စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label စားဖိုဆောင်. Show all posts
Showing posts with label စားဖိုဆောင်. Show all posts

အလေးမလေ့ကျင့်ခန်း ပြုလုပ်သော အမျိုးသမီးများ စိတ်ဓာတ်ပိုမိုကြံ့ခိုင်


သီတင်းတစ်ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်ခြင်းမှာ ဦးနှောက်၏ ကျန်းမာရေးကျဆင်းမှုကို တိုက်ဖျက်နိုင်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍သိသာကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ဦးနှောက်အတွင်းပိုင်း ဗဟိုနာ့ဗ်ကြောစနစ်၏ တစ်သျှူးတစ်မျိုး ဖြစ်သော White Matter အပေါ် မည်သည့်အားကစားနည်းကအကျိုး ပြုသနည်းဆိုသည်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှ အိုမင်းရင့်ရော် ခြင်း၊ လှုပ်ရှားမှုနှင့် အာရုံကြောသိပ္ပံဓာတ်ခွဲခန်းမှ ဒါရိုက်တာထရီဆာ လျူအမ်ဘရော့စ်နှင့်အဖွဲ့က လေ့လာခဲ့ကြသည်။

ယခင်က ဦးနှောက်နှင့် အာရုံကြောလေ့လာမှုများ၌ White Matter များတွင် ပွန်းပဲ့မှုများ (အပေါက်များ) ဖြစ်ပေါ်လာခဲ့ပါက မှတ်ဉာဏ်ဆိုင်ရာ ပြဿာနာများဖြစ်လာသည်ကို တွေ့ရှိထားပြီးဖြစ် သည်။ ယင်းအတွက် ခန္ဓာကိုယ်ကြွက်သားများကို ကြံ့ခိုင်တောင့်တင်းစေသော အလေးမခြင်းမှာ အသက်အရွယ်ကြောင့် ဦးနှောက်စွမ်းရည်ကျဆင်းမှုအပေါ် အပြုသဘော သက်ရောက်သလားဆိုသည်ကို အမ်ဘရော့စ်တို့အဖွဲ့က လေ့လာခဲ့ကြသည်။

လေ့လာမှုတွင် အသက် (၆၅) နှစ်မှ (၇၅) နှစ်ကြား အမျိုးသမီး ၁၅၅ ဦးပါဝင်ပြီး တစ်နှစ်ခန့်ကြာမြင့်ခဲ့သည်။
၎င်းတို့၏ လမ်းလျှောက်နှုန်းနှင့် တည်ငြိမ်မှုကို စမ်းသပ်ပြီး နောက်  အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့မှာ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းအတွက် ပေါ့ပါးသော အလေးမလေ့ကျင့်မှုတစ်ပတ် တစ်ကြိမ်လုပ်ကြသည်။ ဒုတိယအဖွဲ့မှာ တစ်ပတ်လျှင် နှစ်ကြိမ် အလားတူလေ့ကျင့်ကြသည်။ တတိယအဖွဲ့မှာ ပုံမှန်လေ့ကျင့်ခန်း များသာ လုပ်ဆောင်ကြသည်။

တစ်နှစ်ကြာမြင့်ပြီးနောက်တွင် ပထမအဖွဲ့နှင့် တတိယအဖွဲ့ တွင် ပါဝင်သူများ၏ ဦးနှောက်ထဲမှ White Matter များတွင် ပွန်း ပဲ့မှု(အပေါက်များ) များပြားလာသည်ကို တွေ့ရပြီး သီတင်းပတ်တစ် ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်သူများတွင် White Matter ပွန်းပဲ့မှုနည်းပါးသည်ကို သုတေသီများက တွေ့ရှိခဲ့ကြ သည်။

ယင်းအတွက် အလေးမခြင်းမှာ ဦးနှောက်၏ ဖွဲ့စည်းပုံကို အကျိုးပြုသော သက်ရောက်မှုရှိပြီး ယင်းသို့ဖြစ်စေရန် အနည်းဆုံး လိုအပ်သော လေ့ကျင့်မှုကိုမူ လုပ်ဆောင်ရန်လိုအပ်သည်ဟု လေ့လာမှုက ဖော်ပြနေသည်။                               
—Ref: AFP

http://www.7daydaily.com/story/49681

သဘာဝပုဇွန်ချဉ် လုပ်နည်း

ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ပေါင်ကြော်

ဝက်သားဟင်းထုပ်

ဆေးဖက်ဝင် ငပိရည်ဖျော်နည်း

ဆိမ့်ပြီးအရသာရှိလှတဲ့ ဒူးရင်းသီးမုန့်

"ဂျပန်ပြည်က မြန်မာဟင်း "

ခင်ပွန်းသည်နှင့်အတူ တွေ့ရသည့် မစ္စစ်ဖုမိအိဇုက (The Yomiuri Shimbun)

‘‘အရမ်းကောင်းပြီး အရသာသိပ် ရှိတာပဲ’’

ဂျပန်နိုင်ငံ အင်န်အိတ်ခ်ျကေရုပ်သံက တိုက်ရိုက်အသံလွှင့် အစီအစဉ်တစ်ခုမှာ ဘီရုမာဂျီရုဆို သည့် မြန်မာဟင်းကို မြည်းစမ်းလိုက်ရသော ဂျပန်လူရွှင်တော် ယုဆာဝါဘီက အားပါးတရ ပြော သည်။
ရုပ်သံကနေတစ်ဆင့် သူ့ ဟင်းကို တစ်နိုင်ငံလုံးသို့ ပထမ ဆုံးအကြိမ် မိတ်ဆက်တင်ပြလိုက် ရသည့် မြန်မာဟင်းချက်ပြုတ်သူ အသက် (၆၈)နှစ်အရွယ် မစ္စစ် ဖုမိအိဇုက,က ပီတိအပြုံးများဖြင့်လူရွှင်တော် ယုဆာဝါဘီကိုကြည့် နေသည်။

မြန်မာဟင်း ဆိုသည်မှာ ဟင်းပုံစံ အစပ်ဟင်းရည်တစ်မျိုး ဖြစ်ပြီး နွေရာသီမှာရရှိသည့် ဟင်း သီးဟင်းရွက်များဖြင့် ချက်ပြုတ် ထားပါသည်။

ဂျပန်နိုင်ငံ မာရှီကိုမြို့လေး၏ လက်ရာဟင်းတစ်ခုအဖြစ် လူသိများသည့် သည်ဟင်းလျာသည် အိဇုက မိသားစု၏ စစ်ပြီးခေတ်သမိုင်းကြောင်းက အခြေခံခဲ့ပါ သည်။
ဒုတိယ ကမ္ဘာစစ်တုန်းက မစ္စစ်ဖုမိအိဇုက၏ ယောက္ခမဖြစ် သူ ကီမိုနိုအထည်ဆိုင်ပိုင်ရှင် ဂျူနီချီသည် မြန်မာပြည်စစ်မြေပြင်မှာ စစ်မှုထမ်းခဲ့ရသည်။

စစ်အပြီး ဂျပန်ပြည်သို့ ပြန်လာသောအခါ သူက မြန်မာပြည် စစ်တွင်း အတွေ့အကြုံများကို ပြန်ပြောခဲ့သော်လည်း မြန်မာပြည်မှ စားခဲ့သည့် မြန်မာဟင်း၏ အရသာကိုမူ မမေ့နိုင်ခဲ့။

သူက မြန်မာဟင်းကို ဂျပန်မှာရသည့် ဟင်းချက်အဆာပလာ များနှင့် ဖန်တီးချက်ပြုတ်ခဲ့သည်။
သည်အကြောင်းက မြန်မာ ဟင်းဖြစ်လာရခြင်း အခြေခံဖြစ် သည်။
ဂျူနီချီက အသားကြိုက်သူ ဖြစ်၏။ ထို့ကြောင့် မြန်မာဟင်းကို ငါးအစား ဝက်သားနှင့်ချက်ပြီး ဒါရှီခေါ် ဂျပန်ဟင်းချက်မှုန့်များကို လည်း ထည့်ချက်၏။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံကလို ဟင်းခတ်မဆလာမရနိုင်သဖြင့် ဂျပန်ဟင်းချက်မှုန့်များကို အစားထိုးချက်ပြုတ်ခဲ့သည်။

