စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုသိုလ်ကိုမမေ့ရဘူး


 
ကုသိုလ်ကိုမမေ့ရဘူး။“ကုသိုလ်ကောင်းမှု” ကို အမြဲ ကြိုးစားအားထုတ်ရမယ်။
“အပ္ပမာဒတရား”သည် ဘာကြောင့် အရေးပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင်
တိုက်တွန်း နှိုးဆော်ပေးတတ်တဲ့သဘာဝတရား ဖြစ်လို့ပါပဲ။

တချို့က ပြောကြတယ်မဟုတ်လား။
တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ “အကုသိုလ်ကံ”တွေကို
ရှင်းသွားစေပြီးတော့ “ကုသိုလ်ကံတွေ” ဖြစ်လာတယ်။ ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ “လောဘ၊ ဒေါသ” စတဲ့အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး၊
အလောဘ ၊အဒေါသ စတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက
ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ကျန်းမာလာတယ်။

“ကုသိုလ်တရား”ဟာ ကျန်းမာမှု ကို ဖြစ်စေတယ်။
လောဘ ၊ဒေါသ၊မောဟတရားတွေ ဖြစ်လာပြီဆိုရင် အားလုံးဟာ အလွဲလွဲ အချော်အချော်နဲ့ စိတ်ကို ပူလောင်စေတယ်။ ထိုစိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း
ပူလောင်စေတာပါပဲ။ စိတ်ပူရင် ရုပ်ပူသွားတာပေါ့။ ကုသိုလ်စိတ်ဓာတ်တွေ ဖြစ်လာပြီဆိုရင်
စိတ်နှလုံး ဖြူစင်အေးချမ်းလာသည့်အတွက် ကျန်းမာမှု က ပိုကောင်းလာတာ ဖြစ်တယ်။
ဒါကြောင့် “ကုသိုလ်ကောင်းမှု မမေ့နဲ့” လို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။
 

မြတ်စွာဘုရားက သံသရာတွင်း အကျိုးတွေကို ဆုတောင်းခိုင်းတာ မဟုတ်ပါဘူး။ သို့သော် “ဒါလုပ်ရင် ဒါရမယ်”ဆိုတာကိုတော့ဟောရတာဖြစ်ပါတယ်။

ဒါကြောင့် အသက်ရှည်ဖို့ ၊ ကျန်းမာဖို့ ၊
အသားအရေစိုပြေဖို့ ၊ကောင်းတာတွေနဲ့ချည်းပဲ ကြုံဖို့ ၊လူ့လောကမှာ အဆင့်အတန်းမြင့်ဖို့ ဆိုတဲ့

နှစ်သက်ပျော်မွေ့စရာ ကောင်းတဲ့လူတိုင်းကြိုက်တဲ့ ဒီအကျိုးတရားတွေ ရချင်ပြီဆိုရင်
ပညာရှိတွေက “ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း” ဆိုတဲ့
“အပ္ပမာဒတရား” ကို ထောက်ပြကြတယ်။ အဲဒါကိုပဲ ချီးမွမ်းကြတယ်။
ချီးမွမ်းတယ်ဆိုတာ အပ္ပမာဒ ရှိအောင် လုပ်ရမယ်လို့ ပြောတာပဲ။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

အောင်မြင်နိုင်ဖို့ ခရုလို လုံ့လ ရှိရန်လို



ရိုးရာလေး စာဖတ်သူတို့ ငယ်စဉ်က သင်ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ စာကျက်ဖို့ အင်မတန် ခက်ခဲပြီး ညံထိုင်းတယ်လို့ အသိမှတ်ပြုခံထားရတဲ့ ကလေးဟာ စာမကျက်နိုင်တဲ့ အဆုံး ခရုလေး တစ်ရွေ့ရွေ့နဲ့ သွားတာကို ထိုင်ကြည့်ပါတော့တယ်။

ခရုဟာ နံရံပေါ် တွယ်တက်ပြီး အပေါ် ရင်ပြင်တစ်ခု ရောက်အောင် ကြိုးစားတာ အင်မတန် နှေးပါတယ်။ တက်နေရင်းနဲ့လည်း ပြန်ကျ ပါတယ်။ နောက်တစ်ခါ ပြန်တက် ရောက်လုနီးနီးမှာ ထပ်ကျပြန်ပါတယ်။ ဒီလိုနဲ့ နှေးလည်းနှေး ကျလဲကျ ရာကနေ ကြိုးစားတက်ခဲ့ တာကြောင့် နောက် ဆုံးတော့ အပေါ်ကို ရောက်ရှိ သွားပါတယ်။ ဒါနဲ့ ကလေးငယ်လေးဟာ မှတ်သားရ ခက်ခဲနေပေမယ့် စာ ပိုဒ် များကို အချိန်အတော်ကြာ ပေးပြီး ကျက်မှတ်လိုက်တာ နောက်နေ့တော့ အတန်းမှာ အတော်ဆုံး ကလေး ဖြစ်သွား ပါတယ်။

လူ့ ဘဝမှာလည်း ဒီလိုပါပဲ။ အောင်မြင်မှု ပန်းတိုင်တစ်ခု ဆိုတာ လွယ်လွယ်နဲ့ မရနိုင်ပါဘူး။

၁။ အချိန်ကာလ တစ်ခု ကြာမြင့်တယ်။
၂။ ကျရှုံးတဲ့ အကြိမ်အရေအတွက် များစွာနဲ့ အရင် ပေးဆပ်ရတယ်။

ယင်း အချက် နှစ်ခုမှာ အချို့က အချိန်ကြာတာနဲ့ပဲ လက်လျော့ သွားကြ ပါတယ်။ အချို့ ကျတော့လည်း ပြန်ပြန် ကျရှုံးသွားတဲ့ ဒဏ်ကို မခံနိုင်လို့ လက်လျှော့ သွားကြ ပါတယ်။ အချို့ ကျတော့လည်း အချိန်ကြာပြီး အောင်မြင်ခါနီးမှ လက်လျော့သွားကြ ပါတယ်။ နောက်ဆုံးတော့ ရလဒ်က အရှုံးပါပဲ။

အကယ်၍ ကိုယ့်ဆီမှာ-

၁။ စိတ်ရှည် သီးခံနိုင်တဲ့ အရည်အချင်း ရှိတယ်။
၂။ ရှည်လျား ကြာမြင့်တဲ့ အာရုံစူးစိုက်မှု (သမာဓိ) နရှိတယ်။
၃။ ကျရှုံးတိုင်းလည်း ပတ်ဝန်းကျင် တိုက်ခိုက်မှု (လောကဓံ) ကို ခံနိုင်တဲ့ အရည်အချင်း ရှိတယ်။

အထက်ပါ သုံးချက်နဲ့ ပြည့်စုံ နေတယ် ဆိုရင် အောင်မြင်မှု ဆိုတာ တစ်နေ့တော့ ကြိမ်းသေ ရရှိမှာ ဖြစ်ပါတယ်။
.

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com/book/152-natter/41054-take-the-snail-for-example.html

အသက် ၃၀ အရွယ် အမျိုးသမီးတွေ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အရာများ (အပိုင်း -၂)

                     

အမျိုးသမီးတွေအနေနဲ့ အသက် (၃၀)နား ကပ်လာပြီ၊ ဒါမှမဟုတ် အသက် ၃၀ ပြည့်နေပြီဆိုရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်နေထိုင်ရမယ့် အရာလေးတွေ ရှိလာပါပြီ။ ကိုယ့်ရဲ့ နေ့စဉ်ဘ၀တွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အာက်မှာဖော်ပြပေးထား တဲ့ နည်းလမ်းလေးတွေကို မဖြစ်မနေ လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။ အပိုင်း (၁)မှာ ၁၀ချက် ဖော်ပြပြီးဖြစ်တာမို့ ခုအပိုင်း (၂)မှာ သိထားရမယ့် အချက်လေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

၁၁။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ပါ။

တရားထိုင်တဲ့အခါ စိက်ဟာအရင်ထက် ပိုငြိမ်းချမ်းလာပါလိမ့်မယ်။ ဒီလို စိတ်တည်ငြိမ်လာတဲ့အခါ ဦးနှောက်စွမ်းအားတွေ ပိုတိုးပွားလာသလို စိတ်ဖိစီးမှုတွေလည်း ပိုနည်းသွားတာသိသိသာသာကို ခံစားရမှာပါ။

၁၂။ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူပါ။

တစ်လကိုတစ်ခါ၊ ဒါမှမဟုတ် နှစ်လကိုတစ်ခါ ကိုယ့်ကျန်းမာရေးအတွက် ဘာတွေအားနည်းနေလဲ၊ နေလို့မကောင်းဘူးလဲဆိုတာမျိုး သိအောင် ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။

၁၃။လိင်ဆက်ဆံတဲ့အခါ ကူးစက်ရောဂါမခံရအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

ကိုယ့်ယောင်္ကျား၊ ကိုယ့်ချစ်သူနဲ့ အတူနေတဲ့အခါ သူတို့ကို ကွန်ဒုံးသုံးခိုင်းပါ။ ဒါဟာ ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

၁၄။ကိုယ့်စားတဲ့ အစားအသောက်တွေဟာ ဗိုက်တာမင်ပြည့်ဝနေပါစေ။

ဘယ်လိုအစားအစာမျိုးက ဗိုက်တာမင်ကြွယ်ဝသလဲဆိုတာ အခြေခံသိထားရမှာပါ။ ဒါဆို ကိုယ်စားတဲ့ အစားအသောက်တွေမှာ ဘယ်ဟာက ဗိုက်တာမင်ပါတယ်၊ ဘယ်ဟာက ဗိုက်တာမင်ချို့တဲ့တယ်ဆိုတာ သိနိုင်ပြီလေ။

၁၅။စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေချောချောမွေ့မွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ စိတ်ကျန်းမာရေးက အရေးကြီးပါတယ်။ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့။

၁၆။တီဗီကြည့်တဲ့အချိန်ကို ကန့်သတ်ထားပါ။

တီဗီရှေ့မှာ ဇာတ်လမ်းတွဲတွေကို အတောမသတ်ကြည့်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကလည်း အဆီတက်တာတွေ ဖြစ်လာတော့မှာပါ။

