စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသမီးများဖတ်ဖို့ ရုပ်ဆိုး ရုပ်ချော ချမ်းသာ ဆင်းရဲ


 
          တခါတုန်းက မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူ ပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ် ရောက်လာတယ်။ သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာ လေးချက်ကို လျှောက်ထားပါတယ်။

၁။ရုပ်ဆိုး ဆင်းရဲ

မေး။ ။အရှင်ဘုရား- ဒိလောကမှာ အမျိုးသမီးအချို့ ကအဆင်းမလှ, အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံး အဆောင်ဆိုလဲမရှိ၊ သြဇာအာဏာလဲမရှိပါဘုရား၊ အဲဒီလိုဖြစ်နေရခြင်း အကြောင်းက ဘာကြောင့်ပါသလဲဟုမေးလျှောက်တယ်..။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူ များတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရန်ြငိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။ အဲဒီအမျိုးသမီးဟာ ရဟန်း၊ သူတော်ကောင်းတို့အား ထမင်း၊ အဖျော်၊အ၀တ်၊ဖိနပ်၊ ပန်း၊နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါန၀တ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်(ကိုယ့်ထက်သာမနာလိုတဲ့စိတ်)များနေတယ်၊ သူများလာဘ်ရတာ၊အရိုအသေခံရတာ၊အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာကို ငြူစူနေတယ်(မနာလိုမရူစိတ်ဖြစ်နေတယ်) စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ်အကျိတ်အခဲဖြစ်နေတယ်။ အဲဒီအမျိုးသမီးဟာ အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုးအကျဉ်းတန်ပြီး ဆင်းရဲနွမ်းပါးရ တော့တယ်၊ ကိုယ်ပိုင်ပစ္စည်းလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာ အရှိန်အ၀ါလဲ မရှိနိုင်တော့ဘူး။ မလ္လိကာ ဒီလို အကြောင်းအထောက် အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ အရုပ်ဆိုး အကျည်းတန်ပြီး ဆင်းရဲနွမ်းပါးပစ္စည်းဥစ္စာလဲမရှိ၊အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာလဲမရှိဘဲ ဖြစ်နေရတော့တာပဲဟုဖြေလိုက်ပါတယ်..။

၂။ရုပ်ဆိုး ချမ်းသာ

မေး။ ။အရှင်ဘုရား-အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊ အသုံး အဆောင်လဲပေါများတယ်၊ သြဇာအာဏာလဲရှိတယ်၊ ဘယ်လို အကြောင်း အထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှောက်တယ်။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ဒေါသထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာ တတ်တယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ ပေးလှူ တတ်တယ်၊ ငြူစူစိတ်(မနာလိုစိတ်)မျိုးမရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အလေးပြု ခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ(လိုလားနှစ်သက်တယ်)စိတ်မပြစ်မှား၊ မနာလိုမရူစိတ် အကျိတ်အခဲ မဖြစ်ချေ။ အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာ ဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတယ်၊အသုံးအဆောင်ပေါများတယ်၊ သြဇာအာဏာလဲ ရှိလာရပါတော့ တယ်။ မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ၊အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင် ပေါများတယ်၊ သြဇာအာဏာ လဲ ရှိလာရတော့တာပဲဟု ဖြေလိုက်ပါတယ်။

၃။ရုပ်ချော ဆင်းရဲ

မေး။ ။အရှင်ဘုရား- အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရုပ်ဆင်းသဏ္ဍာန်အလွန်ပြေပြစ်ပါတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲ မရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှောက်ထားတယ်။

ဖြေ။ ။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မမြန်တတ်၊ စိတ်မဆိုးတတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ ပေါ်ပေါ်လွင်လွင် အမျက်မထွက်တတ်၊ မကျေမချမ်းမဖြစ်တတ်။

အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊ ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို ငြူစူနေတယ်၊ စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။

အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိတော့ဘူး။

မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရမယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲ မရှိတဲ့အပြင် သြဇာအာဏာအရှိအ၀ါ မရှိဘဲ ဖြစ်နေရတော့တာပဲဟုဖြေလိုက်ပါတယ်။

၎။ရုပ်ချော ချမ်းသာ

မေး။ ။အရှင်ဘုရား- အချို့ အမျိုးသမီးကတော့ ရုပ်လဲချောတယ်၊ အဆင်းလဲလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်တယ်၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊ သြဇာအာဏာလဲ ရှိတယ် ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရားလျှောက်ထားတယ်။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မဆိုးတတ်၊ စိတ်မမြန်တတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ အမျက်မထွက်၊ ဒေါသမထွက်တတ်၊ မကျေမချမ်း မဖြစ်တတ်။

အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊ ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ၊ စိတ်မပြစ်မှား၊ မနာလို မရူစိတ် အကျိတ်အခဲ မဖြစ်ဘူး။

မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာ ခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောမယ်၊ အဆင်းလှမယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်မယ်၊၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝမယ်၊၊ အသုံးအဆောင်လဲ ပေါများမယ်၊ သြဇာအာဏာလဲ ရှိလာရတော့တယ်။

မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့ အမျိုးသမီးက ရုပ်ချောရတယ်၊ အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်ရ တယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝရတယ်၊ အသုံးအဆောင်လဲ ပေါများရတယ်၊ သြဇာအာဏာ အရှိအ၀ါလဲ ရှိလာရတော့တာပဲဟုဖြေလိုက်ပါတယ်။

မလ္လိကာမိဖုရားကြီးကြည့်ရတာတော့ ရုပ်ဆိုးပုံပေါ်မယ်။ မြတ်စွာဘုရားကို ပွင့်ပွင့်လင်းလင်းလျောက်ထားတယ်။ အရှင်ဘုရား တပည့်တော်က ရှေးဘ၀က ဒေါသကြီးသူ၊ စိတ်ပင်ပန်းမူများသူ၊ နည်းနည်းကလေး အပြောခံရုံနဲ့စိတ်က ခုတတ်သူ၊ စိတ်ဆိုးတတ်သူ၊ စိတ်မြန်သူ၊ ရန်ငြိုးထားတတ်သူ၊ သိသိသာသာ အမျက်ထွက်တတ်သူ၊ ဒေါသဖြစ်တတ်သူ ဖြစ်လာခဲဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်မ ဖြစ်နေလို့ပါဘုရား။

ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘ၀မှာ ချမ်းသာကြွယ်ဝပါတယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘုရား။ နောက်တစ်ခုကလေးဘုရား၊ တပည့်တော်မက ရှေးဘ၀ကတုန်းက ငြူစူစိတ်(ကိုယ့်ထက်သာ မနာလိုစိတ်) ကင်းခဲ့ဟန်တူပါတယ်ဘုရား။ ယခုဘ၀မှာ တပည့်တော်မ တန်ခိုးအရှိန် အ၀ါကြီးမား ပါတယ်ဘုရား။ တပည့်တော်မက ဒီနန်းတော်အတွင်းမှာ လူပေါင်းမြောက်များစွာကို အုပ်စိုးကြီးမူးနေရပါတယ်။ ဘာပဲဖြစ်ဖြစ်ဘုရား တပည့်တော်မလေး ဒီနေ့က စလို့ ဒေါသမကြီးသူ၊ စိတ်ပင်ပန်းမူ မများသူ ဖြစ်ပါတော့မယ်၊ အများကြီးအပြောခံရပေမဲ့ စိတ်မခုတော့ပါ၊ စိတ်မဆိုးတော့ပါ၊ စိတ်မမြန်တော့ပါ၊ ရန်ငြိုးမထားတော့ပါ၊ သိသိသာသာအမျက်ထွက်မူ၊ ဒေါသဖြစ်မူ၊ မကျေမချမ်းဖြစ်မူကိုလဲ မပြုတော့ပါဘုရား၊ ရဟန်း၊ သူတော်ကောင်း တို့အား ထမင်း၊ အဖျော်စသည့်လှူဒါန်းဖွယ်ရာများကို ပေးလှူပါမယ်ဘုရား၊ ငြူစူစိတ် ကင်းသူဖြစ်ပါတော့မယ် ဟု မြတ်စွာဘုရားအား လျောက်ထားဝန်ခံလိုက်ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော် ကိုလဲ ချီးကျူး၊ သရဏဂုံလည်းတည်ဆောက်ပြီး ဥပါသိကာမအဖြစ်ကို ခံယူသွားပါတော့တယ်။

ကဲ..စာဖတ်သူရေ..(အထူးအားဖြင့်အမျိုးသမီးများ) ကိုယ့်ကိုကို မေးခွန်းထုတ် ကြည့်လိုက်ပါ။ ဘယ်လိုထုတ်မလဲဆိုတော့ မှန်တစ်ချပ်ကို ကောက်ကိုင်လိုက်ပါ။ မိမိရဲ့မျက်နာကို သေချာကြည့်မေးလိုက်။ ငါရုပ်လည်းဆိုး ဆင်းလည်းဆင်းရဲ သလား၊ ရုပ်ဆိုးပြီး ချမ်းသာသလား၊ ရုပ်ချောပြီးဆင်းရဲသလား၊ ရုပ်လည်းချော ချမ်းလည်းချမ်းသာသလား လို့ မေးလိုက်ပါ။ အဖြေတော့ထွက်လာမှာပါ။ ဘယ်သူက ဘာတွေပြောနေပြောနေ မိမိရဲ့ အားနည်းချက် (သို့မဟုတ်)မိမိမှာ မပြည့်စုံမူတွေကတော့ မိမိသာအသိဆုံးပါ။ မလ္လိကာမိဖုရားကတော့ မြတ်ဗုဒ္ဓ ရှေ့တည့်တည့်မှာ ၀န်ခံသွားတယ်။ သူ့မှာလိုအပ်နေတဲ့အားနည်းချက်တွေကို၊ နောက်နောင်ကိုလည်း ဒေါသမကြီးအောင်စောင့်ထိန်းမည်ဖြစ်ကြောင်းကိုပေါ့။ တစ်ခြားသူမသိရင်တောင် မိမိရဲ့အားနည်းချက်ကတော့ မိမိစိတ်ထဲမှာ အမြဲလိုလို ရောင်ပြန်ဟပ်နေတတ်ပါတယ်။

မိမိရဲ့အားနည်းချက်ကို သိလိုက်ပြီဆိုတာနဲ့ ဘုရားခန်းထဲသွားပါ၊ ဘေးကလူတွေ ရှိနေသေးရင် ၀န်မခံပါနဲ့ဦး၊ တစ်ယောက်ထဲအဆင်ပြေပြီဆိုမှ မလ္လိကာမိဖုရား ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှာ ၀န်ခံလျောက်ထားသလို ၀န်ခံလိုက်ပါ။ မလ္လိကာ မိဖုရားလိုပဲ ကျင့်သွားလိုက်ပါ၊ ဒါဆိုရင် သင့်က အလွန်ဆုံး ရုပ်ဆိုးဒီတစ်ဘ၀ပါ၊ ဆင်းရဲလဲ ဒီတဘ၀ပါ။ ပြောနေရင်ကြာတယ် ဘုရားခန်းထဲဝင်ပြီး လုပ်ကြည့် လိုက်ပါ၊ ပြုပြင်လိုက်ပါ။ ဒါဆိုရင် ဘ၀ကအနေလှပြီးအသေမြတ်သွားမှာပါ..။ စာဖတ်သူအားလုံး ဒိစာလေးကိုဖတ်ပြီးအသိဥာဏ်လေးတွေရရှိကြပါစေ..။ ရသည့်အလျောက်ကျင့်နိုင်ကြပါစေ..။ ကျင့်သည်အလျောက် မဂ်ဖိုလ်၏အထောက်အပံ့ကောင်းတွေဖြစ်ပါစေဟုဆန္ဒပြုလိုက်ပါတယ်..။

လပြည့်ဝန်း(သာစည်)

ဘ၀အရေးစိတ်အေးရဖို့ ဓမ္မ အသိရှိလျက် နေကြစို့။
ကျမ်းကိုး။ ။အင်္ဂုတ္တိုပါဠိတော်၊မဟာဝဂ်၊ မလ္လိကာဒေ၀ီသုတ်။
ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း၊ ဒုတိယတွဲ(အရှင်ကုမာရ)

ဓမ္မလမ်းပြကြယ်

ရေရဲ့အစွမ်းအံ့မခန်း



၁) သင့်ဦးနှောက်၏ ၇၅ % အဖြစ် ဖွဲ့စည်းပါဝင်သည်...

၂) သင့်ကိုယ်ခန္ဓာအပူချိန်ကို ထိန်းချုပ်ပေးသည်....

၃) သင့်သွေး ၈၃ % တွင်ပါဝင်သည်...

၎) သင့်ကြွက်သားများ၏ ၇၅ % တွင်ပါဝင်သည်...

၅) သင့်အရိုး၏ ၂၂ % အဖြစ်ဖွဲ့စည်းထားသည်...

၆) အစားအစာမှ စွမ်းအင်အဖြစ်ပြောင်းလဲရာတွင် ကူညီသည်...

