စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိန်းကလေးတွေအသဲစွဲ ခန္ဓာကိုယ်အချိုးအစားနဲ့ လူမှုကွန်ယက်တွေပေါ်မှ နာမည်ကြီး ရဲတစ်ယောက်



=============================================
သူဟာရဲတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ အချိုးစားလှပတဲ့ ခန္ဓာကိုယ်က အမျိုးသမီးတွေအတွက် စွဲမက်စရာကောင်းစေခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ Miguel Pimentel ဖြစ်ပါတယ်။ Miguel ဟာ သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ဓါတ်ပုံရိုက်ပြီး အွန်လိုင်းရှိ လူမှုကွန်ယက် ၀က်ဘ်ဆိုက်များဖြစ်တဲ့ Facebook , Twitter နဲ့ Instagram တို့မှာ တင်ခဲ့ပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေဟာ မထင်မှတ်ပဲ အွန်လိုင်းရှိ အမျိုးသမီးကြားတွင်သာမကပဲ အပြင်မှာရှိနေကြတဲ့ အမျိုးသမီးတွေကပါ စွဲမက်လာကြပါတယ်။ 

သူဓါတ်ပုံတင်ပြီးမကြာခင်မှာပဲ အချို့အမျိုးသမီးတွေက "ကျွန်မက ဆိုးသွမ်းရမ်းကားနေတဲ့ လူတစ်ယောက်ပါ ကျွန်မကို ဖမ်းပါ " ဆိုသည့်စာသားများကို လည်းကောင်း ၊ " ကျွန်မဆီမှာ အရမ်း ဆိုးသွမ်းတဲ့ ရုံးဝန်ထမ်းတစ်ယောက်ရှိပါတယ် ၊ ဒါကြောင့် သူ့ကို လာဖမ်းပေးပါ" ဆိုသည့် စာသားများကိုလည်းကောင်း လူမှုကွန်ယက် ၀က်ဘ်ဆိုက်များတွင် Comment များပေးခြင်း နှင့် Retweet လုပ်ခြင်းများကို ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။

 Miguel ဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်မှာပဲ တက်တူးများထိုးထားပါတယ်။ သူဟာ နေ့စဉ်နဲ့အမျှသူ့ရဲ့ အကြောင်းအရာများကို သူ့ရဲ့ ဓါတ်ပုံနှင့်တကွ လူမှုကွန်ယက်များတွင် ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် သူ့ကိုစိတ်ဝင်စားတဲ့အမျိုးသမီးများဟာ တစ်ဖြည်းဖြည်းနဲ့များပြားလာတာဖြစ်ပြီး အပြင်မှာပါ "မင်းက Facebook ပေါ်က ရဲလား " ဆိုပြီး လာရောက်မိတ်ဆက် ကြတဲ့ အမျိုးသမီးများလည်း ရှိပါတယ်။

Migueal ဟာ နေ့စဉ် ၀ိတ်မလေ့ကျင့်ခန်းကို လုပ်လေ့ရှိပြီး ၂၀၁၃ ခုနှစ် နယူးဂျာစီပြည်နယ်ရဲ့ ကိုယ်ကာယပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူဟာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ သူဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ ချစ်သူနဲ့ နေထိုင်နေပြီဖြစ်ပြီး သူတို့ရဲ့ ချစ်သူသက်တမ်းဟာလည်း နှစ်နှစ်ရှိနေပြီလို့ ဆိုပါတယ်။
Ref: Mirror
အောင်ကိုထက် (Innewsmyanmar )
‪#‎akh_innewsmyanmar‬




https://www.facebook.com/Internationalnewsformyanmar/posts/872855516134915

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...