၁၇။ကိုယ့်ရဲ့နှလုံးကို ဂရုစိုက်ပါ။

အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ ဝေဒနာကတော့ နှလုံးရောဂါပါပဲ။ အသက်၃၀ ၀န်းကျင်မှာ ဖြစ်လေ့ရှိကြတဲ့ နှလုံးအားနည်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

၁၈။မကြာခဏ အပြင်ကို အလည်အပတ်သွားပါ။

အိမ်နဲ့ရုံးချည်း တစ်နေ့တစ်နေ့ သွားလိုက်ပြန်လိုက်နဲ့ အချိန်မကုန်လိုက်ပါနဲ့။ ပန်းခြံသွားတာမျိုး၊ ရှော့ပင်ထွက်တာမျိုး စတဲ့ အပြင်လောကနဲ့ အဆက်အသွယ်လုပ်ပါ။

၁၉။ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်တာတွေ လျော့ပါ။

ကိုယ့်ချစ်သူကို နားလည်အောင်ကြိုးစားပါ။ သူ့ကို စိတ်တိုတာတွေ၊ စိတ်ကောက်တာတွေ မဖြစ်အောင် တတ်နိုင်သလောက်ထိန်းပါ။ ဒါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ

၂၀။ဒစ်ဂျစ်တယ်ပစ္စည်းတွေ၊ အထူးသဖြင့် ဖုန်းကို မကြာခဏ ထိတွေ့နေတာမျိုးတွေ လျော့ပါ။

ဒစ်ဂျစ်တယ် ပစ္စည်းတွေနဲ့ အချိန်ရှိသမျှ ထိတွေ့ မနေပါနဲ့။ အချိန်မဖြုန်းပါနဲ့။ တတ်နိုင်သမျှ အဲ့ဒါတွေနဲ့ ဝေးကွာအောင် နေပါ။ ဒါတွေဟာ အနည်းဆုံးတော့ သင့်ကို အိပ်ရေးပျက်စေနိုင်တာကြောင့်ပါ။

Ref:womenshealthmag.com

မေသော်

သက်ရှည်ကျန်းမာ

www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148


https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.

ဗိုလ်ထိုင်အိမ်သာကို အသုံးမပြုတတ်လို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရ



 
လူတိုင်း လူတိုင်း သိထားသင့်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးလာတဲ့ အတွက်ဗိုလ်ထိုင် အိမ်သာကိုတော့ မလွဲမရှောင် အသုံးပြုရမှာပါ။ ဒီအတွက်အသိပညာ ဗဟုသုတ ရှိစေရန် ဒီသတင်းလေးကို တင်ပေး
လိုက်ရခြင်းပင် ဖြစ်ပါတယ်။

ထိုင်နိုင်ငံ ဘန်ကောက်မှာ ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်ပါတယ်။ ဗိုလ်ထိုင်အိမ်သာကို ပုံမှာ တွေ့တဲ့ အတိုင်း အပေါ်ဘက်မှ တက်ပြီးထိုင်သောကြောင့် အိမ်သာဟာ ခန္ဓာကိုယ် အလေးချိန်ကို မခံနိုင်၍ ကွဲထွက် သွားခြင်း ပင်ဖြစ် ပါတယ်။ ဒီလိုကွဲထွက် သွားပြီး အသုံးပြုသူရဲ့ တင်ပါးအားကို ဓားနဲ့ထိုးလိုက် သလို ဖြစ်သွား ပါတယ်။

ဒီဖြစ်ရပ်လေးကို ဥပမာယူကာ ဗဟုသုတ နည်းပြီး အတွေ့အကြုံမရှိတဲ့ မိမိပတ်ဝန်းကျင် ညီအကို မောင်နှမတွေကို ရှင်းပြပေးစေလိုပါတယ်။
 
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148
 

သဘာဝအလှများ အလကားမထားပါနှင့်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းကတွေ့ရစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
 
မြန်မာနိုင်ငံ  ပြည်သူတို့၏ နေ့စဉ်ဝင်ငွေနှင့် လူနေမှုဘဝ က ထူးခြားစွာ  တိုးတက်ပြောင်းလဲ လာခြင်းမရှိသေးပေ။သို့သော် နေထိုင်သွားလာမှု လူမှုပုံစံကတော့ ပြောင်းလဲလာပါပြီ။ မြန်မာပြည် သူတို့ကလည်း ခရီးသွားခြင်း၊ အပန်းဖြေဥယျာဉ်များတွင်အနား ယူခြင်း၊ ဝန်ဆောင်မှုကောင်း သောစားသောက်ဆိုင်များတွင် စားသုံးခြင်း၊ ဈေးဝယ်စင်တာတို့ တွင်လည်ပတ်ခြင်း စသောယဉ် ကျေးမှုကို နှစ်သက်ခုံမင်လာကြ သည်။
အထူးသဖြင့် ရန်ကုန်မြို့နေ လူထုသည် ပိတ်ရက်များတွင်လည်ပတ်စရာနေရာတစ်နေရာကို လိုလိုချင်ချင်ဖြင့် ရှာဖွေလာကြသည်။

သို့သော် မြို့ပြအငွေ့အသက် များနှင့်ရောယှက်ပြီး လူတို့ဖန်တီးထားသောပန်းခြံများ၊ ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံ များကိုသာသွားလာနေကြရပေသည်။
ရန်ကုန်တွင် မြို့နှင့်လည်း မဝေး၊ တောတောင်ရေမြေကို ခံစားနိုင်မည့် သဘာဝဥယျာဉ်ရှိ သော်လည်း ဝန်ဆောင်မှုအား နည်းချက်ရှိနေ၍   သွားလိုသော်လည်း ‘ဘာရှိလို့လဲ’ဟူ သောမေး ခွန်းများဖြင့် ရှောင်ဖယ်နေကြ သည်။

‘‘သွားချင်တာပေါ့ အဲဒီလို နေရာမျိုးကို။ ရန်ကုန်မှာရှိတဲ့ လှော်ကားဥယျာဉ်ကလည်း ဘယ် လိုသွားလို့ရတယ်၊ ဘာတွေရနိုင် တယ်ဆိုတာတွေကို   မသိတော့ သွားချင်တယ်။ သူငယ်ချင်းတွေနဲ့ သွားဖို့စီစဉ်လိုက်ရင် ပျက်ပျက် သွားတယ်’’ဟု ရုံးပိတ်ရက်တွင် မြို့နှင့်ဝေးရာသို့လည်ပတ်လေ့ရှိသူ ဂရပ်ဖစ်ဒီဇိုင်နာကိုနေလင်းက ပြောပြသည်။

တောတောင်ရေမြေများနှင့် သဘာဝအလျောက်ဖြစ်တည်နေ သောဘေးမဲ့တောဥယျာဉ်များ သည် နိုင်ငံတစ်ဝန်းတွင် ၃၈ ခုရှိ သော်လည်း ရန်ကုန်တွင်လှော် ကားဥယျာဉ်တစ်ခုတည်းသာရှိ နေသည်။
ထို့အတူ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သည်လည်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ အကောင် အချို့ရွှေ့ပြောင်းပြီး နောက်ပိုင်း တွင် သွားရောက်လည်ပတ်သူ နည်းပါးသွားခဲ့သည်။

‘‘အခုဆိုရင် သွားတဲ့သူတွေ က အသစ်ပြုပြင်ပေးထားတဲ့ ဗန္ဓု လပန်းခြံလိုနေရာမျိုးတောင်မှ စု ပြုံပြီးသွားနေကြတာ လှော်ကား လိုမျိုး တိရစ္ဆာန်ဥယျာဉ်လိုမျိုးနေ ရာတွေကို သေသေချာချာလုပ် မယ်ဆိုရင် ဒီကလူတွေတင်မက ဘူး နိုင်ငံခြားသားဧည့်သည်တွေ ပါလာကြမှာ’’ဟု အင်းစိန်မှဆူး လေသို့ နေ့စဉ်အလုပ်ဆင်းရန် သွားလာနေသော ကိုဝေယံက ပြောပြသည်။
မင်္ဂလာဒုံလှော်ကားရှိ အမြဲ စိမ်းတောကြီးကို ၁၉၈၉ ခုနှစ်က စတင်၍ ဘေးမဲ့တောဥယျာဉ် အဖြစ်သတ်မှတ်ခဲ့ပြီး ထိုစဉ်အခါ က ရွှေသမင်၊ ကျား၊ ယုန်၊ မျောက်၊ဆတ်၊ ဒရယ်စသော တိရစ္ဆာန်များကိုထားရှိခဲ့သည်။

‘‘အခုတော့ ကျားလည်းသေ သွားပြီလို့ပြောတယ်။ မျောက် တွေကလွဲရင် ဘာအကောင်မှ သိပ်မတွေ့ရတော့ဘူး’’ဟု ယခု ရက်ပိုင်းအတွင်း   သွားရောက် လည်ပတ်ခဲ့သော အိမ်ရှင်မတစ် ဦးက လက်ရှိလှော်ကားဥယျာဉ်၏ အခြေအနေကိုပြောပြပါသည်။
ဘန်ကောက်တွင် ဧက ၅၀၀နီးပါးရှိသော မြေအကျယ်၌ဆာဖာရီ ဥယျာဉ် (Safari World)တစ်ခုကို ဖန်တီးထား ပြီး ယင်းဥယျာဉ် သည် တိရစ္ဆာန်မျိုးစုံရှိပြီးဝန်ဆောင်မှု ကောင်းကောင်းနှင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်သည့် ထိုင်းနိုင်ငံ၏အဓိကနေရာတစ်ခု လည်းဖြစ်နေသည်။ ဝင်ကြေးက လည်းများသည်။

