စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။
၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။
၃။ အဓိပတိပစ္စည်း
ပညာဥာဏ်ကြီးခြင်း၊ စိတ်, ဇွဲ, ဆန္ဒ ထက်သန်ခြင်း။
၎။ အနန္တရပစ္စည်း
အလုပ်ကို (စိတ်လာလျှင်လုပ်၍ စိတ်မလာလျှင်မလုပ်ခြင်းမျိုး) ပြတ်တောက်ပြတ်တောက် မလုပ်ခြင်း။
၅။ သမနန္တရပစ္စည်း
ပုံမှန် စဉ်ဆက်မပြတ် ကြိုးစားခြင်း။
၆။ သဟဇာတပစ္စည်း
ညီညီညွတ်ညွတ် အတူတကွ လုပ်ကိုင်ခြင်း။
၇။ အညမညပစ္စည်း
အပြန်အလှန် ကောင်းကျိုး ပြုတတ်ခြင်း။
၈။ နိဿယပစ္စည်း
သူတစ်ပါး မှီခိုအားထားလောက်သော အရည်အချင်းရှိခြင်း။
၉။ ဥပနိဿယပစ္စည်း
ယုံကြည်မှုရှိခြင်း၊ ဆရာကောင်း, မိတ်ဆွေကောင်း, ပတ်ဝန်းကျင်ကောင်း ရှိခြင်း (အားကြီးသော မှီရာရှိခြင်း) (မိမိအတွက်)။
မိမိကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁ဝ။ ပုရေဇာတပစ္စည်း
အခွင့်အလမ်းကောင်းများ ရှေ့ကဖြစ်ပေါ်နေခြင်း (ရှေ့ဆောင်ကောင်းရှိခြင်း) (မိမိအတွက်)။
မိမိက ရှေ့ကဦးဆောင်နိုင်ခြင်း (သူတစ်ပါးအတွက်)။
၁၁။ ပစ္ဆာဇာတပစ္စည်း
ကျောထောက်နောက်ခံကောင်းရှိခြင်း (နောက်လိုက်ကောင်းရှိခြင်း) (မိမိအတွက်)။
လိုအပ်သူတို့အား ထောက်ပံ့နိုင်ခြင်း၊ သားသမီးကောင်း၊ တပည့်ကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။
၁၂။ အာသေဝနပစ္စည်း
ကျွမ်းကျင်မှုရှိရန် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်း။
၁၃။ ကမ္မပစ္စည်း
စေတနာကောင်းထားခြင်း။
၁၄။ ဝိပါကပစ္စည်း
ကောင်းကျိုးတရားများ ခံစားရခြင်း။
၁၅။ အာဟာရပစ္စည်း
ကိုယ်/စိတ် အာဟာရ မျှတခြင်း။
၁၆။ ဣန္ဒြိယပစ္စည်း
မိမိဆိုင်ရာ၌ အစိုးရခြင်း။

၁၇။ ဈာနပစ္စည်း
မိမိအလုပ်၌ စူးစိုက်မှုရှိခြင်း။
၁၈။ မဂ္ဂပစ္စည်း
မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားခြင်း။
၁၉။ သမ္ပယုတ္တပစ္စည်း
မိမိဆိုင်ရာ အလုပ်/ ပုဂ္ဂိုလ်တို့နှင့် စိတ်ဝမ်းမကွဲပြား တစ်သားတည်း ဖြစ်ခြင်း။
၂ဝ။ ဝိပ္ပယုတ္တပစ္စည်း
ပျင်းရိသူများနှင့် မပေါင်းခြင်း၊ မကောင်းသူများနှင့် မရောခြင်း။
၂၁။ အတ္ထိပစ္စည်း
အကောင်းအဆိုး နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခြင်း။
၂၂။ နတ္ထိပစ္စည်း
တစ်ကိုယ်ကောင်းဆန်မှု မရှိခြင်း။
၂၃။ ဝိဂတပစ္စည်း
လူမိုက်တို့နှင့် ကင်းအောင်နေခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း၊ သံသယ ကင်းခြင်း။
၂၄။ အဝိဂတပစ္စည်း
သတိလွတ်ကင်းမှု မရှိခြင်း (သတိအမြဲရှိခြင်း)။


အကျဉ်းမျှသာ ပြလိုက်ပါသည်။ ဤနည်းလမ်းကောင်းများနှင့် ပြည့်စုံအောင် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အဖို့ ပစ္စုပ္ပန်၊ သံသရာ ဘ၀နှစ်ဖြာတို့၌ စိုးရိမ်ဖွယ်မရှိ။ အခြေမြင့် ကြီးပွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်သည် အနန္တနယ (အဆုံးမရှိ) အလွန်ကျယ်ဝန်း နက်နဲသောကြောင့် ရွတ်ဖတ်တတ်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ မိမိတို့စွမ်းနိုင်သလောက် နားလည်အောင် ကြိုးစားပြီး လက်တွေ့ဘဝတွင်လည်း အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ရင်း…။
http://dhammayanantmm.blogspot.com/ မှတဆင့်တင်ပြသည်။

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A383297

ပျက်ဆီးသမျှ Data ပြန်ယူပေးမည့် ဆော့ဖ်ဝဲ



http://www.mediafire.com/?vk9w6irwfmuau0m

ကွန်ပြူတာ၊ ဖုန်း ၊ ကင်မရာ Memory ကဒ်တွေထဲကနေ ပျောက်သွား၊ ပျက်သွားတဲ့၊ ဖျက်သွားမိတဲ့ အချက်အလက်အားလုံးကို ပြန်ယူပေး မယ့် ဆော့ဖ်ဝဲလေးလို့ ဆိုပါတယ်။

ကွန်ပြူတာကနေ ပြန်ယူဖို့က အသုံးပြုလို့လွယ်ကူပါတယ်။ Install လုပ်လို့လည်း လွယ်ကူပါတယ်။ စသုံးမယ်ဆို သူက ပုံကိုလား၊ ဗီဒီယိုကိုလား compressed လုပ်ထားတဲ့ ဖိုင်ကိုလား၊ အခြားလား အစရှိသဖြင့် မေးပါတယ်။ ပြီးရင် နောက်တစ်ဆင့်က ဘယ်နေရာမှာ ရှိသလဲ ဆိုတာကို ထပ်ရွေးခိုင်းပါတယ်။ Recycle Bin မှာလား၊ Data D မှာလား၊ E မှာလား သို့မဟုတ် ဘယ်နေရာကပဲ ဖြစ်ဖြစ်လား ကြိုက်သလို Select လုပ်လို့ ရပါတယ်။

ပြီးရင် Software ရဲ့  ရှာဖွေမှုကို Start လုပ်လို့ရပါတယ်။ အချိန်တိုအတွင်း မိမိ ပျောက်ဆုံးသွား၊ သတိမထားပဲ ဖျက်မိသွားတဲ့ အချက်အလက်အားလုံးကို ပြန်လည်ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

Recuva လို့အမည်ရတဲ့ Recovery Software လေးပဲ ဖြစ်ပါတယ်။

Aung Kham ( International news for myanmar )

http://www.innewsmyanmar.com/2013/10/data.html

Bluetooth လို့ခေါ်ရခြင်း အကြောင်း



တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။
.
Ref:wiki
အောင်ခမ်း ( International news for myanmar )

http://www.innewsmyanmar.com/2013/10/bluetooth.html

ဒူးရင်းသီးစားပြီး Coca-Cola မသောက်ပါနှင့်

                               

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ
သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။

ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ
ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူမှတ်သားထားကြပါနော်။

မနုဿ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။


https://www.facebook.com/photo.php?fbid=491866894244480&set=a.35104771499306

လူ့အသက်ကယ်ခဲ့တဲ့ HTC Evo 3D




HTC Evo 3D ဆိုတာ ၂၀၁၁ ခုနှစ် ဇွန်လက အမေရိကန်မှာ ထွက်ရှိခဲ့တဲ့ 3D စမတ်ဖုန်း ဖြစ်ပါတယ်။ 3D မျက်မှန်မလိုပဲ သုံးဖက်မြင့် ပုံရိပ်များ ကြည့်ရှု နိုင်ပြီး ဗီဒီယိုမှတ်တမ်းကိုလည်း 3D အဖြစ် တင်နိုင်အောင် စွမ်းဆောင်ရည် ရှိပါတယ်။

အမေရိကန် ဖလော်ရီဒါ ပြည်နယ်မှာ သေနတ်ပစ်မှု တစ်ခု ဖြစ်ပါတယ်။ ကင်းလှည့်နေစဉ် မသင်္ကာတဲ့ လူရမ်းကား တစ်စုကို ရဲတို့ တားဆီးဖို့ ကြိုးစားရင်း ရန်သူဘက်က သေနတ်တစ်ချက် ပစ်ခက်ခဲ့ပါတယ်။ ယင်းသေနတ် ကျည်ဆံက ကင်းလှည့်ရဲ Lieutenant Allen ရဲ့  ရင်အုံဘယ် ဘက်ကို ထိမှန်ခဲ့ ပါတယ်။ သို့ပေမယ့် Allen ရဲ့  ရင်အုံ ဘယ်ဘက်က အိပ်ကပ်ထဲမှာ ဖုန်းတစ်လုံးပါပါတယ်။

ယင်းဖုန်းက HTC Evo 3D ဖြစ်ပါတယ်။ ယင်းဖုန်းကို ထိမှန်ခဲ့လို့ ဖောင်း Screen ပေါက်ပြီး နောက်ဘက်က ကျောကိုတော့ မဖျောင်လိုက်ပါဘူး။ ဖုန်း အရှေ့ က ယခုပုံမှာ မြင်တွေ့ရသလို ဖြစ်သွားပြီး နောက် ဘက် ကတော့ ဖောင်းကြွ သွားရုံပါပဲ။ လူကတော့ ထိခိုက်ဒဏ်ရာမရပဲ ရင်အုံ အနည်းငယ် နာကျင်မှုသာ ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
.
Processor : Snapdragon S3 chipset : dual core 1.2 GHz processor

Screen : 960×540-pixel 4.3-inch screen coated with Gorilla Glass, capable of autostereoscopy for the viewing of 3D content without the need for specialized glasses.