၇) အညစ်အကြေးနှင့် အဆိပ်အတောက်များ ဖယ်ရှားပေးသည်...

၈) အာဟာရများကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည်...

၉) အသက်ရှူရန်အတွက် အောက်ဆီဂျင်ကို စိုစွတ်စေသည်...

၁၀) အရိုးအဆစ်များအတွက် အခုအခံအကာအကွယ်ဖြစ်စေသည်...

၁၁) အာဟာရနှင့် အောက်ဆီဂျင်များကို သင့်ဆဲလ်များထံ ကူညီသယ်ဆောင်ပေးသည်...

၁၂) အလုပ်လုပ်ဆောင်နိုင်စွမ်းမြင့်မားစေသည်...

၁၃) ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးဖြစ်သည်...

၁၄) ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စိတ်အာရုံဝင်စားမှုမြင့်မားစေသည်...

၁၅) ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးသည်...

၁၆) လေ့ကျင့်ခန်းလုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်တိုးမြင့်စေသည်...

၁၇) သင့်ကို နုပျိုကျန်းမာစေရန်ပြုလုပ်ပေးနိုင်သည်...

----------------------------------------------------------------
Source: Crazy Facts

နှိုင်းရင့်နွေ

မြန်မာလူငယ်တစ်ဦး ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"


၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

        မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများ သည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့် ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသော သားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော် ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

PN-051

Popular Myanmar News Journal

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”



 
       “ ငယ်ငယ်ကတည်းက သိထားတဲ့အသိဆိုတာကကြီးတဲ့အထိ စွဲမြဲတာ များတယ်လေ။ ငယ်ငယ်
ကတည်းက ဒါလုပ်ရင် ကုသိုလ်ဖြစ်တယ်၊ဒါလုပ်ရင် အကုသိုလ်ဖြစ်တယ်ဆိုတာကို စွဲစွဲ
မြဲမြဲလေးနားလည်သဘောပေါက်ထားရင် အခြေခံဖြစ်တဲ့ကြောက်စိတ် ခိုင်မာသွားတယ်။ ကြောက်စိတ်
ဆိုတာ ကြောက် သင့်ကြောက်ထိုက်တဲ့အရာကိုကြောက်တဲ့စိတ်၊ ဟီရိ သြတ္တပ္ပကို ပြောတာပါ။

           ဟီရိသြတ္တပ္ပ အရှက်အကြောက်တရားဆိုတာမလုပ်သင့်မလုပ်ထိုက်တာကို လုပ်ရမှာရှက်ကြောက်
တဲ့စိတ်၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိမှာရှက်ကြောက်တဲ့စိတ်ပါပဲ။ ဒီစိတ်က ရှိကိုရှိဖို့
လိုတာကိုး။ ငယ်စဉ်ကတည်းကိုက ဘာသာရေးအဆုံးအမနဲ့ကြီးပြင်းလာရင် ဒီစိတ်ပိုအားကောင်းတာပေါ့။

            ကလေးဘ၀မှာတော့ အများအားဖြင့် ဒါလုပ်ရင်ငရဲကြီးတတ်တယ် လို့ ပြောလေ့ရှိတယ်။ ဒါလုပ်ရင်တော့ကုသိုလ်ရမယ်၊ နတ်ပြည်ရောက်မယ် လို့ ပြောတတ်ကြတာကိုး။ အဲဒီအခြေခံအချက်လေးက သာမန်ဆိုရင်နိမ့်တယ်လို့ထင်ရပေမယ့် အရမ်းအရေးကြီးတာလေ။ကုသိုလ်အလုပ်တွေ လုပ်ဖြစ်ဖို့၊ အကုသိုလ်အလုပ်တွေရှောင်ကြဉ်ဖို့အတွက် အဲဒီအခြေခံ စိတ်ဓာတ်လေးကလည်းအရမ်းအရေးကြီးတယ်။

         ကလေးဘ၀မှာတော့ ဒါလုပ်ရင် ငရဲကြီးမယ်ဆိုရင်ငရဲကြောက်တဲ့စိတ်နဲ့ကို မလုပ်ဖြစ်တော့ဘူးပေါ့။
တချို့က ငရဲကြီးမှာ စိုးရိမ်တဲ့စိတ်နဲ့ဆိုရင် ဗုဒ္ဓဘာသာမူလတန်းအဆင့်ပဲ ရှိသေးတယ်၊ အဆင့်နိမ့်တယ်ဆို
ပြီးတော့ ဒါကို ပေါ့ပေါ့တန်တန်သဘောထား ပြီးပြောတာရှိတယ်။ အမှန်ကတော့ အဲလိုမပြောသင့်ဘူး။

              တကယ်တော့ ငရဲကျမှာကြောက်တဲ့စိတ်၊ အပါယ်လေးဘုံကျမှာကြောက်တဲ့စိတ်ကြောင့် အကုသိုလ်မလုပ်လည်းဘဲဒါကကောင်းတာပဲ။ ချီးမွမ်းထိုက်တာပဲ။ ဘာအကြောင်း
ကြောင့်ပဲ အကုသိုလ်အလုပ်ကိုရှောင်ရှောင်၊ ချီးမွမ်းရမှာပဲလေ။ စကားအဖြစ်သာ ငရဲကြောက်တယ်လို့ပြောပေမယ့်အကျိုးသက်ရောက်မှုအနေနဲ့ မကောင်းမှုမလုပ်ဖြစ်တာကအဓိကပဲ။

          အသက်ကြီးသွားတဲ့အချိန်မှာတော့ ငရဲကျမှာကြောက်လို့ဆိုတဲ့ စိတ်ကအဓိကမဟုတ်တော့ဘူးပေါ့။ သူသိတဲ့ဗဟုသုတနဲ့ သူ့အသိဥာဏ်ပေါ် မူတည်ပြီးတော့ ငရဲကျမှာကြောက်လို့ရယ်လို့မဟုတ်ဘဲနဲ့ မလုပ်ချင်လို့ကို မလုပ်တာမျိုးဖြစ်သွားမယ်။ တစ်ဖက်သားကို ကိုယ်ချင်းစာလို့၊ သနား
ညှာတာလို့ကို မလုပ်တာဖြစ်သွားမယ်။ ဒီစိတ်ထားတွေကတော့ အရည်အသွေးအများကြီးမြင့်မားသွားတာပေါ့လေ။ကလေးဘ၀မှာကတော့ ကိုယ်ချင်းစာတာကို နားလည်ချင်မှနားလည်မှာလေ။

                        ကုသိုလ်ဆိုလည်းဒါလုပ်ရင်နတ်ပြည်ရောက်မယ်၊နတ်သားလေးဖြစ်မယ်၊နတ်သမီးလေးဖြစ်မယ် နဲ့ပြောတော့ကလေးက ကုသိုလ်လုပ်ချင်သွားတယ်။ ဘာကြောင့်ညာကြောင့်ဆိုတာထက် ကုသိုလ်လုပ်ချင်တဲ့စိတ်ကလေးစွဲသွားဖို့က အရေးကြီးတာပဲ။ ကြီးလာတဲ့အခါကျတော့
နတ်ပြည်ရောက် ချင်လို့ မဟုတ်တော့ဘဲနဲ့ တစ်ဖက်သားကောင်းကျိုးချမ်းသာရစေချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်လို့
လုပ်တာမျိုး ဖြစ်သွားမယ်။ နောင်သံသရာက လွတ်မြောက်ချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ ရည်ရွယ်ချက်တွေမြင့်မားလာမှာပေါ့။

           ကလေးဘ၀ကတည်းက ကုသိုလ်အလုပ် လုပ်ချင်တဲ့စိတ်ဖြစ်အောင်၊ အကုသိုလ်အလုပ် မလုပ်ချင်တဲ့စိတ်ဖြစ်အောင် သွန်သင်ပေးနိုင်မယ် ဆိုရင်တော့ ကလေးရဲ့စိတ်ထဲမှာ စွဲသွားလို့ သူ့အတွက်အများကြီး အကျိုးရှိတာပေါ့။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

( ဆရာတော်ဘုရားအား Eternal Light Magazineမှမေးမြန်းလျှောက်ထားချက်အား ဓမ္မမိတ်ဆွေတို့အကျိုးငှာဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ပါသည်။ )
Young Buddhist's Association 

ရယ်လည်းရယ်၍ ငိုလည်းငိုသူ


"မကောင်းမှု ပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်နိုင်။"

         တစ်ခါတုန်းက ဗာရာသီမြို့တော်ကြီးမှာ ဒိသာပါမောက္ခ ဆရာကြီး တစ်ယောက် သည် ဆိတ်တစ်ကောင်ကို သတ်၍ မတကဘတ်ပေးလှူရန် စီစဉ်ပါတယ်။ တပည့်များကို ခေါ်စေပြီး ယင်းဆိတ်ကို သန့်ရှင်းစေရန် မြစ်ကမ်းဆိပ်သို့ ရေချိုး ပေးရန် စေလွှတ်လိုက်ပါတယ်။ ရေချိုးပြီးလို့ ဆိပ်ကမ်း၌ ခဏတဖြုတ် ချည်နှောင်ထားစဉ် ဆိတ်က ရယ်လည်းရယ်၍ ငိုလည်းငိုပါတယ်။

       ဒီဆိတ်ဘာများ ဖြစ်တာလဲဆိုပြီ ၀ိုင်းမေးကြရာ- ဆိတ်က ဒီကိစ္စကို သင်တို့ရဲ့ ဆရာထံမှောက် ရောက်မှ မေးပါဟု ပြောလိုက်ပါတယ်။ ဆရာထံမှောက် ရောက်တော့ ဆိတ်ရဲ့ ထူးစမ်းဖွယ် ဖြစ်ရပ်အစုံကို ပြောပြပါတယ်။

 
            ဒါနဲ့ ဒိသာ ပါမေက္ခာဆရာကြီးက- အသင်ဆိတ်၊ ဘာကြောင့် ရယ်လည်းရယ်၍ ငိုလည်း ငိုရပါသလဲလို့ မေးလိုက်ပါတယ်။ ဆိတ်က မိမိရဲ့ ရှေးဘ၀ ဖြစ်စဉ် များကို ဇာတိဿရ ဥာဏ်ဖြင့် ပြန်လည်အောက်မေ့ကာ- ဆရာကြီး၊ ငါကလည်း ရှေးဘ၀က သင်ကဲ့သို့ပင် ဆိတ်တစ်ကောင်ကို သတ်ပြီး မတကဘတ် လှူခဲ့ဖူး ပါတယ်။ အဲဒီ အကုသိုလ်ကြောင့် ငါက လေးရာ ကိုးဆယ့်ကိုး(၄၉၉)ဘ၀လုံး ခေါင်းဖြတ် ခံလာခဲ့ရပြီးပြီး၊ ဒီဘ၀သည်ကား ငါ့အတွက် နောက်ဆုံး ငါးရာမြောက် ဘ၀ဖြစ်တယ်၊ ယနေ့ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက် တော့မည် ဖြစ်၍ ရယ်တာပါ၊

ဆရာကြီးက ငါ့ကိုသတ်၍ ငါကဲ့သို့ပင် ဘ၀ငါးရာပတ်လုံး ၀ဋ်ဆင်းရဲသို့ ရောက်ရ တော့မည်ကို တွေးမြင်၍ ဆရာကို သနားမိသောကြောင့် ငိုခြင်းဖြစ်ပါတယ် လို့ အကြောင်းစုံကို ပြောပြလိုက်ပါတယ်။

           ထိုအခါ ဆရာကြီးက- အသင်ဆိတ်၊ မကြောက်ပါလင့်၊ မကြောက်ပါလင့်၊ သင့်ကို ငါမသတ်တော့ ပါဘူးဟု ဆိုပါတယ်။ ဒါပေမယ့် ဆရာကြီး မသတ်လည်း ယနေ့ ငါကသေခြင်းမှ မလွတ်နိုင်ပါဘူး ဟုဆိတ်က ပြန်ပြောပါတယ်။ ထို့နောက် ဆိတ်ကို လွှတ်ပေးလိုက်ရာ ဆိတ်သည် ကျောက်ဖျာကြီးပေါ်မှ ကပ်၍ ပေါက်နေသော သစ်ရွက်များကို စားနေချိန် ရုတ်တရက် ပစ်ချလိုက်သော မိုးကြိုးသည် ကျောက်ဖျာကြီးကို လာထိရာမှ ကျောက်လွှာ တစ်ခုသည် အရှိန်ဖြင့် ကွာထွက်ပြီး ဆိတ်ရဲ့လည်ပင်းကို ထိမိကာ လည်ပင်း ပြတ်ထွက် သွားပါ တော့တယ်။ ထိုဖြစ်ရပ်ကို လူများသည် တစ်စုတစ်ဝေးကြီး လာရောက် ကြည့်ရူကြပါတယ်။

        ထိုအချိန်က ဘုရားလောင်းသည် ထိုအရပ်၌ သစ်ပင်စောင့် ရုက္ခစိုးဖြစ်ပါတယ်။ ဘုရားလောင်းက သူတစ်ပါး အသက်သတ်ခြင်း၏ အပြစ်များကို ဟောကြား ပါတယ်။ လူအများစုကလည်း ထိုတရားကို နာကြားကြရ၍ သူတစ်ပါး အသက် သတ်ခြင်းမှ သက်ဆုံးတိုင်း ရှောင်ကြဉ်ကြလေတော့ သတည်း။

