စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာဖြစ်လို့ မစွန်သေးတာလဲ။

 
ကိုယ့်မှာ ဘာမှကြီးမားသော အပြစ်မရှိပင်မဲ့လည်း မစွန်သေးသော လူပျိုကြီးတွေ အများကြီးရှိမှာပါ။
အဲဒါကို ခဏထားပြီး။မိန်းကလေးတွေက ဘယ်လို အပြုအမူတွေကို မကြိုက်ဘူးလဲဆိုတာကို Share လိုက်မယ်နော်။


၀၁. ဆေးလိပ်သောက်ပြီး ဟိုပစ်ဒီပစ်လုပ်ခြင်း
၀၂. ထမင်းစားပုံက စည်းကမ်းမရှိခြင်း
၀၃. ဆိုင်ကဝန်ထမ်းတွေကို ဆက်ဆံပုံက ရိုင်းခြင်း
၀၄. သူများအတင်းပြောခြင်း
၀၅. ချစ်တီးကျခြင်း


နေ့စဉ်လုပ်ကိုင်နေတဲ့ အပြုအမူလေးတွေထဲမှာ မိန်းကလေးတွေ မျက်စိနဲ့ကျတော့ မကိုက်တာလေးတွေရှိတယ်ဆိုတာကို အပေါ်က အချက်တွေကို ဖတ်ကြည့်ရင် အသိဆုံးပါပဲ။
ဆေးလိပ်သောက်ပြီးရင် သေသေချာချာ ဆေးလိပ်ကို ပစ်ဖို့လိုပါလိမ့်မယ်။ ဒါဟာ စည်းကမ်းရှိခြင်းဆိုတာကို ပြနိုင်တဲ့ အခွင့်အရေးတခုပါ။

နံပါတ်၂အချက်အနေနဲ့ ထမင်းစားတာ ညစ်ပစ်ရင်တော့ အဆိုးဆုံးပါပဲ။ မိန်းကလေးတွေနဲ့ ထမင်းအတူတူစားနေတဲ့ ကိုကိုတွေ ကတော့ အထူးသတိထားရန်လိုအပ်ပါလိမ့်မယ်။
နံပါတ်၃အချက်ကတော့ အပြင်မှာအတူတူသွားလာတဲ့အခါမှာ ဆိုင်ကဝန်ထမ်းအပေါ်မှာ ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံတဲ့သူကတော့ မုန်းစရာကောင်းပါတယ်။

နံပါတ်၎အချက်ကတော့ ယောင်္ကျားကြီးတန်မဲ့နဲ့ သူများအတင်း မကောင်းကြောင်းတွေကိုပဲ ပြောနေရင်တော့ မကောင်းဘူးလို့ထင်ပါတယ်။

နံပါတ်၅အချက်အနေနဲ့ကတော့ သွားလား စားသောက်ပြီးရင် တစ်ယောက်တစ်ဝက်ပေးရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါ။

ဒီလောက်ပိုက်ဆံလေးကို ချစ်တီးကျနေတာကတော့ မကြိုက်ပါ။
ဒါပင်မဲ့ မိန်းကလေးတွေက ကြိုက်တဲ့ အပြုအမူကတော့ ဘယ်လိုဖြစ်မလဲ။
၀၁. ကြင်ကြင်နာနာနဲ့ ကိုယ့်ကိုဂရုစိုက်ခြင်း

၀၂. စကားကို သေသေချာချာ နားထောင်းပေးခြင်း

 ၀၃. သူပြောတဲ့စကားက စိတ်ဝင်စားစရာကောင်းခြင်း

၀၄. ဒုက္ခရောက်နေတဲ့သူကို ကူညီရန်ဆန္ဒရှိခြင်း

၀၅. စကားအပြောအဆို ယဉ်ကျေးခြင်း

အပေါ်ကအချက်လေးတွေကို လုပ်ကြည့်ရင်တော့ ကိုကိုတို့ စွန်သွားနိုင်တယ်နော့။


Chelmo Team
http://www.searchmyanmar.com/link/comment/cid/51580 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...