စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Facebook ပေါ်မှာ ငွေရှာမယ်



Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။
ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။


Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။


သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။


ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။
နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။
ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ 


ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။
ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။
 

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ-

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို



တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။
သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။
အဲ့ဒီလို ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။
ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

                                  



တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း
အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက—

ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး—

တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။

ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး
ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။

ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း
အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။

ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee’s tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုးကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။

အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက်တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။

ဆေးသုံးစွဲပုံ—
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။
စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။
ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။

အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက်သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင်ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။

ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။

ဇော်ရဲနိုင်
 

တက်တူးထိုးအပြီး သိထားသင့်တဲ့အချက်များ





တက်တူးထိုးတယ်ဆိုတာ ကိုယ့်ကိုကိုယ် ဖော်ကျူးခြင်းရဲ့ အားအပါဆုံး သင်္ကေတတွေထဲက တစ်ခုပါ။ အနုပညာလို့လည်း တင်စားလို့ရပါတယ်။ တက်တူးထိုးပြီးသွားတဲ့အခါ တက်တူးအနာ သေသေချာချာကျက်စေဖို့ ခင်ဗျားရဲ့ တက်တူးဆရာဆီက လမ်းညွှန်ချက်တွေ လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါမှသာ တက်တူးထိုးပြီးနောက် ဘ၀တစ်လျှောက်လုံးအတွက် စိတ်ချရပြီး ထိရောက်မှုရှိတဲ့ တက်တူးအနာကျက်မှု ဖြစ်လာမှာပေါ့။

ရောဂါပိုးမွှားကင်းစင်တဲ့ စက်ပစ္စည်းသစ် တွေရှိတဲ့ ခေတ်သစ် တက်တူးစတူဒီယိုကြီးမှာ ခင်ဗျားတက်တူးထိုးပြီးပြီ ဆိုပါစို့။ အဲ့ဒီ့လို တက်တူးထိုးပြီးပြီဆိုရင် တက်တူးထိုးပြီး ဂရုစိုက်ရမယ့်အချက်တွေနဲ့ အတူ တက်တူဆရာက အထုပ်လေးတစ်ထုပ် ခင်ဗျားကိုပေးပါလိမ့်မယ်။

ကမ္ဘာအနှံ့က အရည်အသွေးမြင့် တက်တူးပါလာ ဖွင့်ထားသူတွေက ကူညီပေးအပ်ထားတဲ့ လုံခြုံစိတ်ချတက်တူးအနာကျက်ရေး လမ်းညွှန်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့တက်တူးအတွက် အထူးလမ်းညွှန်ချက်တွေကို ခင်ဗျားကိုယ်ပိုင် ပရောဖက်ရှင်နယ် တက်တူးဆရာနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလုပ်ဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။

. တက်လာတဲ့အနာဖေးတွေကို ဆွဲမခွာပါနဲ့။ မသုတ်ပစ်ပါနဲ့။ အနာကျက်ဖို့စောင့်နေတုန်း လက်ဝတ်ရတနာ ၀တ်ဆင်တာမျိုး မလုပ်ပါနဲ့။

. ဘက်တီးရီးယားတိုက်ဖျက်ရေး လိမ်းဆေးတွေ မသုံးပါနဲ့။

. အရက်ပြန် (ဒါမှမဟုတ်) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် မသုတ်လိမ်းပါနဲ့။

တက်တူးထိုးပြီးခါစ နာရီအနည်းငယ်အတွင်းမှာ သွေးထွက်တာ ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ တက်တူးထိုးပြီး ၄၈နာရီနောက်ပိုင်းထိ သွေးဆက်ထွက်နေတုန်း ဆိုရင်တော့ ခင်ဗျားရဲ့ ပရောဖက်ရှင်နယ် တက်တူးဆရာနဲ့ တိုင်ပင်ဖို့ လိုပါပြီ။

ထိုးထားတဲ့ တက်တူးအသစ်တွေကို နေ့စဉ် ၂ကြိမ်၊ ၃ကြိမ် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ တနေကုန် ထိတွေ့နိုင်တဲ့အတွက် ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ တက်တူးကို မကိုင်ခင်တိုင်းမှာ လက်ဆေးဖို့ သတိပြုပါ။ တက်တူးပေါ်မူတည်ပြီး အနာကျက်တဲ့ အချိန်အတိုင်းအတာ ကွာနိုင်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းစဉ် ဘယ်လောက်ကြာကြာ ဆက်လုပ်နေရမယ်ဆိုတာ ခင်ဗျားရဲ့ တက်တူးဆရာကို မေးပါ။

တက်တူးအနာကျက်စ ပြုတဲ့ အစပိုင်း ရက်သတ္တပတ်တွေအတွင်းမှာ အနာဖေးလေးတွေ တက်လာပါလိမ့်မယ်။ ဒါဟာ ပုံမှန်ပါ။ တက်တူးနာကျက်ဖို့ စောင့်နေတုန်းမှာ ဆားရည်နဲ့ ဆေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း ခင်ဗျားရဲ့ ပရောဖက်ရှင်နယ် တက်တူးဆရာက ပေးလာတဲ့ စည်းစနစ်တကျ လမ်းညွှန်ချက်တွေအတွက် တိုင်ပင်ပါ။

Ref:tattoogoo.com
 

ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ နေ့နံတွေလိုပါသလား”




နေ့နံဆိုတာ လူတွေရဲ့စိတ်ကိုကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။
တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရောမတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်
♦ခွင့်လွတ်နိုင်ရမယ်။
♦နားလည်ပေးနိုင်ရမယ်။
♦သဘောထားကြီးရမယ်။
ဒါဆိုရင်အဆင်ပြေအောင် ပေါင်းလို့ရပါတယ်။နေ့တွေနဲ့မဆိုင်ပါဘူး။

နေ့နံတည့်တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်းမရှိ
သည်းခံမှုလည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။
●နေ့နံတည့်တယ်ဆိုပြီး ကွဲကြတာ အများကြီး။
●နေ့နံမတည့်ပေမယ့် ပေါင်းနေကြတာ အများကြီး။

နေ့နံနဲ့မဆိုင်ပါဘူး။လူနဲ့ပဲဆိုင်တယ်။ လူကအဓိကပါပဲ။အဆင်ပြေအောင်နေနိုင်တာ ကိုယ်လုပ်တာပါပဲ။
အဆင်မပြေအောင် လုပ်တာလည်း ကိုယ်ပါပဲ။အဆင်ပြေအောင်နေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။အဆင်ပြေအောင် မနေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။“အဆင်မပြေတဲ့စိတ်” တွေကို ပြင်လို့ရရဲ့သားနဲ့၊
“ဘာမှကောင်းကျိုး မပေးတဲ့ မာန” တွေနဲ့ တင်းခံနေတယ်။အကြောင်းဆက်လို့ ပေါင်းဖက်ပြီးပြီပဲ။
ဒီမာနဘာလုပ်မှာလဲ။ဘယ်နေရာမှာမှ အကျိုးမရှိပါဘူး။
“နေ့တွေ ၊ နံတွေ” ထက် “စိတ်တွေ”က ပိုပြီးအရေးကြီးပါတယ်။ချစ်ကြသူတိုင်း အဆင်ပြေကြပါစေ။

-【အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရမည့် အချက်များ


                                             
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
 

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ – skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။


ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်


မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်


မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်


ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ 


အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
 

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
81107
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Myanmar Mobile App Store


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

               
(၁) အမူအကျင့်
==========
တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။
(၂) နေရောင်ခြည်
===========
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။
(၃) အိပ်ရေး မဝခြင်း
=============
အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။
(၄) အချိုနှင့် အငန်ဓာတ်
==============
အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။
(၅) လှုပ်ရှားမှု မရှိခြင်း
============
လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုးရှိစေပါတယ်။

Ref: Good Health


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

ခြင်ဋီကာ





နေအပူနဲ့အတူ ဒုက္ခပေးလာတဲ့အကောင်ကတော့ ခြင်ပါ
နေပူလို့ ခြင်ထောင်မထောင်နိုင် အဝတ်၊စောင်မကပ်ရတဲ့အထဲ ဒင်းတို့က အတော်ဒုက္ခပေးလာပါတယ်။ စူးကနဲဖြစ်ဖြစ်သွားတဲ့ ခံစားချက်နောက်မှာ ဒေါသတကြီး လိုက်ရိုက်ပေမယ့် မမိပြန်ပါဘူး
တဝီဝီနဲ့ နားဒုက္ခပါပေးလာတဲ့အခါမှာတော့ ကျွန်တော့ဒေါသဟာ အထွတ်အထိပ်ရောက်ရှိသွားပါတယ

အိပ်ယာက အသာအယာထ မီးဖွင့်ပြီး
အနားမှာရှိသမျှခြင်ကို ဆိုင်းဝိုင်းတီးသလို လိုက်ရိုက်ရတော့တာပေါ့လေ
အိပ်ယာခင်းအဖြူခံမှာ ဒင်းတို့ကိုရေဒါဖမ်းစရာမလိုပဲ ကောင်းကောင်းကြီးမြင်ရပါတယ်
ပထမတော့ အိုကေပါပဲ ခြင်သုံးကောင် ပြားပြားဝပ်သွားပါတယ်
ဒါပေမယ့် ကျွန်တော့်အောင်မြင်မှုက ကြာကြာတော့မခံပါဘူး
ပြန်အိပ်မယ်လုပ်ပြီးသိပ်မကြာခင် နောက်ထပ် ခြင်တပ်စုတစ်စု ရောက်ရှိလာပြန်ပါတယ်
ထုံးစံအတိုင်းတဝီဝီနဲ့ပေါ့
အဲဒီ့အုပ်စုကျသွားလဲ နောက်တအုပ်စုပေါ်လာပြန်ပါရော

တခါတည်းလာရင် အကုန်ပြုတ်မှာသိလို့
စစ်နည်းဗျူဟာကျကျ တစ်သုတ်ပြီးတစ်သုတ်လာတာကတော့ သြချလောက်ပါတယ်
ဒင်းတို့သက်တမ်းငါးလလေးအတွင်း ဘယ်မှာစစ်ပညာသင်လာလဲတော့ မသိပါဘူး
ဒီတော့ကာ ကျွန်တော့်အနေနဲ့ ရန်သူကိုရင်ဆိုင်ဖို့ ပထမဆုံးအနေနဲ့ ရန်သူ့အကြောင်းကိုအရင်လေ့လာရတာပေါ့လေ

