စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ပန်းချီ. Show all posts
Showing posts with label ပန်းချီ. Show all posts

တိရစ္ဆာန်တွေရဲ့ ဖန်တီးမှုတွေကို လေလံတင်



အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်က တိရစ္ဆာန်ရုံဟာ တိရစ္ဆာန်တွေရဲ့ ဖန်တီးမှုတွေကို လေလံတင် ရောင်းချခဲ့ပါတယ်။ Art Gone Wild လို့ အမည်ရတဲ့ အဲဒီလေလံပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး တိရစ္ဆာန်တွေရဲ့ ဖန်တီးမှု ၅၀ ကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

လေလံပွဲ မတင်ခင်မှာ Buttonwood park တိရစ္ဆာန်ရုံဟာ Blue လို့ အမည်ရတဲ့ ပင်လယ်ဖျံတစ်ကောင်က ပါးစပ်မှာ စုတ်တံကိုက်ပြီး ပန်းချီဆွဲနေတဲ့ ရုပ်သံမှတ်တမ်းကို သူတို့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ လေလံပွဲက ရရှိလာတဲ့ ငွေကြေးကို တိရစ္ဆာန်တွေ သင်ကြားရေး လုပ်ငန်းအတွက် အသုံးပြုမယ်လို့ သိရပါတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com
https://web.facebook.com/YoYarLay/posts/995954897114429

ခန္ဓာကိုယ်ပေါ်က အလင်းပြန် ပန်းချီကားများ

             
 
John Poppleton လို့ အမည်ရတဲ့ အမေရိကန်မှ အသက် ၄၄ နှစ်အရွယ် ပန်းချီ ဆရာ တစ်ဦးဟာ အများနဲ့ မတူတဲ့ ပန်းချီကားကို ရွေးဆွဲပါတယ်။ ယင်းကတော့ အဝတ်မပါ ကိုယ်ပေါ်မှာ ရေးဆွဲတဲ့ UV paint လို့ခေါ်တဲ့ အလင်းပြန် ပန်းချီရေး ကုန်ကြမ်များကို အသုံးပြုပြီးတော့ ရေးဆွဲပါတယ်။

ယင်းကဲ့သို့ UV အလင်းပြန်ကို ကျနော်တို့ ညဘက်တောင် ကြည့်နိုင်ပါတယ် ဆိုတဲ့ နာရီ လက်တံတွေမှာ သုံးထားတာမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယင်း ပန်းချီကားဟာ သာမန် ပန်းချီကားထပ်လည်း ဈေးကြီးပါတယ်။ သူ့ကို အသုံးပြုထားရင် အလင်းအရောင် မရှိတဲ့ အခန်းမှာတောင် လူကနေ အလင်းတွေ ပြန်ထွက်နေပါလိမ့်မယ်။ သုံးတဲ့ ဆေးပမာဏ ပေါ်မှာလည်း မူတည်ပါတယ်။ 

ပမာဏနဲ့ အချိန်အဆပေါ် မူတည်ပြီး ပန်းချီကား ဖြစ်လာအောင် ဖန်တီးတယ် ဆိုတာ မလွယ်ပါဘူး။
John အနေနဲ့ နယူးယောက်မြို့က မုန်တိုင်း ဆိုတဲ့ အမညတဲ့ မိုးကြိုးပစ်နေတဲ့ ပုံတွေ၊ မိုးရွာနေတဲ့ ပုံတွေကို မြို့က အဆောက်အအုံ များနဲ့ ပေါင်းစည်း ဖန်တီးပြထားပါတယ်။ ပြီးတော့ နဂါးငွေ့တန်း ဂလက်ဆီ တို့ပါ ရေးဆွဲထားပါတယ်။

ယင်းအရာများကို တစ်ချိန်တုန်းက ကွန်ပြူတာနဲ့ပဲ ဖန်တီးနိုင်တယ်လို့ ထင်ကြပေမယ့် လက်တွေ့ ပန်းချီဆွဲနိုင်ကြောင်းကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/925037227539530

ခန္ဓာကိုယ်ပေါ်က UV paint (အလင်းပြန်) ပန်းချီကားများ

 
 
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/925037227539530

ကော်ဖီပန်းချီကြောင့် နာမည်ကြီးလာသည့် အီတလီ အနုပညာရှင်


ကော်ဖီစက်တွေကို အသုံးပြုပြီးဆွဲတဲ့ ပန်းချီကြောင့် အီတလီ အနုပညာရှင် ဂျူလီယာ ဘာနယ်ဒယ်လီဟာ အင်တာနက်မှာ နာမည်ကြီးလာပါတယ်။

ကော်ဖီစက်နဲ့ ရေးဆွဲထားတဲ့ အိမ်မက်ဆန်တဲ့သူရဲ့ လက်ရာတွေကို လူမှုရေးကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် နောက်လိုက် ၁၉၀၀၀ ကျော်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကော်ဖီစက်တွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ပန်းချီတွေမှာတော့ သစ်ပင်ကနေ ချစ်ကျွမ်းဝင်နေတဲ့ စုံတွဲရဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။