‘‘ဘန်ကောက်က ဆာဖာရီ ရဲ့အဓိကစီးပွားရေးကတော့ တိ ရစ္ဆာန်ပြပွဲတွေပဲ။ နောက်ပြီး အဲဒီ မှာ ခုနောက်ဆုံးလုပ်ထားတာက အစိတ်အပိုင်းလေးတစ်ခုက အာ ဖရိကက ဆာဖာရီဥယျာဉ်အတိုင်း ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ ကို သဘာဝအတိုင်းလွှတ်ထား တယ်။ သွားတဲ့သူတွေက ကားနဲ့ ဝင်ပြီး ကားပေါ်ကနေပဲကြည့်ရ တယ်’’ဟု ဘန်ကောက်ရှိ Safari World သို့သွားရောက်လည်ပတ် ဖူးသောခရီးသွားလုပ်ငန်းလုပ် ကိုင်သူ  ဒေါ်စံပယ်အောင်ကဆို သည်။

ရန်ကုန်ရှိ တိရစ္ဆာန်ဥယျာဉ် ၏   အကျယ်အ၀န်းသည်  ဘန်ကောက်ဆာဖာရီ၏ တစ်စိတ်တစ်ပိုင်းမျှသာရှိသည်။ ဘန်ကောက်ဆာဖာရီတွင် တိရစ္ဆာန်များပြသထားခြင်းမှာလည်း ဥယျာဉ်၏တစ်စိတ်တစ်ပိုင်းအခြေအနေမျှသာ ဖြစ်သည်။ ရန်ကုန်တွင် ဆာဖာရီဥယျာဉ်ကဲ့သို့   လုပ်ဆောင်၍ရသောနေရာမှာ လှော်ကားဥယျာဉ် တစ်ခုတည်းသာ  ရှိနေသည်ဟု    ၎င်းကဆိုသည်။
လှော်ကားဥယျာဉ်သည် ဧက ၁၅၀၀ ကျော်ရှိပြီး သစ်ပင်အမျိုးပေါင်းများစွာ နှစ်ချို့နွယ်ပင်ကြီးများနှင့် မြို့ပြနှင့်အနီးဆုံးနေရာတွင်ရှိသော အမြဲစိမ်းတော ကြီးဖြစ်ပေသည်။

လှော်ကားဥယျာဉ်သည် အိမ်နီးချင်းနိုင်ငံများရှိ ဥယျာဉ် များနှင့် နှိုင်းယှဉ်မည်ဆိုပါက သဘာဝကိုအခြေခံထားသော ဥယျာဉ်ဖြစ်ခြင်း၊ ကျယ်ဝန်းခြင်း နေရာဒေသ     ကောင်းမွန်ခြင်း စသည့် အားသာချက်များရှိနေသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်ဒေါက်တာသိန်း အောင်က    သုံးသပ်ပြောကြား သည်။

‘‘ဧည့်သည်က ဒါတွေကို ကြည့်မယ်၊ ခံစားမယ်၊ လေ့လာ မယ်ဆိုရင် အဲဒီမှာသဘာဝကပေး တဲ့ဝန်ဆောင်မှုတွေရနိုင်မယ့် တကယ့်နေရာကောင်းတစ်ခုပါ။ အဲဒီမှာရှိတဲ့အရာတွေကို အသေး စိတ်လေ့လာနိုင်မယ့်ဝန်ဆောင်မှု တွေပေးမယ်ဆိုရင်တော့ သိပ်ကို ကောင်းမယ့်နေရာလေးတစ်ခုပါ’’ ဟု ၎င်းကဆိုသည်။

ထို့အတူ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကိုလည်း အဆင့်မြှင့်တင် မည်ဆိုပါက ရန်ကုန်မြို့နေ  ပြည် သူများသာမက နိုင်ငံခြားသားဧည့် သည်များအတွက်ပါ လည်ပတ် စရာတစ်နေရာတိုးလာမည်ဖြစ် သည်ဟု ခရီးသွားလုပ်ငန်းလုပ် ကိုင်သူတစ်ဦးကပြောသည်။
ရန်ကုန်မြို့ရှိ မိသားစုများ သည် ကန်တော်ကြီး၊ ကန်တော် မင်္ဂလာပန်းခြံ၊ အင်းလျားကန် ပေါင်၊   စိမ်းလမ်းစိုပြည်ပန်းခြံ စသည့်နေရာများကိုသာ ပိတ်ရက်တွင်အပန်းဖြေနေရာအဖြစ်ရွေး ချယ်ရမြဲပင်ဖြစ်သည်။

ယင်းနေရာများသည်လည်း ချစ်သူစုံတွဲများကျက်စားရာ နေရာဖြစ်သောကြောင့်   မိသားစုလိုက် သွားရောက်သူများသည် ကစားကွင်းများ၊ ဘုရားများ စသည်တို့ကိုသာ ရွေးချယ်လေ့ရှိကြပြီးမြို့ပြ၏   အငွေ့အသက်များကို ရှောင်ကွင်းနိုင်ခြင်းမရှိကြချေ။
ငယ်ရွယ်သောကျောင်းသား လူငယ်သူငယ်ချင်းများကတော့ ရုပ်ရှင်ရုံများနှင့် ဈေးဝယ်စင်တာ များတွင်သာ အချိန်ကုန်လေ့ရှိကြ သည်။

‘‘တကယ်တော့ လှော်ကား ဥယျာဉ်လိုနေရာမျိုးက အသိနည်း သွားလို့ဖြစ်မယ်။   ဘာလို့လဲဆို တော့ ပဲခူးနားကရွှေပြည်လိုနေ ရာမျိုးတောင်မှ သွားကြတဲ့လူတွေ ရှိတာပဲ။ လှော်ကားမှာလည်း ဝန် ဆောင်မှုကောင်းကောင်းရှိမယ် ဆိုရင်တော့
သွားကြမယ်ထင် တယ်’’ဟု ကိုနေလင်းက သူ၏ အမြင်ကိုပြောပြသည်။

လက်ရှိတွင် ရန်ကုန်၏တစ် ခုတည်းသော သဘာဝဘေးမဲ့ တော၌ ယခင်ကလို ရွှေသမင် များ၊ ယုန်များကို မမြင်တွေ့ရ တော့ဘဲ မျောက်၊ သမင်နှင့်တည်းခိုနေနိုင်သည့်   ဘန်ဂလိုကိုသာတွေ့ မြင်ရတော့သည်ဟု ကိုနေလင်းကဆိုသည်။

‘‘ဒီကိုအခုလာကြတဲ့ ဧည့်သည်တွေက  ကိုယ့်ဟာကိုယ်နေရာထိုင်ခင်းရှာတယ်။ ချက်ပြုတ်စားသောက်တယ်။  သီချင်းဆိုကြ တယ်။ ဒီလိုပဲနေထိုင်ကြတယ်။ ကိုယ်တွေမှာ ဒီထက်ပိုပြီးဖန်တီးပေးမှုလေးလိုနေတယ်။    သူများနိုင်ငံတွေဆိုရင်    ဖန်တီးတယ်။တစ်ခါတလေ ဒီထက်တောင်ပို သွားသေးတယ်’’ဟုဒေါက်တာ သိန်းအောင်ကဆိုသည်။

လှော်ကားဥယျာဉ်နှင့် တိ ရစ္ဆာန်ဥယျာဉ်တို့ကို အဆင့်မြှင့် တင်ရန် အကောင်များဖြည့်တင်းခြင်း၊ ပညာရှင်များခေါ်ယူကာ ပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်ရန်ရှိနေကြောင်း ယင်းဥယျာဉ်တို့ကိုတာဝန်ယူဆောင်ရွက် နေသော ထူးကုမ္ပဏီမှသိရသည်။

‘‘အဲဒီနေရာတွေက တကယ် ကိုလုပ်သင့်တဲ့နေရာတွေပါ။ ဘာ မဟုတ်တဲ့မိကျောင်းမွေးမြူရေး စခန်းတောင်မှ သွားပြီးလေ့လာ ကြတဲ့   နိုင်ငံခြားသားဧည့်သည် တွေများနေတယ်လို့ သတင်းတွေ မှာတွေ့နေရတာပဲ’’ဟု  အင်းစိန် မြို့နေ ကိုဝေယံကပြောသည်။

မြန်မာနိုင်ငံတွင်လည်း သဘာဝအခြေခံသောဥယျာဉ်ကြီး တွေရှိနေပါလျက်နှင့် အခြားနိုင်ငံများနည်းတူ တိရစ္ဆာန်မျိုးစုံ၊ သန့်သန့်ရှင်းရှင်း၊ ဝန်ဆောင်မှုကောင်း ကောင်း ပြပွဲများနှင့်စည်ကားနေ သောအပန်းဖြေဥယျာဉ်ကြီးတစ် ခုကို မြန်မာပြည်သူများ တောင့်တနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။


http://ec2-54-255-198-232.ap-southeast-1.compute.amazonaws.com/story/12038#.U4noFyhIPYg

မက်ဇူကာဘက်နှင့်ဇနီး ကန်ဒေါ်လာ သန်း ၁၂၀ အလှူ,


REUTERS
ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘက်နှင့်ဇနီး ပရစ်စီလာချန်တို့သည် ရှေ့လာမည့်ငါးနှစ်အတွင်း ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှ ကျောင်းများသို့ ကန်ဒေါ်လာ သန်း ၁၂၀ ကူညီသွားမည်ဖြစ်သည်။
ယင်းသို့ လှူဒါန်းမည့်အကြောင်းကို မက်ဇူကာဘက်တို့စုံတွဲက အေပီသတင်းဌာနအား ပြောကြားခဲ့ပြီး ဆန်ဖရန်စစ္စကို၊ ရေဗင်ဝုဒ်နှင့် ရက်ဒ်ဝုဒ်စီးတီး ဧရိယာကျောင်းများ၌ ကျောင်းအုပ်ဆရာများအား လေ့ကျင့်ပေးခြင်း၊ စာသင်ခန်း နည်းပညာ တိုးမြှင့်ခြင်းနှင့် ကလေးများကို အထက်တန်းကျောင်းအတွက် ပြင်ဆင်ခြင်းတို့အတွက် ကန်ဒေါ်လာငါးသန်း စတင်အသုံးပြုသွားမည်ဖြစ်သည်။

ဇူကာဘက်သည် လွန်ခဲ့သည့်လေးနှစ်ကလည်း နယူးဂျာစီပြည်နယ် နီဝါ့က်ဒေသကျောင်းများသို့ ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့သည်။

