စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွေးလှူဒါန်းရခြင်း အကျိုးအားကြောင့်

                 

- ပေါက်ပေါက်

သွေး လှူခြင်းဟာ အသက်ကယ်ခြင်းတစ်မျိုး ဖြစ်တာကြောင့် သွေးအလှူရှင်များကိုဂုဏ် ပြုသောအားဖြင့် နှစ်စဉ် ဇွန်၁၄ရက်ကို 'World Blood DonarDay @ ကမ္ဘာ့သွေးလှူရှင်များနေ့'လို့သတ်မှတ် ခဲ့ကြပါတယ်။

သွေးဆိုတာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခု ပါ။ ဒါနပါရမီတွင်တစ်ပါးအပါအဝင်ဖြစ်သော ခန္ဓာကိုယ် အစိတ်အပိုင်း၏သွေးအလှူ(ခေါ်)အတွင်းအလှူဖြင့် ရက် ရောစွာလှူဒါန်းခြင်းကို 'ဒါနဥပပါရမီ'ဟု မြတ်စွာဘုရားရှင် က ဟောကြားတော်မူခဲ့ပါတယ်။ သွေးနှင့်အသက်ဆက် ရသောသက်ရှိလူသားများအတွက် လုံလောက်သောသွေး ရှိမှသာ ခန္ဓာဝန်ထမ်းရွက်နိုင်ကြမှာပါ။ ယုတ်စွအဆုံး အမိ ဝမ်းတွင်းသန္ဓေသားလောင်းအဆင့်မှာပင် စားပွဲတင်ဇွန်း သုံးဇွန်းမျှပမာဏရှိသောသွေးက မရှိမဖြစ်လိုအပ်ချက်ပါ။

သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရသောလူနာများ မှာ
(က) အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာများ
(ခ) ခွဲစိတ် ခန်းဝင်နေသောလူနာများ
(ဂ) သွေးမတိတ်ရောဂါဝေဒနာ သည်များ
(ဃ) နာတာရှည်သွေးအားနည်းရောဂါရှိသူများ
(င)ရိုးတွင်းခြင်ဆီအစားထိုးကုသခံလူနာများ
(စ) မွေးကင်း စအသားဝါရင်သွေးငယ်လေးများ စသည်တို့ဖြစ်၏။

သွေး တစ်ကြိမ်လှူတိုင်း သွေးလှူရှင်ထံမှ ၄၅ဝ မီလီလီတာခန့် ပမာဏရှိသောသွေးကို ဖောက်ထုတ်လေ့ရှိပါတယ်။ ထို ပမာဏလေးဟာ အရွယ်ရောက်သူသွေးလှူရှင်တစ်ကိုယ် လုံးရှိသွေးများရဲ့ ၇ဒသမ၅ရာခိုင်နှုန်းမျှသာရှိသော်လည်း ထိုသွေးကိုလက်ခံသူလူနာအဖို့ အသက်တစ်ချောင်းကယ် တင်ရာရောက်၍ အလွန်မွန်မြတ်လှပါတယ်။

သွေး ၄၅ဝစီစီလှူလိုက်ရင် သွေးအရည်(ပလာစမာ) ထုထည် ၇ - ၁၃ရာခိုင်နှုန်းကျသွားပါလိမ့်မယ်။ သို့သော် သွေးလှူပြီးနောက်၂၄-၄၈နာရီမှာ ထုထည်အရည်ပြည့် လာပါမယ်။ သွေးနီဥတွေကတော့ နောက် ၅၆ ရက်မှာ ပြန် ပြည့်လာပါပြီ။ နောက်ထပ်တစ်ကြိမ်သွေးလှူဖို့အတွက်ဆိုရင် ပျမ်း မျှ အချိန် သုံးလေးလစောင့်ရပါမယ်။

သွေးလှူဒါန်းရခြင်းအကျိုးအားကြောင့် လူ့အသက် တစ်ချောင်းကိုကယ်တင်ရုံသာမက သွေးလှူရှင်အတွက် လည်း အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိ စေနိုင်ပါတယ်။