အီတလီက ဘိုလော့နာမြို့က တက္ကသိုလ်ကနေ အနုပညာ အထူးပြုနဲ့ ဘာနယ်ဒယ်လီက ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ပြတိုက်တခုမှာ အလုပ်လုပ်နေတယ်လို့ ဟူဖင်တန် ပိုစ်က ရေးပါတယ်။
အစားအသောက်နဲ့ သဘာဝ ပစ္စည်းတွေကို ပန်းချီဆွဲတဲ့ စုတ်အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။
“စုတ်ကို သဘာဝက ပေးထားတဲ့ သစ်ရွက်၊ အစားအသောက်တွေနဲ့ အစားထိုးသုံးတယ်”လို့ အသက် ၂၇ နှစ် ဘာနယ်ဒယ်လီက ပြောပါတယ်။

ဒီအနုပညာဟာ တရုတ်လူမှုရေး ကွန်ရက် ဝေဘိုမှာလည်း ပျံ့နှံနေပြီး သူရဲ့ အရည်အချင်းကို လူအများစုက တန်ဖိုးထားနေပါတယ်။

Credit: Dvb Burmese
 

 https://www.facebook.com/searchmyanmar/posts/920235258019412

ဆုတောင်းနေသော လက်များ



၁၅ ရာစုအချိန်တွင် ဂျာမနီပြည် နူရင်ဘတ်မြို့အနီးရှိ ရွာငယ် တစ်ရွာတွင် သားသမီး ၁၈ ယောက်ရှိသော မိသားစု တစ်ခု နေထိုင်သည်၊ ဖခင်မှာ ရွှေ ပန်းထိမ်ဖြင့် အသက်မွေးသည်။ မိသားစု စားဝတ်နေရေး အတွက် တနေ့လျင် ၁၅ နာရီ အလုပ် လုပ်ရသည့် အပြင် ငွေပို ရရန် အိမ်နီးနားချင်းများ ခိုင်းသမျှကိုလည်း လုပ်ကိုင်ပေးရသည်။

ဤသို့ အဆင်မပြေမှုများကြားမှ သားအကြီး ၂ ဦးမှာ နူရင်ဘတ်ရှိ အနုပညာကျောင်းကို တက်လိုကြသည်။ သို့သော် ဖခင် ဖြစ်သူက ကျိန်းသေ ငွေကြေး မထောက်ပံ့နိုင်သည်ကို သိထားကြသည်။

သူတို့၏ အိပ်မက် အတွက် နည်းလမ်း ရှာကြသည်။ တစ်ဦးက ကျောင်းတက်နေစဉ် တစ်ဦးက ထောက်ပံ့သည့် စနစ်ကို သဘောတူကာ မည်သူက အရင် တက်ရမည်ကို အလွယ်ကူဆုံးသော ငွေ အကြွေစေ့ဖြင့် ခေါင်းပန်း လှန်ကာ ဆုံးဖြတ်လိုက်ကြသည်။ Albert မှာ ရူံးနိမ့်သွားသဖြင့် Albrecht ကို နူရင်ဘတ်ရှိ အနုပညာကျောင်းတွင် တက်ရောက်နိုင်ရန် လေးနှစ် တိတိ အန္တရာယ်များသော မိုင်းတွင်းထဲတွင် အလုပ် ကြိုးစား လုပ်ကိုင်ကာ ထောက်ပံ့ပေးခဲ့သည်။

Albrecht မှာ ကျောင်းတွင် သင်ယူနေစဉ် ကတည်းကပင် အခြား ကျောင်းသားများနှင့် ပါမောက္ခများထက် ကောင်းမွန်သော အနုပညာ လက်ရာများကို ဖန်တီးနိုင်ခဲ့သည်။ ထိုကြောင့် သင်တန်းဆင်းသည်နှင့် သူ၏ လက်ရာများကို ရောင်းချပြီး ငွေအတော် အတန် ရှာဖွေနိုင်သော အဆင့်ကို ချက်ချင်းပင် ရောက်လာခဲ့သည်။

၎ နှစ်အပြီး သူအိမ်သို့ ပြန်လာသော အထိမ်းအမှတ် အဖြစ် ညစာ စားပွဲ တစ်ခု ကျင်းပပေးကြသည်။ ညစာ စား၍ အပြီးတွင် Albrecht က
"ကျွန်တော် အခုလို အောင်အောင်မြင်မြင် ပညာသင်နိုင်တာ မိသားစုရဲ့ ကျေးဇူးကြောင့်ပါ။ အထူးသဖြင့် Albert ကြောင့်ပါ။ သူဟာ မိုင်းတွင်းထဲမှာ အလွန် ပင်ပန်း ဆင်းရဲစွာ ၄ နှစ် အလုပ် လုပ်ပြီး ကျွန်တော့ကို ထောက်ပံ့ခဲ့ပါတယ်။ သူ အခုတော့ နူရင်ဘတ်က အနုပညာကျောင်းမှာ စိတ်အေးလက်အေး သွားတက်နိုင်ပါပြီ။ သူ့ကို ကျွန်တော် ပြန်ထောက်ပံ့ဖို့ အလှည့် ရောက်လာပါပြီ။"