Cameras : two rear-facing 5-megapixel cameras, capable of capturing videos in 720p resolution in 3D or 2D. It can also take photos in stereographic 3D at 1080p resolution. It features a single 1.3-megapixel front-facing camera.

Software : Android 2.3 and the HTC Sense 3.0 interface. An update was released to upgrade the phone to Android 4.0.3 with Sense 3.6; this update is pre-loaded on the Evo V 4G.

Storage :4 GB internal storage and a pre-installed 8 GB microSDHC card. expandable to 64 GB.

Ref: pocketlint

Aung Kham ( K & N Mobile and Online Store )


https://www.facebook.com/photo.php?fbid=254244758056141&set=a.240316739448943.

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့သူ

                                   

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~


https://www.facebook.com/photo.php?fbid=491439150953921&set=a.351047714993066.

မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်


                     
ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)


ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..


"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"


ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။

ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။


"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"


ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။


"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။


အောင်ထွန်းဦး

http://myawadynews.blogspot.com/2013/10/blog-post_4740.html

Acute Heart Attack Treatment ရုတ်တရက် နှလုံး အတက် ရရင် ဘာလုပ်ရမလဲ




ဆရာ Acute heart attack ကို ပြုစုကုသနည်းလေးသိပါရစေ။

(၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်) နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။
(၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက်ကုမှုပေးဘို့ ပြင်ဆင်ပါ။
(၃) MI နှလုံး သွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-segment elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေထပ်လုပ်ရမယ်။ cardiac enzymes နှလုံးအင်ဇိုင်းမ်တွေ များနေမယ်။

• Blocked coronary artery နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂ နည်းရှိတယ်။ (က) Thrombolytic therapy နဲ့ (ခ) Angioplasty with stenting တွေဖြစ်တယ်။
• Thrombolytic therapy မှာ ဆေးပေးမယ်။ Activase (t-PA), Streptokinase, Urokinase, or Anistreplase ဆေးတွေက သွေးခဲနေတာကို ပျော်သွားစေမယ်။ ၅ဝ% နီးပါးအောင်မြင်တယ်။ ဆေးကို စောစောပေးနိုင်လေ ကောင်းလေ ဖြစ်တယ်။ ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ သွေးယိုမယ်။
• Rapid angioplasty နဲ့ Stenting (စတန့်) ထည့်တာကို ပိုလုပ်လာတယ်။ ၈ဝ% အောင်မြင်တယ်။ အထူးဆေးရုံမှာသာ လုပ်လို့ရတယ်။
• ဘယ်နည်းရွေးရွေး ပိတ်နေတာကိုပွင့်သွားဘို့ဖြစ်တယ်။

တခြားလုပ်စရာတွေလဲရှိသေးတယ်
၁။ Aspirin အက်စပရင်ဆေးသောက်ရမယ်။ ဆေးကနေ သွေးမှုံလေးတွေရဲ့ စေးကပ်မှုကိုနည်းစေမယ်။
(၂) Heparin (ဟက်ပါရင်) ဒါမှမဟုတ် တခြား Blood thinner သွေးကျဲဆေး သွေးကြောထဲထိုးပေးခြင်းကို ပဌမ ၂၄ နာရီအတွင်း လုပ်ပေးတယ်။ Anticoagulant drugs သွေးမခဲဆေးခေါ်တယ်။
 

(၃) Beta blockers (ဘီတာ ဘလော့ကား) ဆေးက Adrenaline ကိုသက်ရောက်လို့ အထောက်အကူပေးတယ်။ ဒါပေမဲ့ Lung disease အတုပ်ရောဂါ၊ Severe heart failure နှလုံးဆိုးဆိုးဝါးဝါးအလုပ်မလုပ်နိုင်တော့တာနဲ့ Heart rate နှလုံးခုန်နှေးရောဂါရှိနေသူတွေကိုတော့ မပေးရဘူး။ ပေးရင် (အတက်ခ်) ရပြီးနောက်နေ့ကနေစပေးမယ်။
(၄) ACE Inhibitors ဆေးကို ၂၄ နာရီအတွင်းပေးတယ်။
(၅) Statins (စတာတင်) ဆေးကို ဆေးရုံမဆင်းခင်မှာ စပေးတယ်။ နှလုံးသွားသွေးကြောရောင်တာသက်သာစေမယ်၊ Artery plaques သွေးခဲပြားကို တည်ငြိမ်စေမယ်။

• အရေးအပါဆုံးဟာ ၂၄ နာရီဖြစ်ပါတယ်။
• ဒိနောက်တော့ Cardiac arrest နှလုံးရပ်သွားမှာကို ကာကွယ်ရမယ်။ နှလုံးကြွက်သားတွေကို ဆက်မပျက်စီးအောင် ကာကွယ်ရမယ်။ နောက်ထပ်သွေးခဲမှာကို ကာကွယ်ရမယ်။
• တခါကို ကျော်လွှားခဲ့နိုင်ပေမဲ့ လူနေမှုပုံစံပြောင်းပြစ်လိုက်တော့တာနဲ့ ဆေးနဲ့သာနေရမယ်ဆိုထာ လိုက်နာပါ။

ဒေါက်တာတင့်ဆွေ

http://myawadynews.blogspot.com/2013/10/acute-heart-attack-treatment.html

Rhinitis နှာခေါင်းရောဂါ


                                         


Rhinitis ဆိုတာ နှာခေါင်းရောဂါတခုပါ။ နှာခေါင်းထဲက အရာတွေရောင်တာ။ နှာရည်ယိုတာကနေစသိရတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မသင့်တာတခုခုကြောင့် ရက်တ်ု ဒါမှမဟုတ် နာတာရှည်ဖြစ်တယ်။ ရောင်တော့ နှာခေါင်းထဲက နှာရည်-နှပ်တွေ ပိုထွက်လာတယ်။ နှာခေါင်းနေရာတခုထဲ မဟုတ်ဘဲ လည်ချောင်း၊ မျက်စိတွေမှာပါ သက်ရောက်စေတယ်။ အအိပ်ပျက်တာ၊ နားဖြစ်တာတွေ ဆက်ဖြစ်လာနိုင်တယ်။

(၁) ဗက်တီးရီးယား-ဗိုင်းရပ်စ် ဝင်လို ရက်တိုနဲ့ ရက်ရှည်ရောင်တာ၊
(၂) Vasomotor rhinitis အလာဂျီ-မဟုတ်တာ၊ ဆေး၊ ဟော်မုန်း၊ ရောဂါပြီးစနစ်၊ အဖုံးလွှာခြောက်သွေ့လို့၊ အစား-အရက်မတည့်လို့၊ ဒီရောဂါဆေးသုံးတာ သိပ်ကြာရာကနေဖြစ်တာ၊
(၃) Allergic rhinitis (အလာဂျီ) ကြောင့်ဖြစ်တာ၊ ပန်းဝတ်မှုံ၊ ဖုံ၊ မှို၊ မြက်၊ တိရစ္ဆာန်၊ ပိုးဟပ်၊ စတာတွေနဲ့ မတည့်လို့။

ဆေးကုရာမှာ ဘာလို့ဖြစ်တယ်ဆိုတာကို ရှာရ-သိရ-ကုရမယ်။ ဆေးတွေ အများဆုံးက ရောဂါလက္ခဏာ သက်သာစေဘို့ ဖြစ်တယ်။

Rhinitis နှာခေါင်းရောဂါ အတွက် ပေးလေ့ရှိတဲ့ ဆေးတွေကတော့ -
• ပဌမ-မျိုးဆက် Antihistamine (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ Brompheniramine (dimetane) 4mg ဆေးကို ၄-၆ နာရီတခါ။ Clemestine (travegyl) 0.5mg q ဆေးကို ၁၂ နာရီတခါ။ Diphenhydramine (benadryl) 25-50mg ဆေးကို ၄-၅ နာရီတခါ။
• ဒုတိယမျိုးဆက် (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ cetirizine(zyrtec) 10 mg တနေ့ ၁ ခါ။ Loratadine (Clarityne) 10 mg တနေ့ ၁ ခါ။ Fexofenaline (Telfast) 60mg တနေ့ ၂ ခါ (သို့) 120 mg တနေ့ ၁ ခါ။
• ပါးစပ်ကသောက်ရတဲ့ (အင်တီ-ဟစ်တမင်း) နဲ့ နှာရည်ယို သက်သာဆေး တွဲထားတဲ့ဆေးတွေ ဖြစ်တဲ့ Pseudoephedrine (Maxiphed) 30-60 mg ၄-၆ နာရီ ၁ ခါ။ Tripolidine/Pseudoephedine (Actifed) တနေ့ ၃ ခါ။ oratadine/Pseudoephedine (Clarinase) တနေ့ ၁-၂ ခါ။
• နှာခေါင်းထဲထည့် နှာရည်ယိုသက်သာဆေးတွေ ဖြစ်တဲ့ Oxymetazoline (Afrin, Sinarest) ၁-၂ စက်၊ ၄ နာရီတကြိမ်။ Tymazoline (Pernazine) ၂-၃ ခါထည့်၊ ၄ နာရီတခါ။
• နှာခေါင်းထဲထည့်ရတဲ့ (အင်တီ-ဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Azelastine (Azep) ၂ ခါပန်း၊ တနေ့ ၂ ခါ။ နဲ့ Levocabastine (Livostin) ၂ ခါပန်း၊ တနေ့ ၂ ခါ။
• နှာခေါင်းထဲထည့်ရတဲ့ corticosteroids စတီရွိုက်ဆေးတွေဖြစ်တဲ့ Beclomethasone aqueous (Beconase AQ) ၁-၂ ခါပန်း၊ ၂-၄ ကြိမ်။ Busesonide aqueous (Rhinocorts) 2-4 sprays each nostril 1-2 times, Fluticasone aqueous (Flixonase) 1-2 spray each nostril od, Triamcinolone aqueous (Nasacort, Nasacort aq) 2 sprays each nostril od နဲ့ Mometasome aqueous (Nasonex) 2 sprays each nostril od
• Mast cell stabilizers (မတ်စ်-ဆဲလ်) တည်ငြိမ်ဆေး Cromolyns sodium 1 spray each nostril 2-6 time/day
• Anticholinergic (အင်တီ-ကိုလင်နားဂျစ်) ဆေး Ipratropium bromide (Atrovent) (0.03%) 2 sprays each nostril 2-3/day
• Mucocin® = Bromhexine HCl ဆေးကတော့ (အလာဂျီ) အတွက်ဆေးဖြစ်တယ်။