        အထက်ပါ ဇာတ်လမ်းလေးကို သုံးသပ်ကြည့်ရအောင်ပါ။ မိမိက ကုသိုလ် ကောင်းမူ ပြုလုပ်ကြသည့် အခါ မကောင်းမှု အကုသိုလ်အပြစ်များ မခြံရံဘဲ အသိဥာဏ်ဦးဆောင်သည့် အထက်တန်းစား ကုသိုလ်များ ဖြစ်အောင် ဆင်ခြင် သတိထားပြီး ပြုလုပ် တတ်ကြစေရန် အထူးသတိပေး ဆုံးမလမ်ညွန်ထားသည့် ဇာတ်တော်လေးလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

            စာရေးသူအထင်တော့- ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာဆိုတဲ့ စကားပုံကလည်း ဒီဇာတ်တော်လေးမှ ဆင်းသက်လာတာ ဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခု စဉ်းစားမိတာ ကတော့- လောကလူသားတွေ ပြောပြောနေတဲ့ မိမိကိုယ်ကို မိမိသတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံကြရတယ်လို့ ပြောကြပါတယ်၊ တကယ်တမ်းတော့ ဒီဇာတ်တော်လေးကို ထောက်ဆ ကြည့်မယ်ဆိုရင် မိမိက သူတစ်ပါး အသက်ကို သတ်လည်း အဖန်ငါးရာ ငါးကမ္ဘာခံရမှာ ဖြစ်တယ် ဆိုတာကို သဘော ပေါက်သင့် ပါတယ်။

    ဒီလိုဆိုရင် မိမိက ဘာပဲလှူလှူ သူတစ်ပါး အသက်ကို မသတ်ဘဲ လှူဖို့ အရေးကြီး ပါတယ်။ မိမိကိုယ်တိုင်းလည်း သူတစ်ပါး အသက်ကို မသတ်ဖို့ ဒီဇာတ်တော်လေးက လမ်းညွန်ပြနေပါတယ်။

       ပဋ္ဌာန်းပါဠိတော် ကတော့- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော တဲ့။ အဓိပ္ပါယ်က ကုသိုလ်ကောင်းမူပြုလုပ်ရာ၌ သူတစ်ပါး အသက်ကိုသတ်ခြင်း၊ အသိဥာဏ်မပါဘဲ သူများတွေပြုလုပ်လို့၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရမည်စိုးလို့၊ ကုသိုလ်မူကို ပြုလုပ်ခြင်းစသော အကုသိုလ် အမူတို့ ခြံရံပြီးပြုလုပ်ခဲ့မည် ဆိုလျှင် ကုသိုလ်ကံ နည်းနည်းလေးကိုပင် အကုသိုလ်ကံ အများကြီးက ခြံရံနေခြင်းကြောင့် မကောင်းကျိုးများစွာ နောက်နောင်မှာ ပေးပါလိမ့်မယ်ဟု ဆိုလိုပါတယ်။

        ကဲ စာဖတ်သူရေ… ပတ်ဝန်းကျင် အမြင်မှာ မိမိလှူသော အလှူသည် အသားငါး မဟုတ်သော်လည်း မိမိဘ၀ အတွက်ကတော့ အမြင့်မြတ်ဆုံး အလှူကြီးကို လှူနေရတာပါ။ မိမိဘ၀ အထက် ရောက်အောင် ပို့တာကလည်း မိမိပါပဲ၊ မိမိဘ၀ အောက်ရောက် သွားအောင် လုပ်တာလဲ မိမိပါပဲ။ အဲဒီတော့ အလှူတစ်ခုများ လုပ်တော့မယ် ဆိုရင်ဖြင့်- မြတ်ဗုဒ္ဓနည်းလမ်း အတိုင်းလေး လုပ်သွားတတ်ဖို့ ပါပဲ။

         ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်ကြရာ၌ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ အဖြစ်မျိုး မရောက်အောင် ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း သတိကြီးစွာ ထားသင့် ကြပါတယ်.. ဆိုတဲ့ အကြောင်းလေးကို သတိပေးရင် ဒီဆောင်းပါးလေးကို အဆုံးသတ် လိုက်ရပါတယ်။

လပြည့်ဝန်း (သာစည်)

ဘ၀အရေးစိတ်အေးရဖို့ ဓမ္မအသိရှိလျှက် နေကြစို့။
ကျမ်းကိုး။ ။မတကဘတ္တဇာတ်

ဓမ္မလမ်းပြကြယ်
 http://www.facebook.com/photo.php?fbid=545325415498331&set=a.452811328083074.110728.452793661418174&type=1&theater

မနစ်မြုပ်နိုင်သည့် "Titanic II" သင်္ဘောကို မကြာမီ တည်ဆောက်မည်




ကန်ဘာရာ ဖေဖော်ဝါရီ ၂၇

သြစတြေးလျ ဘီလျံနာ သူဌေးကြီး Clibe Palmer သည် ဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်၍ ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘော ပုံသဏ္ဌာန်နှင့် တထေရာတည်း တူသော မနစ်မြုပ်နိုင်သည့် "Titanic II" သင်္ဘော ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ "Titanic II" သင်္ဘောကို

မူလ သင်္ဘော တည်ဆောက် ရာတွင် အသုံးပြုခဲ့သည့် အထောက်အကူ ပစ္စည်းများနှင့် အတူ လေအေးပေးစက်၊ အင်တာနက်နှင့် အခြား သော အစီအစဉ် များကိုလည်း ထပ်မံ အသုံးပြု၍ တရုတ် နိုင်ငံတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသင်္ဘော တည်ဆောက်မှုနှင့် စပ်လျဉ်းသည့် အသေး စိတ် အချက်အလက်များ ကိုလည်း Palmer က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသင်္ဘော သည် မူလ တိုက်တန်းနစ် ရေကြောင်း မြေပုံအတိုင်း အင်္ဂလန် နိုင်ငံ ဆောက်သမ်ပတန်မြို့မှ အမေရိ ကန် နိုင်ငံ နယူးယောက် မြို့တော်သို့ ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံး အကြိမ် ရေကြောင်း ခရီးရှည် ထွက်ခွာမည် ဖြစ်သည်။ မူလ တိုက်တန်းနစ် သင်္ဘောသည် ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်က နယူးေ ယာက် မြို့တော်သို့ ခရီးရှည် ထွက်ခွာရာတွင် ရေခဲတောင်နှင့် တိုက်မိပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု "Titanic II" သင်္ဘော တည်ဆောက်ခြင်းသည် "Titanic " ရုပ်ရှင် ချစ်ပရိသတ်များ အတွက် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်သလို ဇိမ်ခံ သင်္ဘောဖြင့် အပျော် ခရီးရှည် ထွက်လိုသူ ခရီးသည် များ အတွက် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Palmer က ပြောကြား ခဲ့သည်။

http://bit.ly/Y5DrZf

ဗဟုသုတ ကမ္ဘာ - သင်းခွေချပ်အကြောင်း သိကောင်းစရာ


        သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။

         သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင် ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက် တတ်သော်လည်း အများ စုမှာ မတက် တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ် စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။ ပုရွက်ဆိတ် စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာ ပါရှိသည်။

          သင်းခွေချပ်သည် အမေရိကတိုက်တွင် တွေ့ရသော မျောက်ပျင်း၊ ပုရွက် စားကောင်၊ အာမာဒီလိုကောင် တို့နှင့် အတူ ဖော်လီဒိုးတားမျိုးဝင် သွား မရှိသည့် နို့တိုက်သတ္တဝါချင်း တူသော်လည်း မျိုးရင်းကားမတူချေ။ သင်းခွေချပ် သည် မင်နီဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလိုအရ မေနစ်ကရပ်စီ ကော်ဒေးတား ဟုခေါ်သည်။ သင်းခွေချပ်များကို မြန်မာနိုင်ငံ အပါအဝင် အရှေ့ တောင်အာရှ၊ အရှေ့အိန္ဒိယ ကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသ များတွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှ ကိုယ်ထည် အထိ အမြီးမပါဘဲ နှစ်ပေမှ နှစ်ပေခွဲအထိ ရှည်၍ အမြီး သပ်သပ်သည် တစ်ပေခွဲ ရှည်သည်။

      သင်းခွေချပ် အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင် အမြီးသည် ကိုယ်ထည် တစ်ခုလုံးထက် တို၍ အချို့အမျိုးတွင် နှစ်ဆမျှ ရှည်သည်လည်း ရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှ တစ်ပါး အခြား ကိုယ်ထည် တစ်ခုလုံးသည် အိမ် အမိုးတွင် အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့ မာကျောသော အကြေးခွံ ကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာ ဖုံးအုပ်လျက် ရှိနေလေသည်။ အရောင်မှာ အညိုရင့်ရောင် ဖြစ်သည်။ နှာတံရှည်၍ ချွန်သည်။ အပြင်သို့ ထုတ်နိုင်သော ရှည်၍ စေးကပ်သည့် လျှာလည်း ရှိသည်။ ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်သည့် အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင် ကွေးလိုက်ရာ တော်ရုံအားဖြင့် ပြန်၍ မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ် လက်နက်သဖွယ် ကြံ့ကြံ့ခံ နိုင် လေသည်။ ဝမ်းဗိုက်ပိုင်းတွင် အမွေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများ ကြားတွင်လည်း အနည်းငယ်စီ ရှိကြသည်။

         သင်းခွေချပ်များသည် များသောအားဖြင့် မြေတွင်းအောင်း၍ နေကြပြီးလျှင်
ခြနှင့် ပုရွက်ဆိတ် တောင်ပို့များကို တူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ ဥများကိုသာ အဓိကထား၍ စားသောက် ကြသည်။ ဤသို့တောင်ပို့များကို တူးနိုင်ရန် ရှည်၍ အနည်းငယ် ကောက်နေသော လက်သည်း ခြေသည်းများ ရှိသည်။ မြေတူးရာ၌ ရှေ့လက်နှင့် တူးသောကြောင့် ရှေ့လက်သည်း များသည် နောက် ခြေသည်းများထက် ရှည်သည်။

           ခြတောင်ပို့တစ်ခုကို တွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသော လက်သည်း များနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာ တွင်းထဲသို့ ၎င်း၏ ချွန်နေသော နှာတံကို ထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့် လျက်ကာလျက်ကာ ခြများကို မျိုသွင်း လေသည်။ လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ် ကုန်းထားပြီးလျှင် အမြီးကို ထောင်ထား တတ်သည်။ နောက်ခြေ များဖြင့် မတ်တပ်ရပ်၍ အဘက်ဘက်သို့ ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ ကျက်စားလေ့ ရှိသော်လည်း သစ်ပင်ပေါ်သို့လည်း အလွယ်တကူ တက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကိုလိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့ ရှေ့လက်သည်းများနှင့် ကုပ်တွယ်၍ ဖက်တက် သည့် အပြင် အမြီးဖြင့်လည်း သစ်ကိုင်းတွင် လိမ်ထားသေးသည်။ 
 
         သင်းခွေ ချပ်၏ မျက်စိများသည် ငယ်၍ နားရွက်မှာ မရှိသလောက် ဖြစ်သဖြင့် မြင်မသန် သည့် အပြင် ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင် အာရှ တိုင်းပြည် များတွင် တွေ့ရသော သင်းခွေချပ်များသည် ညဥ့်အခါမှသာ တွင်းမှထွက်၍ သွားလာ ကျက်စား တတ်သောကြောင့် နေ့တွင် တွေ့ရခဲသည်။ နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး ကျောက်ဆောင်များ ကြားတွင် ဖြစ်စေ ကွေး၍ နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကို လုံးနေအောင် ကွေးထားသည့် ရှေ့ခြေနှင့် အမြီးကြားတွင် ထား၍ အိပ်သည်။

             မွေးခါစ သင်းခွေချပ် ကလေးများသည် အကြီးမြန်၍ အကြေးခွံ ကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့် ရှည်သော သင်းခွေချပ် သားငယ်ကလေးသည်
အမိနို့ရည် ကိုစို့ရင်း လေးလအတွင်း အလေးချိန် နှစ်ဆအထိ တိုးလာ လေသည်။ မိခင် သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို့ သယ်ဆောင်သွားလေ့ ရှိသည်။ သားငယ်ကလည်း မိခင်၏ အမြီးတွင် ကန့်လန့်ဖြတ် ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ် ထားသည်။ အကြောင်း တစ်ခုခုကြောင့် ထိတ်ထိတ် လန့်လန့်ဖြစ်ခဲ့သော် မိခင်သည်
လုံးနေအောင် ကွေးလိုက်ပြီးလျှင် သားငယ်ကို ရင်ခွင်တွင်ထား၍ ကာကွယ် စောင့်ရှောက် တတ်သည်။ သင်းခွေချပ် အသားသည် အလွန်ကောင်းသည် ဆိုကာ အချို့လူများ ကြိုက်နှစ်သက် ကြသည်။