ထိုအခါ Albert က ညင်သာစွာ ခေါင်းခါလျက်:
"ငါ့အတွက်တော့ နောက်ကျသွားခဲ့ပါပြီ။ ငါ့ရဲ့ လက်ချောင်းတွေဟာ မိုင်းထဲမှာ ရတဲ့ ဒဏ်ရာတွေနဲ့ ပုံမှန် မဟုတ်တော့ဘူး။ အရိုးအဆစ် ကိုက်ခဲတဲ့ ဝေဒနာကိုလည်း ခံစားနေရတယ်။ စုတ်တံကို ကိုင်ပြီး လှပတဲ့ ကောက်ကြောင်း တစ်ခုကို ရေးဆွဲဘို့ မပြောနဲ့၊ ဒီ ဖန်ခွက်ကိုတောင် မနည်း ကိုင်နေရတယ်။ ဒါပေမဲ့ မင်း စိတ်မကောင်း မဖြစ်ပါနဲ့၊ မင်းအတွက်ငါ ဂုဏ်ယူပါတယ်။" ဟုဆိုလိုက်သည်။

Albrecht မှာလည်း အလွန် စိတ်မကောင်းဖြစ်ကာ သူ့အတွက် ရင်းနှီး ပေးဆပ်ခဲ့သော ညီအကို ဖြစ်သူ၏ ဒဏ်ရာများဖြင့် သိမ်ဖျင်းနေသော လက်ချောင်း အစုံကို ထောင်လျက် အနေအထားဖြင့် ပန်းချီကား တစ်ချပ်ကို အချိန်ယူကာ ရေးဆွဲခဲ့ပြီး ယင်းကို "လက်များ" ဟု နာမည် ရိုးရိုးလေး ပေးခဲ့သည်။ နောင်တွင် နာမည် ကျော်ကြားသော ပန်းချီကား တစ်ချပ်ဖြစ်လာခဲ့ပြီး "ဆုတောင်းနေသော လက်များ" ဟူသော အမည်ဖြင့် ပြောင်းခေါ်ခဲ့ကြသည်။

(Albrecht Durer ၏ လက်ရာ ပန်းချီကား အများစုမှာ အလွန်ကျော်ကြားခဲ့ပြီး ယနေ့တိုင် အမြတ်တနိုး သိမ်းဆည်းထားကြသည်။)

ထိုကြောင့် ဘဝ အောင်မြင်သူ တစ်ဦးဖြစ်ရန် ကောင်းမွန်သော ထောက်ပံ့မှု့လိုအပ်ပါသည်။ သင် တစ်ဦးတည်း အကူအညီ လိုအပ်နေတတ်သည် မဟုတ်ပါ။ မိမိကို ကူညီခဲ့သူ၏ ကျေးဇူးကို သိတတ်ရန် လိုအပ်ပါသည်။ ။

Ref : wiki
လူပိန်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766211817/881575365219050/?type=1&theater 

ဂေါ်ဂင်ရဲ့ တဟီတီကျွန်းသူနှစ်ဦးပန်းချီကား

                   



ပြင်သစ်နိုင်ငံသား ပန်းချီဆရာ ပေါလ်ဂေါ်ဂင်ရဲ့ တဟီတီကျွန်းသူ နှစ်ဦးပုံ ပန်းချီကားဟာ အမေရိကန် ဒေါ်လာ သန်း ၃၀၀နဲ့ အရောင်းအ၀ယ် ဖြစ်ခဲ့တယ်လို့ guardian သတင်းစာက ဖော်ပြထားပါတယ်။ ဂေါ်ဂင်ဟာ ဒီပန်းချီကားကို ၁၈၉၂ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းချီကားနာမည်ကတော့ တဟီတီဘာသာစကားအရ Nafea faa ipoipoဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်က ''ညည်း ဘယ်တော့လက်ထပ်မှာလဲ''ဖြစ်ပါတယ်။

အရောင်နဲ့ အလင်းအမှောင် သုံးစွဲမှုတွေက ဆန်းသစ်ပြီး ခေတ်ရှေ့ရောက်တဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့ post- impressionist ပန်းချီဆရာ ဂေါ်ဂင်ဟာ ဥရောပကို ငြီးငွေ့လာပြီးတဲ့နောက် သူငယ်ချင်းဖြစ်သူ ပီကာဆိုနဲ့အတူ တဟီတီကျွန်းကို သွားရောက်ခဲ့ပါတယ်။ ဒီပန်းချီကားမှာ ဂေါ်ဂင်က တဟီတီကျွန်းသူတွေရဲ့ အသားအရေကို အညိုရောင်သုံးပြီး ရေးဆွဲထားပါတယ်။

ဒီပန်းချီကားကို ဆွစ်ဇာလန်နိုင်ငံသား ပန်းချီကားစုဆောင်းသူ စတာချီလင် ပိုင်ဆိုင်ခဲ့ပြီး ဘေဆယ်မြို့က ပြတိုက်မှာ နှစ်အတော်ကြာ ပြသထားခဲ့ပါတယ်။ ဒါပေမဲ့ ပြတိုက်တာဝန်ရှိသူတွေနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ကာတာနိုင်ငံက ပြတိုက်တစ်ခုမှာ ပြသဖို့ ဝယ်ယူသွားတယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ စတာချီလင်က ပန်းချီကားဝယ်ယူသူ အမည်ကို ထုတ်ပြောဖို့ ငြင်းဆန်ခဲ့သလို ဘယ်နေရာမှာ အရောင်းအဝယ်ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။ ဂေါ်ဂင်နဲ့ ခေတ်ပြိုင်ပန်းချီဆရာ ဆေးဇန်းရဲ့ ဖဲကစားနေသူနှစ်ဦး ပန်းချီကားကို ကာတာနိုင်ငံက စံချိန်တင်တန်ဖိုး ပေါင်သန်း ၁၆၀နဲ့ ဝယ်ယူခဲ့ဖူးပါတယ်။

