စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပေးသူနဲ့ ယူသူ





လက်ရှိ လူ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ခဏခဏ ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေပါပဲ။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ခုသော အစားအသောက် ကိုသော်လည်းကောင်း၊ တစ်စုံတစ်ခုသော ပစ္စည်း ဥစ္စာ ကိုသော်လည်းကောင်း၊ မေတ္တာ စေတနာကို ရင်ထဲကနေ အရင်းခံပြီး လမ်းပြပေးခဲ့သော စကားများကို လည်းကောင်း၊ အပေးခံရသူ (သို့) ယူတဲ့ သူဘက်မှ မကောင်းတဲ့စိတ် တွေးတောခြင်းကြောင့် အရာရာဟာ သဲထဲရေသွန် ဖြစ်လို့ သွားပါတော့မယ်။

တစ်ဘက်လူက စေတနာထား လမ်းပြ ပြောဆိုခြင်းကို ဒီလူ ဆရာ အရမ်းလုပ်တာပဲ ၊ ငါ့များ ဝယ်မစားနိုင်ဘူး မှတ်နေလား စသဖြင့် သူတစ်ပါး အပေါ်မှာ မကောင်းတဲ့ ဘက်မှ မြင်တဲ့ အမြင်ဟာ အရမ်းကို နိမ့်ကျလွန်းပါတယ်။ ဒါကြောင့် ပေးသူက စေတနာထား ပေးတဲ့ အရာတွေကို ယူသူကလည်း စေတနာကို နားလည်အောင် ကြည့်ကာ ယူပါ။

ပေးသူ ယူသူ နှစ်ဦး နှစ်ဘက် အရာရာ အဆင်ပြေတယ် ဆိုရင်တော့ အားလုံးဟာလည်း အဆင်ပြေသွားပါလိမ့်မယ်။ သူတစ်ပါးရဲ့ ကိုယ့်အပေါ် ထားတဲ့ စိတ်ကို မြင်အောင် ကြည့်နိုင်ကြပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...