Ref > my.wikipedia.org

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ



၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

ညီမလေးအတွက် စကားလက်ဆောင်(၈)

Like This Page · about an hour ago

ညီမလေးရေ...
လောဘ ဆိုတာကို သေချာတွေးကြည့်ရင် အဓိပ္ပါယ်နှစ်မျိုးရှိတယ်။ တစ်ခုက အတ္တလောဘ။ နောက်တစ်ခုက ပရလောဘ။

အတ္တလောဘသမားတွေ အများကြီးရှိတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လောဘသမားတွေပေါ့။ သူ့လောဘအတွက်ဆို လူဆိုလည်း သတ်တာပဲ။ သံဃာဆိုလည်း သတ်တာပဲ။
(မှတ်ချက်။ ။ရှမ်းမင်း သိုအန်ဘွား ကိုပဲ ရည်ရွယ်ပါသည်။ သုတ စွယ်စုံကျမ်းတွင် ရှိပါသည်။သံဃာ သတ်သည့်မင်း။)

ရှင် ဒေ၀ဒတ်နဲ့ အဇာတသတ်မင်းပာာ အတ္တလောဘ သမားတွေပေါ့။ လောဘချင်း အတူတူ အတ္တလောဘသမားပာာ အကုသိုလ် ပိုကြီးတယ်။

လောဘက ရရှိလာတဲ့ အကျိုးအမြတ်ကို ဘယ်သူ့ကိုမှ စေတနာမရှိဘူး။အဲ့ဒီလို အတ္တလောဘကို ဘယ်တော့မှ မမွေးမြူမိပါစေနဲ့။ မွေးမြူမိရင်တော့ သံသရာမှာ လူပြန်မဖြစ်နိုင်တော့ဘူး။

နောက်တစ်ခုက ပရလောဘ။ သူကကျတော့ လောဘတော့ရှိတယ်။ လိုချင်တယ်။ ရသလောက် လိုချင်တယ်။ ငွေရနိုင်မယ့်နေရာဆို ဘယ်တော့မှ အလွတ်မပေးဘူး။ ကိုယ့်ကိုယ်ကို လည်း မညှာမတာ ခိုင်းပြီး စီးပွားရှာတဲ့ လူတွေပေါ့ ။

သူမှာ ကောင်းကွက်ကလေးရှိတယ်။ ရသမျှ ဥစ္စာကို လှူတယ်။ပရပိာတလုပ်တယ် ။လှူချင်လို့ ရှာနေတဲ့ လောဘသမားပေါ့။ ပုထုဇဉ်လူသားမှန်သမျှပာာ လောဘရှိတယ်။
လောဘချင်းတူရင် အဲ့ဒီလောဘက အတုယူသင့်ပါတယ်။

လောဘကို ပယ်သတ်နိုင်မယ့် အရိယာပုဂ္ဂိုလ်
ဆိုရင်တော့ ဘယ်လောဘမှ မရှိဘူးပေါ့။ လောဘရှိနေသမျှတော့ ပရလောဘကိုပဲ မွေးမြူပါလို့ တောင်းဆိုပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း

"သုရာမေရယ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း"

Follow · Monday

သုရမေရယဆိုတာက သောက်သူ၊စားသူ၊ရှူသူတို့ကိုမေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊စားစရာ၊ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်)အရက်သေစာ=သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။

♦ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။

♦ ထို့ကြောင့် တောအရက်၊မြို့အရက်၊နိုင်ငံခြားအရက်၊ထန်းရည်၊ဓနိရည်၊ဘိန်းကင်း၊ကစော်၊လှော်စာ၊ဘိန်းဖြူ၊ဆေး ခြောက်၊ကုတ်ကင်း၊မာဖီးယား၊အယ်လ်အက်စ်ဒီ(LSD)၊
ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ=သုရာမေရယလို့ခေါ်ပါတယ်။

ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ နှစ်ဦးစလုံးကိုဖြစ်စေ အကျိုးပျက်ပြားစေသော ကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။

အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး
အမှားအမှန် ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ်
ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင်ကျူးလွန်းမိတတ်ပါတယ်။

ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။

အစ်ကို၊ညီ၊အစ်မ၊ညီမဆိုတာကိုလည်းမသိ၊
ကုသိုလ်ဆိုတာလည်းမသိ၊အကုသိုလ်ဆိုတာကိုလည်း
မသိခြင်းကြောင့် မဖြစ်သင့်၊မဖြစ်ထိုက်၊
နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊
လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။

အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့်
မလုပ်ဝံ့သော အကုသိုလ်၊မလုပ်သင့်သော အကုသိုလ်
ဆိုတာကိုလည်းမသိပါ။
ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင်
ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ ”အရက်သမား အမှားတစ်ရာ”ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊အမှားမျိုးစုံ၊ရာဇဝတ်မှုအပါအဝင်မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း
♦အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ ♦ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
♦သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။
♦ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်း
တတ်ပါတယ်။
♦ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေက တော့
(၁)။သတိကင်းလွတ်ခြင်း။
(၂)။အရှက်မရှိခြင်း၊
(၃)။အကောင်းအဆိုး၊အမှားအမှန် မခွဲခြားတတ်ခြင်း။
(၄)။ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။
(၅)။မကောင်းသတင်းပျံ့နှံ့ခြင်း၊ကျက်သရေမရှိခြင်း။
(၆)။ရောဂါများခြင်း။
(၇)။ကိုယ်လက်အင်္ဂါတုန်ခြင်း။
(၈)။မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။
(၉)။လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။
(၁၀)။စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။

ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီး
သတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး
ဖော်ပြချင်ပါတယ်။

♠ ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။အောက်ထစ်ဆုံး အသားမပါရင်တောင်ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။

မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကိုအင်မတန်မှ
ချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကိုဘုရင်ကြီးရင်ခွင်ထဲကိုထည့်ပေးလိုက်ပါတယ်။

မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။အဲဒီအခါကျမှာစားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။မင်းကြီးလည်းအရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကိုချက်ချင်းသိလိုက်ပါတယ်။အသားဟင်းဘယ်မလဲဟုဆိုကာ
ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်းဒီလောက်ရှားလိုက်တာကွာဟုဆိုကာရင်ခွင်ထဲမှ
သားတော်လေးကိုလည်ပင်းလိမ်ချိုးပြီး ဒါကိုချက်ခဲ့ဟုဆိုတာ ၊
ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊သားတော်လေးရဲ့အသားကိုမြည်းလိုက်နဲ့စည်းစိမ်ယစ်ပြီး
အိပ်ပျော်သွားပါတယ်။

မနက်မိုးလင်းတော့ အမူပြေသဖြင့် ငါသားတော်လေးကိုခေါ်ခဲ့ဟုတောင်းခံပါတယ်။
ဒီအခါမှမိဖုရားကြီးကရှိုက်ကြီးတငင်ငိုကြွေးပြီး
အဖြစ်ပျက်အားလုံးကိုလျှောက်တင်လိုက်ပါတယ်။
ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော
ဆင်းရဲကို ခံရပါတော့တယ်။

အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့
အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။အဲဒီအခါကျမှ ဘုရင်ကြီးအရက်ပြတ်သွားပါတယ်

ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့်
မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ
ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။

♠ ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။
မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ။ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကိုမှားနေကြပါတယ်။
မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့်
အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေ
ကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများ
ရှိနေကြပါတယ်။ပျော်လို့ပဲသောက်သောက် စိတ်ညစ်လို့ပဲ
သောက်သောက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲ
သောက်သောက် အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာအပ်ဖျားလောက်မှပင် မပေးတတ်ပါ။
ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။

♠ ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်
ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါနမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။

ထိုထိုသော အပျက်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ
အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။

အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ေ
ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် ၊အိန္ဒိယနိုင်ငံ)

"နတ်ပြည်ရောက်ကြောင်းတရားများ "

Follow · Yesterday

တစ်နေ့ညက အခန်းထဲကနေ အညောင်းပြေစေဖို့ အဆောင်အပြင်ဘက် ခဏလေညှင်းခံထွက်ဖြစ်တယ်။ အပြင်ရောက်တော့ ထိန်ထိန်သာတဲ့ လမင်းကြီးကို မော့ကြည့်မိလိုက်တယ်။ လမင်းကို မော်ကြည့်မိလိုက်တော့ ငယ်ဘ၀က လရောင်အောက်မှာ ပြေးလွှားစော့ကစားမိတာကို လွမ်းမိသွားတယ်။ တစ်ဆက်တည်းမှာပဲ အတွေးလေးတစ်ခုက ၀င်ရောက်လာတယ်။

သုခဘုံတွေဖြစ်တဲ့ နတ်ပြည်လောကဆိုတာ ကောင်းကင်အထက်မှာ ရှိတယ်။ ဒီချမ်းသာတဲ့ ဘုံဘ၀ကို ချမ်းသာခြင်းကို အလိုရှိတဲ့ လူသားတွေအနေနဲ့ ရောက်ချင်တဲ့သူတော့ အားလုံးပဲဖြစ်တယ်။ ဒီတော့ ဒီဘ၀ကထွက်ခွာ နောင်ဘ၀ကိုရောက်ရှိတဲ့အခါ ချမ်းသာချင်ကြမှာပဲ။ ဒီတော့ ချမ်းသာတဲ့ဘုံဘ၀ကို ရောက်ရှိအောင် ဘယ်လိုအရာတွေ လုပ်သင့်သလဲ၊ ပြုကျင့်ထိုက်သလဲ၊ ဘယ်လိုလုပ်ရမလဲ…လို့ တွေးမိသွားတယ်။

တွေးမိနေရင်းပါပဲ ဓမ္မပဒပါဠိတော် တစ်ပုဒ်ကို အမှတ်ရပြီး ရွတ်ဆိုမိလိုက်ပါတယ်။ ဒါကြောင့် ဒီဘ၀တင်မက
နောင်ဘ၀တိုင်းမှာပါ ကိုယ်ချမ်းသာ စိတ်ချမ်းသာခြင်းကို
အလိုရှိတဲ့ စာဖတ်သူတို့ကို သုခဘုံ-ချမ်းသာခြင်းကို ရရှိစေမယ့်
ဘုံဘ၀ကို ရောက်စေတတ်တဲ့ အကြောင်းတရားလေးတွေ ပြောပြချင်မိသွားပါတယ်။

အဂတိလေးပါးကို မလားရောက်ချင်တဲ့သူတွေ၊
သုဂတိဘ၀တွေကို စံစားချင်တဲ့သူတွေအတွက် သိရှိထားပြီး လိုက်နာကျင့်ကြံဖို့ ကောင်းပါတယ်။

ပါဠိစာပေတွေနဲ့ တွေ့ရတာဟာ ဘုရားနဲ့တွေ့ရတာနဲ့ အတူတူပဲ၊
စာတစ်လုံး ဘုရားတစ်ဆူဆိုပြီး ပါဠိစာပေတစ်လုံး ရွတ်ဆိုလိုက်
တာဟာ ဘုရားရှင်ကို ပူဇော်တာနဲ့ အတူတူပဲ။

ဒီတော့ အကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတဲ့ ပညာရှင်တို့
အဆိုအရ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ရအောင်၊ အကျိုးကျေးဇူးတွေ
ရရှိအောင် ဗုဒ္ဓမြတ်စွာရဲ့ မူရင်းစကားတော်လေးကို အရင်ဦး ရွတ်ဆိုကြရအောင်ပါ။

“ သစ္စံ ဘဏေန ကုဇ္စျေယျ၊ ဒဇ္ဖာ အပ္ပမ္ပိ ယာစိတော၊ ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။”

♠ အရှင်မောဂ္ဂလာန်ဟာ တန်ခိုးတော်ဖြင့် သူတစ်ပါး၏ ချမ်းသာခြင်းကို ရှာဖွေလေ့ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ တန်ခိုးတော်ဖြင့် ငရဲပြည်ကိုကြွတော်မူပြီး အေးမြအောင် ဖန်ဆင်းကာ ငရဲသားတို့ကို သက်သာရာရစေပါတယ်။ လှည်းဘီပမာဏခန့်ရှိတဲ့ ကြာပွင်ကြီးကို ဖန်ဆင်းပြီးတော့ ထိုကြာပန်းပေါ်ထိုင်ကာ ငရဲသားတွေကို တရားဟောကြားပါတယ်။ နတ်ပြည်ကိုလည်း ကြွရောက်ပြီးတော့ နတ်တို့ရဲ့ ကုသိုလ်ကောင်းမှု့များကို ထုတ်ဖော်ကာ သစ္စာလေးပါးတရားတော်ကို ဟောကြားတော်မူလေ့ရှိပါတယ်။ နောက်ပြီးတော့ လူ့ပြည်မှာရှိတဲ့ ဒကာ ဒကာမတွေကို ငရဲပြည်၏ ဆင်းရဲကြီးမားပုံ၊ နတ်ပြည်၏ ချမ်းသာကြီးမားပုံတို့ကို ဟောပြောပြကာ ထိတ်လန့်စေပြီး သာသနာတော်ကို သဒ္ဓါကြည်ည်ညိုစေပါတယ်။