Nz ရိုးရာလေး
www.yoyarlay.com
 

စိတ်ချမ်းသာစရာ အကြည်ဓာတ်ကိုပေးတဲ့ Totty 36

 
 
 
 
 

ပန်းချီတော်တီဆွေရဲ့ ရေဆေးအကြည် အရောင်လွင်လွင်နဲ့ Landscape ပန်းချီကား သေးသေးလေးတွေဟာ ပန်းချီသဘော တရားကို နားလည်သူဖြစ်စေ၊ နားမလည်သူ ဖြစ်စေမြင်ရသူ အနေနဲ့ စိတ်ကြည်နူးမှုကို ရရှိခံစား နိုင်မယ် လို့ ယူဆပါတယ်။ ပန်းချီကား တကားစီတိုင်းမှာ Subject တွေ ရှိနေပြီး အများစုဟာ ဘုရား၊ ပုထိုးတွေ၊ ကျေးလက်ရှုခင်းတွေ၊ သာမန်လူတွေရဲ့ နေ့စဉ်ဘဝ တစိတ်တပိုင်း စတာတွေကို ဖော်ကျူးထားပါတယ်။

Totty 36 လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ပုလဲကွန်ဒိုရှိ Studio Square အနုပညာခန်းမမှာ ဇန်နဝါရီ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ ဒါဟာ တော်တီဆွေရဲ့ ၃၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပြသတာ ဖြစ်ပါတယ်။ သူဟာ ကာတွန်းဆရာ တယောက်လည်း ဖြစ်တာကြောင့် ၃၄ နှစ်ပြည့်တုန်းက ကာတွန်းပြပွဲ တပွဲ၊ ၃၅ နှစ် ပြည့်မှာ ကယ်ရီကေးချား ပြပွဲစတာတွေကို အမှတ်တရ အနေနဲ့ ပြသခဲ့ပါတယ်။

“ဒီ တနှစ်လုံးမှာတော့ ခရီးတွေ ထွက်ပြီး ပန်းချီကားတွေပဲ ရေးဖြစ်တယ်။ လေ့ကျင့်ရင်းနဲ့ အဆင်ပြေလာတာနဲ့ ပန်းချီပြပွဲပဲ လုပ်ဖြစ်သွားတာပါ” လို့ သူက ဆိုပါတယ်။
တော်တီဆွေရဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ လူပုံပန်းသဏ္ဌန်လိုပဲ အရွယ်ခပ်သေးသေးနဲ့ ချစ်စရာ ကောင်းနေပါတယ်။

“ကျနော်က ကိုယ်နဲ့ အမြဲ ထိတွေ့နေရတဲ့ ကာရိုက်တာတွေကို ကြိုက်တယ်၊ သရုပ်ဖော်ပုံ မဆန်ဘဲနဲ့ ရေဆေး အကြည် လေးတွေနဲ့ ကြည့်ရသူ စိတ်ချမ်းသာအောင် ရေးရတာ သဘောကျတယ်” လို့ တော်တီဆွေက ပြောပါ တယ်။

သူ့အနေနဲ့ ပန်းချီနဲ့ ပတ်သက်တာဆိုရင် ဘယ်လို ရေးနည်းရေးဟန်ကို မဆို စိတ်ဝင်စားပေမယ့် တကယ့် တကယ်တော့ ရေဆေးကားတွေ ရေးရတာ အကြိုက်ဆုံးနဲ့ အားအရဆုံးပဲလို့ ဆိုပါတယ်။
“ခေတ်ပြိုင် အနုပညာတွေ ဆိုရင်လည်း ကျနော် ကြိုက်တယ်။ ပန်းချီ ငြိမ်းချမ်းဆုတို့ဆို အားကျတယ်။ မော်ဒန်တို့၊ အိတ်စ်ပရက်ရှင် တို့ကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ကျနော်က ကာတွန်းရေးနေကျ ဆိုတော့ Subject နဲ့ ရေးရတာကို အသားကျသလို ဖြစ်နေပြီ” လို့ တော်တီဆွေက ပြောပါတယ်။

မီဒီယံ အစုံကို အသုံးပြုရေးဆွဲရတာကို နှစ်သက်ပေမယ့် အများအားဖြင့် ရေဆေးနဲ့ပဲ အဆွဲများတယ်လို့ တော်တီဆွေက ပြောပါတယ်။ အကြောင်းအရာပါတဲ့ ပန်းချီကားတွေ ဟာလည်း ရေဆေးနဲ့ ပိုမိုလိုက်ဖက်တာ တွေ့ရပါတယ်။

