စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေ့လယ်ဘက် အချိန်ကြာမြင့်စွာ အိပ်စက်သူများ ဆီးချိုရောဂါဖြစ်ပွားနိုင်

 
 နေ့လယ်တွင် တစ်နာရီထက်ကြာအောင် တစ်ရေးတစ်မော အိပ်စက်ခြင်းသည် အမျိုးအစား-၂ ဆီးချိုရောဂါအတွက် သတိပေးလက္ခဏာတစ်ခုဖြစ်နိုင်ကြောင်း ဂျပန်သုတေသီများကပြောသည်။
၎င်းတို့သည် လူပေါင်းသုံးသိန်းကျော်ပါဝင်သော စောင့်ကြည့် လေ့လာမှုများကို စိစစ်ပြီးနောက် ယင်းဆက်စပ်မှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရေရှည်နာမကျန်းဖြစ်မှုများနှင့် မစစ်ဆေးရသေးသော ဆီးချို ရောဂါခံစားနေရသူများသည် နေ့ခင်းဘက်အချိန်များတွင် မကြာ ခဏဆိုသလို မောပန်းလေ့ရှိကြကြောင်း ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ပညာရှင်များက ပြောသည်။
သို့သော် တစ်ရေးတစ်မောအိပ်စက်ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်သည် (သို့မဟုတ်) ရောဂါဖြစ်လာနိုင်သည့် အန္တရာယ် များကို တိုးပွားလာစေသည်ဆိုသော အထောက်အထားမတွေ့ရဟု ၎င်းတို့ကပြောသည်။

တိုကျိုတက္ကသိုလ်မှ သုတေသီများပြုလုပ်ခဲ့သည့် လေ့လာမှု ရလဒ်ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ ဆီးချိုရောဂါလေ့လာရေး ဥရောပ အဖွဲ့အစည်းအဝေးသို့ တင်ပြထားသည်။
၎င်းတို့၏လေ့လာမှုအတွင်း နေ့ခင်းဘက် မိနစ် ၆၀ ထက်ကြာ အောင် အိပ်စက်ခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင် သည့်အန္တရာယ် ၄၅ ရာခိုင်နှုန်း ပိုများလာခြင်းကြား ဆက်စပ်မှုရှိ ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် မိနစ် ၄၀ မပြည့်သော တစ်ရေး အိပ်စက်မှုများကြောင့် ယင်းအန္တရာယ်ကို ပိုများလာစေသည်ဆို သော အထောက်အထားကို မတွေ့ရဟု ဂျပန်သုတေသီများက ပြောသည်။

နေ့ခင်းဘက် ကြာမြင့်စွာ အိပ်စက်လေ့ရှိခြင်းမှာ ညဘက်အိပ် ရေးပျက်ခြင်းကြောင့် ဖြစ်နိုင်သည်။ ယင်းကဲ့သို့ အိပ်စက်ပုံ ကမောက်ကမဖြစ်မှုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင် ရာ ပြဿနာများနှင့် အမျိုးအစား-၂ ဆီးချိုရောဂါအပါအဝင် အခြား သော ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သောအန္တရာယ် ပိုများလာနိုင်သည်။

အလုပ် (သို့မဟုတ်) လူမှုဘဝပုံစံများဖြစ်သော အိပ်ရေးပျက်မှုကြောင့် အစာစားလိုစိတ် ပိုများလာနိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည်။
သို့သော် နေ့ခင်းဘက် ခေတ္တခဏအိပ်စက်ခြင်းကြောင့် နိုးနိုး ကြားကြားရှိမှုနှင့် လန်းဆန်းမှု ပိုများစေနိုင်သည်ဟု သုတေသီများ က ပြောသည်။
—Ref: MNT

http://www.7daydaily.com/story/76213

ညဘက်တွင် လူရွှင်တော် ဝတ်စုံဖြင့် လူအများကို ခြောက်လှန့်နေသူ တစ်ဦးကို ကင်တက်ကီ ရဲတပ်ဖွဲ့ဖမ်းဆီး


ပုန်းကွယ်ချောင်းမြောင်းနေတတ်သည့် လူရွှင်တော်ဟု လူသိများပြီး ကြောက်စရာ လူရွှင်တော်ဝတ်စုံဖြင့် လူအများကို အထိတ်တလန့် ဖြစ်စေခဲ့သူ တစ်ဦးကို အမေရိကန်နိုင်ငံ၊ ကင်တက်ကီ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အသက် ၂၀ အရွယ်ရှိ ဂျိုနသန် မာတင်သည် ကင်တက်ကီရှိ မစ်ဒယ်လ်ဘရို အရပ်တွင် လူရွှင်တော်ပုံ ဝတ်စုံနှင့် မျက်နှာဖုံးတို့ကို ဝတ်ဆင်ကာ ညဘက် လှည့်လည် သွားလာနေလေ့ရှိသည်။ ၎င်း၏ အသွင်အပြင်ကြောင့် လူအများ စိတ်ချောက်ချားပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားမှု တစ်ဒါဇင်ထက်မနည်း ပြုလုပ်ခဲ့ကြသည်။

မာတင်သည် လက်တွေ့အားဖြင့် မည်သူ့ကိုမျှ ရန်ပြုတိုက်ခိုက်မှု မရှိခဲ့သေးချေ။ ရဲများက ၎င်း၏ လူရွှင်တော်ဝတ်စုံနှင့် ပုံရိပ်ကို လုံခြုံရေး ကင်မရာ မှတ်တမ်းများဖြင့် စုဆောင်းပြီး မာတင် အဓိက သွားလာတတ်သည့် နေရာများကို ကင်းပုန်းချ စောင့်ဖမ်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၃ ရက်တွင်မူ မာတင်ကို  လူရွှင်တော် ဝတ်စုံပြည့်ဖြင့် ဖမ်းမိခဲ့သည်။ ၎င်းသည် လူနေတိုက်ခန်း တစ်ခုအနီး သစ်ပင်များကြား ပုန်းလျှိုးကွယ်လျှိုး ဝပ်နေခဲ့စဉ် အဖမ်းခံရခြင်းဟု သိရသည်။

၎င်းသည် အများပိုင် ဧရိယာတွင် မျက်နှာဖုံး ဝတ်ဆင်မှု၊ အများပြည်သူကို အထိတ်တလန့် ဖြစ်စေမှုများဖြင့် စွဲချက်တင်ခံရမည် ဖြစ်သည်။ ကင်တက်ကီ ရဲတပ်ဖွဲ့က အခြားသူများ အနေဖြင့်လည်း လူမြင်ကွင်းတွင် လူရွှင်တော်အဝတ်အစားဖြင့် သွားလာမှုမျိုး ပြုလုပ်ပါက ရာဇဝတ်ကြောင်း ပုဒ်မဖြင့် တရားစွဲဆို ခံရမည်ဟု သတိပေးထားသည်။

“လူမြင်ကွင်းမှာ လူရွှင်တော်လို ဝတ်စားပြီး သွားလာနေတာ၊ ကားမောင်းတာတွေဟာ တခြားသူတွေအတွက် သက်ရောက်မှုတွေ ရှိနိုင်ပြီး ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်”ဟု ကန်တက်ကီ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်တွင် ကြောက်စရာ လူရွှင်တော် ဝတ်စုံဖြင့် ညဘက် လျှောက်သွားနေကြောင်း တိုင်ကြားမှုများသည် ကန်တက်ကီတွင်သာ မကဘဲ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ အလာဘားမားနှင့် ဂျော်ဂျီယာတို့တွင်လည်း ရှိခဲ့သည်။ သို့သော် ယင်းတို့အနက် အများစုသည် ဖြစ်ရပ်မှန် မဟုတ်ခဲ့ကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်။
Ref: BBC

http://www.7daydaily.com/story/76369

ဘာမှ မပြောဘဲနေတာ မကောင်းတဲ့အချိန် (၃)ချိန်

play

၁ - သူ့ပြဿ     နာကို ကိုယ့်ပြဿ     နာလုပ်ပြီး သင့်ကို အပြစ်တွေတင်နေတဲ့အချိန်မျိုးမှာ မပြောဘဲ ငြိမ်မနေသင့်ပါဘူး။ အခြေအနေကို အမြန်ဆုံးပြီးစေချင်တာကြောင့် သင့်ဘက်က ငြိမ်နေတယ်ဆိုပေမဲ့ အခြေအနေကို အမှန်အတိုင်းသိမြင်အောင် တစ်ဖက်လူကို ပြန်ရှင်းပြသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ကိုယ်တိုင် အပြစ်မရှိဘူးလို့ ထင်လာပြီး သင့်ကိုနိုင်တာ အကျင့်ဖြစ်သွားပါလိမ့်မယ်။
play

၂ - သင့်ကို ဒုက္ခပေးရုံသက်သက်ရည်ရွယ်ပြီး လုပ်နေတယ်ဆိုရင် မပြောဘဲ ငြိမ်မနေသင့်ပါဘူး။  ဘာအကြောင်းမှမရှိဘဲ သင့်ကို လိုက်လံတိုက်ခိုက်နေတာဟာ သင့်အတွက် လက်ခံဖို့ ခက်ပါတယ်။ သူတို့ ဒီလို လိုက်တိုက်ခိုက်နေတာကို လက်ခံထားတယ်ဆိုပေမဲ့ သင်မကြိုက်ဘူး ဆိုတာတော့ သူတို့သိအောင် ပြထားသင့်ပါတယ်။
play

၃ - နားလည်မှုလွဲတဲ့အခါမျိုးမှာလည်း ငြိမ်မနေသင့်ပါဘူး။ သူတို့က သင့်အတွက်ကောင်းတယ်ထင်လို့ ဒီလိုပြုမူနေကြတာ ဖြစ်ပြီး သင်ကလည်း ဘာမှမပြောတဲ့အခါ အဆင်ပြေတယ်လို့ ထင်သွားတတ်ကြပါတယ်။ ဒီအခါမျိုးမှာလည်း သင့်ဘက်က အဆင်မပြေကြောင်း ပြောထားသင့်ပါတယ်။
***ဘယ်အရာကိုပဲ ပြောပြော တည်ငြိမ်စွာ ပြောသင့်ပါတယ်။ အလွန်အကျွံခံစားတာမျိုး မလုပ်သင့်ပါဘူး။
Photos & Source: Lifehack
 http://www.duwun.com.mm/lifestyle/relationships/-id5510012.html?utm_source=facebo

ပျော်ရွှင်စေဖို့ နည်းလမ်းလေးတွေ


                    
၁။ ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။

၂။ မနက်စာကို ရှင်ဘုရင်လို စားပါ။ နေ့လယ်စာကို သူဌေးလို စားပြီး ညနေစာကို သူတောင်းစားလို စားပါ။

၃။ သဘဝအစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။
၎။ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။

၎။ တရားထိုင်ပါ။

၅။ အားကစားလုပ်ပါ။

၆။ စာဖတ်ပါ။

၇။ တိတ်ဆိတ် ငြိမ်သက်ပြီး စိတ်ကို လန်းဆန်းစေမည့် နေရာမှာ တစ်နေ့ကို ၁၀ မီနစ်ခန့်လောက် နေပေးပါ။

၈။ တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။

၉။ တစ်နေ့မှာ မီနစ် ၃၀ ခန့်လောက် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်နေစဉ်မှာ ပြုံးပါ။

၁၀။ စိတ်တွေ အရမ်း မွမ်းကျယ်နေပြီး အလုပ်အတွက် ဘာမှ မကြံစည်နိုင်ဘူးဆိုလျှင် စိတ်ကို လန်းဆန်းစေမည့် ခရီး တစ်ခု ထွက်လိုက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

၁၁။ အလုပ်ကို ပုံမှန်လုပ်ပါ။ ဒီနေ့ နည်းနည်းလုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိးကို ဖြစ်နိုင်ရင် ရှောင်ပါ။

၁၂။ အချိန်တိုင်းကို တန်ဖိုးရှိစွာ အသုံးချပါ။

၁၃။ တစ်ပါးသူ အောင်မြင်တာကို မြင်လျှင် မနာလို မဖြစ်ပါနဲ့။ မိမိကိုယ်တိုင် ကြိုးစားပါ။

၁၄။ သူငယ်ချင်းတွေ အပေါ်မှာ အနစ်နာခံပါ။ ထိုသို့ အနစ်နာခံခြင်းကြောင့် သင့်မှာ ပျော်ရွှင်မှုတွေကို ပိုမိုရရှိစေနိုင်ပါတယ်။

၁၅။ ဘဝဟာ အလွန်တိုပါတယ်။ ဒါကြောင့် အမုန်းပွါးမှုတွေကို လျော့ပြီး လူတိုင်းနှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံပါ။

၁၆။ အရင်တုန်းက သူငယ်ချင်းတွေက ပေးခဲ့သော လက်ဆောင်တွေကို သိမ်းထားပါ။ ထိုလက်ဆောင်တွေက နောင်တစ်ချိန် သင့်ကို ပျော်ရွှင်ပါလိမ့်မယ်။

၁၇။ တစ်နေတာ အတွက် များများပြုံးပါ။ များများ ရယ်ပါ။

၁၈။ အငြင်းအခုန် ဖြစ်လျှင် အလျော့ပေးပါ။ အလျော့ပေးခြင်းဟာ သင့်စိတ်ကို သက်သာစေပါတယ်။

၁၉။ အဝေး တစ်နေရာကို ရောက်နေလျှင် မိသားစုထံသို့ ဖုန်းခဏခဏ ခေါ်ပါ။

၂၀။ အတွေးအခေါ် ကောင်းတဲ့သူ ကောင်းသော အကြံဥာဏ်ပေးနိုင်သူ ထံမှ အကြံဥာဏ်ယူပါ။

Ref : generalknowledge
ကျော်လင်းနိုင် (ရိုးရာလေး)


https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/1072914696085115/?type=3&theater 

မြန်မာဖောင့် ကို ကွန်ပျူတာ မှာ ရိုက်နည်း




တွေ့၊ ကွေ့၊ စွေ့၊ ပွေ့၊ မွေ့၊ ရွေ့၊ ရွှေ့၊ ရဲ့ (shift+U)

ရိုက်၊ ရို၊ ရုပ်၊ ရုန်း၊ ရူ၊ ရူး၊ ရုတ်၊ ရှု၊ ရှုပ် (~ key+shift+ရ) - ရကောက်အပြတ်ကို သုံးပြီး ရိုက်မယ်။

ပြီ၊ ပြို၊ ပြိုင်၊ ပြီး၊ ငြိ၊ ငြီး (Shift+N)

ကြိ၊ ကြီး၊ ကြို၊ ကြိုက်၊ ကြိုင် (Shift+B)

တို့၊ စို့၊ ဖို့၊ မို့၊ ပို့၊ နဲ့၊ န့်၊ မှဲ့ (shift+Y)

တဲ့၊ မဲ့၊ ပဲ့၊ ဖဲ့၊ ကဲ့၊ င့်၊ ဆံ့၊ တံ့၊ ငံ့ (h key)

မြွေ၊ ပြွမ်း၊ ပြွန်၊ ပြွတ် (~ key+shift+N)

မှူးကြီးမတ်ရာ၊ အလှူ၊ ဗိုလ်မှူးကြီး၊ တိုင်းမှူး (shift+S and shift+L)

ကောင်းမှု၊ မှုခင်း၊ မှုတ် (shift+I)

ကြွ၊ ကြွေ၊ ကြွက်၊ ကြွမ်း၊ ကြွယ် (~ key+shift+M)

ချွန်၊ ကျွန်၊ ချွတ်၊ ကျွတ်၊ ကျွဲ၊ ချွဲ (shift+R)

မျှ၊ မျှင်၊ မျှစ်၊ မျှော် (shift+Q)

ဉာဏ် (~ key+N)

ပဉ္စမ၊ ပဉ္ဇင်း (~ key+shift+O)

မန္တလေး၊ မန္တန် (shift+~ key+W)

အတ္တ၊ အနတ္တ (~ key+W)

အဇ္ဈတ္တ၊ ဗောဇ္ဈင် (~ key+shift+>)

ဒဿန၊ ပြဿနာ (~ key+O>)

ကဏ္ဍ၊ ဘဏ္ဍာ (shift+2)
 

ပြောင်းဖူးအကျိုးအာနိသင် ဆေးဖက်ဝင်ပုံ



ပြောင်းဖူးသည် ပူနွေး စိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းအောင်မြင်သော အသီးအနှံ တမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရသာရှိသည့် အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။ ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝသည်။ ထို့အပြင် အမိုင်နိုအက်ဆစ် နှင့် အသားဓာတ်များလည်း ပါဝင်သည်။ ပြောင်းဖူးကို ပုံမှန် စားသုံးပေးပါက နှလုံး သွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်ရုံသာမက အူမကြီး ကင်ဆာရောဂါကိုလည်း ၃၇% အထိလည်းလျှော့ချပေးနိင်သည်။အာနိသင် ပမာဏအားဖြင့် ပြောင်းဖူးမှာ ၃၅ % ပါဝင်ပြီး ပြောင်းဆံမွှေးကတော့ ၆၅ % အထိ ပါဝင်လေ့ရှိပါတယ်။ 