ခြင်တစ်ကောင်ဟာသက်တမ်းဟာ ငါးလခန့်ရှိပြီး
(အစပထမ ခုနှစ်ရက်သာရှိတယ်ဆိုတဲ့ ယူဆချက်ကမှားပါတယ်)
တနာရီ၁မိုင်ခွဲနှုန်းနဲ့ ခုနှစ်နာရီ မရပ်မနားပျံသန်းနိုင်သတဲ့
ခရီးရှည် မိုင်နှစ်ဆယ်ကျော်ကို တနေ့တည်းပျံသန်းနိုင်ပါတယ်
ခြင်တွေဟာအဓိကပန်းဝတ်ရည်ကိုသာ သောက်သုံးပြီး ခြင်မတွေဟာယင်းတို့ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားအတွက်လိုအပ်တဲ့ ပရိုတိန်းအတွက် လူ့သွေးကိုစုပ်ရတာပါ

လူတွေမှာလဲ လူမျိုးပေါင်းစုံရှိသလို ခြင်တွေမှာလည်းခြင်မျိုးပေါင်းစုံရှိပါတယ်
လူ့သွေးကိုကြိုက်တဲ့ခြင်မျိုးရှိသလို ငှက်သွေးတို့ဘာတို့မှကြိုက်တဲ့အမျိုးတွေရှိပါတယ်
ခြင်တွေရဲ့တောင်ပံဟာ တစက္ကန့်မှာ အကြိမ်(၃၀၀)မှ(၆၀၀)ထိ ရိုက်ခတ်နိုင်ကာ
အဲ့ဒီလိုရိုက်ခတ်မှုကနေ ဝီဝီဆိုတဲ့အသံပေါ်လာတာပါ
ခြင်တွေဟာ ဒီအသံနဲ့ပဲ တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်ကြပါတယ်
အသံကြားတာနဲ့ ဘယ်အမျိုးမှန်းသိတဲ့ခြင်တွေဟာ အမျိုးမတူမှန်းသိရင် ခွာသွားကြပါတယ်
လူလိုဆိုရင် မျိုးစောင့်ပေါ့လေ
ချစ်ရေးဆိုရင်လဲ အဆိုပါဝီသံလေးနဲ့ချစ်ရေးဆိုပြီး ချစ်တင်းနှောဖို့ အမကသဘောတူတယ်ဆိုရင် ဝီသံနဲ့ပဲအချက်ပြပါတယ်

အဲ! အလုပ်ဖြစ်ပြီးတဲ့အခါကျတော့ ခြင်ထီးဟာ လှည့်စားကာပစ်ခွာပြေးပါတော့တယ်
ဗိုက်တလုံးနဲ့ကျန်ခဲ့တဲ့ခြင်မဟာ မြန်မာဗီဒီယိုဇာတ်ကားတွေထဲကလို ယောက်ျားတွေကို အရမ်းမုန်းတယ်ဖြစ်သွားပါလေရော
သွေးကလည်းဆာလာပြီဖြစ်လို့ ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသလို ဗိုက်တလုံးနဲ့ သွေးရှာထွက်ရတာပေါ့လေ
အဲ့သည်မှာ မြန်မာကားထဲကလို
ဟိတ်!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ
ဆိုပြီး လူရမ်းကားခြင်ထီးတွေနဲ့ တွေ့ရင်လဲ
ရှင်တို့ အနားမကပ်နဲ့ ကျွန်မအော်လိုက်မှာနော် ယောက်ျားတွေကိုမုန်းတယ်မုန်းတယ်
ဆိုပြီးပြေးရပြန်တာပေါ့လေ

ဒီအချက်ကိုတွေ့ရှိထားတဲ့ သိပ္ပံပညာရှင်တွေက ခြင်ကိုက်သက်သာဖို့ နည်းလမ်းတစ်ခုတွေ့ခဲ့ပါတယ်။ အဆိုပါ
ဟေ့!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ
ဆိုတဲ့ ခြင်ထီးသံကို လွှင့်ထုတ်ပြီး
အသေးစားခြင်နှင်စက်ကလေးတွေ တီထွင်နိုင်ခဲ့ပါတယ်
ဖုန်းအပလီကေးရှင်းတွေထဲက ခြင်ပြေးစေတယ်ဆိုတာ အဲ့ဒါပေါ့
အသံလေးက အရမ်းတိုးတော့ လူ့နားနဲ့က မကြားနိုင်ဘူးလေ

ခြင်မတွေကလည်း လည်သဗျ
ဟေ့!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ ဆိုတဲ့
အသံဟာ ရိုးလာတဲ့အခါကျတော့ သိပ်မကြောက်တော့ဘူး
အလကားသင်္ကြန်အမြှောက်ပါ ဆိုပြီး မပြေးကြတော့ဘူး
ဒါကြောင့် သိပ္ပံပညာရှင်တွေက
ဟိတ်!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ ဆိုတဲ့အသံအပြင်
ဟားဟားဟား ရပ်လိုက်စမ်း
ဟိတ်!ချာတိတ်မ မပြေးနဲ့ အစရှိတဲ့အသံပေါင်းစုံကို တီထွင်ရပြန်သတဲ့

ခြင်တွေဟာ လူတွေရှိရာကို ဘယ်လိုသိလဲဆိုတော့ကာ
အဓိကအားဖြင့် အသက်ရှူရာမှာ ထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လိုက်တာပါ
ပေတစ်ရာအကွာအဝေးကနေတောင် လှမ်းပြီးဖမ်းယူနိုင်လို့ ပြေးဖို့ဆိုတာ မလွယ်ပါဘူး
ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လိုက်တာမို့
ထုတ်လွှတ်ရာ နှာခေါင်းနဲ့ခေါင်းနားတွေမှာ ဝဲနေတတ်ပြီး
ညအခါ ခြင်ရိုက်ရင်းကိုယ့်ပါးကိုယ်ရိုက်မိတာဟာ ဒါ့ကြောင့်ပါ
အသက်ကလည်း အောင့်ထားလို့မရတာမို့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို ခြင်တွေခြေရာမခံမိအောင် တခြားတစ်ခုခုနဲ့ ဖုံးလွှမ်းဖို့လိုပါတယ်
အကောင်းဆုံးကတော့ ချောကလက်ပါ
ဟုတ်ပါတယ် ချောကလက်ရဲ့အနံ့ဟာ ခြင်တွေရဲ့ရေဒါကို ကောင်းကောင်းနှောက်ယှက်နိုင်လို့
ချောကလက်စားနေသူကို ခြင်မကိုက်ပါဘူးတဲ့ စမ်းကြည့်ပါနော့်

နောက်တစ်ခါ ငါ့ကျမှ ခြင်တွေကပြုံကိုက်တယ် တခြားသူတွေကျ သိပ်မကိုက်ဘူးဆိုတဲ့ သူတွေရှိပါတယ်
ဒါကတော့ လူ့ရဲ့ချွေးဟာ တစ်ယောက်နဲ့တစ်ယောက် chemical ပါဝင်ပုံချင်း မတူပါဘူး
ခြင်ကြိုက် chemical အထွက်များတဲ့သူကိုတော့
ခြင်မတွေ ဝိုင်းဝိုင်းလည်နေမှာ အမှန်ပါပဲ
အဲ့သည့်လူတွေအတွက် ကာကွယ်ရေးကတော့
ရေချိုးသန့်စင်ခြင်း lotion လူးခြင်းတို့ဖြစ်ပါတယ်

ခြင်တွေဟာ လူ့လောကကို ဒုက္ခအပေးဆုံး လူအသတ်ဆုံးသတ္တဝါဖြစ်ပါတယ်
သူတို့ကြောင့်သေရတဲ့လူ အရေအတွက်ဟာ တခြားငါးမန်း၊ကျား၊ဆင်တွေကြောင့်သေရတဲ့ လူအရေအတွက်ထက်များပါတယ်
ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကတော့ သိပြီးသားဖြစ်မှမို့ အကျယ်တဝင့်မပြောလိုတော့ပါ
အဲ! ဒါပေမယ့် ကျွန်တော်တို့အချစ်တော် ခွေးကလေးတွေဟာလည်း ခြင်ကိုက်ရောဂါကူးပြီး သေတတ်တာကိုတော့ သိထားဖို့လိုပါတယ်

ထူးခြားတာကတော့ ပိုးသယ်ဆောင်လာတဲ့ ခြင်ဟာ
Superman, Vampire, Xman တို့လို ပါဝါတွေရလာပါတယ်
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဟာ ခြင်ရဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်ရေဒါကို အဆင့်မြင့်လိုက်တဲ့အပြင် သွေးဆာအောင်ဖန်တီးလိုက်တာမို့ ခြင်ဟာ Twilight ထဲကမင်းသားလို လျှင်မြန်ပေါ့ပါးလာပြီး တခြားခြင်တွေထက်အစွမ်းထက်လာပါတယ်
တဖန် ငှက်ဖျားပိုးဟာလည်း ခြင်ရဲ့လူ့ချွေးကိုအနံ့ခံတဲ့ sensor ကို ပါဝါတက်စေလို့
စူပါခြင် ဖြစ်လာစေပါတယ်
ကြောက်စရာကြီးပေါ့နော့်!

ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့ ရောမစစ်ဘုရင် အလက်ဇန္နားသည်ဂရိတ်ကို လုပ်ကြံတာကလည်း ခြင်တွေပါပဲ။ နိုင်းမြစ်ဝှမ်းက ခြင်ကိုက်ရာကရောဂါဖြစ်ပြီး သေခဲ့တာဖြစ်ပါတယ်။ တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားဟာလည်း ထိုင်းမြန်မာနယ်စပ်မှာ ခြင်ကိုက်ငှက်ဖျားဖြစ်ပြီး ဆုံးပါးခဲ့ရပါတယ်။ ဗိုလ်မှူးဗထူးရောပေါ့လေ။

ကဲ ဒါကတော့ ကျွန်တော်သိသမျှ ခြင်ဋီကာပါ
လောလောဆယ်တော့ ခြင်ပြေးအောင် ချောကလက်မစားနိုင်သေးပေမယ့်
အမေပေးထားတဲ့ ပန်ကာလေးနဲ့ မှုတ်ထုတ်ပစ်လိုက်နိုင်တာမို့
ခြင်တိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝ ကနေတော့ လွတ်မြောက်သွားပါပြီ
အားလုံးပဲ ဘိုင်ဘိုင့်ပါ

ကိုဆေး
 

ကုန်သည်ကြီးများဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း


                     
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာရှိ ကြယ်ငါးပွင့် အဆင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို လွန်ခဲ့သော နှစ်ပါင်း ၂၀၀၀ ကျော်ခန့် ကတည်းက ရှိခဲ့သော ဆူးလေစေတီတော်ကို အစွဲပြု၍ ဆူးလေရှန်ဂရီလာသို့ (Sule Shangri-La) အမည် ပြောင်းလဲလိုက်ကြောင်း အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆူးလေရှန်ဂရီလာသို့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အဆိုပါ ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဟိုတယ်ထံမှ သိရသည်။

“City Hotel အနေနဲ့ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကအစ တခြားနိုင်ငံတွေမှာ ရှိတဲ့ ရှန်ဂရီလာတွေ ပုံစံအတိုင်း ပေးမှာ” ဟု ဆူးလေရှန်ဂရီလာက ပြန်ကြားရေး တာဝန်ခံ ဒေါ်မြတ်စန္ဒီဇော်က ဆိုသည်။

အဆိုပါ ဟိုတယ်ကို ၂၀၁၃ ခုနှစ်က အကြီးစား ပြန်လည်ပြုပြင်ခဲ့ပြီး အမည်ပြောင်းလဲခြင်းနှင့် ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် သီးသန့် အစည်းအဝေး ခန်းမများနှင့် ရွှေတိဂုံဘုရားနှင့် ရန်ကုန်မြို့တော် ရှုခင်းများကို ကြည့်ရှုနိုင်ရန် ၂၁ ထပ်တွင် ထပ်မံတိုးချဲ့ထားသည့် အဆင့်မြင့် ဧည့်ခန်းမတစ်ခုအပြင် အဖျော်ယမကာများ အခမဲ့ သုံးဆောင်ခွင့်၊ တစ်နေ့တာလုံး ကော်ဖီ၊ လက်ဖက်ရည် သုံးဆောင်ခွင့်နှင့် မြန်နှုန်းမြင့် အင်တာနက် ရရှိမည်ဖြစ်ကြောင်း ယင်းဟိုတယ်က သိရသည်။

ဆူးလေရှန်ဂရီလာ အဖြစ် အမည်ပြောင်းလဲခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အခန်းခများကို တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၁၅ (အခွန်နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ် အပါအဝင်) ဖြင့် အထူးနှုန်း သတ်မှတ်ပြီး အခန်းအသစ်များနှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဟိုတယ် အမည်ပြောင်းခြင်း အစီအစဉ်အရ သိရသည်။

ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် အုပ်စုတွင် ဟိုတယ် အလုံးပေါင်း ၈၀ ကျော်ကို ရှန်ဂရီလာ အမည်ဖြင့် ဖွင့်လှစ်ထားပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကာတာ၊ သီရိလင်္ကာနှင့် ယူကေနိုင်ငံများတွင် ဟိုတယ် တည်ဆောက်ဆဲ စီမံကိန်းများ လုပ်ဆောင်လျက် ရှိကြောင်း ဆူးလေရှန်ဂရီလာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဟိုတယ်ကို ၁၉၉၆ ခုနှစ်က ကုန်သည်ကြီးများဟိုတယ် (Traders Hotel) အမည်ပြောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်

            



ယနေ့ခေတ် မြန်မာ့ရုပ်ရှင်လောကမှာဆိုရင် မင်းသမီးနဲ့ မော်ဒယ်လ်အများစုဟာ သူ့ထက်သူထူးအောင် အမြဲကြိုးစားနေကြပါတယ်။ နာမည်ကောင်းနဲ့ကျော်ကြားမှု (famous) တွေရှိသလို၊ မကောင်းသတင်းနဲ့ကျော်ကြားမှု (notorious) တွေလည်း အများကြီးဖြစ်ပါတယ်။ ဘယ်လိုပဲကျော်ကြားပါစေ ကျော်ကြားဖို့သာ အဓိကဆိုသူများကတော့ နာမည်ဆိုးဆိုးကောင်းကောင်း ကျော်ကြားဖို့အတွက် ဘာမဆိုလုပ်ဖို့ အဆင်သင့်ရှိပုံရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိကျောင်းမင်းရေခင်းပြ ပဲဆိုဆိုပါ ကျွန်တော်တို့ရှေ့က ရောက်နှင့်ပြီးဖြစ်တဲ့ တရုတ်ပြည်ရုပ်ရှင်လောကရဲ့ ခေတ်အကူးအပြောင်းကာလမှာ အဖေါ်အချွတ်ဇာတ်ကားများနဲ့ လူအကဲ့အရဲ့ခံရာက ကမ္ဘာကျော်လာတဲ့ တရုတ်မင်းသမီးဆယ်ယောက်အကြောင်းကို ဖေါ်ပြလိုပါတယ်။ အတုယူကြပါလို့တော့ မဆိုလိုပါခင်ဗျာ။ just for knowledge ပါ။

Loletta Lee 李丽珍

၁၉၆၆ ခုနှစ်ဖွား ဟောင်ကောင်မင်းသမီးဟာ နာမည်ကြီးအပြာရုပ်ရှင်တွေဖြစ်တဲ့ Spirit of love, Crazy love, Girls unbutton နဲ့ Sex and Zen 2 တွေကိုရိုက်ကူးခဲ့ပြီး အဝတ်မပါတဲ့ ဓါတ်ပုံတွေ လူထုထဲကိုပျံ့နှံ့လာပြီးနောက်မှာ နာမည်ကြီးလာပါတယ်။ 1999 ခုနှစ်မှာတော့ Ordinary Heroes ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင်မင်းသမီးဆု (ရွှေမြင်းဆု) ကို ရရှိခဲ့ပါတယ်။

Shu Qi 舒淇

၁၉၇၆ ခုနှစ်ဖွား ထိုင်ဝမ်မင်းသမီးရှုကြည်ဟာ Sex and Zen 2, Red light distrinct နဲ့ Viva Erotica ဇာတ်ကားများကို ၁၉၉၆ ခုနှစ်များကတည်းက စတင်ရိုက်ကူးခဲ့ပြီး သူမရဲ့ပါးစပ်ဟာ ကမ္ဘာမှာလိင်ဆွဲဆောင်မှုအရှိဆုံးပါးစပ်လို့ လူပြောများပါတယ်။ နှုတ်ခမ်းမှာတော့ အိန်ဂျယ်လီနာဂျိုလီပါ။ ၂၀၀၅ ခုနှစ်အရောက်မှာတော့ အပြာမယ်အဖြစ်ကနေ အကျော်ကြားဆုံးမင်းသမီးဖြစ်လာပြီး အဲ့သည့်နှစ်မှာပဲ ရွှေမြင်းဆုကို ရရှိပါတယ်။ ဗစ်ကီကျောက်ဝေတို့နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ So close ဟာလည်း ရှကြည်ရဲ့ အကျော်ကြားဆုံးဇာတ်ကားတွေထဲက တစ်ခုဖြစ်ပါတယ်။

Veronica Yip 叶玉卿

၁၉၆၆ ခုနှစ်ဖွား ဟောင်ကောင်မင်းသမီးဟာ Adult ဆိုတဲ့ အပြာဆန်ဆန်ဇာတ်ကားနဲ့ နာမည်ကြီးလာသူဖြစ်ပါတယ်။ သူမပါဝင်ခဲ့တဲ့ ၁၉၉၁ က Take me, ၁၉၉၂ က Pretty woman နဲ့ Hidden Desire စတဲ့ အပြာကားတွေဟာ ဝင်ငွေသောက်သောက်လဲရရှိအောင်မြင်ခဲ့ပြီး သူမဟာလည်း နာမည်ကျော်ခေါင်းဆောင်မင်းသမီး ဖြစ်လာပါတယ်။ Red rose, White rose နဲ့ Love on rooftops စတဲ့ နာမည်ကျော်ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးခဲ့ပြီး ရွှေမြင်းဆုလည်း ဆွတ်ခူးခဲ့ပါတယ်။

Vivian Hsu 徐若瑄

၁၉၇၅ ခုဖွား ထိုင်ဝမ်မင်းသမီးဟာ သရုပ်ဆောင်သာမက အဆိုတော်နဲ့ မော်ဒယ်လ်လဲဖြစ်ပါတယ်။ Hunting list, Devil angel နဲ့ Angel heart စတဲ့ ထိုင်ဝမ်အပြာရုပ်ရှင်တွေမှာ အောင်မြင်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Love Storm ဇာတ်ကားနဲ့ နာမည်တဟုန်ထိုးတက်လာခဲ့ပါတယ်။

Pauline Chan 陈宝莲

၁၉၇၃ ခုဖွား ဟောင်ကောင်မင်းသမီးချန်ဟာ ရှန်ဟိုင်းသူဖြစ်ပါတယ်။ သူများနဲ့မတူ လှပကျော့ရှင်းပြီး အရပ် ၁၇၅ စင်တီမီတာ ရှိသူဖြစ်ပြီး ရှန်ဟိုင်းကအလှမယ်ပြိုင်ပွဲမှာ စတင်လူသိများလာတာဖြစ်ပါတယ်။ ၁၉၉၁ နဲ့ ၁၉၉၇ ကြားမှာတော့ ချန်ဟာ အပြာကား ၂၅ကားခန့် ရိုက်ကူးခဲ့ပြီး အာရှတခွင်က ပုရိသပရိသတ်ကြီးကို သဲသဲလှုပ်ဖြစ်သွားစေတဲ့အထိ အောင်မြင်လာပါတယ်။ Erotic ghost story 3, Escape from Brothel, Behind the pink door နဲ့ Devil of Rape ဇာတ်ကားများဟာ ချန်ရဲ့နာမည်ကျော်ဇာတ်ကားတွေဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ သူမရဲ့စရိုက်ကြမ်းတာတွေ၊ ရန်ဖြစ်တတ်တာတွေ၊ စိတ်ဂဏာမငြိမ်မှုတွေကြောင့် ချန်ရဲ့နာမည်ဟာ အကျပိုင်းကိုဦးတည်လာခဲ့ပြီး သူမအသက်(၂၉)နှစ်အရွယ် ၂၀၀၂ ခုနှစ် ဂျူလိုင် ၃၁ မှာတော့ ရှန်ဟိုင်းရဲ့အဆောက်အဦးတစ်ခုပေါ်ကနေ ခုန်ချပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်သွားခဲ့ပါတယ်။