မတ္တရာသား ပန်းချီဆရာ၊ ကာတွန်းဆရာ တော်တီဆွေဟာ ပန်းချီကို ငယ်ငယ်ကတည်းက ဝါသနာကြီးပြီး ၇ တန်းလောက် ကတည်းက ကားနံပါတ်ပြား ရေးတဲ့ အလုပ်ကို လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ၁၀ တန်း အောင်တဲ့အခါ မှာတော့ မန္တလေး ပန်းချီပန်းပုကျောင်း တက်ဖို့ သွားစုံစမ်းရာက သူငယ်ချင်းတယောက်က ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ် တက်ရောက်ဖို့ အကြံပေးတာနဲ့ ၁၉၉၆ ခုနှစ်မှာ ပန်းချီအဓိက ဘာသာရပ်နဲ့ ကျောင်းစတက်ခဲ့ပြီး ပန်းချီသဘော တရားတွေကို လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းပြီးအောင် တက်ခွင့်တော့ မရခဲ့ပါဘူး။

ဒါပေမယ့် သူဟာ ပန်းချီနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းမှုပဲ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရန်ကုန် ပြန်ဆင်း လာပြီး မဂ္ဂဇင်းတွေမှာ ကာတွန်း ရေးဆွဲတာ၊ ကြော်ငြာဒီဇိုင်း၊ Layout ဒီဇိုင်း ဆွဲတာ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး သရုပ်ဖော်ပုံ ရေးဆွဲတာ စတာတွေကို လေ့လာ လုပ်ကိုင်ရင်း တဖက်ကလည်း ပန်းချီရေးဆွဲတဲ့ အလုပ်ကို အဆက်မပြတ် လုပ်ခဲ့တယ် လို့ တော်တီဆွေက ရန်ကုန်မှာ သူ့ရပ်တည်မှု အတွက် အလုပ်လုပ်ရင်း ဝါသနာကို အကောင်အထည် ဖော်ရတဲ့ အကြောင်းတွေကို ပြောပြပါတယ်။
“ကျနော် ကြော်ငြာဘုတ် အကြီးကြီးတွေ ဆွဲရတာကို သိပ်သဘောကျ တယ်။ ပိုစတာ ကာလာတွေကို အရမ်း ကြိုက်တာ၊ အရင်က အဲဒီလို ကြော်ငြာ ဘုတ်ကြီးတွေ ဆွဲတဲ့နေရာမှာလည်း အလုပ်လျှောက်ဖူးတယ်” လို့ သူက ဆက်ပြောပါတယ်။

ပန်းချီပေါ်ဦးသက်၊ ပန်းချီဝင်းဖေ၊ ပန်းချီ M တင်အေး၊ ဦးတင်အေး (မန္တလေး)၊ မြန်မာ့ရိုးရာလိုင်း တွေရေးတဲ့ ဦးဘခိုင်၊ ပန်းချီတင်မောင်ဦး၊ ပန်းချီ မိုးညို၊ ပန်းချီဝေချစ်ကို စတဲ့သူတွေဟာ သူ့ရဲ့ မြင်ဆရာတွေ ဖြစ်တယ်လို့ တော်တီဆွေက ဆိုပါတယ်။

ပန်းချီ အောင်မြတ်ဌေးကတော့ သူ့ရဲ့ သင်ဆရာ ဖြစ်ပြီး ပန်းချီသဘောတရား တွေနဲ့ ပတ်သက်လို့ အမြဲတမ်း အကြံပေး၊ ဆွေးနွေး ပြောပြတဲ့သူတွေကတော့ ယဉ်ကျေးမှုတက္ကသိုလ်မှာ ခင်မင်ခဲ့တဲ့ သူ့ရဲ့ စီနီယာအစ်ကိုတွေ ဖြစ်ကြတဲ့ဇင်မင်းထွန်း၊ ရဲနှောင်းနဲ့ ဥာဏ်စိုးတို့ ဖြစ်ကြောင်း သူက ပြောပြပါတယ်။
“ဆရာ ရန်နိုင်ထွန်းက အခရိုင်းလစ်ကားတွေကို စပြီး ရေးပြတယ်။ အခရိုင်းလစ် ဆိုရင် သူရေးပြတာ အရင်ဆုံး မြင်ဖူးတာပဲ” လို့ တော်တီဆွေက ဆိုပါတယ်။

လူချစ်လူခင် ပေါများသလောက်၊ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ကာတွန်းပန်းချီ တော်တီဆွေဟာ လူစုလူဝေးနဲ့ နေရတာကို သဘောကျပြီး လူတွေရဲ့ စရိုက်သဘာဝကို လေ့လာရတာ နှစ်သက်သူ ဖြစ်ပါတယ်။ ပရဟိတ ပွဲတွေမှာလည်း မညည်းမညူပါဝင်လေ့ရှိပြီး သူတတ်နိုင်တဲ့ ဘက်က ကယ်ရီကေးချား ကူညီရေးဆွဲ ပေးတဲ့ အလုပ်ကို လုပ်ပေးလေ့ ရှိပါတယ်။

