စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကောင်းမွန်တဲ့ အလုပ်ကိုလုပ်တိုင်း မျက်နှာမငယ်ပါနဲ့



တစ်ချို့ကတော့ ထင်ကြတယ်။ နိမ့်ကျတဲ့ အလုပ်၊ ဆင်းရဲတဲ့ အလုပ်၊
ငွေနည်းနည်းပဲရပြီး ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ရင် မျက်နှာ
ငယ်ရမှာပဲ ဆိုပြီးတော့ပေါ့။ တကယ်တော့ မိမိကိုယ်ကိုယ်ပဲ ယုံကြည်မူ အပြည့်အဝထားကာ အလုပ်လုပ်စေ လိုပါတယ်။ ဘယ်အလုပ်မဆို ဂုဏ်ရှိပါတယ်။ ကုမ္ပဏီကြီးမှာ လုပ်ရမှ၊ ငွေများများ ရတဲ့ အလုပ်ကို လုပ်ရမှ ဆိုပြီးတော့ မျက်နှာငယ်စရာ မရှိပါဘူး။

အလုပ်ဟာ အလုပ်ပါပဲ။ အလုပ်ကို အလုပ်လိုပဲ မြင်ပါ။ မိမိအလုပ်ကို မိမိမှ တန်ဖိုးမထားဘူးဆိုရင် ဘယ်သူမှလဲ မိမိအလုပ်ကို တန်ဖိုး ထားပါ့မလဲ။
လူရယ် အလုပ်ရယ်၊ အလုပ်ရယ် လူရယ် တွဲနေပါတယ်။ တစ်ခါတစ်ရံ အလုပ်ကြောင့် မိမိကိုယ်ကိုယ် သိမ်ငယ်စိတ်လေး ဝင်ချင်ဝင်ပါ လိမ့်မယ်။ ဒါပေမယ့် စိတ်မထိခိုက်ပါနဲ့။ အများကြီးလည်း အမြင့်ကလူတွေကို ကြည့်ပြီးတော့ အားမကျပါနဲ့။ နိမ့်ကျတဲ့ သူတွေဆီကနေ သင်ခန်းစာ ယူပါ။

သေချာတာကတော့ ကောင်းမွန်တဲ့ အလုပ်ကို လုပ်တိုင်း မျက်နှာငယ်စရာ မလိုပါဘူး။ ကိုယ့်အလုပ်အပေါ် ကိုယ်ချစ်ဖို့ပဲ လိုပါတယ်။ အလုပ်က
ဘဝ ဘဝ ဟာလည်း အလုပ်ပါ။ ချစ်သော ညီငယ် မောင်မယ်တို့လည်း အလုပ်နဲ့ ဘဝ တည်ဆောက်နိုင်ကြပါစေ။

Photo By - cdn.shopify
ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...