စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်ဖြတ်ရန် သိထားရမည့် အချက်အလက်များ

http://www.health-e.org.za/wp-content/uploads/2013/08/alcohol3.jpgအရက်စွဲခြင်းမှာ ပြင်းထန်သော ရောဂါတစ်မျိုးဖြစ်ပြီး အခြားပြင်းထန်သောရောဂါများကဲ့သို့ပင် မကုသဘဲ ထားပါက ပြင်းထန်သော၊ အ သက်အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲပြဿနာများရှိလာနိုင် သည်။

ကံကောင်းသည်မှာ အရက်စွဲခြင်းအတွက် အစွမ်းထက်သည့် ကုသရေးစီမံကိန်းများရှိပြီး အစီအစဉ်တစ်ခုနှင့်တစ်ခုတွင် ပါဝင် သော အသေးစိတ်အချက်အလက်များ ကွဲပြားမှုရှိသော်လည်း အချို့အရေးကြီးသော အချက်များမှာ စီမံကိန်းအားလုံးတွင် ပါဝင်နေသည်။
အရက်ဖြတ်ရန်ကြိုးပမ်းခြင်းမှာ အရက်စွဲနေခြင်းကို ကိုင်တွယ် ဖြေရှင်းရန် အရေးကြီးသော ပဏာမခြေလှမ်းဖြစ်သည်။ အရက်ဖြတ်ရာတွင် ဆေးပညာအရ ကြီးကြပ်မှုကို ခံယူရလေ့ရှိပြီး ယင်းအချိန် အတွင်း ဆရာဝန်များညွှန်ကြားသည့် ဆေးဝါးများကို ရောဂါလက္ခဏာများထိန်းချုပ်နိုင်ရန် သောက်သုံးရမည်ဖြစ်သည်။ လူနာတစ်ဦးချင်းစီ၏ ဘေးအန္တရာယ်ကင်းရှင်းမှု သေချာစေရေး ကျန်းမာရေးပညာရှင်များက စောင့်ကြည့်မည်ဖြစ်ကာ ဆေးဝါးများအပြင် အရက်ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် ကုသမှုတို့နှင့်ပတ်သက်သော ဗဟုသုတများကို ပညာပေးလေ့ရှိသည်။

အရက်ဖြတ်ရန် ကြိုးစားရာတွင် ကြုံတွေ့ရမည့် ရောဂါလက္ခ ဏာများမှာ အန္တရာယ်ရှိနိုင်သဖြင့် အရက်စွဲနေသူအဖို့ အရက်ဖြတ် ရန် ဆေးဝါးများအသုံးပြုရေး လိုအပ်ခြင်းဖြစ်သည်။ ယင်းလက္ခဏာ များတွင် ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်တိုတတ်ခြင်း၊ သူတစ်ပါးအပေါ် သံသယစိတ်ကြီးခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် တက်ခြင်း စသောလက္ခဏာများပါဝင်သည်။

သို့သော် အရက်စွဲနေသူသည် ယင်းလက္ခဏာများအားလုံး ပြသလေ့မရှိဘဲ ရောဂါလက္ခဏာများမှာ အတန်အသင့်မှနေ၍ ပြင်းထန်လေ့ရှိသည်။
အစဉ်သဖြင့် အရက်ဖြတ်လျှင် ဆေးရုံတက်၍ ဖြတ်ရလေ့ရှိပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်များလည်း ပါဝင်သည်။

နေအိမ်တွင် အရက်ဖြတ်သော အစီအစဉ်များမှာ ဆေးရုံ၌ အရက်ဖြတ်ခြင်းထက် ပိုကြာရှည်လေ့ရှိသည်။
—Ref: WebMed

http://www.7daydaily.com/story/49257

ဗလကြီးချင်တာကြောင့် ဆီနဲ့အယ်ကိုဟော ထိုးထည့်ခဲ့သူ


 
ပုံမှာမြင်တွေ့နေရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ ဘရာဇီးနိုင်ငံက Romario Dos Santos Alves လို့ အမည်ရတဲ့ အမျိုးသား ဖြစ်ပြီး ဗလကြီးချင်တာကြောင့် လက်မောင်းထဲကို အယ်ကိုဟောနဲ့ ဆီကိုထိုးထည့်ခဲ့သူ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက လုံခြုံရေးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဗလသမား ဖြစ်ဖို့ တစ်ဖက်ကနေလည်း လေ့ကျင့်ပါတယ်။ လေ့ကျင့်နေချိန် မိတ်ဆွေများတိုက်တွန်းတဲ့ ဆေးတစ်မျိုးကို စတင် ထိုးပြီး ယင်းဆေးဟာ ဆီနဲ့ အယ်ကိုဟော ဓာတ်သာ ဖြစ်ပါတယ်။ သူ့အနေနဲ့ စတင်ထိုးပြီး သုံးနှစ်အကြာမှာပဲ ယခုလို ဖြစ်သွားတာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်သွားပေမယ့် အစပိုင်းမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရပါတယ်။

 ကျောက်ကပ်ကိုလည်း ထိခိုက်ပြီး စိတ်ဓာတ်လည်း ကျဆင်းစေခဲ့ ပါတယ်။ ဆရာကို ပြတဲ့အခါမှာလည်း လက်ထဲမှာ ကျောက်ခဲများ ဖြစ်နေပြီဖြစ်ကြောင်း ပြောပါတယ်။ လက်ကို ဖြတ်ထုတ်မှ ရမယ်လို့ ပြောတာကြောင့် သူ့ရဲ့ ဇနီးနဲ့ ကလေးမှာ ဝမ်းနည်းခဲ့ရ ပါတယ်။ နောက်တော့ ဆရာဝန်ဟာ ဖြတ်စရာမလိုကြောင်း ကျောက်ခဲတွေသာ ထုတ်ရန်လိုအပ်ကြောင်း ပြောခဲ့ ပါတယ်။ 

ယခုတော့ သူဟာ ယင်းလက်နဲ့ပဲ ကာယဗလမောင် ပြိုင်ပွဲဝင်ရအောင် ကြိုးစားလေ့ကျင့်လျက် ရှိပါတယ်။ ယင်းဆေးကိုထိုးခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးရှိပြီး သူ့အနေနဲ့ အနာဂတ်မှာလည်း အခြား ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ရဖွယ်ရှိကြောင်း ဆိုပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
 https://www.facebook.com/YoYarLay/posts/971476512895601
 

 https://www.facebook.com/YoYarLay/posts/971476512895601

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား ရွှေဗဟိုဆေးရုံတွင် အခမဲ့ ခွဲစိတ်ပေးမည်

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်အား ခွဲစိတ်ပေးနေစဉ် (ဓာတ်ပုံ − NewLook NewLife Facebook)
မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်တစ်ရာကျော်အား ရွှေဗဟိုဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် လစဉ်ပုံမှန် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ရုပ်သစ်ဘ၀သစ်ကုသိုလ်ဖြစ် ခွဲစိတ်အဖွဲ့မှ သတင်းရရှိသည်။

အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် တစ်ရာမှ တစ်ရာ့ငါးဆယ်ခန့်အထိ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း ရုပ်သစ်ဘ၀သစ်ကုသိုလ်ဖြစ်ခွဲစိတ်အဖွဲ့မှ မျက်နှာ၊ မေးရိုးနှင့် ခံတွင်းဆရာဝန်ကြီး ဒေါက်တာသီဟမြင့်ဝေက ပြောသည်။
‘‘ရက်တွေဘာတွေက သတ်မှတ်မထားပါဘူး။ လာသလောက်ကို ခွဲပေးမှာပါ။ တစ်ရက်တည်းကို ဆယ်ဦးလာပြလို့ သွေးစစ်ဆေးပြီး အဆင်ပြေရင် တစ်ခါတည်းခွဲပေးမှာပါ။ ဆေးရုံတက်ချိန်ကနေ ဆင်းတဲ့အချိန်အထိ အခမဲ့ပါပဲ’’ဟု ၎င်းက ပြောသည်။

မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ မျက်နှာ၊ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဆရာဝန်ကြီးများက ကုသပေးမည်ဖြစ်ပြီး အသက်လေးလမှစ၍ နှုတ်ခမ်းခွဲစိတ်ပြုပြင်ပေးခြင်း၊ အသက်(၁၀)လမှ (၁)နှစ်နောက်ပိုင်း ကလေးငယ်များကို နှုတ်ခမ်းနှင့် နှာခေါင်း ခွဲစိတ်ပြုပြင်ပေးခြင်း၊ အသက်(၇)နှစ်အရွယ် ကလေးငယ်များအား ကွဲနေသည့် သွားဖုံးရိုးအစား အရိုးအစားထိုး ခွဲစိတ်ကုသပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့ပြင် မွေးကင်းစအရွယ်မှ စနစ်တကျမှတ်တမ်းတင် ကုသခြင်း၊ လူနာမိဘများအား နှစ်သိမ့်ဆွေးနွေး လမ်းညွှန်မှုပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နောက်ဆက်တွဲကျန်းမာရေး ပြဿနာများဖြစ်သော နို့ကောင်းစွာ မစို့နိုင်ခြင်း၊ နားပြည်ယိုခြင်း၊ စကားမပီခြင်း၊ စိတ်အားငယ်ခြင်းနှင့် ခွဲစိတ်ကုသမှုခံယူပြီးသော်လည်း စိတ်ကျေနပ်မှုမရှိသော လူနာများကို ပြုပြင်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းအဖွဲ့နှင့် ဆက်သွယ်လိုပါက ရန်ကုန်တိုင်း၊ တာမွေမြို့နယ် သမိန်ဗရမ်းလမ်း ရွှေဗဟိုဆေးရုံ၊ မြေညီထပ် ရုပ်သစ်ဘ၀သစ် ကုသိုလ်ဖြစ်ခွဲစိတ်အဖွဲ့ Newlook NewLife ရုံးခန်း ဖုန်း ၀၉-၅၀၄၉၁၃၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်သည်။
မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်ဦးရေမှာ ခြောက်ထောင်မှ ရှစ်ထောင်ခန့်အထိ ရှိနေပြီး ၎င်းတို့အနေဖြင့် ထိုကဲ့သို့မွေးဖွားလာခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုများရှိနေကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆေးပညာရှင်များက သုံးသပ်သည်။
 http://www.7daydaily.com/story/49120

ရှုဖွယ်စုံလင် ရွှေသမင်တို့ ကျက်စားရာနယ်မြေဆီသို့



ရွှေဘိုမြို့ကို ရောက်နေသည်မှာ နှစ်ရက်ရှိပြီ။ အလုပ်တာဝန်များ ပြီးပြတ်အောင်ဆောင်ရွက်လိုက်ရာ ည ၁ဝ နာရီခန့်တွင် ပြီးစီးသွားသည်။ အလုပ်များပြီးပါက နာမည်ကျော် ရွှေသမင်များကျက်စားရာ ချပ်သင်းသဘာဝ ဘေးမဲ့တောသို့သွားရန် ကြိုတင်စိတ်ကူးထားသဖြင့် နောက်နေ့နံနက်စောစောကားဖြင့်သွားမည်ဟု ရွှေဘိုသားကိုဝင်းမြင့် ပြောစကားကြောင့် ဝမ်းသာသွားသည်။ ကမ္ဘာပေါ်၌် ရှားပါးနေပြီဖြစ်သော ရွှေသမင်များကို သဘာဝအတိုင်း လေ့လာမြင်တွေ့ခွင့် ရတော့မည့်စိတ်ကြောင့် တော်တော်နှင့်အိပ်မပျော်ခဲ့
ရွှေဘိုမြို့မှ နံနက် ၅ နာရီခန့် ကျွန်တော်တို့ မော်တော် ယာဉ်ဖြင့်ထွက်ခဲ့ရာ ကားအသွားအလာရှင်း သဖြင့် ခရီးတွင်သည်။


