စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်မှာ ရထားနောက်ကျရင်



ဂျပန်နိုင်ငံမှာ အများပြည်သူ ပို့ဆောင်ရွက်သွယ်ရေး ဝန်ဆောင်မှု ဖြစ်တဲ့ ရထားဟာ အင်မတန် နောက်ကျခဲပါတယ်။ ဘယ်လောက်တောင် နောက်ကျခဲသ လဲဆို တစ်နှစ်ပတ်လုံးပေါင်းမှ ၅ မိနစ်ထက် ပိုတဲ့အခါမျိုးတောင် မကြုံ ပါဘူး။

ဒါပေမယ့် အကယ်၍ နောက်ကျခဲ့ပြီဆိုရင်လည်း သွားပါပြီ။ အဲ့ဒီလို အချိန်ကျ ရထား ဝန်ထမ်း၊ ရထားယာဉ်မောင်းများ ကိုယ်တိုင် တစ်တွဲပြီးတစ်တွဲ ဝင်လို့ ရှိသမျှ ခရီးသည် အားလုံးကို ခါးကုန်းလို့ တောင်းပန်စကား ဆိုရပါတယ်။ ဒါတင် မလုံလောက်သေး ပါဘူး။ ရထားရဲ့ နောက်ကျခြင်းသာ ဖြစ်ကြောင်း ထောက်ခံစာရွက် ကိုလည်း ထုတ်ပေးပါတယ်။ ယင်း စာရွက်ကို အသုံးပြုလို့ ကျောင်း၊ အလုပ်တို့မှာ အသနားခံလို့ရပါတယ်။

အကယ်၍ မရသေးပါက ခရီးသည် အနေနဲ့ ရထားကုမ္ဗဏီကို တရားစွဲဆို ပိုင်ခွင့်ရှိပြီး လျော်ကြေးငွေ ပြန်တောင်းလို့ ရပါတယ်။ ဂျပန်အစိုးရ ကိုင်တိုင်ဟာလည်း များပြည်သူသုံး ပို့ဆောင်ရး လုပ်ငန်းတိုင်းကို အချိန်တိကျစေဖို့ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ကွတ်ကဲထား ပါတယ်။ အကြောင်းကတော့ ဂျပန် လူမျိုးတိုင်းဟာ အချိန်ကို လေးစားပြီး အလုပ် လုပ်ကြသူများ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရဟာ နိုင်ငံသားတွေအပေါ် လေးစားမှု ရှိပြီး သူတို့ အတွက် သွားလာရေးအပြင် အခြားသော Infrastructure များ အဆင်ပြေစေမှ တိုင်းပြည်ထုတ်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှာကို ယုံကြည်ထားတာကြောင့်လည်း ပါဝင်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...