(၁) သွေးလှူပြီးနောက် ထပ်မံဖြည့်စွက်စား သောက်ရသည့်အားဖြည့်စာများကြောင့် ပိုမိုကျန်းမာလာ စေပါတယ်။

(၂) ကိုလက်စထရောကျစေပါတယ်။

(၃) တစ် နာရီမျှအချိန်ပေး၍သွေးလှူလိုက်ခြင်းကြောင့် တစ်ပါးသူ အသက်ကိုကယ်ဆယ်နိုင်သဖြင့် ပီတိဖြစ်ကာ ပရဟိတအကျိုးသယ်ပိုးလိုတဲ့စိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တတ်သောစိတ်ဓာတ်များ တိုးပွားလာ စေပါတယ်။

(၄)သွေးလှူရှင်တစ်ဦးဟာ သွေးတစ်ပိုင့် (မီလီ လီတာ၄၅ဝ)လှူပြီးတိုင်း အလှူရှင်၏ခန္ဓာကိုယ်မှ အဆီ ကယ်လိုရီ ၆၅ဝခန့်လောင်မြိုက်သွားစေတာကြောင့် ကိုယ် အလေးချိန်လျှော့ချလိုသူများအတွက် အလွန်လျင်မြန်စွာ ကျစေပါတယ်။

(၅) သွေးဖောက်ထုတ်လှူဒါန်းလိုက်ခြင်းကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အ စာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စသည့် ကင်ဆာ ရောဂါများဖြစ်နိုင်ခြေအလားအလာနည်းပါးကြောင်း အ မေရိကန်ရှိ Miller-Keystone သွေးစင်တာမှ အကြံပြု ထားပါတယ်။

(၆) အမေရိကန်ဆေးသိပ္ပံပညာရှင်များ၏ဆန်းစစ် ချက်အရ သွေးပုံမှန်လှူဒါန်းသောအမျိုးသားများတွင် နှလုံး ရောဂါဖြစ်နိုင်မှုအလားအလာ ၈၈ရာခိုင်နှုန်းလျော့ကျနိုင် ပြီး နှလုံးကြောင့် လေဖြတ်ခြင်းအလားအလာ ၃၃ရာခိုင် နှုန်းထိလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သွေးလှူလေ့ရှိသူများဟာ ရုတ်တရက်နှလုံးဖောက် ပြန်ခြင်းနှင့် လေဖြတ်ခြင်းတွေ ဖြစ်လေ့မရှိပါဘူး။

(၇) သွေးလှူပြီးနောက် ဆုံးရှုံးသွားသောသွေးနီဥများ ကို ရိုးတွင်းခြင်ဆီမှ ၄၈နာရီအတွင်းပြန်လည်ထုတ်လုပ် ပေးပါတယ်။ တစ်လ(သို့)နှစ်လနီးပါးအကြာမှာတော့ ပုံမှန် သွေးနီဥပမာဏပြည့်ဝလာပြီး သွေးသစ်လောင်းစေကာ သွေးနီဆဲလ်အသစ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထား၍ ခန္ဓာကိုယ်လန်းဆန်းစေကာ လုံ့လတက်ြ<ွကမှုဖြစ်စေပါတယ်။

(၈) အထူးသဖြင့် သက်ကြီးပိုင်းသွေးလှူရှင်များအ ဖို့ ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး အင်အားတောင့်တင်း လာစေတယ်လို့ဆိုပါတယ်။

