတွေ မ၀တ်တာ အကောင်းဆုံးပါပဲ။ ဖန်စီတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ပြီး အ နာဖြစ်စေနိုင်လို့ပါ။
-Ref: Healthmeup
http://7daydaily.com/story/39886

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...