စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်တည်ငြိမ်မှု အနုပညာ

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထူးဆောင်းပါး
ဓာတ်ပုံ−နစ်ကီ

ကလေးငယ်တစ်ဦးက ခြေ ထောက်နှစ်ဖက် ကို ဘယ်ညာခွဲထား ပြီး    ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ဦးခေါင်းကို ကြမ်းပြင်နှင့်ထိကာ တစ်သားတည်းဖြစ်နေအောင် ဖြည်းဖြည်းချင်းလှုပ်ရှားနေသည်။ နောက်တစ်ဦးကတော့ လက်နှစ် ဖက်ကို ကြမ်းပြင်တွင် အားပြု ထောက်လျက် ခန္ဓာကိုယ်တစ်ခု လုံး၏ အလေးချိန်ကို တောင့်ခံ ထားသည်။
နောက်ကလေးငယ်တစ်ဦး ကမူ ၀မ်းလျားမှောက်အနေအ ထားအတိုင်း ခြေဖ၀ါးနှစ်ဖက်ကို လက်ဖြင့်ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင် မိသည်အထိ ခန္ဓာကိုယ်ကို တ ဖြည်းဖြည်းချင်းနောက်ပစ်ကွေး ညွတ်လိုက်သည်။

ရန်ကုန်မြို့ အိန္ဒိယသံရုံးခန်း မအတွင်းရှိ စတိတ်စင်ပေါ်တွင် တွေ့ရသည့် အသက်(၁၀)နှစ်ခန့် ကလေးငယ်များ၏ မြင်ကွင်းပင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလက် တစ်ကမ်းအကွာတွင် ရှေ့နောက် ခြား၍ မတ်တတ်ရပ်တန်းစီထား သည့်ကလေးငယ်ငါးဦးက ဆောင်း ဘောက်စ်မှလာသော  တေးသံ နှင့်အတူ ခန္ဓာကိုယ်ပျော့ပျောင်းမှု ပြကွက်တို့ကို တင်ဆက်နေကြ ခြင်းဖြစ်သည်။

အချို့က လက်နှစ်ဖက်ကို ကြမ်းပြင်တွင်ထောက်၍ ကိုယ် နှင့်ခြေထောက်နှစ်ဖက်ကို မိုးပေါ် သို့ တန်းနေအောင် ထောင်ပြ သည်။ နောက်တစ်ဦးက ပေါင်နှစ် ဖက်ကိုဘယ်ညာခွဲ၍ ကြမ်းပြင်နှင့် တစ်သားတည်းထိနေအောင်လုပ် ပြသူက လုပ်နေသည်။သူတို့၏ပျော့ ပျောင်းမှုက အံ့သြစရာကောင်းလှ  သည်။ ထိုကဲ့သို့ ပျော့ပျောင်းမှုမျိုး ကို ယောဂကျင့်စဉ်မှ ရရှိလာခြင်း ဖြစ်သည်။ ယောဂကျင့်စဉ်ကို အ သက်(၇)နှစ်မှစ၍ အသက်(၉၀) အရွယ်အမျိုးသမီးရော အမျိုး သားများပါ နှစ်နှစ်ခြိုက်ခြိုက်က စားကြသည်။ အမျိုးသမီးအချို့ဆို လျှင် ခန္ဓာကိုယ်လှပရန် ကစားကြ သည်။

‘‘လှချင်လို့ ကစားတယ်ဆို တာမှန်တာပဲ။ ခန္ဓာကိုယ်သွေး လည်ပတ်မှုကောင်းမယ်။ စိတ်က လေးကြံ့ခိုင်မှုကောင်းလာမယ်။ စိတ်ရောလူရောလှလာတယ်’’ဟု ဆယ်စုနှစ်ကျော် လေယာဂကျင့် လာသူ ဆရာမနန်းမိုးက ပြော သည်။