(၉) ပုံမှန်သွေးလှူခြင်းကြောင့် မိမိရဲ့သွေးဖိအား အ နည်း/အများ၊ သွေးပေါင်ချိန် အတက်/အကျနှင့် ကျန်း မာရေးအခြေအနေတို့ကိုပုံမှန်စစ်ဆေးရာ ရောက်ပါတယ်။ ဒါ့ပြင် သွေးလှူမည့်သူဟာ သွေးမလှူခင် ခန္ဓာကိုယ်ကျန်း မာရေးကိုအခမဲ့စစ်ဆေးရတာကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ရောဂါနှစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါရှိမရှိနှင့် သွေးတွင်းအဆီဓာတ်များမများတို့ကိုသိရ၍ ကြိုတင်ကာ ကွယ်နိုင်ပါတယ်။

(၁ဝ) သွေးအုပ်စုအမျိုးအစားကို ကြိုတင်ခွဲခြားသိ ရှိနိုင်ပြီး သွေးစစ်ခြင်းဖြင့်သာသိရှိနိုင်သော HIV ကာလ သားရောဂါ၊ အသည်းရောဂါတို့ကဲ့သို့သောရောဂါများကို ပါ စစ်ဆေးပြီးသား ဖြစ်စေပါတယ်။

(၁၁) လူသားတို့ကျန်းမာရေးအတွက် သံဓာတ်က မရှိမဖြစ်ပါ။ သို့သော် သွေးထဲမှာသံဓာတ်ပမာဏလိုအပ် သည်ထက်ပိုများနေပါက နှလုံးကိုထိခိုက်စေပါတယ်။ He-mochromitosis (ခေါ်)ခန္ဓာကိုယ်တစ်ရှူးအတွင်း သံဓာတ် စုပုံလာခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေသည့်ဝေဒနာစွဲကပ်နေသူများသည် သွေးလှူပေး ခြင်းဖြင့် ထိုရောဂါဖိစီးခြင်းမှသက်သာလာစေကြောင်း၊ ထို Hemochromitosis ရောဂါရှိသူ၏ သွေးကိုလက်ခံသော လူနာများအဖို့ မည်သည့်ဘေးဥပဒ်မျှ မဖြစ်စေကြောင်း'အမေရိကန်ကြက်ခြေနီသွေးဝန်ဆောင်မှုအသင်း'မှ အတည် ပြု ထောက်ခံထားပါတယ်။

(၁၂) သွေးလှူမည့်သူအတွက် ဂုဏ်ပြုအထိမ်းအမှတ် အင်္ကျီများ၊ စားစရာ၊သောက်စရာများ စသည့် ပျော်ရွှင်ဖွယ် ရာလက်ဆောင်ပစ္စည်းများလည်းရရှိကာ ထိုလက်ဆောင် ပစ္စည်းအပေါ် ဂုဏ်ယူကျေနပ်ဝမ်းသာပီတိဖြစ်မိပြီး နောက် တစ်ကြိမ်သွေးလှူဒါန်းလိုစိတ် သဒ္ဓါပွားလာပါတယ်။

သွေးအလှူရှင်တစ်ဦးတွင် ရှိသင့်သောအရည်အချင်းများ။
******************************************************
(၁) သွေးလှူခြင်းဥပဒေသတွေဟာ သွေးလှူဘဏ် တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ သွေးလှူဘဏ်စည်းကမ်း အလိုက် အလှူရှင်ထံမှ သွေး ၃၅ဝ-၄၅ဝစီစီထုတ်ယူပါ လိမ့်မယ်။

(၂) သွေးလှူရှင်ဟာ အသက် ၁၇နှစ်ပြည့်ပြီးဖြစ် ရပါမယ်။ တချို့နေရာတွေက ၁၆နှစ်ဆိုလည်း လှူနိုင်ပါ တယ်။

(၃) သွေးဖိအား BP အထက်ဂဏန်း၁၈ဝ အထက် မကျော်စေရ၊ အောက်ဂဏန်း ၁ဝဝ ထက်မနည်းစေရ။

(၄) သွေးလှူမည့်သူဟာ အသက် ၅ဝထက်မကြီးစေရ။ ကိုယ် အလေးချိန် ၄၅ကီလိုထက်မနည်းစေရ။

(၅)ကိုယ်အပူ ချိန် ၉၉ဒသမ၅ဒီဂရီဖာရင်ဟိုတ်ထက် မကျော်စေရ။

(၆) သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈ရာခိုင် နှုန်းနည်းနေရင် မလှူရပေ။ Haemoglobin 12.5 g/dl အနည်းဆုံးရှိနေရမယ်။