သူက ထိုဟင်းချက်နည်းကို ဇနီးဖြစ်သူ တဆူနီကို (ယခုအချိန် မှာ အသက် ၉၁ နှစ်ရှိ)နှင့် သား အကြီးဆုံး၏ ဇနီး သူ့ချွေးမ မစ္စစ် ဖုမိတို့ကို လက်ဆင့်ကမ်းခဲ့၏။
ထို့ကြောင့် သည်ဟင်းက အိဇုက မိသားစု၏ ရိုးရာနွေရာသီ ဟင်းလျာဖြစ်လာခဲ့သည်။
အိဇုကမိသားစုကနေ မိတ်ဆွေသူငယ်ချင်းတွေဆီကို လက်ဆင့်ကမ်းပြီး မြန်မာဟင်းအဖြစ် အသိများလာသည်။

‘‘နွေရာသီမှာ သုံးလေးခါ လောက် ချက်စားကြတယ်။ အိမ် နီးချင်းတွေက ဟင်းသီးဟင်းရွက် တွေအများကြီးပေးကြတယ်လေ။ ဟင်းသီးဟင်းရွက်တွေကို ချက် ချင်တာနဲ့ သည်ဟင်းကို ချက်ဖြစ် တယ်။ ခရမ်းချဉ်သီးတွေကို အဲဒီ ထဲမှာ ချေပြီးထည့်ဖို့ကလည်း အရေးကြီးပါတယ်’’
စစ်ပြန်ဂျူနီချီ မြန်မာပြည် တွင် စားခဲ့ရသော ဟင်းကို ပြန် လည်ဖန်တီး ချက်ပြုတ်ထားတာမို့ ဂျပန်ဘာသာဖြင့် ဘီရုမာဂျီရူ (မြန်မာဟင်း)ဟု ခေါ်ခြင်းဖြစ်ပါ ၏။

ဒုတိယကမ္ဘာစစ်အပြီး နှစ် ပေါင်း ၇၀ မျှကြာသောအခါ သည်ဟင်းကို စားသောက်ဆိုင်နှင့် ကျောင်းများတွင် ရောင်းချနေကြ ပြီဖြစ်သည်။
အိဇုကမိသားစု နေထိုင်ရာ မာရှီကိုမြို့လေး၏ မူပိုင်ခွင့်မှတ်ပုံ တင်လည်း တင်ထားပြီး ဖြစ်ပါ သည်။
‘‘ကျွန်တော်တို့ မိသားစုမှာ စားတဲ့ဟင်းက ဒီမာရှီကိုမြို့လေး ကို လူသိလာအောင် လုပ်နိုင်တဲ့ အတွက် ဝမ်းသာပါတယ်’’ဟု မစ္စစ်ဖုမိ၏ခင်ပွန်း ဟီရိုရှီက ပြောပါသည်။

သူ၏ အစီအစဉ်ထုတ်လွှင့် အပြီးမှာ မစ္စစ်ဖုမိက ကွယ်လွန် သူ ယောက္ခမ ဂျူနီချီ၏ ဓာတ်ပုံရှိ ရာသို့သွားပြီး ကျေးဇူးတင်စကား ပြောခဲ့ပါသည်။

‘‘ကျေးဇူးပါအဖေ။ မြန်မာ ဟင်းက အခုတော့ နာမည်ကြီး သွားပါပြီ’’

မြန်မာဟင်းနှင့်ပတ်သက်ပြီး သတိတရပြောပြနေသည့် စစ်ပြန်ကြီး ဆုဆုမူဂိုမိဘုချီ (The Yomiuri Shimbun)

စစ်အတွင်း အလွမ်းပြေဟင်းလျာ
 နာဆုကာရာဆုရာမဒေသက အသက် (၉၇)နှစ်အရွယ် စစ်ပြန် ဆုဆုမူဂိုမိဘုချီကလည်း မြန်မာစစ်မြေပြင်၌ မြန်မာဟင်းကို စားဖူးခဲ့သူဖြစ်၏။
သူက ၁၉၄၃ တွင် စစ်တိုက်ဖို့ မြန်မာပြည်ကို ရောက်ခဲ့ပြီး လက်နက်နှင့် ကျည်ဆန်တွေကို တင်ပို့ရသော ကုန်တင်ကားကို မောင်းခဲ့ရသည်။

ထိုစဉ်က သူတို့အတွက် နေ့ စဉ်ဟင်းမှာ ကြီးမားသောအိုးကြီး များဖြင့် စစ်သားများကချက်ထား သည့် မြန်မာဟင်းဖြစ်သည်။

‘‘ကျွန်တော်တို့က ငါးကိုတုံး ခရမ်းချဉ်သီးရယ်၊ တခြားအသီး အရွက်တွေရယ်ရောပြီးချက်စား ကြတာ။ မီဆောဟင်းချိုကို စားရ သလိုပဲ။ စားလို့ကောင်းတယ်’’
မာရှီကိုမြို့က မြန်မာဟင်း အကြောင်းရေးထားသော သတင်းစာကိုဖတ်ရသောအခါ ဂိုမိဘုချီ က လွန်ခဲ့သော ၂ နှစ်ခွဲခန့်က အိဇုက မိသားစုဆီကို လာလည် ခဲ့သည်။

ထိုဟင်းကို သူ စားလိုက်ရ သည့်အခိုက်တွင် ယခင်စစ်ကာလအတိတ်ကို ပြန်သတိရသွားစေ သည်။
‘‘ဒါ ရှေ့တန်းမှာ ကျွန်တော် စားခဲ့ရတဲ့ အရသာအတိအကျပဲ။ မြန်မာပြည်ကို သွားရတဲ့ စစ်သား အားလုံး ဒီဟင်းကို စားဖူးကြ တယ်’’ဟု သူက ပြောပါသည်။
မြန်မာစစ်မြေပြင်မှာ အခြေ အနေ ဆိုးရွားလာသည့်အခါ သူ တို့လည်း မြန်မာဟင်းကိုပင် ကောင်းကောင်း အရသာခံမစား နိုင်တော့။

နေ့တိုင်း လူသေအလောင်း တွေကို မြင်နေရပြီး လူသေတွေကို မြှုပ်နှံခြင်းဖြင့်သာ အလုပ်များခဲ့ရသည်ဟု ဂိုမိဘုချီက စစ်တွင်းက မြန်မာပြည်အတွေ့အကြုံကို ပြန်ပြောပြပါသည်။
ယခု အနှစ် ၇၀ အကြာတွင် မစ္စစ်ဖုမိ မိသားစုက မြန်မာဟင်း ကို လူသိများလာအောင်လုပ်နိုင်ခဲ့ သဖြင့် သူက ချီးမွမ်းခဲ့ပါသည်။

‘‘သူတို့အနေနဲ့ သည်ဟင်း ကို ဆက်ပြီးလူသိများလာအောင် လုပ်သင့်တယ်။ ဒါမှ လူများများ စားလာပြီး ပိုသိလာကြမှာ’’

ဂျပန်ချက်သောဟင်းကို မြန်မာ ဘယ်လိုထင်ပါသလဲ
မြန်မာတွေကကော သည်ဟင်းက ဘယ်လိုပါလဲ။ တိုကျိုက‘မင်္ဂလာပါ’ မြန်မာစားသောက် ဆိုင်ကို ဖွင့်ထားသော ဒေါ်ယုယုဝေအား ထိုဟင်းကို မြည်းစမ်းကြည့်စေပါသည်။
သည်ဟင်းက ဂျပန်တွေအတွက် စပ်သော်လည်း သူ့အ တွက်တော့ ချိုနေသည်ဟု ဒေါ်ယုယုဝေက ပြောပါသည်။

‘‘ဒါက တကယ့်မြန်မာဟင်း ရဲ့ အရသာတော့ မဟုတ်ဘူး။ ဂျပန်စတိုင်ဖြစ်နေတယ်။ ဟင်းက အသီးအရွက်တွေနဲ့ ဒေရှိဂျပန် ဟင်းခတ်မှုန့်ကြောင့် ချိုနေတယ်။ အရသာတော့ ကောင်းပါတယ်။ ဂျပန်တွေအကြိုက်နဲ့ ကိုက်တာ ပေါ့’’

