စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာရေးဆရာမ ပုညခင်နှင့်တွေ့ဆုံခြင်း



စာရေးဆရာသက်တမ်း ၁၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် စာရေး ဆရာမ ပုညခင်က ‘‘အထက်တန်းစားရေ’’ဟု အမည်ပေးထားသော ၀တ္ထုကိုပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဝေခဲ့သည်။ အချစ်ရသ သီးသန့်လုံးချင်းများကို တစိုက်မတ်မတ်ရေးသားခဲ့သည့် ဆရာမပုညခင်သည် ယခုစာအုပ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကြောင်းအရာများနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို အဓိကအကြောင်းအရာ တစ်ခုအနေဖြင့် ‘‘အထက်တန်းစားရေ’’ကို ဇာတ်အိမ်တည်ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးစာဖတ်ပရိသတ်အများစု အားပေးမှု ရရှိနေပြီး ၎င်း၏၀တ္ထုများကို ရိုက်ကူးသည့် ရုပ်ရှင်များမှာလည်း အောင်မြင်မှုရရှိနေကာ လက်ရှိရုံတင်ပြသနေသော ‘‘ကျွန်မက နှင်းဆီပါမောင်’’ ရုပ်ရှင်ဇာတ်လမ်းသည် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေရသည်အထိ အောင်မြင်မှုရရှိခဲ့သည်။ ထို့ကြောင့် စာရေးဆရာမ ပုညခင်ကို လက်ရှိစာပေလောက၏ အကြောင်းအရာများအပါအ၀င် ၎င်း၏ စာရေးဆရာ ဘ၀ဖြတ်သန်းမှုတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

‘‘ကျွန်မကနှင်းဆီပါမောင်’’မ တိုင်ခင်ကတည်းက အစ်မ၀တ္ထု တွေကို ပြန်ရိုက်တဲ့ ရုပ်ရှင်တွေက အရမ်းအောင်မြင်ပြီး ဇာတ်ဆောင် တွေဆိုရင်လည်း အကယ်ဒမီရခဲ့ တယ်။ ဒါပေမဲ့ အချစ်ဝတ္ထုနဲ့ပတ် သက်ရင် အမြင်အမျိုးမျိုးရှိတော့ အချစ်ဝတ္ထု ဆိုတဲ့အမြင်နဲ့ အစ်မ တို့အပေါ် ဝေဖန်မှုတွေအပေါ်မှာ ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ။

တချို့စာအုပ်ဖတ်တဲ့ပရိသတ် မဟုတ်ဘဲ နာမည်ကိုတော့သိတယ်။ စာအုပ်ကိုတော့ သေသေချာချာ ဖတ်ဖူးတာမဟုတ်ဘူး။ အဲဒီလိုလူ မျိုးတွေက ကျွန်မတို့ရေးတဲ့ဝတ္ထုကို အပျော်ဖတ်ဆိုပြီး ခေါင်းစဉ်တပ် ကြတယ်။ သူဘာကိုရေးတယ်၊ သူ့ ရဲ့အရေးအသားကဘယ်လို၊သူ့ရဲ့ အတွေးအခေါ်က ဘယ်လို၊ သူ့ရဲ့ ဦးတည်ချက်က ဘယ်လိုရေးတယ် ဆိုတာ နားမလည်တော့ သိမ်းကျုံး ပြီး အပေါစားစာပေပါ၊ အပျော် ဖတ်စာပေပါဆိုပြီး ခေါင်းစဉ်တပ် ကြသူတွေလည်းရှိတယ်။ တကယ် စာဖတ်တဲ့သူဆိုရင် သိလိမ့်မယ်။ ကျွန်မပရိသတ်က ကျွန်မကိုတန် ဖိုးထားနေသရွေ့ ဒါတွေကို တုန် လှုပ်စရာမလိုဘူး။ ကျွန်မကအချစ် ၀တ္ထုရေးတယ်ဆိုပေမယ့် လူငယ် တွေကို လမ်းမှားရောက်အောင် မ လုပ်ဘူး။ အချစ်ဆိုပေမယ့်လည်း ချစ်ကြတဲ့သူတွေရဲ့ ဘ၀ရုန်းကန်မှု တွေ၊ အတွေးအခေါ် အယူအဆ တွေ၊ ဘ၀ထဲမှာလက်တွေ့ဖြစ်နေ တဲ့ ဒဿနတွေ ခေတ်အခြေအနေ တွေ ဒါတွေကိုထင်ဟပ်ပြီး ဦးတည် ချက်ကောင်းကောင်းနဲ့ လူငယ်တွေ ကို ရသ၀တ္ထုဖတ်ရင်း တစ်စုံတစ် ရာအကျိုးရပါစေဆိုပြီး စိတ်ရင်း စေတနာနဲ့ ရေးခဲ့တဲ့အတွက် ဒီနေ့ အထိ ပရိသတ်က ချစ်ခင်အားပေး နေသလို ရပ်တည်နေနိုင်သေးတယ်လို့ထင်တယ်။