(၇) အကယ်၍ သွေးလှူရှင်ဟာ အမျိုးသမီးတစ်ဦးဖြစ်ပါက ရာသီလာနေတုန်း စောင့်ပါဦး လို့ တချို့ဆေးရုံတွေကပြောပါတယ်။ သို့သော် ရာသီလာ နေတုန်းမှာလည်း လှူနိုင်ပါတယ်။

(၈) ကိုယ်ဝန်တားဆေး၊ သွေးဆုံးပြီး၍ ဟော်မုန်းအစားထိုးဆေးသုံးနေရင်လည်း လှူနိုင်တယ်။

(၉) ကိုယ်ဝန်ဆောင်နေရင် မလှူရပါ။ မွေး ဖွားပြီးနောက် ခြောက်လစောင့်ပါ။

(၁ဝ) ကလေးနို့တိုက် နေသူ၊ လတ်တလောကိုယ်ဝန်ပျက်ထားသူမလှူရသေးပါ။

သွေးလှူရှင်များအတွက် နေထိုင်စားသောက်ပုံနည်းစနစ် များ။
***************************************************************
(က) သွေးလှူဖို့ စောင့်ဆိုင်းရမည့်အချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
-------------------------------------------------------------------------
(၁) နေမကောင်းလို့ သောက်ရတဲ့ဆေးကို ၄၈ နာရီ အတွင်းသောက်မထားရ။

(၂)အရက်သောက်ပြီးနောက် ၄၈ နာရီစောင့်ပါ။

(၃) သွေးမလှူခင်မှာ (သုံးနာရီကြိုတင်ပြီး) ထမင်း ကောင်းကောင်းစားခဲ့ပါ။

(၄)အသည်းရောင် (အေ) ဖြစ် ဖူးပြီးနောက် သုံးနှစ်ကြာရပါမယ်။

(၅) ပြီးခဲ့တဲ့ခြောက်လ အတွင်း ခွဲစိတ်ကုသမှုအကြီးစားလုပ်ထားရသူမလှူရသေး ပါ။

(၆)တက်တူးထိုးစဉ်မှာ အပ်အဟောင်းသုံးထားရင် (သို့) အပ်ကမသန့်ရင် အသည်းရောင်ရောဂါရှိနိုင်တာကြောင့် တက်တူးထိုးထားသူဆိုရင် တက်တူးထိုးပြီးနောက် ၁၂လ (တစ်နှစ်)စောင့်ရပါမယ်။ သို့သော်

အပ်စိုက်ကုသမှုခံယူ ထားသူတွေ၊ အလှအပကွင်းတွေ တပ်ဆင်ထားသူများက တော့ ကိစ္စမရှိပါ။

(၇) လူကိုက်တာခံရ၍ အရေပြားစုတ်ပြဲ သွားရင် ၁၂လစောင့်ရမယ်။

(၈)ကျန်းမာရေးအတွက် ဆေး တွေသောက်ထားပါက ယေဘုယျအားဖြင့် စောင့်စရာမလို ပါ။ သွေးတိုးဆေးဆိုရင် စောင့်ရပါမယ်။ ပိုးသေဆေး (ဗက် တီးယားနဲ့ဗိုင်းရပ်စ်တွေအတွက်) ဆိုရင်တော့ နှစ်ရက်စောင့် ပါ။ ဆီးချိုထိုးဆေး(အင်ဆူလင်)ထိုးထားရင် နှစ်ပတ်စောင့်ပါ။