အအေးဓာတ်ဝင်စပြုသော ဆောင်းနံနက်ခင်း မို့လားမသိ ကားပြတင်းပေါက်မှ ဝင်ရောက်လာသည့် လေကအေးစိမ့်နေသည်။ ကား လမ်းဘေးဝဲယာတစ်လျှောက် လုပ်ငန်းခွင်ဝင်သူများ၊ စပါးပင်များဖြင့် ပြည့်နေသော လယ်ကွင်းများနှင့် ကျေးလက်နေအိမ်များကို မပြတ်တမ်း တွေ့မြင်လာ ရသည်။ နံနက် ၁ဝ နာရီခန့်တွင် ချပ်သင်းရွာ အနောက်ဘက် သုံးကီလိုမီတာအကွာတွင်ရှိသော ချပ်သင်းဘေးမဲ့တောသို့ ဆိုက်ရောက်လေသည်။


''ချပ်သင်းဘေးမဲ့တော'' ဟူသည့် အနီရောင် အောက်ခံပေါ်တွင် အဖြူရောင်ဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို တွေ့ရသည်။ သဘာဝကျစွာ လိုက်လျော ညီထွေမှုရှိစွာ ရေးသားထားသော ဆိုင်းဘုတ်က သစ်သားပြားပေါ်တွင် မပီဝိုးတဝါးဖြင့် နေရာယူ ထားသည်။ သစ်သားပြားအချို့ပေါ်၌ သတိပေးစာတန်း များကိုလည်း မြင်တွေ့ရသည်။ ချပ်သင်းဘေးမဲ့တောသို့ ကျွန်တော် ပထမဆုံး ခြေချခွင့်ရခဲ့ပြီဖြစ်သည်။ သွားလိုသည့် ဆန္ဒပြည့်ဝခဲ့ ၍လားမသိ တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးလျက်ရှိသည်။


ချပ်သင်းဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း တည်ရှိသည်။ ရန်ကုန်မှလာ လျှင် မန္တလေးသို့ မီးရထားဖြင့်လာရောက်ကာ မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ကားဖြင့် လာရောက်ပြီး ရွှေဘိုမှ ချပ်သင်း ဘေးမဲ့တောသို့ ကားဖြင့် သွားရောက်လေ့လာနိုင်မည် ဖြစ်သည်။ ရန်ကုန်မှ ရွှေဘို-ချပ်သင်းအထိ မိုင်ပေါင်း ၅၇၇ မိုင်ရှိပြီး ရွှေဘိုမြို့မှ ချပ်သင်းဘေးမဲ့တောသို့ မိုင် ၈ဝ ခန့်ကားမောင်းလျှင် ရောက်ရှိလေသည်။ ကျွန်တော်တို့ ချပ်သင်းဘေးမဲ့တောသို့ ရောက်ချိန်သည် နေအတန် မြင့်နေပြီဖြစ်သော်လည်း တောရိပ်၊ တောင်ရိပ်တို့ကြောင့် အပူချိန်မပြင်းထန်ချေ။


ရွှေဘိုသားကိုဝင်းမြင့်က ချပ်သင်းဘေးမဲ့တောသို့ မကြာခဏရောက်ရှိသူဖြစ်ရာ အဆင်ပြေလေသည်။ အချို့ နေရာများတွင် လမ်းဟုပင် ပီပီပြင်ပြင်မရှိသည့်နေရာ များစွာ တွေ့မြင်ရသည်။ အောက်ခြေရှင်းသော သစ်ပင် များကိုလည်း မြင်တွေ့ရသလို မိုးထိလွင့်ပျံနေသော အပင်များက နေပြောက်မထိုးအောင် ရှိနေတော့သည်။


ချပ်သင်းဘေးမဲ့တောကို ၁၉၄၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ၁ဝ၃ ဒသမ ၅၅ စတုရန်း မိုင် ကျယ်ဝန်းသည်ဟု သိရသည်။ ခရီးဝေးသော်လည်း ရှားပါးသမင်မျိုးဖြစ်သော ရွှေသမင်မျိုးတို့က ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပြီး ခရီးသွား များအတွက် တန်ဖိုးရှိသောမြင်ကွင်းများကို တိုက်ရိုက် မြင်တွေ့လေ့လာနိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ ချပ်သင်း ဘေးမဲ့တောသို့ရောက် ချိန်တွင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်အချို့ကို မြင်တွေ့ရသည်။ ကင်မရာတချိန်ချိန် နှင့် ဓာတ်ပုံမှတ်တမ်းရိုက်ယူနေ သည့် နိုင်ငံခြားသားခရီးသွား များမှာ နံနက်စောစောကပင် ရောက်ရှိလာကြောင်း၊ တောရိုင်းတိရစ္ဆာန်တို့၏ နံနက်ခင်းလှုပ်ရှားမှုမျာကို မြင်တွေ့လေ့လာလို၍ဖြစ်ကြောင်း သိရသည်။


''ရွှေသမင်တွေရှိတဲ့ နေရာဘက်သွားရအောင်'' ဟု ကိုဝင်းမြင့်က ပြောသဖြင့် လိုက်ပါသွားခဲ့သည်။ မြေကြီး လမ်းအတိုင်း လျှောက်လာခဲ့ရာ သစ်ပင်ထိပ်ဖျားပေါ်မှ ကျေးငှက်တို့အသံကိုကြားရသည်။ မော့ကြည့်လိုက်ရာ တစ်ပင်နှင့်တစ်ပင်ပျံသန်းကာ သဘာဝအတိုင်းလွတ်လပ်စွာ နေထိုင်ကြသည့် ငှက်အချို့ကိုတွေ့ရသည်။ ဗျိုင်းနှင့်တူ သော်လည်း အမွေးနှင့်အတောင်က အနက်နှင့်အဖြူရောစပ် ထားပြီး နှုတ်သီးကတိုတုတ်သဖြင့် ငှက်အမျိုးစားကိုခွဲခြား ၍မရ။ ချပ်သင်းဘေးမဲ့တောအတွင်း ငှက်မျိုးစိတ်ပေါင်း ၁၅၈ မျိုးခန့်ရှိကြောင်း သိရသည်။


လူသံမကြားရသော်လည်း ခပ်လှမ်းလှမ်းသစ်ပင် အုပ်စီမှ လွင့်ပျံလာသော ဥသြသံကိုသဲ့သဲ့ကြားရသည်။ မိုးအကုန်ဆောင်းအကူးကာလမှာပင် ဥသြသံကကြား နေရပြီ။ တိတ်ဆိတ်အေးချမ်းသော ချပ်သင်းတော အတွင်း ဥသြသံကြောင့် အလွမ်းစိတ်ဝင်ချင်သလိုပင်။ အပူပိုင်း သစ်တောများပေါက်ရောက်ရာ နေရာများတွင် ဥသြငှက်တို့ရှိတတ်စမြဲ။


''ဟိုမှာ... ဟိုမှာ .. ရွှေသမင်''ဟု လေသံဖြင့် ပြောသော ကိုဝင်းမြင့်အသံကြောင့် အတွေးရပ်သွား သည်။ သူညွှန်ပြရာသို့ကြည့်လိုက်ရာ ဦးချိုကားကားဖြင့် ရွှေသမင်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သစ်ပင်များကြားမှ ထိုးဆင်းလာသော နေရောင် အစက်အပြောက်များနှင့်အတူ ပေ ၁ဝဝ ခန့်အကွာတွင် မတ်တတ်ရပ်ကာ ဟိုသည်ကြည့်နေသော ရွှေသမင်ကို အံ့သြစွာမြင်တွေ့ရသည်။
ခန္ခာကိုယ်အမွေးအရောင်က ရွှေရောင်စစ်စစ် မဟုတ်သော်လည်း ကြည့်လိုက်သည် နှင့် ရွှေသမင်မှန်း သိသာနေသည်။ ဦးခေါင်းထက်တွင် ချိုဆိုင်နှစ်ခုက အချိုးအစားကျစွာ တည်ရှိနေပြီး မြင်တွေ့ရသည်မှာ မျက်စိမှမခွာနိုင်အောင် ဆွဲဆောင် နိုင်စွမ်းရှိသည်။ သစ်ပင်များကို အကာကွယ်ယူပြီး မြေပြင်၌ ဆောင့်ကြောင့်ထိုင်ကာ ရွှေသမင်၏ လှုပ်ရှားမှုကို အသံမထွက်စေဘဲ အသာအယာ စောင့်ကြည့် လေ့လာနေမိသည်။


ကမ္ဘာတွင် ရှားပါးနေပြီဖြစ်သော ရွှေသမင်မျိုးက မြန်မာနိုင်ငံတစ်ခုတည်း၌သာ အများဆုံးရှိနေသည်။ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ရွှေသမင်များကို ချပ်သင်းဘေးမဲ့တောအတွင်း ထိန်းသိမ်း စောင့်ရှောက်ထားသည်မှာ အလွန်ကောင်း မွန်သော ဆောင်ရွက်မှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များဖြစ်သော ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် အိန္ဒိယတို့တွင် ရွှေသမင်အကောင်ရေ အနည်းငယ်သာရှိတော့သည်။


ချပ်သင်းဘေးမဲ့တော၌ ၁၉၉၅ ခုနှစ်က ရေဒီယို အချက်ပြစနစ်အပြင် အခြားခေတ်မီနည်းစနစ်များဖြင့် လေ့လာမှတ်တမ်းတင်မှုအရ ရွှေသမင်ကောင်ရေ ၃ဝဝဝ ကျော်ခန့်ရှိခဲ့သော်လည်း ယခုအခါ အကောင် ရေ ၁၅ဝဝ ကျော်သာရှိတော့ကြောင်း သိရသည်။ ဒေသခံများ၏ သတ်ဖြတ်မှု၊ တရားမဝင် အမဲလိုက် မုဆိုးများ၏ လက်ချက်ဖြင့် ရွှေသမင်အကောင်ရေ များစွာ လျော့နည်းကျဆင်းခဲ့ရသည်။ လွန်ခဲ့သည့် လေးလခန့် ကပင် ရွှေသမင်တစ်ကောင် ကားတိုက်ခံရပြီး သေဆုံး ခဲ့ကြောင်း သတင်းတစ်ပုဒ် ဖတ်ရှုခဲ့ရသည်ကို သတိရ မိသည်။


ချပ်သင်းဘေးမဲ့တောဝန်းကျင်တွင် ကျေးရွာပေါင်း ၂၅ ရွာခန့်ရှိနေရာ အချို့ဒေသခံများလက်ချက်ကြောင့် ရွှေသမင်များ ဘေးအန္တရာယ်ကြုံတွေ့နေရမှုကို လျော့နည်းစေရန် အသိပညာဗဟုသုတဖြန့်ဝေခြင်း၊ ဟောပြောခြင်း တို့ကို ကျေးရွာများအရောက် ဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းနေဆဲ ဖြစ်သည်။ လိုက်နာမှုအားနည်းရသည့် အဓိကအချက် မှာ စားဝတ်နေရေးပင်ဖြစ်ပြီး နေ့စဉ်ဝင်ငွေနည်းပါး မှုပင်ဖြစ်သည်။


ရွှေသမင်နောက်တစ်ကောင် ထပ်ရောက်လာ သဖြင့် ရှေ့သို့တိုးကြည့်လိုက်ရာ နှစ်ဦးသားထိခိုက်မိပြီး ယိုင်လဲသွားသည့်အသံကြောင့် ရွှေသမင်များ ရုတ်ခနဲ ထွက်ပြေးသွားတော့သည်။
လျှပ်တစ်ပြက်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ရွှေသမင်များကို ဟိုဟိုသည်သည် လိုက်ရှာကြည့်ရှုသော်လည်း မတွေ့ တော့။


ကြီးမားသော ဦးချိုများရှိသော်လည်း သမင်များက တောအုပ်အတွင်း လျင်မြန်စွာပြေးလွှားနိုင်အောင် သဘာဝ အသိÓဏ်က ဖြည့်ဆည်းပေးထားသလားမသိ။ သစ်ပင်ချုံနွယ်များဖြင့် ငြိပြီးသေဆုံးသော သမင်များက ရှားလေ သည်။ ရွှေသမင်များမှာ အမြင့် ၁ ဒသမ ၅ မီတာရှိပြီး အချို့သက်တမ်း နှစ် ၂ဝ ခန့်ရှည်ကြောင်း သိရသည်။