၂၀ဝ၇ ခုနှစ်မှာ သူဟာ Mix Media ဆိုပြီး ကာတွန်း၊ ပန်းချီ၊ သရုပ်ဖော်ပုံ အစုံအလင် ပါဝင်တဲ့ ပွဲတပွဲ ပြသခဲ့ဖူးပြီး အုပ်စု ပန်းချီပြပွဲ ၇ ခုပွဲလောက်မှာ ပါဝင်ပြသခဲ့ဖူးပါတယ်။ မကြာသေးမီက ပြသတဲ့ Totty 36 ကတော့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ဖြစ်တယ်လို့ သိရပါတယ်။      ။

http://burma.irrawaddy.org/entertainment/2015/01/31/70637.html

3D အမိုက်အစား အံ့ဖွယ်နံရံပန်းချီများ

လေထဲမှာ သွားနေသော အလားသဏ္ဍန် တူအောင် 3D အမိုက်အစား အံ့ဖွယ် နံရံပန်းချီ များကို ရေးဆွဲ ထားပါတယ်။ တစ်ချို့သော ပုံတွေဟာ ဆိုရင် တကယ့် အကောင်တွေနဲ့ ဆင်တူပါတယ်။ တစ်ချို့ပုံတွေ ကတော့ ထိတ်လန့် စရာတောင် ကောင်းလှအောင် လက်ရာ မြောက်လှပါတယ်။

ရေးဆွဲခဲ့တဲ့ သူကတော့ Odeith ဆိုသူဖြစ်ပြီး သူဟာ ပေါ်တူဂီ နိုင်ငံသား တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ၁၉၇၆ ခုနှစ်မှာ မွေးဖွားခဲ့ သူတစ်ယောက် ဖြစ်ပြီး ပန်းချီပညာကို စိတ်ပါ ဝင်စားသူ တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
သူဆွဲထားသော 3D အမိုက်အစား အံ့ဖွယ်နံရံ ပန်းချီများကို အသေးစိတ်ကြည့်ရှု လိုသူများ ကတော့ http://www.odeith.com/ မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
Ref - odeith.com
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com