(ခ) သွေးမလှူခင် စားသောက်ပုံများမှာ အောက် ပါအတိုင်းဖြစ်ပါတယ်။
-------------------------------------------------------------------------
(၁) ပထမဆုံးနှင့်အရေးကြီးဆုံးအချက်မှာ သွေးလှူ မည့်သူဟာ မည်သည့်အစာမှစားထားခြင်းမရှိဘဲ သွေး (လုံးဝ)မလှူသင့်ပါဘူး။

(၂) အာဟာရပြည့်ဝမည့်အစာတစ် ခုခုကို သွေးမလှူခင် နှစ်နာရီ၊ သုံးနာရီခန့်ကြိုတင်၍ သွေး တွင်းအာဟာရပြည့်စေရန်အတွက် စားထားပေးရပါမယ်။

(၃) ကောင်းစွာအစာကြေညက်နေမှသာလျှင် အနည်းငယ် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့မှ သက်သာစေမှာဖြစ် ပါတယ်။

(၄) သုံးလတစ်ကြိမ်ပုံမှန်သွေးလှူနေကျဖြစ်ပါ က သွေးမလှူခင်ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့်ကြိုတင် ၍ သံဓာတ်ကြွယ်ဝစွာပါဝင်သော အစားများကိုစားသုံးပါ။

(၅) သံဓာတ်က သွေးထဲမှအောက်စီဂျင်ကို ကိုယ်ခန္ဓာအ တွင်းရှိဆဲလ်များဆီသို့ သယ်ဆောင်ပေးတာကြောင့် လှူလိုက် တဲ့သွေးထဲမှာ ၄င်းသံဓာတ်များပါသွားပြီး အားနည်းခြင်း၊ မောပန်းခြင်းတွေဖြစ်တတ်ပါတယ်။ သံဓာတ်ဖြည့်စွက်စာ အဖြစ် ဆီးသီးခြောက်၊ မက်မန်းသီး၊ မက်မွန်သီး၊ သဖန်း သီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲ တို့၏အသည်း၊ ကြက်ဥ ဘဲဥ ငုံးဥများစသည်တို့ကိုများ များစားပေးပါ။

(၆) သွေးထဲမှာလိုအပ်နေတဲ့သံဓာတ်ကို ဗီတာမင်စီကကူညီအားဖြည့်စုပ်ယူပေးနိုင်တာကြောင့် ¤င်းဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး၊ ဂေါ်ဖီ ထုပ်တို့ကို တွဲဖက်စားသုံးပေးသင့်ပါတယ်။

(ဂ) သွေးလှူပြီးနောက် စားသောက်ပုံများမှာ အောက် ပါအတိုင်းဖြစ်ပါတယ်။
-------------------------------------------------------------------------
(၁) ခါတိုင်းထက် ရေ(သို့)အရည် (အရက်ကလွဲပြီး) လေးခွက်(ရှစ်အောင်စ)ပိုသောက်ပါ။

(၂) ခန္ဓာကိုယ်ထဲ မှာ ရေနှင့်သကြားဓာတ်ခန်းခြောက်မှုမရှိစေရန် သွေးလှူ ပြီးပြီးချင်း အသီးဖျော်ရည်နှင့် မုန့်အချိုတစ်ခုခုကို ချက်ချင်း စားပေးပါ။

(၃) သွေးပေါင်မကျစေရန်သွေးလှူပြီးနောက် ၂၄နာရီမှ ၄၈နာရီအတွင်း အရည်များများကိုအဆက်မ ပြတ်သောက်သုံးပေးပါ။

(၄) ကော်ဖီ၊ ကိုလာစတဲ့ ကဖိန်း ဓာတ်ပါသောအရည်များဟာ ဆီးကိုရွှင်စေတာကြောင့် သွေးလှူပြီး ရှစ်နာရီမှ ၁ဝ-နာရီအတွင်း ¤င်းအရည်များ ကို (လုံးဝ)မသောက်သင့်ပါဘူး။