ကိုရီးယားနိုင်ငံမှာ .....ပြောင်းဆံကို ခြောက်အောင် ရက်ပိုင်းနေလှန်းပြီး ဘူးလေးနှင့် သေချာထည့်ကာ လက်ဖက်ခြောက် ရေနွေးကြမ်းကဲ့သို ပြုလုပ်သောက်သုံးကြပါတယ်။ ပြောင်းစေ့ကို စားဖွယ်မျိုးနှင့် သရေစာမျိုးစုံ ပြုလုပ်စားသုံးကြသလို၊ ပြောင်းဆံရိုးကိုလည်း အခြောက်လှမ်းပြီး ရေနွေးနှင့်ပြုတ်၍သောက်သုံးကြပါတယ်။ ပြောင်းဆံမွှေးကိုလည်း ထိုနည်းအတူပါပဲ ..... ဘာတခုမှ လွင့်ပစ်စရာမရှိလောက်အောင် အဖိုးတန်လှပါတယ်။ ပြောင်းဖူး နှင့် ပြောင်းဆံမွှေး ရေနွေးကို သောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

(1) အစာအဆိပ်အတောက်ကိုပြေစေခြင်း
(2) အသားဖြူစေပြီး အရည်ပြားတွန့် မှု့ကိုတားစီးပေးခြင်း
(3) ကျောက်ကပ်ကို ကျန်းမာစေခြင်း
(4) ကင်ဆာအဖု အနာတွေကို သက်သာစေခြင်း
(5) မျက်နှာဖေါခြင်း ကျစေခြင်း
(6) ချိုစိမ့်စိမ့်အရသာက စိတ်ကိုကြည်နူးစေခြင်း
(7) သွေးချိုနှုန်းကိုထိန်းပေးတဲ့အတွက် ဆီးချို သမားများ အတွက် သဘာဝဆေးဖြစ်ခြင်း
(8) ပန်းသေပန်းညှိုးရောဂါ ကာကွယ်ပေးခြင်း
(9) ပိုးမွှားနှင့် အရည်ပြားယားယံခြင်းကို ကာကွယ်ခြင်း

(10) ယောင်ကိုင်းခြင်းများကို သက်သာစေခြင်း
ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

(11) နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေခြင်း
ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက် တဲ့ သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇% ထိ လျော့ကျစေပါတယ်။

(12) မှတ်ဥာဏ်ကို အားကောင်းစေခြင်း
ပြောင်းဖူးမှာ သိုင်ယာမင်း (သို့) ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(13) သွေးတွင်း ကိုလက်စထရောကို လျော့ကျစေခြင်း
ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျစေပြီးအူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။
လေ့လာမှုအရ ပြောင်းဖူးဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆား နဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်လေ့ရှိပါတယ်။ အကူအရသာ မပါဝင်ဘဲ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ (သို့) စွပ်ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်စေတယ်လို့ ဆိုပါတယ်။
Ref; to Good Health / Mary nuam / Myanmarpyithar
မှ အက်မင် ချစ်မိုး

https://web.facebook.com/permalink.php?story_fbid=270128479989773&id=213719942297294 

လူသားတွေတောင်လိုက်မမီသော တောင်တက်ကျွမ်းသည့်တောင်ဆိတ်များ


လူသားများဟာ ကိရိယာ တန်ဆာပလာအစုံပါရင် ကမ္ဘာ့အမြင့်ဆုံးတောင်တွေတောင် တက်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ တောင်ဆိတ်တွေကတော့ ၆၀ ဒီဂရီ မတ်စောက်တဲ့ တောင်ဖြစ်နေရင်တောင် ခြေထောက်တင်စရာ အထစ်ရှိရင် အပေါ်ထိ ရောက်အောင် တက်နိုင်ကြ ပါတယ်။

တောင်ဆိတ်ရဲ့ ထူးခြားချက်က မြေပြန့်မှာ နေထိုင်ကျက်စားရတာကို မကြိုက်ပဲ တောင်ပေါ် တက်နေရသည်ကို မွေ့လျော်တဲ့ သတ္တဝါများ ဖြစ်ပါတယ်။ တော်ပေါ် တက်တဲ့အခါ ဒဏ်ရာ အနာတရများစွာ ရရှိပေမယ့် သူတို့ရဲ့ ထူးခြားချက်က ပြန်လည် အသက်သာ မြန်ခြင်း ဖြစ်ပါတယ်။

 တော်ရုံအနာတွေဆိုရင် သူတို့ရဲ့ လျှာဖြင့် လျက်လိုက်ရုံနဲ့ကို ပျောက်ပါတယ်။ အရိုးကျိုးရင်လည်း ပြန်သက်သာ ပါတယ်။ တောင်ဆိတ်ရဲ့ လျှာဟာဆိုရင် အနာပျောက်ရန် အင်မတန် ဆေးဖက်ဝင်တာကြောင့် ဈေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ဆိတ်တွေကို ဥရောပ၊ သြစတေးလျ၊ အာဖရိက တိုက် တို့မှာ အဓိက မြင်တွေ့ရပါတယ်။

 အအေးပိုင်းမှာဆိုရင် အရေခွံပေါ် အမွေးဖြူ ပေါက်တဲ့ တောင်ဆိတ်မျိုး ဖြစ်ပြီး အပူပိုင်းမှာတော့ အညိုရောင်အမွှေးများ ရှိတဲ့ တောင်ဆိတ်များ ပေါက်ဖွား ပါတယ်။
တောင်ဆိတ်မိခင်တွေဟာ သူတို့ရဲ့ အကောင်ပေါက်များကို လမ်းစလျှောက်တတ်တဲ့ အရွယ်ကနေ စလို့ တောင်တက်ခြင်း အတတ်ပညာကို သင်ကြားပေးပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
https://web.facebook.com/YoYarLay/posts/1072701336106451

“မီး(၁၁)ဖြာလောင်မှု မဂ္ဂင်ရေနှင့် ဆေးကြောပြုပါ”


                    

အမာတွင် စိန်ကျောက်၊
အမောက်တွင် မြင့်မိုရ်၊
အပျိုတွင် ကုမ္မရီ၊
အဆီတွင် ခြင်္သေ့၊
အကွေ့တွင် ဝင်္ဂဘာ၊
အသာတွင် လဝန်း၊
အထွန်းတွင် နေသူရိန်၊
အလိန်တွင် နဂါးပတ်၊
အမြတ်တွင် ဘုရား၊
အမှားတွင် ဒိဋ္ဌိ၊
အငြိတွင် သံယောဇဉ်၊
အပူတွင် ကိလေမီး။

  ဟူသောဆိုရိုးစကားရှိရာတွင် အပူတစ်ကာ့အပူထဲတွင် သတ္တဝါတို့အတွက် ကိလေသာအပူမီးသည်
ကမ္ဘာမီးလောင်တာထက်ပင် ပြင်းထန်ပါသည်။ သတ္တဝါများကို ကိလေသာမီးက အမြဲလောင်နေပါသည်။

ထိုမီးများသည် မျက်စိမြင်ရာမှာလည်းကောင်း၊ နား ကြားရာမှာ လည်းကောင်း၊
နှာခေါင်း နံနေရာမှာလည်းကောင်း၊ လျှာအရသာခံစားရမှာလည်းကောင်း၊ ခန္ဓာကိုယ်အတွေ့မှာလည်းကောင်း၊ စိတ်ကူးအကြံအစည်မှာလည်းကောင်း လောင်နေပါသည်။

မျက်စိက ရူပါရုံအဆင်းကိုမြင်သော် လောဘကိလေသာမီးတွေ လောင်ပါသည်။

ကိုယ်မနှစ်သက်သောအာရုံများကိုတွေ့သော် မျက်စိကနေ ဒေါသမီးတွေလောင်ပါသည်။

ရုပ်နာမ်အသိတရားမသိလျှင် မောဟမီး လောင်ပါသည်။ထိုမီးများကို ရေဖြင့် ငြိမ်း၍မရပါ။
မဂ္ဂင်ရေဖြင့်ငြိမ်းမှသာ ရနိုင်ပါသည်။မဂ္ဂင်ရေနှင့် မည်သို့ငြိမ်းမည်နည်း။

-မျက်စိကမြင်သောအခါ မြင်သည်ဟု ရှုမှတ်ရမည်။
-နားကကြားသောအခါ ကြားသည်ဟု ရှုမှတ်ရမည်။
-နှာခေါင်းကနံသောအခါ နံသည်ဟု ရှုမှတ်ရမည်။
-လျှာကစားသောအခါ စားသည်ဟု ရှုမှတ်ရမည်။
-ကိုယ်ကတွေ့ထိသောအခါ တွေ့ထိသည်ဟု ရှုမှတ်ရမည်။
-စိတ်ကကြံစည်သောအခါ ကြံစည်သည်ဟု ရှုမှတ်ရမည်။

ဤသို့ရှုမှတ်ခြင်းသည် ခန္ဓာကိုယ်မှာ လောင်နေသောမီးကို မဂ္ဂင်ရေနှင့် ငြိမ်းစေခြင်း မည်ပါသည်။

ဤသို့ရှုမှတ်မှုသည်ပင် မဂ္ဂင်ငါးပါးကိုအလိုလို အားထုတ်ပြီးဖြစ်နေပါသည်။

-မျက်စိကအဆင်းကိုမြင်၍ မြင်သည် ဟုရှုမှတ်တိုင်း၊ရှုမှတ်တိုင်း ကြောင့်ကြစိုက်မှု အားထုတ်မှုလုံ့လဝိရိယပါနေ၍ သမ္မာဝါယမမဂ္ဂင် ဖြစ်နေပါသည်။
-မှတ်တိုင်း မှတ်တိုင်း ရှုမှတ်နေရသော အမှတ်သတိက သမ္မာသတိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးတည်နေမှုသည် သမ္မာသမာဓိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးရောက်အောင် ဆွဲတောင်တွန်းပို့ပေးတဲ့သဘောသည်
သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေပါသည်။

ဥပမာ-ရွှေတိဂုံဘုရားမမြင်ဘူး၊ မဖူးဘူးသော တောသားတစ်ယောက်ကို မြို့သားသူငယ်ချင်းက
ဟောဒါ ရွှေတိဂုံဘုရားပဲ၊ အလွန်ကြည်ညိုစရာကောင်းတယ်လို့ပြောပြသဖြင့် တောသားစိတ်ကို
ရွှေတိဂုံဘုရားအပေါ်၌စိတ်အာရုံရောက်အောင် ဆွဲဆောင်ပို့ပေးလိုက်သော သဘောမျိုးဖြစ်ပါသည်။

သမ္မာသင်္ကပ္ပက မှတ်စရာအမြင်အာရုံလေးပေါ် ရောက်အောင်ဆွဲဆောင်ပို့ပေးလိုက်သောအခါ
တောသားရွှေတိဂုံဘုရားအစစ်အမှန်ကို ဖူးတွေ့မြင်တွေ့ရသကဲ့သို့ အမှန်အတိုင်းသိသွားမှုသည်
သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပါသည်။

မျက်စိကလည်းရုပ်တရား၊ မြင်ရသော ရွှေတိဂုံဘုရားကလည်း ရုပ်တရားပဲလို့ သိနေမှုသည်
သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်ပါသည်။

မျက်စိနှင့်အဆင်းအာရုံဆုံမိသောအခါ မြင်သိစိတ် (စက္ခုဝိညာဏ်စိတ်)ဖြစ်ပေါ်လာရပါသည်။
ထိုမြင်သိစိတ်ကို ဘုရားသခင်က သိကြားမင်းကဖန်ဆင်း၍ ပေါ်လာသည် မဟုတ်ပါ။

-မျက်စိနှင့်အဆင်းအာရုံက -ရုပ်တရား
-မြင်သိစိတ်က -နာမ်တရား
-ရုပ်တရား၊နာမ်တရားကိုပိုင်းခြား၍ -သမ္မာဒိဋ္ဌိမဂ္ဂင်သိသည်က မျက်စိနှင့်အဆင်း ဆုံမိ၍သာ
မြင်သိစိတ်ဖြစ်ပေါ်လာရပါသည်။

-မျက်စိနှင့်အဆင်းဆုံဆည်းမှုသည် -အကြောင်းတရား
-မြင်သိစိတ်ဖြစ်ပေါ်လာသည်က -အကျိုးတရား
-အကြောင်းအကျိုးဆက်စပ်၍ဖြစ်သည် ဟုသိမှုသည်က -သမ္မာဒိဋ္ဌိ

ကြောင်းကျိုးဆက်စပ်၍ဖြစ်ပေါ်လာရသော ရုပ်တရား၊နာမ်တရားများသည် ဘယ်ရုပ် ဘယ်နာမ်မှ
ကြာရှည်စွာ မြဲတည်မနေကြပါ၊ ဤနေရာမှာဖြစ်၊ ဤနေရာမှာပျက်၊ ဟိုနေရာမှာဖြစ်၊ ဟိုနေရာမှာပျက်၊
ဖြစ်လိုက်-ပျက်လိုက်၊ ပေါ်လိုက်-ပျောက်လိုက်နှင့် အနိစ္စသဘောဖြစ်မှု-ပျက်မှုက အပြတ်နှိပ်စက်နေ၍
ဒုက္ခသဘော၊ ဤရုပ်တရား နာမ်တရားများသည် ဖြစ်တော့လည်း သူ့သဘောအတိုင်းဖြစ်၊
ပျက်တော့လည်း သူ့သဘောအတိုင်းပျက်နေကြသည်။မိမိအလိုကျမပါ မဖြစ်၊ မိမိမပိုင်၊ မိမိအစိုးမရ၊
အနတ္တသဘော ဤကဲ့သို့သော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမှန်ကို သမ္မာဒိဋ္ဌိက သိပါသည်။

ထို့ကြောင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးကို ပညာမဂ္ဂင်ဟူ၍ ဆိုရပါသည်။

မြင်သည်-မြင်သည် ဟုရှုမှတ်လိုက်သောအခါတွင် သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော
သမာဓိမဂ္ဂင်က(၃)မျိုး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင်က(၂)မျိုး၊ စုစုပေါင်း
မဂ္ဂင်(၅)မျိုး ရနေပါသည်။

တရားရှုမှတ်မည့်ပုဂ္ဂိုလ်သည် ဦးစွာပထမ ငါးပါး၊ ရှစ်ပါးသီလ ဆောက်တည်ထားသဖြင့်-

“ဗုဗ္ဗေဝ ခေါ မနဿ ကာယကမ္မံ၊ ဝစီကမ္မံ အာဇီဝေါ သုမရိသုဒ္ဓေါ ဟောတိ”
“ကိုယ်အမှု၊ နှုတ်အမှု၊ အသက်မွေးမှုတို့သည် မရှုမှတ်မိရှေ့အဖို့ကပင်လျှင် ကောင်းစွာ
စင်ကြယ်သည်ဖြစ်၏။”ဟုဟောထားသည့်အတိုင်း သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ ဟူသောသီလမဂ္ဂင်(၃)ပါးသည်ပါပြီးဖြစ်၍ တရားရှုမှတ်သဖြင့် ထိုသီလမဂ္ဂင်သည်ပင်လျှင်
ပို၍ သန့်ရှင်းစင်ကြယ်သွားရပါသည်

တရားရှုမှတ်လိုက်တိုင်း (ဝါ)မြင်သည်ဟုရှုမှတ်လိုက်တိုင်း မဂ္ဂင်(၈)ပါး ပါဝင်နေပါသည်။

ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါးအကျင့်တရားများကို ရှုမှတ်နေသည့်အတွက် အမြင်အာရုံနှင့်ပတ်သက်ပြီး
လောဘ၊ဒေါသတရားများ မဖြစ်တော့ပါ။

ထိုသို့ လောဘ၊ ဒေါသတရားတွေ မဖြစ်အောင်-
-မြင်တိုင်း-မြင်တိုင်း မြင်သည်-မြင်သည် ဟုရှုမှတ်ပါ။
-ကြားတိုင်း-ကြားတိုင်း ကြားသည်-ကြားသည်ဟု ရှုမှတ်ပါ။
-နံတိုင်း-နံတိုင်း နံသည်-နံသည်ဟုရှုမှတ်ပါ။
-စားတိုင်း-စားတိုင်း စားသည်-စားသည်ဟုရှုမှတ်ပါ။
-တွေ့ထိတိုင်း-တွေ့ထိတိုင်း တွေ့ထိသည်-တွေ့ထိသည်ဟုရှုမှတ်ပါ။
-ကြံစည်တိုင်း-ကြံစည်တိုင်း ကြံစည်သည်-
ကြံစည်သည်ဟုရှုမှတ်ပါ။

ထိုကဲ့သို့ရှုမှတ်နေပါလျှင် ရာဂမီး၊ ဒေါသမီးများငြိမ်းအေးပြီး မိမိတို့ဘဝသည်လည်း ပစ္စုပ္ပန်ဘဝတွင်
အေးငြိမ်းမှုနိဗ္ဗာန်ကိုရပြီး ဘဝသံသရာလည်းပြတ်နိုင်ပါမည်။

ဤခန္ဓာကိုယ်ကြီးသည် မီး(၁၁)ပါးလောင်နေသည်။ထိုမီးများကိုငြိမ်းသတ်နိုင်ရန် မိမိတို့၏ အလိုဆန္ဒများကို
ချွေတာရပါမည်၊ ထိန်းသိမ်းရပါမည်။
-အဝတ်ကို ချွေချွေတာတာ၊
-အစားကို ချွေချွေတာတာ၊
-အသုံးကို ချွေချွေတာတာ၊
-အဖြုန်းကို ချွေချွေတာတာ၊
-အပျင်းကို ချွေချွေတာတာ၊
-အဖျင်းကို ချွေချွေတာတာ၊
-မတော်တရား အမော်အကြွားကို ချွေချွေတာတာ၊
-အပျော်အပါးကို ချွေချွေတာတာ၊
-အချစ်ကို ချွေချွေတာတာ၊
-အမုန်းကို ချွေချွေတာတာ
-အငေါက်ကို ချွေချွေတာတာ
-အခြောက်ကို ချွေချွေတာတာ
-အစောင်း အချိတ်ကို ချွေချွေတာတာ။