Yvonne Yung 翁虹

၁၉၆၈ ခုနှစ်ဖွား ဟောင်ကောင်မင်းသမီးဟာ ၁၉၈၉ ခုနှစ် အာရှအလှမယ်ပြိုင်ပွဲမှာ ဆုရရှိပြီးနောက် အပြာရုပ်ရှင်လောကထဲကို ဝင်ရောက်လာပါတယ်။ အဲ့သည့်နောက်မှာတော့ Ten tortures of the Manchu Qing Dynasty, Ancient chinese whorehouse, Romance of the Vampires, Fake pretty woman, Lover of the last Empress အစရှိတဲ့ အပြာဆန်ဆန်ဇာတ်ကားတွေနဲ့ တရှိန်ထိုးနာမည်ကြီးလာတာဖြစ်ပါတယ်။

Carrie Ng 吴家丽

၁၉၆၃ ခုဖွား ဟောင်ကောင်မင်းသမီးဟာ အပြာဇာတ်လမ်းတွဲများနဲ့ နာမည်တက်လာသူဖြစ်ပါတယ်။ Naked killer, Sex and Zen ဇာတ်ကားတွေနဲ့ နာမည်ကြီးလာပြီး Remains of Woman ဇာတ်ကားနဲ့ ရွှေမြင်းဆုရရှိခဲ့ပါတယ်။

Tang Wei 汤唯

၁၉၇၉ ခုဖွား ပြည်မကြီးမင်းသမီးတန်ဝေဟာ Lust and caution ဇာတ်ကားရိုက်ကူးဖို့ မင်းသမီးလောင်းလျာ ၁၀၀၀၀ ထဲက တစ်ဦးတည်းသော မင်းသမီးအဖြစ် အရွေးခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြသခဲ့တဲ့ ယင်းရုပ်ရှင်ဟာ တန်ဝေရဲ့ လိင်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဟောလိဝုဒ်မှာပါ တရှိန်ထိုးနာမည်ကြီးသွားခဲ့ပါတယ်။ ကွန်မြူနစ်နိုင်ငံက မင်းသမီးဖြစ်တာမို့ တန်ဝေဟာ ၂၀၀၈ ခုနှစ်မှာ အဆိုပါဇာတ်ကားကြောင့် ပြည်မကြီးရဲ့ရုပ်ရှင်လုပ်ငန်းကနေ အရေးယူခြင်းခံခဲ့ရပါတယ်။

Irene Wan Bik Ha 溫碧霞

၁၉၆၇ ဖွား ဟောင်ကောင်မင်းသမီးဟာ (၁၉၈၃)သူမအသက် (၁၇)နှစ်သာရှိသေးတဲ့အချိန်ကတည်းက Everlasting love ဆိုတဲ့ဇာတ်ကားနဲ့ နာမည်ရလာခဲ့တာဖြစ်ပြီး (၁၉၉၅)ခုနှစ်က ရိုက်ကူးခဲ့တဲ့ All of a sudden ဆိုတဲ့ဇာတ်ကားမှာ အဝတ်မပါတဲ့အခန်းတွေကြောင့် နာမည်ကြီးလာခဲ့ပါတယ်။

Chingmy Yau 邱淑贞

၁၉၆၈ ဖွား ဟောင်ကောင်မင်းသမီးဟာ ဟောင်ကောင်ရဲ့ Sexy Queen လို့ လူသိများပါတယ်။ ၁၉၈၇ ဟောင်ကောင်အလှမယ် ရရှိခဲ့တဲ့သူမဟာ မျက်လုံးအလွန်လှသူမို့ ရုပ်ရှင်လောကမှာ ထင်ရှားပါတယ်။ သူမဟာ အပြာဇာတ်လမ်းအတော်များများမှာ သရုပ်ဆောင်ခဲ့ပြီး Naked Killer, Lover of love empress ဇာတ်ကားတွေဟာ ထင်ရှားပါတယ်။

ဒါကတော့ အပြာမယ်အဆင့်ကနေ နိုင်ငံကျော်၊ ကမ္ဘာကျော်အဆင့်ဖြစ်လာတဲ့ တရုတ်မင်းသမီးဆယ်ဦးဖြစ်ပါတယ်။ သူတို့ဆီမှာကတော့ အများမလုပ်ရဲတာကို လုပ်ပြရဲတာက အနုပညာလို့ ခံယူပုံရပြီး အောင်မြင်မှုရဖို့ ပထမဆုံးခြေလှမ်းတွေ အဖြစ်လဲ သတ်မှတ်ကြပါတယ်။ ကမ္ဘာကျော်ဂျက်ကီချန်း တောင်မှ နာမည်မကြီးခင်က အပြာကားတစ်ကားရိုက်ကူးခဲ့ဖူးပါတယ်။ အခုအချိန်မှာဆိုလည်း ကျွန်တော်တို့ မြန်မာပြည်မှာလဲ ဒီလိုအတွေးအခေါ်တွေ ပျံ့နှံနေပြီဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေ မလွှဲသာမရှောင်သာဖြစ်လာမှာဖြစ်လို့ တချိန်က ခြေသလုံးတောင်ပေါ်အောင်မကခဲ့တဲ့ လေဘာတီမမြရင်ကို မဆီမဆိုင် လွန်စွာအားနာမိပါတော့တယ်ခင်ဗျာ။

ကိုဆေး
Photo:
first row (left to right) - Loletta Lee, Shu Qi, Veronica Yip, Vivian Hsu,
second row (left to right) - Pauline Chan, Tang Wei
third row (left to right) - Yvonne Yung, Carrie Ng, Irene Wan Bik Ha, Chingmy Yau

ref: http://www.chinawhisper.com/top-10-chinese-actresses-that-appeared-naked-in-movies/
 

ကော်ဖီပုံမှန်သောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်

           



နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ကော်ဖီပုံမှန်သောက်ခြင်းသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သင့်တင့်မျှတသည့် ပမာဏမျှ ကြီးကြီးမားမား ဖြစ်နိုင်ခြေမျိုးထိ လျှော့ချနိုင်သော ကောင်းကျိုးရှိကြောင်း သိရှိရသည်။ အမေရိကန်မှ သုတေသီများက ကော်ဖီကြိုက်နှစ်သက်သူများအတွက် ကျေနပ်နှစ်သိမ့်စရာ သတင်းကောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

လူပေါင်း (၁၂၀၀၀၀)၏ နေ့စဉ် ပုံမှန်နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို ဆက်စပ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အနည်းအများကို ခြေရာခံ လေ့လာခဲ့ရာ ယခုရလဒ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက်ခွဲစာမျှ ပုံမှန်သောက်သုံးသူသည် (၄)နှစ်မျှ အကြာတွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၁၁)ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်းသွားကြောင်း သိရှိရသည်။ အဆိုပါ သက်ရောက်မှုသည် Type 2 ဆီးချိုအမျိုးအစားအတွက် ဖြစ်သည်။ အဆိုပါ သုတေသန အဖွဲ့က Diabetologia ဆေးပညာ ဂျာနယ်တွင် ယင်းအချက်အလက်များကို ဖော်ပြခဲ့ပြီး “တကယ်လို့ တစ်နေ့ကို ကော်ဖီနှစ်ခွက်လောက် ပုံမှန်သောက်ခဲ့မယ် ဆိုရင်တော့ ရေရှည်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို (၁၈)ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ပါလိမ့်မယ်”ဟု ထောက်ခံခဲ့သည်။

“ကော်ဖီ သောက်သုံးမှု အလေ့အထကို ပြောင်းလဲလိုက်တဲ့အခါ ဆီးချိုဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အတည်ပြု ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု ယခုစစ်တမ်းတွင် ပါဝင်လေ့လာသည့် ဟားဗက်ဆေးကျောင်းမှ သုတေသီ ရှီလ်ပါ ဘူပါသီရာဂျူက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းသို့သော ကောင်းကျိုးသက်ရောက်မှုမျိုးသည် ကာလရှည်ကြာ ကော်ဖီစွဲသောက်ခဲ့သူများတွင်သာ ပိုမိုထင်ရှား ပေါ်လွင်နေကြောင်းလည်း ပညာရှင်များက ယုံကြည်ထားသည်။ တစ်နေ့လျှင် ကော်ဖီ(၃)ခွက်အထက် သောက်သုံးသူများမှာမူ ဆီးချိုဖြစ်နိုင်ခြေကို အမြင့်ဆုံး လျှော့ချနိုင်ပြီး Type 2ဆီးချိုရောဂါ စွဲကပ်နိုင်မည့် အလားအလာ (၃၇)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရှိရသည်။
 

ဘဝတွင် ပျော်ပျော် နေရန် နည်းလမ်း



ဘဝမှာ ပျော်ပျော် နေဖို့ အတွက် အရိုးရှင်းဆုံး လုပ်ဆောင်ရမယ့် အချက် ငါးချက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အမုန်း (ဒေါသ) ကင်းစွာနေခြင်း

ဒေါသ ဟာ ပူလောင်စေ ပါတယ်။ ဒေါသနဲ့ ဆက်နွယ်တဲ့ အမုန်းတရား၊ ဗျာပါဒ တရား များကလည်း ထပ်တူ ပူလောင်စေပြီး ယင်း အပူ များက အပျော်တွေကို ပျောက်ဆုံးစေ ပါတယ်။ ဒါကြောင့်မို့ ဒေါသ စိတ် မမွေားဖွား စေဖို့ သတိထားရ ပါမယ်။

၂။ အပူပင် ကင်းစွာ နေခြင်း

အပူပင် ဆိုတဲ့ နေရာမျာ သောက၊ ပရိဒေသ တို့ ပါဝင်ပြီး အပူမီး ၁၁ မီး ထဲက မီးများ ဖြစ်ပါတယ်။ ယင်း ပူပင် သောက များက မိမိ စိုးရိမ် ကြောင့်ကျ မှုများ၊ ဝမ်းနည်း ပူဆွေးမှုများ၊ ပြဿနာ များကို ဖြေရှင်း မပေးပါဘူး။ မိမိရဲ့ အပျော် တွေကိုသာ သယ်ဆောင်သွားစေ ပါတယ်။ ဒါကြောင့် ပူပင်သောက ကို ဖယ်ရှား နိုင်ရ ပါမယ်။