အိမ်မှာကိုယ်တိုင်ဆင်ခြင်နည်း
• ကိုယ်နဲ့မတည့်တာတွေကနေ ရှောင်ပါ။
• ရာသီဥတုအလိုက် ရှောင်စရာတွေကို ရှောင်ပါ။
• မတည့်တာတွေ များနိုင်တဲ့ လူစုဝေးရာကို ရှောင်ပါ။
• မတည့်တာတွေ ကင်းရှင်းတဲ့ပါတ်ဝန်းကျင်ကို ဖန်တီးပါ။ အိပ်ယာခင်း၊ ခေါးအုံးစွပ်အသစ်သုံးပါ။ လျှော်ဖွပ်ပါ။

ဒေါက်တာတင့်ဆွေ

http://myawadynews.blogspot.com/2013/10/rhinitis.html

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ



ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

http://myawadynews.blogspot.com/2013/10/blog-post_6914.html

လူနာက ဆရာဝန်ကို သတ်ဖြတ်ခဲ့သဖြင့် တရုတ်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ





[ Ref-AFP ၊ ပေကျင်း ၊ အောက်တိုဘာ ၂၉ ]

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ မှ ကျန်းမာရေးဝန်ထမ်းများသည် လွန်ခဲ့သောတနင်္လာနေ့တွင် လူနာ တစ်ဦးက ဆရာဝန်သုံးဦးကို တိုက် ခိုက်ခဲ့ခြင်းအပေါ် မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦးသေဆုံးခဲ့ပြီး နှစ် ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။ လီယန်အန်ကွမ် အမည်ရှိ အသက်၃၃နှစ်အရွယ် လူနာတစ်ဦးသည် အသေးစား နှာခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက် ရရှိလာသောရလဒ်ကို မကျေမ နပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

၎င်းလူနာသည် ဆရာဝန် တစ်ဦးကို နား၊ နှာခေါင်းနှင့် လည် မျိုတို့ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြားဆရာဝန်နှစ်ဦးမှာလည်း ၎င်းလူနာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည် ဟု သိရသည်။ Zhejiang ပြည် နယ် ဝမ်လင်ဆေးရုံရှိ ဆရာဝန် များနှင့် သူနာပြုဆရာမများသည် အဖြူကုတ်နှင့် အပြာရောင်ခွဲစိတ် မျက်နှာဖုံးများကို ဝတ်ဆင်ဆန္ဒ ပြခဲ့ကြသည်။
 

သစ်ရွက်ခြောက် တောက်တဲ့



ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko

အောင်ခမ်း ( ရိုးရာလေး )

 File:ALiman phantasticus.jpg
https://www.facebook.com/photo.php?fbid=491427030955133&set=a.3510477149930

သွေးတိုးကိုကျစေသည့်အစားအသောက်များ



ဆား(ဆိုဒီယမ်)ကိုနည်းနည်းပဲစားတာကြောင့်သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ဒါ့အပြင်အောက်ပါအစားအသောက်တွေကို
စားသောက်တာကြောင့်သွေးတိုးကိုကျစေတဲ့အပြင်နှလုံးနဲ့သွေးကြော
တွေကိုလည်းကျန်းမာစေနိုင်ပါတယ်။

အာလူးမီးဖုတ်

မီးဖုတ်ထားတဲ့အာလူးမှာမဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ဆိုတဲ့အာဟာရဓာတ်
နှစ်မျိုးပါဝင်တာကြောင့်သွေးတိုးကျစေတဲ့အစာအနေနဲ့ထင်ရှားပါတယ်။ပိုတက်စီယမ်များတဲ့အစာကခန္တာကိုယ်ထဲကအပိုဆိုဒီယမ်ဓာတ်တွေကို
ကင်းစင်စေသလိုမဂ္ဂနီစီယမ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေတယ်လို့လေ့လာမှုအရသိရပါတယ်

အဆီထုတ်ထားတဲ့နွားနို့

နွားနို့အေးတစ်ဖန်ခွက်မှာကယ်လ်စီယမ်နဲ့ဗီတာမင်ဒီအာဟာရှဓာတ်နှစ်မျိုး
ပါဝင်ပြီးသွေးတိုးကို3-10%လျော့ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလည်း15%လျော့ကျစေပါတယ်။တခြားလေ့လာမှုအရကယ်လ်စီယမ်ပမာဏနည်းနည်းပဲမှီဝဲ
သူတွေအနေနဲ့သွေးတိုးနိုင်ခြေ မြင့်မားတယ်လို့သိရပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးကနှလုံးကျန်းမာရေးကိုမကောင်းစေဘူးလို့ထင်ထားကြပါတယ်။လတ်တလောလေ့လာမှုအရကြက်ဥ/ဘဲဥအကာဟာသွေးတိုးကို
ကျစေတယ်လို့အမေရိကန်ဓာတုအဖွဲ့အစည်းဆိုင်ရာအစည်းအဝေးအရ
သိရပါတယ်။ကြက်ဥ/ဘဲဥမှာပရိုတင်း၊ဗီတာမင်ဒီနဲ့တခြားကျန်းမာရေးနဲ့
ညီညွတ်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။

ပန်ဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း၊ပန်းဂေါ်ဖီဂေါ်ဖီထုပ်စတာတွေမှာသွေးဖိအားကိုထိန်းချုပ်ပေး
နိုင်တဲ့မဂ္ဂနီစီယမ်၊ကယ်လ်စီယမ်နဲ့ပိုတက်စီယမ်တို့လိုသတ္တုဓာတ်
အများအပြားပါဝင်ပါတယ်။တိရိစ္ဆာန်တွေကိုလေ့လာမှုတစ်ခုအရ
ပန်းဂေါ်ဖီစိမ်းပါတဲ့အစာစားတာကြောင့်သွေးတိုးရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါနဲ့လေဖြတ်တာတို့ကိုလျော့ကျစေတယ်လို့
သိရပါတယ်။ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ဒြပ်ပေါင်းတွေကသွေးလွှတ်ကြောထိခိုက်မှုကိုလျှော့ချနိုင်ပါတယ်။

မုန်လာဥနီဖျော်ရည်

သွေးတိုးနေသူတွေအနေနဲ့မုန်လာဥနီဖျော်ရည်တစ်ခွက်ကိုသောက်တာ
ကြောင့်သွေးဖိအားကို10 mmHg လျော့ကျစေတယ်လို့
အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့လေ့လာမှုအရသိရပါတယ်။မုန်လာဥနီဖျော်ရည်မှာပါဝင်တဲ့နိုက်ထရိတ်ကြောင့်သွေးကြော
တွေကိုကျယ်စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေတာဖြစ်ပါတယ်။
တစ်နေ့မှာမုန်လာဥနီဖျော်ရည်တစ်ဖန်ခွက်သောက်တာကြောင့်သွေးဖိအား
ကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့်ရောက်အောင်ထိန်းထားပေးနိုင်ပါတယ်။

နှမ်းဆီ

နှမ်းဆီမှာပါတဲ့ဖက်တီးအက်ဆစ်နဲ့အင်တီအောက်စီးဒင့်တွေကြောင့်
သွေးကြောတွေကိုကျန်းမာစေပြီးသွေးတိုးကိုကျစေတာဖြစ်တယ်လို့
လေ့လာသူတွေကယုံကြည်ထားပါတယ်

ငှက်ပျောသီး

သွေးတိုးကိုကျစေတဲ့ပိုတက်စီယမ်ပါဝင်တဲ့ငှက်ပျောသီးကိုတစ်နေ့တစ်လုံး
စားသုံးသင့်ပါတယ်။

အမည်းရောင်ချောကလက်

အမည်းရောင်ချောကလက်မှာနှလုံးကျန်းမာစေတဲ့အာနိသင်ရှိပါတယ်။အမည်းရောင်ချောကလက်မှာပါတဲ့ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ဟာ
သွေးကြောတွေကိုပိုမိုကျယ်ပြန့်စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်
စေတယ်လို့လေ့လာမှုအရသိရပါတယ်။

ကြယ်စင်
By-Good Health


https://www.facebook.com/photo.php?fbid=491430340954802&set=a.3510477149930

ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား ဆီးရီးယား အမျိုးသမီးနှင့် လက်ထပ်



ကမ္ဘာ့အရပ်အရှည်ဆုံးပုဂ္ဂိုလ် စူတန်ကိုဆင် (၀ဲ) နှင့် ဇနီးတို့ကို အောက်တိုဘာ ၂၇ ရက်က လက်ထပ်မင်္ဂလာ အခမ်းအနားတွင် တွေ့ရစဉ် (Photo:AFP)


ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား စူတန်ကိုစင်သည် ဆီးရီးယား အမျိုးသမီး တစ်ဦးနှင့် အောက်တိုဘာ ၂၇ ရက်က လက်ထပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အရပ် ၂ ဒသမ ၅၁ မီတာရှည်သော အသက် ၃၁ နှစ်အရွယ် ကိုဆင်သည် အရပ် ၁ ဒသမ ၇၅ မီတာမြင့်ပြီး အသက် ၂၀ အရွယ်ရှိသော မာဗီဒီဘိုအား လက်ထပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ရဲ့ ခံစားမှုတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ကျွန်တော်က အပျော်ဆုံးသူ ဖြစ်သွားပါပြီ" ဟု တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကိုဆင်၏ ဇာတိမြို့ဖြစ်သော မာဒင်၌ ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲ အခမ်းအနားတွင် ကိုဆင်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် အနာလိုတီယာ သတင်းအေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဟာဆာကာ မြို့သူဖြစ်သော မာဗီဒီဗိုက "ဒီပျော်ရွှင်မှုဟာ တစ်သက်လုံး ဖြစ်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ မင်္ဂလာပွဲ အခမ်းအနားတွင် ချည်အရှည်ရှိသော ရက်ထည်ဖြင့် ပြုလုပ်ရသည့် ရိုးရာဝတ်စုံအား ကိုစင်က ၀တ်ဆင်ခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ လယ်သမား မိဘများမှ မွေးဖွားလာခဲ့သူ ကိုစင်သည် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများ စာအုပ်တွင် ကမ္ဘာပေါ်၌ အရပ်အရှည်ဆုံးဖြစ်ကြောင်း ၂၀၀၉ ခုနှစ်က သတ်မှတ်ခံခဲ့ရပြီးနောက် လူသိများလာ ခဲ့သည်။ ထိုအချိန်က ကိုဆင်၏ အရပ်အမြင့်မှာ ၂ ဒသမ ၄၇ မီတာသာ ရှိသေးသည်။

ဦးနှောက်အတွင်းရှိ ခန္ဓာကိုယ် ကြီးထွားမှုနှင့်ဆိုင်သော ပစ်ကျူထရီ ဂလင်းအား သက်ရောက်စေသော အသားပို တစ်ခုကြောင့် ၎င်း၏အရပ် ထပ်မံရှည်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

Gamma Knife ဟုခေါ်သည့် ခွဲစိတ်ပစ္စည်း အသုံးပြုပြီး ကြိမ်နှုန်းမြင့် ဓာတ်ရောင်ခြည်နှင့် ပစ်ခတ်ကာ ကိုစင်၏ အသားပိုအား အမေရိကန် ဆရာဝန်များက ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၌ ကုသပေးခဲ့သည်။

အရပ်ဆက်လက် ရှည်စေသည့် ဟိုမုန်းဖောက်ပြန်မှု ရောဂါ ကိုဆင့်တွင် မရှိတော့ကြောင်း ဆရာဝန်များက ၂၀၁၂ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။ ကိုစင်သည် ချိုင်းထောက်အသုံးပြု၍ သွားလာနေရသည်။

Ref:AFP

http://myawadynews.blogspot.com/2013/10/blog-post_6027.html

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်


                        

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။


လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။
ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။

“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိ အကျ ကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာ ရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
dvb

http://myawadynews.blogspot.com/2013/10/blog-post_2880.html

ကံအကြောင်း



'ကံဆိုတာဘာလဲ'

“ကမ္မ” ဟူသော ပါဠိစကားကို မြန်မာလို “ကံ”ဟုခေါ်၏။ ထို “ကံ” ဟူသော စကားကို တစ်မျိုးထပ်၍ မြန်မာပြန်လျှင် “အမူ”ဟု ခေါ်ပြန်သည်။ ထိုအမူကား ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မူ”ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုတည်း။ ဥပမာ - “သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်လှူခြင်း ”စသည်တည်း။

“နူတ်မူ”ဟူသည် နူတ်ဖြင့် ပြောဆိုပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ - “ဟို အကောင်သတ်လိုက်၊ ဆွမ်းလောင်းလိုက်ပါ” စသည်ဖြင့် စေခိုင်းတိုက်တွန်းမူ၊ လိမ်လည်မူ၊ တရားဟောပြောမူ စသည်တည်း။

“စိတ်မူ”ဟူသည် ကိုယ်လည်းမလုပ်၊ နူတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစားကြံစည် စိတ်ကူးမူတည်း။ ဥပမာ - “ဟိုလူ့ပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်းမှာပဲ”စသည်ဖြင့် မကောင်းကြံခြင်း၊ သူတစ်ပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း စသည်များတည်း။

"အမူသည်ကိုရှာဖွယ်"

ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများသည် စိတ်ကို မလူံ့ဆော်ရဘဲ ဘာသိဘာသာ ဖြစ်နေသည် မဟုတ်။ သူ့အသက်ကို သတ်ရာ၌ လက်က ဓားကိုကိုင်မိအောင်၊ ထိုဓားကို လူတစ်ယောက်အပေါ်သို့ ရောက်အောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားကား ရှိရသေးသည်။ နူတ်ဖြင့်ပြောရာ၌လည်း စကားသံ တစ်လုံးချင်း ပေါ်လာအောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားရှိသည်။

အိပ်ပျော်နေတုန်းအါ စိတ်တွေ များစွာဖြစ်နေသော်လည်း မည်သည့် စိတ်အမူမျှ မဖြစ်။ ထို့ကြောင့် ကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့၌ ပကတိစိတ်မှ ထူးခြား၍ သတ္တိထက်သော တရားတစ်မျိုး ရှိပေလိမ့်မည်။

လောက၌ အမူ တစ်စုံတစ်ရာပေါ်လျှင် လက်သည်ရှာရသကဲ့သို့ ထို့အတူ ဤ ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများကို ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားကို ရှာသင့်ပေသည်။


"စေတနာသည် အမူသည် စေတနာသည် ကံ"

ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများ ဖြစ်အောင် လူံ့ဆော်ပေးသော တရားကား အတွင်းသန္တာန်၌ ဖြစ်နေသော စိတ်စေတသိက် အထဲမှာပင် ဗျာပါရ လွန်ကဲသော စေတနာ စေတသိက်တည်း။

ထို့ကြောင့် စေတနာ စေတသိက်သည် ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ဖြစ်အောင် လူံ့ဆော်တတ်သော အမူသည် လက်သည် တရားတည်း။ ထိုအမူ “ကံ” များကို အထမြောက်အောင် ဖန်တီးတတ်သောကြောင့် (အကျိုးအမူ၏ ကံဟူသော နာမည်ကို အကြောင်းရင် စေတနာအပေါ်မှာ တင်စား၍) စေတနာ စေတသိက်ကိုပင် “ကံတရား”ဟု ခေါ်ရသည်။

"မထင်မရှားဖြစ်သော စိတ်များ"

မိမိစိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစား ကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည် ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်မြဲဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။

နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊ ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။

စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိငေးရာကို ငေးနေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။

ထိုသို့ မထင်ရှားသောအခါ ကုသိုလ်ဇော အကုသိုလ်ဇော စိတ်စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထိုဇောစေတနာများကြောင့် မည်သည့် ကံတစ်ခုမျှ အထမမြောက်ဘဲ အမှတ်တမဲ့ မသိမသာဖြစ်သော ဇောစေတနာများလည်း တစ်နေ့အဖို့မှာ တော်တော်များစွာ ဖြစ်ကြသည်။

မဟာဂန္ဓာရုံ
 

အိပ်ရေး၀၀ အိပ်သင့်တယ်



-အမေရိကန်နိုင်ငံ National Sleep Foundation ရဲ့အဆိုအရနေ့လည် နေ့ခင်း15-20 မိနစ်အိပ်ခြင်းဟာစိတ်ကိုလန်းဆန်းစေတယ်၊မှတ်ဥာဏ်ကိုပိုမိုထက်မြက်စေတယ်၊မောပန်းနွမ်းနယ်ခြင်း ကိုပျောက်စေတယ်...လိုဆိုပါတယ်။

-ညဘက်အိပ်ရေးမ၀ခြင်းကိုနေ့လည်ပြန်လည်အစားထိုအိပ်ခြင်းက အိပ်ရေးဝမယ်လို သင်ထင်ရင် 
မှားပါလိမ့်မယ်။နေ့လည်နေ့ခင်းခဏတာ အိပ်ခြင်းကအိပ်ရေးပျက်ခြင်းကိုအစားမထိုးနိုင်ပါဘူး။
နေ့လည်အိပ်ခြင်းကြောင့် ညပိုင်းအိပ်မရဖြစ်တက်ပါတယ်။

-ညပိုင်းအိပ်ရေး၀၀မအိပ်ခြင်းကြောင့်သင်ဆုးံရှုးံနိုင်တာတွေက

1.ကိုယ်ခံအားစနစ်နည်းလာခြင်
2.ဆီးချိုရောဂါဖြစ်လာနိုင်ခြင်း
3.၇င်သားကင်ဆာဖြစ်နိုင်ချေများခြင်း
4.အ၀လွန်ခြင်း
5.စိတ်ဖိစီးမှုများလာခြင်း
6.မြန်မြန်အိုမင်းလွယ်ခြင်း
7.စိတ်ကျခြင်းနှင့်လူမှုလုပ်ငန်းများ
တွင်ပြသနာများတွေ့ရတက်ခြင်း
8.သက်တန်းတိုကာအရွယ်မတိုင်ခင်သေစေခြင်း

တိုဖြစ်စေပါတယ်။

K.K(ကနောင်)
 

ကျန်းမာရေးအတွက်မစားသုံးသင့်သောအစားအစာ(၇) မျိုး


သင့်ကျန်းမာရေးအတွက်...မစားသင့်သောအစာ(၇) မျို.ကိုကမ္ဘာ့ကျန်းမာရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့..SHAPE ကခုလိုကောက်နုတ်ဖော်ပြထားပါတယ်....။

(၁) Rice Cakes ( ဆန် (သို.) ကောက်ညှင်းခွက်ကြော်များ..)
ဒီအစားအစာကိုထုတ်လုပ်ရောင်းချသူများက..Diet Foods လို.အညွှန်းမှာဖော်ပြရောင်းချကြပေမယ့်..တကယ်တော့
ကာဗွန်ပိာုက်ဒရိတ်ဓါတ်ကိုကိုပိုမိုတိုးပွားစေတာပါ..။ဒီအစာကိုစားသုံးခြင်းဖြင့်..သင့်ရဲ.သွေးမှာအချိုဓါတ်ဖြစ်ပေါ်မှုကို
တွန်းအားပေးတဲ့အတွက်..ကျန်းမာရေးနဲ.မသင့်တော်သလို...အဆီလျှော့ချမှုကို.မပံ့ပိုးပေးနို်င်ပါဘူး....။

