စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ထောင်ရေးမှာ တစ်ရာ ရာခိုင်နှုန်း တာဝန်ကျေပွန်သူ နိုင်းနိုင်း အကြောင်း ပြောပြတဲ့ စန္ဒီချို


ဝေးနေတဲ့ မိသားစုတွေ အွန်လိုင်း ကြောင့် နီးစပ်သလို အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အွန်လိုင်းပေါ် ရေးသား တင်ပြလာတဲ့အပေါ် ဘယ် လိုမြင်လဲ။

စန္ဒီ့ အတွေး အမြင်တွေနဲ့ အခြားသူတွေ နဲ့တူမှာ မဟုတ်ဘူးလေ။ ဖေ့စ်ဘွတ်ခ် ဆိုတာက ကိုယ်ရင်းနှီးတဲ့ အပေါင်းအသင်း သူငယ်ချင်း ကိုယ့်မိသားစု လည်း မဟုတ် ဘူးလေ။ အဲဒီတော့ အရေးကြီးတဲ့ ကိုယ့်ကိုယ်ရေး ကိုယ်တာကို ဘာကြောင့်အပြင်ကို ထုတ်ပြမှာလဲ။ ဒီ ဆိုရှယ် မီဒီယာ မရှိခင်ကရော ဘယ်လို ဖြေရှင်းကြလဲပေါ့။ တစ်ခုတော့ ရှိတယ် ဖောက်ပြန်တာကို သိခွင့်ရတယ်။ ဒီလိုဒီလို ရှိတယ်။ ဒါပေမဲ့ တစ်ဖက်ကနေ ပြန်ကြည့်ရင် ကိုယ့်အတွက် သူ့ အတွက် မကောင်းဘူး။ တစ်ခုကောင်း တယ်၊ တစ်ခု မကောင်းဘူးပေါ့။

အိမ်ထောင်ရေးမှာ ဘာကြောင့် အမျိုးသားတွေ ဖောက်ပြန်ကြတယ်လို့ ထင်ပါသလဲ။

ကိုယ့်အိမ်ထောင်ဖက် ဖောက်ပြန်တာကို မကြုံချင်ဘူး ဆိုရင် လင်ရောမယားရော ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုတယ်။ အမျိုးသမီး တွေ အနေနဲ့လည်း ကိုယ့်ယောက်ျား ခင်ပွန်း ကို လိုတာထက် ရစ်တာမျိုး ကဂျီကဂျောင် လုပ်တာမျိုး သဝန်တို ပြီး အကြောင်းမရှိ အကြောင်းရှာ ပြဿနာ လုပ်တာ မျိုးတွေကို မလုပ်ပါနဲ့ အဲဒီလို လုပ်ရင် ဘယ်သူ ပဲဖြစ်ဖြစ် ထွက်ပြေးမှာပဲ။ ယောက်ျားဘက် ကလည်း ကိုယ့်ဇနီးမယား ကနားလည်ပေးတာ ယုံကြည်ပေးတာကို အခွင့်ကောင်းယူပြီး သစ္စာဖောက်တာမျိုး မလုပ်ပါနဲ့။ ဒါတွေ က အိုဗာတွေ၊ တအားများလာရင် အိမ်ထောင်တစ်ခုမှာ ယုံကြည်မှု သည်းခံမှု နားလည်မှုတွေ ကပျောက်သွားတတ်တယ်။

အိမ်ထောင် တစ်ခုမှာ မိန်းမ တစ်ယောက်ရဲ့အရေးကြီးတဲ့ အပိုင်းကဘာဖြစ်မယ် ထင်ပါသလဲ။

အိမ်ထောင်တစ်ခု မှာယောက်ျားက အိမ်ထောင်ဦးစီး မိသားစုကို ရှာကျွေးရမယ်။ သူတစ်ယောက် တည်း လုပ်ရမယ်။ အဲဒီခေတ်တွေ မရှိတော့ဘူး။ ခုခေတ်က မိန်းမတွေ ကိုယ်တိုင် အိမ်ထောင်ကို ဦးစီးတဲ့ အနေအထား လည်း ရှိတယ်။ သူ့ တာဝန် ကိုယ့်တာဝန် သူ့ဟာသူ လုပ်ပါစေ ဆိုတာထက် ဝိုင်းပြီးထမ်း ဆောင်ရင် ပိုပြီးတော့ အဆင်ပြေ မယ်။ ယောက်ျားမှာ လည်းသူ့ ပညာ နဲ့သူမိန်းမဘက်ကလည်း သူ့ ပညာ နဲ့သူ အံဝင်ခွင်ကျ တဲ့ အလုပ် ရှိတယ်လေ။

စံပြအိမ်ထောင်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာလဲ။

ကိုနိုင်းနိုင်း ကိုကိုယ့်ယောက်ျားမို့ အမွှန်းတင်ပြောတာ မဟုတ်ပါ ဘူး။ သူကစန္ဒီတို့ မိသားစုလေး အတွက် တကယ့်စံပြပါပဲ။ သူ့စိတ်ထား သူ့နှလုံးသားက စန္ဒီ တို့ မိသားစု အပေါ် တကယ် သဘောထားကြီးတယ်။ စိုးရိမ်စိတ် လည်း ကြီးတယ်။ သူ့မိန်းမ နေမကောင်းမှာ တအားစိုးရိမ်တယ်။ ဘာဖြစ်လဲဆိုတော့ သူ့မိန်းမ နေမကောင်းရင် သူ့ ကလေးတွေကို ဘယ်သူ ကြည့်မှာလဲ။ ဘယ်သူပြုစုမှာလဲ သူအမြဲပြောတယ်။ အိမ်ထောင်ရေးမှာ လည်းသူဟာ တစ်ရာရာခိုင်နှုန်း တာဝန်ကျေပါတယ်။


popular

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...