စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလကားပေးလျင်တောင် ယူသူမရှိတော့သည့် ဇင်ဘာဘွေငွေ



ဇင်ဘာဘွေဒေါ်လာ သန်း ၁၀၀ ပေးပါမယ်ဆိုပြီးတော့ သင့်ရှေ့ပစ်ချရင်တောင် သင်ယူလိမ့်မှာ မဟုတ်ပါဘူး။ အကယ်၍သာ သူ့ရဲ့ ဈေးအမှန်ကို သိခဲ့ရင်ပေါ့။ ဇွန်လ ၁၅ ရက်နေ့မှာ ဇင်ဘာဘွေ ဒေါ်လာပေါက်ဈေးက 35 quadrillion ကို ၁ ဒေါ်လာနဲ့ ညီမျှပါတယ်။ 1 Quadrillion ဆိုတာ ၁ အနောက်မှာ သုည ၁၆လုံး ဖြစ်ပါတယ်။ ဒီတော့ ၃၅ quadrillion ဆိုတာ ဘယ်လောက်လဲဆိုတာ စဉ်းစားကြည့်ပေါ့။

၁၉၇၀ တုန်းက ဇင်ဘာဘွေကို အမေရိကန်ဒေါ်လာကို နိုင်ငံငွေကြေးအဖြစ် သုံးစွဲခဲ့ပေမယ့် ၁၉၈၀ လောက်မှာ ဇင်ဘာဘွေ ငွေကြေးကို ပြန်လည်အသုံးပြုပါတယ်။ အဲ့တုန်းက ဇင်ဘာငွေ ၁ ဒေါ်လာဟာ အမေရိကန် ၁.၅ ဒေါ်လာနဲ့ ညီမျှပါတယ်။ ဒါပေမယ့် ၁၉၀ ကျော်က စလို့ ငွေကြေးဖောင်းပွမှု တားမနိုင် ဆီးမရ ဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကနေစလို့ ၂၅ နာရီမှာ ငွေဈေး နှစ်ဆ နှုန်းနဲ့ စတင်တက်ခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုအတွက် အစားထိုး အသုံးပြုနိုင်တယ့် သန်း ၁၀၀ တန်ညီမျှ စာရွက်များလည်း ထုတ်ခဲ့ပေမယ့် ဖောင်းပွမှုကို မတားဆီးနိုင်ပါဘူး။ အစိုးရရဲ့ လဘ်စားမှုအပြင် အခြားသော စီးပွားရေး ကျဆင်းမှုများနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့်မို့ လက်ရှိမှာ ဇင်ဘာဘွေဟာ တိုင်းပြည်ငွေကြေးကို အမေရိကန်ဒေါ်လာအဖြစ်သာ အစားထိုး အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ ယင်းကဲ့သို့ပဲ ငွေကြေးဖောင်းပွမှုကြုံနေချိန် ဥရောပနဲ့ အမေရိက နိုင်ငံများဟာ ငွေကြေးအသီးသီးကို မိတ်ဆက်ခဲ့ပြီး စီးပွားရေး ပြန်ကောင်းသွားပါတယ်။ ဇင်ဘာဘွေတော့ အစားထိုးလိုက်ချိန်မှာ ပိုဆိုးသွားတဲ့အတွက်ကြောင့် ယခုတော့ ကမ္ဘာ့ စံနှုန်း ငွေစက္ကူတစ်ခုခုကိုသာ ယာယီ ပြန်အသုံးပြုဖွယ်ရှိကြောင်း ဆိုပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...