စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိုမင်းမှု့ကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်

အိုမင်းမှု့ကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်
အိုမင်းမှုဆိုတာ မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိအားလုံး အချိန်နဲ့အမျှ အိုမင်းလာနေကြပါတယ်။  အသက်ကြီးလာတဲ့ သဘောတရားကို လွန်ဆန်လို့ မရပေမယ့် အိုမင်းတဲ့ သွင်ပြင်တွေကို လျှော့ချနိုင်ပြီး အရွယ်တင် နုပျိုလှပအောင် ကြိုးစားသင့်ပါတယ်။ နှစ် ၄၀ ကြာ လေ့လာမှုတစ်ရပ်အရ အာဟာရရှိတဲ့ အစာတွေကို စားတာအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာတာက အိုမင်းမှုကို နှောင့်နှေးစေပြီး အရွယ်တင် နုပျိုစေကြောင်း သိရပါတယ်။


(၁) စားနိုင်သော ပမာဏ၏ လေးပုံ သုံးပုံပဲ စားပါ


သင်စားနိုင်တဲ့ အတိုင်းအတာထက် လျှော့စားတဲ့အခါ ခန္ဓာကိုယ်မှ (အောက်ဆီဂျင် မော်လီကျူးတွေကို ထိခိုက်စေတဲ့) ဖရီးရယ်ဒီကယ် ထွက်နှုန်း လျော့နည်းစေပါတယ်။ ကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေ များတာက အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစာကို များများစားတာကြောင့် ကယ်လိုရီ အပိုရရှိတာဟာ နုပျိုလှပမှုရဲ့ ရန်သူလည်း ဖြစ်ပါတယ်။



(၂) ရေ၊ ရေနွေးကြမ်းနှင့် ရေဓာတ်များသော စွပ်ပြုတ်သောက်ပါ


ရေဟာ အစာကို ကြေညက်စေတာကြောင့် သင့်ခန္ဓာကိုယ်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူရရှိနိုင်ပါတယ်။ ရေဟာ အဆစ်တွေကို ချောမွေ့စေကာ အမြှေးပါးတွေကို စိုစွတ်စေတာကြောင့် နေ့စဉ် ရေနဲ့ အရည်များများပါတဲ့ စွပ်ပြုတ်ကို သောက်ပေးသင့်ပါတယ်။


(၃) အစာစားချင်စိတ်ကို ဟန်ချက်ညီမျှအောင် လုပ်ပါ


ခန္ဓာကိုယ်မှာ အပူဓာတ် လွန်ကဲမှုကြောင့် အစာ စားချင်စိတ် များတဲ့အခါ ဟန်ချက်ညီသွားစေဖို့ သခွားသီး၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတဲ့ အေးမြစေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖရဲသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သစ်တော်သီးတို့လို သစ်သီးတွေကို စားပေးရပါမယ်။ အင်တီအောက်ဆီးဒင့်ကိုလည်း ရရှိစေတဲ့အတွက် အရွယ်တင် နုပျိုစေပါတယ်။

Ref:Good Health

ဟာသပုံလေးတွေပါ~~~~ ၀င်ကြည့်သွားပါအုံး တဲ့


ဖိနပ်မပျောက်တဲ့ နည်းလေးပါ...
                                                  ♥ ♫ ♥ ရွှင်လန်းချမ်းမြေ့ကြပါစေ ♥ ♫ ♥
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရား အရသာများ

မူလနှစ်ဖြာ ၊ သစ္စာနှစ်ခု ၊ လေးခုအလွှာ ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် သုံးပါးအစပ် ၊ နှစ်ရပ်မူလ ၊ ၀ဋ်သုံးဝနှင့် ကာလ သုံးဖြာ ၊ ခြင်းရာနှစ်ဆယ် ၊ ဤရှစ်သွယ်ကို အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှလွတ်ကြောင်းတည်း။
 