နီဝါ့က်ဒေသတွင် လှူဒါန်းမှုများ ပြုလုပ်ပြီးသည်မှာ မကြာသေး၍ ကျောင်းများ၏ တိုးတက်မှုကို တိတိပပတိုင်းတာ၍ မရသေးဟု ဇူကာဘက်က ပြောကြားပြီး ယင်းအတွေ့အကြုံက ဆန်ဖရန်စစ္စကိုတွင် လှူဒါန်းရန် ဆုံးဖြတ်ချက်ကို လွှမ်းမိုးမှုရှိခဲ့သည်ဟု ဇူကာဘက်က အေပီသတင်းဌာနအား ပြောသည်။
—Ref: AP

http://ec2-54-255-198-232.ap-southeast-1.compute.amazonaws.com/story/12022#.U4nlVChIPYh

ရုရှားတွင် အရွယ်မလွန်ခင်သေစေသည့် ဗော့ဒ်ကာ အရက်



ရုရှားမှာ စစ်တမ်း အရ ဗာ့ဒ်ကာကြောင့် သေဆုံးသူဟာ ထက်ဝက်ဝန်းကျင် ရှိပြီး ယင်းထဲမှာမှ အသက် ၅၅ နှစ်အောက် နဲ့ သေဆုံး ရသူက ၂၅ ရာခိုင်နှုန်း ရှိကြောင်း ဆိုပါတယ်။

အမေရိကန် မှာဆိုရင် ၁ ရာခိုင်နှုန်းပဲ ရှိတာမို့ သိသိသာသာကို ကွာဟ နေပါ တယ်။ ဗော့ဒ်ကာ အရက်ဟာ ဆိုဗီယက်၊ ပိုလန်၊ ဆွီဒင် တို့လို ဥရောပ နိုင်ငံ များမှာ မွေးဖွား ပေါ်ပေါက်ခဲ့တဲ့ ချက်အရက် တစ်မျိုး ဖြစ်ပြီး အယ်လ်ကိုဟော ပမာဏ ၄၀ ရာခိုင်နှုန်း ဝန်းကျင် ပါဝင် ပါတယ်။ ဂျုံ၊ အာလူး၊ ပြောင်း အစရှိ သဖြင့် တို့နဲ့ ချက်လုပ်တဲ့ ယင်း အရက်ဟာ ၁၃ ရာစု၊ ၁၄ ရာစု လောက် ကတည်းက ပေါ်ပေါက်လာတဲ့ အရက် ဖြစ်ပါတယ်။ ရုရှားမှာ ရေပန်း အစား ခေတ် အစားဆုံး ဖြစ်ပြီး ရုရှား ဗော့ဒ်ကာဟာ ကမ္ဘာကျော် ပဲ ဖြစ်ပါ တယ်။

ရုရှားနိုင်ငံသားတို့ သောက်သုံးနေတဲ့ ၉၀ ရာခိုင်နှုန်းကျော်သော အရက် ပမာဏ ဟာ ဗော့ဒ်ကာ (Vodka) ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ် ကျော် က ဈေးကြီးနေတဲ့ Vodka ကို သာမန်လူ ဆင်းရဲသားများ ပါ သောက် သုံးနိုင်အောင် အစိုးရကိုယ်တိုင် ဈေးချပေးခဲ့ခြင်း ဖြစ် ပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီ များဟာလည်း အစိုးရနဲ့ ဆက်စပ်မှု ရှိပြီး တိုင်းပြည် ဝင်ငွေ တစ်ခု အဖြစ် တည်ရှိ နေကြောင်း သိရ ပါတယ်။
.

အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/photo.php?fbid=702323989810856&set=a.247917771918149

လည်ချောင်းနာခြင်း အတွက် အကောင်းဆုံး အိမ်တွင်ကုထုံးများ



လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။

(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။

(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။

(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။

အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာ ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=702771203099468&set=a.247917771918149.

ကမ္ဘာ့ဘော့လုံးသမိုင်းနှင့် ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ





 
ကမ္ဘာပေါ်တွင် ပထမဆုံး နိုင်ငံတကာဘောလုံးပွဲသည် စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့တွင် ၁၈၇၂ ၌ ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်နှင့် စကော့တလန်တို့၏ ပွဲဖြစ်သည်။ ထိုပွဲတွင် မည်သူမျှဂိုးသွင်းယူနိုင်ခြင်း မရှိပဲ ၀-၀ ဖြင့် သရေကျခဲ့ကြသည်။

ထို့နောက် ၁၈၈၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပခဲ့သော Birtish Home Championship ပြိုင်ပွဲသည် ပထမဆုံး နိုင်ငံတကာဘောလုံးပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ထားကြသည်။ ယင်းဖလားအား ဗြိတိသျှနိုင်ငံများဖြစ်ကြသော အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် အိုင်ယာလန်တို့မှ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ကမ္ဘာပေါ်တွင် လူအများစိတ်ဝင်အစားဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ဦးဆောင်ကျင်းပသည့် ဖီဖာအဖွဲ့ချုပ်ကို ၁၉၀၄ ခုနှစ် မေလ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

FIFA ၏ နာမည်အပြည့်အစုံမှာ Fédération Internationale de Football Association (FIFA) ဖြစ်ပြီး၊ ပြင်သစ်အမည်ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများမှာ- ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်တို့ ဖြစ်ကြသည်။

လက်ရှိတွင် နိုင်ငံပေါင်း (၂၀၉) နိုင်ငံမှအဖွဲ့ဝင်အဖြစ် ပါရှိလျက်ရှိပြီး၊ ဖီဖာ၏ ကြွေးကြော်သံမှာ “For the Game. For the World” ဖြစ်သည်။ အစည်းအဝေးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် စပိန်ဘာသာစကားတို့ ဖြစ်ပြီး၊ ရုံးချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ရှိသည်။

ပထမဆုံးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ၁၉၃၀ ခုနှစ်တွင် တောင်အမေရိကတိုက်ရှိ ဥရုဂွေးနိုင်ငံတွင် ကျင်းပခဲ့ရာ တောင်အမေရိကတိုက်မှ (၇) သင်း၊ ဥရောပမှ (၄) သင်းနှင့် မြောက်အမေရိကတိုက်မှ (၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အိမ်ရှင်ဥရုဂွေးမှ အနိုင်ရဗိုလ်စွဲခဲ့သည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ နှင့် ၁၉၄၆ ခုနှစ်များတွင်သာ စစ်ကြောင့် မကျင်းပနိုင်ခဲ့ပဲ ကျန်သည့် အချိန်များတွင် ပုံမှန်ကျင်းပနိုင်ခဲ့သည်။

(၁၉) ကြိမ်ကျင်းပပြီးဖြစ်သော ဤပြိုင်ပွဲတွင် နိုင်ငံ (၈) နိုင်ငံမှ ဗိုလ်စွဲခဲ့ကြသည်။ ယင်းတို့မှာ ဘရာဇီးလ်နိုင်ငံမှ (၅) ကြိမ်ဖြင့် အကြိမ်အများဆုံး ဖြစ်သည်။ ယင်းနောက်တွင် အီတလီမှ (၄) ကြိမ်၊ ဂျာမနီမှ (၃) ကြိမ်၊ အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ (၂) ကြိမ်စီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် စပိန်တို့မှ (၁) ကြိမ်စီ ဆွတ်ခူးခဲ့ကြသည်။

လက်ရှိချန်ပီယံမှာ စပိန်အသင်းဖြစ်ပြီး၊ ၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်မှာ ဘရားဇီးလ်ဖြစ်သည်။ ၂၀၁၈ တွင် ရုရှားနှင့် ၂၀၂၂ တွင် ကာတာနိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။

(၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုဇယား)
ဖွင့်ပွဲအား ဆော်ပေါ်လိုမြို့တွင် ဇွန်လ (၁၂) ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး၊ အိမ်ရှင် ဘရာဇီးလ်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်
ယခုနှစ်ပြိုင်ပွဲတွင် ဥရောပမှ (၁၃) သင်း၊ တောင်အမေရိကတိုက်မှ (၆) သင်း၊ အာဖရိကတိုက်မှ (၅) သင်း၊ အာရှတိုက်မှ (၄) သင်း နှင့် မြောက်အမေရိကတိုက်မှ (၄) သင်း စုစုပေါင်း (၃၂) သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ဆုကြေးငွေအဖြစ် ပြိုင်ပွဲဝင်သည့် အသင်းတိုင်းအား ပြင်ဆင်မှုအဖြစ် အမေရိကန်ဒေါ်လာ (၁.၅) သန်းစီ ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အုပ်စုအဆင့်မှ ထွက်ရသည့် အသင်းတိုင်းသည် အမေရိကန်ဒေါ်လာ (၈) သန်းစီ ရရှိမည်ဖြစ်သည်။

ရှုံးထွက်အဆင့်သို့ ရောက်သည့် အသင်းတိုင်းမှာ အမေရိကန်ဒေါ်လာ (၉) သန်းစီ ရရှိမည်ဖြစ်ပြီး၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ (၁၄) သန်းစီ ရရှိမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ရောက် စတုတ္ထရသည့်အသင်းမှာ အမေရိကန်ဒေါ်လာသန်း (၂၀)၊ တတိယရသည့်အသင်းမှာ (၂၂) သန်း၊ ဒုတိယရသည့် အသင်းမှာ (၂၅) သန်းနှင့် ပထမရသည့် အသင်းမှာ (၃၅) သန်း ချီးမြှင့်ခြင်း ခံရမည်ဖြစ်သည်။
http://www.chinworld.info/?p=1507
 

လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် - တရားတော်




“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် - အပိုင်း(၈) ” -တရားတော်
••••••••••••••••••••••••••••••••••••••••••••••••••••••
ယနေ့ညအတွက် Download လုပ်၍
နာယူနိုင်ရန် ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် - အပိုင်း(၈) ” -
တရားတော် MP3 ကို ဓမ္မဒါနပြုလိုက်ပါသည်။
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်

Links : File size : 20.35 MB

https://www.mediafire.com/?y1vq66os3sq2yx7

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
--------*------------*----------*----------*--------
 