♠ ဒီလိုပဲ တစ်နေ့ကျတော့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက နတ်ပြည်ကိုကြွရောက်ပြီးတော့ နတ်ပြည်မှာ ခန့်ငြားလှတဲ့ ဘုံဗိဗ္မာန်တွေမှာ စံစားပျော်ပါးနေတဲ့ နတ်တွေဆီချဉ်းကပ်ပြီးတော့ “အသင်နတ်သမီး….၊ သင်၏ ဘုံဗိမာန်နန်းဟာ ခမ်းနားထည်ဝါလှပပါပေတယ်။ သင်၏ စည်းစိမ်းချမ်းသာဟာ အလွန်တရာကြီးမြတ်လှပါပေတယ်။ လှု့ပြည်တုန်းက ဘယ်လိုကောင်းးမှု့တွေကို ပြုလုပ်ခဲ့ဖူးလို့ ဒီလို ခမ်းနားထည်ဝါလှတဲ့ ဗိမာန်စည်းစိမ်ကို ရရှိပါသလဲ။” လို့မေးမြန်းပါတယ်။

ဒီတော့ အမေးခံရတဲ့ နတ်သမီးက လူ့ဘ၀တုန်းက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန်နည်းပါးလှတယ်လို့ တွေးထင်ပြီးတော့ ရှက်မိတာကြောင့် “အရှင်ဘုရား…….၊ တပည့်တော်မကို မမေးပါနှင့်လားဘုရား…။ လူ့ပြည်တုန်းက တပည့်တော်မပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန်တရာမှ နည်းပါးလွန်းလှပါတယ်ဘုရား….။”လို့ ပြန်လျှောက်တော့ အရှင်မောဂ္ဂလာန်က “နတ်သမီး…၊ ဘယ်လိုကုသိုလ်ကောင်းမှု့ကို ပြုလုပ်ခဲ့တယ်ဆိုတာသာ ပြောမှာသာ ပြောပါ။”လို့ တိုက်တွန်းစကား အမေးထားပြန်လေတော့ နတ်သမီးက အခုလိုလျှောက်ထားပါတယ်။

♦ “အရှင်မြတ်ဘုရား……၊ တပည့်တော် လူ့ဘ၀တုန်းက
အလှုဒါနကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားအမှုးရှိတဲ့ သံဃာတော်အရှင်မြတ်များကိုလည်း ပူဇော်လုပ်ကျွေးခြင်းမျှကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားရှင်ဟောကြားတဲ့ တရားဒေသနာကို မနာကြားခဲ့ဖူးသလို သံဃာတော်အရှင်မြတ်များ ဟောကြားပြသတဲ့ ဓမ္မများကိုလည်း မနာကြားခဲ့ဖူးပါဘုရား..။
တကယ်တော့ တပည့်တော်မသည် မုသားစကားမပြောမိအောင် စောင့်ထိန်းခဲ့ပါတယ်။ မှန်သောသစ္စာစကားကိုသာ အမြဲတမ်းပြောဆိုခဲ့ပါတယ်ဘုရား….။ ဒီမှန်ကန်သော သစ္စာစကားကို ပြောဆိုခြင်း (သီလ)ကြောင့် ဒီစည်းစိမ်ချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…..။” လို့ ပြန်လျှောက်ထားလိုက်ပါတယ်။

♦ ဒီနေရာမှာ ဆန့်ကျင်ဘက်စကားအနေနဲ့ ပြန်ကောက်ယူပြီး နားလည်ကြည့်မယ်ဆိုရင် မုသားစကားပြောကြားတဲ့သူများဟာ ချမ်းသာမှု့ကင်းတဲ့ ငရဲတွင်းမှာ သက်ဆင်းရမယ်ဆိုတာ
နားလည်နိုင်ပါတယ်။

♦ အတတ်နိုင်ဆုံးပေါ့ မိမိမှာ အလှုဒါနပြုစရာ ဘာတစ်ခုမှ
မရှိစေဦးတော့ စိတ်မပျက်လိုက်ပါနဲ့၊ သစ္စာစကားကိုသာ ထာဝရပြောဆိုမိအောင် ကျင့်သုံးလိုက်ပါ။ သစ္စာစကားရဲ့
စွမ်းအားကို ဒီနတ်သမီးက သက်သေပြနေပြီ မဟုတ်ပါလား။

နောက်ပြီးတော့ မြတ်ဗုဒ္ဓရဲ့ စကားတစ်ခုရှိပါသေးတယ်။

♦ ဒါကတော့ “အဘူတံ ၀ါဒိ နိရယံ ဥပေတိ-မုသားစကားပြောကြားတဲ့သူတွေဟာ ငရဲသို့ ကျရောက်တတ်တယ်။”
လို့ ဟောကြားထားပါတယ်။

♦စေတိယဇာတ်မှာ အရှင်ဒေ၀ဒတ်လောင်းဖြစ်တဲ့ စေတိယမင်းကြီး လိမ်ညာပြောဆိုပွဲကြီးကို ခမ်းခမ်းနားနားကျင်းပပြီး ပြောဆိုလိမ်ညာမိလို့ မြေမျိုခြင်းကို အရှင်လတ်လတ်ခံသွားရဖူးတဲ့ သာဓကလည်း ရှိပါသေးတယ်။ ဒါကြောင့် မုသားစကားကို ဘယ်တော့မှ မပြောမိအောင် စောင့်ထိန်းသင့်ပါတယ်။

♦နောက် အရှင်မောဂ္ဂလာန်မထေရ်မြတ်က တစ်ခြားဘုံဗိမာန်ရှိရာကို ကြွရောက်ပြီးတော့ အထက်ကအတိုင်း “နတ်သမီး……။ သင်၏ စည်းစိမ်ချမ်းသာဟာ အလွန်ကြီးကျယ်လှပေတယ်။ အဘယ်သို့သော ကောင်းမှုကုသိုလ်များကို ပြုလုပ်ခဲ့တဲ့အတွက် ဒီနတ်စည်းစိမ်းချမ်းသာကို ရရှိပါသလဲလို့”မေးမြန်းပြန်ပါတယ်။

♦ ဒီတော့ နတ်သမီးက “အရှင်မြတ်ဘုရား…။ တပည့်တော်မသည် ကဿပမြတ်စွာဘုရားလက်ထက်တော်အခါက သူတစ်ပါးအိမ်မှာ ကျွန်မတစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား။ တပည့်တော်မ၏ အရှင်သည် အင်မတန်ရက်စက်ကြမ်းကြုတ်လှပါတယ်။

အမြဲတမ်းဆဲဆိုကြိမ်းမောင်းတတ်သလို ဒေါသအလျောက် တွေ့ရာ သစ်သားနဲ့လည်း တပည့်တော်မ၏ ဦးခေါင်းကို ရိုက်ခွဲလေ့ရှိပါတယ်။ သူဘယ်လောက်ပဲ ဆဲဆို ကြိမ်းမောင်းကြိမ်းမောင်း၊
ရက်စက်ကြမ်းကြုတ်ကာ ရက်စက်ရက်စက်
တပည့်တော် အရှင်ကို ဘယ်တော့မှ အမျက်ပြန်ထွက်လေ့
မရှိခဲ့ပါဘူးဘုရား…။
တပည့်တော်မ ဒေါသမဖြစ်အောင် စောင့်ထိန်းခဲ့ပါတယ်။ ဒီကုသိုလ်ကောင်းမှု့ကြောင့် တပည့်တော်မ အခုလို နတ်စည်းစိမ်းကို ရရှိပါတယ် အရှင်ဘုရား…..။” လို့ လျှောက်ထားပါတယ်။ ဒေါသနဲ့ သေရင် ငရဲရောက် ဆိုသလိုပါပဲ…။ ဒေါသကြီးသူတွေ…ဒေါသနဲ့ သေလွန်တဲ့သူတွေအတွက်တော့ နားရမယ့်စခန်းဟာ ငရဲခန်းပဲရှိပါတယ်။

♦ဒီတော့ ဒေါသမဖြစ်အောင် အတတ်နိုင်ဆုံးနေလိုက်ပါ။
ဒေါသစိတ်များ ဖြစ်ပေါ်လာမှန်း မိမိကိုယ်မိမိ သိလာတဲ့အခါ မေတ္တာဘာဝနာသာ များများပွားများလိုက်ပါ။ မေတ္တာဘာဝနာ အဖန်ဖန်ပွားများခြင်းဖြင့် ဒေါသကို ပယ်ဖျောက်လိုက်ပါ..လို့ ၀ိသုဒ္ဓိမဂ်မြန်မာပြန်မှာဆိုထားပါတယ်။

♦ “မိမိကို ဒေါသထွက်နေတဲ့သူကို ပြန်ပြီးတော့ ဒေါသဖြင့်တုန်ပြန်လိုက်မယ်ဆိုရင် အဲဒီပထမသူထက် ပိုပြီးတော့ ယုတ်မာတဲ့သူဖြစ်တယ်..”လို့ ဗုဒ္ဓက ဆိုထားပါတယ်။

ဒီနေရာမှာ ဒေါသရဲ့အပြစ်တွေတော့ အကျယ်မပြတော့ပါဘူး။ အရှင်သာရိပုတ္တရာရဲ့ ကောင်းကွက်လေးတွေ ရှာဖွေပြီးတော့ ဒေါသဖြေဖျောက်နည်းကိုပဲ ပြောပြပါမယ်။

အရှင်သာရိပုတ္တရာသည် သူတစ်ပါးအား အမျက်မရှိရာသော
တရားကိုလည်း ဟောကြားတော်မူလေ့ရှိပါတယ်။။
အမျက်မရှိသူ၏ အကျ့င်ကိုလည်း ကိုယ်တိုင်ကျင့်တော်မူလေ့
ရှိပါတယ်။

၁။ ပံသကူကောက်သူသည် ကောင်းရာကိုသာယူ၍ မကောင်းရာကို ဖယ်ရှားပစ်သကဲ့သို့ ကိုယ်ကျင့်မကောင်းဘဲ နှုတ်ထွက်မျှကောင်းသူ ဖြစ်မူကား ကိုယ်ကျင့်ကို မရေတွက်ဘဲ နှုတ်ထွက်မှုကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၂။ ရေညှိမြှေးနေသော ရေကန်ကို ရေညှိကိုဖယ်၍ ရေကြည်ကို သောက်သကဲ့သို့ နှုတ်ထွက်မကောင်းဘဲ ကိုယ်ကျင့်ကောင်းသူ ဖြစ်မူကား နှုတ်ထွက်မှုကို မရေတွက်ဘဲ ကိုယ်ကျင့်ကောင်းသည်ကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၃။ နွားခြေရာကွက်မှ ရေကို ရေအလွန်ငတ်သူသည် လက်ဖြင့်ခပ်၍ မသောက်သာသဖြင့် ရွှံညွန်အလူးခံကာဝပ်၍ သောက်သကဲ့သို့ အကျင့်လည်းမကောင်း နှုတ်ထွက်လည်းမကောင်းသူကို တစ်ခါတစ်ရံ စိတ်နှလုံးကြည်ဖွယ် ရှိငြားမူကား စိတ်နှလုံးကြည်ခြင်းကို အကြောင်းပြု၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၎။ တောခရီး၌ အထီးကျန်သူသည် ဆေးဝါးလည်းမရ၊ ရောဂါလည်း အနှိပ်စက်ခံနေရ၏။ ထိုသူကို မြင်သူအပေါင်းသည် မသနားဘဲ မနေနိုင်ရာ။ ဤသို့ နှလုံးကြည်ဖွယ် မဟုတ်စေကာမူ သနားကာမျှ သနားမှု၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

မေတ္တာထားပြီးတော့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပြီး ဒေါသအမျက်ကို ငြိမ်းစေတဲ့ သဘောပါ။ အင်မတန်မှ လိုက်နာကျင့်ကြံဖို့ ကောင်းတဲ့ အရှင်သာရိပုတ္တရာရဲ့ အဆုံးအမတစ်ခုပါပဲ။

♦ အခြားဘုံဗိမာန်တစ်ခုဆီကို ကြွရောက်ပြီးတော့
အရှင်မောဂ္ဂလာန်မထေရ်က မေးပြန်ပါတယ်။ ဒီနတ်သမီးက “အရှင်မြတ်ဘုရား…။ လူ့ဘ၀တုန်းက တပည့်တော်မသည် ဆင်းရဲတဲ့ ကြံခင်းစောင့်တစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား…။

ကြံခင်းစောင့်နေစဉ် ရဟန်းတော်တစ်ပါးကြွလာတာကို တွေ့မြင်ပြီးတော့ စေတနာထက်သန်စွာဖြင့် ကြံတစ်ချောင်းကို လှူဒါန်းခဲ့ဖူးပါတယ်။ ဒီကြံတစ်ချောင်းကို လှုဒါန်းတဲ့ အနည်းငယ်မျှသော ဒါနကုသိုလ်ကောင်းမှု့ကံကြောင့် ဒီနတ်စည်းစိမ်းချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…။ ”လို့ လျှောက်ထားပါတယ်။ လောကဆိုးရိုးစကားတစ်ခုရှိပါတယ်။ ညောင်ပင်ကြီးလောက်လှုပေမယ့်လည်း ညောင်စေ့လောက်ရတတ်တယ်။ ညောင်စေ့လေးလောက် လှူပေမယ့်လည်း ညောင်ပင်ကြီးလောက် ရတတ်တယ် ဆိုတာ။ ဒါဟာ စေတနာအပေါ်မူတည်သွားတာပါ။