ကျွန်တော်တို့ ရွှေသမင်ကြည့်သည့်နေရာမှ ပြန်ထွက်ခဲ့သည်။ ချပ်သင်းဘေးမဲ့တောအတွင်း စမ်းချောင်းလည်း စီးဆင်းလျက်ရှိရာ အချို့ခရီးသွားများက လှေငယ်ဖြင့် တောအတွင်း လိုက်လံကြည့်ရှုလေ့လာကြသည်။


တဖြည်းဖြည်း လျှောက်လာခဲ့ရာ အောက်ခြေရှင်းပြီး မြင့်မားစွာပေါက်ရောက်နေသော သစ်ပင်အချို့တွေ့မြင်ရသလို မြေပြင်၌် ဆေးဖက်ဝင်အပင်များစွာ ရှင်သန်နေသည်ကိုလည်း တွေ့ရသည်။
ချပ်သင်းဘေးမဲ့တောအတွင်း ဆေးဖက်ဝင် အပင်မျိုးစိတ်ပေါင်း ၇ဝ ကျော်ရှိပြီး အချို့ ဂမုန်းမျိုးစိတ်ဝင်အပင်များကိုလည်း မြင်တွေ့ရသည်။


အပင်များကို စိတ်ဝင်စားစွာ ကြည့်ရှုနေစဉ်မှာပင် မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်ပေါ်သို့ ဖျတ်ခနဲ ပြေးတက် သွားသော တောကောင်ငယ်တစ်ကောင်ကို ရိပ်ခနဲတွေ့လိုက်ရသဖြင့် ရှာဖွေကြည့်လိုက်ရာ တောကြောင် တစ်ကောင် ဖြစ်နေသည်။ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်းသို့ လျင်မြန်သွက်လက်စွာ ခုန်ကူးသွားသည်မှာ စက္ကန့် ပိုင်းအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ချပ်သင်းတောအတွင်း ကျားသစ်၊ တောဝက်၊ မြေခွေး၊ တောခွေး စသည့် မျိုးစိတ်များ၊ ကုန်းရေနှစ်မျိုးနေသတ္တဝါမျိုးစိတ်များစွာ နေထိုင်ကျက်စားကြောင်း သိရသည်။ 


တိရစ္ဆာန် မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေပြီး သစ်ခွပန်းများ၊ အပင်မျိုးစိတ်များစွာအပြင် ငှက်မျိုးစိတ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိရာ ဒေသခံများ ဝိုင်းဝန်းပူးပေါင်းမှသာ ရရှိမည်ဖြစ်သည်။

နေက တဖြည်းဖြည်းမြင့်လာသည်။ ရွှေဘိုမှ မန္တလေးအထိ ပြန်ရမည့်အချိန်ကိုတွက်ပြီး ချပ်သင်းဘေးမဲ့ တောအတွင်းမှ ပြန်ထွက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သော ရွှေသမင်များရှိရာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ဝမ်းသာစရာကောင်းနေသည်။
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်မှာလည်း ဒေသခံများအပါအဝင် အားလုံး၌ အသိရှိရမည်ဖြစ်သည်။ ရွှေသမင်တို့ ကျက်စားရာ ချပ်သင်းဘေးမဲ့တောက တဖြည်းဖြည်းဝေး၍ ကျန်ခဲ့ပြီ။ ။
သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်


https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246194712164341/857910834326056/?type=3&theater 

မာရီလင်မွန်ရိုးလိုလှချင်ရင်


မာရီလင်မွန်ရိုးဆိုတဲ့နာမည်က ဟောလိဝုဒ်က လူသိအများဆုံး ဆယ်လီတွေထဲမှာပါဝင်ပြီး သရုပ်ဆောင်ကောင်းခြင်း၊ ညှို့အားပြင်းပြင်းဆွဲဆောင်နိုင်ခြင်းနဲ့ အမြဲတမ်းချောမောလှပနေခြင်း စတဲ့ အချက်တွေကြောင့် လူသိများခဲ့သူပါ။ သူ့လိုမျိုး လှပချင်သူတွေအတွက် မာရီလင်မွန်ရိုးလုပ်တဲ့ အလှအပဆိုင်ရာ အမူအကျင့်လေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဆွဲမက်ဖွယ်ရာ နှုတ်ခမ်းသားလေးတွေဖြစ်ဖို့အတွက် မွန်ရိုးက နှုတ်ခမ်းနီအရောင်ငါးခုသုံး ပြီး အရိပ်ဖော်ဆိုးလေ့ရှိပါသတဲ့။ Shade လေးတွေဆွဲလိုက်တဲ့အတွက် နှုတ်ခမ်းသားက တစ်ရောင်တည်းဆိုးထားသလို ဖြစ်မနေဘဲ ဖူးဖူးလေးဖြစ်နေစေပါတယ်။

နောက်ပြီး မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အောက်ခံမိတ်ကပ် မလိမ်းခင်မှာ မွန်ရိုးက ရေနံဂျယ်လီတွေ မျက်နှာတစ်ပြင်လုံးလိမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူ့အသားအရေဟာ အမြဲလန်းဆန်း စိုပြည်နေပြီး ရိုက်ကူးရေးလုပ်ချိန် မီးရောင်အောက်မှာ လှနေတာတွေ့ရမှာပါ။ မျက်တောင်တုသုံးတဲ့အခါမှာလည်း မွန်ရိုးက အရမ်းရှည်လွန်းတဲ့ မျက်တောင်ကို ရွေးချယ်တာနည်းပါတယ်။ မျက်တောင်ကိုရှည်နေသယောင်ထင် ရတဲ့ အရွယ်အစားလောက်ပဲသုံးပြီး မျက်တောင်ကော့ဆေးများ များ တင်လိုက်တာမျိုးပဲ လုပ်လေ့ရှိပါတယ်။

နှာခေါင်းပုံစံလှဖို့၊ မျက်နှာကျလှဖို့အတွက်ကိုလည်း ပါးနီ လေးနည်းနည်းတို့၊ ရေနံဂျယ်လီလေးသုတ်လိုက်ပြီး နောက်ဆုံးမှာ ပေါင်ဒါလေးရိုက်ပြီး ပြင်ဆင်လိုက်တာပါပဲ။ မွန်ရိုးခေတ်စားချိန်တုန်းက မျက်အိမ်ကျယ်ကျယ် ပုံစံကလည်း ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ သူက မျက်သားအတွင်း နားလောက်ကနေ အညို (ဒါမှမဟုတ်) အနက်ရောင်လိုင်နာဆွဲ လိုက်ပြီး မျက်အိမ်ကျယ်သယောင် ဖန်တီးလိုက်တာပါ။ ပြီးတော့ အညိုဖျော့ရောင် လိုင်နာခဲတံလေးသုံးပြီးတော့လည်း အောက်ဘက် မျက်တောင် တွေနားကို အရိပ်ဖော်ပါသေးတယ်။
အရေပြားဆဲလ်သေတွေဖယ်ရှားဖို့အတွက် ပင်လယ်ဆားနဲ့ မကြာခဏရေချိုးတာမျိုးတွေလုပ်တဲ့အပြင် သွားတွေအမြဲတမ်း ဖြူစင်တောက်ပြောင်နေဖို့အတွက် မုန့်ဖုတ်ဆော်ဒါဘူးလေးကို ရေချိုးခန်းထဲထားပြီး အမြဲသွားတိုက် လေ့ရှိတယ်လို့ ဆိုပါတယ်။

မျက်နှာဆေးကြောသန့်စင်တာကိုတော့ မွန်ရိုးက စတော် ဘယ်ရီသီးတွေကို ကြိတ်ခြေပြီး မျက်နှာသန့်ဆေးအဖြစ် သုံးပါ တယ်။ စတော်ဘယ်ရီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ကြောင့် မျက်နှာအညစ်အကြေးတွေ ကင်းစင်ပြီး ပန်းရောင်သန်း တဲ့ မျက်နှာလေးပိုင်ဆိုင်စေလို့ပါတဲ့။    
—Ref: wellnessbin

 http://www.7daydaily.com/story/49292

အာသောကရာမတိုက်ဝင်းရှိ ရှေးခေတ်သရက်ကင်းလှေကား





မန္တလေးမြို့တွင် ရှေးဟောင်းကျောင်းတိုက် များစွာနှင့် လေ့လာ စရာ ရှေးဟောင်း အဆောက်အအုံများစွာ တည်ရှိသည်။ အချို့သော ရှေးဟောင်းကျောင်းတော်ကြီးများမှာ သရက်ကင်းလှေ ကားများသာ ကျန်ရှိတော့သည်။ ထိုလှေကားများကို ကြည့်ရုံ မျှဖြင့် ရှေးခေတ်ကျောင်းတိုက်ကြီးများ ခံ့ညားခဲ့မှုကိုခန့်မှန်းတွက်ဆနိုင်သည့် အကောင်းဆုံးအထောက်အထားများပင်ဖြစ်သည်။ ထိုအထဲ
တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲရှိအာသောကရာမတိုက်လည်း ပါဝင်နေသည်။

အာသောကရာမတိုက်အတွင်း ဝင်လိုက်သည်နှင့် ကြီးမားသော မဟာ ရံတံတိုင်းနှစ်ထပ် ကို တွေ့မြင်နိုင်ပြီး အရပ်လေးမျက်နှာ ဝင်ပေါက်များတွင် ဘုံငါးဆင့်အုတ်ပြာသာဒ်ကြီးများဖြင့် တင့်တယ်ခံ့ညားစွာ မြင်တွေ့နိုင်သည်။ 
 
ဝင်ပေါက်အုတ်ပြာသာဒ်များ ဘေးတွင် ကျောင်းတိုက် ကမ္ပည်းကျောက်စာ အချို့ကိုတွေ့မြင်လေ့လာနိုင်သည်။ ကျောင်းဝင်းအတွင်း သရက်ကင်း အုတ်လှေကား ၁ဝ စင်း ကို တွေ့မြင်နိုင်ပြီး ယခင်ကကျောင်း တိုက် ကြီး၏ ကြီးကျယ်ခံ့ညားမှုကို ခန့်မှန်းတွက်ဆ နိုင်သည်။
အုတ်လှေခါးများမှာ မြေပြင်မှ ၁၅ ပေခန့် အထိမြင့်ကာကြည့်ရသူတိုင်း အသော ကရာမ တိုက်၏ ကြီးကျယ်သောမှုကို အံ့သြရသောရှေးဟောင်း လက်ရာများပင်ဖြစ်သည်။ 
 
အာသောကရာမတိုက်မှာ ဘိုးတော်ဗဒုံမင်းက လှူ
ဒါန်းထားသောကောင်းမှုဖြစ်သည်။ ပထမဆုံး ဆရာတော်ဖြစ်သည့် သာသနာပိုင်မောင်း ထောင်ဆရာတော် အရှင်ဥာဏဘိဝံသဖြစ် ကြောင်း သိရသည်။

အမရပူရခေတ် ကျောင်းတိုက် တည်ဆောက်စဉ်က တိုင်ပေါင်း ၄၄၂ တိုင်ပါရှိပြီး အုတ်လှေကား ၁ဝ စင်းကိုလည်း အတွင်း အပြင်ရွှေပိန်းချ ထားခဲ့ကြောင်း သိရသည်။ ကျောင်း ရှေ့အတွင်း မုခ်တံခါး တောင် ဘက်တွင် ရွှေပြာသာဒ်တော်တစ်ဆောင်း အရှေ့မြောက်ထောင့် တွင် ရေကန်ကြီးတစ်ကန်၊ ကျောင်းတော်အတွင်း ဆွမ်း စားကျောင်း ကိုလည်း ကွန်းငါးစင်နှင့် လေး ထပ်ဆောင်းပြီး ရွှေပိန်းထည့် တည်ဆောက်ကာ သက္ကရာဇ် ၁၁၅၁ ခုနှစ် တပေါင်းလဆန်း ၁၄ ရက် စနေနေ့တွင် ဗဒုံ မင်းတရားကိုယ်တိုင် ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့သို့ ရောက်သည်နှင့် အမရပူရ ခေတ် ဘိုးတော် ဗဒုံမင်း တရားကြီးကောင်းမှု ဖြစ်သော အသောကရာမတိုက်ရှိ ရတနာဘုံ ကျော်ကျောင်းတော်ကြီး၏ ကြီးမားခံ့ညား ပုံကို လက်တွေ့လေ့လာနိုင်သည်။
တိမ်တမန်