ရသစာဖတ်သူတွေရဲ့ ရင်ထဲရောက် ဖို့အတွက် အချစ်ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုချဉ်းကပ်ဖန်တီးလေ့ရှိပါ သလဲ။

ရသစာပေမှာ စိတ်ခံစားမှုက အဓိကကျတယ်။ အတတ်ပညာ ရယ်၊ အနုပညာရယ်နှစ်ခုရှိတယ်။ အတတ်ပညာက ၀တ္ထုတို စ၊ လယ်၊ ဆုံး ဘယ်လိုညီညွတ်အောင်ရေးမ လဲပေါ့။ ၀တ္ထုရေးတဲ့အတတ်ပညာ က လေ့လာလို့ရတဲ့အပိုင်းပေမယ့် လေ့လာလို့မရတာက ကိုယ့်ရဲ့ အ နုပညာစိတ်။ အဲဒါက စိတ်ခံစား ချက်ဆိုတော့ သင်ယူလို့လည်းမရ ဘူး။ စာရေးဆရာတစ်ယောက်ရဲ့ စိတ်ရင်းစေတနာက တမင်ဖော်ပြ စရာမလိုဘဲ ရေးတဲ့ဝတ္ထုထဲမှာပါ သွားတယ်။ မမြင်ရဘူး။ စေတနာ ကို ဘယ်လိုထည့်လိုက်တယ်လို့ ပြောလို့မရပေမယ့် ဖတ်တဲ့သူက တော့ခံစားလို့ရတယ်။ အဲဒါက လုပ်ယူလို့မရဘူး။ အထူးသဖြင့် ရသ၀တ္ထုတွေမှာ အတတ်ပညာ တစ်ခုကို အားပြုလို့မရဘူး။ အနု ပညာလည်းပါရမယ်။ တစ်ခါတ လေ စိတ်ခံစားချက်မပါဘဲရေးရင် ဖတ်တဲ့သူကလည်း ဘာမှခံစားရ မှာမဟုတ်ဘူး။ အခု ကျွန်မရေး ထားတဲ့ ‘‘အထက်တန်းစားရေ’’ က ၀တ္ထုဇာတ်သိမ်းမှာမျက်ရည်ကျ ရတယ်လို့ပြောတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မကိုယ်တိုင် အဲဒီ ၀တ္ထု ဇာတ်သိမ်းရေးတဲ့အချိန်မှာ ကြက်သီးဖြာပြီး မျက်ရည်ကျခဲ့ဖူး တယ်။

စာရေးဆရာသက်တမ်း ၁၅ နှစ် တောင် ရှိသွားပြီဆိုတော့ အစ်မရဲ့ စာရေးသားမှုအတွက် ၀မ်းစာကို ဘယ်လိုဖြည့်ပါသလဲ။

