စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှူးရှူးတစ်ခါပေါက် တစ်ရူပီး ရ



အမာဒါဘတ်

အိန္ဒိ ယနိုင်ငံ အနောက် ပိုင်း အမာဒါဘတ်မြို့ မြူနီစီပယ်က အများ ပြည်သူသုံးသန့်စင်ခန်းတွင် လာရောက် သုံးစွဲသူများကို ငွေပေးရန်စီစဉ်နေတယ် လို့ UPI သတင်းဌာနက ရေးသားဖော်ပြ ခဲ့ပါတယ်။

လူအမြောက်အမြား လူမြင် ကွင်းတွင် ကျင်ငယ်စွန့်ပစ်ခြင်းနဲ့ မစင် စွန့်ခြင်းတို့ကို ဟန့်တားရန် ကြိုးပမ်းတဲ့ အနေနဲ့ ယခုလို ငွေပေးရန်စီစဉ်နေရတယ် လို့ သိရပါတယ်။

လဟာပြင် လူမြင်ကွင်းများ တွင် ကျင်ငယ်စွန့်ခြင်းကို ရှောင်ကြဉ်ရန် နဲ့ သန့်စင်ခန်းတွင် လာရောက်သုံးစွဲကြ ရန် ဆွဲဆောင်တဲ့အနေနဲ့ တစ်ကြိမ်လာ ရောက်သုံးစွဲပါက တစ်ရူပီးပေးရန် ဆုံး ဖြတ်ထားတယ်လို့ အ မာဒါဘတ် မြူနီစီပယ် ကျန်းမာရေးတာဝန်ခံ က ပြောဆိုခဲ့ပါတယ်။

အမာဒါဘတ်မြို့ရှိ အများ ပြည်သူသုံးသန့်စင်ခန်း ၆၇ခုတွင် စမ်း သပ်မယ့် ယခုအစီအစဉ် အောင်မြင်ပါ က မြို့ရှိ သန့်စင်ခန်း ၃ဝဝ ကို အကောင် အထည်ဖော်သွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံရှိ ပြည်သူအများ စုက သန့်စင်ခန်းရေအိမ်များထက် လဟာ ပြင်လူမြင်ကွင်းများတွင် ကျင်ငယ်စွန့်ခြင်း နဲ့ မစင်စွန့်ခြင်းတို့ကို ပိုမိုလိုလားနေကြ တယ်လို့ သိရပါတယ်။

နေအိမ်နှင့်ဝေးရာတွင် မစင် စွန့်ခြင်း၊ ကျင်ငယ်စွန့်ခြင်းတို့မှာ ပိုမိုသန့် ရှင်းတယ်လို့ ယုံကြည်ထားကြပါတယ်။

Ref: UPI

#TheFlowerNews

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...