မြန်မာပြည်မှာတော့ သည် လိုဟင်းမျိုးကို ငါးခြောက်ကို အချဉ်အရသာ မန်ကျည်းသီးသုံး ကာ ချက်ပြုပြီး မဆလာခတ်တာ က ပိုလူကြိုက်များသည်ဟုဆိုပါ သည်။

သည်ဟင်းကို မြန်မာဟင်း လို့ ခေါ်သင့်သလား ဆိုတာက တော့ သူကသိပ်မသေချာပါ။
သို့သော်လည်း ‘‘သည်မြို့ကလေးကို သည်ဟင်းက လူသိများအောင် လုပ်ပေးနိုင်တာ ကောင်းပါတယ်။ ပြီးတော့ ဂျူနီချီအိဇုက ဟာ သူမှတ်မိတဲ့ အရသာလေးနဲ့ ပြန်ဖန်တီးချက်နိုင်တာလည်း တကယ်တော်ပါတယ်’’

(ယူမီယိုရှီရှင်ဘွန်းသတင်းစာပါ Burma soup's roots in memoryof Japan soliders ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆို သည်။)
http://www.7daydaily.com/story/41275 

ပုစွန်မရိုနီစ်ကင်




11428815_869322503156195_7819295133282842148_n

မိုးရာသီဆို ငယ်ငယ်တုန်းက အချိန်တွေကို ပြန်ပြီး သတိရမိပါတယ်။ မိုးရေထဲမှာ ဆော့ရတာရယ်၊ မေမေလုပ်ပေးတဲ့ သရက်သီးမျိုးစုံ စားရတာရယ် နောက်တစ်ခုကတော့ ပုစွန် အကောင်ကြီးကြီးတွေ ၀ယ်လို့ ရလာရင် မီးဖုတ်ကျွေးတာရယ်က အမှတ်အရဆုံးပါ။
မေမေရဲ့ ပုစွန်ကင်ကတော့ ပုစွန်တွေကို ရေဆေးပြီး ရိုးရိုးရှင်းရှင်း မီးသွေးမီးဖိုထဲ ထည့်လိုက်တာပါ။ ကျောင်းက ပြန်လာတဲ့အခါ ညစာအတွက် ပုစွန်မီးကင်တွေကို တွေ့ ရင် အရမ်းပျော်ခဲ့ရပါတယ်။
အဲဒီပုစွန်မီးကင်ကို အခွံခွာပြီး ပဲငံပြာရည်လေးနှင့်တို့ ထမင်းဖြူလေး…နှင့် တွဲစားရတာ အရမ်းကောင်းပါတယ်။ ပုစွန်ဆီန့ံမွှေးမွှေးလေးက ပြန်တွေးတိုင်း အခုထက်ထိ ရနေတုန်းပါပဲ။ တခါတလေ အဲလို ပြန်စားဖြစ်ပေမယ့် အဲတုန်းက အရသာကို ဘယ်လိုမှ ပြန်မရတော့ပါဘူး။

ကိုယ်စားဖူးတဲ့ ပုစွန်ကင်တွေထဲက အကြိုက်တွေ့ ခဲ့တာလေးကို သူငယ်ချင်းတွေကို ပြောပြချင်ပါတယ်။ အခုနည်းလေးကတော့ မီးသွေးမီးဖိုအစား Ovenနှင့် ကင်ထားတာပါ။ Ingredients တွေကိုလည်း ဖြည့်ထားပါတယ်။ အရသာကတော့ ဆိမ့်ပြီး မွှေးနေတာပါပဲ။

လွယ်ကူပြီး စားလို့ကောင်းလို့  စမ်းသပ်ကြည့်ပါနော်။

Ingredients:
ပုစွန်အကောင်ကြီးကြီး
ကြက်သွန်ဖြူ
Mayonnaise – မရိုနီစ်
ငရုတ်ကောင်းမှုန့် 
ငရုတ်သီးအစိမ်းမှုန့်
Oregano အနည်းငယ်
ဆား

Preparation Method:
၁) ပုစွန်တွေကို ရေဆေးပြီး ရေစစ်ပါ။ ခေါင်းက နှာမောင်းနှင့် လက်တံတွေကို ညှပ်ပါ။ မကွေးသွားအောင် ၀မ်းဗိုက်နေရာမှ အကြောတွေကို ဓားဖြင့် ဖြတ်ပြီး အလယ်ကို အသာဖိပါ။ (ပုစွန်ကို ဆန့်သွားအောင် နှိပ်ပေးပါ)
၂) ပုစွန်အခွံကို ကျောလယ်ကနေ အမြီးနားမရောက်ခင်အထိ ညှပ်ပါ။ ကျောက အမည်းကြောင်းကို ဖယ်ပါ။ လက်ဖြင့် အသာ ဖြန့်ပေးပါ။ ပြီးလျှင် ဆားအနည်းငယ်၊ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် ဖြူးပါ။
၃) ကြက်သွန်ဖြူကို သေးသေးနုပ်နုပ်စင်း Mayonnaise၊ ငရုတ်သီးအစိမ်းမှုန့်၊ငရုတ်ကောင်းမှုန့် အနည်းငယ်၊ Oregano အနည်းငယ်တို့ ထည့်ပြီး ရောမွှေပါ။ Oregano အစား တရုတ်နံနံပင်ကို အစားထိုး သုံးလို့  ရပါသည်။
၅) ကင်မယ့်ဗန်းထဲကို cooking sheet ခင်းပါ။ ပုစွန်ကျောထဲကို ပြင်ထားတဲ့ Mayonnaiseအရောကို ခပ်ထည့်ပြီး ဗန်းထဲ စီထည့်ပါ။
၆) Ovenကို အပူချိန် ၂၃၀ ဒီဂရီ ဖြင့် ကြိုပြီး အပူပေးပါ။ ပြင်ထားသော ဗန်းကို ထည့်ပြီး ၈~၁၀မိနစ်ခန့် ကင်ပေးပါ။ ပုစွန်ပေါ်မူတည်ပြီး အချိန်ညှိပါ။

ပူပူမွှေးမွှေး ပုစွန်ကင်တွေကို သံပုရာသီးစိပ်၊ နံနံပင်တို့ နှင့် အလှဆင်ပြီး စားလို့ ရပါပြီရှင်။

Credit: KaeKae’s FoodPalace
http://www.searchmyanmar.com/link/comment/cid/51785

ငါးဖယ် ဆီပြန်ဟင်းလျာ

    FishCake_Curry6
    ထမင်းမြိန်စေမယ့် ငါးဖယ် ဆီပြန်ဟင်းလေးပါ။ အရင်ဆုံး ငါးဖယ်ကို ကြော်ပြီမှ ကလဝေရွက်၊ သစ်ဂျပိုး၊ ဖာလာ၊ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ငါးဖယ်ကို ဆီပြန်လေး ချက်ထားတာပါ။ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန်တာမို့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
    ငါးဖယ်ကြော်ရန် ပါဝင်ပစ္စည်းများ
    • ငါးဖယ်ခြစ် – ၃၀ ကျပ်သား (ဆုံထောင်းဖြင့် ထောင်းထားပေးပါ)
    • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    • ကြက်ဥ (အကာ) – ၁လုံး

    • ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (ညက်အောင် ထောင်းပါ)
    • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
    • သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
    ဆီသပ်ရန် ပါဝင်ပစ္စည်းများ
    • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
    • ငရုတ်သီးစိမ်း –၂တောင့် (ထက်ခြမ်းခြမ်းပါ)
    • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
    • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
    • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
    • သစ်ဂျပိုး – ၁ခု
    • ဖာလာစေ့ – ၄စေ့
    • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
    • ကလဝေရွက် – ၁ရွက်
    • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
    • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ) (optional)
    One_Pack
    ကြော်နည်း
    ၁။ အရင်ဆုံး ပန်းကန်လုံးထဲ (ငါးဖယ်၊ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်၊ ဂျင်း) တို့ကို သမအောင် ရောနုယ်ပေးပါ။
    FishCake_Curry
    ၂။ ပြီလျှင် ပုံတွင်ပါသည့်အတိုင်း ငါးဖယ်ကို ၁လက်မခွဲအရွယ် အ၀ိုင်းပြားများ ပြုလုပ်ပေးပါ။ (ငါးဖယ် မကပ်အောင် လက်ကို ဆီသုပ်ပြီမှ ပြုလုပ်ပါ)
    FishCake_Curry1
    ၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးဖယ်များကို ရွှေညိုရောင် သန်းသည်အထိ ကြော်ပေးပါ။ ငါးဖယ်များ ဖောင်းတက်ပါလိမ့်မည်။
    FishCake_Curry2
    ၄။ ပြီနောက် ငါးဖယ်များကို ပန်းကန်တစ်ခုထဲတွင် ပြန်ဆယ်ထားပေးပါ။
    FishCake_Curry3
    ချက်ပြုတ်နည်း
    ၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ထည့်ပြီ ဆီပူလာလျှင် (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သစ်ဂျပိုး၊ ကလဝေရွက်၊ ဇီယာ၊ ဖာလာစေ့) တို့ကို ၁မိနစ်ခန့် ရောမွှေပေးပါ။
    ၂။ ပြီမှ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး တို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်မွှေပေးပြီ ရေ(၂ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ခရမ်းချဉ်သီးများ ပြဲသည်အထိ တည်ထားပါ။
    FishCake_Curry4
    ၃။ ခရမ်းချဉ်သီးများ နူအိလျှင် ရေတ၀က်ကျန်လျှင် ငါးဖယ်ကြော်၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ပြီ ဆီပြန်သည် အထိ ထပ်တည်ထားပါ။
    FishCake_Curry5
    ၄။ ငါးဖယ်ဟင်းဆီပြန်လာလျှင် အပေါ်မှ နံနံပင်အုပ်ပြီ အရသာရှိသော ငါးဖယ် ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ…
    FishCake_Curry6
     
     
    http://www.wutyeefoodhouse.com/?p=9852%2F

ကြက်ကင်ချစ်သူများအတွက် အရသာနှင့် ပြည်.စုံတဲ့ ယိုးဒယား ကြက်ကင် ပြုလုပ်နည်း


ယိုးဒယားကြက်ကင်ပြုလုပ်နည်းတွေ အများကြီးထဲက
ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ ကြက်ကင်လုပ်နည်းလေး
ဝေမျှပေးလိုက်ပါတယ်။ အားလပ်ရက်မှာ မိသားစုနဲ့တူ တူ အရသာရှိပြီး
သန့်ရှင်းလတ်ဆတ်တဲ့ကြက်ကင်လေးကို တူတူလုပ်စားကြည့်ကြရအောင်နော်။

## ပါဝင်ပစ္စည်းများ
• ကြက်တစ်ကောင် - ရှစ်ဆယ်သားခန့် (လေးစိတ်)
• Food Color လိမ္မော်ရောင် - အနည်းငယ်
• ယိုးဒယားပဲငံပြာရည် - စားပွဲဇွန်း ၄ ဇွန်း
• ခရုဆီ - ၄ ဇွန်း
• ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ယိုးဒယားကြက်ဆော့စ် - ပုလင်းသေးတစ်လုံး (ွှ့ငေ ခ့ငူငျကေခန)
.
## တွဲဖက်ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• မန်ကျည်းမှည့်
• ထန်းလျက်
• ဆား
• ငရုတ်သီးမှုန့်
• ဆန်လှော်မှုန့်
• ရှမ်းနံနံ
.
မန်ကျည်းမှည့်ရေစိမ် အစေ့ထုတ်ပြီး ထန်းလျက်ဖြင့်ရောကျိုပါ။ ပျစ်လာပြီ ဆိုလျှင် ဆား၊ ငရုတ်သီးမှုန့်ထည့်ပြီး

အရသာမြည်းက မီးဖိုမှချပြီး အအေးခံထားပါ။ အေးပြီဆိုလျှင် ရှမ်းနံနံပါးပါးလှီးထည့် ဆန်လှော်မှုန့်အနည်းငယ်ဖြူးက

အရသာ ချိုချဉ်ဖြင့် ကြက်ကင်နှင့် တွဲ ဖက်သုံးဆောင်နိုင်ပါပြီ။
.
(y)ပြင်ဆင်ပြုလုပ်နည်း
 

၁။ ပထမ ဦးစွာ ကြက်ကိုလေးစိတ်စိတ်ပြီး ရေဆေးသန့်စင်ပါ။ ရင်ပုံအသားကို နှစ်ခြမ်းဖြန့်ပါ။
ပေါင်ကိုလည်း အတွင်းဘက် အရိုးနားကနေကပ်ပြီး ဓားရာပေးပါ။ အရသာဝင်အောင်ခွဲ ပေးတဲ့သဘောပါ။
 

၂။ ပြီးရင် အရောင်ထည့်ပြီးနှံ့အောင်နှယ်ပါ။
 

၃။ အရောင်အနေထား သင့်တော်ပြီဆိုလျှင် အခြားပါဝင်ပစ္စည်းအားလုံးထည့်ပြီး
သမအောင်မွေပြီး ၃ နာရီခန့်နှပ်ထားပါ။
 

၎။ မီးဖိုတွင် ဒယ်အိုးတစ်လုံးဖြင့် ဆီအနည်းငယ်ထည့်ပြီး
ကြက်သားနှင့် ဆော့စ်များ ကို ထည့်ပြီးကြော်ပါ။
 

၅။ ဆော့စ်ပျစ်ပြီး ခန်းလာပြီဆိုလျှင် ကြက်သားတစ်ဝက်ကျက် အနေထားရပါပြီ။
 

၆။ ကြက်များကို မီးကင်မည့်ညပ်တွင်ညှပ်ပြီး မီးအေးအေးဖြင့် ဟိုဘက်ဒီဘက် လှန်ကင်ပါ ။
 

၇။ ကြက်သားကို အချွန်တစ်ခုဖြင့်ထိုးကြည့်ပါက ထွက်လာသောအရည်
ကြည်နေပါက ကျက်ပါပြီ။အကျက်လွန်လျှင် ခြောက်သွားသဖြင့်
စားရတာအရသာပေါ့ပါတယ်။ ခုကင်ထားတာကတော့ ဥလနည မှာ၂ဝဝ ဒီဂရီနဲ့

၁၅ မိနစ်ခန့်ကင်ထားခြင်းဖြစ်ပါ တယ်။ ဆောစ့်များကို ကြက်ပေါ်တွင်လူးပေးပြီးဟိုဘက်ဒီဘက်လှန်ပေးရပါတယ်။ အရောင်လှလာလျှင်
ကြက်သားကျက်မကျက်ကြည့်ပြီး သုံးဆောင်နိုင်ပါပြီ။


Credit: Sofia

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/877264988983106/?type=1&theater 