တချို့စာရေးသူတွေ တွေ့ဖူး တယ်။ စာမဖတ်နိုင်တော့ဘူးဆို တာမျိုး၊ စာရေးတဲ့သူတစ်ယောက် က စာမဖတ်လို့မရဘူး။ စာမဖတ် တဲ့အချိန်ကြာလာလေ သူ့အတွက် မကောင်းဘူး။ လူဆိုတာကုန်ချော ထုတ်နိုင်ဖို့ ကုန်ကြမ်းလိုအပ် တယ်။ ကုန်ကြမ်းထည့်နိုင်ဖို့အ တွက်က စာဖတ်ဖို့လိုအပ်သလိုသီ ချင်းနားထောင်တာမျိုး၊ ရုပ်ရှင် ကြည့်တာမျိုး အနုပညာခံစားဖို့ လည်း လိုအပ်တယ်။ နောက်တစ် ခုက ခေတ်နဲ့အညီဖြစ်နေတာကို သိဖို့လည်းလိုအပ်တယ်။ ဒီမှာဘာ တွေခေတ်စားလဲ၊ ကမ္ဘာမှာဘာ ခေတ်စားလဲဆိုတာကိုသိမှ ခေတ် နဲ့အညီတွေးခေါ်နိုင်မယ်။ အဲဒါ ကြောင့် Information တွေကိုအမြဲ စုဆောင်းရတယ်။ နောက်တစ်ခု က ခရီးထွက်ရတယ်။ နေရာဒေသ အသီးသီးကိုရောက်တယ်။ လူမျိုး အမျိုးမျိုးကိုတွေ့တယ်။ ခရီးထွက် ရင်း တွေ့ရတဲ့ ရှုခင်းတွေရေမြေ တောတောင် သဘာဝတွေက လည်း ကိုယ့်ရဲ့ အနုပညာစိတ်ကို လှုံ့ဆော်နိုင်တယ်။ ၀တ္ထုတစ်အုပ် ရေးဖို့ ကိုယ့်စိတ်ကိုလှုံ့ဆော်ပေး မယ့်အရာတွေရှိမှဖြစ်မှာဆိုတော့ အဲဒါတွေကို အမြဲတမ်းမပြတ် ဖြည့်ဆည်းပေးရတယ်။

အခု‘‘အထက်တန်းစားရေ’’ ၀တ္ထုမှာ နိုင်ငံရေး နောက်ခံအကြောင်းလေးတွေပါ တာတွေ့ရပါတယ်။ အဲဒီအကြောင်းလေးတွေ ပြောပြပေးပါဦး။

အမှန်တော့ ဒီစာအုပ်မျိုးကို ပြောင်းလဲလာတဲ့ခေတ်အခြေအ နေကြောင့်သာ ထုတ်ဝေနိုင်ခဲ့တာ ပါ။ အရင်ခေတ်ကဆို စာပေစိစစ် ရေးမှာတင် အပယ်ခံရနိုင်တဲ့ ၀တ္ထု မျိုးပါ။ ဒီစာအုပ်မှာ နိုင်ငံရေးနဲ့ပတ် သက်တာ တချို့ပါပါတယ်။ ဒါပေ မဲ့ အစိုးရကိုအပျက်သဘောဝေဖန် ပုတ်ခတ်တာမျိုးမဟုတ်ပါဘူး။ ကျွန်မခံယူတဲ့နိုင်ငံရေးဆိုတာ ထစ်ခနဲရှိ အစိုးရကိုပဲအပြစ်တင် ပုတ်ခတ်လိုက်မယ်ဆိုတာမျိုးမ ဟုတ်ဘဲ ကိုယ်တိုင်လည်းစည်း ကမ်းရှိပြီး တာဝန်သိတဲ့နိုင်ငံသား ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ကို ဆင်ခြင်သိမြင်လာ ခဲ့ရင်လည်း အပြုသဘောဆောင် ပြီး ဝေဖန်ထောက်ပြသင့်တာမျိုး ပါ။ နိုင်ငံရေးအမည်ခံတချို့ရုပ်ရှင် ၀တ္ထုတွေကိုလေ့လာကြည့်တဲ့အ ခါ နိုင်ငံရေးကိုလည်း သေချာမသုံး သပ်တတ်၊ ဥပဒေအကြောင်းလည်း သေချာနားလည်အောင်မကြိုးစား ဘဲ အစိုးရကိုဆဲပေးလိုက်ရင်ရနိုင် တဲ့ လူပြိန်းလက်ခုပ်သံကို မျှော်ကိုး ပြီး ဖန်တီးကြတဲ့အခါ အနုပညာ လည်း အားနည်းသွားသလိုအချက် အလက်လည်းမခိုင်မာလို့ ပရိသတ် အပေါ်မှာ ဘာမှထိထိရောက် ရောက်သြဇာမသက်ရောက်တာ တွေ့ရပါတယ်။ ကျွန်မက ဟိုအ ရင်အချိန်တွေကတည်းက တစ်နေ့ မှာ အနုပညာမြောက်ပြီး နိုင်ငံရေး နဲ့ ပတ်သက်စပ်ဆိုင်မယ့် ၀တ္ထုမျိုး ရေးမယ်ဆိုတဲ့စိတ်ကူးရှိခဲ့ပါတယ်။ ဒါကြောင့် ဥပဒေဆိုင်ရာတွေနဲ့ သ တင်းအချက်အလက်တချို့ကို ကြို တင်စုဆောင်းထားခဲ့ပြီး ရေးဖြစ်ခဲ့ တဲ့ဝတ္ထုဖြစ်ပါတယ်။