အလင်းအမှောင်တွေ ထောင့်ဖြတ်ကျနေတာတွေ့ရရင် ရင်ခုန်တယ်ဆိုတဲ့ ပန်းချီရဲနှောင်း



ရဲနှောင်းရဲ့ ပန်းချီကားတွေက အလင်းနဲ့အရောင် တွေရဲ့ ကူးလူးဆက်နွှယ်မှု၊ စုစည်းညီညွတ်မှု တွေကို ထင်ဟပ်ထား ပြီး အရောင်တွေရဲ့ တွန်းထိုးရုန်းကြွမှု (Contrast) ကိုလည်း ပုံဖော်ပြတဲ့ Expression ပန်းချီကားတွေပါ။ ထူးခြားတာ က အလင်းကျရောက်မှုကို အလင်းအတိုင်း တင်ပြတာ မဟုတ်ဘဲ အရောင်ပြင်းပြင်းနဲ့ ကိုယ်စားပြု ရေးဆွဲထားတာ ရယ်၊ ပကတိ အနေအထားက အရောင်ထက် စိတ်မြင် အရောင်တွေနဲ့ ဖွဲ့စည်းထားတာရယ် ဖြစ်ပါတယ်။
ပန်းချီရဲနှောင်းကို ဖခင် ဦးအောင်ခင်ဦး (ခေါ်) ကာတွန်းအနောင်နဲ့ မိခင် ဒေါ်မြတ်မြတ်ထင်တို့က သန်လျင်မြို့မှာ  မွေးဖွားတာပါ။  သားသမီး  ၃ ယောက်မှာ အငယ်ဆုံးသား ဖြစ်ပါတယ်။ မိခင်ဘက်ကရော ဖခင်ဘက်ကရော အနုပညာ အစဉ်အလာ မျိုးရိုးရှိသူ ဖြစ်ပါတယ်။
“ဟုတ်တယ်။ ကျနော် ငယ်ငယ်ကတည်းက အနုပညာနဲ့ နီးစပ်ခဲ့တာ ပါ။ ဘယ်အရွယ်တုန်းက စိတ်ဝင်စားလာတယ် ဆိုတာ မပြောတတ်ဘူး။ အဖေက ကာတွန်းဆွဲတယ်။ ကျနော် ငယ်ငယ်ကတည်းက တွေ့ဖူး မြင်ဖူးတယ်။ ကျနော် ငယ်ငယ်ကတည်းက ပုံလေးတွေဆွဲ ဖြစ်ခဲ့တာလို့ ပြောနိုင်ပါတယ်။ အနုပညာတို့ ဘာတို့ တော့ မသိသေးဘူး ပေါ့” လို့ အသက် ၃၇ နှစ်အရွယ် ပန်းချီ ရဲနှောင်းက အနုပညာနဲ့ သူ့ဘဝဆက်စပ်မှု စတင်ရာကို ပြောပြပါတယ်။
သူဟာ ပန်းချီအပြင် မှတ်တမ်းရုပ်ရှင် ရိုက်ကူး ခြင်း၊ အင်စတော်လေးရှင်း အနုပညာ လက်ရာ ဖန်တီးခြင်းကိုလည်း နှစ်သက်တယ် လို့ ပြောပါ တယ်။ ဒါပေမယ့် ပန်းချီဆရာ ဆိုတဲ့ ဝိသေသထူးကို တခြားဖန်တီးမှုတွေထက် ဂုဏ်ယူစိတ် ကြီးမားတယ် လို့ ပြောပြပါတယ်။
“ကျနော့်ရဲ့ မှတ်ပုံတင်မှာ အလုပ်အကိုင်ကို ပန်းချီဆရာလို့ ဖော်ပြထားတယ်။ သူငယ်ချင်း ပန်းချီ ဆရာတွေကို မင်းတို့က ပန်းချီဆရာ မဖြစ်သေးဘူး၊ ငါက ပန်းချီဆရာဖြစ်ပြီးသား၊ ဘာဖြစ်လို့လဲ ဆိုတော့ မှတ်ပုံတင်မှာ အလုပ်အကိုင်က ပန်းချီဆရာလို့ ဖော်ပြထားတယ်လေ ဆိုပြီး နောက်ပြောင်ခဲ့တယ်။ ကျနော်က အဲဒီလောက်ထိ ပန်းချီဆရာ ဆိုတာကို ဂုဏ်ယူတာပါ” လို့ ပန်းချီရဲနှောင်းက ဆိုတယ်။
တကယ်လို့ ပန်းချီဆရာမဖြစ်ခဲ့ရင် ဘာဖြစ်မလဲ လို့မေးတာကိုတော့ သူက ကျောင်းဆရာဖြစ်မယ် ထင်တယ်လို့ ဖြေပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အဖေကပုံလေးတွေ ဆွဲပြီး စာသင်ပေးတာကို အရမ်းအားကျလို့ပါ” လို့ သူကဆက်ပြောတယ်။
သူဟာ ၁၉၉၆ ခုနှစ်က ယဉ်ကျေးမှုတက္ကသိုလ် တက်ရောက်ပြီး ပန်းချီပညာ လေ့လာဆည်းပူးခဲ့တာ ဖြစ်ပါတယ်။
“ပြောရရင် ရယ်စရာပဲဗျ၊ တခြားသူတွေ ပန်းချီ ကျောင်းတက်တာ ၄ နှစ်၊ ကျနော်ကတော့ ၆ နှစ်ဗျ။ ဒုတိယနှစ်နဲ့ တတိယနှစ်မှာ တနှစ်စီကျခဲ့လို့ပဲ။ အဲဒီ မှာဗျာ ကျနော့်သူငယ်ချင်း တချို့တောင် ကျောင်းမှာ ပြန်ပြီး ဆရာလုပ်နေပြီ၊ ကျနော်က ကျောင်းမပြီးသေး ဘူး။ အဲလောက်ထိ ထူးချွန်တာ” သူက လို့ ရယ်ရယ် မောမောနဲ့ ပြောပါတယ်။
တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေစဉ် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ရဲမာန် (ဝလုံး)၊ ဈာမင်းထိုက်၊ စိုးမိုးနိုင် တို့နဲ့တွဲပြီး “အရပ် ၄ မျက်နှာ” လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတခုကို နတ်မောက် ဂယ်လာရီမှာ ပထမဆုံး ပြသနိုင်ခဲ့တယ် လို့ သူက ဆိုပါတယ်။
နောက် ၁၉၉၉ ခုနှစ်မှာ မန္တလေးက သူငယ်ချင်း ရေဆေးပန်းချီဆရာ ဇင်မင်းထွန်းနဲ့တွဲပြီး Duet Show ဆိုပြီး လောကနတ် ပန်းချီပြခန်းမှာ ပြသနိုင်ခဲ့ကြောင်း၊ ၂၀ဝ၃ ခုနှစ်မှာတော့ Second Duet Show ကို တူကလေး ဉာဏ်လူသစ်နဲ့ တွဲပြီး ပြသခဲ့ကြောင်း၊ နောက် သူငယ်ချင်းတွေရဲ့ Another 7 ဆိုတဲ့ အမည်နဲ့ ပြုလုပ်တဲ့ အင်စတော် လေးရှင်း ပြပွဲမှာလည်း ပါဝင်ခဲ့ကြောင်းနဲ့ အခြား အုပ်စုပြပွဲ အတော်များများမှာ ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။
ပြီးတော့ ရန်ပုံငွေ လှူဒါန်းပွဲ အတော်များများမှာလည်း သူ ပါဝင်ပြသခဲ့တယ် လို့ ဆိုပါတယ်။ လတ်တလောမှာတော့ နိုဝင်ဘာ ၁ ကနေ ၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းက Think ဂယ်လာရီမှာ ပြုလုပ်တဲ့ “ပါဒ” (Parda) အုပ်စု ပန်းချီပြပွဲမှာ ပါဝင်ပြသလျက် ရှိပါတယ်။
ဒီပြပွဲကို Think ဂယ်လာရီနဲ့ KZL ဂယ်လာရီတို့ ပူးပေါင်း စီစဉ်တာ ဖြစ်ပြီး သန်လျင်၊ ကျောက်တန်း မြို့နယ်တွေက ပန်းချီဆရာ ၁၂ ယောက်ရဲ့ ပန်းချီ ကား ၇၅ ကား ပါဝင်ပါတယ်။ ပြပွဲမှာ ပန်းချီကား ရောင်းရငွေရဲ့  ၅၀ ရာခိုင်နှုန်းကို  သန်လျင်နဲ့ ကျောက်တန်းက အနုပညာကို တကယ် သင်ယူလိုပေမယ့် ငွေကြေးချို့တဲ့နေတဲ့ ကလေးတွေ အတွက် အနုပညာ သင်တန်းတွေ တက်ရောက်သင်ယူနိုင်ရေးမှာ ထောက်ပံ့ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ပန်းချီရဲနှောင်းရဲ့ ပန်းချီကား ၁၁ ကား ပါဝင်တာလည်း တွေ့ရပါတယ်။ သူ့ရဲ့ပန်းချီ ကားအများစုက Landscape ပန်းချီကားတွေဖြစ်ပြီး Series လိုက်ရေးဆွဲထားတယ်လို့ ဆိုရမှာပါ။ ပန်းချီ ကားရေးဆွဲဖို့ သူဘယ်လို ပြင်ဆင်ပါလိမ့်။
“ပန်းချီကားက နောက်မှ ရေးဖြစ်တာပါ။ အဓိကကတော့ ကြည့်တာပဲ။ ဝန်းကျင်မှာ တွေ့ရတတ်တဲ့ အလင်းအမှောင် တွေ ထောင့်ဖြတ် ကျနေတာတွေ တွေ့ရင် စိတ်လှုပ်ရှား ရင်ခုန်ရတယ်။ အဲဒီမှာ ကျနော် မှတ်သားမိတတ် ပါတယ်။ ဒါမှ မဟုတ် ပါလာတဲ့ စက္ကူစ တခုမှာ စကက်ခ်ျအသေးလေးပဲ ဖြစ်ဖြစ် ရေးထားလိုက်တယ်။ နောက် ပန်းချီဆွဲတဲ့အခါ ကျနော် မှတ်မိနေတဲ့ အလင်း၊ အမှောင်နဲ့ Tone တွေကို ပြန်ရေးတာပါပဲ” လို့ပြောပြတယ်။
သူ ပန်းချီရေးဆွဲတဲ့ အခါ မူရင်းအနေအထား အရောင်အသွေးအတိုင်း အတိအကျ ရေးဆွဲတာ မဟုတ်ဘဲ သူ့စိတ်ကူး ထဲမှာ ရှိလာတဲ့ အတိုင်း၊ ဖြစ်လာတဲ့ အတိုင်း ရေးဆွဲတယ် လို့ ပြောပါတယ်။
“ကျနော်က Reality အတိုင်း အတိအကျ ရေးတာမျိုး မရှိဘူး။ ကိုယ် မြင်လိုက်တဲ့ အလင်းအမှောင် ထောင့်ဖြတ်အလှကို ပြန်မှတ်မိတဲ့ အတိုင်း၊ ပြန်ခံစား မိတဲ့အတိုင်း၊ စိတ်ထဲမှာ ပေါ်လာတဲ့ အတိုင်း ပြန်လည် ရေးဆွဲလိုက်တာ ပါပဲ” ရဲနှောင်းက ဆိုပါတယ်။
အလင်းနဲ့ အမှောင်၊ အရောင်နဲ့ အသွေးတွေရဲ့ တွန်းထိုးရုန်းကြွမှုနဲ့ စုစည်းညီညွတ်မှုတွေကို ထင် ဟပ်တဲ့ ရဲနှောင်းရဲ့ ပန်းချီ ကားတွေထဲမှာ ရိုးသားမှု ရိုးရှင်းမှုတွေ ပါဝင်နေသလို သူ့ရဲ့ အနေအထိုင် အပြောအဆိုတွေမှာလည်း ရိုးသားမှုတွေ ထင်ဟပ်နေပါတယ်။     ။