၃။ ရိုးရှင်းစွာ နေထိုင်ခြင်း

ရိုးရှင်းစွာ နေထိုင်တယ် ဆိုတာ မာယာ၊ သာထေရ၊ မာန များနဲ့ မနေထိုင်ဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ မိမိမှာ မရှိတဲ့ စည်းစိမ်၊ ဂုဏ် တို့ကို အရှိ ဟန်ဆောင် နေခြင်း၊ ရှိသည့် အပြစ်၊ အားနည်းချက်များကို ဖုံးလွမ်း၍ လိမ်လည် နေထိုင် ခြင်းတို့က မိမိကို အမှန်တကယ် မပျော်ရွှင် စေ ပါဘူး။ ဒါ့ အပြင် ထားရှိထားတဲ့ အပြိုင်အဆိုင် မာန်မာန များကလည်း အပျော်တွေကို ပျောက်ဆုံး စေ ပါတယ်။

၎။ ပေးကမ်းစွန့်ကြဲ ခြင်း

ဒါန ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါန များများ ပြုလုပ်ခြင်း၊ ပေးကမ်း စွန့်ကြဲခြင်း က မိမိကို ပျော်ရွှင်စေတာကို အလှူဒါန ကောင်း ပြုလုပ်ဖူးသူများ သိရှိ ပါလိမ့်မယ်။

၅။ လောဘ နည်းခြင်း

လောဘ နည်းဖို့ အတွက် ပေးကမ်းစွန့်ကြဲရုံနဲ့ မပြီး ပါဘူး။ မနာလို၊ အူတို ခြင်း ကင်းတာကလည်း လောဘ နည်းခြင်း ဖြစ်ပါတယ်။ သူတစ်ပါး ပစ္စည်း၊ စည်းစိမ် ဥစ္စာ၊ အသက်၊ ကိုယ်စိတ် တို့ကို လိုချင်တပ်ခြင်း၊ မနာလို ခြင်း၊ မိမိ ပိုင်ဆိုင်သော ပစ္စည်း၊ စည်းစိမ်၊ ကိုယ်၊ စိတ် တို့ကို သူတစ်ပါး ပေးဖို့ အူတိုခြင်း တို့က လောဘ အခြေခံ စိတ်ရင်း ဖြစ်ပြီး ပူလောင် စေပါတယ်။ သူကလည်း ပျော်ရွှင်မှုတွေကို သယ်ဆောင် သွားပါတယ်။
ဒါကြောင့်မို့ ပျော်ပျော် နေထိုင်နိုင်ဖို့အတွက် မပျော်စေတဲ့ အကြောင်း တရား များကို ဖယ်ရှား နိုင်ဖို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

ပြည်တွင်း ရဟတ်ယာဉ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ခရီးသွားရာသီအစတွင် စတင်မည်


             


Tuesday, April 29, 2014

ရန်ကုန်

အမေရိကန်ထုတ် Sikorsky အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − flugzeuginfo.net)
မြန်မာနိုင်ငံတွင် ပထမ ဆုံး ရဟတ်ယာဉ် ခရီးသွားပို့ ဆောင်ရေးလုပ်ငန်းများဆောင် ရွက်ရန် ပြည်တွင်းကုမ္ပဏီတစ်ခု နှင့် စင်ကာပူအခြေစိုက်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိသည်။

မြန်မာမှ Global Integrat-ed Service(GIS) ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် OATS ကုမ္ပ ဏီတို့အကျိုးတူ ပူးပေါင်းပြီး Avia-tion International Myanmar (AIM) အမည်ဖြင့် ပုဂံနှင့်ရန်ကုန် တွင်အခြေစိုက်ကာ ရဟတ်ယာဉ် ၀န်ဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသည်ဟု GIS အမှုဆောင်စီးပွား ရေးအကြံပေးဦးခင်မောင်သိမ်းက ပြောသည်။

‘‘အန်ကယ်တို့က ပထမဆုံး AIM ကတော့ ခရီးသွားလုပ်ငန်း မှာ ပုဂ္ဂလိက အနေနဲ့ဆိုရင် ပထမ ဦးဆုံးလို့ ဆိုနိုင်ပါတယ်’’ ဟု ဦး ခင်မောင်သိမ်းကဆိုသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးပါက ယခုနှစ်မိုးကုန် ခရီးသွား ရာသီအစတွင် စတင်နိုင်မည်ဟု ၎င်းကဆိုသည်။

ပြည်တွင်း ပြည်ပခရီးသွား များအတွက် ရဟတ်ယာဉ်များဖြင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရန်ကုန်မှ ငွေ ဆောင်၊ ကျိုက်ထီးရိုး၊ မော်လမြိုင် ခရီးစဉ်များကို ခရီးသည် ၁၂ဦးမှ ၁၄ဦးဆံ့ ရဟတ်ယာဉ်အကြီးနှစ် စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ပုဂံတွင် ခရီးသည် ငါးဦးဆံ့သော ရဟတ် ယာဉ်ငယ်ဖြင့် ပုဂံတစ်ဝိုက်ပြေးဆွဲ သွားမည်ဖြစ်သည်။

ယင်းသို့ ရဟတ်ယာဉ်ငယ် ဖြင့် ခရီးစဉ်များဆောင်ရွက်မည် ဆိုပါက လေကြောင်းဆိုင်ရာပျံ သန်းခွင့်လက်မှတ်(AOC) တင်ရမည်ဖြစ်ပြီး AOC ရရန် အနည်းဆုံးရက်ပေါင်း ၉၀ ခန့်အချိန်ယူရပြီး ယင်းပျံသန်းခွင့်လက်မှတ်ရမှသာ လုပ်ငန်းလုပ်ဆောင်ခွင့် ပြုပေးမည်ဟု လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။

‘‘ရဟတ်ယာဉ်ဆိုတာက ရိုး ရိုးလေယာဉ်လိုမဟုတ်ဘဲ အနိမ့် ပျံတာကြောင့် နိုင်ငံတော်ရဲ့ ကာ ကွယ်ရေး၊ လုံခြုံရေးအတွက် ဆက်နွှယ်သွားတယ်။ သူကဘယ် နေရာမဆို ဆင်းနိုင်တယ်၊ တက် နိုင်တဲ့ အတွက်ကြောင့် ဘယ် နေ့တက်ပါ။ ဘယ်ကိုသွားပါဆို တဲ့ သတ်မှတ်ချက်ကို ပြတ်ပြတ် သားသားသတ်မှတ်ရမယ်’’ ဟု ဦး ၀င်းဆွေထွန်းကပြောသည်။

AIM မှ ရဟတ်ယာဉ်များဖြင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်းစ တင်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရထံတင်ပြခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း တင်ပြထားရာ ခွင့်ပြုထားပြီးဖြစ်ကြောင်းဦးခင်မောင်သိမ်းကဆိုသည်။

ပြေးဆွဲရာတွင် အသုံးပြုမည့် လေယာဉ်များမှာအမေရိကန်နိုင် ငံထုတ် Sikorsky အမျိုးအစားရ ဟတ်ယာဉ်များဖြစ်ပြီး သုံးနှစ်အ တွင်း ရှစ်စီးအထိ တိုးချဲ့ဆောင် ရွက်သွားရန်ရှိသည်ဟု သတင်းရရှိသည်။ လက်ရှိတွင် အခကြေးငွေမ ယူဘဲ လုပ်ငန်းသုံးသီးသန့်ဆောင် ရွက်သော ထူးကုမ္ပဏီပိုင်ဆိုင် သည့် ရဟတ်ယာဉ်နှစ်စီးကို မှတ် ပုံတင်ခွင့်ပြုထားသည်။ ယင်းရ ဟတ်ယာဉ်များဖြင့် ခရီးသွားပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်မည် ဆိုပါက AOC ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း ဦးဝင်းဆွေထွန်းကဆိုသည်။

ပထမဆုံး မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် Global Integra−ted Service (GIS) ကုမ္ပဏီသည် ရေနံတူးဖော်ရေး၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများကို ဆောင်ရွက်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီဖြစ်သည်။
 

စိတ်၏ ထွက်ပေါက်များ

         

 
 
လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့
အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စိတ်ထဲမှာလည်းပဲ စိတ်ဖိစီးမှု
ဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း တိုးများသည်ထက် တိုးများလာပါမယ်။

ဒီကနေ့ခေတ်မှာ လူတွေဟာ ကြီးပွားတိုးတက်အောင် ကြိုးစားအားထုတ်ကြပါတယ်။ စီး
ပွားရေးဘက်က တိုးတက်လာအောင်၊ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားရာမှ လူတွေချမ်းသာ
လွယ်ကူမှုအတွက် အသုံးပြုစရာတွေ အင်မတန်မှ တိုးတက်ကောင်းမွန်လာပါတယ်။ တနေရာက
နေ တနေရာသွားမယ်ဆိုရင် သက်သက်သာသာ အချိန်တိုလေး အတွင်းမှာ ရောက်ရှိသွားနိုင်ပါ
တယ်။ ဒီလို စီးပွားရေးဘက်၊ လူတွေရဲ့ အသုံးအဆောင်တွေဘက်က တိုးတက်လာပေမယ့် စိတ်
ရဲ့ဖိစီးမှုတွေကတော့ များများလာပါတယ်။

တစ်စုံတစ်ခု အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေတဲ့အခါမှာ လူတွေဟာ ထွက်
ပေါက်ရှာလေ့ ရှိကြပါတယ်။ လှောင်ပိတ်မိနေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်ပါတယ်။
ထို့အတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲနဲ့ စိတ်ဖိစီးမှုတွေကို ချုပ်တည်းထားမယ်ဆိုရင်
နောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ ပေါက်ကွဲသွားနိုင်ပါတယ်။
တချို့နိုင်ငံတွေမှာဆိုရင် စိတ်ဖိစီးမှုဒဏ်တွေကို လျော့ချမှုဆိုတာ တက္ကသိုလ်ပညာရပ်
တစ်ခု အနေနဲ့တောင်မှပဲ သင်နေကြရပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မတွေကို နာယူခွင့်ရကြမယ်၊ တရားကို နှလုံးသွင်းခွင့်
ရကြမယ်ဆိုရင် လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ ပုဂ္ဂိုလ်တွေမှာ ထိုဖိစီးမှုဒဏ်တွေကို အတော်အ
သင့် အင်မတန် မှန်ကန်တဲ့နည်းနဲ့ လျှော့ချနိုင်ကြလိမ့်မယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
သတိပဌာန် ကျင့်စဉ်ဟာ သတိတရားကို အခြေခံပြီး စိတ်ရဲ့ဖိစီးမှုဒဏ်တွေကို လျော့ချတာ ဖြစ်
ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေဟာ စိတ်ဆင်းရဲမှုဒဏ်ကို ကြာရှည်မခံရပါ။ ဗုဒ္ဓတရား
တော်မှာ စိတ်ရဲ့ထွက်ပေါက်ကလေးတွေ ရှိပါတယ်။