“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၁” နာယူချင်ပါက 。。。►

Links : File size :18.76 MB
https://www.mediafire.com/?7ocfp5kmcezepa6
 
 
  “လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၂” နာယူချင်ပါက 。。。►

Links : File size : 21.89 MB
https://www.mediafire.com/?vcktk33iabex8iu
 
“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၃ ” နာယူချင်ပါက 。。。►
 
Links : File size : 19.47 MB
https://www.mediafire.com/?libebv5msexxna2
 
  “လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၄ ” နာယူချင်ပါက 。。。►
 
Links : File size : 16.56 MB
https://www.mediafire.com/?hs0rds91c7u2adz
 
“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၅ ” နာယူချင်ပါက 。。。►

 
Links : File size : 17.25 MB
https://www.mediafire.com/?913ohpza284c329
 
“လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၆ ” နာယူချင်ပါက 。。。►
 
Links : File size : 19.99 MB
https://www.mediafire.com/?9ebecoriak9p55d
 
  “လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် - အပိုင်း ၇” နာယူချင်ပါက 。。。►
 
Links : File size : 19.32 MB
https://www.mediafire.com/?7f844xrch0sndeb

အမြင်အာရုံထက်သန်စေဖို့

                          

သင့်အမြင်အာရုံကို သဘာဝအတိုင်း ပိုမိုထက်သန်လာအောင်လုပ်လိုပါသလား... အမြင်အာရုံကောင်းမွန်ဖို့အတွက် မျက်စိလေ့ကျင့်ခန်းနဲ့ အစာအာဟာရတို့ကို အသုံးပြုပြီး သဘာဝနည်းလမ်းအတိုင်း ပြုလုပ်ပေးနိုင်ပါတယ်...

မျက်စိလေ့ကျင့်ခန်းများဟာ အမြင်အာရုံပြဿနာတွေဖြစ်တဲ့ မျက်စိကျိန်းစပ်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိရောဂါပိုးဝင်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း စတာတွေအတွက် ထိရောက်ကောင်းမွန်စွာ ကူညီကုသပေးနိုင်ပါတယ်...

မျက်စိလေ့ကျင့်ခန်းတွေပြုလုပ်တဲ့အခါမှာ နေ့စဉ်ပုံမှန်လုပ်ဆောင်သွားဖို့လိုပါတယ်... လုပ်ဆောင်တဲ့အခါမှာလည်း အလျင်စလိုနဲ့ မြန်မြန်ဆန်ဆန်လုပ်နေဖို့မလိုပါဘူး... တည်တည်ငြိမ်ငြိမ် သက်တောင့်သက်သာနဲ့ထိုင်ပြီးမှ မျက်စိလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရပါမယ်... လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကိုလည်း တဖြည်းဖြည်းတိုးမြှင့်သွားနိုင်ပါတယ်... ဒါပေမဲ့ အလွန်ဆုံး ၂၅ မိနစ်လောက်ပဲ လိုအပ်မှာဖြစ်ပါတယ်... သင့်မျက်လုံးတွေကိုတော့ လေ့ကျင့်ခန်းကြောင့် ဒဏ်မဖြစ်အောင်သတိပြုရပါမယ်... ဖြည်းဖြည်းနဲ့ စူးစူးစိုက်စိုက်လုပ်သွားဖို့လိုပါတယ်...

* စူးစိုက်မှု - သင့်အိမ်က နံရံပေါ်မှာ ဘောပင်မင်အနက်နဲ့ အနက်ရောင်အစက်ငယ်လေးတစ်ခုလုပ်လိုက်ပါ.... နံရံကိုမျက်နှာမူပြီး ကော်ဇောပေါ်မှာ ဒါမှမဟုတ် ထိုင်ခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာထိုင်ပါ... နံရံပေါ်က အမည်းစက်ကို သင်တတ်နိုင်သလောက် အချိန်ကြာအောင် စူးစိုက်စောင့်ကြည့်ပါ... ဒီလေ့ကျင့်ခန်းဟာ သင့်မျက်လုံးတွေကို စူးစိုက်နိုင်စွမ်း မြင့်မားစေမှာဖြစ်ပါတယ်...

* အဖွင့်/အပိတ် - မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ပြူးကြည့်ပါ... ပြီးတော့ လုံးဝမှိတ်ထားပါ... ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာတော့ မျက်စိမနာအောင် ညင်ညင်သာသာလုပ်ဖို့လိုပါမယ်... တစ်ကြိမ်နဲ့တစ်ကြိမ်အကြား ၁ စက္ကန့်လောက်နားပြီး ၁၀ ကြိမ်လောက် ထပ်ခါထပ်ခါလုပ်ပေးပါ...

* လှည့်ပတ်မှု - သင့်မျက်လုံးတွေကို နာရီလက်တံအတိုင်း ၅ ပတ်လှည့်ပါ... နာရီလက်တံပြောင်းပြန်အတိုင်း ၅ ပတ်ပြန်လှည့်ပါ... ဒီလေ့ကျင့်ခန်းကတော့ သင့်မျက်လုံးကြွက်သားတွေကို သန်မာစေပါလိမ့်မယ်....

* ရွေ့လျားမှု - သင့်မျက်လုံးကို အပေါ်အောက် ဖြည်းညင်းစွာရွေ့လျားပေးပါ... ပြီးရင် ဘယ်ညာ ၅ ခါစီ ရွေ့လျားပေးပါ... ဒီလေ့ကျင့်ခန်းက မျက်လုံးရွေ့လျားမှုကို ပိုမို လိုက်လျောညီထွေဖြစ်စေပါတယ်...

* လှုပ်ရှားမှု - မျက်တောင်ကို ခပ်များများခတ်ပေးပါ... ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးကြွက်သားတွေကို သန်မာစေပြီး ခြောက်သွေ့မှုက ကာကွယ်ပေးပါတယ်...

* သွေးလည်ပတ်မှု - ယောဂလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းများဟာလည်း မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်...

မျက်လုံးအတွက်ကောင်းမွန်တဲ့ အစာအာဟာရတွေကတော့
၁) မုန်လာဥဝါ
၂) ကြက်ဥ
၃) နွားနို့
၎) တရုတ်ဆီးသီး
၅) ဘယ်ရီအနွယ်ဝင်အသီးများ
၆) စပျစ်အနွယ်ဝင်အသီးများ
၇) ရှောက်အနွယ်ဝင်အသီးများ
၈) ဂေါ်ဖီထုပ်
၉) ဟင်းနုနွယ်ရွက်
၁၀) ရေချိုငါး
၁၁) ငါးကြီးဆီ

မျက်စိကို ထိခိုက်စေသော အမူအကျင့်များ
၁) Monosodium Glutamate (MSG) လို့ခေါ်တဲ့ sodium glutamate ပါဝင်သော အစားအစာနှင့် ဖြည့်စွက်ပစ္စည်းများ စားသောက်သုံးစွဲခြင်း
၂) အချိန်အတန်ကြာ နေကို တိုက်ရိုက်ကြည့်ရှုခြင်း
၃) မျက်လုံးကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးနေရခြင်း
၎) လက်ကိုင်ဖုန်း၊ ကွန်ပျူတာများကို ကြာမြင့်စွာဆက်တိုက် အသုံးပြုခြင်း

---------------------------------------------------------------
Ref: General knowledge
နှိုင်းရင့်နွေ
 

သွေးလွန်းတုပ်ကွေး ရောဂါသည်အား ကြက်ဟင်းခါးရွက် အရည်တိုက်ပါက ချက်ချင်းပျောက်ပါသည်



ယခုဖော်ပြမယ့် ဆေးဟာ တစ်ကယ်ပဲ လက်တွေ့ ပျောက်ကင်းတဲ့ ဆေးနည်းလေး ဖြစ်ပါတယ်။

ကြက်ဟင်းခါးရွက်ဟာ အလွန်ပင် ဆေးစွမ်းထက်ပါတယ်။ အဲဒါကတော့ သွေးလွန်းတုပ်ကွေး ရောဂါကို ချက်ချင်းပျောက်ကင်း စေနိုင်စွမ်း ရှိပါတယ်။ ငွေကြေး အကုန်အကျလည်း မများသည့် အတွက် လူတိုင်း လုပ်ဆောင်နိုင်မှာပါ။ ဆေးရုံဆေးခန်းနှင့် ဝေးလံသော နေရာတွေမှာ ဒီလေးလေးကို
အသုံးပြုနိုင်ပါတယ်။

ကြက်ဟင်းခါးရွက်ကို ကြိတ်လိုက်ပါ။ ကြိတ်၍ရသော အရေများကို သွေးလွန်တုပ်ကွေး ဖြစ်နေသော လူနာအား တိုက်ပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ ထိုအရွက်များခြင့် လူနာ၏ ခန္ဓာကိုယ်ကို ပွတ်ပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ အဖျားရှိ နေရင်လည်း ပျောက်ကင်းစေနိုင် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.