ဤကဲ့သို့သော လောဘ လွန်ကဲသူတွေ၊ ဒေါသလွန်ကဲမှုတွေမဖြစ်အောင် ချွေတာရမည်။
ထိုသို့ ချွေတာနိုင်အောင် သတိပဋ္ဌာန် ရှုမှတ်မှု ရှိနေရပါမည်။

လောကသဘာဝတွင်-
- ချစ်လွန်းက နစ်မွန်းရမည်။
- သိပ်ချစ်က စိတ်ညစ်ရမည်။
- စွဲလမ်းက အသဲကျွမ်းတတ်ရသည်။
- အမုန်းကြီးက အရှုံးကြီးရသည်။
- အရှုံးကြီးက နှလုံးအသည်းကြွေရသည်။

ထိုကဲ့သို့သော နစ်မွန်းမှု၊ စိတ်ညစ်မှု၊ အသဲကျွမ်းမှု၊ အရှုံးကြီးမှု၊ နှလုံးအသည်းကွဲမှုတွေ မဖြစ်ရလေအောင်
ရာဂ၊ ဒေါသ၊ မောဟစသော ကိလေသာမီးလွန်ကဲမှုတွေကို ချွေတာထိန်းသိမ်းရပါမည်။
ထိုသို့ထိန်းသိမ်းနိုင်အောင် မြင်၊ ကြားကို ရှုမှတ်ကာ သတိပဋ္ဌာန်တရားသည်သာလျှင်
“အားကိုးရာအစစ်” ဖြစ်ပါမည်။

ဤကိုယ်ကာယ၊ တစ်လံမျှ၌

နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကား ငါတည်း
ဤမာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ၊ မရှိပါတည်း။
နှစ်ဖြာ နာမ်ရုပ်မျှသာတည်း။
နာမ်ရုပ်တရား ဤနှစ်ပါးကား
ရှည်စွာကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၏။
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး။
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ငြား အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း။

“ယောဟိ ဗုဒ္ဓေသု ဓရန္တေသုပိစတ္တာရော သတိပဋ္ဌာနေ နဘာဝေတိ
တဿ သဒ္ဓမ္မော အန္တရဟိတော နာမဟောတိ”

“အကြင်သူသည် ဘုရားရှင်တို့ထင်ထင်ရှားရှာရှိနေသော်လည်း သတိပဋ္ဌာန်လေးပါးတရားကိုမပွားများ၊
ထိုသူအား သူတော်ကောင်းတရားသည် ကွယ်သည်မည်၏။”
(သံ-ဋ္ဌ-၃-၂၀၆)
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ

ခရမ်းလွန်ရောင်ခြည်ပမာဏ အနည်းငယ်နှင့် ထိတွေ့ခြင်းမှာ လူများအတွက် အကျိုးကျေးဇူးရှိပြီး ဗီတာမင်ဒီထုတ်လုပ်ရာတွင် အရေးပါ သည့် ရောင်ခြည်ဖြစ်သည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်ကို ဗီတာ မင်ဒီချို့တဲ့၍ဖြစ်သည့် ကလေးအရိုးပျော့ရောဂါ၊ psoriasis ဟုခေါ် သည့် အရေပြားရောဂါ၊ နှင်းခူနှင့် အသားဝါရောဂါတို့အပါအဝင် ရောဂါများစွာကို ကုသရာတွင် အသုံးပြုသည်။

သို့သော် ခရမ်းလွန်ရောင်ခြည်တွင် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသည်။ နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် အရေပြား၊ မျက်စိနှင့် ကိုယ်ခံအားစနစ်တို့တွင် ပြင်းထန်သော ကျန်းမာရေးထိ ခိုက်မှုများကို အချိန်ကြာမြင့်စွာ ခံစားရနိုင်သည်။
ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုလွန်ကဲသောကြောင့် ဖြစ် ပေါ်မှုအများဆုံး လက္ခဏာတစ်ခုသည် နေလောင်ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည်က အရေပြားပေါ်ရှိ ဆဲလ်များ၌ သေဆုံးစေသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေ သည်။ တစ်သျှူးအမျှင်များ၊ သွေးကြောများတွင် ဆဲလ်သေဆုံးမှုများ ဖြစ်ပေါ်စေသောကြောင့် အရွယ်မတိုင်မီ အရေပြားအိုမင်းရင့် ရော်ခြင်းဖြစ်ပေါ်စေသည်။
နောက်ထပ် ရေရှည်ထိခိုက်နိုင်မှုတစ်ခုမှာ မျက်စိရောင်ရမ်းခြင်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုကြောင့် အဖြစ်အများဆုံးရောဂါမှာ အရေပြားကင်ဆာနှင့် မျက်စိတိမ်စွဲခြင်း တို့ဖြစ်သည်။

နှစ်စဉ် မပြင်းထန်သော အရေပြားကင်ဆာဖြစ်ပွားမှု လူနှစ်သန်းနှင့် သုံးသန်းကြားရှိသော်လည်း အသက်သေဆုံးမှုမှာ ကြုံတောင့်ကြုံ ခဲကိစ္စဖြစ်ကာ ခွဲစိတ်ကုသမှုဖြင့် ကင်ဆာဖြစ်နေသော အရေပြားများကို ဖယ်ရှားနိုင်သည်။

ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် ပြင်းထန်သော အရေပြားကင်ဆာ ဖြစ်ပွားသူ ၁၃၀,၀၀၀ ခန့်ရှိသဖြင့် အသားဖြူသူများကြား အသက် သေဆုံးမှုနှုန်း ပိုများလာရသည်။ အရေပြားကင်ဆာကြောင့် နှစ်စဉ် သေဆုံးမှု ၆၆,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း လူပေါင်း၁၂ သန်းမှ ၁၅ သန်းခန့်သည် မျက်စိတိမ်စွဲခြင်းကြောင့် နှစ်စဉ် မျက် စိကွယ်နေရပြီး ယင်းမှာ နေရောင်ခြည် ထိတွေ့မှုနှင့် ၂၀ ရာခိုင်နှုန်းသက်ဆိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထား သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် အီကွေတာနှင့် နီးကပ်စွာ တည်ရှိ သောကြောင့် ယင်းနိုင်ငံများတွင် မြင့်မားသည့် ခရမ်းလွန်ရောင်ခြည် နှင့် လူအများထိတွေ့နေရသည်။ နေရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့မှုနှင့်ပတ်သက်၍ အသားဖြူသူများသာ စိုးရိမ်စရာလိုသည်ဆို ခြင်းမှာ လူပြောများသော လွဲမှားသည့် ယူဆချက်တစ်ခုဖြစ်သည်။

အသားမည်းသူများသည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံနိုင် ရည်ရှိပြီး အသားမည်းသူများအကြား အရေပြားကင်ဆာဖြစ်ပွားမှု ပိုနည်းသည်။
သို့သော်လည်း အသားမည်းသူများ အရေပြားကင်ဆာဖြစ်နိုင် ပြီး နောက်ကျပြီးမှ စစ်ဆေးတွေ့ရှိလေ့ရှိကာ အလွန်အန္တရာယ်များ သည့် အခြေအနေရောက်မှသာ စစ်ဆေးတွေ့ရှိလေ့ရှိသည်။
ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ရန် အရေပြားကို အများဆုံး ဖုံးအုပ်နိုင်သော အဝတ်အစားများဝတ်ဆင်ကာ ဦးထုပ်ဆောင်းခြင်း နှင့် မျက်စိများကို ကာကွယ်ရန် မျက်မှန်တပ်ခြင်းတို့ ပြုလုပ်ပြီး အရိပ်ရသည့် နေရာတွင် နေထိုင်ပါ။ ထို့ပြင် နေပူခံလိမ်းဆေး လိမ်းပေးနိုင် သည်။
—Ref: Wikipedia

http://www.7daydaily.com/story/59497

ဂါဇာကမ်းမြှောင်က အသန်မာဆုံးလူငယ်



ဂါဇာကမ်းမြှောင်ဒေသက လူငယ်တစ်ဦးဟာ ၁၅ တန်လေးတဲ့ ကားကို ရင်ဘတ်မှာ ကြိုးချည်ပြီး ဆွဲပြနိုင်သလို သွားနဲ့ ဆွဲပြနိုင်တဲ့အတွက် ခေတ်သစ်လူသန်ကြီး ဆမ်ဆွန်လို့ နာမည်ကျော်ကြားနေပါတယ်။ ဆမ်ဆွန်ဆိုတာ သမ္မာကျမ်းစာအရ နတ်ဘုရားက သဘာဝလွန် စွမ်းအားတွေပေးထားတဲ့ လူသန်ကြီးပါ။ ဘာကာရာလို့ အမည်ရတဲ့ ဂါဇာက အသက် ၂၀ အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူ့မွေးရပ်မြေ ဒိုင်ယာဘာလက်မှာ သူ့ရဲ့သန်စွမ်းမှုကို လှည့်လည်ပြသခဲ့ပါတယ်။

ဘာကာရာဟာ ၁၅ တန်လေးတဲ့ ကားကို ရင်ဘတ်မှာ ကြိုးသိုင်းပြီး ဆွဲပြနိုင်သလို သွားနဲ့လည်း ဆွဲပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်ပေါ်မှာ ပက်လက်လန်အိပ်ပြီး ပရိသတ်ထဲက တစ်ယောက်ကို သူ့ဗိုက်ပေါ် တစ်မီတာအမြင့်ကနေ ဓားဦးစိုက်ပြီး ပစ်ချခိုင်းတဲ့ ပြကွက်မျိုးလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းတွေက သူ့ရင်ဘတ်ပေါ် အုတ်ခဲတင်ပြီး တူနဲ့ထုပြတာမျိုးလည်း လုပ်ဖူးပါတယ်။ ဘာကာရာက သူ့ရဲ့သန်စွမ်းမှုဟာ ကြွက်သားတွေ၊ လေ့ကျင့်မှုတွေနဲ့ မသက်ဆိုင်ဘဲ သူ့ကိုယ်ထဲက စွမ်းအားကြောင့်လို့ ပြောပါတယ်။
Ref: Dailymail
Nz (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/YoYarLay/posts/1041376222572296

လုပ်ငန်းခွင်မှာ မပြုလုပ်သင့်တဲ့ အမူအရာ (၇)မျိုး


လိုတာထက်ပိုပြီး ပြုံးရယ်တာတွေက ကြာလာရင် အများက လက်မခံချင်တော့လောက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ကိစ္စတွေကို ထင်သလောက် အလေးအနက်မထားဘူးလို့ အထင်ခံရလာနိုင်တယ်၊ လှောင်ပြောင်နေတာလားဆိုပြီးတော့လည်း အမြင်ကတ်ခံရလာနိုင်ပါတယ်။

 

၁။ ခေါင်းခါလွန်းခြင်း
အပြုသဘောမဆန်တဲ့ လက္ခဏာပါ။ ခေါင်းခါလွန်းတာက မလေးမစားလုပ်တဲ့သဘော၊ ဘယ်အရာကိုမှ လက်မခံချင်ဘဲ ငြင်းဆန်တဲ့သဘောမျိုးလည်း သက်ရောက်ပါတယ်။
၂။ ဘာလာလာခေါင်းငြိမ့်တာ
ခေါင်းငြိမ့်တယ်ဆိုတာ လက်ခံတယ်၊ ထောက်ခံတယ်ဆိုတဲ့ သဘောကိုပြတဲ့ လက္ခဏာပါ။ ဒါပေမဲ့ တချို့ပညာရှိတွေကလည်း ခေါင်းခဏခဏငြိမ့်တာကို မိန်းမဆန်တဲ့အလေ့အထလို့လည်း သတ်မှတ်ပါတယ်။ ကောင်းသည်၊ ဆိုးသည် မစဉ်းစားဘဲ ခေါင်းချည်းပဲငြိမ့်နေတာမျိုးက တစ်ခါတလေမှာ တစ်ဖက်သားကို အရေးမလုပ်ရာရောက်တယ်မဟုတ်လား။
play

၃။ ခန္ဓာကိုယ်ကိုခပ်တင်းတင်းထားခြင်း
ခြေထောက်တွေကို တင်းတင်းကြီးချိတ်၊ လက်ကိုပိုက်၊ ကိုယ်တွေခါးတွေကျုံ့ကွေးပြီးနေတာမျိုးက ဘယ်လိုမှကြည့်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရင်ကိုဖွင့်ပြီးမတ်တပ်မတ်မတ်ရပ်တာမျိုး၊ ပုခုံးကိုကျယ်ကျယ်ထား ခေါင်းကို တည့်တည့်နေတာမျိုးကသာ သင့်အတွက် အကောင်းဆုံးအနေအထားပါ။
၎။ နွဲ့နှောင်းပျော့ပျောင်းလွန်းနေတာ
ဆံပင်ကိုထိုးဖွလိမ်ဆွဲနေတာတွေ၊ နားဆွဲတွေ၊ ဆွဲကြိုးတွေကို ကိုင်တွယ်ပွတ်သပ်တာတွေ၊ လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေတာတွေကိုရှောင်ပါ။ သင့်ရဲ့အမူအရာတွေက ယုံကြည်မှုအပြည့်အဝမရှိတဲ့ပုံမျိုး ပေါက်မနေပါစေနဲ့။
၅။ လိုတာထက်ပိုပြုံးခြင်း၊ ရယ်ခြင်း
ပြုံးတာရယ်တာက ကျန်းမာရေးအတွက်ရော၊ လူမှုဆက်ဆံရေးမှာပါ ကောင်းတဲ့အလေ့အကျင့်ပါ။ ဒါပေမဲ့ လိုတာထက်ပိုပြီး ပြုံးရယ်တာတွေက ကြာလာရင် အများက လက်မခံချင်တော့လောက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ကိစ္စတွေကို ထင်သလောက် အလေးအနက်မထားဘူးလို့ အထင်ခံရလာနိုင်တယ်၊ လှောင်ပြောင်နေတာလားဆိုပြီးတော့လည်း အမြင်ကတ်ခံရလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် အရိပ်သုံးပါးသိမှ မျက်နှာအမူအရာကို ထားသင့်ပါတယ်။
 

၆။ ခံစားချက်ကို ထုတ်ပြတဲ့ အမူအရာတွေ
လက်အမူအရာတွေ၊ မျက်နှာထားပုံစံတွေကနေ သင့်ရဲ့ခံစားချက်တွေကို အရမ်းမပေါ်လွင်ပါစေနဲ့။ ပိုဆိုးတာက အဲ့ဒီလိုမျိုး အရမ်းသိသိသာသာဖြစ်လာတဲ့အခါ ကိုယ့်လက်အောက်က ၀န်ထမ်းတွေကလည်း ကိုယ့်ကို ရိုသေလေးစားမှုတွေ လျော့ကျလာနိုင်သလို သင့်အထက်အရာရှိလူကြီးတွေကလည်း သင်ဟာ Professional မကျတဲ့လူတစ်ယောက်လို့ ထင်သွားနိုင်ပါတယ်။
၇။ အလေးအနက်မရှိတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း
အလုပ်နဲ့ပတ်သက်ပြီး လက်ဆွဲနှုတ်ဆက်ရတဲ့အခါမှာ ဟန်ပါပါ အားရှိရှိ လက်ဆွဲနှုတ်ဆက်တာမျိုးက သင့်ကို တစ်ဖက်လူက အထင်ကြီးတတ်သလို၊ သင်ကလည်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြသလို့ပါတယ်။
Photo : Pintrest

http://www.duwun.com.mm/lifestyle/-id4780577.html 

ငွေနည်းနည်းနဲ့ အလုပ်စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ နည်းလမ်းရှစ်ခု


စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။
နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။

သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမချင်းအိုင်ဒီယာနဲ့ အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ်၊ ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းလေးနဲ့တော့ သင့်အိပ်မက်တွေကို ရပ်မပစ်လိုက်ပါနဲ့။ အိမ်ချိန်မရလိုက်တဲ့ နေ့တွေလည်းရှိကောင်းရှိမယ်။ စိတ်ဖိစီးမှုတွေလည်း အလူအလိမ့် ခံစားမယ်။ ဒါပေမယ် လိုချင်စိတ်ပြင်းပြနေရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။

လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကောင်းရှစ်ခုကို ဖော်ပြပေးထားပါတယ်။

၁။ သင်ကောင်းကောင်းသိတဲ့ အလုပ်ကိုလုပ်ပါ။

သင်သိပ်မကျွမ်းကျင်တဲ့ နယ်ပယ်က အလုပ်ကို စွန့်စားပြီးစတင်မယ့်အစား သင်သေချာသိတဲ့၊ ကျွမ်းကျင်မှုရှိတဲ့ လုပ်ငန်းကို လုပ်ဖို့ကြိုးစားပါ။ အပြင်ကိုအားကိုးနေရတာ လျော့နိုင်လေ သင့်အတွက် ကောင်းလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား အလုပ်ကိုသာလုပ်မယ်ဆိုရင်တော့ အတိုင်ပင်ခံခလျော့ချနိုင်သလို ကုန်ကျစာရိတ်လည်း လျော့နိုင်မှာပါ။
စွန့်ဦးတီထွင်လုပ်ရတဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွမ်းကျင်မှုတခုတည်းက လုံလောက်တဲ့ အရင်းအနှီးဖြစ်နေ တတ်ပါတယ်။