လွန်ခဲ့သောနှစ်ပေါင်းထောင် ချီက အိန္ဒိယနိုင်ငံတွင် ဆာဒူးကြီး များက ယောဂကို ကျင့်ကြံခဲ့ကြ သည်။  ကမ္ဘာတွင် ယောဂကျင့် စဉ် လေ့ကျင့်သူ လူပေါင်းသန်း ၂၀၀ ခန့်ရှိနေသည်။ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းတွင် ပင် သန်း ၂၀ ခန့်ရှိသည်။ ယောဂ၏ ကောင်းကျိုးမှာ တစ်နေကုန် နေထိုင်ရပေါ့ပါးပြီ၊ ညောင်းညာကိုက်ခဲ့ခြင်းမရှိဟု ဆို သည်။ အဓိကကမူ ပျော့ပျောင်း ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံမှာတော့ ၂၀၀၀  ပြည့်နှစ်နောက် ပိုင်းတွင် ယောဂ အ ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခြင်း ဖြစ်ပြီး ယခုနှစ်ပိုင်း တွင် ခန္ဓာကိုယ်လှပ ရေးစင်တာများ၌ ယောဂသင်တန်း များကို ပိုမို၍ တွဲဖက် ဖွင့်လှစ်လာ ကြသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် ယောဂသင်တန်းကျောင်း ပေါင်း ၃၀ ခန့်ရှိပြီ၊သင်တန်းကြေး  အများစုမှာ တစ်လလျှင် ငွေကျပ် ငါးသောင်းခန့်ရှိသည်။ ရန်ကုန်ရှိ အိန္ဒိယသံရုံးတွင် ယောဂသင် တန်းကို ဖွင့်လှစ်ထားသည်။ အိန္ဒိ ယသံရုံးတွင်တော့ ဈေးသက်သာ ပြီး ပထမလအတွက် အမေရိကန် ဒေါ်လာ ရှစ်ကျပ်ပေးသွင်းရကာ နောက်လများတွင် ငါးဒေါ်လာ သာပေးသွင်းရသည်။
‘‘ယောဂက စိတ်ကို ခန္ဓာမှာ ပေါင်းစပ်ထည့်ထားပြီး ကျင့်ရတဲ့ ကျင့်စဉ်ပါ’’ဟု ယောဂဆရာမ မ ၀ါဝါသင်းက ပြောသည်။

ယောဂကျင့်စဉ်တွင် အခြေ ခံအကွက်ရာကျော်ရှိပြီး အသက် ရှူလေ့ကျင့်ခန်းများနှင့် တွဲဖက် ကျင့်ရခြင်းဖြစ်သည်။ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ နှလုံး သွေးကြောများ၊ သွေးလည်ပတ်မှု ကောင်းရန်၊ အာရုံကြောများလန်း ဆန်းစေရန် လေကို ရှူထုတ်ရ သည့် နည်းများလည်းပါဝင်သည်။

နှလုံး၊ အဆုတ်၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ကျီးပေါင်း၊ စိတ်ဖိစီးမှု အစရှိသော ရောဂါများ ကို ယောဂလေ့ကျင့်ခန်းဖြင့် ကုစား နိုင်သည်။ ထူးထူးခြားခြားရောဂါမ ရှိသည့်တိုင် ယောဂကျင့်ခြင်းဖြင့် ရောဂါများကင်းဝေးနိုင်ကြောင်း မြန်မာ့အသံတွင် ယောဂလေ့ကျင့် ခန်းသရုပ်ပြနေသူ ယောဂဆရာ ဦးခင်မောင်ဆွေက တိုက်တွန်း သည်။
‘‘ခန္ဓာကိုယ် ကိုယ်ခံစွမ်းအား ကောင်းလာတော့ ရောဂါတွေမ ၀င်နိုင်တော့ဘူး’’ဟု ဦးခင်မောင် ဆွေက လေးနက်စွာပြောသည်။

နေ့ညအိပ်မပျော်သော ရော ဂါခံစားနေရပြီး ယောဂလေ့ကျင့် ခန်းကို စမ်းသပ်မိရာမှ ကျန်းမာ ရေးကောင်းမွန်လာသဖြင့် ထို့ နောက်ပိုင်း ယောဂကို စွဲစွဲမြဲမြဲ ကျင့်ခဲ့ကြောင်း အသက် (၅၆)နှစ် အရွယ် ဒေါ်ကေကေက ပြောပြ သည်။
‘‘နှာခေါင်းပိတ်နေလို့ အနံ့မရဘူး။ အသက် ရှူသွင်းလေ့ကျင့် ခန်းလုပ်တာ ပြန် ကောင်းလာ တယ်’’ ဟု အ သက်(၄၀)အရွယ်ဒေါ်စန္ဒာ
က ပြော သည်။

ယောဂကျင့်ခြင်းက စိတ်ကို တည်ငြိမ်စေသဖြင့် လူငယ်များ လည်း တက်သင့်သည့် သင်တန်း မျိုးဖြစ်သည်။
‘‘အရင်က ဒေါသထွက်လွယ် တယ်။ အခုတော်တော်သည်းခံ လာနိုင်ပြီ’’ဟု ခန္ဓာကိုယ်တောင့် တောင့်နှင့် အသက်(၂၀)အရွယ် လူငယ်တစ်ဦးက ပြောသည်။