 * ဖောက်ပြန် ၊ ခံစား ၊ မှတ်သား ၊ ပြုပြင်၊ သိဝိဥာဏ် ၊ ငါးအင်ခန္ဓာမှတ် ။
  
* မျက်စိ ၊ နား၊ နှာ ၊လျှာ ၊ကိုယ် ၊ စိတ်။
     အဆင်း၊ အသံ ၊ အနံ့၊ အရသာ ၊ တွေ့ထိစရာ ၊ ကြံတွေး စရာ ။
     မြင်စိတ် ၊  ကြားစိတ် ၊  နံစိတ် ၊ စားစိတ် ၊  ယားနာကောင်းစိတ် ၊ တွေးတောစိတ် ။ 
*  မြင်စိတ် ၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊
     ( အပြင်ဧည့်သည်ငါးယောက်)

      လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊အလောဘစိတ်၊အဒေါသစိတ် ၊ တွေး တောစိတ် ၊
     ( အတွင်းဧည့်သည် ခြောက်ယောက်)
      လေကိုထုတ်သောစိတ် ၊ လေကိုသွင်းသောစိတ်၊  (အိမ်သည်နှစ်ယောက်) ။
      စိတ္တာနုပဿနာ အရှုခံတရား (၁၃)ပါး  
* ဥပေက္ခာဝေဒနာ မျက်လုံးမှာပေါ်သည် ၊ ဥပေက္ခာဝေဒနာ နားမှာပေါ်သည် ။
    ဥပေက္ခာဝေဒနာ နှာခေါင်းမှာပေါ်သည် ။ ဥပေက္ခာဝေဒနာ လျှာမှာပေါ်သည်။
    သုခဝေဒနာ ကိုယ်မှာပေါ်သည် ။ ဒုက္ခဝေဒနာ ကိုယ်မှာပေါ်သည် ။
     (အပြင်ဧည့်သည် ခြောက်ယောက်)
   
* သာမနဿဝေဒနာ မနောမှာပေါ်သည်။ ဒေါမနဿဝေဒနာမနောမှာပေါ်သည် ။
       ဥပေက္ခာဝေဒနာ မနောမှာပေါ်သည် ။ ( အတွင်းဧည့်သည် သုံးယောက်)
       ဝေဒနာနုပဿနာ အရှုခံတရား(၉)ပါး ။

  သမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယာမ ၊ သမ္မာသတိ၊ သမ္မာသမာဓိ ၊ သမ္မာဝါစာ ၊
       သမ္မာကမ္မ န္တ ၊ သမ္မာအာဇီဝ ၊
        ( လောကုတ္တရာ မဂ္ဂင်ရှစ်ပါး ၊      နိဗ္ဗာန်ရောက်ကြောင်းတရား )

 
*အ၀ိဇ္ဇာနှင့် တဏှာ ရင်းခံ  ဥပါဒါန် ၊ ကံကြောင့် ရုပ်နာမ်ပေါ် ၊ အပင်မှ မျိုး ၊       မျိုးမှအပင် ၊ အမျှင်မပြတ် ၊ ဆက်စပ်သည့်ဟန် ၊ ကံကြောင့် နာမ်ရုပ် ၊ နာမ်ရုပ်ကြောင့်ကံ ၊ အဖန်ဖန် ဖြစ်ပြန် နည်းလျော်  ၊ ဗြဟ္မာသိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင်ဖန်ဆင်း ၊ အကြောင်းရင်းကြောင့် လူနတ်များစွာ ၊ သတ္တ၀ါတို့ ဖြစ်လာရမူ မဟုတ်ဟုဥာဏ်ဖြင့် ရှု၍မျှော် ။
" ဖြစ်ပျက်သမျှ သင်္ခါရ၊  ဒုက္ခသစ္စာမှတ်၊  ဖြစ်ပျက်မှု့တွင် ငါကောင်ထင် ၊  ခင်မင်သမုဒယမှတ် ။ ရုပ်နာမ်အားလုံးဖြစ်ပျက်သုဉ်း၊  ချုပ်ဆုံးနိဗ္ဗာန်မှတ် ။ ချုပ်ဆုံးမှု့တွင် ဥာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် "
 

" ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို၊  ဖြစ်ချုပ်ဥာဏ်မြင်၊ ဤငါးအင် မှန်ပင်မဂ်ရကြောင်း  "
 