(၂) Fat - Free Salad Dressing ( အသင့်စားအသုပ်အတွက်အချည်ရည်များ..)
ဒီအမျိုးအစားကတော့ကျွန်တော်တို.မြန်မာတွေစားလေ့မရှိပါဘူး...ဒီအချဉ်ရည်တွေထဲမှာ..ဗီနီဂါနဲ.အပင်မှရရှိသောအဆီတွေကို
အခြေခံပြီး...ပြောင်းမှုန်.(ကော်မှုန်.)များနဲ.ပြုလုပ်ထားတာကြောင့်မစားသုံးသင့်ပဲ..သင်ကိုယ်တိုင်ပြုလုပ်တဲ့လတ်ဆတ်သောအသုပ်များကိုသာစားသုံးကြပါ..လို.တိုက်တွန်းထားပါတယ်..။

(၃) Seitan ( အသားတုများ..)
ကမ္ဘာပေါ်မှာ..Vegetarian သမားများအတွက်အသားအစားထိုးပါ...။ဒီအစားအစာတွေမှာ..ပဲကိုအသုံးပြုထားတာမပာုတ်ပဲ...Wheat gluten ကိုသာအသုံးပြုထားတာကြောင့်..ပရိုတင်းဖြစ်ပေါ်မှုကိုကြီးမားစွာအပာန်.အတားဖြစ်စေပါတယ်...။

(၄) Shark (ငါးမန်းသား )
ငါးမန်းသားစားသုံးခြင်းပာာ..ငါးကြီးဆီလို.ခေါ်တဲ့ Omega-3 ဓါတ်ကိုအကျိုးပြုပေမယ့်...Mercury လို.ခေါ်တဲ့ပြဒါးဓါတ်(၃)
ဆပါဝင်မှုပိုမိုမြှင့်မားနေတာကြောင့်လဲ.သင့်အတွက်စွန်.စားရမှုတစ်ခုပါပဲ...အကောင်းဆုံးကတော့...Tuna ငါးမျိုးနဲ.ဆော်
လမွန်တို.မှာပါဝင်တဲ့..အိုမီဂါ- 3 က..စိတ်အချရဆုံးဖြစ်စေမှာပါ..။

(၅) Refined Gains
စိတ်မကောင်းစရာကတော့...စူပါမတ်ကတ်ကြီးတွေမှာ..ရောင်းချတဲ့.. နံနက်ခင်းစာတွေ...pasta တွေ မှာ..ကာဗွန်ပာိုက်ဒရိတ်
ဓါတ်တွေမြှင့်မားစွာပါဝင်နေတာကိုတွေ.ရမှာပါ..။ပြန်လည်ပြုပြင်ခြင်းခံရတဲ့အတွက်ကြောင့်.နှံစားသီးနှံတွေမှာပါတဲ့..ဗီတာမင်၊
အမျှင်ဓါတ်နဲ.အခြားဓါတ်တွေကိုဆုံးရှုံးသွားစေပါတယ်...။အကောင်းဆုံးကတော့..ရွေးချယ်တတ်ဖို.နဲ.ဘာမှမရောသေးတဲ့နှံစားပြာင်းတွေကို..စားသုံးခြင်းပါပဲ..။

(၆) Sugar Sweetened Beverages
Soft Drinks လို.ခေါ်တဲ့အချိုရည်တွေအများဆုံးပာာ...သကြား...အရောင်..အနံ.စတာတွေကိုပေါင်းစပ်ဖွဲ.စည်းထားတာကြောင့်..
သင့်ခန္စာကိုယ်တည်ဆောက်မှုကိုပာန်ချက်မညီစေသလို...ကိုယ်အလေးချိန်ကိုလည်းချက်ချင်းတိုးပွားစေတယ်...ရောဂါဖြစ်ပွားမှု
ကိုလည်းလျင်မြန်အောင်ပံ့ပိုးပေးနေပါတယ်....ဒါကြောင့်..ဒီလိုအချိုရည်
တွေနေရာမှာ..လတ်ဆတ်တဲ့ဖရဲသီးတစ်စိတ်နဲ.အစား
ထိုးသင့်ပါတယ်..။

(၇) Grits
ဒါကတော့..ဆေးကုလားမ လိုမျိုး..နှံစားပြောင်းဖြစ်စဉ်တွေထဲကထွက်ရှိတဲ့..အစားအစာမျိုးပါ..။ဒီအစာမျိုးမှာလည်း..ကာဗွန်ပိာုက်ဒ
ရိတ်ဓါတ်မြှင့်မားစွာပါဝင်နေလို..သွေးလှည့်ပတ်မှုကိုနှေးကွေးစေပြီး..အဆီခဲမှုကိုဖြစ်စေတဲ့အတွက်ကြောင့်..မစားသုံးသင့်ပါဘူး..။

Ref....For your Healthy ( Internet )

ပာင်းချက်နည်းများ


https://www.facebook.com/photo.php?fbid=658670274173614&set=a.572785052762137.

အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်


                     

အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။

ကြက်ဆူဆီ

ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။

ရှာလကာရည်

ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။

ကြယ်စင်
Good Health


https://www.facebook.com/photo.php?fbid=495751310524105&set=a.420045418094695.

chatroom ကြောင့် ချွေးမနှင့် ချိန်းတွေ့မိခဲ့သည့် တရုတ်အမျိုးသား





တရုတ် အမျိုးသား တစ်ဦးဟာ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ တွေ့ဖို့ ချိန်းမိခဲ့တဲ့ မိန်းကလေးဟာ သူ့သားရဲ့ မိန်းမ ဖြစ်နေတာကြောင့် ပြဿနာတွေ တက်ခဲ့ရကြောင်း သိရပါတယ်။

အသက် ၅၇ နှစ်ရှိ အဆိုပါ တရုတ်အမျိုးသား ၀မ်ဟာ သူ့ချွေးမဖြစ်သူ လီလီနဲ့ အွန်လိုင်း ချက်ရွန်းမှ တဆင့် သိကျွမ်း ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ မိမိတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို လိမ်ညာ ခဲ့ကြတာပါ။

အချင်းချင်း လိမ်လည် ပို့ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ နှစ်ယောက်ဟာ တရုတ်နိုင်ငံ၊ မူလင်မြို့ရှိ ဟိုတယ် တစ်လုံးမှာ တွေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။

လီလီရဲ့ ခင်ပွန်းဖြစ်သူ တကျွန်းဟာ အွန်လိုင်းမှာ သူ့ဇနီးနဲ့တွေ့ဖို့ ချိန်းလိုက်တဲ့ သူဟာ ဖခင်ဖြစ်နေတယ် ဆိုတာ သိသွားတဲ့ အခါမှာတော့ ဒေါသထွက်ပြီး ဖခင်ကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။

တကျွန်းဟာ သူ့ဖခင်ကို လက်သီးနဲ့ ထိုးပြီးတဲ့အခါ ဟိုတယ် ၀န်ထမ်းက ရဲကို ဖုန်းဆက် လိုက်တာကြောင့် ရဲက သူတို့ ၃ ဦးစလုံးကို ထိန်းသိမ်း ခဲ့ပါတယ်။ ယခုတော့ ဖခင်ကို တိုက်ခိုက်မှုနဲ့ တကျွန်းကို ၅ ရက်ကြာ ထိန်းသိမ်း ထားပြီး မူလင်မြို့ ရဲဌာနက အရာရှိတွေဟာ ၀မ်နဲ့ လီလီကို စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရပါတယ်။

MRTV-4

https://www.facebook.com/photo.php?fbid=490690047695498&set=a.351047714993066.

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရှိခိုး APK


                                  


ခင်ပွန်းကြီး (၁၀)ပါး ဘုရားရှိခိုး အသုံးချ ပရိုဂရမ်တွင် မိမိ ပြစ်မှားမိသည် ရှိသော ခင်ပွန်းကြီး ဆယ်ပါးအား အပြစ်မှ လွတ်ကင်းအောင် ရှိခိုး ကန်တော့ တောင်းပန်နိုင်စေရန် ရယ်ရွယ်၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဤအသုံးချ ပရိုဂရမ်တွင် ဘုရားရှိခိုးပုံ၊ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း၊ ဆုတောင်း အပြင် ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ရခြင်းအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ပြစ်မှားမိသည် ရှိသော် ကျရောက်နိုင်မည့် အန္တရာယ်များ၏ ဆောင်ရန်ရှောင်ရန် များကို တွေ့နိုင်ပါတယ်။ ပိုပြီးသိချင်ရင်တော့ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါဗျာ။





Download => ခင်ပွန်းကြီးရှိခိုး V.1.0 APK


Download => ခင်ပွန်းကြီးရှိခိုး V.1.0 APK


မူရင်း=http://bluenavyblog.blogspot.com/2013/10/v10-apk.html

ဖုန်းထဲမှာရှိထားသင့်တဲ့ မြန်မာ Ringtones 45 ခု

ဖုန်းထဲမှာရှိထားသင့်တဲ့ အလန်းဇယား မြန်မာ Ringtones 45 ခုမရသေးသူတွေအတွက် ထပ်တင်လိုက်ပါတယ်

                         
ဒီ ( apk ) လေးကို ဖုန်းထဲထည့်လိုက်မယ်ဆို Ringtones 45 ခု အလွယ်တကူရမှာ
နာမည်ကြီးနေတဲ့ သီချင်းတွေကို လိုသလောက်ဖြတ်ပီး ထည့်ပေးထားတာဖြစ်ပီး

