စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၉၈ သိန်းကျော်တန်ဖိုးရှိ လက်ကိုင်အိတ်ကောက်ရသူ ပြန်လည်ပေးအပ်


           
ယင်းမာပင် ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းအောင်နှင့် ရင်ပေါင်တိုင်နယ်မြေ ရဲကင်းမှူး ရဲတပ်ကြပ်စန်းဝင်းတို့၏ ရှေ့မှောက်တွင်အမျိုးသမီး လက်ကိုင်အိတ်တစ်လုံး ကောက်ရသူက ရွှေထည်နှင့် ငွေများမှတ်ပုံတင်နှင့် မှတ်စုစာအုပ်၊ ကုန်ဝယ် ဘောက်ချာ စုစုပေါင်း ကာလတန်ဖိုး ၉၈၄ဝဝဝဝ ခန့်ကို ပိုင်ရှင်အစစ်အမှန်အား ရှာဖွေကာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက အုပ်ချုပ်ရေးမှူးနေအိမ်၌ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဗန်းမောက်မြို့နယ် စုန်းတော်ကျေးရွာအုပ်စု တုံးပင်ကျေးရွာနေ မခင်ဝင်းသည် မုံရွာမြို့မှ မိမိဒေသသို့အပြန် ဘုတလင်မြို့နယ် လက်ပံကျေးရွာ အနီး လမ်းဘေး၌ ကားခေတ္တရပ်နားစဉ် လက်ကိုင်အိတ် မေ့ကျန်ပျောက်ဆုံးခဲ့ရာ ပုလဲမြို့နယ် ပဲခင်းမကျေးရွာနေ မောင်သန်းပိုသည် ကိုယ်ပိုင်ကားဖြင့် ခရီးသည် များ တင်ဆောင်ကာ ပုလဲမြို့မှ ဖားကန့်သို့အသွား ပိုင်ရှင် မခင်ဝင်း ကျပျောက် ခဲ့သောနေရာတွင် အမျိုးသမီးလက်ကိုင်အိတ်တစ်လုံးကို တွေ့ရှိကောက်ယူခဲ့ပြီး ပိုင်ရှင်အား ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။

အိတ်အတွင်းမှ ရွှေချိန် ၁ဝကျပ်သား ရွှေဆွဲကြိုးသံကြိုးကုံးတစ်ကုံး၊ ငါးမတ် သား ရွှေဆွဲပြားတစ်ခု၊ နှစ်ကျပ်သားအမ်စီ ရွှေဆွဲပြားတစ်ကုံး၊ ကျောက်စိမ်း ဆွဲသီးတစ်ခု၊ လေးပဲသားခန့် ရွှေနားကပ်တစ်ရန်နှင့် ငွေသားနှစ်သိန်းခွဲကျော် ခန့် စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၉၈၄ဝဝဝဝ ကို ပိုင်ရှင်မခင်ဝင်း လက်ဝယ် အရောက် ပြန်လည်အပ်နှံပေးရာပစ္စည်းများကို ပြန်လည်အပ်နှံပေးသော မောင်သန်းပိုအား တာဝန်ရှိသူများ ရှေ့မှောက်တွင် အိတ်အတွင်းပါရှိသော ငွေသားကျပ် နှစ်သိန်းခွဲကျော်နှင့် နှစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံးအပြင် ကျောက်စိမ်းဆွဲသီးကိုပါ ပြန်လည်ပေးအပ်ခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)

https://www.facebook.com/mwdmedia/photos/a.280237205426758.63709.2461947

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...