လက်ချောင်းများနှင့် ပန်းချီဆွဲသူ




ခွန်နေ - Khun Nay

ပန်းချီပညာရှင် အင်္ဂလန်နိုင်ငံသူ အမည် Judith Braun လို့ခေါ်ပါတယ် ။ ပန်းချီတွေကိုရေးဆွဲရာမှာ ဆေးစက်တွေကို စုပ်တံများနှင့် လုံးဝအသုံးမပြုပဲ လက်ချောင်းများနဲ့သာ ရေးဆွဲသူ အဖြစ် နာမည်ကျော်သူပါ ။

ပန်းချီပြပွဲပေါင်းမျာစွာ ကျင်းပခဲ့တဲ့သူမဟာ ရေးဆွဲခဲ့တဲ့ ပန်းချီကားများကို
ကြည့်ရှုသူရှေ့ မှာ စက္ကန့်ပိုင်း ၊ မိနစ်ပိုင်းအတွင်း ပီပြင်စွာ သရုပ်ပြရေးဆွဲ
နိုင်သူပါ ။ မြင်ရတဲ့ပုံကတော့ ပန်းချီပြပွဲတစ်ခုမှာ ပရိတ်သက်ရှေ့မောက်
သူမရဲ့ အနုပညာကို တင်ဆက်နေခြင်းဖြစ်ပါတယ် ။
သစ်ပင် ၊ သဘာဝတောတောင် ၊ ရေမြေရှုခင်းများကို လက်ချောင်းလေးတွေ
အသုံးပြုပြီး ပန်းချီကားများဟာ အသက်ဝင်လို့ရှိနေပါတယ် ။







ခွန်နေ - Khun Nay 

http://www.khunnaymedia.com/2014/11/blog-post_18.html
Related Posts Plugin for WordPress, Blogger...