အသားကင်နေစဉ်မှာ မျက်ကပ်မှန်တပ်၍ မျက်လုံး ကန်းသွားသူ





အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အခန်းတစ်ခု အတွင်း အသားကင်နေစဉ် မျက်ကပ်မှန်ကို တပ်လိုက်ပါတယ်။ မီးသွေးများဖြင့် အသားကင်ခြင်း ဖြစ်သောကြောင့် မီးခိုး အများအပြား ထွက်ပေါ်လာပါတယ်။ ထိုမီးခိုးများသည် သူမ၏ မျက်လုံးအတွင်းသို့ ဝင်ရောက်လာပါတယ်။

၂ မီနစ် ၃ မီနစ် အကြာမှာ သူမသည် မျက်လုံးမှ မျက်ရည်များ ရုတ်တရက် ကျဆင်းလာပြီး ဘယ်လိုမှ မနေနိုင်လောက်အောင် ခံစားရ ပါတော့တယ်။ သူမအခုလို ဖြစ်နေတာကို အချိန်အတော်ကြာ ဘယ်သူတစ်ဦး တစ်ယောက်မှ မသိပါဘူး။ သူမကို ဆေးရုံသို့ ပို့လိုက် ချိန်မှာတော့ သူမ၏ မျက်လုံး ကန်းသွားပြီလို့ ဆရာဝန်က ဆိုပါတယ်။

ဆက်လက်၍ ဆရာဝန်က မျက်ကပ်မှန်ကို ပြင်းထန်သော အပှုချိန်ရှိနေရင် မဝတ်ဆင်ဖို့ ပြောပါတယ်။ အထူးသဖြင့် အိမ်ရှင်မများ ဟင်းချက်ပြုတ်နေစဉ်မှာ မတပ်သင့်ပါဘူးလို့ ဆရာဝန်က ဆိုပါတယ်။ ဒါကြောင့် မျက်ကပ်မှန် ဝတ်ဆင်သူများ အနေဖြင့် သတိထားသင့်သည်က မျက်လုံးသို့ မြင့်မားသော အပှုချိန် ကျရောက်နေပါက မျက်ကပ်မှန်ကို အဝတ်သင့်ပါဘူး။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
 

အသက် ၃၀ အရွယ် အမျိုးသမီးတွေ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အရာများ (အပိုင်း -၁)

                                



အမျိုးသမီးတွေအနေနဲ့ အသက် (၃၀)နား ကပ်လာပြီ၊ ဒါမှမဟုတ် အသက် ၃၀ ပြည့်နေပြီဆိုရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်နေထိုင်ရမယ့် အရာလေးတွေ ရှိလာပါပြီ။ ကိုယ့်ရဲ့ နေ့စဉ်ဘ၀တွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အာက်မှာဖော်ပြပေးထား တဲ့ နည်းလမ်းလေးတွေကို မဖြစ်မနေ လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တွေဝေမနေပါနဲ့။ တစ်နေ့တာ အချိန်တွေထဲက အဆင်ပြေမယ် အချိန်ရွေးပြီး လေ့ကျင့်ခန်း လုပ်ဖြစ်အောင်လုပ်ပါ။ ပြေးတဲ့လေ့ကျင့်ခန်း၊ ယောဂစသဖြင့် ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု ခုကို မဖြစ်မနေလုပ်ပါ။

၂။ရေများများသောက်ပါ။
 
ရေသောက်ခြင်းဟာ ကိုယ့်ကို ၀ိတ်ကျစေတဲ့အပြင် စိတ်ဓာတ်ကျတာတွေ၊ စိတ်ရှုပ်တာတွေကိုလည်း သက်သာစေပါတယ်။

၃။ဆေးလိပ်ဖြတ်ပါ။

ကိုယ်က ဆေးလိပ်သောက်တတ်သူဆိုရင် ဖြတ်နိုင်အောင် ကြိုးစားပါ။ မသောက်တတ်တဲ့သူဆိုရင်လည်း သောက်ဖို့ မကြိုးစားပါနဲ့။ ဒီအကျင့်ကို အစမပျိုးလိုက်ပါနဲ့။ ဒါဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့အပြင် ကြာ၇င် ဦးနှောက်ကိုပါ ထိနိုင်တာကြောင့်ပါ။

၎။မတ်တပ်များများရပ်ပါ။

ကိုယ်က ရုံးအလုပ်တွေကြောင့် ရုံးမှာ တစ်နေ့ကုန် ထိုင်နေရတဲ့သူဆိုရင်လည်း နေ့လည်နေ့ခင်း လမ်းလျှောက်ပေးတာတို့၊ အညောင်းဆန့်ပေးတာတို့ လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ မတ်တပ်များများရပ်ပေးပါ။ ဒါဟာ အထိုင်များတဲ့ သူတွေ ဖြစ်တတ်တဲ့ အ၀လွန်ရောဂါနဲ့ နှလုံးရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်တာကြောင့်ပါ။

၅။တားဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။

ကိုယ့်အတွက် သားဆေးသောက်ဖို့ လိုအပ်နေပြီလို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့မဖြစ်မနေတိုင်ပင်ဖို့ လိုပါတယ်။ ဒါမှလည်း ကျန်းမာရေးအတွက် စိတ်ချရမှာပါ။

၆။ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားပါ။

အသက်ကြီးလာပြီပဲဆိုပြီး နေချင်သလို မနေလိုက်ပါနဲ့။ အသက်ရလာလေလေ ကိုယ့်ရဲ့ဘော်ဒီကို ကိုယ်တန်ဖိုးထားရလေလေပါပဲ။ အသက်၃၀ကျော်ပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ ဆယ်ကျော်သက်တွေထက်တောင် ပိုကြည့်ကောင်းနေမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်လည်း ပီတိဖြစ်ရသလို အားလုံးရဲ့အားကျတဲ့အကြည့်တွေကိုလည်း သင်ပိုင်ဆိုင်ရမှာပဲလေ။

၇။သူငယ်ချင်းတွေနဲ့ ပုံမှန်လေး ဆုံပေးပါ။

ဘယ်လောက်အလုပ်တွေ ရှုပ်နေပါစေ။ တစ်လမှာ တစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ် တစ်ခါ စသဖြင့် သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဖြစ်အောင်တွေ့ပါ။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို သင့်ခန္ဒာကိုယ်ရဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့အတွက်လည်း အထောက်အကူပြုတယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုပါတယ်။

၈။ဟင်းချက်နည်းတွေကို လေ့လာပြီး ချက်ပြုတ်ကြည့်ပါ။

ချက်ရ ပြုတ်ရတာ ၀ါသနာမပါရင်တောင် ကိုယ်ကြိုက်တဲ့ဟင်းမျိုး၊ ဒါမှမဟုတ် နာမည်ကြီး ဟင်းလျာမျိုးတွေကို ချက်တတ်အောင် လေ့လာထားပါ။

၉။ကိုယ်နဲ့ ရင်းနှီးပြီး ခင်မင်ရတဲ့ ဆရာဝန်ဆီက အကြံဥာဏ်ယူပါ။
ဖြစ်နိုင်ရင် ကိုယ့်မှာ မိသားစုဆရာဝန်မဟုတ်တောင် ကိုယ့်ကျန်းမာရေးအတွက် ဖွင့်ဟတိုင်ပင်လို့ရမယ့် ကိုယ့်ကိုကျန်းမာရေးအသိတွေ ပြောပြပေးမယ့် ဆရာဝန်တစ်ယောက်တော့ ရှိထားရင်ကောင်းပါတယ်။

၁၀။ကိုယ့်မိသားစုဝင်တွေရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထားပါ။

ကိုယ့်အဘိုးက ဘာရောဂါရှိတယ်။ အဘွားကတော့ ဘယ်လိုရောဂါ ဖြစ်ဖူးတယ် စသဖြင့် မိသားစုကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရာဇ၀င်တွေကို သိထားရင် ကိုယ်ရှောင်သင့်တာကို ကြိုသိထားတာမို့ ရှောင်နိုင်ပါလိမ့်မယ်။

Ref:womenshealthmag.com
Trend Myanmar

သက်ရှည်ကျန်းမာ

www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148
 

ကမ္ဘာ့ အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ခေါင်းဆောင်



အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၁ နှစ်အရွယ် Manmohan Singh (မာမိုဟန်ဆင်း) ဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်အဝဆုံး နိုင်ငံခေါင်းဆောင် အဖြစ် စံချိန်တင်ထား ပါတယ်။ သူ ရရှိထားတဲ့ ဘွဲ့နဲ့ အလုပ်အတွေ့အကြုံကို ပြောရမယ် ဆိုရင် -

ပညာ အရည်အချင်း -

၁။ အန္ဒိယ Punjab University တွင် အမှတ်အများဆုံးဖြင့် BA(Hons) ရရှိခဲ့ (၁၉၅၂ခုနှစ်)

၂။ အန္ဒိယ Punjab University တွင် MA(Economics) ကို အမှတ်အများဆုံးဖြင့် ဆက်လက် ရယူခဲ့ (၁၉၅၄)

၃။ St. Johns College Cambridge တွင် သူ၏ ထူးချွန်ထက်မြတ်မှုကြောင့် Wright's prize ရရှိခဲ့ (၁၉၅၅)

၎။ ၁၉၅၇ ခုနှစ်တွင် ယင်းကဲ့သို့ အလားတူ အသိမှတ်ပြု ဆုမှတ်တမ်းလွှာ ရရှိခဲ့။ (ယင်းဆုဟာ သုတေသန စာတမ်း၊ စာအုပ် များကို တက္ကသိုလ်သို့ ပေးပို့ စစ်ဆေးစေပြီး ရွေးချယ်ပေးအပ်တဲ့ ဆုမှတ်တမ်းလွှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရရှိသူ နည်းပါတယ်။)

၅။ Oxford တက္ကသိုလ်တွင် စိတ်ပညာ ဒေါက်တာဘွဲ့ ရရှိ၊ ဆက်လက်ပြီး Honoris causa တက္ကသိုလ်တွင် D.Litt (Doctor of Letters) ဒေါက်တဘွဲ့ ရရှိ။

အလုပ် အတွေ့အကြုံ -

၁။ စီးပွားရေး မေဂျာ အကြီးတန်း ကထိက (၁၉၅၇-၁၉၅၉)

၂။ Reader Economics (၁၉၅၉-၁၉၆၃)

၃။ စီးပွားရေး မေဂျာ ပါမောက္ခ (Punjab University) (၁၉၆၃-၁၉၆၅)

၎။ ကုလသမဂ္ဂတွင် အရာရှိ အဖြစ် ဝင်ရောက် လုပ်ကိုင် (၁၉၆၆-၁၉၆၉)

၅။ International Trade Delhi School of Economics တွင် ပါမောက္ခ အဖြစ် စာသင်ကြားပေး (၁၉၆၉-၁၉၇၁)

၆။ စီးပွားရေး အကြံပေး (၁၉၇၂-၁၉၇၆)

၇။ Jawahar Lal Nehru University တွင် ပါမောက္ခ (၁၉၇၆)

၈။ အိန္ဒိယး ဗဟိုဘဏ်၏ အမှုဆောင် အရာရှိ (၁၉၈၂-၁၉၈၅)

၉။ စီမံကိန်း ကော်မရှင် လက်ထောက် ဥက္ကဌ (၁၉၈၅-၁၉၈၇)