အဆောက်အဦးကြီးတစ်ခုမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ထို အဆောက်အဦးက ထွက်ချင်
ရင် ထွက်ပေါက်(Exit) ဆိုတာကို အဲဒီ အဆောက်အဦးမှာပဲ ပြန်ရှာပြီး ထွက်ပေါက်ကနေ ထွက်
ရပါမယ်။ အဲဒီလိုပဲ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာ အကျဉ်းအကြပ်တွေ ဖြစ်ပေါ်နေလို့ရှိရင် ဒီ အ
ကြပ်အတည်းက ဘယ်လိုလုပ်ပြီး ရုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရပါမယ်။ ဒါကြောင့်မို့
စိတ်၏ထွက်ပေါက်များက ထွက်နိုင်ဖို့ တို့တစ်တွေ ဗုဒ္ဓတရားတွေ နာယူမှတ်သားပြီး လေ့ကျင့်ထား
ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း မိမိတို့သန္တာန်မှာ အဆင့်ဆင့်
လေ့ကျင့်ယူခြင်းဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်သိရှိနားလည်ပြီး မိမိတို့မှာ
စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို
ကိုယ်စီကိုယ်ငှ မျာ်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။

{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

ဦးသိန်းဝေ။
 

ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း

             



မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
.
Ref: medicfact
 

မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ


                   
ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင် ဘာသာရပ် အနည်းဆုံး သုံးခု ဖြေဆိုရန် သတ်မှတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသန တန်းအတွက် လျှောက်ထားသူများက လွဲ၍ ပညာသင်ဆု သုံးခုစလုံးတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မွေးဖွားသူများသာ လျှောက်ထားနိုင်ကြောင်း၊ သုတေသန တန်းအတွက်မူ ၁၉၈၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများသာ လျှောက်ထားရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ပညာသင်ဆု တစ်မျိုးချင်းစီအလိုက် အသေးစိတ်သိရှိလျှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ကျောင်းသားဟောင်းများအသင်း (MAJA) ကို ဆက်သွယ် မေးမြန်းနိုင်သည်။

ယင်းအပြင် ဂျပန်အစိုးရ ပညာသင်ဆုများ အကြောင်းကို www.mext.go.jp တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။

မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် ဂျပန်ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းသော်လည်း အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ်နှင့် နည်းပညာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် ဂျပန် အဆင့်မြင့်တက္ကသိုလ်များနှင့် ပတ်သက်၍ လေ့လာထားသင့်ကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြုသည်။

ယခင်က ဂျပန်ပညာသင်ဆုများကို အစိုးရတက္ကသိုလ်များတွင် တက်ရောက်နေသူများသာ ပေးသော်လည်း လက်ရှိအချိန်တွင် မည်သူမဆို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လျှောက်ထားသူများအနေနှင့် ဂျပန်ဘာသာစကားကို အခြေခံ ရေးနိုင်၊ ပြောနိုင်ရန် လိုအပ်ပြီး ဘာသာစကား ကွဲပြားမှုအပေါ် စိုးရိမ်စိတ် မထားသင့်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

ဆံပင်အရောင်ဆန်းတွေ မဆိုးခင် သိထားသင့်တဲ့ အချက်များ


               

နိုင်ငံတကာက Ke$ha လို Katy Perry လို အနုပညာရှင်တွေသာမက ဆံပင်အရောင်ဆိုးရတာနှစ်ခြိုက်တဲ့ မိန်းမပျိုတော်တော်များများဟာ ခု ဆံပင်ကာလာအဆန်းတွေ ဆိုးနေကြတာ သတိပြုမိမှာပါ။ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်စတဲ့ အရောင်တွေကို တစ်ခေါင်းလုံး ဆိုးကြတာဟာ ခုလတ်တလော ခေတ်စားနေတယ် ဆိုပေမယ့် ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ဆံပင်ကာလာလို ကိုယ်တွေဆိုးလိုက်ရင် လိုက်ပါ့မလား၊ အဲ့ဒီအရောင် အတိုင်းရော ထွက်ပါ့မလားဆိုတာ ဆံပင်မဆိုးခင် ကြိုတင် တွေးထားရမယ့် အပိုင်းဖြစ်သလို ဆံပင်မဆိုးခင်မှာပဲ တခြားသိထားရမယ့် အချက်တွေရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ ပထမဦးဆုံး ယာယီဆိုးလို့ရတဲ့ ကာလာနဲ့ စမ်းကြည့်ပါ။

ကိုယ်ရွေးချယ်လိုက်တဲ့ ဆံပင်ကာလာနဲ့ ကိုယ်နဲ့လိုက်မလိုက်ဆိုတာကို ဆံပင်အတည်မဆိုးခင် ယာယီဆိုး လို့ရတဲ့ hair chalk လို အရောင်တင်မြေဖြူခဲလေးတွေနဲ့ အရင်စမ်းကြည့်လိုက်ပါ။ ဒါမှ ခုကိုယ်ဆိုးမယ့် ကာလာက ကိုယ့်မျက်နှာ၊ အသားအရေနဲ့ လိုက်ဖက်မှုရှိမလား၊ မရှိဘူးလား ဆိုတာ သိနိုင်မှာပါ။

၂။ဖြစ်နိုင်ရင် ကိုယ့်ဘာသာကိုယ် မဆိုးပါနဲ့။

ဆိုးနေကျ အရောင်မျိုးမဟုတ်ပဲ ကာလာအဆန်းကြီးဆိုးမယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဆံပင်ညှပ်ဆိုင်သွားပြီး ပရော်ဖက်ရှင်နယ် ဆံပင်ညှပ်ဆရာတွေနဲ့ တိုင်ပင်ကြည့်ပါ။ သူတို့တွေက ဘယ်လိုအရောင်မျိုးဆို လိုက်မယ်၊ မလိုက်ဘူး စတာတွေအပြင် ဘယ်အရောင်က ဘယ်လောက်ထိခံတယ်ဆိုတာမျိုးပါ အကြံပေးနိုင်တာကြောင့်ပါ။

၃။ကိုယ်ရွေးချယ်တဲ့ကာလာဟာ သူများနဲ့ လိုက်ပေမယ့် ကိုယ်နဲ့လိုက်ချင်မှ လိုက်မှာပါ။

ကိုယ်ကြိုက်တဲ့ အဆိုတော်က ဒီကာလာဆိုးထားလို့ မဖြစ်မနေလိုက်ဆိုးတာမျိုးတွေ၊ ဒီကာလာက အခုခေတ်စားနေလို့ ဆိုးကိုဆိုးရမှ ဖြစ်မယ်ဆိုတာမျိုးတွေက ကိုယ့်အတွက် ဆိုးရွားတဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကာလာမှ ဒီကာလာဖြစ်နေရင်လည်း တစ်ခေါင်းလုံးဆိုးတာမျိုးထက် highlight ဖောက်တာမျိုးလောက်ပဲ လုပ်ဖို့အကြံပေးချင်ပါတယ်။

၎။ ဆိုးလိုက်တဲ့ ကာလာက ဘယ်လောက်ကြာကြာခံမလဲဆိုတာ အရင်လေ့လာပါ။

အစိမ်း၊ အနီ၊ အပြာ၊ ခရမ်းစတဲ့ ကာလာဆန်းတွေဟာ ခေါင်းလျှော်တိုင်း အရောင်ကျသွားတတ်တာမို့ ဆိုးမယ်ဆိုရင်လည်း ဆိုးဆိုးချင်းကာလာက ခေါင်းဘယ်နှစ်ခါ လျှော်ပြီးရင် ဘယ်လောက်ပဲကျန်တယ်ဆိုတာ သိထားရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ခရမ်းရောင်က အရောင်ကျပေမယ့် တခြားအရောင်ကို ပြောင်းသွားတာမျိုး မရှိတတ်ပါဘူး။ အနီနဲ့ အပြာကတော့ အချိန်ကြာလာတာနဲ့အမျှ မှိန်မှိန်လာတတ်တဲ့ ကာလာတွေပါ။ အနီတောက်တောက်တွေကတော့ လိမ္မော်ရောင်နဲ့ ပန်းရောင်ကို ပြောင်းသွားတတ်ပါတယ်။ အပြာကလည်း အစိမ်းကို ပြောင်းလေ့ပြောင်းထရှိတာမို့ ဆံပင်ညှပ်ဆိုင်က တတ်သိနားလည်သူကို အရင်မေးမြန်းပြီးမှ ဆိုးတာ အကောင်းဆုံးပါပဲ။

၅။ဆေးဆိုးဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ရှန်ပူကိုသုံးပါ။

ကိုယ့်ရဲ့ဆံပင်လေး တာရှည်ခံပြီး အရောင်မကျဖို့ ဆေးဆိုးဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ရှန်ပူတွေရှိပါတယ်။ conditioner ပါ တွဲသုံးပေးသွားမယ်ဆိုရင် ကာလာကျတာမျိုးဖြစ်ရင်တောင် မြန်မြန်ဆန်ဆန် အရောင်ပြောင်းတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

Ref:womenshealthmag.com


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား

အညစ်အကြေးစွန်းပေမှုကနေ အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား ကို Nissan မိတ်ဆက်

ဂျပန်ကားကုမ္ပဏီ Nissan ဟာ အစွန်းအထင်းတွေ စွန်းပေမှုက ကာကွယ်ပေးနိုင်မယ့် နာနိုသုတ်ဆေး နည်းပညာကို ချပြခဲ့ပါတယ်။ ကားဆေးတဲ့လုပ်ငန်းတွေကို အဆုံးသတ်ပေးမယ့် နည်းပညာအဖြစ် ခန့်  မှန်းထားကြပါတယ်။

ဗြိတိသျှအင်ဂျင်နီယာတွေဟာ အဆန်းသစ်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ နာနိုသုတ်ဆေး နည်းပညာကို စမ်းသပ်နေတာ ဖြစ်ပြီး အစွန်းအထင်းတွေ ပစ္စည်းမှာ အမြဲမစွန်းပေသွားခင် ဖျောက်ဖျက်ပစ်နိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