အရွယ်မရောက်ခင် အဓမ္မပြု ကျင့်ခံခဲ့ရတဲ့ မိန်းကလေးတစ် ယောက်ရဲ့ ဘ၀ကိုအခြေခံပြီး ရုပ် မြင်သံကြားအစီအစဉ်တင်ဆက် သူ လူငယ်တစ်ဦးရယ်၊ လွှတ် တော်အမတ်ရယ်၊ အမတ်ရဲ့သား ရယ်၊ ဒီဇာတ်ကောင်တွေကို ဖန် တီးရေးဖွဲ့ခဲ့ပါတယ်။ မတူညီတဲ့ ဘ၀တွေထဲက လူငယ်တွေရဲ့ အ ချစ်ကို ဥပဒေအချက်အလက်တ ချို့ကို နိုင်ငံရေးအခြေအနေတချို့ နဲ့ ပေါင်းစပ်ရေးခဲ့တာပါ။ ၂၀၁၀ မတိုင်မီ ခေတ်အခြေအနေက စ လာပြီး လက်ရှိခေတ်အထိ ဆွဲခေါ် ပြီးရေးဖြစ်တဲ့ဝတ္ထုလေး။ ကျွန်မ အတွက်လည်း ထူးခြားတယ်။ ဖတ်ပြီးတဲ့ပရိသတ်တွေကလည်း ထူးခြားတယ်လို့ အသိအမှတ်ပြုခံ ရတဲ့ ၀တ္ထုပါ။

သုတရသပဲဖြစ်ဖြစ်၊ အချစ်ပဲဖြစ် ဖြစ် စာပေအမျိုးအစားတွေ အသီး သီးရှိပေမယ့် စာရေးသားမယ့် မျိုး ဆက်သစ်တွေကတော့ အရင် ဆယ်စုနှစ်တွေနဲ့ ယှဉ်ရင်နည်းပါး သွားတယ်။ ခေတ်ပြိုင်ခံစားမှုကို ထင်ဟပ်တဲ့စာရေးသူမျိုးဆက်ရှား ပါးတယ်ဆိုတဲ့အပေါ် အစ်မဘယ် လိုပြန်လည် ဆွေးနွေးလိုပါသလဲ။

ကျွန်မကတော့ စာရေးတဲ့မျိုး ဆက်သစ်တွေ အများကြီးပေါ် ပေါက်လာစေချင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အထူးသ ဖြင့် ရသစာပေမှာမျိုးဆက်သစ် တွေများကြီးပေါ်ထွက်လာတာမျိုး မတွေ့ဘူး။ ရှိတော့ရှိတယ်။ များ သောအားဖြင့် ၀တ္ထုကိုရေးတယ်။ ရသစာပေကို သေသေချာချာကျ ကျနန တစိုက်မတ်မတ်နဲ့ ပရော် ဖက်ရှင်နယ်ကျကျ လုပ်တဲ့လူသိပ် မရှိဘူး။ အဲဒါကလည်း ခေတ်အ ခြေအနေကြောင့်ဖြစ်နိုင်တယ်။ ခေတ်အခြေအနေမှာ စာဖတ်တဲ့ အင်အားနည်းလာတာကြောင့် ဖြစ်နိုင်သလို စာရေးတဲ့အလုပ်တစ် ခုတည်းကြောင့် မရပ်တည်နိုင် တာဖြစ်ကောင်းဖြစ်မယ်။ ကိုယ် တိုင်က စာဖတ်တဲ့အားနည်းလာပြီး ရသာဖန်တီးဖို့စိတ်ခံစားမှုလည်း မ ပေါ်ပေါက်တာကြောင့် စာရေးတဲ့ ဘက်ကို မရောက်တာလည်းဖြစ် ကောင်းဖြစ်နိုင်တယ်။ အခုတွေ့နေ ရတာက သုတစာပေတွေပဲအ ထွက်များပြီး ရသစာပေကို ဖတ် တဲ့သူလည်းနည်းလာတယ်လို့ထင် တယ်။