၁၀။ ကုလသမ္မဂ လက်ဆောင် South Center အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၁၉၈၇-၁၉၉၀)

၁၁။ အိန္ဒိယ ဝန်ကြီးချုပ်၏ စီးပွားရေး အကြံပေး (၁၉၉၀-၁၉၉၁)

၁၂။ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး (၁၉၉၁-၁၉၉၆)

၁၃။ အန္ဒိယ ပါလီမန် အထက်လွတ်တော် အဖွဲ့ အတိုက်အခံ ခေါင်းဆောင် (၁၉၉၈-၂၀၀၄)

၁၄။ အန္ဒိယ ဝန်ကြီးချုပ် (၂၀၀၄-၂၀၁၄)

ပညာ အရည်အချင်းအရကော၊ အလုပ် အတွေ့အကြုံအရကော ပြောစရာ မရှိအောင် ပြည့်စုံနေတဲ့ မာမိုဟန်ဆင်းဟာ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ က ပြန်လည် အရိုသေပြု လေးစားရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=702281213148467&set=a.247917771918

ဈေးကွက်အ၀င်ဆုံး ကစားသမား ရော်နယ်ဒို



ကမ္ဘာ့အားကစားလောက ဈေးကွက်စီးပွားရေး သုတေသနအဖွဲ့ Repucom မှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဈေးကွက်တွင် အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ၂၀၁၃ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၁၃-၁၄ ရာသီအတွင်း ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် စပိန်ဘုရင့်ဖလားများ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး လူသိများ ထင်ရှားခြင်းကြောင့် ဈေးကွက်အ၀င်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ကမ္ဘာအနှံ နာမည်ကျော်ကြားမှု ၊ ပရိသတ် များပြားခြင်း၊ ပရိသတ်များအပေါ် လွှမ်းမိုးနိုင်မှု အပါအ၀င် အချက် (၈)ချက်ဖြင့် Repucom က ဈေးကွက်သုတေသန ပြုလုပ်ခဲ့ပြီး နိုင်ငံ ၁၃နိုင်ငံမှ လူ ၆၅၀၀၏ သဘောထားအမြင်များကို တောင်းခံခဲ့ရာတွင်
ရော်နယ်ဒိုမှာ ဈေးကွက် အောင်မြင်မှု ၇၉.၄၉ ရရှိခဲ့သည်။ ရော်နယ်ဒိုသည် ဖေ့ဘွတ် ပရိသတ် ၈၂သန်း၊ တွစ်တာတွင် ထောက်ခံအားပေးသူ ၂၆သန်း ရရှိထားပြီး ကမ္ဘာပေါ်တွင် ၎င်းကို သိရှိသူ ၈၃.၈၇ရာခိုင်နှုန်းအထိ ရှိနေသည်ဟု Repucom မှ ဖော်ပြထားသည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု (၄)ကြိမ်ဆက် ရရှိခဲ့သည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမှာ ဒုတိယ ဈေးကွက်အ၀င်ဆုံး ကစားသမားအဖြစ် ရပ်တည်နေကာ ဘာစီလိုနာ နောက်ခံလူ ပီကေး၊ ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်၊ မန်ယူ တိုက်စစ်မှူး ရွန်နီတို့ ဈေးကွက်အ၀င်ဆုံး ထိပ်တန်းကစားသမား (၅)ဦးစာရင်းတွင် အစဉ်လိုက် ရပ်တည်ခဲ့ကြကြောင်း သိရသည်။

@z (ရိုးရာလေး)


https://www.facebook.com/photo.php?fbid=701247353251853&set=a.24791

အွန်လိုင်းမှာ MBA အခမဲ့ တက်နိုင်မယ့် ဝဘ်ဆိုဒ်





                                       www.themuse.com

အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။

ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင် ပါသေးတယ်။ များသော အားဖြင့်က လုပ်ငန်းခွင့မှာ လက်တွေ့ အသုံးချဖို့ လိုအပ်တဲ့ Course များ ဖြစ်ပါတယ်။ အသေးစိတ် အတွက် www.themuse.com/classes မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။

www.themuse.com

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/local-news/education/41019-free-online-mba.html

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို


ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။ 

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီ တစ်ထည်နဲ့ ဖိနပ် တစ်ရံ အဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ် ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန် ခဲ့ ပါတယ်။
 
ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:yahoo

အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/international-news/europe/41020-ronaldo-donated-to-a-child-s-operation.html

လူ နှင့် တိရစ္ဆာန်


လူနှင့် တိရစ္ဆာန် တစ်မိုးတစ်မြေ ၊ တစ်ကမ္ဘာတည်းမှာ
အတူနေနေကြရပေမယ့် ဘ၀တန်ဖိုးချင်းကတော့
မိုးနဲ့မြေလောက် ခြားနားတယ်။

-လူက အကျိုး၊အပြစ် ခွဲခြားသိတယ်။
တိရစ္ဆာန်က ကြိုက်၊မကြိုက်ပဲသိတယ်။

-လူက ကိုယ်ဖို့ ၊ သူ့ဖို့ဆိုတဲ့ မျှတတဲ့အကျင့်ရှိတယ်။
တိရစ္ဆာန်က ကိုယ့်ဖို့သာ အရယူတယ်။

-လူမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ရှိတဲ့ အတွက် ပန်းတိုင်လည်း ရှိတယ်။
တိရစ္ဆာန်တွေမှာ ယုံကြည်ချက်မရှိတဲ့အတွက် ပန်းတိုင်လည်း မရှိဘူး။

-လူမှာ “စောင့်စည်းခြင်းသီလ နဲ့ ဗဟုသုတအကြားအမြင်”
ရှိတဲ့အတွက် အသိအလိမ္မာ ယဉ်ကျေးမှုနဲ့ ပြည့်စုံတယ်။
တိရစ္ဆာန်မှာ သီလမရှိတဲ့အတွက် ဒုစရိုက်တွေချည်း လုပ်နေတယ်။
အကြားအမြင် ဗဟုသုတ မရှိတဲ့အတွက် ကိုယ်သန်ရာ ကိုယ်လုပ်နေကြတယ်။

-လူဟာ တစ်ကိုယ်ကောင်းအကျင့်ကို စွန့်ပြီး “စာဂ” ဆိုတဲ့မျှဝေပေးကမ်းခြင်းရှိတယ်။
တိရစ္ဆာန်မှာတော့ ကိုယ်ကျိုးအဓိကဖြစ်တဲ့ အတွက်
အမြဲတစ်ကိုယ်ကောင်းဆန်နေတယ်

-လူမှာ သတိအသိရှိတဲ့ အတွက် ဆင်ခြင်တုံတရားရှိတယ်။
တိရစ္ဆာန်မှာ ထိုးထွင်းသိမရှိတဲ့ အတွက် အစွဲသိခိုင်းရာ လိုက်ပါနေကြရရှာတယ်။

-လူမှာ “ဟီရိသြတပ္ပ”ဆိုတဲ့ အရှက်အကြောက်ရှိတယ်။ တိရစ္ဆာန်မှာ အရှက်အကြောက်မရှိတဲ့ အတွက်
“မကောင်းမှု”တွေကို ဗြောင်ပြုကျင့်နေကြတယ်။

ဒီတော့ လူလိုကျင့် မှ လူပီသတယ်။လူစင်စစ်က တိရစ္ဆာန်လို ကျင့်နေရင်တော့
“လူ့တိရစ္ဆာန်”သာ ဖြစ်တော့တယ်။

-【မဟာဗောဓိမြိုင်ဆရာတော်ကြီး】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

အစွမ်းထက်သော ရေကုထုံး



နေ့စဉ် နံနက်ခင်း အိပ်ယာထထချင်း ရေကိုသောက်ပေးသော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် အလွန်ခေတ်စားနေသော ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်နေပါသည်။

သိပ္ပံပညာရှင်အများကလည်း နံနက်ခင်းအိပ်ယာထခါစမှာ ရေသောက်ခြင်း၏ ကောင်းကျိုးများနှင့် ပျောက်ကင်းစေနိုင်သော ရောဂါများ၊ ကာကွယ်ပေးနိုင်သော ရောဂါများကို သက်သေပြနိုင်ခဲ့ကြပါပြီ။

ထို့ကြောင့် ရေသည် သောက်တတ်လျှင် အသက်ကယ်ဆေး၊ အသက်ရှည်ဆေး ဖြစ်စေနိုင်ပါသည်။ လူ၏ ခန္ဓာကိုယ်သည် ရေဓါတ်တို့ဖြင့် အများဆုံးတည်ဆောက်ထားသောကြောင့် ရေသည် လူ့ကျန်းမရေးအတွက် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပါသည်။
 

ရေကို ဆေးအဖြစ်သောက်သုံးရန်နည်းလမ်း-

၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေ တစ်လီတာဘူးကြီး
တစ်ဘူးခန့် (သို့မဟုတ်) သုံးပုံနှစ်ပုံခန့် သောက်ပါ။

၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ ရေသောက်ပြီး (၄၅) မိနစ် အတွင်း မည်သည့်အစာကိုမျှ မစားပါနှင့်။

၃။ (၄၅) မိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကိုစားနိုင်ပါပြီ။

၎။ မနက်စာ၊ နေ့လည်စာနှင့် ညစာ စားပြီးနောက်ပိုင်း (၂) နာရီအတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။

၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်ရေ ပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်သောက်ပေးပါ။

၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။
 

ပျောက်ကင်းနိုင်သောရာဂါများ-
 

ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါနှင့် အမျိုးသမီးများ ရာသီလာမမှန်ခြင်းတို့ဖြစ်၏။


ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များ

(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်

(သတိပြုရန်)
 

ရေကုထုံးတွင် ရေနွေး(သို့မဟုတ်) ရေခပ်နွေးနွေးနှင့် ရေသန့်ကိုသာ သုံးသင့်၏။ ညသိပ်ရေနွေးနှင့် ဓါတ်ဗူးထဲတွင် (၆) နာရီကျော်အောင် သိပ်ထားသော ရေနွေးသည် အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်၏။

(ဇီဝိတဒါနအဖြစ် မည်သူမဆိုင် မျှဝေပေးနိုင်ကြပါသည်။ လူသားတိုင်း သက်ရှည်ကျန်းမာကြပါစေ)
 

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ဦးတိုးအောင်၏ အစွမ်းထက် ရေကုထုံးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်


https://www.facebook.com/photo.php?fbid=241450046049258&set=a.231751513685778.