(၅) ဖောလစ်အက်ဆစ် က သွေးလှူခြင်းကြောင့် ကုန်ဆုံးသွားသောသွေးနီဥများ ကိုအစားပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။ ၄င်းဓာတ် ကြွယ်ဝစွာပါရှိသော တိရစ္ဆာန်များ၏အသည်း၊ ပဲအမျိုး မျိုး၊ ကညွတ်၊ ဟင်းနုနယ်ရွက်အပါအဝင် အစိမ်းရင့်ရောင် ရှိသော ဟင်းသီးဟင်းရွက်များနှင့် အညိုရောင်ဂျုံ၊ ပေါင် မုန့်တို့ကိုစားပေးပါ။

(၆) ဥ၊ အာလူး၊ ငှက်ပျောသီး၊ အစေ့ အဆန်များ၊ အခွံမာသီးများ၊ ငါး၊ နို့နှင့်ထောပတ်၊ ပူတင်း၊ ချိစ်တို့လို နို့ထွက်ပစ္စည်းကလည်း သွေးနီဥများကို ပြန် လည်တည်ဆောက်ပေးနိုင်တာကြောင့် ¤င်းတို့ကိုများများ စားသုံးပေးသင့်ပါတယ်။

(၇)သွေးလှူပြီးနောက် ပုံမှန်အ လုပ်(ကျောင်းတက်၊ ရုံးတက်) လုပ်နိုင်ပါတယ်။

(၈) သွေး လှူပြီးနောက် ဆေးလိပ်သောက်ရင်၊ အရက်သောက်ရင်၊ ပူအိုက်တဲ့အခန်းထဲနေရရင်၊ ကိုယ်လက်လေ့ကျင့်ခန်းအ ပြင်းအထန်လုပ်ရင်၊ အစာမစားဘဲ ဥပုသ်စောင့်ရင်၊ မတ် တတ်အကြာကြီးရပ်နေရရင် ခေါင်းမူးနိုင်ပါတယ်။

သွေးလှူရှင်တွင် ဘီပိုး၊ စီပိုး၊ HIV၊ ကာလသားရော ဂါ၊ ငှက်ဖျားရောဂါ စသည်တို့ကင်းစင်နေမှသာ လှူဒါန်း ခွင့်ရှိပြီး သွေးလှူခါနီးတွင်လည်း သွေးပေါင်ချိန်ပုံမှန်ဖြစ် နေရမှာပါ။ ဒါ့ပြင် လိင်ဆက်ဆံဖော်များသူ၊ ဆစ်ဖလစ် ရောဂါပိုးရှိသူ၊ မူးယစ်ဆေးစွဲနေသူ၊ အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ နှလုံး ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ နှင့် ပန်းနာရောဂါရှိသူများလည်း သွေးမလှူသင့်ပါဘူး။

မည်သည့်ပဋိဇီဝသောက်ဆေးကိုမျှ မမှီဝဲသူဖြစ်ရမည်။ တစ်ကြိမ်နဲ့တစ်ကြိမ်သွေးလှူချိန်ကြားကာလမှာ အနည်း ဆုံးနှစ်လရှိမှသာ သွေးလှူရှင်၏ နောက်ဆက်တွဲကျန်းမာ ရေးအတွက် စိတ်ချရသလို၊ အလှူခံမည့်ဝေဒနာသည်အ တွက်လည်း အရည်အသွေးပြည့်မီသောသွေးကို လက်ခံ ရရှိမှာပါ။

သွေးလှူဒါန်းခြင်းဟာ မိမိပိုင်ဆိုင်သောပစ္စည်းဥစ္စာ ထက် မိမိ၏ခန္ဓာကိုယ်ရှိသွေးကိုလှူဒါန်းရခြင်းပေမို့ အ လွန်မွန်မြတ်သောစွန့်လွှတ်လှူဒါန်းမှုတစ်ရပ်ဖြစ်ပါ၍ ရခဲ လှသောလူ့ဘဝမှာပုထုဇဉ်လူသားအချင်းချင်းမိမိသွေးဖြင့် အသက်ကယ်တင်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

#TheYangonTimes

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.3341197

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...