၂။ သင်ဘာလုပ်နေလဲဆိုတာ အားလုံးကို ကြေငြာပါ။

သင့်ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေအားလုံးကို သင့်ရဲ့ လုပ်ငန်းသစ်အကြောင်း ပြောပြပါ။ ဖုန်းခေါ်ပါ၊ မတ်ဆေ့ခ်ျပို့ပါ။ သင့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပါ။ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း သင့်ရဲ့လုပ်ငန်းအကြောင်း တခြားသူတွေကို ထပ်ဆင့်ပြောပြနိုင်ကြပါတယ်။ ဒီ အခြေခံကျတဲ့ မားကက်တင်းနည်းလမ်းက သင့်အကြောင်းကို လူအများကြီး သိသွားစေနိုင်ပါတယ်။

၃။ မလိုအပ်တဲ့ အသုံးအစွဲတွေ လျော့ချပါ။

သင်ကုန်ကျစရာတွေ အများကြီး ရှိနေမှာပါ။ အဲဒီအထဲမှာ တချို့ကုန်ကျစာရိတ်တွေက ရှောင်လွှဲလို့ကို မရပါဘူး။ သင်ရှောင်လွှဲလို့ရတာကတော့ ပိုမသုံးမိဖို့ပါပဲ။ ဥပမာ - သင့်ရဲ့ လိပ်စာကဒ်ကို ကြည့်ပါ။ ဒေါ်လာ ၁၀၀၀ လောက်သုံးလို့ သတ္တုနဲ့လုပ်ထားတဲ့ လိပ်စာကဒ် ၅၀၀ ကိုလုပ်မလား (ဒါမှမဟုတ်) ဆယ်ဒေါ်လာလောက်ပဲကုန်မယ့် ပုံမှန်လိပ်စာကဒ် ၅၀၀ ကိုယူမလား။ ချွေချွေတာတာနဲ့ စတင်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ကွဲပြားစေနိုင်မှာပါ။

၎။ အကြွေးဝယ်ကဒ်တွေကြောင့် အကြွေးနွံမနစ်ပါစေနဲ့။

အကြွေးဝယ်ကဒ်တွေဟာ လုပ်ငန်းသစ်စလုပ်တဲ့အခါမှာ စမတ်ကျကျသုံးတတ်ရင် အတော်အသုံးဝင်သလို အသုံးမတတ်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ တူနေပါတယ်။ ရုံးသစ်လုပ်ဖို့အတွက် ကွန်ပျူတာတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ဖုန်း နဲ့ အခြားသော အသုံးအဆောင်တွေ တခဏအတွင်း လိုအပ်လာမှာပါ။ ဒီ ကုန်ကျစာရိတ်အားလုံးကို အကြွေးဝယ်ကဒ်နဲ့ တပြိုင်နက်ဝယ်လိုက်မယ့်အစား ကုမ္ပဏီရဲ့ ၀င်ငွေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဝယ်ယူသင့်ပါတယ်။ အကြွေးကြောင့်ရလာမယ့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေသာမရှိရင် လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။

၅။ ငွေလက်ခံတဲ့ ပုံစံကြောင့် ဒုက္ခမရောက်ပါစေနဲ့။

ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပဲဖြစ်ဖြစ်၊ လက်လီရောင်းချတာပဲဖြစ်ဖြစ် ငွေလက်ခံပေးချေမှုပုံစံကို သေသေချာချာ စနစ်တကျလုပ်ထားသင့်ပါတယ်။ သင့်လုပ်ငန်းဟာ တလ၊ နှစ်လလောက်အထိ ငွေမဖော်နိုင်သေးပဲ ရပ်တည်နိုင်ပါသလား။ ဖောက်သည်တွေ ပေးလိုတဲ့အတိုင်းမလုပ်ဘဲ ကိုယ့်လုပ်ငန်းအဆင်ပြေမယ့် ပုံစံကိုလုပ်မယ်ဆိုရင် သင့်အတွက် ပိုပြီးအကျိုးရှိပါလိမ့်မယ်

၆။ နဖူးကချွေး ခြေမကျလောက်တဲ့အထိ ကြိုးစားမှုနဲ့ အရင်းတည်ပါ။

ကျွန်တော်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်တုန်းက ကျွန်တော် အချိန်ပြည့်လုပ်ခဲ့ပါတယ်။ အချိန်ပြည့်ဆိုတာ နံနက် ၉ ညနေ ၅ မဟုတ်ပါဘူး။ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံးပါ။ လုပ်ရတာတွေက အစုံပါပဲ။ မားကက်တင်းလုပ်ရသလို စာရင်းဇယားတွေကော၊ ဈေးညှိနှိုင်းမှုတွေပါ လုပ်ရပါတယ်။ အဲလို ရေကုန်ရေခမ်းကြိုးစားရခြင်းက အချည်းနှီးတော့ မဟုတ်ပါဘူး။ သင်ဟာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နေတာပါ။ သင်ကြိုးစားလေလေ သင့်ရဲ့တန်ဖိုးက တက်လာလေလေပါပဲ။ သင့်ရဲ့ ကုမ္ပဏီကို ရောင်းတော့မယ် ဒါမှမဟုတ် ပါတနာတစ်ယောက်နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်းတော့မယ်ဆိုရင် သင့်ရဲ့ ချွေးနဲ့ကြိုးစားမှုတွေဟာ ရုပ်လုံးပေါ်လာပါလိမ့်မယ်

၇။ ကြော်ငြာနဲ့ မားကက်တင်း အခမဲ့လုပ်လို့ရမယ့် နည်းလမ်းတွေကို အသုံးချပါ။

ငွေကြေးအလွန်အကျွံသုံးစွဲစရာမလိုအပ်ဘဲ သင့်လုပ်ငန်းကို လူသိအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆိုရှယ်မီဒီယာ ဥပမာ ၊ ၊ များဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိတွေ့မှုရအောင်လို့ ကူညီနိုင်ပါတယ်။ သင်ဟာ ဒေသခံမီဒီယာတွေနဲ့ ဆက်သွယ်ပြီးတော့ သင်ကျွမ်းကျင်တဲ့အရာတွေကို လူတွေသိအောင် ဗဟုသုတပေး ဒါမှမဟုတ် သင်ကြားပေးတဲ့ပုံစံမျိုးနဲ့လည်း သင့်ကိုယ်သင်ကြော်ငြာလို့ရပါတယ်။

၈။ အကြမ်းပတမ်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

ကြိုးကြိုးစားစားလုပ်ရတာဟာ တကယ့်လိုအပ်တဲ့အရာပါ။ သင့်ဟာ ငွေကြေးအရင်းအနှီးမရှိဘဲ စီးပွားရေးတစ်ခုကို စလုပ်တော့မယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ လုပ်ငန်းအောင်မြင်ဖို့ သင့်မှာရှိသမျှ ခွန်အားတွေကို အသုံးချရတော့မှာပါ။ ဖောက်သည်အသစ်တွေနဲ့ စကားပြောဆိုရခြင်း၊ ဖောက်သည်လိုအပ်တာတွေကို ပြင်ဆင်ပေးရခြင်း၊ ငွေပေးချေရခြင်း၊ စာရင်းဇယားတွက်ချက်ရခြင်း စတာတွေ အားလုံးလုပ်ဖို့ ပြင်ဆင်ထားပါ။ ခွန်အားတွေ အချိန်တွေ ပေးဆပ်ရမယ့် အလုပ်အစုံကို သင်လုပ်ရတော့မှာပါ။
ငွေသိပ်မရှိလို့ သင့်အိုင်ဒီယာကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ ခက်ခဲမှာလား၊ စိတ်ပင်ပန်းမှာလားလို့ မေးရင်၊ မပူပါနဲ့။ ဖြစ်ကိုဖြစ်မှာပါ။ ဒါဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွားရမယ့် ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်။

http://www.entrepreneur.com/article/236961

ကမ္ဘာပေါ်မှ အလျှို့ဝှက်ဆုံး နေရာများ


ခရီးသွားတာကို ဝါသနာပါသူတွေအတွက် ငွေရှိပေမဲ့ သွားလာလည်ပတ်လို့မရတဲ့ ကမ္ဘာပေါ်မှ အလျှို့ဝှက်ဆုံး နေရာများ ဖြစ်ပါတယ်။

Svalbard ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့သိုလှောင်ခန်း (နော်ဝေ)

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်ကြီးတွေ ကျရောက်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့လာရတဲ့အခါ အရေးပေါ် ကူညီနိုင်ရေး စိုက်ပျိုးရေး မျိုးစေ့များ သိုလှောင်ထားတဲ့ နေရာဖြစ်ပါတယ်။
play

မြောက်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၁,၃၀၀ အကွာမှာ တည်ဆောက်ထားတဲ့ မျိုးစေ့သိုလှောင်ခန်းဟာ လုံခြုံရေးအမြင့်ဆုံး စောင့်ကြပ်ထားပြီး တာဝန်ရှိသူတွေမှအပ မည်သူမျှ သွားရောက်ခွင့် မရှိတဲ့ လျှို့ဝှက်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့မျိုးစေ့သိုလှောင်ဘဏ်မှာ မျိုးစေ့ပေါင်း သန်း ၂၅၀ သိုလှောင်ထားရှိပါတယ်။

Ni’ihau (ဟာဝိုင်ယီ)

Ni’ihau ဟာ လူသူ အရောက်အပေါက်နည်းတဲ့ ဟာဝိုင်ယီကျွန်းစုမှ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ အဆိုပါ ကျွန်းကို ဟာဝိုင်ယီဘုရင် ကမ်မီဟမ်မီဟာက ၁၈၆၃ ခုနှစ်က ရောဘင်ဆင်မိသားစုကို ရောင်းချခဲ့ပါတယ်။
play

ကျွန်းပေါ်မှာ နေထိုင်သူ ၁၃၀ ဝန်းကျင်သာရှိပြီး ဒေသခံ ဟာဝိုင်ယီကျွန်းသားတွေ ဖြစ်ပါတယ်။ သူတို့က အိမ်ရာမဲ့နေထိုင်ကြပြီး လမ်းအသုံးပြုမှုလည်း မရှိသလို တယ်လီဖုန်းနဲ့ ရေပေးဝေမှု စနစ်လည်း မရှိပါဘူး။
play

မြင်းတွေနဲ့ စက်ဘီးတွေကို သွားလာရေးအတွက် သုံးကြကာ လျှပ်စစ်ဓာတ်အားအတွက် နေရောင်ခြည်စွမ်းအင်ကို သုံးပါတယ်။ Ni’ihau ကျွန်းကို ပြင်ပလူတွေ လာရောက်ခွင့် မပြုတဲ့ အလျှို့ဝှက်ဆုံး နေရာဖြစ်ပါတယ်။

Royal Air Force Menwith Hill (ဗြိတိန်)

ဗြိတိန်နိုင်ငံ မြောက်ပိုင်း ယော့ခ်ရှိုင်းယားမှာရှိတဲ့ တော်ဝင်လေတပ် အခြေစိုက်စခန်း ဖြစ်ပါတယ်။
play

အဆိုပါနေရာဟာ ကမ္ဘာပေါ်မှာ အီလက်ထရောနစ် စနစ်ဖြင့် စောင့်ကြည့်ရေး အကြီးမားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

အမေရိကန်နဲ့ ဗြိတိန်အတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းရာ နေရာဖြစ်ပြီး လုံခြုံရေးနဲ့ လျှို့ဝှက်မှု အမြင့်ဆုံးဖြင့် တာဝန်ရှိသူများမှအပ သွားလာဝင်ရောက်ခွင့် လုံးဝ မရှိပါဘူး။

Vatican Secret Archives (ဗာတီကန်)

ဗာတီကန်မှာရှိတဲ့ လျှို့ဝှက်စာကြည့်တိုက် နေရာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ ၈ ရာစုနှစ်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာ ဖြစ်ပါတယ်။
play

စာရွက်စာတမ်းတွေ ထားရှိတဲ့ ဗာတီကန်လျှို့ဝှက် သိမ်ဆည်းခန်းနေရာကို ထိပ်တန်းအဆင့် လုံခြုံရေးသတ်မှတ်ထားပြီး လုံးဝ သော့ခတ်ထားတာ ဖြစ်ပါတယ်။

Area 51 (နီဗားဒါး)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ရှိ Area 51 လို့ခေါ်တဲ့ နေရာဟာ လုံခြုံရေးအဆင့်အမြင့်ဆုံးနဲ့ လျှို့ဝှက်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

Area 51 မှာ ဗီယက်နမ်စစ်ပွဲအလွန် CIA စာရွက်စာတမ်းတွေ သိမ်းဆည်းထားသလို စစ်အခြေစိုက်စခန်း တစ်ခုလည်း ဖြစ်ပါတယ်။

Source & Photo: BBC

http://www.duwun.com.mm/lifestyle/-id4773475.html 

ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

                
ရာသီအပြောင်းအလဲကာလများတွင် အအေးမိခြင်းနှင့် ချောင်းဆိုး  ခြင်းကို လူအများကြုံတွေ့ရသဖြင့် ယင်းအခြေအနေများအတွက် မိမိနေအိမ်၌ပင် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းအနည်းငယ်ကို ကျန်းမာရေးပညာရှင်များက ဖော်ပြထားသည်။

ရာသီဥတု ပူလိုက်အေးလိုက်ဖြစ်တတ်သည့် ရာသီအပြောင်း အလဲကာလများတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းတို့ကဲ့သို့ ကျန်း မာရေးပြဿနာများ အမြဲကြုံတွေ့ရတတ်သည်။ ထို့အပြင် ယင်းအခြေအနေများကြုံတိုင်း ဆေးဝါးများအပေါ်ချည်းသာ အားမကိုးဘဲယင်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကို လျစ်လျူမရှုသင့်ပေ။ ယင်းဆေးဝါးများအစား ဘေးထွက်ဆိုးကျိုးများမရှိသည့် ကောင်းမွန်မြန်ဆန်စွာ ရောဂါကုသနည်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ရေနွေးတစ်ခွက်ထဲ ဆားအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေး ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

ကော်ဖီနှင့် လက်ဖက်ရည်(သို့မဟုတ်)ရေနွေးရိုးရိုးကို မကြာ မကြာသောက်သုံးပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်သည်။
ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်နှင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကိုသာ သက် သာစေသည်မဟုတ်ဘဲ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ အအေးမိခြင်းနှင့်ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။

အအေးမိခြင်းအတွက် ရေနွေးငွေ့ရှူပေးခြင်းမှာ အကောင်းဆုံး မိမိဘာသာကုသနည်းတစ်ခုဖြစ်သည်။ ယူကလစ်အဆီကို ရေနွေး ထဲထည့်၍ ရှူပေးပါက မကြာမီရောဂါသက်သာနိုင်သည်။
လက်ဖက်ရည်ဖျော်ရာတွင် ငရုတ်ကောင်းအနက်နှင့်ချင်းစိမ်း ကို ထုချေ၍ ထည့်သောက်ပါက ချောင်းဆိုးခြင်းနှင့်အအေးမိခြင်းအ တွက် များစွာ သက်သာစေမည်ဖြစ်သည်။

အအေးမိချောင်းဆိုးခြင်းအတွက် ဆီးဖြူသီးလည်း စားသုံးပေးရမည်ဖြစ်ပြီး ဆီးဖြူသီးက ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင် သည်။ လည်ချောင်းနာခြင်းအတွက် ထောပတ်ဆီအနည်းငယ်နှင့် ဆားအနည်းငယ်ကို ရေနွေးထဲ ထည့်သောက်ခြင်းဖြင့်လည်း သက် သာပျောက်ကင်းနိုင်သည်။
နွေးသောချိုးရေထဲတွင် ယူကလစ်အဆီ တစ်စက်၊ နှစ်စက် ထည့်၍ ချိုးပေးခြင်းဖြင့်လည်း ရောဂါသက်သာရန် အထောက်အကူ ဖြစ်စေနိုင်သည်။
—Ref: TOI
http://www.7daydaily.com/story/59712

လူချမ်းသာများ ဘယ်တော့မှ လုပ်လေ့လုပ်ထမရှိတဲ့ ငွေကြေးသုံးစွဲမှုအမှား ဆယ်ခု


ပိုက်ဆံဘယ်လိုသုံးရမလဲ ဆိုတဲ့ အကြံပေးမှုမျိုးတွေ ကျွန်ုပ်တို့ မကြခဏကြုံရတယ်ဆိုပေမယ့် အများစုကတော့ စုမိဆောင်းမိမရှိကြပါဘူး။ တခါတရံ ဂွကျကျအကြံမျိုး ဥပမာ၊ နေ့လည်စာကို မစားပါနဲ့၊ ဈေးပေါပေါကော်ဖီကိုသာသောက်ပါ၊ ဆံပင်ကို အကြာကြီးနေမှ တခါညှပ်ပါ စတဲ့ အကြံဥာဏ်တွေလည်း ရတတ်ပါသေးတယ်။ ဒါတွေက မှန်ကန်တဲ့ အကြံမျိုးတွေမဟုတ်ဘဲ ကိုယ့်ကို ပိုတောင် ဆင်းရဲသွားစေနိုင်ပါတယ်။

အဆိုပါ ငွေကြေးနဲ့ဆိုင်တဲ့ အကြံတွေကို လူတော်တော်များများ ပေးတတ်ကြပေမယ့် အများစုကတော့ ချောက်ထဲကျစေမယ့် အိုင်ဒီယာတွေပါပဲ။ ဒါပေမယ့် စာဖတ်သူတို့ အောက်မှာ ဆက်လက်ဖတ်ရှု့ရမယ့် အချက်အလက်တွေကတော့ ကိုယ်တိုင် မီလျံနာတစ်ဦးဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ လက်တွေ့အကြံဥာဏ်တွေပါပဲ။