သင်္ကြန် အတွက် ရွှေရင်အေး



သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…

– ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်
ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ
၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)
၂။ သကြား – ၂၅ကျပ်သား
၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်
ကျောက်ကျော ပြုလုပ်နည်း
၁။ ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျောအောင် တည်ထားပါ။
၃။ ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။
၎။ ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။
မှတ်ချက်။ ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တ၀က်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တ၀က်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီး။
ရွှေရင်အေး တွင်ပါဝင်သောပစ္စည်းများ
၁။ မုန့်လက်ဆောင်းဖတ် – ၁ပြည်
၂။ သာကူစေ့ (လုံးသေး) – ၂၀၀ဂရမ်
၃။ ကောက်ညှင်းပေါင်း – ၁၀ကျပ်သား
၎။ ကျောက်ကျော
၅။ အုန်းသီး – ၁လုံး (အရည်ညှစ်ပြီသား)
၆။ သကြား – ၃၀ကျပ်သား
ရွေရင်အေး ပြုလုပ်နည်း
၁။ အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။
၂။ ပြီမှ သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။
၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ ရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၎။ ထို့နောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ကို တပွဲစာစီပြင်လိုက်ပါ။
၅။ ပြီမှ အုန်းနို့ရည် ယောက်ချိုဇွန်းနှင့် ၁ဇွန်းခန့်ထည့်ပြီ ရွှေရင်အေးကို ရေခဲတုံးလေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ…
Credit : Wutyee Food House

https://www.facebook.com/padamyarfm/posts/895804763811099 

သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်တူတူလုံးလိုက်ကြအောင်

သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်


သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်ပါ။ မုန့်လုံးရေပေါ်ကို မြန်မာတွေ သင်္ကြန်တွင်း လူအများကြီးနဲ့ ပျော်ပျော်ပါးပါး လုံးကြရင်း အိမ်နီးနားချင်းတွေ၊ လမ်းက ရေကစားသူတွေကို အမြဲဝေပေးလေ့ရှိပါတယ်။ ထန်းလျှက်လုံးတဲ့ မုန့်လုံးရေပေါ်က ချိုစိမ့်ပြီ သူအပေါ်မှာ ဖြူးထားတဲ့ အုန်းသီးခြစ် အရသာကြောင့် ပိုမိုကောင်းမွန်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ မုန့်လုံးရေပေါ်လေး တူတူလုံးလိုက်ကြအောင်…

မုန့်လုံးရေပေါ် ပါဝင်သောပစ္စည်း
၁။ ကောက်ညှင်းမှုန့် – နို့ဆီဘူး ၈လုံး
၂။ ဆန်မှုန့် – နို့ဆီဘူး ၂လုံး
၎။ ထန်းညက် – ၂၀ခု
၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ)
၆။ Apple flavor color – လက်ဖက်ရည်ဇွန်း တ၀က် (ရေအနည်းငယ်ဖြင့် ရောပါ) (optional)
မုန့်လုပ်နည်း

၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။

၂။ ပြီးမှ အရောင်ထည့်ချင်လျှင် Apple flavor color အစိမ်းရောင် ထည့်ပါ။

၃။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၎။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။

၅။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။

၆။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၇။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။

၈။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

၉။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။

၁၀။ ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

၁၁။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပါ။

၁၂။ထန်းညက် အစားသွပ် မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီ … . .

Credit : ‪#‎Wutyee‬
 https://www.facebook.com/padamyarfm/posts/895239097200999

ကြက်သား၊ ပင်စီမ်း ဟင်းချိုလေး ချက်ကြည့်ကြမယ်


ပေါ့ပေါ့ပါးပါး၊ ပူပူနွေးနွေး ကြက်သားပြုတ်ရည် ဟင်းချို တစ်ခွက်ဖြစ်မှာပါ။ အသားနည်းနည်း မာတဲ့ ပေါင်မုန့်ကြမ်းနဲ့ တွဲဖက် စားရင် သိပ်ကောင်းပါတယ်။ ချက်ပြုတ်ချိန်ကတော့ မိနစ် ၅၀ပဲကြာမှာပါ။

ပါဝင်ပစ္စည်းများ

သံလွင်ဆီ (စားပွဲတင်ဇွန်း- ၁ဇွန်း)

ကြက်သား (ကြက်ပေါင် ၈ တုံးခန့်)

ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း)

ငြုပ်သီးအကြမ်းဖက် (စားပွဲတင်ဇွန်း ၂ဇွန်း)

အာလူး အလုံးသေး ၁၂လုံး (ထပ်ခြမ်း)

ဝိုင်ဖြူ ၁၅၀ မီလီ လီတာ

ကြက်သားပြုတ်ရည် ၂၀၀ မီလီ လီတာ

ပင်စိမ်းရွက် ၂၀

အသားမာကြွပ်တဲ့ ပေါင်မုန့်ကြမ်း (တွဲဖက်စားသုံးရန်)

ချက်ပြုတ်နည်း

၁။ အိုးကြီးကြီးနဲ့ သံလွင်ဆီကို အပူပေးပါ။ ကြက်ပေါင်တွေကို ဂျုံမှုန့်ဖြူးပြီး အိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ချက်ပါ။ ကြက်သားတုံးတွေကို တစ်ဖက်လှန်ပါ။ အားလုံးနီရဲသွားတဲ့အထိ တည်ပါ။

၂။ ငြုပ်သီးအကြမ်းဖတ် နဲ့ အာလူးကို အိုးထဲ ထည့်ပြီး ၃မိနစ်ခန့် ဆက်တည်ပါ။ ပြီးရင် ၀ိုင်ဖြူ နဲ့ ကြက်သားပြုတ်ရည် ကို လောင်းထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်၊ စား နဲ့ ငြုပ်ကောင်းမှုန့်တွေကိုလည်း ထည့်ပါ။ အိုးကို အဖုံးအုပ်ပြီး ၂၀၊ ၂၅မိနစ်လောက်ကြာအောင် ဆူတဲ့အထိတည်ပါ။ ကြက်ပေါင် နူးတဲ့အထိ တည်ပါ။ ရရင် ပင်စိမ်းရွက် ခတ်ပြီး နောက်ထပ် ၅မိနစ် ဆက်တည်ပါ။ ပြီးရင်တော့ အကာသား မာကြွပ်တဲ့ ပေါင်မုန့်နဲ့ တွဲဖက်စားနိုင်ပါပြီ။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

သင်္ကြန်မှာ ရွှေရင်အေး လုပ်စားကြမယ်



- အံ့ဝင့်ထွဋ်-တင်ပြသည်

ရွှေရင်အေးသည် ကျွန်တော်တို့မြန်မာလူမျိုးများအလွန်နှစ်သက်ကြတဲ့ သရေစာတစ်ခုဆို ရင်လည်း မမှားပါဘူး။ ရွှေရင်အေးဆိုတဲ့အတိုင်း စားလိုက်တဲ့အခါ ရင်ကိုအေးမြစေပြီး လန်းဆန်းစေ ပါတယ်။ အုန်းရည်အနံ့ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့အပြင် နွေရာသီပူပူမှာ ကုန်ခန်းသွား တဲ့အားတွေကိုလည်း ပြန်လည်ပြည့်ဖြိုးတက်ကြွလန်းဆန်းစေပါတယ်။

ဒါကြောင့် ရွှေရင်အေးကို နေပူ တဲ့နေ့လယ်ပိုင်းမှာ ရောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အရမ်းစားမယ်ဆိုရင်တော့ မသင့်တော်ပါဘူး။ ဒါ ကြောင့် စားလို့ကောင်းတဲ့ ရွှေရင်အေးကို ကိုယ်တိုင်လုပ်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ
------------------
အုန်းနို့၊ သကြား၊ သာဂူ၊ ကျောက်ကျော၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ မုန့်လက်ဆောင်း ဖတ်၊ ရေခဲ။

ကျောက်ကျောကြိုရအောင်(အနေတော်အရွယ်အစား)
------------------------------------------------------------
အရင်ဆုံး သကြား ၃ဝဝဂရမ်ကို အုန်းနို့တစ်ဘူး၊ ရေ(၁ဒသမ၅)လီတာ၊ ကျောက်ကျောမှုန့် ၅ဝဂရမ်တို့ဖြင့် ရေမှာပျော်ဝင်သွားအောင် ကျိုပါ။

ကျိုနေရင်း ကြွက်မြီးတန်းပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ ဗန်းမှာ နှစ်လက်မအနက်ရှိလျှင် သင့်တော်ပါသည်။ နှစ်ထပ်ကြိုက်သူ များကလည်း နှစ်ထပ်ပုံစံ ပြုလုပ်နိုင်ပါသည်။

သာဂူကျိုရအောင်
----------------------
သာဂူစေ့ကိုတော့ ရေနွေး(ဆူနေသော) ထဲတွင် အတွင်းမျက်ဆန် ပျောက်တဲ့အထိကျိုပြီး ဆန်ခါထဲလောင်းချပါ။