အခုခေတ်မှာ အင်တာနက်အွန် လိုင်းတွေ၊ လူမှုကွန်ရက်တွေမှာ လူငယ်တွေသာမက လူကြီး၊လူ လတ်ပိုင်းတွေ အချိန်တွေအတော် ပေးသုံးစွဲနေကြတယ်။အစ်မကိုယ် တိုင်လည်း လူမှုကွန်ရက်သုံးစွဲသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ကိုတော့ မထိခိုက်အောင် ပုံမှန်အလုပ်လုပ်နိုင်တာတွေ့ရတယ်။ ဒီတော့အင်တာနက်သုံး ရင်း အချိန်ကုန်မှန်းမသိ ကုန်သွားတဲ့သူတွေကို အကြံပြုချက်ပေးပါဦး။

ဖေ့စ်ဘွတ်ခ်သုံးတဲ့လူရဲ့ ယူ တတ်မှုအပေါ်မူတည်တယ်။ကိုယ့် ရဲ့အချိန်ကို Management လုပ် နိုင်တယ်။ တချို့ဆို ဒီထဲမှာမျော သွားတယ်။ ဖေ့စ်ဘွတ်ခ်မှာက ကိုယ့်အတွက်အကျိုးရှိတာရှိသလို အကျိုးမရှိတာတွေလည်းရှိတော့ အကျိုးရှိတာ၊ မရှိတာကိုတော့ ခွဲ ခြားပြီးသိရမှာပေါ့။ ကျွန်မအတွက် အကျိုးရှိတာတော်တော်များများ ဖေ့စ်ဘွတ်ခ်မှာတွေ့ရတယ်။ လူ တွေရဲ့ စရိုက်သဘာဝ သဘော ထားတွေကို သိရသလို သတင်း တွေကိုလည်း သိရတယ်။ နောက် ပြီးဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ပြင်ပ ဆက်သွယ်ရေးလည်းလုပ်နိုင် တယ်။ ဖေ့စ်ဘွတ်ခ်က ကျွန်မအ တွက် ကုန်ကြမ်းရယူစရာနေရာ တစ်ခုလည်းဖြစ်တယ်။ စာရေးတာ က တစ်ယောက်တည်းရေးရတာ များပေမယ့် ဖေ့စ်ဘွတ်ခ်သုံးရင်း ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ရတယ်။ တချို့ကျတော့ ဒီမှာ ချက်တင်ဝင် ကြတယ်။ ဂိမ်းဆော့ကြတယ်။ တ ချို့ကျတော့လည်း ဒီအပေါ်မှာ အ မုန်းပွားကြတယ်။ အဲဒါကတော့ မကောင်းတဲ့ဘက်ကိုရောက်တာ ပေါ့။ အဓိကက အသုံးချတတ်ဖို့လိုတယ်။

အခုချိန်ထိ အားပေးနေတဲ့ ပရိ သတ်တွေအတွက် စကားလက် ဆောင်လေး ပြောပေးပါဦး။

ကျွန်မရဲ့ဝတ္ထုကို ရုပ်ရှင်အ ဖြစ် အားပေးတာကို ကျေးဇူးတော့ တင်ပါတယ်။ ရုပ်ရှင်အဖြစ်အောင် မြင်တာကတော့ ကျွန်မတစ် ယောက်တည်းရဲ့ စွမ်းဆောင်မှု ကြောင့် မဟုတ်ဘူး။ အားလုံး Team Work အနေနဲ့လုပ်လို့ အောင်မြင်တာ။ ကျွန်မတစ် ယောက်တည်းရဲ့ စွမ်းဆောင်မှုက တော့ ၀တ္ထုရေးပြီး ၀တ္ထုထွက်တာ။ ဒါကြောင့် စာပေမှာကြာရှည်တည် တံ့နိုင်ပြီး စာအုပ်တွေ အမြဲတမ်း ထွက်နေဖို့ စာဖတ်ပရိသတ်က အားပေးနေဖို့ က အရေးကြီးတယ်။ အဲဒါကြောင့် အမြဲကြိုးစားပြီးရေး နေပါတယ်။ စာဖတ်ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်တယ်။

ကျေးဇူးတင်ပါတယ်။

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...