♠ ဒီနတ်သမီးသုံးယောက်ထံမှ အဖြေစကားကို ကြားသိပြီးတော့ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ဟာ လူ့ပြည်ပြန်ကြွကာ ဗုဒ္ဓမြတ်စွာထံသို့ ချဉ်းကပ်ပြီးတော့

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….။
မှန်သောစကားကို ပြောဆိုရုံမျှနဲ့၊
အမျက်ဒေါသမထွက်အောင် စောင့်ထိန်းကာမျှနဲ့၊
အနည်းငယ်မျှသော ဒါနကောင်းမှု့ကို ပြုလုပ်ကာမျှနဲ့ နတ်စည်းစိမ်ချမ်းသာများကို ရရှိနိုင်ပါသလား ဘုရား………။”လို့ လျှောက်ထားပါတယ်။

♠ ဒီတော့ မြတ်စွာဘုရားက “ချစ်သား မောဂ္ဂလာန်…။
ဘာကြောင့် ငါဘုရားကို ပြန်မေးနေရတာလဲ…။
သင်ချစ်သားကိုယ်တိုင် နတ်သမီးတို့ရဲ့ အဖြေစကားကို ကြားသိခဲ့ရပြီမဟုတ်လား…။ ချစ်သား…အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့ပြုလုပ်ရုံနဲ့ နတ်စည်းစိမ်ချမ်းသာကို ရရှိနိုင်ပါ့မလားလို့ သင်ချစ်သား… သံသယမပွားလိုက်ပါနဲ့။ အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့ကံကြောင့် နတ်စည်းစိမ်ကို ဧကန်ရရှိနိုင်ပါတယ်။ သူတစ်ပါးအား အမျက်မထွက် မေတ္တာပွားများရုံနဲ့လည်း နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။ မှန်သောစကား ပြောကြားရုံမျှနဲ့လည်း နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။” ဆိုပြီးတော့ အထက်ပါဂါထာလေးတစ်ပုဒ်ကို ဟောကြားခဲ့ပါတယ်။

အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့တွေဟာ ကောင်းတဲ့အကျိုးတရားတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခုတော့ နားလည်ထားဖို့လိုပါတယ်။

♠ ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု မပြုလုပ်ခင် မလှူဒါန်းခင်မှာ
ပထမဆုံး ငါးပါးသီလဆောက်တည်လိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့
“သီလေ ပတိဌာယ ဒိန္နဒါနံ မဟပ္ဖလံ-သီလဆောက်တည်ပြီးတော့ လှူဒါန်းမယ်ဆိုရင် အကျိုးတရား အလွန်ကြီးကြီးမားမား
ရရှိနိုင်ပါတယ်”ဆိုတဲ့ ဗုဒ္ဓရဲ့ စကားတော်ရှိပါတယ်။

နောက်ပြီးတော့ “သီလာဒိ ဂုဏယုတ္တဿ ဟိ ကဋုစ္ဆဘိက္ခာပိ ပဉ္စရတန မတ္တာယ ဘူမိယာ ပဏ္ဏသာလာပိ ကတွာ ဒိန္နာ အနေကာနိ ကပ္ပသဟဿာန ဒုဂ္ဂတိ ၀ိနိပါတတော ရက္ခတိ၊ ပရိယောသာနေစ အမတာယ နိဗ္ဗာနဓာတုယာ ပစ္စယော ဟောတိ။”

လယ်တီဆရာတော်ဘုရားကြီးရဲ့ ပါဠိတော် မြန်မာပြန်လေးကိုပဲ ဖတ်ကြည့်ရအောင်ပါ။

“သီလာဒိဂုဏယုတ္တဿ-သီလစသော ဂုဏ်နှင့်ယှဉ်သောပုဂ္ဂိုလ်၏၊
ကဋုစ္ဆ ဘိက္ခာပိ-တစ်ဇွန်းမျှလောက်သော ဆွမ်းသည်လည်းကောင်း၊ ပဉ္စရတန မတ္တာယ- ငါးတောင်အတိုင်းအရှည်ရှိသော
ဘူမိယာ-မြေ၌၊
ကတွာ-ဆောက်လုပ်၍၊
ဒိန္နာ-လှူအပ်သော၊
ပဏ္ဏသာလာပိ-သစ်ရွက် မြက် သက်ငယ်မိုးသော ကျောင်းသည်လည်းကောင်း၊
အနေကာနိ-များစွာကုန်သော၊
ကပ္ပသဟဿာနိ-အထောင်မကသော ကမ္ဘာတို့ပတ်လုံး၊
ဒုဂ္ဂတိဝိနိပါတတော-ဒုဂ္ဂတိ ဘ၀သို့ ဖရိုဖရဲ ပျက်စီး၍ ကျခြင်းမှ၊
ရက္ခတိ-စောင့်နိုင်၏၊
ပရိယောသာနေစ-အဆုံးဘ၀၌လည်း၊
အမတာယ နိဗ္ဗာနဓာတုယာ-အမတဓာတ် မြတ်သောနိဗ္ဗာန်တရား၏၊ ပစ္စယော-အထောက်အပံ့ဖြစ်သော ဥပနိဿယအကြောင်းသည်၊
ဟောတိ-ဖြစ်၏။”

အဓိပ္ပါယ်ကို အကျယ်ရှင်းဖို့မလိုအောင် နားလည်နိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုကောင်းမှု့ကိုပဲ ပြုပြု သီလခံယူပြီးမှ လှူဒါန်းမှု့ပြုပါ ဘ၀ပေါင်းများစွာ ဒုဂ္ဂတိဘေးကလွတ်မြောက်နိုင်ပါတယ်။ အဆုံးဘ၀မှာလည်းပဲ နိဗ္ဗာန်ကိုရောက်ကြောင်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးတော့ ကောင်းမှု့ပြုစေချင်ပါတယ်။

ကဲ စာချစ်သူ…..။ သစ္စာတရားကို မမြင်နိုင်သေးသမျှတော့ သံသရာထဲကို ကျင်လည်နေရဦးမှာပါ။ နိဗ္ဗာန်မရမီစပ်ကြား သံသရာတစ်လျှောက်လုံးမှာ အပါယ်ဆင်းရဲခြင်းကနေ လွတ်မြောက်ပြီး နတ်စည်းစိမ် ချမ်းသာများကို နောင်ဘ၀မှာ ရရှိခံစားချင်တယ်ဆိုရင်တော့
သစ္စာစကား ထာဝရ ပြောဆိုလိုက်မိဖို့ပါပဲ………။
မေတ္တာတရားကို အဖန်ဖန် ပွားများလိုက်ဖို့ပါပဲ…………..။ ကုသိုလ်ကောင်းမှု့များ နည်းများမဟူ ပြုလိုက်ဖို့ပါပဲလေ…………..။

ကျမ်းကိုး။ ။
ဓမ္မပဒပါဠိတော်၊ ကောဓ၀ဂ်၊ မဟာမောဂ္ဂလာနပဥှာဝတ္ထု
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားတော်(အတွဲ ၉)
လယ်တီဆရာတော်ဘုရားကြီး၏ ပါရမီဒီပနီ
K. Sri Dhammananda, The Dhammapada


(ဥယျာဉ်မှူးလေး)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊…

ရေခဲသေတ္တာထဲက ရောဂါကုသနိုင်သော အပင်ထွက်အစာများ

      အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးကတည်းက တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ နေ့စဉ် ကျန်းမာရေးအတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသလို အရက်နာကျတာ၊ ရာသီအကြိုဝေဒနာစတဲ့ နာမကျန်းမှု တွေ ဖြစ်ပေါ်လာရင်လည်း အပင်ထွက် အစားအ စာတွေနဲ့ ကုသနိုင်ပါတယ်။ အောက်ပါ တို့ကတော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့ အစား အသောက်တွေ ဖြစ်ပြီး ဝေဒနာခံစားရ ချိန်မှာ သင့်အနေနဲ့ အလွယ်တကူ သုံးနိုင်ပါတယ်။

အရက်နာကျခြင်း ကင်းစေရန် ကညွတ်စားပါ

ကညွတ်မှာပါတဲ့ အင်ဇိုင်းတွေက အရက်ကို အလွန်အမင်းသောက်ပြီးတဲ့ အခါ အယ်လ်ကိုဟောကို ချေဖျက်နိုင် စွမ်းရှိတာကြောင့် အရက်နာမကျ အောင် ကာကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ အ ရက်နာကျပြီး ခေါင်းကိုက်ဝေဒနာ ခံစားနေရရင် ကညွတ်ကို စားပေးနိုင်သလို အရက်နာမကျအောင် ကာကွယ်တဲ့အနေနဲ့ လည်း ကညွတ်ကို စားပေးနိုင် ပါတယ်။ ကညွတ်ကို အရက်မသောက်ခင် ဝါးစားပေးတဲ့အခါ အကျိုးပြုအင်ဇိုင်းတွေ ရရှိ စေရုံသာမက ဗိုက်ပြည့်စေကာ ခန္ဓာကိုယ်ရဲ့ အယ်လ်ကိုဟောစုပ်ယူမှုကို နှေးကွေးသွားစေပါတယ်။

ဆီးကျောက်တည်ခြင်း ကင်းစေရန် သံပရာရည်သောက်ပါ

ဆီးကျောက်တည်တာက နှလုံးရော ဂါ၊ လေဖြတ်တာနဲ့ ဆီးချိုသွေးချိုရောဂါ တို့ထက် ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ဆီးကျောက် တည်တဲ့ ဝေဒနာခံစားနေရ သူဦးရေဟာ လွန်ခဲ့တဲ့ ၁၃နှစ်အတွင်း နှစ်ဆမြင့်တက် လာပါတယ်။ ဆီးကျောက်တည်တဲ့ ပြဿ နာလျော့ကျစေဖို့ သံပရာရည်သောက်ပါ။ သံပရာရည်မှာ စစ်ထရိတ်အဆင့် ပါဝင် မှု မြင့်မားတာကြောင့် ကယ်လ်စီယမ် ဓာတ်အြွကင်းအကျန်တွေကို ပျော်ဝင်စေ ပါတယ်။ (ကယ်လ်စီယမ်အြွကင်းအကျန် တွေက တဖြည်းဖြည်းစုပုံပြီး ဆီးကျောက် တည်လာပါလိမ့်မယ်။) လတ်လတ်ဆတ် ဆတ် သံပရာသီးကို အရည်ညှစ်ပြီး သံ ပရာရည်ဖျော်ကာ သောက်ပါ။

စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ရန် ကော်ဖီသောက်ပါ

အမေရိကန် လူဦးရေ ၁၀ ရာခိုင် နှုန်းကျော်ဟာ ဈေးကြီးတဲ့ စိတ်ကျဝေဒ နာကုသဆေးတွေကို မှီဝဲနေကြပါတယ်။ ဒါပေမဲ့ ကော်ဖီ အနည်းငယ် သောက်ရုံ နဲ့ ဒီဆေးဝါးတွေကို မလိုတော့လောက် အောင် စိတ်ကျဝေဒနာကို သက်သာစေ တယ်လို့ ဟားဗတ်ပြည်သူ့ကျန်းမာရေး ကျောင်း လေ့လာသူတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြုလုပ်တဲ့ လေ့လာမှုတစ် ခုအရ တစ်နေ့မှာ ပျမ်းမျှအားဖြင့် ကော် ဖီလေးခွက်သောက်တဲ့ အမျိုးသမီးတွေ ဟာ ကော်ဖီလုံးဝမသောက်သူတွေထက် စိတ်ကျဝေဒနာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရပါတယ်။ ကဖင်း ဓာတ်ဟာ ဦးနှောက်ကို စိတ်ဓာတ်ကျစေ တဲ့ တချို့အဆိပ်ဓာတ်တွေ (Neurotoxins) မထွက်အောင် ကာကွယ်နိုင်ပါ တယ်။ ဒါကြောင့် ကဖင်းဓာတ် အနည်း ငယ်ကို မှီဝဲပေးတာက စိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စိတ်ဓာတ် ကျဝေဒနာ မဖြစ်အောင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။

အအေးမိဝေဒနာ သက်သာစေရန် ဒိန်ချဉ်သောက်ပါ

ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန် စေဖို့ နေ့စဉ် အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်တစ်ခွက်ကို သောက်ပေး ပါ။ ဒီကောင်းမွန်တဲ့ အကျိုးပြုဘက်တီး ရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး အအေးမိဝေဒနာလို အ ပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင် နိုင်ခြေကို ၄၂ ရာခိုင်နှုန်း လျော့ကျစေ နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ သကြား စားသုံးမှုများတာနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို မှီဝဲရတာတွေကြောင့် နုံးနေရင် အူထဲက အကျိုးပြု ဘက်တီးရီးယားတွေ ဆုံးရှုံးပြီး အအေးမိဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယား ရရှိဖို့ ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။

ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်နိုင်ရန် ဝိုင်နီသောက်ပါ

ဝိုင်နီကြိုက်သူတွေအတွက် နောက် ထပ်သတင်းကောင်းပါပဲ။ ဝိုင်နီမှာ ပါဝင်တဲ့ ပိုင်စီယာတန်နောဓာတ်ဟာ မရင့် ကျက်တဲ့ အဆီဆဲလ်တွေကို ရင့်ကျက်တဲ့ အဆီဆဲလ်တွေ ဖြစ်မလာအောင် ဟန့် တားပေးတယ်လို့ ပါဒူးတက္ကသိုလ် လေ့ လာသူတွေက တွေ့ရှိခဲ့ပါတယ်။ တကယ် လို့ ဝိုင်နီကို မသောက်ချင်ရင် အနီရောင် စပျစ်သီးအခွံနဲ့ အစေ့ကို စားပေးပါက ပိုင်စီယာတန်နောဓာတ်ကို ရရှိစေပါတယ်။

နေလောင်ဒဏ်ကို တွန်းလှန်နိုင်ရန် တလည်းသီးစားပါ

တလည်းသီးမှာ အီလဲဂျစ်အက်စစ် အများအပြား ပါဝင်တဲ့အတွက် အရေ ပြားကို ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီတို့ ကြောင့် အရေပြားဆဲလ်ထိခိုက်မှုမဖြစ် အောင် ကာကွယ်ပေးပါတယ်။ တလည်း သီးရဲ့ ကောင်းကျိုးတွေကို ရရှိစေဖို့ ဖျော်ရည်နဲ့ ဖြည့်စွက်ဆေးထက် တလည်းသီး တစ်လုံးလုံးကို စားပေးရင် အသားအရေ ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အက်စစ်တွေ ပိုမိုပါဝင်နေပါတယ်။

ခေါင်းကိုက်ဝေဒနာ သက်သာစေရန် အမဲသားအသည်းကို စားပါ

ခေါင်းတစ်ခြမ်းကိုက်နေသလား။ ဗီ တာမင်ဘီ ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အမဲသားအသည်းဟာ ဗီတာမင်ဘီ ရိုင် ဘိုဖလေဗင် အကောင်းဆုံး ပါဝင်တဲ့ အ စာတစ်မျိုးဖြစ်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာ မကြာခဏ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ တစ်နေ့မှာ ရိုင်ဘို ဖလေဗင် ၄၀ဝ မီလီဂရမ်မှီဝဲပေးရင် အ ကောင်းဆုံးဖြစ်ပါတယ်။ အမဲသားအသည်း တစ်ခွက်စာ ပမာဏမှာ ရိုင်ဘိုဖ လေဗင် ၃ မီလီဂရမ်ပဲ ပါဝင်ပါတယ်။ ဒါ ကြောင့် ရိုင်ဘိုဖလေဗင် များများပါတဲ့ အမဲသားနဲ့ တခြားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ တွဲဖက်မှီဝဲပေးပါ။ ဒီလို စားတာ တောင် ခေါင်းကိုက်ဝေဒနာ မသက်သာ ရင် ဖြည့်စွက်ဆေး မှီဝဲပေးပါ။

ရာသီအကြိုဝေဒနာကို ကာကွယ်နိုင်ရန် ဝက်သားနှင့် ပဲသီးစားပါ

ဝက်သားနဲ့ ပဲသီးနှစ်မျိုးစလုံးမှာ ဗီတာ မင်ဘီ- သိုင်ယာမင်နဲ့ ရိုင်ဘိုဖလေဗင် နှစ် မျိုးစလုံး များစွာ ပါဝင်တာကြောင့် ရာသီ အကြိုဝေဒနာမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့ မက်ဆာချူးဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ သိုင် ယာမင် ၁ ဒသမ ၉ မီလီဂရမ်နဲ့ ရိုင်ဘို ဖလေဗင် ၂ ဒသမ ၅ မီလီဂရမ် မှီဝဲတဲ့ အမျိုးသမီးတွေဟာ ဒီလို မမှီဝဲတဲ့ အမျိုး သမီးတွေထက် ရာသီအကြိုဝေဒနာဖြစ် နိုင်ခြေ ၂၅-၃၅ ရာခိုင်နှုန်း လျော့နည်း ကြောင်း သိရပါတယ်။ ဝက်သားနဲ့ ပဲသီးဟာ ဒီဗီတာမင်နှစ်မျိုးစလုံး ရရှိနိုင်တဲ့ အကောင်းဆုံး အစာတွေဖြစ်တာကြောင့် ဝက်သား သုံးအောင်စနဲ့ ချက်ထားတဲ့ ပဲ သီးဟင်းတစ်ခွက်ကို ပုံမှန်စားပေးပါ။

တစ်ကိုယ်လုံး အနာကျက်စေရန် ဩဂဲနစ်အစာကို စားပါ

ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ ပါ ကင်ဆန်ရောဂါ၊ မျိုးမအောင်တာ၊ အဝ လွန်တာစတဲ့ နာမကျန်းမှုအခြေအနေ တွေဟာ ဩဂဲနစ်အစာ မဟုတ်တဲ့ လူ လုပ်ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ထားတဲ့ အစာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ပိုး သတ်ဆေးတွေက ကလေးတွေမှာ အိုင် ကျူနိမ့်တာနဲ့ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ဝေ ဒနာကို ဖြစ်စေနိုင်သလို အော်တစ်ဇင် ရောဂါနဲ့လည်း ဆက်စပ်နေကြောင်း သိ ရပါတယ်။ ဒါကြောင့် ဩဂဲနစ်နည်းနဲ့ စိုက် ပျိုးထားကြောင်း တံဆိပ်ကပ်ထားတဲ့ အ ပင်ထွက် အစားအစာတွေကို ရွေးချယ် စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုမို သင့်တော်မှု ရှိပါတယ်။ဇွန်

မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်ကို သင့်လက်မှတ်တစ်ချက်ဖြင့် ကာကွယ်ပေးပါ



            လုမ္ဗိနီဟာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေရာမှ ၁၈၉၆ မှာ အိန္ဒိယရှေးဟောင်း သုတေသနဌာနမှဒေါက်တာအလွိုက်ဖျူရာတို့ရဲ့ ဖော်ထုတ်ချက်ကြောင့် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ တွေ့ရှိခဲ့သော်လည်းထိန်းသိမ်းစောင့်ရှောက်မှုကား မရှိခဲ့သေးပါ။ ၁၉၆၇ - ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ဘုရားဖူးရောက်စဉ်အခါမှသာ လုမ္ဗိနီဒေသထိန်းသိမ်းစောင့်ရှောက်ဖို့ကုလသမဂ္ဂမှ အကူအညီပေးရေးစသည့်အစီအမံများပေါ်ပေါက်လာခြင်းဖြစ်ပါတယ်


          ၁၉၇၀-ခုတွင် ကုလသမဂ္ဂဆိုင်ရာ နီပေါအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်၍ ``နီပေါ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊    စင်္ကာပူ၊သီရိလင်္ကာ၊ ထိုင်း´နိုင်ငံတို့ပါဝင်သည့်လုမ္ဗိနီဖွံ့ဖြိုးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါသည်။  နောက်ပိုင်းတွင်`ဘင်္ဂလားဒေရှ့်၊ ဘူတန်နှင့် ကိုရီးယားသမ္မတနိုင်ငံ´´တို့လည်း
ယင်းကော်မီတီတွင် ပါဝင်လာခဲ့ပါသည်။    ထိုကော်မီတီ၏ တာဝန်ပေးချက်အရ ဂျပန်လူမျိုး ဗိသုကာပညာရှင် ဒေါက်တာကင်ဇိုတန်ဂီက ၁၉၇၈-တွင် လုမ္ဗိနီစီမံကိန်း ဒီဇိုင်းကို ရေးဆွဲခဲ့ပါသည်။

           ထိုစီမံကိန်းမှာ မြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေရာကို သန့်သန့်ရှင်းရှင်း ခမ်းခမ်းနားနားသီးခြားရပ်တည်နိုင်စေရေး၊ဗုဒ္ဓဘာသာအမွေအနှစ်ဖြစ်သည့် အသောကကျောက်တိုင်နှင့် MakerStoneကိုထိခိုက်ညစ်ညမ်းမှုမရှိစေရေး၊ဘုရားဖူးလာရောက်သူများစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်
ဖူးမြော်နိုင်ရေးဘုရားရှင်၏မွေးဖွားရာနေရာသည်လူနှင့်မနှောဘာသာ
ရေးသဘောအသွင်ကိုသာဆောင်စေရေးအတွက်ဦးစားပေ ရေးဆွဲခဲ့ကာနီပေါအစိုးရ၊
ကုလသမဂ္ဂအဖွဲ့တို့ နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

          ထိုဒီဇိုင်းတွင် ပါဝင်သည့် ဧရိယာမှာMaster Plan, Restricted Area နှင့် Buffer Zone တို့ အပါအ၀င် ငါးမိုင်ပတ်လည် ရှိပါသည်။Master Plan တွင်တောင်မြောက်အလျားသုံးမိုင်၊ အရှေ့အနောက် အနံ တစ်မိုင်ရှိပြီး ထိုသုံးမိုင်ကို သုံးပိုင်းစီပိုင်းကာ တောင်ဘက်အစွန်ဆုံးတစ်မိုင်
ဧရိယာကို ဖွားတော်မူသည့်နေရာတွင် သတ်မှတ်ထားပါသည်။   ယင်းနှင့်ကပ်လျက် အလယ်ပိုင်း တစ်မိုင်ကို နိုင်ငံတကာကျောင်းများဇုန် သတ်မှတ်ထားပြီး မြောက်ဘက်အစွန်ဆုံးတစ်မိုင်ကို လုမ္ဗိနီရွာသစ်ဇုန်အဖြစ် သတ်မှတ်ထားပါသည်။

            ထို Master Plan အတွင်းတွင် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် အဆောက်အအုံမျှသာဆောက်လုပ်ခွင့် ရှိပါသည်။Master Plan ၏ ဘေးနှစ်ဘက်တစ်မိုင်စီကိုလွှမ်းခြုံဧရိယာအဖြစ်သတ်မှတ်ထားပါသည်။ ပုံတွင်မီးခိုးရောင်
ဖြင့် ခြယ်ပြထားပါသည်။ ယင်း၏အပြင်ဘက် နောက်ထပ် တစ်မိုင်စီကို Buffer Zone အဖြစ်သတ်မှတ်ထားပါသည်။အားလုံးပေါင်း ဧရိယာမှာ ပတ်ဝန်းကျင် ငါးမိုင် ကျယ်ဝန်းပါသည်။ ထိုဧရိယာသည် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းရပါသည်။ဘာသာရေးလက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရပါသည်။ ထို့ကြောင့် ထိုဧရိယာနယ်
မြေအတွင်းတွင် စိုက်ပျိုးမွေးမြူလုပ်ငန်းသာ လုပ်ဆောင်ခွင့် ရှိပါသည်။ မြို့တည်ခွင့် မရှိပါ။


            ယခုလောလောဆယ်တွင် Buffer Zone ၏ အပြင်ဘက်တွင် ဘိလပ်မြေစက်ရုံ စသည်များကို လာရောက်တည်ဆောက်သဖြင့် လောလောဆယ်လုမ္ဗိနီ၏ လေထုညစ်ညမ်းမှုမှာလက်ခံနိုင်သည့်နှုန်းစံပမာဏ
ထက်၆ ဆခန့်မြင့်တက်နေကြောင်းသိရပါသည်။ထိုထက်ပို၍ အရေးကြီးသည်မှာ Restricted Area နှင့် Buffer Zone တို့ေ နရာတွင် လူဦးရေနှစ်သိန်း အခြေချနေထိုင်မည့် ငြိမ်းချမ်းရေးမြို့တော် တည်ဆောက်မည့်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံအစိုးရကိုယ်စားလှယ်များ
နှင့် နီပေါအစိုးရတို့ ၂၀၁၂ ခုနှစ်၊   ဇန်န၀ါရီလ ၂၀ နေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုအစီအစဉ်အတွက်ယူနက်စကိုအဖွဲ့ကို အသိပေးခြင်းလည်းမရှိသလို လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ဝင်နိုင်ငံများနှင့်လည်း တိုင်ပင်ခြင်း အသိပေးခြင်း
 မရှိခဲ့ပါ။ ထိုအစီအစဉ်များအကြောင်း အကျယ်တ၀င့် သိလိုလျှင် အောက်ပါ လင့်ခ်များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

http://thehimalayantimes.com/featured/year2011/inner.php?id=526,
http://newindianexpress.com/opinion/article521534.ece,
http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation..