သင့်မှာ ၀င်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းတစ်ခုရှိတယ်။ နေရာတော်တော်များများမှာလည်း အကောင်းဆုံး စီမံခန့်ခွဲနိုင်တယ်။ ဒါပေမယ့် “ငါဘာကြောင့် အခုထိ မကြွယ်ဝသေးတာလဲ” လို့ ကိုယ့်ကိုကိုယ် ပြန်တွေးမိလိမ့်မယ်။ ဒါရဲ့အဖြေက သင် ပိုက်ဆံအပေါ် ဘယ်လိုတွေးတော်၊ ခံစားပြီး သုံးစွဲလဲဆိုတာ အပေါ် မူတည်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အချက် ၁၀ ချက်ကတော့ လူချမ်းသာတွေ ဘယ်တော့မှ လုပ်မယ့်အရာတွေ မဟုတ်ပါဘူး။

၁။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခြင်း။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မီလျံနာတစ်ဦးဖြစ်သူ ဘန်းဂျမန်း ဖရန့်ကလင်းက သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးအတိုးကို ရပါလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။ အများအားဖြင့် ၀န်ထမ်းများဟာ သူတို့ကုမ္ပဏီက သူတို့ကို စာအုပ်တွေဝယ်ပေးဖို့၊ ဆီမီနာတွေ လွှတ်ဖို့၊ သင်တန်းတက်စေဖို့ မျှော်လင့် မှီခိုတတ်ကြပါတယ်။ ဒါပေမယ့် သင့်သာ အမှန်တကယ်ကြွယ်ဝလိုပါက အသိပညာတွေကို တခြားသူပေးမှရမယ်ဆိုတဲ့ စိတ်မထားဘဲ ကိုယ်တိုင် လက်လှမ်းယူရပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံပါ။

၂။ အလွန်အကြူးအပျော်ရှာခြင်း။

မနေ့က Dave and Buster ကလပ်ကို အထူးဖွင့်ပွဲ အတွက် သွားရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသက် ၂၁ ကနေ ၃၅ အကြားလူငယ်အများအပြား သူတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်နဲ့ ငွေတွေ သုံးဖြုန်းတာ မြင်ခဲ့ရပါတယ်။ လူအများစုဟာ ခဏတာသာယာဖို့အတွက် သူတို့ဝင်ငွေရဲ့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ ဖျော်ဖြေရေးမှာ သုံးစွဲကြပါတယ်။ လူချမ်းသာတွေကတော့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့အတွက် အချိန်နဲ့ ငွေကြေးကို ရင်းနှီးကြပါတယ်။

၃။ အကြွေးဝယ်ကဒ်သုံးပြီး ၀ယ်ယူခြင်း။

လူများဟာ သူတို့ မနှစ်သက်တဲ့သူတွေ အားကျစေဖို့ သူတို့မှာ မရှိတဲ့ ပိုက်ဆံတွေနဲ့ အကြွေးဝယ်ကဒ်ကို သုံးပြီး သူတို့ မ၀ယ်နိုင်တဲ့ ပစ္စည်းတွေကို ၀ယ်ယူကြပါတယ်။ ဒီအဖြစ်ဟာ မြင့်မားလှတဲ့ အတိုးတွေနဲ့ လူအတော်တော်များများကို မျှော်လင့်ချက်မဲ့စွာ ကျဆုံးစေပါတယ်။ လူတစ်ယောက်ဟာ အမှန်တကယ် ချမ်းသာချင်ရင် သူတို့ရဲ့ အကြွေးဝယ်ကဒ်ကို လုပ်ငန်းတိုးတက်ဖို့ရာမှာသာ သုံးစွဲသင့်ပါတယ်။ ပုဂ္ဂလိက ကုန်ကျစာရိတ်တွေမှာ မသုံးသင့်ပါဘူး။

၎။ အိမ်ထောင်ဘက်မသိအောင် သိမ်းဆည်းထားခြင်း။

အိမ်ထောင်သည် အများစုဟာ ငွေရေးကြေးရေးအကြောင်း မပြောကြပါဘူး။ ဒါက သူတို့ကို အနေရခက်စေပြီး စကားအချေအတင်ဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အိမ်ထောင်ဘက်ကို သင်ဘယ်လောက် ရတယ် မပြောသရွေးတော့ မချမ်းသာနိုင်ပါဘူး။ ငွေကြေးဆိုတာ ချစ်ခြင်းမေတ္တာပါဝင်မှ ပြီးတော့ နှစ်ယောက်စလုံးက အိမ်ရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာစွာ နားလည်ထားမှ တိုးပွားနိုင်မှာ ဖြစ်ပါတယ်။

၅။ အိမ်အပေါင်ထားခြင်း။

တချို့ တကယ်မချမ်းသာပေးမဲ့ ချမ်းသာချင်တဲ့ လူတွေက အိမ်ကို အပေါ်ထားတတ်ကြပါတယ်။ အိမ်အပေါင်ထားခြင်းဟာ ငွေပြန်ရဖို့ အဆုံးမရှိတဲ့တိုက်ပွဲတစ်ခုလို ဖြစ်စေပါတယ်။ အိမ်ကို အပေါင်ထားလိုက်တဲ့အခါမှာ ပုံမှန်ထက်ကို နှစ်ဆလောက် ပိုပြီး ပြန်ပေးရတတ်ပါတယ်။ ချမ်းသာတဲ့သူတွေကျတော့ အိမ်အပေါင်မထားပဲ နောက်တစ်လုံး ၀ယ်နိုင်တဲ့အထိ ငှားတတ်ကြပါတယ်။

၆။ ပုံမှန်အတိုင်း ပင်စင်စားခြင်း။

ပင်စင်လစာပေါ်ကိုပဲ မှီခိုမယ်၊ အသက်အာမခံလေးတစ်ခုရှိမယ်ဆိုတာနဲ့တင်ကျေနပ်နေရင် တိုက်တန်းနစ်သင်္ဘောစီးသွားတာကတောင် ပိုကောင်းပါဦးမယ်။ သင့်အသက် ခြောက်ဆယ်မှာ သုံးဖို့ ငွေကြေးအချို့ စုမိထားတယ်ဆိုဦးတော့ ဒါက လိင်အစွမ်းကို အသက်ကြီးမှသုံးမယ်ဆိုပြီးစုထားသလိုပဲ ဖြစ်နေမှာပါ။ ဒီလိုကျေနပ်မယ့်အစား ငယ်တုန်းမှာ ပိုင်ဆိုင်မှုတွေကို ရှာဖွေစုဆောင်းထားပါ။

၇။ အပေါစား အသုံးအဆောင်များကို ၀ယ်ယူခြင်း။

အဖိုးနည်းပစ္စည်းဝယ်သူတွေနဲ့ ကူပွန်သုံးသူတွေကတော့ ဒါကို မြင်ရင် ကြိုက်မှာမဟုတ်ပါဘူး။ တန်ဖိုးနည်း ပစ္စည်းကို ၀ယ်မယ်ဆိုရင် သူနဲ့ထိုက်တန်တဲ့ အရည်အသွေးပဲ ရပါလိမ့်မယ်။ တန်ဖိုးနည်းပစ္စည်းတွေ ၀ယ်မယ့်အစား ရနိုင်တဲ့ အကောင်းဆုံးပစ္စည်းတွေကိုသာ ရွေးဝယ်ပါ။ ချမ်းသာတဲ့သူတွေက ဒေါ်လာ ၄၀ တန်အင်္ကျီဟာ လေးနှစ်ခံနိုင်တဲ့အချိန်မှာ ဆယ်ဒေါ်လာတန်အင်္ကျီဟာ တစ်နှစ်ပဲခံပြီး နှစ်တိုင်းလဲနေရမှာ ဖြစ်ပါတယ်။

၈။ ပျော်ရွှင်မှုမရှိခြင်း။

လူတွေက ရက်သတ္တပါတ် ၅၀ လုံးလုံး အလုပ်လုပ်နေတဲ့အချိန်မှာ ခွင့်ကို မျှော်ကြပေမယ့် တကယ်အနားယူခွင့်ရတဲ့ နှစ်ပါတ်မှာကျတော့ အလုပ်ကိုပဲ သတိရနေကြပြန်ပါတယ်။ ချမ်းသာခြင်းရဲ့ တကယ့်အမှန်တရားအစစ်က ဆယ်ဒေါ်လာပဲဖြစ်ဖြစ် ဒေါ်လာတစ်ရာပဲဖြစ်ဖြစ် သင့်ရှာဖွေလို့ရထားတဲ့ငွေ အပေါ် ပျော်ရွှင်ကျေနပ်မှု ရှိနေခြင်းပါပဲ။ သင်သာ သင့်ငွေတွေကို တကယ် လေးစားမှုရှိတယ်၊ ကျေနပ်ဝမ်းသာမှု ရှိတယ်ဆိုရင် သင့်ရဲ့ ပိုက်ဆံတွေဟာ များပြားကြွယ်ဝလာမှာပါ။ သင် ကျေနပ်ဝမ်းသာစွာလိုချင်တဲ့အရာ ပြည့်ဝလာမယ်ဆိုတဲ့ သဘောပါပဲ။

၉။ ငွေကြေးမစုဆောင်းခြင်း။

လူအများစုဟာ သူတို့ရှာဖွေလို့ရလာတဲ့ ပိုက်ဆံတွေကို အထွေထွေပစ္စည်းတွေမှာ သုံးစွဲ ပစ်လိုက်ကြပါတယ်။ သူတို့ဟာ ဘဏ်အကောင့်ထဲမှာ ငွေရှိနေပြီဆိုရင် သူတို့ဘာလိုသလဲဆိုတာ ချက်ချင်းတွေးမိပြီးတော့ အလိုအလျောက် ၀ယ်လိုက်ကြပါတယ်။ ဒါပေမယ့် ဒီ စိတ်မထိန်းနိုင်တဲ့ အပြုအမူကို ဖယ်ရှားရပါလိမ့်မယ်။ လူချမ်းသာများဟာ သူတို့ရှာဖွေတာရဲ့ ၁၀ ရာခိုင်နှုန်းကို အနည်းဆုံး စုဆောင်းမိကြပါတယ်။ သူတို့ လိုအပ်တယ်ထင်ရင်တောင်မှ အဲဒီပမာဏထဲကနေ ယူသုံးတာ ရှားပါတယ်။

၁၀။ ငွေရှာဖို့အတွက်သာ အလုပ်လုပ်ခြင်း။

ဒီကမ္ဘာမှာရှိတဲ့ လူတော်တော်များများက ငွေရဖို့အတွက်ပဲ အလုပ်လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လူချမ်းသာတွေကတော့ ငွေကို ခိုင်းကြပါတယ်။ ငွေဆိုတာ သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲတင်လိုက်တဲ့ အခါ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းလိုသာ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် သူတို့ ကြွယ်ဝမှုဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကြောင့်မို့ လူအများ အကျိုးခံစားမှုတွေနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်တော့မှ ငွေအတွက် အလုပ်မလုပ်ကြပါဘူး။
ဒီအပြောင်းအလဲကို လုပ်မယ်ဆိုရင် သင့်ဘ၀ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ အထက်ပါအကျင့်တွေကို ရှောင်ကျဉ်မယ်ဆိုရင် ချမ်းသားဖို့ ခရီးလမ်းမျာ လမ်းကြောင်းပေါ်ရောက်နေပါပြီ

(ဘာသာပြန်စာပေ)
Daniel Ally, Contributor, Self-made millionaire and Business Expert


https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.107374182

ပူပင်တာတွေ ရပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ခရီးဆက်နိုင်ဖို့ဆိုရင်

 

ပူပင်ခြင်းက ဖြစ်လာမယ့် ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဒီနေ့ပျော်ရွှင်မှုကိုပဲ ဖျက်ဆီးနိုင်တာပါ။
၁။ ပူပင်နေရုံနဲ့ ဘာမှ ဖြစ်မြောက်မသွားဘူးဆိုတာ သတိရပါ။
ပြီးသွားခဲ့ပြီးသား ကိစ္စတစ်ခုအတွက် စိတ်ညစ်ခံပြီး အချိန်တွေနဲ့ စွမ်းအင်တွေ အဆုံးရှုံးမခံပါနဲ့။
ဖြစ်မလာသေးတဲ့အတွက်လည်း ဖြစ်လာနိုင်ခြေတွေကို တွေးပြီး ပူပင်မနေပါနဲ့။
 

၂။ သင့်ရဲ့ စွမ်းအင်တွေကို ပြဿနာဖြေရှင်းရာမှာ အသုံးချပါ
လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို စဉ်းစားဆုံးဖြတ်ပါ။
စိတ်ပူပင်မှုတွေ မရှိအောင် ဖြစ်လာနိုင်မယ့် ပြဿနာအတွက် ကြိုတင်ရင်ဆိုင်ဖြေရှင်းပါ။ (ဥပမာ - ရုံးနောက်ကျလို့ အပြောခံရမှာ စိုးရိမ်မနေဘဲ ကိုယ့်ရဲ့ အခက်အခဲကို ရှင်းပြတာမျိုး)
 

၃။ ဘယ်လိုမှ ကိုယ်ဖြေရှင်းလို့မရတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ ဖြစ်သမျှကို လက်ခံလိုက်ပါ
ဒီဖြစ်ရပ်ကြောင့် စိတ်ညစ်မယ့်အစား အဲဒီကနေ သင်ခန်းစာယူပါ။
ဝမ်းနည်းကြေကွဲရတဲ့ ဒီအခိုက်အတန့်ဟာ ခဏတာပဲ၊ အမြဲတမ်း နာကျင်နေမှာမဟုတ်ဘူးဆိုတာကို လက်ခံပြီး ဘဝကို အကောင်းဘက်က ရှုပါ။ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုတွေကို ရှာဖွေတည်ဆောက်ပါ။
Source & Photos : Healthdigests

http://www.duwun.com.mm/lifestyle/-id4782047.html?utm_source=facebook&utm_medium=social&utm_campaign=art-HappyLifeTips-2016-3-10 

ချမ်းသာကြွယ်ဝမှုဆီရောက်အောင် ပို့ပေးမဲ့ အချက် ခုနှစ် ချက်



မီလျံနာဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတော့ လူတော်တော်များများ ကျွန်တော့်ဆီကို စာရေးကြပါတယ်။ သူတို့က “ဒါဟာ ကံနဲ့ပဲဆိုင်တယ်။ ချမ်းသာတဲ့ မိဘက မွေးလာမှ၊ ထီပေါက်မှ၊ မိဘတွေက ရေဆုံးမြေဆုံး ကူညီမှ ချမ်းသာမယ်” လို့ဆိုကြတယ်။

ကလေးငါးယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ကတော့ “ ဒန်နီရယ်.. ကျွန်မက ရှင့်စာတွေဖတ်ပြီး ရှင်ပြောတာတွေကို ယုံပါတယ်။ ဒါပေမယ့် ကျွန်မက အသက်ငါးဆယ်ရှိပါပြီ။ အလုပ်နှစ်ခုမှာ အလုပ်ချိန် အကြာကြီးအလုပ်လုပ်ရပါတယ်။ အခု ခရစ်စမတ်မှာ ကျွန်မကလေးတွေကို လက်ဆောင်ဝယ်ပေးဖို့ငွေတောင် အလုံအလောက်မရှိပါဘူး။ ကျွန်မဘာဆက်လုပ်ရမှာလဲ။’’

နောက် အမျိုးသားတစ်ယောက်ကတော့ “ခင်ဗျား အစိုးရ၀န်ထမ်း ဒါမှမဟုတ် အန်ဂျီအိုဝန်ထမ်းဖြစ်နေမယ်ဆိုရင် မီလျံနာဖြစ်ဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရပါဘူး။ ခင်ဗျားမှာ သူတို့ ပုံသေသတ်မှတ်ပေးထားတဲ့ လစာရှိတယ်။ ကျန်တဲ့အချိန်နည်းနည်းလေးမှာ ဘာလုပ်လို့ရမှာလဲ။ ခင်ဗျား အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ခင်ဗျားနဲ့ ကစားဖို့စောင့်နေတဲ့ သားသားတွေမီးမီးတွေနဲ့ အချိန်ကုန်ပြီ။”

ဒီမေးခွန်းတွေကြောင့် လူတစ်ယောက်ချမ်းသာနိုင်ချေ အမှန်တကယ်ဘယ်လောက်ရှိတယ်ဆိုတဲ့အကြောင်း ပိုပြီး စဉ်းစားတွေးတောမိခဲ့ပါတယ်။ အမေရိကန်ကို ရောက်လာတဲ့ အင်္ဂလိပ်စာ သေစာရှင်စာလောက်ပဲတတ်တဲ့ သူတွေ ကျွန်တော်မြင်ဖူးပါတယ်။ သူတို့မှာ မိတ်ဆွေလဲ မရှိ၊ အဆက်အသွယ်လည်းမရှိ၊ ပိုက်ဆံလဲမရှိ၊ ပညာလဲ မတတ်၊ ဒါပေမယ့် သူတို့တွေ ချမ်းသာကြွယ်ဝအောင် လုပ်နိုင်ခဲ့တယ်။

တကယ်တော့ အမှန်ဆိုရရင် ကျွန်တော်တို့ ဆုံးဖြတ်ချက် ချထားသလောက် ချမ်းသာလာနိုင်ကြပါတယ်။ တစုံတယောက်ကိုမှ ကွက်ပြီး မင်းမချမ်းသာရဘူးဆိုပြီး ဘေးဖယ်ထားလို့မရပါဘူး။ သင်ပိုက်ဆံများများလိုချင်တဲ့ ဆန္ဒသာရှိရင် အဲဒီပိုက်ဆံရဖို့ သင်ကြိုးစားလုပ်ဆောင်ခွင့် ရှိနေပါတယ်။ သင့်ဘယ်လောက်ပဲ ရမယ်ဆိုတဲ့ ကန့်သတ်မှုတွေလည်း မရှိပါဘူး။