 "မစွန့်ကာမ ၊ ဆရာမရှိ ၊၀ီရိယလျှော့ အားအင်ပျော့ကာ ၊လွန်စွာယူမှား ဤငါးပါး ၊တရားမဂ်ဖိုလ် ဝေးလေသတည်း ။ "
 " သူတော်ဆည်းကပ်  မြတ်တရားနာ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့် ၊ ရလင့်ဧကန်သာ ။"
(ငါသည်မုချသည်ရမည် ၊ အချိန်ပိုင်းသာ လိုတော့သည် ။) 
ဖြစ်ပျက်က - ဒုက္ခသစ္စာ               သိတာက - မဂ္ဂသစ္စာ ၊
သေတာက - သမုဒယသစ္စာ          နောင်ခန္ဓာ မလာတာက - နိရောဓသစ္စာ
 
အားလုံးပဲ သာဓုခေါ်ဆိုနိုင်ကြပါစေ....။ပိုစ့် ပြတ်သွားတဲ့တွက် ထပ်မံ ပြန်တင်လိုက်ပါသည်။

ထူးဆန်းသောနည်းများဖြင့် သေဆုံးသူများ

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။
- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။
- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။
- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။
- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။
- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။
- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။
တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။
- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။

- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။
- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။
- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။
- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။
- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။
- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

မမတွေအတွက် မင်္ဂလာဝတ်စုံလေးတွေနော်

ကဲ သီတင်းလဲကျွတ်တော့မယ်နော်
မင်္ဂလာဆောင်မဲ့ မမတွေအတွက်တော့ မင်္ဂလာဝတ်စုံလေးတွေတင်ပေးလိုက်တယ်
သူများအတွက်ပဲတင်ပေးနိုင်တာ ပိတာက်တော့စွံသေးဘူး ဒီတနှစ်တော့လွဲသွားပြန်ပြီထင်ပါတယ် ဟိဟိ
ဒီဝတ်စုံလေးတွေက ညပိုင်း dinner party အတွက် ပိုသင့်တော်မယ်ထင်တယ်နော်
သူငယ်ချင်းတို့စိတ်ကြိုက်ပုံစံရွေးတော့နော်
ဟိဟိ သူများအကျိုးဆောင် ကိုယ်ကျိုးများအောင်မလားလို့

ရေကူး ရေစိမ်ချိုး ရေသောက် ရေပက်ဖျန်းရင် ဘာတွေဖြစ်လာနိုင်မလဲ

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
by nang kha yea on 28.9.2012


သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။

ရေကူးပါ

ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ


ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။

စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally
Source: http://www.yatanarpon.com.mm/cp/goodhealth/news-46907
source >>> http://www.facebook.com/notes/health-articles/စိတ်ဖိစီးမှု-လျော့ကျစေသည့်-ရေ/208606519270866
source>>>http://natureenergycare.blogspot.com/2012/09/blog-post_28.html#more

ယနေ့မှာကျရောက်တဲ့ တရုတ်ပြည်မှ လမုန့်ပွဲတော်နှင့် ပါးစပ်ရာဇဝင်လေးတစ်ပုဒ်

ဒီနေ့ဟာ တရုတ်ရိုးရာ “Full Moon Day ” ဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို “Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါရစေ.......

ဟိုး......
ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြှားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။
သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့ ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြှားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့ “ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကျိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။

အဲဒီတောင်ပေါ်ကနေ နေ(၁)စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြှားတွေနဲ့ခြေဖျက်နိုင်ခဲ့တယ်..။
အဲဒီအချိန်က“စ”ပြီး မြှားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တာပေါ့.။
အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။

အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့... ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။

ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ... သိမ်းထားစေခဲ့တယ်..။
စိတ်ဆိုတာကလည်း အခက်သားလား.... “ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကို စမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ (အရှင်ထွက် သဘောမျိုးနဲ့)“လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။
မြှားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လူ့ပြည်ကနေ လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း မိသားစုတွေ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ... မိသားစုတွေ ပြန်ဆုံကပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။
အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...