ယောဂကို နံနက်စောစော ထပြီး နာရီဝက် (သို့မဟုတ်) တစ် နာရီခန့် လေ့ကျင့်နိုင်သည်။ယနေ့ (ဇွန် ၂၁ ရက်)ကို အပြည်ပြည်ဆိုင် ရာ ယောဂနေ့အဖြစ် ကုလသမဂ္ဂ က သတ်မှတ်ပေးလိုက်သည်။
နိုင်ငံပေါင်း ၁၇၇ နိုင်ငံတွင် ယောဂနေ့ကို ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပမည် ဖြစ်သည်။  ကမ္ဘာတစ်ဝန်းတွင် ယောဂကျင့်စဉ် ကျယ်ပြန့်လာအောင် ဆောင်ရွက်သူများအနက် အိန္ဒိယ၀န်ကြီးချုပ်  မိုဒီ ထိပ်ဆုံးကပါဝင်ခဲ့သည်။ ယခုကဲ့သို့ ယောဂနေ့ကို ကုလသမဂ္ဂက အသိအမှတ်ပြု သည်အထိကျယ်ပြန့်လာသည်မှာ လည်း မိုဒီ၏ စည်းရုံးမှုများကြောင့် ဖြစ်သည်။ မိုဒီကိုယ်တိုင်လည်း ယောဂကို စိတ်အားထက်သန်စွာ လုပ်ဆောင်သူတစ်ဦးဖြစ်သည်။

‘‘ယောဂဟာ ရှေးဟောင်း အိန္ဒိယရိုးရာအစဉ်အလာရဲ့ တန် ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ် ခုပါပဲ။ ယောဂဟာ စိတ်နဲ့ခန္ဓာ ကိုယ်၊ စိတ်ကူးအတွေးနဲ့ လှုပ်ရှား မှု၊ ချုပ်တည်းကန့်သတ်မှုနှင့်ပြည့် ၀မှုတွေကို ညီညွတ်မျှတအောင် ချိတ်ဆက်ပေးပါတယ်။ လူသားနဲ့ သဘာဝ၊ ကျန်းမာရေးနဲ့ နေထိုင် ကောင်းရေးကို လုံးလုံးလျားလျား ကြီး ဟန်ချက်ညီမျှအောင် ဆောင် ရွက်ပေးပါတယ်’’ ဟု ၂၀၁၄ စက် တင်ဘာလ ၂၇ ရက်တွင် ကုလ သမဂ္ဂအထွေထွေ ညီလာခံ၏ (၆၉)ကြိမ်မြောက် ညီလာခံ၌ အိန္ဒိ ယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာယောဂ နေ့ကို ကြိုဆိုသောအားဖြင့် အိန္ဒိ ယသံရုံးတွင် ဇွန်လ ၁၆ ရက်က ယောဂပြိုင်ပွဲတစ်ခုကို ပထမဆုံး ကျင်းပခဲ့သည်။

ယောဂသင်တန်းကျောင်း များမှ ပြိုင်ပွဲဝင်သူဦးရေ ၃၀အထိ တက်တက်ကြွကြွပါဝင်ခဲ့သည်။ ပြိုင်ပွဲဝင်သူများမှာ အသက် (၇) နှစ်အရွယ်မှ အသက်(၅၆) နှစ်အ ရွယ်ထိ အရွယ်စုံအမျိုးသမီး၊ အ မျိုးသားများပါဝင်သည်။ပထမဆု နှင့် ဒုတိယဆုကို ယောဂကျင့် သည့် သက်တမ်းနှစ်လခန့်သာရှိ သေးတာ မောင်နှမနှစ်ဦးက ရရှိခဲ့ သည်။  ထိုမောင်နှမနှစ်ဦးကဲ့သို့ပင် အခြားကလေးငယ်များ၊ ဆယ် ကျော်သက်များ၊ လူကြီးများအထိ ပင် ရုပ်နှင့်စိတ်ကျန်းမာရေးအ တွက် ယောဂကိုလေ့လာလိုက်စား လာကြသည်။

ယခုအခါ အစိုးရရုပ်သံလိုင်း များတွင် ယောဂနှင့်ပတ်သက် သည့် လေ့ကျင့်ခန်းများထုတ်လွှင့် လာသည်။ ယောဂနှင့်ပတ်သက်  သော စာအုပ်များရောင်းအား ကောင်းလာသည်။ ခန္ဓာကိုယ်အ လှအပနှင့်ဆိုင်သော သင်တန်း များတွင် ယောဂကိုတွဲဖက်ဖွင့် လှစ်လာကြသည်။
ယနေ့ ဇွန်လ၂၁ ရက်တွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ အပြည် ပြည်ဆိုင်ရာ ယောဂနေ့ကျင်းပ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လည်း ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ၌ ယောဂသရုပ်ပြပွဲများကျင်း ပနေပြီဖြစ်သည်။ ယောဂကျင့်စဉ် သည်  မြန်မာနိုင်ငံတွင် တဖြည်း ဖြည်း ပိုမိုကျယ်ပြန့်လာဖွယ်ရှိနေ သည်။

http://7daydaily.com/story/40056

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...