ပြီးရင် ရေအေးနဲ့ဆေးပြီး တစ်ခုနှင့်တစ်ခု မကပ်အောင် ပြုလုပ်ပေးရပါမယ်။

အရောင်ကြိုက်တယ်ဆိုရင်တော့ Food Colour များ အသုံးပြုနိုင်ပါသည်။

ကောက်ညှင်းပေါင်းရအောင်
--------------------------------
ကောက်ညှင်းဆန် နို့ဆီတစ်ဘူး ရေလက်တစ်ဆစ်ခွဲခန့်ပေါ်တဲ့အထိထည့်ပြီး Rice Cooker နဲ့ တည်ပါ။ အရေးကြီးဆုံးကတော့ မုန့်လက်ဆောင်းဖတ်ပေါ့။ လုပ်ကြည့်ရအောင်။

ဆန်မှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း၊ ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း၊ ဆား၊ ဆူးမွှေးရည်

ရေနွေးပူထဲတွင် ဆူးမွှေးရည်မှအပ ပါဝင်ပစ္စည်းများရောထည့်ပါ။

ပျစ်လာလျှင် မီးအားအနည်းငယ်ဖြင့် ကျိုပေးပါ။

ပူလာလျှင် ဆူးမွှေးရည်ကို လိုသလို အရောင်ချိန်တည့်ပါ။

ရလာလျှင် ရေခဲရေ ထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်းလောင်းထည့်ပေးပါ။ မုန့်လက်ဆောင်းဖတ်များ ရရှိလာပါမည်။

အခုဆို ပါဝင်ပစ္စည်းတွေလည်း စုံလင်သွားပြီဆိုတော့ ရွှေရင်အေး လုပ်စားလို့ရပါပြီ။

တစ်ခု သတိထားရမှာက လုပ်တဲ့အခါ ပါဝင်ပစ္စည်းအားလုံးမှာ အေးနေရပါမည်။ အားလုံးကို အအေးခံပြီးမှ သုံး ဆောင်ပါ။

အရသာရှိသော ရွှေရင်အေးကို ရရှိမှာဖြစ်ပါတယ်။

#TheFlowerNews

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.3

Hot Pot ချက်နည်း


ဟော့ပ်ပေါ့ပ်ချက်ရန် ပါဝင်သောပစ္စည်းများ-

ဝက်ရိုး၊ ကြက်ခြေထောက် ကြက်ရိုး၊ ကြက်သွန်မြိတ်၊
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥနီ၊ ငရုတ်သီးအနီတောင့်၊
နာနတ်ပွင့်၊ စမုံစပါး၊ သစ်ကြပိုးခေါက်၊ တရုတ်ငရုတ်ကောင်းတစ်မျိုးလိုအပ်ပါတယ် ( Sichuan Peppercorn)ပါ။ ရန်ကုန်က တ၇ုတ်တန်းမှာ ၀ယ်လို့ရနိုင်လောက်ပါတယ်။ မရှိရင်လည်းမထည့်နဲ့ပေါ့။ ပြီးတော့ ဆီအနည်းငယ်လိုအပ်ပါတယ်။

ကြက်သွန်ဖြုနဲ့ ဂျင်းအနည်းငယ်ကို လှီးထားပါ။ ငရုတ်သီးအခြောက်တောင့်လေးငါးတောင့်ကို ထောင်းထားပါ။ အခြောက်တောင့်သုံးခြင်းအားဖြင့်အရောင်ပိုလှပါတယ်။

အရင်ဦးဆုံးအသားတွေကို ရေဆေးပြီး အိုးထဲထည့် အသားမြုပ်တဲ့အထိ ရေအပြည့်ထည့်၊ ဂျင်းလက်တစ်ဆစ်ခန့်ကို ထုပြီးထည့်ပါ။ မုန်လာဥနီတစ်ဥနဲ့ ခရမ်းချဉ်သီးနှစ်လုံးလောက်ကို လှီးပြီးထည့်ပေးပါ။ ကြက်သွန်မြိတ်ရဲ့ အဖြုရောင်အပိုင်းဖက်ကို လှီးပြီးထည့်ပေးပါ။ ဆားသုံးဇွန်းလောက်ထည့်ပါ။ ပြီးတာနဲ့ မိနစ်ငါးဆယ်လောက်တည်ပေးပါ။

အသားပြုတ်ရည်တည်တုန်းမှာ ဆီသတ်ဖို့ပြင်ရပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းထည်ပါ မွှေပေးပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ငရုတ်သီးထည့်ပါ မွှေပေးပါ။ ပြီးရင် နာနတ်ပွင့် သစ်ကြပိုးခေါက် စီချွမ်ငရုတ်ကောင်း စမုံစပါးတို့ထည့်ပါ။ ဆီသတ်ပြီးတာနဲ့ မီးပိတ်ပြီး အသားပြုတ်ရည်အိုးထဲကို ထည့်ပါ။ အသားပြုတ်ရည်အိုးကို ကြာကြာတည်ပေးပြီး ကိုယ့်စိတ်ကြိုက်အရသာကို ပြုပြင်။ ပြီးရင် အကုန်ဆယ်ပစ်ပြီး ဟော့ပေါ့အိုးထဲထည့် ကိုယ့်စိတ်ကြိုက် အသားပြား အရွက်စုံ မှိုတို့ထည့်ပြီး စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

အသားပြုတ်ရည် အချိုကိုတော့ နောက်ရက်မှတင်ပေးတော့မယ်နော

မူရင်း = ဆန်ဂို့ဟင်းလျာများ-Sango's Curries

ပုဇွန်ဆုပ်၊ ငုံးဥ ချိုချဉ်ကြော်



ပုဇွန်ဆုပ်၊ ငုံးဥ ချိုချဉ်ကြော် အတွက် လိုအပ်တာလေးတွေ…

1. ပုဇွန်ဆုပ်ကြော် – ၂၁ ခု

2. ငုံးဥ – ၁ ဗူး (၂၃ လုံး)

3. နာနတ်သီး – ၄ ကွင်း (ပုံပါအတိုင်းလှီးထားပါ။)

4. ပြောင်းဖူးအသေး – ၉ ဖူး (ပုံပါအတိုင်းလှီးထားပါ။)

5. ကြက်သွန်နီ အလုံးကြီး – တစ်ခြမ်း (ပုံပါအတိုင်းလှီးထားပါ။)

6. capsicum – တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်. (ပုံပါအတိုင်းလှီးထားပါ။)

7. ကြက်သွန်ပင် – တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်. (ပုံပါအတိုင်းလှီးထားပါ။)

8. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

9. oyster sauce – 1/3 cup (80 ml)

10. tomatoes sauce – 1/2 cup (125 ml)

11. ဆီ – 1/4 cup (60 ml)

high heat ဖြင့် အပူပေးထားသည့် ဆီပူလာလျှင် ငုံးဥ၊ နာနတ်သီး၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ ကြက်သွန်ပင်၊ capsicum တို.ကို ထည့်ပါ။

သကြား၊ tomatoes sauce နှင့် oyster sauce ကိုထည့်ပါ။

ပုဇွန်ဆုပ်လုံး ထည့်ပြီးနောက် ၃ မိနစ်ခန်.မွှေကြော်လိုက်လျှင် အလွန်စားကောင်းလှသော ပုဇွန်ဆုပ်၊ ငုံးဥ ချိုချဉ်ကြော်လေး စားရန် အသင့်ဖြစ်ပါပြီ။

မူရင်း = Chaw Su's Food Friends

https://www.facebook.com/183769381716549/photos/a.365971570162995.87504.