ဟာသဆန်တဲ့ ( လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် )တွေရော

မြန်မာစံတော်ချိန် တီးလုံးတွေနဲ့  မြန်မာတွေ လူကြိုက်များ လူသုံးများနေတဲ့ဟာ

45 မျိုး ပါပါတယ် ။ နံပတ်စဉ်အလိုက် ဖွင့်ကြည့်ပါ ကြိုက်တယ်ဆိုရင် နံပတ်ပေါ်

လက်နဲ့ ဖိထားလိုက် မြန်မာလိုစာပေါ်လာမယ် မက်ဆေ့အ၀င်လား ဖုန်းခေါ်ဖို့ 

နှိုးစက်အတွက်လား ရွေးပေးလိုက်ရုံပါပဲ ။ဒီဟာလေးကိုတော့ ကိုနေမင်းလတ်

တည်ထွင်ထားတာပါ ။ သုံးချင်တဲ့သူ မသုံးရသေးသူ အောက်ကလင့်မှာယူပါ

Download - MM Ringtones Collection

Download - MM Ringtones Collection 

Download - MM Ringtones Collection   

http://bluenavyblog.blogspot.com/2013/10/ringtones-45.html

Google Maps မှ မြေပုံကို Download ချပြီး ကြည့်ခြင်း


                      
TechSpace Journal powered by Computer Active Magazine

Google Maps App က ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေကို ရှာဖွေဖို့ အတွက် တော်တော် အသုံးဝင်ပါတယ်။ သို့ပေမဲ့လည်း Data ပမာဏ တော်တော်များများကို အသုံးပြုရတဲ့အတွက် Network မရှိတဲ့ နေရာမျိုးရောက်နေရင် မြေပုံသုံးမရဘဲ အခက်တွေ့တက်ပါတယ်။

မြန်ဆန်တဲ့ အင်တာနက် ရှိတဲ့နေရာမျိုးမှာ Map တွေကို Offline အဖြစ် ကြည့်လို့ရအောင် Download လုပ်ယူထားခဲ့မယ်ဆိုရင် Data Connection မရတဲ့အချိန်မှာလည်း Maps တွေကိုကြည့်ပြီး အသုံးပြုနိုင်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် မိမိ Download လုပ်ချင်တဲ့ Map Area ကိုကြည့်နေတဲ့အချိန်မှာ "ok maps" ဆိုတဲ့ စာသားကို Search Bar မှာ ရိုက်ထည့်မယ်ဆိုရင် Pre-Loading Map % လို့ ဖော်ပြမှာ ဖြစ်ပြီး 100% ပြည့်သွားရင်တော့ "The On Screen map area has been cached" လို့ ဖော်ပြကာ Download လုပ်ပြီးသွားမှာ ဖြစ်ပါတယ်။

Cache တွေ များလို့ နေရာလွတ်မကျန်တော့ဘူး ဆိုရင်တော့ Menu ကနေ Clear Cache ကို နှိပ်ပြီး ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/photo.php?fbid=491033177661185&set=a.351047714993066

ရွှေစည်းခုံ စေတီတော် ( ပုဂံ ) သမိုင်း

                       
ရွှေစည်းခုံ စေတီတော် သည် ညောင်ဦးမြို့ မှ အနောက် တောင် ယွန်းယွန်း၊ မိုင်ဝက် ခန့် ဧရာဝတီ မြစ် ကမ်းနဖူးရှိ ပေ ( ၇၅၀ )ကျော်ခန့် ရှည်လျား ကျယ်ဝန်း သော မဟာရံ တံတိုင်းကြီး နှင့် ဉာဏ်တော်ပေ ( ၁၆၀ )၊ ဖိနပ်တော် အကျယ်ပေ ( ၁၆၀ )ပမာဏ ရှိကာ ရွှေရောင် ၀င်းလျက် တင့်တယ် ကြည်ညို ဖွယ် တည်ရှိ လေသည်။ ပုဂံမင်း နှစ်ပါး တည်ခဲ့ ပြီး၊ သိမှတ်ဖွယ် ရာ၊ အံ့ဘွယ်များ ကြောင့် အထူး ကျော်ကြား သည်

သမိုင်း

ပုဂံ ပြည့်ရှင် သီရိ အနုရုဒ္ဓ ဒေ၀ ခေါ် အနော်ရထာ မင်း လက်ထက်တွင် သီဟိုဠ်ကျွန်း ၏ ဘုရင် ပထမ ၀ိဇယဗာဟု မင်းကြီး ၏ အကူအညီ တောင်းခြင်း ကြောင့် ရဟန်း သံဃာတော်များ၊ ပိဋကတ် သုံးပုံ ကျမ်းစာ များ နှင့် ဆင်ဖြူတော် တစ်စီး တို့ကို အကူအညီ ပေးခဲ့ သည်။ ပထမ ၀ိဇယဗာဟု မင်း ကလည်း အနော်ရထာ မင်း ၏ ကျေးဇူး ကို တုံ့ပြန်သော အားဖြင့် မြတ်စွာ ဘုရား ၏ စွယ်တော် ပွား ကို အနော်ရထာ မင်း ထံ ဓမ္မ လက်ဆောင် ပြန်လည် ပေးပို့ ခဲ့သည်။ အနော်ရထာ မင်းကြီး သည် စွယ်တော်မြတ် ကို နန်းတော် ရှေ့  ရတနာ ပြဿာဒ် တွင် ကိန်းဝပ် စေပြီး ပူဇော် ၀တ်ပြု ခဲ့သည်။ ထိုအခါ မင်းဆရာ ဖြစ်သော ရှင်အရဟံ မထေရ် က သတ္တ၀ါ အားလုံး ကိုးကွယ် နိုင်စေရန် စေတီ တည်ပါ ဟု မင်းကြီး အား အကြံဥာဏ် ပေးခဲ့ သည်။ အနော်ရထာ မင်း လည်း ရှင်အရဟံ မထေရ်၏ အကြံဥာဏ် မှာ အလွန် လှော်ကန် သင့်မြတ် သည့် အတွက် စေတီ တည် ၍ တည်ထား ကိုးကွယ် ရန် ဆောင်ရွက် ခဲ့ သည်။ 


မင်းကြီး သည် စွယ်တော် ကိန်းဝပ် လိုသော အရပ်တွင် ဆင်ဖြူတော် ရပ်စေ သတည်း ဟု အဓိဌာန် ၍ ဆင်ဖြူတော် ၏ ကိုယ် ပေါ်တွင် စွယ်တော် ကြုတ်တင် ၍ လွှတ်လိုက် လေသည်။ ဆင်ဖြူတော် သည် ပုဂံ ၏ အရှေ့ မြောက် အရပ် ( ဇေယျ ဘုံ ဟု ခေါ်တွင်သော အောင်မြေ အရပ်၌ ) သဲစည်းခုံ တွင် ၀ပ်လေ သည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံ တွင် စွယ်တော် မြတ် ကို ဌာပနာ ထားပြီ စေတီ တည်တော်မူ သည်။ ကောဇာ သက္ကရာဇ် ၄၂၁ - ခု၊ တပို့တွဲ လဆန်း ( ၁၀ ) ရက်၊ ကြာသပတေး နေ့ တွင် စတင် တည်ဆောက် ခဲ့ပြီး တရုတ် ပြည်မှ ရသော မြဆင်းတု တစ်ဆူ နှင့် သရေ ခေတ္တရာ ပြည်ရှိ ဒွတ္တပေါင် မင်းကြီး တည်ထား ကိုးကွယ် ခဲ့သော နဖူး သင်းကျစ်တော် တစ်ဆူ ကို လည်း ဌာပနာ ထားသည်။ ဘုရား တည်နေတုန်း ပစ္စယာ ၃ ဆင့် အရောက် တွင်ပင် အနော်ရထာ မင်း နတ်ရွာစံ( သေဆုံး ) ခဲ့သည်။ အနော်ရထာ မင်း နတ်ရွာစံ ပြီးနောက် ကျန်စစ်သားမင်း က ကောဇာသက္ကရာဇ် ၄၅၁ - ခု၊ တန်ဆောင်မုန်း လဆန်း ( ၁၃ ) ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ဆက်လက် တည်ဆောက် ခဲ့ရာ ကောဇာ သက္ကရာဇ် ၄၅၂ - ခု၊ ကဆုန် လပြည့်နေ့ တွင် ပြီးမြောက် အောင်မြင် ခဲ့သည်။ စေတီတော်ကြီး တည်ဆောက် ခဲ့သည့် နှစ်မှ ပြီးစီးသည့် နှစ် အထိ နှစ်ပေါင်း ၃၁ - နှစ် ကြာ၏။

စေတီတည်ထားပုံ

ရွှေစည်းခုံ စေတီတော် ကြီး သည် မူလ က ကျောက်ချပ် များ ဖြင့် တည်ဆောက် ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့ အခါ ရွှေ အထပ်ထပ် ချသော ကြောင့် မူလ ကျောက်ပြားများ ပျောက် နေပြီး ရွှေတောင် ကြီး သဖွယ် ဖြစ်နေ သည်။ ပစ္စယာ အဆင့် ၃ ဆင့်ရှိ သည် သုံးဆင့် အပေါ်မှ ရှစ်ထောင့် ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက် ကြာလှန် နှင့် ခါးပတ် ရှိသည်။ ယင်း အထက် တွင် ခေါင်းလောင်း ပုံ၊ ခေါင်းလောင်း ပုံ ၏ အထက် တွင် သပိတ် မှောက်နှင့် ဖောင်းရစ် ရှိသည်။ ဖောင်းရစ် အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံ နှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော် အထိ ပေ ၁၅၀ မြင့် သည်။ ပစ္စယာ အဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ် ဇာတ်တော် ရုပ်ကြွ အုပ်ချပ် များ ရှိသည်။