ခရီးဝေးသွားမယ့်ယာဉ်မောင်းတွေ၊ ယာဉ်ကိုဆေးကြောရမှာပျင်းတဲ့လူတွေ၊ ကားရေဆေးလုပ်ငန်းမှာ ငွေကုန်ကြေးကျခံရမှာ ကြောက်တဲ့ ကားပိုင်ရှင်တွေအတွက် မကြာခင် ဒီနည်းပညာကို လက်ထဲ အရောက်ပို့  ဆောင်ပေးသွားမယ်လို့ Nissan က ကြေငြာထားပါတယ်။

လောလောဆည် ဒီနည်းပညာကို Nissan ကုမ္ပဏီထုတ် Nissan Note ကားမှာ စမ်းသပ်နေပြီး နောက် ကားမျိုးဆက်သစ်တိုင်းမှာ အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ အရည်နဲ့ အဆီ စွန်းထင်းမှုတွေက ကာကွယ်ပေးနိုင်မယ့် သုတ်ဆေးတစ်မျိုးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီး အသစ်ထုတ်လုပ်မယ့် Nissan Note supermini ကားတွေမှာ အသုံးပြုထားပြီး ကမ္ဘာ့ပထမဆုံး အလိုအလျောက်သန့် စင်နိုင်တဲ့ကား အဖြစ် နာမည်တပ်ထားပါတယ်။ ဒီနည်းပညာကို Ultra-Ever Dry နည်းပညာလို့ နာမည်ပေးထားပြီး တရားဝင်မှတ်ပုံတင်ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

Nissan Note ကားတစ်စီးရဲ့ ဘယ်ဘက်ခြမ်းမှာ သာမန်သုတ်ဆေး သုတ်ပြီး၊ ညာဘက်ခြမ်းမှာ နာနိုသုတ်ဆေး အသုံးပြုထားတဲ့ ကားတစ်စီးနဲ့ လက်တွေ့ စမ်းသပ်ပြခဲ့တာကို ကြည့်ရှုနိုင်ပါတယ်။



Ref: Dailymail.co.uk


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရင်း (၁၀) ချက်


                        

တစ်ခါတစ်လေ ယောင်္ကျားတွေက နားလည်ရခက်တယ်လို့ ဆိုကြလေ့ရှိပါတယ်။ ခံယူချက်အမျိုးမျိုး၊ တွေးခေါ်ပုံအမျိုးမျိုးနဲ့ သူတို့တွေရဲ့ ခံစားမှုပုံစံတွေဟာ အမျိုးသမီးတွေထက်တောင် ခန့်မှန်းရ ခက်နေတတ်ပါတယ်။ လမ်းခွဲသွားတဲ့ ကောင်လေးက ကိုယ့်ကို ဘာ့ကြောင့်များထားခဲ့ရတာလဲလို့ ကိုယ့်ဘက်က အပြစ်ရှိသလို တွေးနေတတ်တဲ့ အမျိုးသမီးတွေအတွက် သူတို့တွေလမ်းခွဲလေ့ရှိတဲ့ အကြောင်းပြချက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။သင့်ကိုမနာကျင်စေချင်လို့

သူတို့ပြောလေ့ရှိတာကတော့ သူတို့ကြောင့် ကိုယ်ခံစားနေရမှာစိုးလို့။ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ဒါမှမဟုတ် ကိုယ်နဲ့မတွေ့ခင်က သူ့အရှုပ်တော်ပုံတွေကြောင့် ကိုယ်နဲ့ရှေ့ဆက်လက်တွဲသွားရင် ကိုယ့်ဘ၀လေး မလှပနိုင်တော့ဘူးလို့ တွေးပြီး ချစ်ရက်နဲ့ လက်တွဲဖြုတ်လိုက်တာမျိုးပေါ့။

၂။တစ်ယောက်တည်းပဲ နေတော့မလားလို့

ရန်တွေဖြစ်ရတာ၊ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိုနှိုင်းနေရတာ၊ သူ့မိသားစု၊ ကိုယ့်မိသားစုအပူတွေ ထည့်ထည့်တွေးပေးနေရတာတွေ စိတ်ကုန်လာလို့ တစ်ယောက်တည်းပဲ နေပါတော့မယ်ပေါ့။ အဓိပ္ပါယ်မရှိပေမယ့် ဒီလိုဆုံးဖြတ်ချက်ချပြီး ချစ်သူနဲ့ လမ်းခွဲခဲ့သူတွေ ရှိနေပါတယ်။

၃။သူချစ်တာထက် ကိုယ်ကပိုချစ်နေမိလို့

အမှန်တော့ ဒါဟာ သူ့အတွက် ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေက တင်းကျပ်မှုကို မခံစားနိုင်ကြပါဘူး။ လွတ်လပ်မှုကိုသာ မြတ်နိုးတတ်ကြတာမို့ ကိုယ်က အသေးစိတ်လိုက်ဂရုစိုက်နေတာ၊ တစ်နေ့ကို လေး၊ ငါးခါဖုန်းဆက်နေတာ၊ ဘယ်ရောက်နေလဲဆိုတဲ့အကြောင်း sms ပို့မေးတာမျိုးတွေကို သူတို့ နှစ်သက်ကြမှာ မဟုတ်ပါဘူး။

၎။အနာဂတ်မှာ ကိုယ်နဲ့ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ တွေးလိုက်လို့

ချစ်သူရည်းစားထားတဲ့အခါ အပျော်ထားတာလား၊ ဘ၀အတွက် တကယ်ရည်ရွယ်ပြီးထားတာလား ဆိုတာမျိုးရှိပါတယ်။ သူတို့က ကိုယ်နဲ့တွဲကြည့်ရင်းနဲ့ သူတို့မနှစ်ခြိုက်တဲ့ အပြုအမူ၊ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့ အပိုင်းတွေ ရှိလာမယ်ဆိုရင် ဘ၀အတွက် ကိုယ့်ကိုလက်တွဲမှာ မဟုတ်ပါဘူး။

၅။လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အဆင်မပြေလို့

ဒီလိုယောင်္ကျားမျိုးဆိုရင်တော့ မြန်မြန်ဒိုးလေ ကောင်းလေပေါ့နော်။ ဒါပေမယ့် သူတို့တွေဟာ ဒီအချက်ကိုလည်း ထည့်စဉ်းစားလေ့ရှိပါတယ်။

၆။ကိုယ့်ဘက်က အသင့်မဖြစ်သေးဘဲ သူတို့က အတည်ကြီးတွေ လုပ်လာတဲ့အခါ

သူနဲ့ကိုယ်နဲ့ တွဲကြည့်တဲ့အခါ ကိုယ်ကတော့ အဲ့ဒီလောက်ကြီး အသည်းအသန်မဟုတ်ပေမယ့် သူ့ဘက်က အသည်းအသန်တွေ ဖြစ်လာတဲ့အခါ ပြဿနာ နည်းနည်းရှိသွားပါပြီ။ ကိုယ့်ဘက်က သူ့ကို သူ့လောက်မချစ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုယ့်ကို လမ်းခွဲဖို့ ဆုံးဖြတ်တတ်ကြပါတယ်။

၇။ကိုယ့်ကိုကြိုက်ပေမယ့် အဲ့ဒီလောက်လည်း မဟုတ်တဲ့အခါ

ချစ်သူရည်းစားတွေကြားမှာ ပြဿနာအကြီးအကျယ် မရှိပါဘဲ ကွဲသွားတဲ့အတွဲတွေ အများကြီးပါ။ အဆင်လည်းပြေတယ်၊ မျှော်လင့်ထားတာကလည်း အများကြီး။ ဒါပေမယ့် သူတို့ကိုယ်နဲ့ကြားက ဆက်ဆံရေးကတော့ ဒီအတိုင်း အေးအေးကြီးပါပဲ။ ဒီလိုမျိုးဆိုရင်လည်း သူတို့က လက်လျှော့သွားတတ်ကြပါတယ်။

၈။အနာဂတ်အတွက် ညှိလို့မရတဲ့အခါ

အိမ်ထောင်ကျပြီးရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး ချစ်သူနဲ့ပြောဖူးတဲ့အခါ သူက ကလေးလိုချင်တယ်၊ ကိုယ်က မလိုချင်ဘူး။ သူက ကိုယ့်ကို အိမ်မှာနေပြီး အိမ်အလုပ်လုပ်စေချင်တယ်၊ ကိုယ်က အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုပါစို့။ ဒီလိုအခြေအနေမျိုးတွေကလည်း လမ်းခွဲဖို့အတွက် ဦးတည်သွားတာပဲလေ။

၉။သူဟာ ကိုယ့်လို စွမ်းဆောင်ရည်မရှိဘူးလို့ ထင်နေလို့

သူဟာ ဘာအလုပ်မှ မယ်မယ်ရရ မရှိချိန်မှာ ကိုယ်ကတော့ ကိုယ့်အလုပ်မှာ ရာထူးခပ်ကြီးကြီးနဲ့ ထက်ထက်မြက်မြက်ရှိတဲ့သူဆို သူ့အနေနဲ့ သိမ်ငယ်လာနိုင်ပါတယ်။ သူ့အပေါင်းအသင်းနဲ့ ကိုယ့်အပေါင်းအသင်း မတူညီတာထက် ကိုယ့်အပေါင်းအသင်းမှာ သူမ၀င်ဆန့်ဘူးလို့ ထင်လာတဲ့အခါ နောက်ဆုံးတော့ ကိုယ့်ကိုချစ်ရက်နဲ့ လက်လျှော့သွားတာမျိုးပေါ့။

၁၀။အချိန်အတိုင်းအတာတစ်ခုကြောင့် လမ်းခွဲသွားတာမျိုး

တစ်ချို့ယောင်္ကျားတွေရဲ့ စိတ်ကထူးဆန်းပါတယ်။ ပုံသေကားချပ်အတိုင်း တွက်ထားပြီး ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတဲ့ ယောင်္ကျားမျိုးနဲ့ သွားတွေ့ရင်တော့ ကိုယ့်ကိုလည်း အဲ့ဒီလို တွက်ချက်နေပါလိမ့်မယ်။ ကိုယ်က သူစီစဉ်ထားတဲ့အချိန်မှာ သူဖြစ်စေချင်သလို ဖြစ်မလာလို့ ကိုယ်နဲ့လမ်းခွဲသွားတာမျိုးဆိုရင် ဒါကို ခံစားမနေဖို့ လိုပါတယ်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