ကြက်သားဒံပေါက် ချက်နည်း

  

ကောင်းသန့်(မြန်မာဒံပေါက်)၏ အဓိကထူးခြားချက်မှာ မြန်မာတွေအကြိုက် မဆလာအနံ့နှင့် ဆီကိုလျော့ထားရခြင်း ဖြစ်ပါတယ်။ စားတဲ့အခါ မအီစေရန်နှင့် ကျန်းမာရေးနှင့်လည်း ညီညွတ်စေရန် ယခုလို ဆီနှင့်အနံ့ကို လျှော့ထားရခြင်း ဖြစ်ပါတယ်။

ကောင်းသန့် ကြက်သားဒံပေါက်ချက်နည်းကို မေးမြန်းလာကြတဲ့ မိတ်ဆွေများအတွက် ရေးသားမျှဝေပေးခြင်း ဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ဆန်(ဒံပေါက်ဆန်ဟုမေးဝယ်ပါ(သို့ )Basmati Rice) ၁ပြည်

၂။ ကြက်၂ကောင်ကို ၈ပိုင်းပိုင်းထားပါ

၃။ မဆလာ၂ကျပ်သားခန့် 

၎။ ကြက်သွန်ဖြူ ၄မွာခန့် (ထောင်းထားပါ)

၅ ။ချင်း လက်၂ဆစ်ခန့် (ထောင်းထားပါ)

၆။ ကြက်သွန်နီ ၁၀လုံးခန့် ပါးပါးလှီး၍ကြော်ထားပါ

၇။ ဆီ၁၀သားခန့် 

၈။ ဒိန်ချဉ် ၁ခွက်စာ

၉။ ငရုပ်သီးမှုန့်  ၂ဇွန်းခန့် 

ပြင်ဆင်နည်း

အရင်ဆုံး ကြက်သားတုံးများအား ချင်း ကြက်သွန်ဖြူ ကြက်သွန်ကြော် ဆား အချိုမှုန့်  ဒိန်ချဉ် မဆာလာ ငရုပ်သီးမှုန့် တို့ ဖြင့် နယ်ထားပြီး နာရီဝက်ခန့် ထားပါ

၎င်းအချိန်တွင် နာရီဝက်ခန့် ရေစိမ်ထာသောဆန်အား
အိုးတစ်အိုးထဲတွင် ဆားလက်တဆုပ်ခန့်  ထည့်၍ ဆူပွတ်အောင်ကျိုထားသောရေထဲသို့  ထည့်ပြုတ်ပေးပါ

ဆန်များငဲ့ချိန်ရောက်လျင် စကာဖြင့်ဆယ်ယူ ကြက်သားနှပ်ထားသောအိုးထဲ လောင်းထည့်၍ အပေါ်မှ ဆီနှင့်ထောပတ် ၁၀သားခန့်  စပျစ် သီ ဟိုစေ့နှင့် ပဲစိမ်းထည့်၍ အပေါ်မီးအောက်မီးဖြင့်
နာရီဝက်ခန့် တည်ပေးပါ

ကျက်ပြီဆိုလျင် ထမင်းနှင့်အသားကိုအပေါ်အောက် သမအောင်မွေပြီးလျှင် စားသုံးလို့  ရပါပြီခင်ဗျာ။

မိဘပြည်သူများအတွက် စေတနာများစွာဖြင့်

ကောင်းသန့် (မြန်မာဒံပေါက်)

ပုစွန်ကြက်သွန်ဖြူ သံပုရာပေါင်း


ပုစွန်အသေး.........၁၅ကောင်ခန့်
ကြက်သွန်ဖြူ.........၁၀တက်
ငရုတ်သီးစိမ်း.. .....၃တောင့်
သံပုရာရည်..........၃ဇွန်း
ငါးငံပြာရည်..........၂ဇွန်
သကြား................၁ဇွန်
ဟင်းခတ်မှုန့်.. ......အနည်းငယ်
နံနံပင်.. ...............၃ပင်ခန့်

ပုစွန်ကိုရေဆေးသန့်စင်ပြီး..ကျောခွဲကာအညှစ်အကြေးထုတ်ပါ။အမြီးလေးတော့ချန်ထားပါ။

ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းကိုနုပ်နုပ်စဉ်းပါ။

အိုးတစ်လုံးမှာ ရေ လက်ဖက်ရည်ပန်းကန်ဝက်ခန့်နှင့် နုပ်နုပ်စဉ်းထားသောအရော၊သံပုရာရည်၊ငံပြာ
ရည်နှင့်အရသာများပေါင်းပြီးတစ်ပွက်ဆူအောင်တည်ပါ။

အရည်ဆူပွက်လာပြီဆိုသန့်စင်ထားတဲ့ပုစွန်တွေထည့်ပေါင်းပြီးပြန်လည်ဆူပွက်လာသည်အထိအပူပေးပါ။

ပုစွန်လေးတွေကိုသီးသန့်ဆယ်ထုတ်ပြီးတည်ခင်းမယ့်ပန်းကန်မှာဖြန့်ခင်းပါ။

လက်ကျန်အရသာအရည်တွေကိုပုစွန်လေးတွေပေါ်သပ်ရပ်စွာလောင်းထည့်ပေးပါ။

နံနံပင် လေးအလှဆင်ပြီးသုံးဆောင်နိုင်ပါတယ်။

Credit to ပာင်းချက်နည်းများ
https://www.facebook.com/183769381716549/photos/a.365971570162995.8750

ကြက်သား၊ ဘဲသားမုန့်



တခါတလေမှာ တချို့ စားစရာတွေက အလွယ်တကူ ဝယ်ယူလို့ မရနိုင်ဘဲ … ကိုယ်နှစ်သက်လွန်းတဲ့ အစားအစာ ဖြစ်နေတာကြောင့် ရောင်းတဲ့ဆိုင်ကို တကူးတက သွားရောက်ရှာဖွေ ဝယ်ယူရတာမျိုး ကြုံရတတ်ပါတယ် …။

