စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အစိမ်းရောင် ပန်းဂေါ်ဖီ



အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက်အကူ ပြုကြောင်း သိရှိရသည်။

နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များအရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ် ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံ ပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမိုလှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာ ပါရှိသည်။

NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင် ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိ ခဲ့သည်။

အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြ ထားမှုအရ အဆုတ်တွင်း ညစ်ညမ်းမှုများနှင့် အဆုတ် ကင်ဆာ ရောဂါများအား ကာကွယ်နိုင်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီအား များများ စားသုံးရန် တိုက်တွန်း ထားကြောင်း ပါရှိသည်။

သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင် ပန်းဂေါ်ဖီဖြင့် အဆုတ် ရောဂါများ၏ ခြိမ်းခြောက် လာမှုအား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့် နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ် ကျန်းမာရေး ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခု တွေ့ရှိမှုမှာ အလွန် အရေးပါသော စွမ်းဆောင်မှု တစ်ခုဟု ပြောဆို သွားသည်။

၎င်းက အစိမ်းရောင် ပန်းဂေါ်ဖီတွင် လူသားတို့၏ ကျန်းမာရေးအား အထောက်အကူ ပြုစေနိုင်သော သဘာဝ ဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ် ရောဂါများ အတွက် အလွန် အစွမ်းထက် သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘော မပေါက်ခဲ့ကြောင်း ပြောကြား သွားသည်။

ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သား ကင်ဆာကို ဟန့်တားနိုင်

ပန်းဂေါ်ဖီစိမ်း (Broccoli)မှာ ပါဝင်တဲ့ ဒြပ်ပေါင်း တစ်မျိုးဟာ ကင်ဆာ ကျိတ်တွေ ကြီးထွားမှုကို ဖြစ်စေတဲ့ အဓိက ဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း အမေရိကန် သုတေသီ တွေက တွေ့ရှိ ခဲ့ပါတယ်။

ကင်ဆာ စတမ်းဆဲလ်တွေ (Cancer Stemcells) ဟာ အရေအတွက် နည်းပေမယ့် ကင်ဆာ ပြန်ဖြစ်တာနဲ့ ပျံ့နှံ့တာ အတွက် အဓိက သော့ချက် ဖြစ်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းမှာ ပါတဲ့ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကင်ဆာကျိတ် အသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးထားပြီး ကင်ဆာ စတမ်းဆဲလ် တွေကို သတ်ပစ်တာ တွေ့ရှိခဲ့တယ်။ Sulforaphane ဟာ ကင်ဆာရောဂါအပေါ်မှာ အကျိုး သက်ရောက်မှု ရှိတယ် ဆိုတာကို အရင်ကတည်းက သိပြီး သားပါ။

ဒါပေမယ့် အခု သုတေသနက Sulforaphaneရဲ့ ရင်သား ကင်ဆာ စတမ်း ဆဲလ်တွေကို ဆန့်ကျင် နိုင်တဲ့ အာနိသင်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Sulforaphane တွေဟာ အဓိကကျတဲ့ ကင်ဆာ စတမ်းဆဲလ် တွေကို ဦးတည် တိုက်ခိုက်ပြီး ကင်ဆာ ရောဂါကို ကာကွယ် နိုင်မယ် ဒါမှမဟုတ် ကုသနိုင်မယ်လို့ သုတေသီ ခေါင်းဆောင် Duxin Sun က ဆိုပါတယ်။

သုတေသီတွေက ရင်သား ကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းမှ ထုတ်ထားတဲ့ Sulforaphane ဒြပ်ပေါင်းတွေ ထိုးသွင်းခဲ့ရာ သာမန်ဆဲလ်တွေ အပေါ်မှာ အာနိသင် နည်းနည်း လေးသာရှိပြီး ကင်ဆာဆဲလ် တွေကိုသာ သိသိ သာသာ လျော့ကျ သွားစေတာကို တွေ့ရှိ ခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ် အသစ် တွေလည်း ထပ်မံ မဖြစ်ပေါ်နိုင်တော့ တာကို တွေ့ရှိ ခဲ့ကြ ပါတယ်။


https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...