ပိုက်ဆံဆိုတာ နေမင်းကြီးလိုပါပဲ။ ခွဲခြားမှု မရှိပါဘူး။ နေမင်းကြီးက “ကျွန်ုပ်ရဲ့ အလင်းရောင်ကို ကျွန်ုပ် မနှစ်သက်တဲ့ ဒီပန်းပင်၊ ဒီသစ်ပင် ဒါမှမဟုတ် ဒီလူကို မပေးပါဘူး” လို့ ဘယ်တော့မှမပြောပါ။ ဒါ့အပြင် ငွေဟာ နေလိုပါပဲ။ ကျွန်တော်တို့အတွက်သာဖြစ်တယ်လို့ အမှန်တကယ် ယုံကြည်ရင် ဖြစ်လာမှာပါ။

ဒါကြောင့် မီလျံနာဖြစ်လာဖို့ အကြံပြုချက် ၇ ချက်ကို ကြည့်လိုက်ကြရအောင်။

၁။ သင့်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်လိုက်ပါ။

သင် မျက်ခုံးမွှေးတဆုံးလောက်ပဲ မကြည့်ရပါဘူး။ အကျယ်ကြည့်တတ်ရပါမယ်။ အများစုက သစ်ပင်တွေလောက်ပဲ တွေ့နေချိန်မှာ သင်သစ်တောကြီးတစ်ခုလုံးကို ခြုံငုံမြင်နိုင်ရပမယ်။ ဒီနည်းလမ်းအားဖြင့် သင့်ရဲ့ လမ်းကြောင်းကို သင်ကိုယ်တိုင်ဖန်တီးပြီး သင်လိုရာကို ခရီးဆက်နိုင်ပါလိမ့်မယ်။ ရူပါရုံ နဲ့ ရည်မှန်းချက်ပန်းတိုင် ရှိခြင်းအားဖြင့် သင်ရဲ့ဖြစ်နိုင်မှုဟာ အဆုံးအစမဲ့ပါတယ်။
(ကိုယ့်ကိုယ်ကို ဘယ်လိုယုံကြည်သလဲ။ http://wp.me/p6uOtD-2R)

၂။ လစဉ်ပုံမှန်စုဆောင်းပါ။

လူအတော်များများအတွက် လကုန်တိုင်းမှာ သုံးစရာတပုံတပင်ကြီး ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း ရတာဘယ်လောက်နည်းနည်း စုဆောင်းဖို့အတွက် သင်တတ်နိုင်သမျှ ကြိုးစားရပါလိမ့်မယ်။ ငွေဘယ်လိုစုမလဲ နည်းလမ်းတွေ အမျိုးမျိုးရှိပေမယ့် သင်နဲ့သင့်တော်မယ့် နည်လမ်းတစ်ခုရှာပြီး ကြွယ်ဝချမ်းသာမှုကို အစပြုလိုက်ပါ။ တစ်လကို ငါးသောင်းစုစု၊ ငါးသိန်းပဲစုစု သင့်အကောင်ဆုံးကြိုးစားစုဆောင်းပြီး ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားပါ။
(ချွေတာသုံးစွဲပါ လုပ်ငန်းမှာ http://wp.me/p6uOtD-9i)

၃။ မီလျံနာတွေက လေ့လာသင်ယူပါ။

လူအများစုမှာ အလိုလိုရလာတဲ့ သူငယ်ချင်းတွေ ရှိနေတတ်ကြပါတယ်။ အဲဒီသူငယ်ချင်းဆိုတာ ကျွန်တော်တို့ စတိုးဆိုင်၊ အားကစားခန်းမ၊ ကျောင်း၊ အလုပ်နဲ့ အခြားနေရာတွေမှာ တွေ့နေကျ ပုံမှန်လူတွေဖြစ်ပါတယ်။ သူတို့တွေဟာ မီလျံနာတွေမဟုတ်ကျသလို တခြားသူတွေကိုလဲ မီလျံနာဖြစ်လာအောင် ကူညီနိုင်တဲ့သူတွေ မဟုတ်ကြပါဘူး။ သင်သာ မီလျံနာဖြစ်ချင်တယ်လို့ ပြောကြည့်။ သူတို့က မဖြစ်နိုင်ပါဘူး။ စိတ်ကူးယဉ်နေတာပါ လို့ ပြန်ပြောကြပါလိမ့်မယ်။ အဲဒီအစား မီလျံနာတွေဆီက လေ့လာသင်ယူပါ။ လက်ရှိ ပုံမှန်အပေါင်းအသင်းတွေနဲ့ မတင်းတိမ်နေဘဲ သင့်ရဲ့ နောက်အဆင့်တစ်ခုတက်လှမ်းဖို့ ကူညီနိုင်မယ့် အသစ်သော မိတ်ဆွေတွေကို ရှာပါ။
(ချမ်းသာလာဖို့ နေ့စဉ် အလေ့အကျင့် ဆယ်ချက်။ http://wp.me/p6uOtD-54)

၎။ ကြွယ်ဝမှုအရသာကို ခံစားပါ။

ကြွယ်ဝချမ်းသာဖို့ သင်ပထမဆုံးလုပ်ရမှာက ကြွယ်ဝခြင်းကို လေ့လာဖို့ပါပဲ။ ဒါက သင်ဘယ်တုန်းကမှ မခံစားဖူးတဲ့ အခြေအနေတစ်ခုကို ခံစားကြည့်ပါလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဥပမာ၊ အခမဲ့စမ်းသပ်ကားမောင်းလို့ရတဲ့နေရာမှာ တန်ဖိုးကြီးကားတစ်စီး စမ်းမောင်းပါ၊ ဒါမှမဟုတ် အိမ်ကြီးအိမ်ကောင်းတွေ လိုက်ကြည့်ပါ။ ဒါမှမဟုတ် အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်က အစားအသောက်ကို မှာစားပါ။ ဒါတွေလုပ်ရုံနဲ့ သင့်ရဲ့ဘဏ်တိုက်ကြီး မပျောက်သွားပါဘူး။ တချို့အရာတွေက အခမဲ့တောင် ရနိုင်ပါသေးတယ်။ သင့်ရဲ့ ငွေကြေးကြွယ်ဝမယ့် အိပ်မက် တကယ်ဖြစ်လာဖို့ ၉၇ ရာခိုင်နှုန်းလောက်ရှိတဲ့သူတွေ မသွားချင်တဲ့ နေရာမျိုးကို သွားကြည့်ပါ။ သင့်အနီးအနားမှာ ဇိမ်ခံနေရာတွေရှိလား၊ အဖိုးတန် ဂေါ့ကလပ်တွေရှိလား သွားကြည့်ပြီး ကြွယ်ဝမှုရဲ့ အရသာကို အမြည်းခံစားကြည့်ပါ။

၅။ ဒါက ဖြစ်နိုင်တယ်ဆိုတာ ယုံကြည့်ပါ။

သင်သာ ကိုယ့်ကိုကိုယ် မီလျံနာဖြစ်မယ်လို့ ယုံကြည့်ရင် သင်ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲလို မယုံကြည်ဘူး၊ ချမ်းသာမှုဟာ ငါ့အတွက် မဟုတ်ဘူးလို့ ယုံကြည်နေရင်တော့ သင်ဘယ်တော့မှ ပိုက်ဆံ ချမ်းသာမှာ မဟုတ်ပါဘူး။ ချမ်းသာနေတဲ့သူတွေ အတွက်လည်း ၀မ်းသာပေးပါ။ မုဒိတာပွာပေးပါ။ ငွေကို မုန်းရင်တော့ ငွေက သင့်ဆီကို လာတော့မှာမဟုတ်ပါဘူး။

သင်လုပ်နိုင်တာကတော့ သင့်နဲ့ ပိုက်ဆံရဲ့အကြောင်းကို လေ့လာသင်ယူပါ။ မီလျံနာတွေရေးတဲ့ စာအုပ်တွေကို ဖတ်ပါ။ ဂဃဏနသဘောပေါက်နားလည်ပြီး စိတ်အားထက်သန်လာခြင်းဖြင့် သင်ရှာဖွေနေတဲ့ ချမ်းသာခြင်းဆီ အရောက်သွားနိုင်ပါလိမ့်မယ်။
(ဆွဲဆောင်ခြင်း ဥပဒေသ http://wp.me/p6uOtD-3E)

၆။ သင်ရဲ့ ၀န်ဆောင်မှုကို ချဲ့ထွင်ပါ။

သင့်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ သင်ဘယ်လောက် လူအများအပေါ် အကျိုးပြုနိုင်သလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ လူများဟာ ၀န်ဆောင်မှု ရယူဖို့အတွက် စောင့်ဆိုင်းနေကြပါတယ်။ သင့် ၀န်ဆောင်မှုကို ချဲထွင်ပါဆိုတာ နည်းနည်းလေး ပိုလုပ်ပေးလိုက်ပါ လို့ ဆိုလိုတာပါ။ အခြားတစ်ယောက်ကို ကူညီဖို့ဖြစ်လာမယ်ဆိုရင် စိတ်ပါလက်ပါ ကူညီပေးလိုက်ပါ။ သူတိုသင့်ကို ကျေးဇူးတင်ဖို့ မမျှော်လင့်ပါနဲ့။ သင် မျိုးစေ့လေးသာကျဲထားလိုက်ပါ။ သဘာဝတရားကြီးက အပင်ဖြစ်လာအောင် လုပ်ပေးပါလိမ့်မယ်။
(စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နေ့စဉ်လုပ်လေ့ရှိသော အလေ့အကျင့် ၁၅ ခု http://wp.me/p6uOtD-6L)

၇။ အခွင့်အရေးအားလုံး အရယူပါ။

သင်ဘယ်နေရာရောက်ရောက် ကောင်းတာလုပ်ဖို့ အခွင့်အရေး အမြဲ ရှိနေမှာပါ။ သင့်ရဲ့ လူမှုအဖွဲ့အစည်းက သင့်ရဲ့ အကူအညီ လိုအပ်နေပါတယ်။ ဒီလို ကူညီဖို့ အခွင့်အရေးတွေအတွက် သင့်ရဲ့ စိတ်နဲ့ နှလုံးသား တံခါး ဖွင့်ထားပေးမယ်ဆိုရင် အချိန်ကာလတစ်ခုအတွင်းမှာပဲ ကူညီမှုရဲ့ အကျိုးခံစားလာရမှာပါ။ ဒါ့အပြင် အဲဒီအခွင့်အရေးတွေကို “no” လို့ ပြောနေမယ်ဆိုရင်တော့ မီလျံနာဖြစ်ဖို့ မမျှော်လင့်ပါနဲ့တော့။ တခါတစ်လေမှာတော့ တူညီတဲ့ အကျိုးဆိုတာ ချက်ချင်းပြန်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မျိုးစေ့ကိုသာ ဆက်လက် ကျဲဖြန့်ပါ။ နောင်မှာ အသီးအပွင့်တွေဝေဆာနေတဲ့ သစ်ပင်ပန်းမန်တွေ ရလာပါလိမ့်မယ်။
(ဘယ်သူတွေ ကံကောင်းကြသလဲ http://wp.me/p6uOtD-6k)

ငွေဆိုတာ သင်ထုတ်လုပ်မှုရဲ့ အသီးအပွင့်ကို ရိတ်သိမ်းခြင်းပါပဲ။ သင့်မှာ ရှိနေသလောက်ဟာ သင့်ရဲ့ ဘာတွေလုပ်ခဲ့လဲဆိုတာ ထင်ဟပ်ပြသပါတယ်။ သင်လုပ်နိုင်သမျှသင်ကြိုးစား လုပ်ခဲ့ ပြီးပြီ၊ သင့်ဘ၀ကို ဆက်လက်ဦးဆောင်မယ့် ရည်ရွယ်ချက်တစ်ခုလည်း ရှိပြီဆိုရင် သင်ချမ်းသားဖို့ မျှော်လင့်နိုင်ပါပြီ။ သင် ကြွယ်ဝမှုကို ဆန္ဒပြုထားပါ။ ငွေဆိုတာ သင့်ဆီကို နည်းလမ်းတစ်ခုခုနဲ့ ရောက်လာပါလိမ့်မယ်။
သင်များများ မျိုးစေ့ ကျဲဖြန့်လေလေ၊ သစ်ပင်တွေ များများ ပိုရလေလေပါပဲ။

(ဘာသာပြန်)
Daniel Ally, Contributor, Self-made millionaire & business Expert
စွန့်ဦးတီထွင် လုပ်ငန်းရှင်'s photo.

ကံကောင်းခြင်းလက်ဆောင်များဖြင့် မြန်မာ့ကမ်းလွန်

oilprice.com
၂၀၁၄ ခုနှစ်က ရေနံတစ်စည် ဒေါ်လာ ၁၀၀ ခန့်ရှိရာမှ ၂၀၁၆ နှစ်ဦးမှာ တစ်စည် ဒေါ်လာ ၃၀ ခန့်အထိ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရေနံဈေးကွက်ပျက်တော့ ရေနံကုမ္ပဏီတွေမှာ ပျက်သူပျက်၊ လျော့သူလျော့။ ရေနံလုပ်ငန်းနဲ့ ဆက်စပ်သည့် လုပ်ငန်းလုပ်ကိုင် သူတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းခဲ့တာကြောင့် ကမ္ဘာမှာဘယ်နေရာ လုပ်ငန်းရှိနေသလဲ ခြေရာခံခဲ့ကြရတော့သည်။ မြန်မာပြည် ရေနံလုပ်ငန်းဈေးကွက်ကတော့ အရှိန်မပျက် ဆောင်ရွက်နေဆဲ။

၂၀၁၃ မှာ ကုန်းတွင်းကမ်းလွန်လုပ်ကွက်များကို နိုင်ငံတကာ တင်ဒါခေါ်ခဲ့သည်။ ယခင်ကာလများက နီးစပ်ရာအဆင်ပြေသလို လုပ်ကွက်တွေချပေးခဲ့တာကြောင့် တကယ်လုပ်သူတွေရှိသလို အမြတ်ရရင် ပြန်ရောင်းစားချင်တဲ့ ပွဲစားသာသာ ရေနံကုမ္ပဏီပေါက် စတွေကလည်း ပိုင်ရာဆိုင်ရာနှင့်ဝင်ပြီး နေရာယူခဲ့ကြသည်။ တကယ်တူးခိုင်းတော့ ငွေမတတ်နိုင်လို့ ဟိုရှောင်ဒီရှောင် အချိန်ဆွဲရင်း စာချုပ်ပြည့်တော့ ရပ်ခဲ့ကြသည်။

၂၀၁၃ နိုင်ငံတကာ တင်ဒါအောင်ခဲ့သည့် ရေနံကုမ္ပဏီတွေကတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ကြရတာကြောင့် ရလာသည့် အခွင့်အရေးကို မဆုံးစေရန် ProductionSharing Contract တွေကို ၂၀၁၄၊၂၀၁၅ နှစ်များ အတွင်း စာချုပ် ချုပ်ခဲ့ကြသည်။ ကုန်းပိုင်း ၁၆ ကွက်၊ ကမ်းလွန် ၂၀ ကွက် စာချုပ်နိုင်ခဲ့သဖြင့် မြန်မာ့ရေနံသမိုင်းအတွက် ထူးခြားသော မှတ်တမ်းတစ်ခု ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း စွမ်းအင်ကဏ္ဍမှာ မှတ်ကျောက်တစ်ခုဖြစ်ခဲ့သည်။

ရေနံကုမ္ပဏီများကလည်း စာချုပ်ပါအတိုင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှု ဆန်းစစ်ခြင်း (EIA/SIA) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရသည်။ ကမ်းလွန်ပိုင်းတွင် အခက်အခဲမရှိလှသော်လည်း ကုန်းတွင်းပိုင်းတွင် အခက်အခဲတွေ့ကြရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနအနေဖြင့်လည်း ဌာနသစ်ဖွဲ့စည်းခါစ အထိုင်မကျသေးပေမယ့် ဌာနပေါင်းစုံက တင်ပြလာသော အလုပ်တွေက များလွန်းလှသည်။ သက်ဆိုင်ရာကုမ္ပဏီတွေကလည်း အချိန်ကန့်သတ်ချက်ရှိသဖြင့် အလုပ်တွေစနိုင်အောင် တွန်းအားပေးကြသည်။ အချို့ရေနံကုမ္ပဏီတွေကတော့ EIA/SIA ခွင့်ပြုချက်မရသေးတာ အကြောင်းပြပြီး လုပ်ပိုင်ခွင့်အတွင်းက ရေနံဈေးတက်လိုတက်ငြား အချိန်စောင့်ကြသည်။
မည်သို့ပင်ဆိုစေ ကမ်းလွန်ရေနံရှာဖွေရေး ကုမ္ပဏီကြီးများအနေဖြင့် ရေနံဈေးကျဆင်းမှုကြောင့် တိုင်းတာရေး၊ တူးဖော်ရေးလုပ်ငန်းများ အလုပ်ပါးနေခြင်းကို အခွင့်ကောင်းယူကာ ဈေးသက်သက်သာသာဖြင့် လုပ်ငန်းတွေ အမြန်စကြသည်။