ဒီလိုအချိန်မျိုးမှာ မိမိနှစ်သက်တဲ့ အစားအစာလေးအကြောင်း လေ့လာထားမယ်ဆိုရင် ကိုယ်တိုင် လက်စွမ်းပြခွင့် ရသလို … မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုလည်း ခံစားရရှိစေမှာပါ …။
ဒီတပတ်တော့ အလွယ်တကူ ရောင်းလေ့မရှိတဲ့ ဘဲသားမုန့် အကြောင်း တင်ဆက် လိုက်ပါတယ် …။
ဂျုံသား နယ်ရတဲ့ အလုပ်တခုကတော့ … အတော်လေး လက်ဝင်ပါတယ် …။ ဝါသနာပါသူများ စိတ်ရှည်စွာ စမ်းသပ်ကြည့်နိုင်မယ့် အချိုးလေးကို ဖော်ပြပေးပါမယ် …။
ကြက်သား (သို့) ဘဲသားမုန့် (Chicken or Duck Puff)
အပြင်တလွှာအတွက်
ဂျုံနုမှုန့် – ၅၀၀ ဂရမ်
မာဂျရင်း – ၁၀၀ ဂရမ်
ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ရေအေး – ၁ ခွက် (သို့) ၂၂၀ မီလီမီတာ
ဂျုံမှုန့်နဲ့ ဆားကို သမအောင်မွှေပြီး မာဂျရင်းထည့်နယ်ပါ။ ရေကို နည်းနည်းစီ ထည့်ပြီး ညက်နေတဲ့ မုန့်သားတခု ရသည်အထိ နယ်ပါ။
နယ်ထားတဲ့ မုန့်သားကို ခပ်ကြမ်းကြမ်း လုံးထားပါ။
အတွင်းတလွှာအတွက်
ဂျုံ – ၂၅၀ ဂရမ်
မာဂျရင်း – ၁၅၀ ဂရမ်
ဒီ ၂ မျိုးထဲကိုပဲ အထက်ပါအတိုင်း နယ်ပြီး လုံးထားပါ။
ပထမအလွှာမုန့်သားကို မုန့်လှိမ့်တုံး (သို့) ပုလင်းအသုံးပြုပြီး အနည်းငယ် ပြန့်သွားအောင်ဖြန့်ပါ။ ဒုတိယ မုန့်သားကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပြီး ပထမအလွှာပေါ် တင်ပေးပါ။
ထို့နောက် မုန့်သား ၂ ခုကို ၃ – ၄ ထပ်ရအောင် လိပ်ပေးပါ။ ပလပ်စတစ် အပါးစလေးအုပ်ပြီး ရေခဲသေတ္တာမှာ ၁၅ မိနစ်လောက် အအေးခံထားပါ။ အဲဒီအချိန်မှာ အတွင်းသားအစာအတွက် ပြင်ဆင်ပါမယ် …။
အတွင်းအစာအတွက်
ကြက်သား (သို့) ဘဲသား – ၅၀၀ ဂရမ် (ခပ်သေးသေးအတုံး တုံးရန်)
အာလူး – ၂ လုံး (၁ စင်တီအရွယ် အတုံးလေးတုံးရန်)
ကြက်သွန်နီ – ၃လုံး (၁ စင်တီအရွယ် အတုံးလေးများတုံးရန်)
ငရုပ်စပ်မှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)
မဆလာ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ + ချင်း – အနည်းငယ်စီ (နုပ်နုပ်စဉ်း)
ဆား + ကြက်သားမှုန့် – သင့်တော်သလို
သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပထမဆုံး ကြက်သားတွေကို အိုးကင်းပူ တိုက်တဲ့ပုံစံနဲ့ ရေခမ်းသွားအောင် ပြုလုပ်ပါ။ ရေခမ်းသွားရင် အအေးခံထားပါ။
ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ။ အနည်းငယ် နွမ်းသွားရင် နနွင်းမှုန့် အနည်းငယ်နဲ့အတူ ကြက်သွန်ဖြူနဲ့ ချင်း ပေါင်းထည့်ပါ။
အနံ့မွှေးလာပြီဆိုရင် ကြက်သွန်နီနဲ့ ကြက်သားတွေ ပေါင်းထည့်ပြီး ငရုတ်စပ်မှုန့်၊ ဆား၊ သကြား၊ ကြက်သားမှုန့်
တို့နဲ့ အရသာသွင်းပါ။ ဖြန့်ပြီး အအေးခံထားပါ …။
အဲဒီ အချိန်မှာ ရေခဲသေတ္တာထဲက အအေးခံထားတဲ့ ဂျုံသားလိပ်ကို ထုတ်ပြီး ၁၆ ကနေ ၂၀ ခုအထိ အညီအညာ ပိုင်းဖြတ်ပါ။
ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ်မှာ လှိမ့်တုံးလေး အသုံးပြုကာ ၄ လက်မ အဝိုင်းငယ် ရအောင်လုပ်ပါ။ (မုန့်သား ၂ ခုကို ၃ – ၄ ထပ် ရအောင် လိပ်ထားတဲ့အတွက် မုန့်သားမှာ အရစ်အရစ် ပုံလေးတွေပေါ်နေပါမယ်)။
လက်ကို ဂျုံမှုန့်လူးကိုင်ပြီး အတွင်းအစာကို ၁ ဇွန်းသာသာခန့်ဖြည့်ကာ ခေါက်ချိုးညီ ခေါက်လိုက်ပါ …။
မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့် ကလေးကို ၄၅ ဒီဂရီလောက် ခေါက်ချလိုက်ပါ …။ အဲဒီနောက်မှ တဆင့် လက်မ အားကို အသုံးပြုပြီး မုန့်အနားသားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင် ညီညာလှပစွာ ပုံဖော်ထားတဲ့
အနားသား အစွန်းသတ်လေးတွေနဲ့ လှပနေပါမယ် …။
အားလုံး ထိုနည်းအတိုင်း ပြုလုပ်ပြီးပြီဆိုမှ … ဆီ (သာမန်အပူချိန်) မှာ ရွှေအိုရောင်ရအောင်ကြော်ပါ။ အအေးခံပြီးရင်တော့ လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တည်ခင်းဧည့်ခံ စားသောက်နိုင်ပါပြီ။

http://burma.irrawaddy.org/entertainment/2015/03/15/72636.html

ကြက်ကောက်ညှင်း အစာသွပ်


ကြက်ကောက်ညှင်းကို ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ လုပ်စားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကြက်သားကို တညသိပ် (သို့) အနည်းဆုံး ၂နာရီနုပ်ပြီ ပေါင်းထားမို့ အသားကလည်း အရမ်းနူးအိနေပါတယ်။ ပြီလျှင် ကြက်ပေါင်းထားတဲ့ အရည်နဲ့ ကောက်ညှင်းကို ချက်တာမို့ အရသာ ပျော်ဖွယ်ရာ မရှိပါဘူး။ ဒီကြက်ကောက်ညှင်း အစာသွပ်ဟင်းလျာကို စားသောက်ဆိုင်ကြီးများမှာ မှာယူစားသုံးနိုင်ပါတယ်။ ခုပဲ သူငယ်ချင်းတွေနဲ့ တပျော်တပါး ချက်ကြည့်ရအောင်…
-------------------------------------------
ချက်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=6597%2F မှာကြည့်နိုင်ပါတယ်..
-------------------------------------------
ပါဝင်သောပစ္စည်းများ

ကြက်၁ကောင် – ၈၀၀ ဂရမ်
ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တ၀က်ကို ပါးပါးလှီးထားပါ)
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၄ဇွန်း
မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးထားပါ)
ကြက်အသဲအမြစ် – ၃စုံ (အတုံးသေးများတုံးပါ) (ဒယ်ထဲ ဆီအနည်းငယ်ဖြင့် ကြက်အသဲအမြစ်ကို ကြောပြီ ပြန်ဆယ်ထားပါ)
ပဲငံပြာရည် အနောက်
ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်း)
ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်း)
ခရုဆီ
-------------------------------------------
ချက်ပြုတ်နည်း

၁။ ကြက်တစ်ကောင်လုံး အတွင်း၊အပြင်ကို ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း) ဖြင့်နုယ်ပေးပါ။ ပြီးလျှင် တညသိပ်(သို့) အနည်းဆုံး ၂နာရီခန့် နုပ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး နုပ်ထားသော ကြက်တစ်ကောင်လုံးကို အညှိရောင်သန်းသာသည်အထိ ကြော်ပေးပါ။

၃။ ပြီးလျှင် ခွက်ကြီးထဲ ကြက်တစ်ကောင်လုံးထည့် ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့်ပေါင်းပေးပါ။

၎။ ကြက်တစ်ကောင်လုံးပေါင်းပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပါ။

၅။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်မွှေပေးပါ။

၆။ ကြက်အသဲအမြစ်၊ ပုဇွန်ခြောက်၊ မှိုထည့်ပါ။

၇။ ထို့နောက် ကောက်ညှင်း ထည့်ပြီး ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့် မွှေပေးပါ။

၈။ ပေါင်းထားသော ကြက်သားမှရသော အရည်များကို ဒယ်ထဲထည့်ပေးပါ။

၉။ လိုအပ်ပါက ကောင်းညှင်းဆန် မြှပ်သည်အထိ ရေအနည်းငယ်ထည့်ပေးပါ။

၁၀။ ပြီးလျှင် အဖုံးအုပ်ထားပြီး မီးအနည်းငယ်ဖြင့် ရေခန်းသည်အထိတည်ထားပေးပါ။

၁၁။ ရေအနည်းငယ်ခန်းသွားလျှင် အဖုံးဖွင့်ပြီး မကပ်အောင် မွှေပေးပါ။

၁၂။ ကောက်ညှင်းရလျှင် တချို့ကောက်ညှင်းများကို ကြက်ကောင်လုံးထဲ အစာသွပ်ပေးပါ။ ကျန်သော ကောက်ညှင်းများကို စတီခွက် ထဲထည့်ပေးပါ။

၁၃။ ပြီးလျှင် ကြက်ကောင်လုံး နှင့် စတီခွက်ထဲများ ကောက်ညှင်းများကို ပေါင်းအိုးထဲ ထည့်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

၁၄။ ထို့နောက် ကြက်သားများကို ဓားဖြင့် အနည်းငယ်လှီးပြီ ဇောက်ပန်းကန်တစ်ခုထဲ ကြက်သား၊ မှိုထည့်၊ အစာသွပ်ထားသော ကောက်ညှင်းထည့်ပြီ ဇွန်းဖြင့် အနည်းငယ် သိပ်ပေးပါ။

၁၅။ ပြီမှ ဇောက်ပန်းကန်လုံကို ပန်းကန်ပေါ်သို့ မှောက်ချလိုက်ပြီ အရသာရှိစွာ ကြက်ကောက်ညှင်းကို သုံးဆောင်လို့ရပါပြီ…
-------------------------------------------
မူရင်း = Wutyee Food House

https://www.facebook.com/183769381716549/photos/a.365971570162995.87504.18376

 
Related Posts Plugin for WordPress, Blogger...