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်အတွက် ယူရိုခုနစ်သောင်းခွဲတန် ပင်ဂွင်းငှက် ၁၀ ကောင် ဝယ်ယူမည်

ဂျပန်တိရိစ္ဆာန်ရုံတစ်ခုမှ ပင်ဂွန်းများ ဓာတ်ပုံ - Daily Mail
 
 နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် ပြသရန် ဂျပန်နိုင်ငံမှ ယူရိုခုနစ်သောင်းခွဲတန်ဖိုးရှိ ပင် ဂွင်းငှက် ၁၀ ကောင်ဝယ်ယူမည် ဟု သတင်းရရှိသည်။

ဂျပန်နိုင်ငံ ကိုဘေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှ ပင်ဂွင်းငှက် ၁၀ ကောင် (အထီး၊ အမ ငါးစုံ) ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီစဉ်မှုဖြင့် ထူးကုမ္ပဏီက ဝယ်ယူခြင်း ဖြစ်ပြီး  ဇန်နဝါရီလဆန်းတွင် ရောက်ရှိမည်ဟု နေပြည်တော် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေး မှူး ဦးသိန်းစိုးအေးက ပြောသည်။

နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် ထားရှိသည့် ပင်ဂွင်းငှက်များ သေဆုံးသွားသည့်အ တွက် ပြသရန် အသစ်ပြန်လည် ဝယ်ယူခြင်းဖြစ်ပြီး ပင်ဂွင်းငှက်တစ်ကောင်လျှင် ယူရိုငွေ ၇,၅၀၀ကျသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းပင်ဂွင်းငှက်များသည်လက်တင်အမေရိကနိုင်ငံနှင့် ပစိ ဖိတ်သမုဒ္ဒရာများတွင် နေထိုင် ကျက်စားသည့်အတွက် မူရင်း ဒေသနှင့် ကိုက်ညီသည့် ရာသီဥတုအတိုင်း ပြင်ဆင်ထားရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အရင်နှစ်ကြိမ် ဝယ်ယူထား ပေမယ့် သူတို့ကိုထားတဲ့နေရာက နည်းပညာလိုအပ်ချက်ကြောင့် သေဆုံးကုန်တယ်။ အဲဒီအတွက် အသစ်ပြန်လည်ဝယ်ယူတာ။ ဒီတစ်ခေါက် ရောက်လာတဲ့အ ကောင်တွေကိုတော့ သူ့နေရင်း ဒေသအတိုင်း ထားရှိသွားမယ်’’ ဟု ၎င်းက ပြောသည်။

နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ကို ၂၀၀၈ တွင် စတင်ဖွင့် လှစ်ခဲ့ပြီး နို့တိုက်သတ္တဝါ ၃၈ မျိုး၊ ကျေးငှက် သတ္တဝါ ၃၄ မျိုး၊ တွား သွားသတ္တဝါကိုးမျိုး တိရစ္ဆာန် စုစုပေါင်း ၈၁ မျိုးထားရှိပြသထား ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/story/49390

ဆရာတော် ဦးဗုဓ် ဇာတိမြေသို့


နန်းမတော် မယ်နုအုတ်ကျောင်းနှင့် ပုံစံဆင်တူသည့် နှစ်ထပ်အုတ်ကျောင်းကြီးတစ်ခုကို ကျွန်တော်တို့ စိတ်ဝင်စားစွာကြည့်ရှုနေကြသည်။ ဆရာတော် ဦးဗုဓ်၏ ဇာတိမြေ ညောင်ကန်ရွာ၏ အပြင်ဘက် လယ်ကွင်းများအကြားမှ သစ်ရိပ်များညို့နေသည့် ခြံဝင်းကျယ်ကြီးတစ်ခုအတွင်းတွင် တည်ရှိနေသည့် အဆိုပါ အုတ်ကျောင်းသို့ ညောင်ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ကိုပြည့်ဖြိုးအောင်က ဆိုင်ကယ်ဖြင့် ကျွန်တော့်ကိုလိုက်ပို့ခဲ့သည်။

ညောင်ကန်ရွာ အုတ်ကျောင်းသည် အင်းဝတွင် နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းခဲ့သည့် အောင်မြေဘုံစံ အုတ်ကျောင်းခေါ် မယ်နုအုတ်ကျောင်း နှင့် ပုံသဏ္ဌာန်ဆင်တူကာ လှေကားများက မယ်နု အုတ်ကျောင်းမှ လှေကားခုံများနှင့် ပုံစံတူပြုလုပ် ထားသည်။ ယင်းအုတ်ကျောင်းကို ဒေသခံများက ဒုတိယ မယ်နုအုတ်ကျောင်းဟု ဆိုကြသော်လည်း နန်းမတော် မယ်နုအုတ်ကျောင်းထက် သေးငယ်သည်။

ကျွန်တော်တို့သည် ထိုအုတ်ကျောင်းအောက်သို့ခေါင်းငုံ့၊ ခါးကုန်းကာ ဝင်ကြည့်ကြရပါသည်။ ကျောင်း တိုက်အောက်တွင် လိုဏ်ဂူကဲ့သို့အခန်းများ ပြုလုပ် ထားသည်ကိုတွေ့ကြ ရသည်။ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည့် ဆရာတော်များ တရားအားထုတ် ခဲ့သည့် နေရာများဖြစ်နိုင်ကြောင်း လိုက်ပို့သူများက ရှင်းပြခဲ့သည်။ ယခုအခါတွင် ထိုကျောင်းတိုက်ကြီး၌ ရဟန်းတစ်ပါးသာ သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရှိရပြီး ထိုဆရာတော်ကိုလည်း မတွေ့ခဲ့ရပါချေ။ ယင်းကျောင်းကို မည်သူတည်ဆောက်ခဲ့သည်ကိုလည်း တိကျစွာ မသိရှိခဲ့ရပါချေ။

ညောင်ကန်ကျေးရွာသည် မြန်မာ့ကြေးခေတ် တူးဖော်မှု အထောက်အထားများကြောင့် ရှေးဟောင်း သုတေသန ပညာရပ်နယ်ပယ်တွင် ထင်ရှားသောနေရာ တစ်ခုဖြစ်သည်။ ထို့အတူပင် ဗုဒ္ဓသာသနာတော်တွင် နေအသွင် လအသွင် ထွန်းတောက်ခဲ့သည့် ဗုဓ် သုံးဗုဓ်တွင် တစ်ပါးဖြစ်သည့် ဆရာတော် ဦးဗုဓ်၏ မွေးရာဇာတိမြေအဖြစ်လည်း ထင်ရှားလှပေသည်။ထေရဝါဒ ဗုဒ္ဓသာသနာတွင် မြတ်စွာဘုရားရှင် ဗုဒ္ဓ၊ အဋ္ဌကထာကျမ်းပြု ဆရာတော် ရှင်မဟာဗုဒ္ဓဃောသ နှင့် ညောင်ကန် ဦးဗုဓ်တို့အား ဗုဓ်သုံးဗုဓ်ဟု တင်စား ခေါ်ဝေါ်ကြသည်။

  ညောင်ကန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့၏ အနောက်တောင်ဘက် ငါးမိုင်အကွာ ချင်းတွင်းမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသည်။ဘုတလင်မြို့မှ ကနီမြို့တစ်ဖက်ကမ်းအထိရောက် သည့် ကတ္တရာလမ်းဘေးတွင်
တည်ရှိသည်။ညောင်ကန်ကျေးရွာသို့ ရှေးဟောင်းသုတေသန လေ့လာခရီးစဉ်တစ်ခုအဖြစ် ကျွန်တော်ရောက်ရှိခဲ့ သည်။ ရန်ကုန်မှ စီးလာသော အဝေးပြေးမော်တော်ယာဉ် သည် မုံရွာသို့ နံနက်စောစောရောက်ရှိခဲ့ပြီး မုံရွာတွင် ခေတ္တနားပြီး နံနက် ၈ နာရီမှ ပြန်လည်ထွက်ခွာ လာခဲ့သဖြင့် ဘုတလင်သို့ နံနက် ၁ဝ နာရီတွင် ရောက်ရှိသည်။ ဘုတလင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ဝင်ပြီးမှ ညောင်ကန်သို့ ဆက်လက်ထွက်ခွာခဲ့ရာ နေအတော်မြင့်မှ ညောင်ကန်သို့ ရောက်ရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနမှ လက်ထောက်ကထိက ဦးစိုးမင်းအောင် ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ထူးချွန်ဒုတိယနှစ် ကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဝိဇ္ဇာ ပထမနှစ်သင်တန်းသားများ၏ ဘုတလင် မြို့နယ်၊ ညောင်ကန်ကျေးရွာ မြန်မာ့ကြေးခေတ် နယ်မြေသို့ ကွင်းဆင်းလေ့လာရေးခရီးအတွက် လိုအပ် သည်များ စီစဉ်ဆောင်ရွက်နိုင်ရန် ညောင်ကန်သို့ ကြိုတင်ထွက်ခွာလာခဲ့ကြသည်။ ကျွန်တော်သည် ထိုအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။
ကျွန်တော်တို့အား ညောင်ကန်ရွာမှ ဦးစိုးမြင့် အောင်နှင့် ညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှ ကိုပြည့်ဖြိုးအောင်တို့က စောင့်ကြိုနေကြသည်။ညောင်ကန်ရောက်သည်နှင့် ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို စီစဉ်ကြရသည်။ ကျောင်းသား ကျောင်း သူများ တည်းခို ၊ နေထိုင်၊ စားသောက်၊ ကွင်းဆင်းရာ တွင် အစစ အဆင်ပြေစေရန် ကြိုတင်ဆောင်ရွက်ကြ ရသည်။ လုံခြုံရေးအတွက် ဘုတလင်ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးအား ကျောင်းသားများတည်းခိုမည့် ညောင်ကန်ကျေးရွာ တွဲဖက် အထက်တန်းကျောင်းတွင် ခရီးစဉ်ပြီးဆုံး ချိန်အထိ တာဝန်ချထားပေးသည်။

ကြိုတင် လုပ်ဆောင်ထားရမည့်ကိစ္စများ ဆောင်ရွက်ကြပြီး နောက် တစ်ရက်တွင် ညောင်ကန်ရွာ အပြင်ရှိ အင်းဝနန်းမတော် အုတ်ကျောင်းနှင့် ပုံစံတူ ဆောက်လုပ်ထားသည့် အုတ်ကျောင်းကြီးကို သွားရောက် လေ့လာကြပြီးနောက် ဆရာတော်ဦးဗုဓ် ဖွားမြင်သန့်စင်ခဲ့ ရာ နေရာသို့သွားခဲ့ကြသည်။ ဆရာတော် ဖွားမြင်ရာ မြေနေရာတွင် ''ဆရာတော် ဦးဗုဓ်ပြတိုက်'' ကို ဖွင့်လှစ် ထားသည်။ ညောင်ကန်ရွာအတွင်း ရွာလမ်းမပေါ်တွင် ရှိသည့် ပြတိုက် အဆောက်အအုံအတွင်း၌် ဘုရားရှင်ရုပ်ပွား တော် တစ်ဆူသာ တွေ့ရသည်။

ဆရာတော် ဦးဗုဓ် ပြတိုက်သည် ဆရာတော်ရှိစဉ်က အဆောက်အအုံ မဟုတ်ဘဲ ဆရာတော်ဖွားမြင်ခဲ့သည့် နေရာအား အစဉ်အဆက် ထိန်းသိမ်းခဲ့ကာ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ကို ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း၊ သာခေါင်ရပ်ဟု ခေါ်ဆိုကြောင်း သိရှိခဲ့ရသည်။ဆရာတော်၏ အသုံးအဆောင်များသည် ဆရာတော် ငယ်စဉ်က သီတင်းသုံးခဲ့သောကျောင်းတွင် အနည်း အပါးကျန်ရှိကြောင်း ဦးစိုးမြင့်အောင်က ရှင်းပြသည်။
ညောင်ကန်ကျေးရွာသည် ရှေးအခါက ဗဒုံကျေးလက် တွင် တည်ရှိခဲ့သောရွာကြီးတစ်ရွာဖြစ်ကာ ညောင်ကန်ရွာ ဇာတိ ဆရာတော်ဦးဗုဓ်က မိမိကိုယ်တိုင်ပြုစုခဲ့သော ပါဠိသဒ္ဒါ ပဒရူပသိဒ္ဓိ နိဿယကျမ်းစာနိဂုံးတွင် ပါဠိ ဘာသာဖြင့် မွေးရပ်မြေ ညောင်ကန် ရွာအကြောင်း ရေးသားခဲ့သည်။ မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်။