ရင်ပြင်တော်

စေတီ၏ လေးဘက် လေးတန် ၌ အုတ် ဂန္ဓကုဋီ လေးဆောင် ရှိသည်။ ယင်း ဂန္ဓ ကုဋီ တိုက်များ အတွင်း ၌ အလွန် လက်ရာ မြောက်သော မတ်ရပ် ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဥာဏ်တော် ၁၂ ပေ မြင့် သည့် ပုဂံခေတ် လက်ရာ ဖြစ်သည်။ မူလ က ဂန္ဓကုဋီ တိုက် တံခါး များ ရှိသော်လည်း ယခု အခါ ၁ ခုသာ ကျန်တော့ သည်။ ရင်ပြင်တော် အနောက် ဘက် ပိုင်း တွင် နတ်ရုပ်တု၊ ဘိုးတော် ရုပ်တု၊ သိကြား ရုပ်တု စသည်များ လည်း သူ့ အဆောင် နှင့် သူ ရှိသည်။ ရင်ပြင်တော် အရှေ့ မြောက်ထောင့် တွင် ကျောက်စာရုံ ရှိသည်။ ကျောက်စာရုံ ထဲတွင် ခေတ် အဆက်ဆက် မှ ရေးထိုး ထားခဲ့သည့် ကျောက်စာ များ ထဲမှ ကျောက်စာ ၆ ချပ် ကို သိမ်းဆည်း ထားသည်။ ကျန်းစစ်သား မင်းကြီး ၏ ကျောက်စာ တိုင်ကြီး ၂ တိုင် သည် အရှေ့ ဘက် မုခ် တွင် ရှိသည်။ ရှေးမွန် ဘာသာ ဖြင့် ရေးထိုး ထားသည်။ ရွှေစည်းခုံ စေတီ ရင်ပြင် ရှိ အုတ်ဇရပ် အတွင်း ရှိ ပုဂံခေတ် က ထုလုပ် ခဲ့သည့် ဗုဒ္ဓ ခြေတော်ရာ၊ သစ်သား ပန်းပု သိကြား ရုပ် နှင့် သစ်သား ပန်းပု တံခါးရွက် တို့ကို လေ့လာ နိုင်သည်။ ရွှေစည်းခုံ စေတီ ပန္နက် ရိုက်ရာ ၌ အခြေပြု သည့် ပန္နက် သဲဂူ၊ အုတ်ဇလား ဂူ တို့ လည်း ရှိသည်။

သိမှတ်ဖွယ်ရာ

ဟံသာဝတီ ဘုရင့်နောင် 


https://www.facebook.com/photo.php?fbid=490473097717193&set=a.3510477149930

မြန်မာ့ဆေးဖက်ဝင် ကွမ်းပင်




Item Name ------- Betle Vine (ကွမ်း)
Category ---------- Raw Material
Botany Term ------ Piper bettle Linn
Species Family ---- Piperaceae

မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင်စိုက်ပျိုးပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။

• အပင်

နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံး သေးသွယ်ပြောင်ချော၍ အမြစ်များ ထွက်နေသော ဆစ်ဖုများ ရှိသည် ။ တစ်ခါတစ်ရံ ဂလင်း များပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား ၊ အလတ်စား ၊ အကြမ်းစား ၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့်ခွဲထားသည်။


• အရွက်

ရွက်လွှဲထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း ရှိ အ၀ိုက်များ ညီညာသည်။ အရွက်ပေါ်မျက်နှာပြင်ပြောင်ချောသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိ၏ ။

• အပွင့်

ပန်းပွင့် အလွန်သေးငယ်သည်။ အဖို ၊ အမ သီးသန့် ရှိသည် ။ ပန်းခိုင် များသည် အရွက်နှင့် မျက်နှာချင်းဆိုင်ထွက်သည်။ အဖိုပန်းခိုင်သည် ပို၍ သေးသည် ။

• အသီး

အညှာတံတစ်ချောင်း ပိတ်ချင်သီးကဲ့သို့ စုပေါင်း၍ သီးပြီး ရှည်မျောမျော ပုံသဏ္ဍာန်ရှိသည်။

► အသုံးဝင်ပုံ

အရွက်။

• အာနိသင်

မြန်မာ့ဆေးကျမ်းများ အလိုအရ ကွမ်းရွက်သည် ဖန် ၊ ခါး ၊ ပူစပ်သောအရသာရှိ၏။ နှုတ်ကို မြိန်စေ၏ ။ သလိပ်ကို ကြေစေ၏ ။လေကို နိုင်၏ ။ ထက်မြက်၏ ။ အားကိုတိုးစေ၏ ။အဆိပ်ကို ပယ်တတ်၏ ။ ၀မ်းမီးတောက်စေ၏ ။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏ ။ နှလုံး ၊ ချောင်းဆိုးရောဂါ စသည်ကို ပျောက်ကင်းစေ၏ ။

► အရွက်အသုံးပြုပုံ

၁။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ၀မ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏ ။
၂။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏ ။
၃။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏ ။
၎။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏ ။
၅။ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏ ။
၆။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏ ။
၇။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ


https://www.facebook.com/photo.php?fbid=493475654085004&set=a.420045418094695.

မြန်မာ့ဆေးဖက်ဝင် ခံတက်ပင်





Item Name Three Leaved caper; Garlic Pear (ခံတက်ပင်)
Category Raw Material
Botany Term Crataeva religiosa
Forst Species Family Capparidaceae

မြန်မာနိုင်ငံအောင်ပိုင်း မြစ်နား၊ ချောင်းနားတွင် အများဆုံးတွေ့ရ၏။ အမြင့်ပေ ၃၅၀၀ ထိ ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

ရွက်ကြွေပင်လတ်မျိုးဖြစ်၍ ပေ ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများ ရှိ၍ အပင်စည် အခေါက် မီးခိုးရောင်ရှိသည်။ အတွင်း သားမာဆတ်ပြီး အ၀ါရောင်ရှိ၏။ ရင့်ကအညိုရောင် သို့ပြောင်းသွား၏။


အရွက်

သုံး ရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မအထိရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှား စွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။

အပွင့်

အချင်း ၂-၃ လက်မအထိရှိသည်။ အပွင့်ကြီးမား သည်။အ၀ါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။

အသီး

အ၀ါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ ၍ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

အသုံးဝင်ပုံ

အခေါက်၊ အရွက် ၊ အမြစ်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ၀မ်းမီး ကိုတောက်စေ၏၊ ၀မ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်စေ၏။

အခေါက်အသုံးပြုပုံ

၁။ သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္န၀ါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အရွက်အသုံးပြုပုံ

၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။
၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။
၃။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အမြစ်အသုံးပြုပုံ

၁။ အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။
၂။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
 

အရက်သောက် ခြင်း က စိတ်ဓာတ် ပိုမို ကျဆင်းစေ



အရက် သောက် ရင် စိတ် သောက ဝေဒနာများ ပျောက်ကင်း သွားတယ် လို့ ယူဆချက် များ က မှားယွင်း တယ် လို့ အမေရိကန် မှ ဆေးသိပ္ပံ ပညာရှင် များ က သက်သေပြ လိုက်ပြီ ဖြစ် ပါတယ်။

ယင်းတွေ့ရှိ ချက် က အရက်နှင့် ဆက်စပ် ယမကာ သောက်သုံး ခြင်းက စိတ်ဓာတ် ကျဆင်းမှု ကို မပြေလျော့ စေတဲ့ အပြင် စိတ်ကျ ရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအား တစ်ခု ဖြစ်လာ နိုင်ကြောင်း သိရပါတယ်။ Depression ဖြေဖျောက် ဖို့ဆိုပြီး လူ အများစု အရက် ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ် ပြီး သောက်သုံး ပါတယ်။ ယခု တော့ အရက် ဟာ အခြား ကျန်းမာရေး ကို ထိခိုက် စေတဲ့ အပြင် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက် စေတယ် လို့ သက်သေ ပြသ ထား လိုက်ခြင်း ဖြစ် ပါတယ်။

ဒါကြောင့် အခြား သော မှန်ကန် တဲ့ စိတ်ထွက်ပေါက် ရှာရန် နည်းလမ်း များ ကို အသုံး ပြုဖို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။

Aung Kham ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=490536557710847&set=a.35104771499306

ခေါင်းကိုက်ဝေဒနာ ဖြစ်စေရန် လှုံ့ဆော်နိုင်သော အရာများ


                         

သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ ဒါမှမဟုတ် အစားမှားတာကြောင့်လား၊ ဒါမှမဟုတ် ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်အလေးချိန်

မကြာခင်က လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဝလွန်သူတွေ (BMI 40) မှာမူ ခေါင်းကိုက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်လို့ ဆိုပါတယ်။

၂။ ကိုယ်ရည်ကိုယ်သွေး

သီးသန့်နေတတ်တာ၊ အစွဲအလမ်းကြီးတာ ဒါမှမဟုတ် စည်းကမ်းတင်းကျပ်စွာ နေတတ်တာလိုမျိုး အပါအဝင် ထူးခြားတဲ့ သွင်ပြင်လက္ခဏာ ရှိသူတွေဟာ ခေါင်းကိုက်တာ ပိုမို ဖြစ်ပွားတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ စိတ်ဖြေလျှော့မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

၃။ ရုံးပိတ်ရက်

စနေ၊ တနင်္ဂနွေလိုမျိုး ရုံးပိတ်ရက်တွေမှာ သင်နေ့စဉ် လုပ်နေကျ အချိန်ဇယားအတိုင်း မလုပ်တတ်ပါဘူး။ ဥပမာအားဖြင့် အိပ်ရာမှ စောစော မထတော့ဘဲ နေ့ခင်းပိုင်းထိ အိပ်နေတတ်တာကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ရုံးပိတ်ရက်တွေမှာ သင်အိပ်ချိန်ကို ပုံမှန်အတိုင်း ဖြစ်ပါစေ။

၎။ အိမ်သုတ်ဆေး

အရောင်အသွေးမျိုးစုံ သုတ်ထားတဲ့ အိမ်သုတ် ဆေးတွေကြောင့် ခေါင်းကိုက်နိုင်ရုံမက အိမ်သုတ်ဆေးမှ ရရှိတဲ့ အနံ့တွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။

၅။ ရေဓာတ်လျော့နည်းခြင်း

ရေဓာတ်အနည်းငယ် လျော့နည်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ရေဓာတ် လုံလုံလောက်လောက် ရရှိအောင် ရေဆာတိုင်း ရေသောက်ပေးပါ။

၆။ အဆာခံခြင်း

အလုပ်များလွန်းတာကြောင့် ဆာလောင်နေတာကို အစာမစားဘဲ အောင့်ထားရင် ခေါင်းကိုက်တတ်ပါတယ်။