လာမယ့်ဘေး ပြေးတွေ့၊ မယောင်ရာ ဆီလူး



မြန်မာ စကားပုံ တစ်ခု ရှိ ပါတယ်။ သူကတော့ တိုတိုနဲ့ ရှင်းရှင်းလေးပါ။ 'လာမယ့်ဘေး ပြေးတွေ့' လို့ ခေါ် ပါတယ်။


သူရဲ့ ဆိုလိုရင်းက ရိုးရှင်းပါတယ်။ မိမိ ရင်ဆိုင် ကြုံတွေ့ ရမယ့် အခက်အခဲကို ထိုင်စောင့် မနေပဲ သွားတွေ့ပါ လို့ ဆိုခြင်း ဖြစ်ပါတယ်။ တကယ်မှန်ပါတယ်။ ဘဝမှာ ကျနော်တို့ဟာ တစ်ခါတစ်လေ အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ ရပါတယ်။ ယင်းအခက်အခဲကို ကြုံရမယ်ဆိုတာကို ကြိုသိနေသည့်တိုင် စိုးရိမ် ပူပန်မှုတွေ များပါတယ်။ ကြုံတွေ့ ပြီးသွားတဲ့ အချိန် ဒါတွေကို ပြန်စဉ်းစား ကြည့်လိုက်တဲ့ အခါ အရင်က စိတ်ပူခဲ့တာတွေက ဘာမှ မဟုတ်ပါလား ဆိုတာကို မြင်လာ သိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲ ပြဿနာ ကြုံတွေ့လာရင် စိုးရိမ် ပူပင်သောက ကို ဖယ်ထားပြီး ပထမဦးဆုံး အနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်း သင့်တယ် ဆိုတာကို အဖြေ ထုတ်ရ ပါမယ်။ ကိုယ့်ဆီမှာ ဖြေရှင်းဖို့ နည်းလမ်း လုံးဝ မရှိတော့ ဘူး ဆိုရင် ရလာမယ့် ဆိုးကျိုး၊ ကောင်းကျိုးတွေကို ခံစားရုံပါပဲ။ ပြီးရင် ဒါတွေဟာ အတိတ်မှာ ကျန်ခဲ့ မှာပါ။


ဒီတော့ ရင်ဆိုင်ဖို့ ရှိနေရင် ထိုင်နေမယ့် အစား၊ ရပ်နေပြီး ပူပန် နေမယ့် အစား မိမိထံ ဦးတည် လာနေတဲ့ ပြဿနာကို ကိုယ်က အဆင်သင့်ပြင် ရှေ့တိုး ရင်ဆိုင်ရုံသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ တိုက်ပွဲမှာ အောင်နိုင်မှာ သတ္တိရှိသူလို့ မမည် ပါဘူး။ ဒုက္ခကို အပြုံးမပျက် ရင်ဆိုင်ပြီး ခုခံသွားခြင်းကလည်း သတ္တိ တစ်မျိုးပဲ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

 
မယောင်ရာ ဆီလူး

နောက်ထပ် မြန်မာ စကားပုံ တစ်ခု ကတော့ 'မယောင်ရာ ဆီလူး' ပါ။ ယင်းစကားပုံက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံရေး လောကပေါ် သက်ရောက်မှု အများကြီး ရှိပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ ဖြစ်ပါတယ်။

အနာ တစ်ခြား ဆေး တစ်ခြား ဆိုသလို ပါပဲ။ ယောင်နေ၊ နာနေတာက တစ်ခြား၊ လိမ်းလိုက်တဲ့ ဆေးက တစ်ခြား ဖြစ်နေတော့ အနာက ဆက်နာနေတဲ့ အပြင် ဆေးကြောင့် မနာတဲ့ နေရာက ပူရှိန်းရှိန်းနဲ့ နေရ ခက် ပါတယ်။ ယနေ့မှာလည်း ဒီလိုပါပဲ။ တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာ၊ နာနေတဲ့ နေရာက တစ်ခြား၊ ပြန်လည် ပြုပြင် ထိန်းကြောင်း ပေးတဲ့ နေရာက တစ်ခြား ဖြစ်တဲ့ အခါ အကျိုး သက်ရောက်မှု မရှိပဲ အားလုံး နစ်နာ ရ ပါတယ်။


ယနေ့ အချိန်အထိလဲ မယောင်ရာ ဆီလူး ဆိုတဲ့ မြန်မာ့ စကားပုံဟာ မှန်ကန် အကျုံးဝင် နေဆဲ ဖြစ်တာမို့ စာဖတ်သူတို့ စိတ်ထဲမှာ ရှိနေတဲ့ မယောာင်ရာ ဆီလူး အကြောင်း အရာ ဥပမာ များကို မျှဝေ ပေးနိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

လုပ်ငန်းခွင်တွင် မိမိကို မတိုးတက်စေသည့် အကြောင်းရင်းများ



ပညာမာန ထားခြင်း


အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။
 

လောဘကြီးခြင်း
 

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။
 

ဒေါသ ထားခြင်း
 

ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။
 

ပျင်းရိခြင်း

အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။


ဆက်ဆံရေး ညံ့ဖျင်းခြင်း


လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။
 

လေ့လာဆည်းပူးမှု မရှိခြင်း

ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။
...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3

ကွာရှင်းချင်လို့

Daphne du Maurier ရဲ့ ပုံပြင်လေးပါ

                      

တစ်ခါတော့ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ဟာ သူ့ဆီကိုလာသတဲ့။ သူက အကြံပေးဆွေးနွေးတဲ့ သူပေါ့။ သူတို့နှစ်ယောက်က ကွာရှင်းချင်လို့ လာဆွေးနွေးတာပေါ့။ အဲဒီတော့ သူက လင်မယားနှစ်ယောက်ကို တစ်ယောက်ဆီခေါ်ဆွေးနွေးတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်ရေး မပျော်မရွင်ဖြစ်နေကြတဲ့ အကြောင်းကို ကြားပြီးတော့ အကြံတစ်ခုပေးပါသတဲ့။
" မိန်းမတွေရဲ့ အချစ်ဟာ ၀တ္တုရှည်တစ်ပုဒ်လို ရှည်လျားပြီး ချစ်ချင်ကြပေမယ့် ယောက်ျားတွေကတော့ အချစ်ကို ၀တ္တုတို တစ်ပုဒ်လောက်ပဲ တန်ဖိုးထားတတ်ကြတယ် "
အဲဒီတော့ ရှင့်ရဲ့ ၀တ္တုရှည်ကြီးကို ၀တ္တုတိုပြောင်းချင်ပြောင်း ဒါမှမဟုတ်ရှင့်ယောက်ျားရဲ့ ၀တ္တုတိုကို ရှည်အောင် ရှင်ဆက်ရေးပေတော့ "


နှစ်ယောက်လုံးကို အလားတူစကားပဲ ပြောလိုက်တယ်။ နှစ်ယောက်လုံးကလဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပါတယ်။ တရားဝင် ကွာရှင်းခွင့်ကတော့ တစ်လလောက်နေမှ ကြမှာပေါ့။ သူကလဲ လင်မယားနှစ်ယောက်ကို တစ်လအတွင်း ရှင်တို့တွေ လက်ထပ်ပြိးကတည်းက တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အကြောင်းအရာတွေကို နှစ်ယောက်ပေါင်းပြီး ၀တ္တုတစ်ပုဒ်ရေးလာခဲ့ဖို့ ခိုင်းလိုက်သတဲ့။
တစ်လကြာတော့ လင်မယားနှစ်ယောက်ပြန်ရောက်လာတယ်။ ၀တ္တုစာအုပ်လေးတစ်အုပ်နဲ့ပေါ့။ သူတို့အတွက် တရားဝင်ကွာရှင်းပြီးဖြစ်ကြောင်း စာကလဲ ကျလာပြီ။ သူကလဲ လင်မယားနှစ်ယောက်ကို စာရွက်ပေးလိုက်တယ်။ လင်မယားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်။ ပြီးတော့ ပြုံးလိုက်ကြတယ်။ ကွာရှင်းကြောင်း စာရွက်ကို ဖြဲလိုက်ကြတယ်။ သူ့ကိုတော့ ကျေးဇူးတင်ကြောင်းပြောပြီး စာအုပ်လေးတစ်အုပ်ပေးတယ်။ သူရေးခိုင်းတဲ့ ၀တ္တုစာအုပ်လေးပေါ့။


သိပ်မကြာဘူး၊ ထိုလင်မယားနှစ်ယောက် နောက်တစ်ကြိမ် မင်္ဂလာထပ်ဆောင်ကြတယ်။သူတို့ သားသမီးလေးတွေက ပန်းတွေကျဲတယ်။
အဲဒီအချိန်မှာ သူ့ရုံးခန်းက တစ်ယောက်က " ဒီနှစ်ယောက် မင်းဆီကို ကွာရှင်းဖို့ လာကြတဲ့ နှစ်ယောက်မဟုတ်ဘူးလား " လို့မေးတယ်
" ဟုတ်တယ် ငါသူတို့ကို လက်မထပ်ခင်ကနေ အခုအထိအကြောင်းတွေကို ၀တ္တုတစ်ပုဒ်ရေးခိုင်းလိုက်တယ် ဘယ်လောက်ထိ ခက်ခက်ခဲခဲ လက်ထပ်ခဲ့ရတယ်ဆိုတာကို သူတို့ ပြန်တွေးမိရင် သူတို့ကွာရှင်းဖို့ စိတ်ရှိမှာ မဟုတ်တော့ဘူးလေ"
သူတို့လဲ မင်္ဂလာပွဲကနေ ပြန်လာခဲ့ပါတော့တယ်။


မောင်စိုင်း


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာစေချင်ရင်


        


ဘုရားပန်းကို အညှိုးမခံပါနဲ့..
သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..

အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......
မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ
လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ
တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး
သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..
ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်"
လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်......
ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး......
ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ......

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..
ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်)
မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်......
သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား
ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်..
ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါတယ်..

ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..
တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ်
ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး.....
တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို
အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..

မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်း
တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်..
သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို
စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်..
ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ..
လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့
မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း
ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..

နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေဘုရားရှင်အတွက်
ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့်
လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်း
ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ..

ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်
သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ
သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..

ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့
ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်..

ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ
စွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကို
မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..
 
Related Posts Plugin for WordPress, Blogger...