 ၂၀၁၅ နှစ်ဦးပိုင်းတွင် Ophir ရေနံကုမ္ပဏီက လုပ်ကွက် AD-3 တွင် သုံးဘက်မြင် ဆိုက်စမစ်တိုင်းတာရေး အမြန်ဆုံးဆောင်ရွက်ခဲ့ကာ ၂၀၁၆ နှစ်ကုန်တွင် ရှာဖွေရေးတွင်းတူးနိုင်ရန် စီစဉ်လျက်ရှိသည်။ BG, Shell, Woodside, UNOCAL Chevron တို့က ၂၀၁၅ နှစ်ကုန်တွင် သက်ဆိုင်ရာ လုပ်ကွက်များအတွင်း တိုင်းတာရေးလုပ်ငန်းတွေ အရှိန်မပျက် ဆောင်ရွက်ခဲ့ကြ သည်။ ကျန်ကုမ္ပဏီများကလည်း ၂၀၁၆ အတွင်း ဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြမည်။ လက်ရှိ ထုတ်လုပ်နေသည့် စီမံကိန်းများက ဖွံ့ဖြိုးရေးတွင်းများ တူးဖော်ခြင်း နှင့် ရှာဖွေရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများကို လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်နေကြသည်မို့ ၂၀၁၆၊ ၂၀၁၇ နှစ်များက မြန်မာ့ရေနံလုပ်ငန်းအတွက် အလုပ်အများဆုံး ကာလများဖြစ်လာပေလိမ့်မည်။

လာခြင်းကောင်းသော Woodside
၂၀၁၆ ခုနှစ်ကား မြန်မာ့ကမ်းလွန်အတွက် ထူးခြားသော ကံကောင်းခြင်း လက်ဆောင်များ ဆောင်ကြဉ်းလာသည့်နှစ်ဟု ဆိုရပေလိမ့်မည်။ လုပ်ကွက် A-6 ဆိုသည်မှာ ယခင်က မည်သူမျှ စိတ်မဝင်စားသဖြင့် မယူခဲ့သည့် ရေနံလုပ်ကွက်။ MPRL က စွန့်စားကာ A-6 လုပ်ကွက်ကို ယူခဲ့ပြီး ရှာဖွေရေးတွင်း ပြည်သာ-၁ နှင့် ဘေးထွက်တွင်း ပြည်သာ-၁ (က) ကို ရေတိမ်ပိုင်းမှာ တူးဖော်ခဲ့ရာ ပြည်သာ-၁ (က) တွင် သဘာဝဓာတ်ငွေ့ တည်ရှိမှုကို တိုင်းတာတွေ့ရှိခဲ့သည်။

 ကြီးကြီးမားမား မဟုတ်သော်လည်း အလားအလာ ကောင်းဖြစ်သဖြင့် နောက်ထပ်လေ့လာမှုများအတွက် အချိန်၊ ငွေလိုအပ်သည်မို့ ဝန်ကြီးဌာနက စာချုပ်နှင့်အညီ အချိန်တိုးပေးခဲ့သည်။
နည်းပညာနှင့်ငွေအတွက် စိတ်ဝင်စားသည့် အတွေ့အကြုံရှိ လုပ်ဖော်ကိုင်ဖက်ကို ရှာဖွေခဲ့သည်။ Woodside နှင့် Total ရေနံ ကုမ္ပဏီကြီးများက MPRL နှင့်ပူးပေါင်းခဲ့ကြသည်။

၂၀၁၅ နိုဝင်ဘာတွင် ရေအနက်မီတာ ၂,၀၀၀ ခန့်၌ ရွှေရည်ထွန်း-၁ တူးဖော်ခဲ့ရာ ၂၀၁၆ နှစ်ဦးတွင် သတ်မှတ် အနက်မီတာ ၅,၀၀၀ ကျော်အထိ အောင်မြင်စွာ တူးဖော်နိုင်ခဲ့သည်။ မီတာ ၄,၃၀၀ ခန့်တွင် အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သိုက်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ MPRL,Woodside နှင့် Total ရေနံကုမ္ပဏီကြီးများက A-6 ၏ အတိတ်က ရေနံနှင့် သဘာဝဓာတ်ငွေ့မရှိနိုင်ဟု ယူဆခဲ့သည့် ရာဇဝင်ကို အပြီးမြှုပ်နှံကာ သမိုင်းသစ်ရေးထိုးပေးခဲ့လေသည်။

 သြစတြေးလျအခြေစိုက် Woodside ရေနံကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အစိုးရသစ်လက်ထက်တွင် မြန်မာ့ကမ်းလွန် ရေနံလုပ်ငန်းများဆီသို့ စတင်ဝင်ရောက်ခဲ့သည်။ ရေနံလုပ်ငန်း အတွေ့အကြုံရင့် ကုမ္ပဏီကြီးတစ်ခု ကိုယ့်တိုင်းပြည်ထဲသို့ ယုံကြည်စွာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအတွက် ကြိုဆိုရပေလိမ့်မည်။ ၂၀၁၃ တွင် Woodside ရေနံကုမ္ပဏီသည် ဦးစွာဒေဝူးရေနံကုမ္ပဏီမှ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြန်မာ့ကမ်းလွန်လုပ်ကွက် AD-7 တွင် အစုဝင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ခဲ့သည်။

http://www.7daydaily.com/story/59838

တော်လှန်ရေးလှိုင်းနှင့်အတူ မတ်လသမိုင်း

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မတ်လသည်ထူးခြားသော လ တစ်လပင်ဖြစ်သည်။  ရာစု နှစ်ဝက်ကျော်ကာလတွင် လူထု ဆန္ဒနှင့်အညီ ရွေးကောက်တင် မြှောက်ခဲ့သည့် လွှတ်တော်များက သမ္မတကို  ပထမဆုံးရွေးချယ်တင်  မြှောက်မည့် နိုင်ငံရေးအရ စိတ် လှုပ်ရှားဖွယ်ရာ ကာလသည်လည်း မတ်လ၏နေ့ရက်များပင် ဖြစ်သည်။ လက်ရှိဒီမိုကရေစီအ ပြောင်းအလဲများ၏  ကနဦးအစ သည် မတ်လနေ့ရက်များ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် မြန်မာ့အပြောင်းအလဲသည် ဗလောင်းဗလဲသက် သက်သာ ဖြစ်နေဆဲဟု မှတ်ကျောက် တင်ခဲ့သည်မှာလည်း မတ်လနေ့ရက်များပင် ဖြစ်သည်။ မတ်လ သမိုင်းသစ်သည်ကား တော်လှန်ရေးလှိုင်း၊ တော်လှန် ရေး ၀ိညာဉ်တို့ ပူးကပ်နေဦးမည် မှာ ဧကန်မုချဖြစ်သည်။

၂၀၁၆ မတ်လ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မ တများ ရွေးချယ်တင်မြှောက်နိုင် ရန်အတွက် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့အလိုက် အစည်းအဝေးများကို  ကျင်းပမည်ဖြစ်သဖြင့် သမ္မတနှင့် ဒုတိယသမ္မတများအမည်စာရင်း ထွက်ပေါ်လာမည်ဖြစ်သည်။ လူ ထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည်မှုကိုအြ ပည့် အ၀ရရှိသည့် နိုင်ငံတော်သမ္မတ သစ်ကို မြန်မာပြည်သူလူထုတစ် ရပ်လုံးသာမက ကမ္ဘာကပါ စိတ် ၀င်တစားစောင့်ကြည့်နေမည် ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၆ မတ်လ ၁၀ ရက်တွင် မြန်မာပြည်သူလူထု တစ်ရပ်လုံးသာမက  ကမ္ဘာကပါ ဒုတိယသမ္မတအမည်များကို နားစွင့်နေမည် ဖြစ်သည်။

လာမည့် ငါးနှစ်တာကာလ တိုင်းပြည်နှင့် ပြည်သူလူထု အ ကျိုး စွမ်းစွမ်းတမံသယ်ပိုးမည့် သမ္မတသစ်နှင့် အစိုးရသစ်ကို  ပုံ ဖော်မည့် ကနဦးခြေလှမ်းအစဖြစ် သည့် အားလျော်စွာ နိုင်ငံသစ်အ တွက် မင်္ဂလာရှိသော ခြေလှမ်း ပင် ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသတွင် အဆင်းရဲ အမွဲတေဆုံး၊ အာရှတိုက်တွင် ဒုတိယမြောက် အဆင်းရဲ အမွဲတေဆုံးနိုင်ငံကို ဘက်စုံ ထောင်စုံမှ ပြန် အဖတ်ဆယ်နိုင်ရေး ရှေ့ပြေးခြေလှမ်းများက ဟန်ချက်ညီရမည် ဖြစ်သည်။ ပြည်ထောင်စု အစိုးရသစ်အပေါ် တိုင်းရင်းသားပြည်သူလူထု သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်ထောက်ခံမှုကို ထိန်းညှိထားနိုင်ရေးသည် သော့ချက်ကျမည် ဖြစ်သည်။

အစိုးရသစ်သည် စိန်ခေါ်မှု များ၊ အကျပ်အတည်းများကို အုံ နှင့်ကျင်းနှင့် ကြုံတွေ့လာရနိုင် ဖွယ်ရှိသည်။ နှစ်ပေါင်းငါးဆယ် ကျော် အဆိုးသံသရာထဲတွင် တ၀ဲလည်လည်ဖြစ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖို့ ပြုပြင် ပြောင်းလဲဖွယ်ရာ
များက ဒုနှင့်ဒေးပင် ဖြစ်သည်။  ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး၊ အခက်ခဲဆုံး အပြောင်းအလဲကာလကို ဦးဆောင်မောင်းနှင်ရတော့ မည် ဖြစ်သည်။ အရှုပ်တကာ့ အရှုပ်ဆုံး အပိုင်းအစများကို မည် သို့ကိုင်တွယ်ရမည်မသိ။

ချီတုံ ချတုံဖြစ်နေမည်ဆိုလျှင် ဒီမိုကရေစီ လမ်းစပေါ်ခြေချနိုင်ရန်နှင့် ဆင်းရဲမွဲတေမှု ၀ဲဂယက်ထဲမှ ရုန်းထွက် နိုင်ရန် နှောင့်နှေးဦးမည်ဖြစ်သည်။ မည်မျှခက်ခဲ ကျပ်တည်း  ကျဉ်းမြောင်း ရှုပ်ထွေးစေကာမူ ပြည်သူလူထုကို မျက်နှာမူလျက် မဏ္ဍိုင်သုံးရပ်အကြား အကောင်းဆုံး ထိန်းကျောင်းမှုပြုကာ ဆင်းရဲမွဲတေမှု နွံထဲ၌  ကျွံနေဆဲ ဒီမိုကရေစီလှည်းဘီးကြီးကို ၀ိုင်းတွန်းကြရမည်ဖြစ်သည်။
မတ်လကို မြန်မာ့နိုင်ငံရေး သမိုင်းတွင် အလှည့်အပြောင်းများ ဖြစ်စေခဲ့သောလဟုလည်း ဆိုနိုင်သည်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့ သည် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည်။ ၁၉၆၂ မတ်လ ၂ ရက်တွင် တပ်မတော်သည်
နိုင်ငံတော် အာဏာသုံးရပ်ကို သိမ်းယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကမကထပြုရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်မဲ့စေခဲ့ သည်။ ၁၉၈၈ မတ်လ ၁၃ ရက် တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား
ကိုဖုန်းမော်၊ ကိုစိုး နိုင်တို့ သေနတ်ဒဏ်ရာဖြင့် ကျ ဆုံးခဲ့ပြီးနောက် ရှစ်လေးလုံး ဒီမို ကရေစီအရေးတော်ပုံကြီးဆီ ဦး တည်သည့် မတ်လမော်ကွန်းသစ် ကို ရေးထိုးခဲ့သည်။ အကယ်စင် စစ် မတ်လသည် တော်လှန်ရေး ပင်ဖြစ်သည်။ ဖက်ဆစ်တော်လှန် ရေးလဖြစ်သကဲ့သို့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီး၏ နိဒါန်း အစတော်လှန်ရေးလလည်း ဖြစ် သည်။

၂၀၁၅ မတ်လ ၁၀ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့၌ ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများကို အကြမ်းဖက်နှိမ် နင်းခဲ့သည်။ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန့်ကျင်ဆန္ဒ ပြ လျက် ခရီးရှည်ချီတက်ခဲ့သော ဒီမိုကရေစီ ပညာရေးသပိတ်စစ် ကြောင်းကို လက်ပံတန်းမြို့တွင် ပိတ်ဆို့ အကြမ်းဖက် လူစုခွဲ ဖမ်းဆီးခဲ့သည်။ ဒီမိုကရေစီအခွင့်အ ရေးများ၊ လူ့အခွင့်အရေးများကို လူသိရှင်ကြားမျက်ကွယ်ပြုလျက် အရက်စက်ဆုံးဖြိုခွဲခဲ့သည့် မတ် လ ၁၀ ရက် အကြမ်းဖက်မှုကို မြန်မာပြည်သူလူထုတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ကျောင်းသားများနှင့် ၀န်းရံပြည်သူများကိုအပြင်းထန်ဆုံး လူစုခွဲ နှိမ်နင်း အကြမ်းဖက်ခဲ့မှုနှင့် စပ်လျဉ်း၍ လွတ်လပ်သော၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများက ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒဟု ကြွေးကြော်ခဲ့သည့် လွှတ် တော်အစည်းအဝေးများ ကျင်းပ  နေစဉ် လက်ပံတန်းမြို့တွင် အ ကြမ်းဖက်နှိမ်နင်းခဲ့သည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ်စားလှယ်များ လွှတ် တော်ထဲရှိနေချိန်တွင် လက်ပံတန်းမြို့၌ အပြင်းထန်ဆုံး အကြမ်းဖက် ခဲ့သည်။ ၁၉၈၈ မတ်လတွင် အာ ဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်အ တူ မတ်လသမိုင်းပြောင်မြောက် ခဲ့သည့်နည်းတူ ၂၀၁၅ မတ်လ တွင်လည်း အာဏာရှင်လက်သစ် စနစ်ကို ဆန့်ကျင်သည့် ဒီမိုကရေ စီပညာရေးသပိတ်တိုက်ပွဲနှင့်အ တူ မတ်လသမိုင်းသည် တော်လှန် ရေးမီးရှူးတန်ဆောင် ဖြစ်ခဲ့သည်။

 တစ်နှစ်တင်းတင်း ပြည့် မြောက်သည့် ၂၀၁၆ မတ်လ ၁၀ရက်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်သော၊ အကြမ်းဖက်ခံခဲ့ရ သော ကျောင်းသားများနှင့် ၀န်းရံပြည်သူများသည်
အကျဉ်းထောင်သံတိုင်များ နောက်ထိန်းသိမ်းခံနေ ရဆဲ  ဖြစ်သည်။ အရှည်ကြာဆုံး နှင့် ၀န်ထုပ်ဝန်ပိုး အပိဆုံးတရား ရုံး နေ့ရက်များကို ကျော်ဖြတ်နေရဆဲ ဖြစ်သည်။ အကြမ်းဖက်ခံခဲ့ ရသော ကျောင်းသားနှင့်  ၀န်းရံပြည်သူများသည်အမှုရင်ဆိုင်နေရချိန်တွင် မတ်လ ၁၀ ရက် အကြမ်းဖက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများနှင့် အမိန့်ပေးစေခိုင်းသူများက လွတ်မြောက်နေ ဆဲ ဖြစ်သည်။ အကယ်စင်စစ် မတ်လ ၁၀ ရက် အကြမ်းဖက်မှု နှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုက ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။
၂၀၁၅ မတ်လ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်ကန့်ကွက်လျက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော ဒီမိုကရေစီပညာရေးစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့မှုနှင့်

စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရသစ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စု အစိုးရသစ်နှင့် ပြည်ထောင်စု လွှတ်တော်တို့ အ နေဖြင့် လွတ်လပ်၍ တရားမျှတ သော၊ ပွင့်လင်းမြင်သာသော စုံ စမ်းစစ်ဆေးမှုကို အမြန်ဆုံးဖော် ဆောင်နိုင်ရေး ၀ါယမစိုက်ထုတ် နိုင်မည်ဆိုလျှင်၊  ရှုထောင့်ပေါင်းစုံ မှ ချဉ်းကပ်ကောက်ချက်ပြုသည့် အစီရင်ခံစာတစ်စောင်ကို လူသိ ရှင်ကြားထုတ်ြ ပန်နိုင်မည်ဆိုလျှင် လျော်ကန်သင့်မြတ်မည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ များသည် ပြည်သူလူထု၏ သား သမီးများဖြစ်သည့် အားလျော်စွာ အစိုးရသစ်များ၊ လွှတ်တော်များ အနေဖြင့် ပြည်သူကိုမျက်နှာမူ လျက် ပြည်သူကို အမိ၊ အဖသ ဖွယ် အပြောသက်သက်မဟုတ် အလေးထားမည်ဆိုလျှင် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို တရား နည်းလမ်းကျကျ ချဉ်းကပ်ဆန်း စစ် သုံးသပ်နိုင်ရမည် ဖြစ်သည်။ သို့မှသာ နောင်လာမည့်အနာဂတ် တွင် အလားတူ အကြမ်းဖက်ဖြို ခွဲမှုများ ထပ်မံမဖြစ်ပေါ်နိုင်ရေးကို  အထောက်အပံ့ပြုနိုင်မည် ဖြစ် သည်။