ကော်ဖီနှင့် ကျန်းမာရေး


          
ကော်ဖီထဲမှာပါဝင်နေတဲ့ ကဖင်းဓါတ်ဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကျန်းမာရေးအားနည်းနေသူများ ကော်ဖီကို အလွန်အကျွံမသောက်သင့်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် တစ်နေ့ကို ကဖင်းဓါတ် 300mg ထက်ပိုမိုသောက်သုံးပါက ကလေးကြီးထွားမှုနှုန်းများ ကျဆင်းကာ ကိုယ်ဝန်ပျက်ကျနိုင်ခြေထိ ဖြစ်တတ်ပါတယ်။


သောက်သင့်သည့် ပမာဏထက် ပိုသောက်ပါက ကျန်းမာရေးကောင်းမွန်နေသူများလည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်ထက် ပိုမိုမသောက်သုံးကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။


ကော်ဖီအမျိုးမျိုးတို့တွင့် မတူညီသော ကဖင်းဓါတ်ပမာဏများကလည်း အမျိုးမျိုးရှိနေတာမို့ သုံးစွဲသူများ၏ ကျန်းမာရေးကို ရှေးရှုသောအားဖြင့် တိကျသော အချက်အလက်တို့ကို ထည့်သွင်းဖော်ထားသင့်ကြောင်း Glasgow တက္ကသိုလ်မှ လူ့အာဟာရဆိုင်ရာဌာနမှူး ပါမောက္ခ Mike Lean ကဆိုခဲ့သည်။

Latte, cappuccino စသည့်ကော်ဖီတို့ထက် Espresso ကော်ဖီတွင်း ကဖင်းဓါတ်ပါဝင်မှုက ပိုမိုမြင့်မားနေကြောင်းကိုလည်း ၄င်းက ထောက်ပြသွားခဲ့ပါတယ်။

ထို့ကြောင့် ကော်ဖီကို နှစ်သက်သူများ အလွန်အကျွံမသောက်သုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။
 

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Foods and Health


https://www.facebook.com/photo.php?fbid=242233205970942&set=a.231751513685778.

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ




--------------------------------------------------------------

ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကုတ်ကြောင့်၊ တစ်ချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမှာပါ။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။ တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။

၆။ ပါရာစီတမောကို အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ အလွန်အကျွံ (အလုံး ၂၀ ခန့်) သာက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင်ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Panadol extra (paracetamol and caffeine)

ကျန်းမာရေးသတင်းများ

www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
 

USB Memory Stick တစ်ချောင်း အသေးစိတ် လေ့လာခြင်း





သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1 USB Standard, Male A-plug

ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။

2 USB mass storage controller device

သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

3 Test points

test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။

4 Flash memory chip

အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။

5 Crystal oscillator

သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။

6 LED (Optional)

LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။

7 Write-protect switch (Optional)

Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။

8 Space for second flash memory chip

အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
 

သိမှတ်သင့်သော စကားလုံးတစ်ချို့


                        

(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။

(၂) CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။

(၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။

(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။

(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။

(၆) CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။

(၇) DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။

(၈) HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။

(၉) WML ဆိုတာကတော့ Wireless Markup Language ဖြစ်ပါတယ်။
 
  ဖော်ပြပါ ရှင်းလင်းချက်များသည် အဓိက အသုံးများသော အရာများ ကိုပင်ဖော်ပြ ထားတာ ဖြစ်ပါတယ်။ တစ်ခြားသော အရာများ ကျန်ရှိပါသေးတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
 

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ



တစ်နေ့မှာတော့ ဘုရင့်သားနှင့်အမတ်ကြီးသည် နိုင်ငံရပ်ခြားမှလာသော ကုန်သည်များရဲ့ဈေးသို့သွားကြည့်ကြသည်။မမြင်ဘူး မတွေ့ဘူးသော ပစ္စည်းများကားပြည့်နှက်နေသဖြင့် မင်းသားကားအရာအားလုံးကို ထူးဆန်းစွာလိုက်ကြည့်နေ၏။ကျောက်သံပတ္တမြားနှင့် လက်ဝတ်ရတနာများပါရောင်းချနေသည်ကိုတွေ့သော် မင်းသားကအမတ်ကြီးအားမေး၏။

" အမတ်ကြီးလောကတွင် ဈေးအကြီးဆုံးအရာကား မည်သည့်အရာဖြစ်သနည်း"
အမတ်ကြီး က " အရှင့်သားရွှေငွေပစ္စည်းများစွာတို့သည် အခကြေးငွေပေးပြီး ၀ယ်ယူလို့ရ၏။အချိန်ကား အခကြေးငွေပေး၍ ၀ယ်ယူ၍မရ ဆွဲဆန့်၍သာရ၏ ထို့ကြောင့်အချိန်ကား ဈေးကြီးပေသည် "

ဘုရင့်သားက " ထို့ထက်ဈေးကြီးတာ ရှိသေးသလော "
" ရှိပါသည်အရှင့်သား လောကတွင်ဈေးအကြီးဆုံးအရာကား ယုံကြည်မှုဖြစ်ပေသည်။ယုံကြည်မှုဆိုသည်မှာ ဈေးကြီးလှစွာသော အချိန်များအလွန်အကျွံ့သုံးပြီးမှ ရရှိတတ်၏။

ယုံကြည်မှုဆိုသည်မှာ သစ်ပင်နှင့်တူ၏။အချိန်ပေး၍ ရေလောင်းရ၏၊ပြုစုရ၏၊ကြီးထွားလာဖို့ကို နှစ်ပေါင်းများစွာ စောင့်ရ၏။
ယုံကြည်မှုသည်လဲ ထိုနည်းလည်းကောင်းဖြစ်ပေသည်။ လူတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရဖို့ နှစ်ပေါင်းများစွာ ပေါင်းဖက်နေထိုင် မှသာရရှိပေသည်။

သို့ပေမယ့် နှစ်ပေါင်းများစွာ ပြုစုလာတဲ့ သစ်ပင်ကို ခုတ်ပစ်ဖို့မှာ နေ့တစ်ပိုင်းမျှပင်အချိန်မကုန်ပေ။လူတစ်ယောက်နဲ့ အနှစ်နှစ်အလလဆောက်တည်ထားတဲ့ ယုံကြည်မှုကို စကားတစ်ခွန်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် ယုံကြည်မှု ကား ဈေးအကြီးဆုံးဖြစ်ပေသည်။"

အရှင့်သား ချစ်သူခင်သူ၊လင်မယားအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်၊မောင်နှမအချင်းချင်း ဝေးကွာရခြင်း၏ အကြောင်းသည် ယုံကြည်မှုကို အခြေခံလေသည်။မလိုသူရဲ့ စကားတစ်ခွန်းကြောင့် ထိုယုံကြည်မှုကို ပျက်ပြယ်ချင်းဖြစ်နိုင်ပေသည်။ထို့ကြောင့် အနှစ်နှစ်အလလ တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုသာ မပျောက်ပျက်အောင် ဉာဏ်နှင့်ယှဉ်၍ စောင့်ထိန်းလော့ "

အမတ်ကြီးနှင့်ဘုရင့်သားလဲ ဈေးမှ ပြန်လာခဲ့လေသည်၊
မောင်စိုင်း

စီးပွား ကြိုးစားသူများ ရှောင်ရှားရန် ၃ ချက်





Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွားစွန့်ဦးတီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -

စိုးရိမ်ပူပန်စိတ်

စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿနာ မဖြေရှင်းနိုင်မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်းမှာ စိုးရိမ်၊ အပူပင်ကင်းစွာ ဖြေရှင်းနိုင်ခြင်းက ရန်သူ တစ်ပါးကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။

သက်သောက်သင့်သာ ရှိမှု

သက်သောက်သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြောခံစားနေရင် ရန်သူတစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။ သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ်အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ့်အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင်တာမျိုးလို့ လုပ်ဖို့ စိတ်အားထက်သန်နေရ ပါမယ်။ သက်သောင့်သက်သာ ရှိတဲ့ အရာတွေကို သာ ရွေးချယ်လုပ်ကိုင်တတ်ခြင်းဟာ Entrepreneur တွေကို ကျရှံးစေခြင်း အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။

ရောင့်ရဲ တင့်တိမ်မှု

ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီတစ်ခုက ကိုယ့်ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက်ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။ဒါကိုလည်း တော်ပါပြီလေလို့ ရောင့်ရဲတတ်မှုကလည်း ရှိပါသေး တယ်။ အချို့ ကျတော့လည်း လုပ်တာတော့ လုပ်လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူသင့်ပြီး၊ ရောင့်ရဲ သင့်ပြီလို့ တွေးပြီး နေလိုက်ပြီဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပါပြီ။

ဒီတော့ အနှစ်ချုပ်အားဖြင့် စိုးရိမ်စိတ်၊ သက်သောက်သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များဖြစ်တာမို့ ခွန်အားရှိသလောက် တွန်းလှံပြီး တိုက်ခိုက်သွားဖို့ လိုအပ် ပါတယ်။

.
Ref: Entrepreneur.com
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/40118-entrepreneur-to-avoice-three-things

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်




အောင်ခမ်း (ရိုးရာလေး)

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

၂။ အချိန်တန်ပြီလား

ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

၃။ ငွေလုံလောက်ပြီလား

ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။

၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား

ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။

၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။

၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား

ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။

၇။ အစမ်း ခြေလှမ်းရှိပြီလား

ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။

၈။ အရည်အချင်းပြည့်ဝပြီလား

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။

၉။ အိုင်ဒီယာ ကောင်းရဲ့ လား

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။

၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား

ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
.
Ref: entrepreneur.com

http://www.yoyarlay.com/book/article/40117-entreprener-job-to-consider
Related Posts Plugin for WordPress, Blogger...