''ဖားသည် မြွေကို၊ ကြွက်သည် ကြောင်ကို၊ သမင်သည် ကျားကို အောင်မြင်ရာဖြစ်၍၊ ကပိလရှင်ရသေ့၏ ကျောင်း သင်္ခမ်းရာမြေနှင့်တူသော၊ ရန်သူတို့သည် မအောင်အပ်သော ဤမြေအရပ်၌ ညောင်ဗုဒ္ဓဟေပင် ပေါက်ရောက်ပြီ။ ဗောဓိအနီး မုစလိန္ဒအိုင်နှင့်တူ၍ ရေများစွာရှိသော ကန်ကြီးသည် ဖြစ်လတ်လေပြီ။ ထို ဗောဓိညောင်နှင့်ရေကန်တို့ကိုအမှီပြု၍ ခပ်သိမ်းသော ပြည်ကြီး အင်္ဂါနှင့် ပြည့်စုံသော ပြည်ကြီးသည် ရှေးက ဖြစ်ခဲ့ဖူးပြီ။ ထိုပြည်ကြီးသူတို့၏ ကောင်းမှုကုန်ခြင်းကြောင့် ပျက်စီးလတ်သော် ထိုညောင်ကန် ဟူသော အမည်ဖြင့် ထင်ရှားလှသော ရတနာမျိုးစုံနှင့်ပြည့်စုံသော နိဂုံး (ညောင်ကန်ရွာကြီး)သည် ဖြစ်လတ်လေပြီ'' ဟူ၍ ဖြစ်သည်။

ဆရာတော် ဦးဗုဓ်လောင်းလျာ သားငယ်ကို အဘ ဦးအိုနှင့်အမိ ဒေါ်မွှေးတို့က မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ အင်္ဂါနေ့တွင် ရှေးအခါက ဗဒုံဟုခေါ်ခဲ့ သည့် မြန်မာပြည်အထက်ပိုင်း၊ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ သာခေါင်ရပ်၌ မွေးဖွားသန့်စင်ခဲ့သည်။မွေးဖွားချိန်တွင် လမင်းကို ရာဟု ငပုပ် ဖမ်းချိန်ဖြစ်နေသောကြောင့် မိဘများက မောင်ပုပ်ဟု အမည်ပေးခဲ့သည်။ မောင်ပုပ် အသက်ရှစ်နှစ် အရွယ်တွင် ညောင်ကန်ရွာ အနောက်တိုက်ခေါ် ရတနာမဉ္ဇူတိုက် ဘုန်းတော်ကြီး ဦးပြေထံတွင် စတင်ပညာသင်ယူခဲ့သည်။မောင်ပုပ်သည် ကလေး သူငယ် ကျောင်းသားအရွယ် ကပင် ဉာဏ်အလွန်ထက်မြက်ခဲ့သည်။

စာတစ်ပုဒ်၊ အကြောင်းအရာ တစ်ခုကို သုံးကြိမ်ကြားရလျှင် အကုန် မှတ်မိသည်ဟု ဆိုသည်။ ကျောင်းမှ အိမ်သို့ ပြန်လာတိုင်း သင်အံထားသော စာတစ်ပုဒ်ကို ရွတ်အံသွားမြဲဖြစ်ကာ အိမ်ရှေ့ရောက်၍ စာကမပြီးဆုံးသေးလျှင် တံခါးတိုင်ကို မှီလျက် စာဆုံးအောင်ရွတ်ဆိုပြီးမှ အိမ်အတွင်းသို့ ဝင်လေ့ ရှိသည်။ မောင်ပုပ်သည် အသက် ၁၃ နှစ် အရွယ်အထိ ဆရာတော်ဦးပြေထံတွင် ပညာသင်ယူခဲ့ပြီးနောက် ဆရာတော်ဦးပြေက ကျောင်းနီးချင်းရဟန်း ဦးသာပုံထံ အပ်နှံပေးခဲ့သည်။

ဆရာတော် ဦးသာပုံက ဥာဏ်ပညာ အလွန်ထက်မြက်သည့် မောင်ပုပ်သည် တစ်ချိန်ချိန်တွင် လျှမ်းလျှမ်းတောက် ထင်ရှားလာမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ကို ကြိုတင်တွက်ဆမိသည့်အတွက် မောင်ပုပ် ကို မောင်ဗုဓ်ဟု အမည်ပြောင်းပေးခဲ့သည်။ ဆရာတော် ဦးသာပုံကျောင်းမှာပင် မောင်ဗုဓ်သည် ရှင်သာမဏေ အဖြစ်သို့ရောက်ရှိခဲ့ပြီး ဆရာတော် ဦးသာပုံက တပည့် ဖြစ်သူအား ဇမ္ဗူတစ်လွှား၊ တံခွန် အလား ထင်ရှားပေါ်လွင် မည့် နိမိတ်ကိုယူလျက် ''ရှင် ဇမ္ဗူ့ဓဇ'' ဟူသော ဘွဲ့အမည် ကို ပေးခဲ့သည်။
ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် စာပေ လိုက်စားမှုကို အထူးဝါသနာ ထုံခဲ့ရာ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ ကုဋီဝင်ချိန်များမှလွဲ၍ စာနှင့်မျက်နှာခွာ သည်မရှိဟု ဆိုကြသည်။ စာဖတ်လျှင် ဖတ်၊ မဖတ်လျှင် စာရေးနေလေ့ရှိသည်။ ရှင်ဇမ္ဗူ့ဓဇသည် ၁၁၆၉ ခုနှစ်တွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၁၈၂ ခုနှစ်တွင် ညောင်ကန် ဂိုဏ်းအုပ်ဖြစ်လာခဲ့ကာ ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် တွင် စာသင်သား ၁ဝဝ ကျော်တို့ကို စာပေကျမ်းဂန် အဖြာဖြာကို ပို့ချခဲ့သည်။

၁၁၉၂ ခုနှစ်တွင် အင်းဝမဟာအောင်မြေဘုံစံ အုတ်ကျောင်း ပထမဆရာတော် ဦးပိုး ပျံလွန်ခဲ့ပြီး ဘကြီး တော်(စစ်ကိုင်းမင်း) နှင့် မိဖုရား နန်းမတော်မယ်နုတို့က နေပြည်တော် အင်းဝရှိ မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီးအား ကပ်လှူခဲ့သဖြင့် ဆရာတော် ဦးဗုဓ်သည် ဒုတိယ အုတ်ကျောင်းဆရာတော်အဖြစ် အင်းဝသို့ ပြောင်းရွှေ့ကာ နန်းမတော်မယ်နုအုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် စကား၌ လည်းကောင်း၊ တရား၌လည်းကောင်း အပြောအဟော နည်းပါးပြီး စာပေပရိယတ္တိကို မပြတ်မလပ် ကြည့်ရှု ခြင်း၊ ပို့ချခြင်း၊ ကျမ်းပြုခြင်းဖြင့်သာ အချိန်ကုန်လွန် လေ့ရှိသည်။ ပေတစ်ချပ်ကို သုံးကြိမ်ကြည့်လျှင် အာဂုံရ သည်ဟု ဆိုကြသည်။

ရဟန်း နှစ်ဝါအရတွင် ဝိနည်း ငါးကျမ်းကို အာဂုံရခဲ့သည်။ သက်တော် ၅၅ နှစ်တွင် သာယာဝတီမင်းနှင့် နန်းမတော်မိဖုရားခေါင်တို့ ဆက်ကပ်လှူဒါန်းခဲ့သည့် အမရပူရမြို့၊ မင်္ဂလာဘုံကျော် ကျောင်းတွင် ပျံလွန်ခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် ရဟန်း ဝါ ၃၅ ဝါအတွင်း ပါဠိ မြန်မာကျမ်းပေါင်း ၅၄ ကျမ်း ရေးသားစီရင်ခဲ့သဖြင့် သာသနာတော်နှင့်လောကအား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူးဖြစ်သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်၌ ဗုဓ်အစ (ဗုဒ္ဓ ဘုရားရှင်) ၊ ဗုဓ်အလယ် (ရှင်မဟာ ဗုဒ္ဓဃောသ) နှင့် ဗုဓ် အဆုံး (ဦးဗုဓ်) ဟု ဆိုရိုး ရှိခဲ့သည်။ဆရာတော် ဦးဗုဓ်က နန်းမတော်မယ်နုအား သူမ၏ ဘဝနောက်ဆုံးအချိန်တွင် ပြောကြားဆုံးမခဲ့သည့် စကားတစ်ခွန်းသည် မြန်မာ့သမိုင်းတွင် အလွန်ထင်ရှား ခဲ့သည်။

၁၂ဝ၂ ခုနှစ်(၁၈၄ဝပြည့်နှစ် မေလ)တွင် နန်းမတော် မယ်နုကို ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုဖြင့် သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့သည်။ မယ်နုအား စီရင်မည့်နေ့တွင် နန်းမတော်မယ်နုသည် မြို့ဝန်နှင့် ပါးကွက်သားများထံ သူမသေမီ ဆရာတော် ဦးဗုဓ်အား နောက်ဆုံး ဖူးမြော်ခွင့်ပေးရန် တောင်းခံခဲ့ သည်။ ဆရာတော် ဦးဗုဓ်ကျောင်းသို့ ရောက်သောအခါ ဆရာတော်က စာကြည့်နေခိုက်ဖြစ်သည်။ မယ်နုက ဆရာတော်ကို ဦးချကာ '' သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်းခံရပါတော့မည်၊ ဤနေ့ကား ဆရာတော် ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ခြင်း ဖြစ်ပါ ကြောင်း'' ဟု လျှောက်တင်ခဲ့သည်။
ဆရာတော်က စာကြည့်နေရာမှ နန်းမတော်မယ်နု ရှိရာသို့ မျက်နှာမူလိုက်ပြီး ''မိနု၊ သူ့ြေ<ွကးရှိလျှင်ဆပ်ရ လိမ့်မည်'' ဟု အမိန့်ရှိပြီးသည်နှင့် ကျောင်းအမ မယ်နုသည် ဆရာတော်ဦးဗုဓ်ကို ရှိခိုးဦးချကာ ကျောင်း ပေါ်မှ ဆင်းခဲ့ပြီး ပါးကွက်သားများ ခေါ်ဆောင်ရာ နောက်သို့ ရဲရဲကြီးလိုက်ပါသွား ခဲ့တော့သည်ဟု စာရေး ဆရာ ညိုမြကသူ၏ ကုန်းဘောင်ရှာပုံတော်ဝယ် သံဝေဂ ရဖွယ် ရေးသားထားပေသည်။