သာယာဝတီအကျဉ်းထောင် ၌ ဖမ်းဆီးထိန်းသိမ်း အမှုရင် ဆိုင်နေရဆဲ ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊  ပုဒ်မ ၁၈ အ ပါအ၀င် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများ အပါအ ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံြး ပန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အား တိုက်တွန်းတောင်းဆို ကြောင်း အရေးကြီးအဆိုအဖြစ်  ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အမျိုးသားဒီ မိုကရေစီအဖွဲ့ချု ပ် လွှတ်တော် ကိုယ်စားလှယ်များက ဦးဆောင် တင်သွင်း အတည်ပြုနိုင်ရေးကို အစိုးရသစ်များ ဖွဲ့စည်းပြီးလျှင် ပြီးချင်း မဖြစ်မနေ ဖော်ဆောင် လာနိုင်ပြီး နိုင်ငံရေးအကျဉ်းသား များ၊ အမှုရင်ဆိုင်နေရသူများ အားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံးပြန်လွှတ်ပေးလာနိုင်မည်ဆို လျှင် အစိုးရသစ်၏ သမိုင်းနိဒါန်း  အစသည် ခမ်းနားထည်ဝါမည် သာ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် တော်လှန်းရေးလှိုင်းနှင့်အတူ မတ်လသမိုင်းသည် ကြီးကျယ်မြင့် မြတ်ခမ်းနားနေဦးမည်မှာ ဧကန် မုချ ဖြစ်သည်။ ကိုဖုန်းမော်၊ ကိုစိုး နိုင် အပါအ၀င် အသက်ပေးခဲ့ရ သော ဒီမိုကရေစီသူရဲကောင်းပေါင်း
မြောက်မြားစွာ တို့ကို မတ် လသမိုင်းနှင့်အတူ ဦးညွှတ်အ လေးပြုရမည် ဖြစ်သည်။ အမှုရင် ဆိုင်နေရဆဲ ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အပါအ၀င် နိုင်ငံတစ်ဝန်းအကျဉ်းကျခံ
  နေရသည့် နိုင်ငံရေးအကျဉ်းသား အပေါင်းတို့ကို ဦးညွှတ်အလေးပြု ရမည် ဖြစ်သည်။ မတ်လသမိုင်း သည် မရိုင်းပါ။ ရှစ်လေးလုံးဒီမို ကရေစီသမိုင်းသည် မရိုင်းပါ။ အမျိုးသားပညာရေးသပိတ် သမိုင်းသည် မရိုင်းပါ။ ဖက်ဆစ် တော်လှန်ရေးသမိုင်းသည် မရိုင်း  ပါ။ မတ်လတော်လှန်ရေးလှိုင်း သည် ခမ်းနားထည်ဝါသော သမိုင်းနှင့်အတူ ပြည်သူလူထုကို မျက်နှာမူလျက် အားကောင်း မောင်းသန်နေဦးမည်မှာ မြေကြီး လက်ခတ်မလွဲပင်
  ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။  ။

http://www.7daydaily.com/story/59874

“သုစရိုက်တရားကို ကျင့်ခြင်းသည် မြတ်သော မင်္ဂလာ”




 
တစ်ခါတုန်းက “ဓမ္မပါလ” လို့အမည်ရတဲ့ သူငယ်လေးတစ်ယောက်ဟာ တက္ကသိုလ်ပြည်
ဒီသာပါမောက္ခဆရာကြီးဆီမှာ တခြားတပည့် ငါးရာနဲ့အတူ ပညာသင်နေပါတယ်။ တစ်နေ့တော့ ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် သေဆုံးသွားပါတယ်။ ဒီတော့
ကျန်တဲ့တပည့်တွေက ဝိုင်းငိုကြပါတယ်။ဓမ္မပါလကတော့မငိုပါဘူး။ မငိုတဲ့အပြင် အံ့လည်းအံ့ဩနေပါတယ်။
ဒါကြောင့် ဓမ္မပါလက သူငယ်ချင်းတွေအနားသွားပြီး မေးကြည့်ပါတယ်။

“အမောင်တို့ ... လူဆိုတာ ကြီးမှသေရတာမဟုတ်လား၊ ဘာဖြစ်လို့ ငယ်ငယ်လေးနဲ့ သေရတာလဲ”

“လူဆိုတာကြီးကြီးငယ်ငယ်သေကြတာပဲ။သင်မသိဘူးလား”

“ကျွန်တော်တော့ အခုမှမြင်ဖူးတာပါ။ကျွန်တော်တို့ဆီမှာတော့လေ ငယ်ငယ်နဲ့
မသေကြဘူး။ကြီးမှပဲ သေကြတယ်။”

ဓမ္မပါလနဲ့ သူငယ်ချင်းတွေ အပြန်အလှန် ပြောနေကြတာကို ပါမောက္ခ ဆရာကြီးက
ကြားသွားပါတယ်။ဒါကြောင့် ဆရာကြီးက ဓမ္မပါလကို ခေါ်ပြီး-
“ဓမ္မပါလ ... သင်တို့ဆီမှာငယ်ငယ်ရွယ်ရွယ်နဲ့ မသေဘူးလို့ သင် ပြောသလားလို့”

“ဟုတ်ပါတယ်ဆရာကြီး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေကြပါဘူး။ကြီးမှပဲသေကြတာပါ”

ဆရာကြီးက ဓမ္မပါလဆီက စကားဆန်းဆန်းကိုကြားရတော့ အံ့ဩနေပါတယ်။
သူ့တပည့် မလိမ်ဘူးဆိုတာလည်း သိနေပါတယ်။ ဒီတော့ ဘယ်လိုတွေးမိသလဲ ဆိုတော့
“အသက်ရှည်ရှည်နေရတဲ့နည်း သူတို့ဆီမှာ ရှိမှာပဲ။ငါသွားစုံစမ်းရင်တော့ နည်းသိရမှာပဲ”
လို့ တွေးလိုက်ပါတယ်။

သေသွားတဲ့သားအတွက် သင်္ဂြိုလ်မှုကိစ္စတွေပြီးလို့ခုနှစ်ရက်၊ရှစ်ရက် လွန်တဲ့အခါကျတော့
တပည့်အားလုံးကို ဓမ္မပါလဆီအပ်ခဲ့ပြီး တပည့်တစ်ဦးအတူ ဓမ္မပါလတို့ ဇာတိရွာကို
ထွက်ခဲ့ပါတယ်။ ဆရာကြီးကာ သူ့ရဲ့လွယ်အိတ်ထဲမှာ ဆိတ်ရိုးတွေလည်း ထည့်ခဲ့ပါတယ်။

ဆရာကြီး ဓမ္မပါလတို့မိဘတွေ အိမ်ရောက်တော့ အိမ်ဖော်ဖြစ်တဲ့သူတွေက ထီးယူတဲ့သူကယူ၊
အိတ်ယူတဲ့သူကယူ၊ ဖိနပ်ယူတဲ့သူကယူနဲ့ ဝိုင်းပြီး ခရီးဦးကြိုဆိုကြပါတယ်။

ဓမ္မပါလမိဘတွေက ဆရာကြီးကို ခေတ္တခဏနားစေပြီး ထမင်းကျွေးပါတယ်။
ထမင်းစားပြီးလို့ မိသားစုနဲ့ စကားထိုင် ပြောကြတော့ ဆရာကြီးက စိတ်မကောင်းဟန်နဲ့ပြောပါတယ်
“ပုဏ္ဏားကြီး ... စိတ်မကောင်းတော့မဖြစ်ပါနဲ့။သင်တို့သားဟာ(၁၈)ရပ်သောအတတ်ကိုလည်း
တတ်ပြီးပါပြီ။လိမ်လည်းလိမ္မာပါတယ်။ဒါပေမယ့် မကြာသေးခင်က ရောဂါတစ်ခုနဲ့
ကွယ်လွန်သွားပါပြီ။”

ဆရာကြီးရဲ့စကား ကြားလိုက်ရတော့ ဓမ္မပါလရဲ့ဖခင်ပုဏ္ဏားကြီးက လက်ခုပ်တွေတီးပြီး
ထရယ်ပါတယ်။ဒီတော့ဆရာကြီးက “ဘာဖြစ်လို့ ရယ်တာလဲ” လို့မေးပါတယ်။

ပုဏ္ဏားကြီးကလည်း အရယ်မပျက် ပြန်ဖြေပါတယ်။ “ဆရာကြီး .... ကျွန်တော်တို့သား မသေပါဘူး။
တခြား တစ်ယောက်ယောက်သေတာ ဖြစ်မှာပါ။”

“ဒီမှာပုဏ္ဏားကြီး ... ဒါသင့်သားရဲ့ အရိုးတွေပဲ။
သင်တို့အတွက် ယူခဲ့တာပါ။”

“ဒီအရိုးတွေဟာ ဆိတ်ရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ခွေးရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တို့သား
ဓမ္မပါလကတော့ လုံးဝ မသေပါဘူး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူမှ မသေပါဘူး။
ဆရာကြီး မုသားပြောတာပဲဖြစ်မှာပါ။”

ဒီတစ်ကြိမ်မှာတော့ အနားမှာရှိတဲ့မိသားစုဝင်တွေကပါ လက်ခုပ်တွေ တီးပြီး ရယ်ကြပါတယ်။ဒီတော့မှ
ပါမောက္ခဆရာကြီးလည်း တပည့်ဖြစ်သူ ဓမ္မပါလပြောတာကို ခိုင်ခိုင်မာမာ ယုံသွားပါတယ်။
ဒါကြောင့် ပါမောက္ခ ဆရာကြီးက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်။

“ပုဏ္ဏားကြီး သင်တို့ဆီမှာ ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြတာလဲ။ဘယ်လိုကျင့်ကြံနေထိုင်ကြလို့လဲ။သင်တို့ဆီမှာကျင့်သုံးတဲ့ အကျင့်စရဏတွေကိုပြောပါဦး”

“ဆရာကြီး…ကျွန်တော်တို့ တစ်ရွာလုံးဟာ သုစရိုက်တရား (၁၀)ပါး ကို ကျင့်ကြံကြပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြတာပါ။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တဲ့သဘောပါ။”

အဖြေသိရတော့မှ ပါမောက္ခဆရာကြီးက “ပုဏ္ဏားကြီး သင်တို့သား မသေပါဘူး။
အခု ယူခဲ့တာလည်း ဆိတ်ရိုးတွေပါ။ စုံစမ်းဖို့ သက်သက် လာခဲ့တာပါ။”
လို့ ပြောပြီး ပုဏ္ဏားကြီးဆီက သုစရိုက်တရား(၁၀)ပါး စာရင်းကိုကူးပြီး တက္ကသိုလ်ပြည်ကို
ပြန်ခဲ့ပါတော့တယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-မဟာဓမ္မပါလဇာတ်)

“ဓမ္မစရိယာ” ဆိုတာ သုစရိုက်တရား(၁၀)ပါးကို ကျင့်ခြင်းလို့ ဆိုလို ပါတယ်။

❖-သတ်ခြင်း၊ ခိုးခြင်း၊ သူတစ်ပါးမယားပြစ်မှားခြင်း ဆိုတဲ့ ကာယဒုစရိုက် သုံးပါး။
❖-လိမ်ပြောခြင်း၊
-ရန်တိုက် ကုန်းတိုက်စကားပြောခြင်း၊
-ကြမ်းတမ်းသော စကားပြောခြင်း၊
-အကျိုးမရှိ သိမ်ဖျင်းသော
စကားပြောခြင်းဆိုတဲ့ ဝစီဒုစရိုက် လေးပါး။
❖-သူတစ်ပါးစည်းစိမ်၊ကိုယ့်စည်းစိမ်ဖြစ်ရန် ရှေ့ရှုကြံခြင်း၊
-သူတစ်ပါး ပျက်စီးစေရန် ဒုက္ခရောက်စေရန်ကြံခြင်း၊
-အယူမှားခြင်းဆိုတဲ့ မနောဒုစရိုက် သုံးပါး။
အဲဒီ(၁၀)ပါးကို ဒုစရိုက်(၁၀)ပါးလို့ခေါ်ပါတယ်။

ဒုစရိုက်(၁၀)ပါးမှ ရှောင်ကြဉ်တာကို သုစရိုက်တရား(၁၀)ပါးကို ကျင့်တယ်လို့ခေါ်ပါတယ်။ မြတ်စွာဘုရားက
သုစရိုက်တရား(၁၀)ပါးကို ကိုယ်နှုတ်စိတ် အမူအရာတိုင်းမှာ သတိကပ်ပြီးကျင့်ပါတဲ့။
ဘာဖြစ်လို့ သုစရိုက်တရား(၁၀)ပါးကို ကျင့်ရသလဲ မေးရင် ဘေးလေးမျိုးနဲ့ မတွေ့ကြုံရအောင်ပါတဲ့။
ဘေးလေးမျိုးဆိုတာက-

❖(၁)။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲသောဘေး။
မကောင်းတာလုပ်ခဲ့တဲ့သူဟာ “ငါမကောင်းတာလုပ်ခဲ့ပါလား၊ ငါမကောင်းတာ လုပ်ခဲ့ပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင် နှလုံးမသာမယာ ဖြစ်နေတာပါ။

❖(၂)။ ပရာနုဝါဒဘေး = သူတစ်ပါးစွပ်စွဲသောဘေး။
“မင်းဟာ မကောင်းတာပြုခဲ့တဲ့သူ”
လို့ ပတ်ဝန်းကျင်ကဝိုင်းပြီး၊လက်ညှိုးထိုး ရှုံ့ချ အပြစ်တင်ခံရတဲ့ဘေး။

❖(၃)။ ဒဏ္ဍဘေး = မင်းပြစ်မင်းဒဏ်ဘေး။

❖(၄)။ ဒုဂ္ဂတိဘေး = အပါယ်ကျရောက်ရသည့်ဘေးတို့ ဖြစ်ပါတယ်။

ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အထက်က ဘေးလေးမျိုး ကြုံရတတ်ပါတယ်။ ဘေးလေးမျိုးထဲမှာ
သတိထားဖို့ အကောင်းဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဘေးက “အတ္တာနုဝါဒဘေး”ဆိုတဲ့
မိမိကိုယ်ကို မိမိပြန်စွဲချက်တင်တဲ့ဘေးပါ

မကောင်းမှုပြုခဲ့သမျှကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ အဲဒီမကောင်းမှုတွေကိုပြန်တွေးလိုက်တိုင်း
“ငါမကောင်းမှုတွေပြုခဲ့တယ်။ငါ မကောင်းမှုတွေပြုခဲ့တယ်”ဆိုပြီး
ပြုခဲ့သမျှမကောင်းမှုတွေက တစ်ကိုယ်ထဲ တစ်စိတ်ထဲကနေ တရားခံ၊တရားလို
နှစ်ကိုယ်ခွဲပြီး စွပ်စွဲတော့တာပါပဲ။

အရွယ်ရှိတုန်း ကျန်းမာတုန်းမှာ-အတ္တာနုဝါဒဘေးကို အထိုက်အလျောက် တွန်းလှန်နိုင်ပေမယ့်၊
ရုပ်အိုနာမ်အိုပြီး၊သေခါနီးကာလမှာတော့ အတ္တာနုဝါဒဘေးကို မတွန်းလှန်နိုင်တော့ပါဘူး။
အဲဒီအတ္တာနုဝါဒဘေးကို အာရုံပြုပြီး သေသွားမယ်ဆိုရင် “အပယ်ဒုဂ္ဂတိ” ကျရောက်ဖို့ပဲ ရှိပါတော့တယ်။

ဘယ်လောက်ပဲ ပြည့်စုံမှုတွေရရှိရရှိ မကောင်းမှုကိုမှီပြီး ရရှိတဲ့ ပြည့်စုံမှုတွေရဲ့ နောက်မှာ
ဘေးလေးမျိုးက အသင့်ကပ်ပါလာပြီးသားပါ။ အရာဝတ္ထုသဏ္ဌာန်တစ်ခုအနေနဲ့
ကပ်ပါလာတာမဟုတ်လေတော့ သတိမထားမိဘူးပေါ့။

ကိုယ်ကျင့်သီလမဲ့တဲ့သူက ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ “အဆိုးမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
ကိုယ်ကျင့်သီလရှိတဲ့သူက ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။

အမြင်မတူတဲ့အကြည့်နှစ်ခုဟာ ရလဒ်လည်းမတူပါဘူး။

အဆိုးမြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က မငြိမ်းချမ်းမှုပါ။ အကောင်း မြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က ငြိမ်းချမ်းမှုပါ။ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေဟာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေနဲ့ မဆိုင်ပါဘူး။
ကိုယ်ကျင့်သီလ အပေါ်မှာပဲ မူတည်သွားပါတယ်။

ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့၊ ကိုယ့်ဝန်းကျင် ငြိမ်းချမ်းဖို့ကိုယ်ကျင့်သီလကို မမေ့သင့်ပါဘူး။
“အူမတောင့် မှသီလစောင့်နိုင်တယ်”ဆိုတဲ့ စကား ရှိပေမယ့်၊ပုထုဇဉ်ရဲ့ အူမဟာ သေတဲ့
အထိ တောင့်မလာနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်ရဲ့ အူမဟာ အာရုံဆန်းဆန်းတွေကို
အမြဲတမ်း တောင့်တနေတတ်သလို၊ရောင့်ရဲသွားတယ် ဆိုတာလည်း မရှိပါဘူး။

ကိုယ့်ကျင့်သီလကိုစတေးပြီးမှ ရရှိမယ့် ပစ္စည်းဝတ္ထု၊ ရာထူး ဂုဏ်သိမ် အောင်မြင်မှုတွေကို မမက်မောစမ်းပါနဲ့။ကိုယ့်ဘဝသမိုင်းကို ကိုယ်ပြန်ကြည့် လိုက်တိုင်း အစဉ်သဖြင့် လိပ်ပြာသန့်နေဖို့၊ စာလိုပြောရင်တော့ အတ္တာနုဝါဒဘေး ကင်းနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်ကြည်ညိုပြီး စိတ်ချမ်းသာအောင် နေနေတတ်တာကိုက လူ့ဘဝရဲ့ အဓိပ္ပာယ်တွေထဲက အဓိပ္ပာယ်တစ်ခုပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-】

(အလင်းတန်းဂျာနယ် ၁၅-၁၂-၂၀၀၃)
 
Related Posts Plugin for WordPress, Blogger...