(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။


(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။

(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။
တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....ပုံပြင်လေးကို အဆုံးသတ်လိုက်ပါရစေနော်...။

မိဘ၊ဆွေမျိုး များနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြသော သူငယ်ချင်းများကိုလည်း မိမိတို့ရဲ့ မိဘ၊ ဆွေမျိုးများနဲ့ အမြန်ဆုံးတွေ့ဆုံရန်နှင့် ချစ်သူများ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်း ဒုက္ခမှ ကင်းဝေးကြပါစေရှင်...။
http://seaandangel.blogspot.com/2012/09/blog-post_30.html

မုသားစကားပြောခြင်းကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေး ထိခိုက်စေတတ်




by Health Articles ·

မုသားကင်းစင်သော စကားများသည် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားရှိ နော်တာဒိမ်း တက္ကသိုလ်မှ သုတေသီများသည် မုသားစကားနှင့် ကျန်းမာရေးတို့ ဆက်စပ်မှု ရှိမရှိ လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ (၁၀) ပတ်ကြာ အချိန်ယူ ပြုလုပ်သေ
ာ သုတေသန ရလဒ်က မုသားစကားပြောခြင်းသည် လူတစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

လူပေါင်း (၁၁၀) ပါဝင်သော သုတေသန စစ်တမ်းတွင် ယင်းတို့အနက် (၆၆)ရာခိုင်နှုန်းအား သုတေသန ပြုလုပ်နေသော ကာလအတွင်း ကြီးကျယ်သော ကိစ္စများနှင့် သေးငယ်သော ကိစ္စများတွင် အမျိုးမျိုးသော လိမ်ညာစကားတို့ကို ပြောကြားစေခဲ့သည်။ ကျန်သူများကိုမူ မည်သည့် သီးခြားစေခိုင်းမှုမျှ မပြုလုပ်ဘဲ သာမန်အတိုင်းသာ နေထိုင်ဖြတ်သန်းစေသည်။ သုတေသန စစ်တမ်းအတွက် ရွေးချယ်ထားသူ အားလုံးသည် ဘွဲ့ရသူများနှင့် ပညာတတ် အသိုင်းအဝိုင်းနှင့် ဆက်နွယ်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများကို တစ်ပတ်လျှင် တစ်ခါ မှတ်တမ်းပြုစုထားပြီး (၁၀)ပတ်လုံးလုံး လေ့လာမှု ပြုခဲ့ကြသည်။

ဖော်ထုတ်တွေ့ရှိမှုများကို အော်လန်ဒို ဖလော်ရီဒါတွင် ပြုလုပ်သော အမေရိကန် စိတ်ပညာ အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည်။ အလိမ်အညာစကားကို နည်းပါးစွာ ပြောဆိုရသည့် အဖွဲ့တွင် လူအများသည် (၅) ပတ်မျှ အကြာတွင် မိမိကိုယ်ကိုယ် ရိုးသားသူဟု ယူဆလာက စိတ်ချမ်းမြေ့ကြသလို ပတ်ဝန်းကျင်နှင့် ထိတွေ့မှု သဟဇာတဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မုသားစကား ပြောဆိုရသူများသည် လူမှုဝန်းကျင်နှင့် ထိတွေ့ရာတွင် ပြဿနာအချို့ ရှိလာသလို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုများ ပေါ်ပေါက်လာကြောင်း သုတေသီများက ပြောကြားခဲ့သည်။

"မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ အမေရိကန် နိုင်ငံသားတွေဟာ ပျမ်းမျှ တစ်ပတ်ကို (၁၁) ကြိမ်လောက် လိမ်ညာစကားတွေ ပြောတတ်ကြတယ်။ တကယ်တော့ ရိုးသားဖြောင့်မတ်မှုဟာ ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးကျေးဇူးရှိတဲ့ လက်ဆောင်တစ်ခုပါ" ဟု ယခု သုတေသန စစ်တမ်းတွင် ပါဝင်ခဲ့သူ ဒေါက်တာ အန်နီတာကယ်လီက ရှင်းပြခဲ့သည်။ နော်တာဒိမ်း တက္ကသိုလ်၏ စိတ်ပညာ ဌာနမှ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ ကယ်လီက "တွေ့ရှိချက်တွေအရ လူတိုင်းဟာ ကျန်းမာရေးအတွက် နေ့စဉ်ပြောဆိုလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်မှာ မုသားစကားတွေကို လျှော့ချခြင်းဟာ အကျိုးဖြစ်ထွန်းနိုင်တယ် ဆိုတာပါပဲ။ ပြောရရင် အလိမ်အညာ နည်းတဲ့သူဟာ ဖိစီးမှု ပိုနည်းပါလိမ့်မယ်" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

Source: CBS News
Ref: Planet

News from : Health Articles
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
Related Posts Plugin for WordPress, Blogger...