ဆရာတော်ဦးဗုဓ် ပြတိုက်မှအပြန်တွင် ညောင်ကန် ရွာတွင် ဆရာတော်ဦးဗုဓ်ငယ်စဉ်က သီတင်းသုံးခဲ့သည့် ကျောင်းသို့ ကျွန်တော်တို့သွားခဲ့ကြသည်။ ဆရာတော် ဦးဗုဓ် သီတင်းသုံးခဲ့သည့် ကျောင်းနေရာတွင် ခြေတံ ရှည် နှစ်ထပ်သစ်သားကျောင်းကြီးတစ်ခုကို မြင်တွေ့ ကြရသည်။ ကျောင်းပေါ်သို့တက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြပြီးနောက် ဆရာတော်က ကျောင်းအတွင်း လိုက်လံပြသခဲ့သည်။ ယင်းသစ်သား ကျောင်းကြီးသည် ဆရာတော် ဦးဗုဓ် သီတင်းသုံးခဲ့စဉ်က ကျောင်းဟောင်းမှ သစ်သားတိုင်များကို ပြန်လည် အသုံးပြုကာ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျောင်းဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့သည်။
ကျောင်းပေါ်တွင် ဆရာတော်ဦးဗုဓ်၏ အသုံး အဆောင်အချို့ကို ဖူးတွေ့ရသည်။ ဆရာတော်၏ စာတိုက်၊ ဆရာတော်သုံးစွဲခဲ့သည့် မီးအိမ်တို့ကို တွေ့ရှိခဲ့ရသည်။ ဆရာတော်၏ စာတိုက်သည် သစ်သားကို အလွန်လက်ရာမြောက်စွာ ထွင်းထုထား သည့် ရှေးခေတ်ဗီရို ဖြစ်ပြီး ပေစာများသိမ်းဆည်းရန် ဖြစ်ပေသည်။ ဆရာတော်၏ ကွမ်းအစ်၊ ဆင်စွယ်ကမ္မဝါ စာတို့ကို ထည့်ထားသော မှန်ဗီရိုအထဲတွင် ဗုဒ္ဓဆင်းတု တော်တစ်ဆူကို တွေ့ကြရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ဝန်းကျင်၊ ကုန်းဘောင် ခေတ်အတွင်း စစ်ကိုင်းမင်းနှင့် သာယာဝတီမင်းတို့ ကိုးကွယ်ခဲ့သော သီလ၊သမာဓိ၊ ပညာဂုဏ်များ အထူး ထင်ရှားခဲ့သည့် ဆရာတော် ဦးဗုဓ်ငယ်စဉ်က ပညာသင် ယူခဲ့သည့် စာသင်တိုက်ကျောင်းရှိရာသို့ ရောက်ရှိခဲ့ရ သည့်အတွက် ကျွန်တော်များစွာ ကျေနပ်နေမိပါသည်။နှစ်ထပ်ကျောင်းကြီးပေါ်ရှိ ဆရာတော်၏ ပုံတော်ကို ရှိခိုးကန်တော့ပြီး ကျောင်းတိုက်မှ ပြန်ဆင်းလာခဲ့ချိန် တွင် ဆရာတော် ဦးဗုဓ်၏ '' သူ့ကြွေးရှိလျှင်ဆပ်ရလိမ့် မည်'' ဟူသည့် သံဝေဂတရားမိန့်မှာစကားကို ကြားနေရ သကဲ့သို့ ခံစားမိခဲ့ပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)

https://www.facebook.com/mwdmedia/posts/857911690992637

ပျံသန်းနိုင်တဲ့ ကလေးငယ် ဓာတ်ပုံစီးရီး



Alan Lawrence လို့အမည်ရတဲ့ ဘလောဂါ တစ်ဦးမှာ ကလေး ၆ ယောက်ရှိပါတယ်။ ယင်း ၆ ဦးထဲမှာ ကလေးငယ်လေး တစ်ဦးမှာ Down Syndrome ရှိနေပါတယ်။ မွေးရာပါ ဥာဏ်ရည်နိမ့်ကျတဲ့ ရောဂါ တစ်မျိုး ဖြစ်တာကြောင့် သူတို့လေးတွေဟာ အင်မတန် သနားဖို့ ကောင်းပါတယ်။

ယခုလဟာဆိုရင် ယင်းကဲ့သို့ Down Syndrome ဖြစ် ကလေးငယ်နဲ့ လူများကို မေတ္တာဂရုဏာထားတဲ့ လတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် ကမ္ဘာ အရပ်ရပ်မှာ campaign များ ပြုလုပ်ကြပါတယ်။ blogger Alan ကနေပြီးတော့ သူ့ရဲ့ ကလေးကို လေပေါ် ပစ်ချည်ပြီးတော့ Wil Can Fly ဆိုတဲ့ ဓာတ်ပုံစီးရီးကို ပြုလုပ်ပါတယ်။ သူ့သားလေးဟာ Wil လို့ အမည်ရ ပါတယ်။ 

သူတို့ လေးတွေဟာ ချို့ယွင်းချက်ရှိနေတာ မဟုတ်ပဲ သာမန်လူသားတွေထက် ထူးခြားကောင်းမွန်ကြောင်းကို ပေါ်လွှင်စေရန် အိုင်ဒီယာနဲ့ ကလေးငယ် ပျံသန်းနေတဲ့ ဓာတ်ပုံများစွာကို ပုံစံရအောင်ယူပြီးတော့ ကြိုးစား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ယင်း ဓာတ်ပုံများကို ပြန်လည် စုစည်းပြီးတော့ ပြက္ခဒိန် ပြုလုပ်ပေးခဲ့ရာ ဝယ်ယူသူ အော်ဒါမှာသူများစွာ ရှိလာခဲ့ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/posts/971595986216987
 
 
 https://www.facebook.com/YoYarLay/posts/971595986216987

အဆွယ်ကောင်းလို့



တခါက တိုင်းပြည် တစ်ပြည်ရဲ့ ပြည်နယ် တစ်ခုမှာ အုပ်ချုပ်ရေးမှုး တစ်ဦးရှိတယ်။ သူဟာ အရွေးမခံရခင်က ပြည်နယ် သူ/သားတွေ အပေါ် ထားတဲ့ ကတိတွေကို အကောင်အထည် ဖေါ်ပေးခြင်း မရှိပါ။ တနေ့ တော့ သူဟာ သေဆုံးသွားခဲ့ပါတယ်။

သေပြီဆိုရင်ဘဲ သူ့ ကို ငရဲပြည် နဲ့  နတ်ပြည် ဘယ်ဟာကြိုက်လဲ ကြိုက်တဲ့ နေရာသွားလို့ ရတယ်ဆိုပါတယ်။ ဒါပေမယ့် မသွားခင် တနေရာမှာ တရက်စီ နေပြီး လေ့လာစေပါတယ်။ ပထမနေ့မှာတော့ ကမ္ဘာမြေကြီး အတွင်းထဲက ငရဲပြည်ကို ဓါတ်လှေကားနဲ့ ခေါ်သွားပါတယ်။ ဓါတ်လှေကားလည်း ဖွင့်လိုက်ရော စိမ်းလန်း လှပတဲ့ ဂေါက်ကွင်းရယ် ဂေါက်ရိုက်ပြီး စားရင်း သောက်ရင်း နားဘို့ စားသောက်ဆိုင်လို အဆောက်အဦး တစ်ခုရယ် တွေ့ ရတယ်။

ပိုလို့ ထူးခြားတာက အခြား ပြည်နယ်တွေက အုပ်ချုပ်ရေးမှုး အချို့ဟာ ရောက်နှင့်နေပြီးသူ့ ကို ဆီးကြို ကြတာပါဘဲ။ ဒါနဲ့ သူတို့ အားလုံးဟာ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောလိုက် ဂေါက်ရိုက်လိုက် စားလိုက် သောက်လိုက်နဲ့ ပျော်စရာပါဘဲ။ အချိန်ကျလာတော့ ပျော်တာတွေ ရပ်ပြီး ပြန်ဘို့ ဓါတ်လှေကားထဲ ပြန်ဝင်ရပါတယ်။ သူ့ မိတ်ဆွေတွေက နုတ်ဆက် ကြတယ်။ ဒါပေမဲ့ ခေါင်းတွေကတော့ တရမ်းရမ်း ဖြစ်နေတယ်။

အဲအစီအစဉ် အတိုင်း နောက်နေ့ မှာတော့ နတ်ပြည် လေ့လာရေး ခရီး စပါတယ်။ နတ်ပြည်ရောက်တော့ အသိအကျွမ်းလည်း မတွေ့ ရဘူး ဒါပေမယ့် လှပတဲ့ တိမ်ဆိုင် တိမ်တောင်တွေကြားမှာ အင်မတန် နူးညံ့ ကောင်းမွန်တဲ့ ဂီတသံ နားဆင်ရင်းနဲ့ ပြန်ရမယ့် အချိန် ရောက်လာပါတယ်။

ဒါနဲ့ ဘဲနတ်ပြည် နဲ့ ငရဲပြည်ရွေးဘို့ အချိန်ကျလာပါပြီ၊ နတ်ပြည်က သာယာ အေးဆေးတယ်။ ဒါပေမဲ့ ပျော်စရာ မကောင်းဘူး၊ အပေါင်းအသင်းတွေလည်း မရှိဘူး၊ ငရဲပြည်မှာက ပျော်စရာ ကောင်းတယ်။ ငရဲမင်းကလည်း ငရဲမင်းသာဆိုတယ် ဖော်ရွေ ခင်မင်စရာ ကောင်းတယ် ဒါကြောင့် ငရဲပြည်ကိုဘဲ သွားမယ် ပြောလိုက်ပါတယ်။ အဲဒါ နောက်နေ့ မှာ ငရဲပြည်ကို ပို့ လိုက်ပါရော။

ဓါတ်လှေကား တံခါး ဖွင့်လိုက်တာနဲ့သူ့အပေါင်းအသင်းတွေကို မယုံနိုင်စရာတွေ့လိုက်ရတယ်။
အဝတ်အစားတွေက စုတ်စုတ်ပြတ်ပြတ်တွေနဲ့တွေ့ကရာ ကောက်စားနေတဲ့သူတွေ အရိုက်အနှက် ခံနေရတဲ့သူတွေကို တွေ့လိုက်ရတယ်၊ ငရဲမင်းသားကလည်း သူ့ကို ဓါတ်လှေကားထဲက ကြမ်းကြမ်း လာဆွဲထုတ်တော့တာပါဘဲ။

"လုပ်ကြပါအုံး၊ ဘယ်လိုဖြစ်တာလဲ၊ ဟိုနေ့ကလိုလည်း မဟုတ်တော့ပါလား" လို့ သူက ပြာပြာသလဲ မေးလိုက်တယ်။

ငရဲမင်းသားက ဖြေလိုက်ပုံကတော့
"အဲဒီနေ့က မင်းကို ငရဲပြည် လာချင်အောင် ဆွယ်တာလေကွာ"

Photo Ref : allbusinessideas
လူပိန်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817

“စိတ်ညစ်ရင် ရေချိုးပါ (ပါနီယဇာတ်)”


             
တခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု
ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့အုပ်တစ်ခုကိုဖြတ်သန်းသွားရမှာပါ။ အဲဒီတောအုပ်ထဲမှာဓားပြသူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့
လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖ နှစ်ယောက်လာရင်သား ကိုဖမ်းပြီး၊အဖေလုပ်သူကို အိမ်ပြန်ပြီး
ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်းဆရာကိုဖမ်းပြီး၊ တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။
ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက
“ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့။
ဘာမှ မတော်ဘူးလို့ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့တောထဲ ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။တွေ့တော့
သားအဖနှစ်ယောက်ကိုဖမ်းပြီး “သင်တို့ဘာတော်သလဲ”လို့ မေးတော့ သားလုပ်တဲ့ သူက “ဘာမှ မတော်ဘူးလို့”ပြန်ဖြေလိုက်ပါတယ်။ဒီတော့ သားအဖနှစ်ယောက်တောအုပ်ကထွက်ခွင့်ရပြီး၊ ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။နားရမယ့်နေရာ မှာနားပြီး ညချမ်းရောက်တော့ရေချိုးပါတယ်။ရေချိုးပြီး တော့စိတ်ကော၊ရုပ်ကောကြည်နေတဲ့အတွက် သားဖြစ်သူ ကမိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့တာကိုပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး“ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ”ဆိုပြီးရပ်လျက် ၀ိပဿနာ ပွားလိုက်တာ “ပစ္စေကဗုဒ္ဓါအရှင်မြတ်”ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို
တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။
-【ငါးရာ့ငါးဆယ်၊ပါနီယဇာတ်】