၇။ ကော်ဖီအသောက်များခြင်း

ကော်ဖီ အနည်းငယ် သောက်တာဟာ ခေါင်းကိုက်တာကို သက်သာစေပေမယ့် ကော်ဖီအသောက် များလွန်းရင် ခေါင်းကိုက်တတ်ပါတယ်။

၈။ လှုပ်ရှားမှု မရှိခြင်း

ဆွီဒင်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ လှုပ်ရှားမှု မရှိသူတွေဟာ ခေါင်းကိုက်ဝေဒနာ ပိုမိုခံစားကြရတယ်လို့ သိရပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ မိနစ် ၃၀ ထိနဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်း လုပ်ပေးပါ။ စိတ်ဖိစီးမှု လျော့သွားပြီး ဦးနှောက်တွင်း သွေးလှည့်ပတ်မှုတွေ ကောင်းမွန်ကာ စိတ်ခံစားမှု ကောင်းစေတဲ့ အင်ဒိုဖင် ဟော်မုန်းတွေလည်း ထွက်လာနိုင်ပါတယ်။

၉။ အိပ်ရေးမဝခြင်း

လေ့လာမှုအရ တစ်ညကို ပျမ်းမျှခြောက်နာရီ အိပ်သူတွေဟာ ဒါ့ထက်ပိုမိုပြီး အိပ်သူတွေထက် ပိုပြီး မကြာခဏ ခေါင်းကိုက်တတ်တယ်လို့ သိရပါတယ်။

၁၀။ လိင်ဆက်ဆံခြင်း

လေ့လာမှုကြီး တစ်ခုအရ ခေါင်းကိုက်ဝေဒနာ ရှိသူတွေရဲ့ ၄၆ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံမှုကြောင့် ခေါင်းကိုက်တာကို လှုံ့ဆော်တယ်လို့ ပြောကြပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်တတ်သူတွေဟာ များသောအားဖြင့် အန္တရာယ် မရှိတတ်ပေမယ့် တချို့ လူနာတွေမှာမူ ကင်ဆာ ဒါမှမဟုတ် Aneurysm ကြောင့်လည်း ဖြစ်တတ်ပါတယ်။

၁၁။ အစားအသောက်တချို့

အစားအသောက်တွေဟာ တချို့လူတွေကို ခေါင်းကိုက်တာဖြစ်အောင် လှုံ့ဆော်နိုင်ပေမယ့် တချို့အစားအသောက် အထူးသဖြင့် မဂ္ဂနီဆီယမ် ပေါကြွယ်ဝတဲ့ အစာဟာ ခေါင်းမကိုက်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

စားနိုင်သော အစာများ - ဟင်းနုနယ်၊ တို့ဟူး၊ အုတ်စပါး၊ ဘာလီ၊ ငါးအဆီ၊ သံလွင်ဆီ၊ နေကြာစေ့နဲ့ ဖရုံစေ့။

ရှောင်သ့င်သော အစာများ - ဝိုင်အနီ၊ ဘီယာ၊ အချိုမှုန့်၊ ချောကလက်၊ ချဉ်ဖတ်၊ ချိစ်၊ ပြုပြင်ထားသော အသားများ (ဥပမာ - ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း)။

ဒေါက်တာခင်မိုးမိုး


https://www.facebook.com/photo.php?fbid=495195497246353&set=a.420045418094695.1

ကျန်းမာအောင်နေနည်း (Health tips to keep you healthy)



၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း

ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။

၂။ ဂျုံ၊စပါး ဆက်စပ်အစားအစာ စားသုံးခြင်း

ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာ ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိသဖြင့် အမျိုးမျိုး စုံလင်လှသော အစားအစာ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျုံနဲ့ ပက်သက်တဲ့အစားအစာကို စားသုံးရာမှာ မသန့်ရှင်းတဲ့ ဆီများ အသုံးပြုတာများရင်တော့ မကောင်းပါဘူး။ ဥပမာ- ၃၊ ၄ ရက် အသုံးပြုထားသော စားအုန်းဆီတွင် အီကြာကွေး များ ကြော်ရာတွင် ပြန်လည် အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့က ခန္ဓာကိုယ်က လိုအပ် တဲ့ အဓိက အာဟာရများကို ပေးစွမ်းတဲ့ ပင်မ အစားအစာဆိုတာ စာဖတ်သူ တို့ သိရှိမယ် ထင်ပါတယ်။

၃။ အရေအပြားကို ဂရုစိုက်ခြင်း

နေရောင်ခြည်အောက် အမြဲသွားလာနေသူများအတွက် မိမိအရေအပြားကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတွေ့လို့ မသိသာပေမယ့် ကြာလာတဲ့အခါ အရေအပြားနဲ့ ပက်သက်တဲ့ ရော ဂါတွေ ဖြစ်စေပါတယ်။ (ဥပမာ- အရေအပြားကင်ဆာ၊ အရေ အပြား လှောင်ခြင်း၊ ပျက်ဆီးခြင်း)။ ဆောင်းရာသီဆိုရင်လည်း အသားအရေ အပ်ကွဲခြင်းကင်းအောင် အရေအပြား ထိန်းသိမ်းတဲ့ လိမ်းဆီများ အသုံးပြုနိုင် ပါတယ်။ အရေအပြားဟာလည်း အိုမင်းမှုကို လူသိအောင် ပြသတဲ့ အစိတ် အပိုင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမကောင်းကိုလည်း အရေအပြား ကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ပဲ အရေအပြား ဆိုပြေမှု ရှိမရှိ၊ နီခြင်း၊ ဝါခြင်း ရှိမရှိ တို့က မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို ဖော်ပြနေခြင်း ဖြစ်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၎။ ငါးများများစားခြင်း

ငါးက အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေမှ တစ်ကြိမ်တောင် ငါးမစားဖြစ်သူတို့ထက် နှလုံးနဲ့ ဆက်စပ် ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် လျော့နည်းတာကို တွေ့ရှိထားပါတယ်။ ငါးစားခြင်းဟာလည်း မိမိရဲ့ ပင်မ အသက် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

၅။ လက်ဘက်ရည်သောက်ခြင်း

လက်ဘက်ရည်ကြမ်း၊ လက်ဘက်ရည်ချို သောက်သုံးသူများ ဟာ နှလုံးရော ဂါနဲ့ သေနိုင်စွမ်း အင်မတန် နည်းတယ်လို့ ဆိုထားပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေတဲ့အတွက် tea ဆိုတာ ကျန်းမာရေးကောင်းရန် အထောက်အကူ အရွက်တစ်မျိုးလို့ သတ်မှတ် ထားကြပါတယ်။

၆။ ဆေးလိပ်ရှောင်ခြင်း

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ လူကို တဖြည်းဖြည်းနဲ့ သတ်နေတာကို သိလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်ဟာ များသထက်များ လာပါတယ်။ လူကြီး၊ လူငယ်တင်မကပဲ ၁၀ နှစ် အထက် ဆေးလိပ်သောက် သူ အရေအတွက်ပါ တိုးတက်လာပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်သလို အနှံ့ ရှူရှိုက်ရသူ ပတ်ဝန်းကျင်က လူများကိုလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုး ၂ ဆမက ခံရတယ်လို့ ဆေးပညာရှင်များ က လေ့ လာ တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အားကစားနည်းတွေ အားလုံးမှာ လမ်းလျှောက်တဲ့ အားကစားနည်းကသာ ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ဖြစ်ပါ တယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးကို လည်ပတ် အားကောင်းပြီး ကျန်းမာရေး ကောင်းစေပါတယ်။

အထက်ပါ ၇ ချက်ကို ပုံမှန်ပြုလုပ် ကျင့်သုံးမယ်ဆိုရင် မလုပ်သူများထက် စာရင် အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ နေထိုင်ရ တာ ကို ဆေးပညာရှင်များက လေ့လာတွေ့ရှိထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:medicfact

အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=490538857710617&set=a.351047714993066.

Mozilla Firefox မှ ပန်ဒါနီ



Mozilla Firefox ဆိုရင် အရင်က အများစု သိထားတာဟာ မြေခွေး သို့မဟုတ် မီးလောင်နေသော မြေခွေးလို့ပဲ သိထားကြပါတယ်။ အမှန်တော့ သူက Red Panda ဖြစ်ပါတယ်။

မြန်မာလို ရှင်းရှင်းခေါ်တော့ ပန်ဒါနီလို့အမည်ရပြီး သူ့ရဲ့  အနီကွက် အရောင် အသွေးများကြောင့် Firefox လို့လည်း အင်္ဂလိပ်လို အမည်ပေး ပါတယ်။ နေထိုင်ကျက်စားနေတဲ့ ဒေသကလည်း သိပ်အဝေးကြီး မဟုတ်ပါဘူး ကချင်ပြည်နယ်နဲ့ တရုတ်ပြည်နယ် သစ်မှာ ဖြစ်ပြီး မြန်မာမြေပိုင် နက် ထဲမှာလည်း အကောင်ရေ ထောင်ကျော် ကျက်စားနေ ထိုင်နေသေး ကြောင်း ဆိုပါတယ်။ တရုတ်ပြည်မှာတော့ အများကြီးပါ။ သို့ပေမယ့် ရှားပါး တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်နေပါတယ်။

Mozilla အဖွဲ့အနေနဲ့ ၎င်းတို့ရဲ့  အများနဲ့မတူ တမူထူးခြားတဲ့ Web Browser ကို တူမတူတဲ့ အမည်တစ်ခုရအောင် Firefox ကို ရွေးခဲ့ခြင်းပါ။ ဒါကို မသိတဲ့ သူများက မီးလောင်နေသော မြေခွေးလို့ပဲ ဘာသာပြန်ကြ ပါတယ်။ အမှန်တော့ သူက Red Panda ဖြစ်ကြောင်း သိရပါတယ်။
.
Ref:wiki
Aung Kham ( International news for myanmar )

http://www.innewsmyanmar.com/2013/10/mozilla-firefox.html
Related Posts Plugin for WordPress, Blogger...