               ထိုအစီအစဉ်သာ အောင်မြင်ခဲ့လျှင် ဖွားတော်မူရာ လုမ္ဗိနီနယ်မြေတွင်  လူဦးရေထူထပ်များပြားလာခြင်းကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုများ အရင်ဆုံး   သက်ရောက်လာမည်ဖြစ်ပြီး ဘာသာရေးအထိမ်းအမှတ်
သင်္ကေတများပါ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။ ဘုရားရှင်၏ ဖွားတော်မူသည့်နေရာသည် လူနေထူထပ်သော အိမ်ခြေများ ကြားတွင် ညပ်လျက် မှေးမှိန်ကွယ်ပျောက်ရတော့မည် ဖြစ်ပါသည်။


              အသောကကျောက်စာတိုင်နှင့် ခြေတော်ရာ Maker Stone တို့သည်Pollution များကြောင့်မကြာမီထိခိုက်ပျက်စီးရတော့မည် ဖြစ်ပါသည်။ ယူနက်စကိုအနေဖြင့် သတိပေးပါလျက် နီပေါအစိုးရက  ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် လုမ္ဗိနကို Danger Zone အဖြစ် စာရင်းတင်မည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက ကမ္ဘာ့အမွေအနှစ်စာရင်းမ ဖယ်ရှားခံရမည်
်ဖြစ်ပါသည်။ထိုသို့ဖယ်ရှားခံရပါကမိမိတို့ဗုဒ္ဓဘာသာအမွေအနှစ်အပေါ်ထိန်းသိမ်းစောင့်ရှောက်နိုင်မှု
စွမ်းအားလည်းလျောပါးလာမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်သိသူ   ဗုဒ္ဓဘာသာအချို့ဦးဆောင်၍  ကုလသမဂ္ဂထတွင်လုမ္ဗိနီငြိမ်းချမ်းရေးမြို့တော် တည်ဆောက်မည့်အစီအစဉ်ကို ရပ်ဆိုင်း၍ ကင်ဇိုတန်ဂီ၏ Master Plan ကို  ဆက်လက်ရှင်
သန်ခွင့် ပေးပါမည့်အကြောင်း အသနားခံစာ တင်ထားပါသည်။

            ထိုအသနားခံစာ အသက်ဝင်လှုပ်ရှားနိုင်ရေးအတွက် လူပေါင်းတစ်သိန်း၏ လက်မှတ်များ လိုအပ်ပါသည်။ ထိုလက်မှတ်များ ပြည့်မီကာ ဘုရားရှင်ဖွားတော်မူမည့်နေရာကို ကာကွယ်နိုင်ရေးအတွက်မိတ်ဆွေတို့၏လက်မှတ်များလည်းတစ်တပ်
တစ်အား ပါဝင်လျက် ၀ိုင်းဝန်းထောက်ပံ့ပေးကြပါရန် တောင်းပန်အပ်ပါသည်။

လက်မှတ်ထိုးလိုပါက
 ၁။ ဒီလင့်ခ် http://www.change.org/petitions/un-secretary-general-ban-ki-moon-ne... ကို ကလစ်ဖွင့်ပါ။
၂။ အမည် ၊ အီးမေးလ်လိပ်စာများ ဖြည့်သွင်းပါ။
၃။ လမ်းနာမည် (အဆင်ပြေရာ)
၎။ မြို့နာမည်
၅။ နိုင်ငံ
၆။ စာပို့ကုတ် (Post Code) တွင် အဆင်ပြေရာ ဂဏန်း ၇ လုံးခန့်
၇။ Why is this important to you? နေရာတွင် Save World Heritage Zone စသည် မိမိဆန္ဒသဘောထားကို ရိုက်ထည့်ပါ
၈။ အနီရောင် Sign ကို ကလစ်ပေးပါ။
ဒါဆိုလျှင် မိမိတို့ ဘာသာအမွေအနှစ် ဘုရားရှင်ဖွားတော်မူရာမြေကို ကယ်တင်ရာတွင် သင်လည်း ပါဝင်ကုသိုလ်ယူနိုင်ပါပြီ။
အရှင်သုနန္ဒာလင်္ကာရ http://www.dhammayaungchi.com/2013/02/blog-post.html မှတဆင့် ကူးယူမျှဝေသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
                            အားလုံးကိုလေးစားစွာဖြင့်  ............နွေလှိုင်းထက်.

"မရောင်းကောင်းသော ကုန်စည်မျိုး (၅) ပါး"

Follow · 16 hours ago

ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ် ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်စည်မျိုး (၅)ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ထိုငါးပါးတို့မှာ -

(၁) သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး၊ မြား
စသော လက်နက်ပေါင်းအမျိုးမျိုးကို ရောင်းခြင်း၊

(၂) သတ္တ၀ဏိဇ္ဇာ = ဆင်၊ မြင်း၊ လူ စသော အစေခံသတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၃) မံသ၀ဏိဇ္ဇာ = ၀က်၊သမင် စသော အသားစားကြောင်း သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၄) မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက်အမျိုးမျိုးကို ရောင်းခြင်း၊

(၅) ၀ိသ၀ဏိဇ္ဇာ = အများကို သေစေတတ်သော အဆိပ်အမျိုးမျိုးကို ရောင်းခြင်းတို့ ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်ဘုရားသည် ဓား၊ လှံ၊ လေး၊ မြား စသော (လူသတ်)
လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်၍လည်းကောင်း၊ တခြားတစ်ပါးသောသူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊ သူတစ်ပါး ပြုလုပ်ပြီးသည်ကို တစ်ဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်းမပြုလုပ်ရဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့် တားမြစ်ရသနည်းဟူမူ ဓား၊ လှံ စသော
လက်နက်တို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သောကြောင်း ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် "မိစ္ဆာစာရ " ဖြင့် အသက်မွေးသော မိန်းမပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊
လူများကို ကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်း စသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု တားမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် သားသမင်၊ နွား၊ ကြက်၊ ၀က် စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍ သားငါးမျိုးကုန် ရောင်းခြင်းကို တားမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် လတ်တလော သေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျစေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုမလုပ်အပ်ဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့်ဆိုသော် အဆိပ်အမျိုးမျိုးတို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။

( လင်္ကာ)
လူနှင့် လက်နက်၊ ကြက်ဝက်၊ ယစ်မျိုး၊ အဆိပ်ဆိုးဟု၊
ကောင်းကျိုးမရ၊ အပါယ်ကျသော၊ ၀ဏိဇ္ဇငါး၊ မရောင်းစားဘဲ၊
ခုနစ်ပါး ဒုစရိုက်၊ ကြဉ်ဖယ်လိုက်၍၊ အမြိုက်ဘူမိ၊
ရောက်ကြောင်းရှိသော၊
သုစရိကျင့်၊ စိတ်ကောင်းမြင့်လျက်၊
သင့်တင့်ညီစွာ၊ ကုန်သွယ်ပါလျှင်၊ မိစ္ဆာဇီဝါ၊ ကင်းလွတ်ပါလျက်၊ သမ္မာဇီဝါ၊ ပြည့်စုံပါသည်၊ ဥပါသကာ ဇီဝတည်း။
(ဥပါသကဂုဏပကာသနီ)

ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်းမပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။

သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင့်
ညီညွတ်မျှတသောကုန်သွယ်မှုဖြစ်နိုင်ပါမည်။
ကောင်းသောအသက်မွေးမှုပြုခြင်း ဖြစ်နိုင်ပေမည်။

[ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ စာမျက်နှာ 49မှ-]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊…

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း



နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

နေလောင်ဒဏ် သက်သာစေခြင်း

နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။

ဝက်ခြံပျောက်စေခြင်း

နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။

အိုမင်းမှုကို နှေးကွေးစေခြင်း

နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

အသားအရေ ဝင်းပစေခြင်း

နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။

အရေပြားပြဿနာများကို သက်သာစေခြင်း

နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့်

အသုံးပြုနည်း

နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

ကြယ်စင်
Ref>>>Good Health
source>>>http://thabawaarrin.blogspot.com/2013/02/blog-post_2858.html#more

ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves

       မေလ ၁၂ ရက် ဒုတိယနေ့မှာတော့ မနက်ပိုင်းမှာ ဦးဂိုအင်ကာ ရဲ့ Global Pagoda ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်ကြပြီး နေ့လည်ပိုင်းမှာ Sanjay Gandhi National Park အတွင်း ဧရိယာမှာ ရှိနေတဲ့ ခန်ဟီရီ လှိုင်ဂူများ Kanheri Caves ခေါ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့
နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။

    တကယ်တော့ ဒီလှိုင်ဂူတွေဟာ အမည်းရောင် ကာလာများ လို့ အဓိပ္ပါယ် ရတဲ့ ကရစ်ရှန ဂီရိ Krishnagiri လို့ ခေါ်တဲ့ ဆန်ဆ ခရစ် Sanskrit ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးပဲဖြစ်တယ်၊
ခနေးရီ Khaneri ဆိုတဲ့ ရှေးအမည်ကနေ ကာလရွေ့လျောက ယခုအခါမှာတော့ ခန်ဟိရီ Kanheri ( အနက်ရောင် တောင်တန်း ) လို့ ခေါ်ဆိုနေကြတယ်၊

      သမိုင်းများ၏ အဆိုအရ ဘီစီ ၁ ရာစု မှ အေဒီ ၉ ရာစု (1st Century B.C. to 9th Century A.D.) အထိ ကာလအတွင်းမှာ ဘုရားရှင်သားတော် ရဟန်းတော်များ စာပေသင်ကြားခဲ့ရာ၊ တရားဓမ္မ ၀ိပဿနာ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် တည်ရှိခဲ့တယ်၊ ကြားဖူးတဲ့ ရာဇ၀င်အရတော့ အိန္ဒိယ မြောက်ပိုင်းဖြစ်တဲ့ ဗုဒ္ဓဂါယာ ဒေသကနေ ရဟန်းတော်များ အန္တရာယ် များတဲ့အတွက် ဘေးရန်ကင်းလွတ်ရာ တောင်ပိုင်းဒေသကို ထွက်ခွာလာကြပြီး အခြေချ နေထိုင် သီတင်းသုံးခဲ့ကြတယ်လို့ ဆိုပါတယ်၊

      ဒီတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၅၀၀ ကျော်မှာ တည်ရှိပြီး မွန်ဘိုင်း ( ဘုံဘေ ) မြို့ကနေ ၄၅ ကီလိုမီတာလောက် ကားနဲ့ သွားနိုင်တယ်။
 ထူးခြားတာက ယခုခေတ် ပညာရှင်များ အတုယူစရာဖြစ်တဲ့ ကျောက်ဆစ်ပန်းပု လက်ရာများပဲ ဖြစ်ပါတယ်၊ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်တွေ သူတို့ခေတ်က ယဉ်ကျေးမှု့ဆိုင်ရာ ရုပ်ပုံတွေ စတဲ့ လက်ရာတွေက မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်ကလူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြသနေခဲ့တယ်၊

     ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊
- မြတ်စွာဘုရားရှင် လက်ထက်တော်ကတော့ ဘုရားရှင်ဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး သစ်တပင်အောက် ၀ါးတပင်အောက် လှိုဏ်ဂူတွေ ထဲမှာ တရားကျင့်ကြံပြီး ပေါက်မြောက်သွားသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်၊ အရိယာကြီးတွေကတော့ ဒီလို နေရာမျိုးမှာ” အဟော သုခံ ၀တ၊ အဟော သုခံ ၀တ “ အော် ချမ်းသာလေစွတကား အော် ချမ်းသာလေစွ တကား လို့ ဥဒါန်းကျူးရင့်လေ့ရှိကြတယ်၊


လှိုဏ်ဂူများ ရှိရာ မြေပုံပါ
 စိတ်ချမ်းသာစေမယ့် မိုးရာသီ အနေအထားပါ

အတွင်းမှာ ဒီလို ကျောက်ဆစ်လက်ရာတွေ အများကြီးပဲ

ပုဂံ အာနန္ဒာဘုရားအတွင်းက လက်ရာနဲ့ တော်တော် တူတယ်


လှိုဏ်ဂူအတွင်းဘက်မှာ နေရာတိုင်း ရှိတတ်တဲ့ လက်ရာတွေ

အခုလို နွေရာသီမှာတော့ ပူလောင်ခြောက်သွေ့နေပြီး ချွေးတလုံးလုံးနဲ့ပေါ့
အခု ဒီနေရာမှာလဲ အားလုံး လှိုဏ်ဂူပေါင်း( ၁၀၉ )ခု ရှိပါသတဲ့။ နွေရာသီ နေပူပူနဲ့ အပြန်လမ်းမှာ
တော့ တွေးနေမိတယ် -

"  ဒီလို တောတောင် လှိုဏ်ဂူတွေမှာ ၀ိပဿနာတရား ကြိုးစား အားထုတ်ပြီး အရိယာ ၇ဟန္တာဖြစ်သွားကြတဲ့ ရဟန်းတော်အရေအတွက် ဘယ်လောက် ရှိခဲ့လိမ့်မလဲ " လို့ - - မှန်းဆ ကြည်ညိုရင်း ဆိတ်ဆိတ် နေမိပါတော့တယ်

 http://www.dhammayaungchi.com/2010/05/kanheri-caves.html
Related Posts Plugin for WordPress, Blogger...