ရေချိုးလိုက်လို့ တရားထူး၊တရားမြတ် ရသွားတာတော့မဟုတ်ပါဘူး။ အတိတ်ပါရမီ တွေကြောင့် ရသွားတာပါ။ဒါပေမယ့်ရေချိုး လိုက်တာလည်း တရားထူးရဖို့
အထောက်အပံ့ တစ်ခုဖြစ်သွားတာပါ။ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါ ကြည်နေပါတယ်။
စိတ်ရုပ် ကြည်နေတဲ့အတွက် တရား အားထုတ်ရတာလည်းပိုပြီးအဆင်ပြေသွားပါတယ်။ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာ ဆိုတော့စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒါက ၀တ္ထု သာဓကလေးကို ကိုင်ပြောတာပါ။စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ
“ပညာပွားကြောင်း (၇)ပါး” ကို ပြထားပါတယ်။အင်္ဂါ(၇)ပါးမှာ ဒုတိယအင်္ဂါက ဉာဏ်ပညာ ပွားဖို့အတွက်
ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းစင်ကြယ်အောင်လုပ်ပေးပါ တဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်းအကျယ်ပြန်ရှင်းပြထားပါတယ်။ ဆံပင်တွေ ရှည်နေမယ်၊ခြေသည်းလက်သည်းတွေရှည်နေမယ်၊ခန္ဓာကိုယ်မှာ ချွေးတွေ၊ကြေးတွေ ကပ်နေမယ်၊
ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ဒါဟာ “အတွင်းဝတ္ထု” မသန့်ရှင်းတာပါ။

နောက်ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊အိပ်ရာ၊ခြင်ထောင်၊စောင်၊ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်။ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ
ဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊စာအုပ်တွေ ပြန့်ကျဲနေမယ်။အမှိုက်တွေ ရှိနေမယ်။
ဒါဟာ “အပြင်ဝတ္ထု” မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်း၊ကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင်စိတ်ရှုပ်လာပါလိမ့်မယ်။စိတ်ရှုပ်လာရင် ဉာဏ်အမြင်
မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာမပျော်ရွှင်တော့ပါဘူး။

ဒါကြောင့်ဆံပင်တွေ ရှည်နေမယ်၊ရှုပ်ထွေးညစ်ပတ် နေမယ် ဆိုရင် ညှပ်စရာရှိတာညှပ်၊
လျှော်စရာရှိတာလျှော်ပေးရမယ်။ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။
ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ခန္ဓာကိုယ်ထဲ မှာလေဆိုးတွေ ၊ အပူအပုပ် တွေရှိနေရင်နားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ဆေး စသည်
စားပြီး ခန္ဓာကိုယ်ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက “အတွင်းဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။နောက်အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊
အနံ့အသက်ဆိုးတွေ ရှိနေရင် လျှော်ပေးရမယ်။စောင်တွေ၊ခြင်ထောင်တွေ ၊ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေကို
လျှော်စရာရှိတာလျှော်၊နေလှန်းစရာရှိတာ လှန်းပြီးပေးရပါမယ်။အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့်ရှင်းရေးလုပ်ပေးရပါမယ်။ဒါက “အပြင်ဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။

ကိုယ်တွင်း၊ကိုယ်ပ သန့်ရှင်းနေရင်စိတ်ကြည်လင်လာပါ လိမ့်မယ်။ စိတ်ကြည်လင်လာရင်
ဉာဏ်ပါကြည်လင်လာတော့တာပါ။

တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ကျောင်းသူကျောင်းသားကော၊ကိုယ်တွင်းကိုယ်ပသန့်ရှင်းအောင်ဂရုတစိုက်လုပ်ပေးနေရပါမယ်။
 
ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲချွေးသံ တရွှဲရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး
ထိုင်လို့ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ခေါင်းမလျှော်ပဲ ဆံပင်ဖွာလန်ကြဲနဲ့ တရားထိုင်တာ
ဘယ်ဟာက ပိုပြီးစိတ်ကြည် လင်မလဲ?အထူးပြောနေစရာမလိုတော့ပါဘူး
သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင် ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။
ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင်လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင်ရေချိုးထားရင်စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက်ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့လည်း
ပိုကောင်းနေပါလိမ့်မယ်။ကိုယ်က ဒီသဘောလေးတွေကိုအာရုံပြုပြီး ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းအောင်မကြာခဏ လုပ်ပေးနေရပါမယ်။စိတ်ချမ်းသာနေရင်
တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။
အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီးအသစ်နဲ့ လဲလိုက်ပါ။
ပြီးတော့ ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသားအ၀တ်လေးကို ၀တ်လိုက်ပါ။

✤အားလုံးပြီးတာနဲ့အသစ်လဲပြီသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယ
ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊မျက်လုံးလေးမှိတ်၊လက်အုပ်ကလေးချီပြီး
ငါးပါးသီလ ကို ယူလိုက်ပါ။
✤တစ်ဆက်တည်းပဲ“မြတ်စွာဘုရား၊ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို
သီတင်းသုံးတော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာ
အားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။
✤စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန်စံပြီးပြီ
ဆိုတော့တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ်အင်အားကို ယူတာပါ။
စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ် လို့နှလုံးသွင်းထားရမှာပါ။

✤အားလုံးပြီးရင်လက်အုပ်ချီထားတာလေး ချပြီး
“အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊၀ိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါ။”
ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။မယုံရင်စမ်းကြည့်ပါ။

စာရေးသူလည်း စိတ်ညစ်လာရင်ဒီနည်းအတိုင်းပဲ လုပ်တာပါ။
ဒါဆိုစိတ်ညစ်တာပျောက်သွားတာ များပါတယ်။

ကိလေသာမကင်းသရွေ့တော့ စိတ်တွေကအခါအားလျှော်စွာ ညစ်နေရဦးမှာပါ။
စိတ်ညစ်တာကို ညစ်တဲ့အတိုင်း မထားဘဲ၊ကိုယ်နှစ်သက်တဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။
ရေချိုးလိုက်တာ ကတော့သိပ်ပြီးမခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေး
တစ်ခုလုပ်ထား လိုက်ဖို့ပါ။

“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊
စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော်မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင်
“အထုံ” ဖြစ်သွားပါလိမ့်မယ်။ အထုံ ဖြစ်သွားရင် စွဲသွားတာများပါတယ်။ကောင်းတဲ့အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို
သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့အပြုအမူကစွဲသွားတတ်ပါတယ်။ မကောင်းတာစွဲသွားရင် ဖြတ်ရတာ
ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီးအကုသိုလ်မကင်းတဲ့အပြုအမူတွေ စွဲသွားတဲ့သူတွေ
အများကြီးပါ။ တွေ့ဖူး၊ မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကိုဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူကကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက်ပါလား”စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင်ကိုယ့်အတွက် အများကြီးနစ်နာသွားနိုင်ပါတယ်။

ကဲထားပါတော့။
❖တစ်ယောက်ယောက်ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းလို့ ကိုယ် အကြံတောင်းတဲ့ သူက
“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့။ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့်
ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ်ရဦးမှာပါ။နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ
အဖတ်တင်တာပါ။

❖စိတ်ညစ်တဲ့အခါ ထွက်ပေါက်မျိုးစုံတော့ ရှိနေကြမှာပါ။အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက်လည်း ဖြစ်၊
ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထားလိုက်ဖို့ပါ။

❖တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။
စိတ်ညစ်တာလည်း အမြဲတည် မနေနိုင်ပါဘူး။ကာလတစ်ခုပါပဲ။
ကိုယ်ကမမြဲတဲ့ သဘောတရားလေးကိုသေချာ သဘောပေါက်ပြီး စိတ်ညစ်တာကို
အကြောင်းပြုပြီး၊ထွက်ပေါက်အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊
မလုပ်ချင်သည် ဖြစ်စေ ပေတေ လုပ်နေလိုက်ပါ။ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုး လဲတာ၊
ဘုရားသောက်တော်ရေ လဲတာ၊ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို
မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်းရပါသေးတယ်။
စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ်အမြတ်ထွက်အောင် လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်းပျောက်သွားရော ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့အခါ
ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့ ပါသွားတော့မှာပါ။ အထုံဝါသနာဆိုတာ
နောက်ဘ၀အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်းကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ဒါဆိုရင် နိဗ္ဗာန်နဲ့လည်းတဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ကြုံလာတဲ့ အာရုံကိုအကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ပါ။
ဒါကိုကိုယ်ကအလေ့အကျင့်ဖြစ်အောင် လေ့ကျင့်၊လေ့ကျင့်ထားဖို့ပါ။လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။
နောင်ဆိုရင်အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။
ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊တိပိဋက မင်းကွန်းဆရာတော်။

(ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏“စိတ်ညစ်ရင်ရေချိုးပါစာအုပ်”စာမျက်နှာ၂၀မှ-၂၉
အထိ ကောက်နှုတ်ကူးယူ ပူဇော်မျှဝေပါသည်။)
အလင်းတန်းဂျာနယ်(၇.၉.၂၀၀၉)
 

ကွန်ပျူတာရဲ့ Mouse အကြောင်း



ဒီ Mouse က ကြွက်မဟုတ်ပါဘူး။ ကွန်ပျူတာရဲ့ Mouse ဖြစ်ပါတယ်။ သေးငယ်ပေမဲ့ ကလစ်နှိပ်ရတဲ့ Mouse ရဲ့ အစွမ်းဟာ အရမ်းအရေးပါ ပါတယ်။ Mouse ကြောင့် ဂိမ်းဆော့ရတာ လွယ်ကူလာသလို Facebook ပေါ်မှာ Like လုပ်ရတာ လည်း အဆင်ပြေပါတယ်။

ဒါပေမဲ့ ဒီအရေးပါ အရာရောက်လှတဲ့ Mouse ရဲ့ ကနဦးအစကတော့ နည်းနည်းကြမ်းတမ်းပါတယ်။ အခုခေတ်မှာ လူသားတွေသုံးစွဲနေရသလို အဆင်ပြေပြေသက်တောင့် သက်သာတော့မဟုတ်လှပါဘူး။ Mouse ရဲ့ အဓိကအစိတ်အပိုင်းကတော့ Trackball လို့ခေါ်တဲ့ အောက်ဘက်က ဘောလုံးလေးဖြစ်ပါတယ်။

ဒီဘောလုံးဟာ အလွန်ရှုပ်ထွေးတဲ့ စနစ်တစ်ခုနဲ့ ချိတ်ဆက်ထားပြီး ဒီစနစ်က ဘောလုံးရဲ့ ရွေ့လျားမှုကို အာရုံခံပါတယ်။ ဒါကြောင့် ဘောလုံးရွေ့လျားတဲ့ အတိုင်းစကရင်ပေါ်က Cursor ဟာလည်းရွေ့လျားနေတာဖြစ်ပါတယ်။ အခုခေတ် လူအတော်များများကတော့ ဒီ Trackball ကိုသိကြတော့မှာမဟုတ်ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Mouse တွေက လေဆာအလင်းရောင်ကို အသုံးပြုထားတာဖြစ်ပါတယ်။

ပထမဦးဆုံး Mouse ကိုတီထွင်ခဲ့တဲ့သူကတော့ Douglas Engelbart ဖြစ်ပါတယ်။ ကိုယ်ထည်က သစ်သားကို အသုံးပြုထားပြီးတော့ ဘီးအသေး ၂ ခုပါဝင်ပါတယ်။ အဲ့ဒီအချိန်တုန်းက Mouse တွေဟာ စတုရန်းပုံတွေဖြစ်ပြီး အခုလို ကိုင်ရတာ သက်တောင့်သက်သာမရှိပါဘူး။ ၁၉၉၁ ခုနှစ်ရောက်တော့မှ ကွေးညွတ်ပြီး ကိုင်ရလွယ်တဲ့ Mouse တွေစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
 
 https://www.facebook.com/ayesaycommm/posts/456609761177801

ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသားရဲ့ လက်သည်းတွေ ပြတိုက်လှူတော့မယ်



ကမ္ဘာ့လက်သည်းအရှည်ဆုံးလူလို့ သတ်မှတ်ရမယ့်သူတစ်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်တစ်ဘက်ပေါ်က ဒီလက်သည်းတွေကို ပြတိုက်တစ်ခုကိုလှူဖို့အတွက် ၁၉၅၂ခုနှစ်ကတည်းက မညှပ်ဘဲ အရှည်ထားခဲ့တာဖြစ်တယ်လို့ သူကပြောသွားပါတယ်။

အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယအမျိုးသား Shridhar Chillal ဟာ သူကျောင်းနေစဉ်ကတည်းက သူ့ရဲ့ဘယ်ဘက်လက် လက်သည်းတွေကို အရှည်ထားခဲ့တာပါ။ အလွန့်အလွန်ရှည်လျားတဲ့ လက်သည်းတွေကြောင့် အလုပ်နဲ့ ချစ်သူကို ရှာဖို့အခက်တွေ့ခဲ့ပေမဲ့ မလျှော့သော ဇွဲနဲ့ ထားခဲ့တာဖြစ်တဲ့အတွက် လေးစားဖို့တော့ ကောင်းပါတယ်။ သူဟာ အခုဆိုရင် Guinness မှတ်တမ်း (၂၀၁၆ တည်းဖြတ်မှု) မှာ လက်တစ်ဖက်တည်း ကမ္ဘာ့ လက်သည်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရပါပြီ။

ဘာကြောင့်များ လက်သည်းတွေကို ရှည်သည်ထက်ရှည်အောင်ထားခဲ့ရတာလဲလို့ မေးကြည့်လိုက်တော့ “ကျွန်တော် ကျောင်းသားဘ၀တုန်းက၊ တစ်ရက်ကျတော့ ကျွန်တော်တို့ဆရာက ကျွန်တော်တို့ကို အရမ်းရိုက်တော့တာပဲ။ ကျွန်တော့်သူငယ်ချင်းကြောင့် သူ့လက်သည်းကျိုးသွားလို့လေ။ ဆရာ့ လက်သည်းကလည်း အရှည်ချည်းရယ်။ ဆရာရယ် လက်သည်းလေး ကျိုးသွားတာနဲ့ ဘာလို့များဒီလောက်တောင် ရိုက်ရတာလဲလို့ မေးကြည့်တော့ မင်းတို့မှ လက်သည်းအရှည်တစ်ခါမှ မထားဖူးတာ၊ ဘယ်နားလည်မလဲတဲ့။ လက်သည်းအရှည်မထားဖူးဘဲနဲ့တော့ ဒီလက်သည်းတွေကျိုးမသွားအောင် ဂရုစိုက်ရတာမျိုးကိုလည်း နားလည်မှာမဟုတ်ဘူး။” လို့ Shridhar ကပြောပြပါတယ်။ အဲ့ဒီ့အချိန်ကစပြီး သူဟာ ဆရာနဲ့ စိန်ခေါ်ပြီး လက်သည်းရှည်တွေ ထားခဲ့တော့တာပါပဲ။

သူ့ရဲ့လက်သည်းအရှည်ပေါင်းဟာ ၉၀၉ ဒဿမ ၆ စင်တီမီတာရှိပြီး လက်မက ၂မီတာနဲ့ အရှည်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

အတိုက်အခံဖြစ်ခဲ့ရပုံတွေကတော့ “ပထမတော့ ကျွန်တော့် မိသားစုဝင်တွေက အတိုက်အခံလုပ်ခဲ့တယ်။ ပြီးတော့ ဆရာတွေရောပဲ။ ကျွန်တော့်လက်သည်းတွေကို နောက်တစ်ခေါက် ဘယ်တော့မှမညှပ်ဘူးလို့ ဆုံးဖြတ်ချက်က ချထားပြီးသားလေ။” လို့ သူကပြောပြပါတယ်။

“ကျွန်တော့်နေ့စဉ်ဘ၀ရဲ့ နေရာတိုင်းလိုလိုမှာ အခက်ကတော့တွေ့တာပဲ။ ကျွန်တော်မိသားစုက လုံးဝကို မကြိုက်တာ။ ကျွန်တော့်အ၀တ်တွေ ဘယ်သူမှလည်းမလျှော်ပေးတော့ လက်တစ်ဖက်တည်းနဲ့ပဲ လျှော်ခဲ့ရတာပေါ့။ အလုပ်ရှာဖို့ဆိုတာကလည်း အခက်သား။ ကျွန်တော့်ကို အလုပ်ခန့်မယ့်သူ တစ်ယောက်မှမရှိဘူး။”
“ကျွန်တော် အိမ်ထောင်ပြုမယ့်အရွယ်ရောက်တော့၊ ကျွန်တော်နဲ့ ဘယ်သူမှ အိမ်ထောင်မပြုချင်ကြဘူး။ အမျိုးသမီး ၁၀ ယောက်ကနေ ၁၂ယောက်လောက်ထိ တွေ့ဖူးတယ်။ အမျိုးသမီးဘက်က သဘောတူမယ်လုပ်တော့ သူ့မိဘတွေက သူ့လည်ပင်းညှစ်သတ်မယ်ဆိုပြီး ငြင်းတယ်။ မိဘတွေက သဘောတူပြန်တော့၊ ဒီလောက်ညစ်ပတ်တဲ့သူတစ်ယောက်ကို လက်မထပ်နိုင်ဘူး ဖြစ်ပြန်ရော။” ဆိုပြီး အမျိုးသမီးတွေနဲ့ ချိန်းတွေ့ဖို့အခက်တွေ့ပုံတွေကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူ အိမ်ထောင်ကျခဲ့ပါတယ်။ အသက် ၂၉နှစ်မှာ ညီဖြစ်သူရဲ့ ခယ်မဖြစ်တဲ့သူနဲ့ အိမ်ထောင်ပြုခဲ့နိုင်တာပါ။

Shridhar ဟာ ဓာတ်ပုံပညာကို နှစ်သက်ပြီး အလုပ်အနေနဲ့လည်း အချိန်တစ်ချို့ကို လုပ်ကိုင်ဖြတ်သန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ သူ့ရဲ့လက်သည်းတွေကို ညှပ်ပြီး ပြတိုက်တစ်ခုမှာ ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့လဲဆိုတာကိုတော့ သူက လျှို့ဝှက်ထားလို့ မသိခဲ့ရပါဘူး။

( Skyler )
http://www.searchmyanmar.com/link/comment/cid/54377

လူငယ်တွေအနေနဲ့ ကင်ဆာရှိနေပြီလားဆိုတာ သိနိုင်မယ့် အရိပ်လက္ခဏာများ


ကင်ဆာရောဂါခံစားရတဲ့ လူငယ် သုံးပုံတစ်ပုံနီးပါးလောက်ဟာ ကင်ဆာရဲ့ ရောဂါလက္ခဏာတွေကို မသိရှိကြတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေရောက်မှ ရောဂါရှိနေပြီဆိုတာ သိကြရတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

  ဗြိတိန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အသက် ၁၃ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၂၅၀၀ လောက်ဟာ ကင်ဆာ ရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။ ကင်ဆာဟာ လူငယ်တွေသေဆုံးရတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပြီး ဗြိတိန်မှာ ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း သေဆုံးသူယောင်္ကျားလေး စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်း နဲ့  မိန်းကလေးစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း တို့ ဟာ ကင်ဆာရောဂါကြောင့်ဖြစ်ပါတယ်။

ကင်ဆာရောဂါရဲ့ အရိပ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် စောစောစီးစီးကုသမှုခံယူနိုင်ပြီး အသံအိုးကင်ဆာ၊သိုင်းရွက်ကင်ဆာလိုမျိုး တစ်ချို့ ကင်ဆာရောဂါတွေဟာ သင့်တော်တဲ့ကုသမှုခံယူမယ် ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာဟာ လူငယ်တွေမှာအဖြစ်နည်းတာကြောင့်၊ လူငယ်တွေဟာ ဒီကင်ဆာအရိပ်လက္ခဏာတွေကို တခြားသာမန်ဖျားနာမှုမျိုးရဲ့ လက္ခဏာတွေအဖြစ် မှားယွင်းသတ်မှတ်ကြလေ့ ရှိတယ်လို့ သိရပါတယ်။ ကင်ဆာရဲ့လက္ခဏာတွေဖြစ်နိုင်ပြီး လျစ်လျူမရှုသင့်တဲ့ ရောဂါလက္ခဏာတွေကတော့

၁။ နာကျင်ကိုက်ခဲခြင်း - အကိုက်အခဲပျောက်ဆေးတွေသောက်ရုံနဲ့ မပျောက်ကင်းတတ်တဲ့ နာကျင်ကိုက်ခဲမှုမျိုးကို သတိထားသင့်ပါတယ်။

၂။ အသားပို၊အဖုအထစ်များ - ခန္ဓာကိုယ်မှာ အသီးအဖုလေးတွေ တွေ့ ရပြီဆိုရင် ချက်ချင်းဆရာဝန်နဲ့ ပြသင့်ပါတယ်။

၃။ အလွန်အကျွံမောပန်းနွမ်းနယ်ခြင်း - နိုးနိုးကြားကြား မနေနိုင်လောက်အောင် ပင်ပန်းနွမ်းနယ် နေတတ်တာကလည်း ကင်ဆာရဲ့ နိမိတ်တစ်ခု ဖြစ်နိုင်ပါတယ်။

၎။ ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားခြင်း - ကိုယ်အလေးချိန် ပေါင်တော်တော်များများ ကျဆင်းသွားရင်လည်း စစ်ဆေးပြသသင့်ပါတယ်။

၅။ မှဲ့ တွေ ပြောင်းလဲသွားခြင်း - မှဲ့ တွေ အရောင် ဒါမှမဟုတ် အရွယ်အစားပြောင်းလဲသွားတယ် ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကင်ဆာဖြစ်တဲ့ လူငယ် ၈၄ ရာခိုင်နှုန်းလောက်ဟာ ကင်ဆာပျောက်ကင်းခဲ့ပြီး၊ ဆယ်ကျော်သက်အရွယ် တွေဟာ ဦးနှောက်အကျိတ်ကင်ဆာမှာ ကလေးအရွယ်နဲ့ လူကြီးအရွယ်တွေထက် အသက်ရှင်ပျောက်ကင်းမှုနှုန်း ပိုများပါတယ်။
TrendMyanmar

http://www.searchmyanmar.com/link/comment/cid/54378

သင့်အချစ်တော်ခွေးနဲ့အတူ ကောင်းမွန်တဲ့ selfie ပုံများရိုက်နိုင်စေဖို့ ကူညီပေးမယ့် ဖုန်းအပိုပစ္စည်း


ခွေးချစ်သူတွေအတွက် သတင်းကောင်းပါပဲ။ ခွေးတွေနဲ့အတူကောင်းမွန်တဲ့ selfie ပုံတစ်ပုံရဖို့ မလွယ်ကူလှပါဘူး။ ခွေးတွေဟာ အာရုံတည်ငြိမ်မှု ရှိဖို့ ခက်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒီထူးဆန်းတဲ့ ပစ္စည်းလေးက ဒီအခက်အခဲကို ဖြေရှင်းပေးပါလိမ့်မယ်။

ဒီ ပလပ်စတစ်နဲ့လုပ်ထားတဲ့ အပိုပစ္စည်းလေးဟာ တင်းနစ်ဘောလုံးတစ်လုံးကို ဖုန်းမှာချိတ်ဆွဲနိုင်စေပါတယ်။ ဒါလေးကိုတပ်ပြီး သင့်အချစ်တော်ခွေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ခွေးဟာ တင်းနစ်ဘောလုံးကို အာရုံစိုက်နေမှာဖြစ်တာကြောင့် selfie ပုံများကို လွယ်ကူကောင်းမွန်စွာ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

Pooch Selifie လို့ခေါ်တဲ့ ဒီအပိုပစ္စည်းလေးကို Kickstarter ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ သူတို့ရဲ့အမြင့်ဆုံးဝင်ငွေကို အမေရိကန်ဒေါ်လာ ၇၀၀၀ လောက်ရနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် အားပေးသူများလှတာကြောင့် ခုချိန်မှာ ခန့်မှန်းထားတာထက် ၃ ဆ ကျော် (ဒေါ်လာ ၂၆၀၀၀) ဖိုး အမှာစာများ ရရှိပြီးပါပြီ။ ပစ္စည်းတစ်ခုကို ၁၃ ဒေါ်လာ နဲ့မှာယူနိုင်ပြီး ဒီဇင်ဘာလအစောပိုင်းလောက်မှာ မှာယူသူများထံရောက်ရှိမယ်လို့ ဆိုပါတယ်။
  https://www.facebook.com/ayesaycommm/posts/456803904491720
 https://www.facebook.com/ayesaycommm/posts/456803904491720
Related Posts Plugin for WordPress, Blogger...