
၁၉၉၀ ခုနှစ်က Tippi Benjamine Okanti Degre လို့ အမည်ရတဲ့ ကလေးမလေးကို ပြင်သစ်မှာ မွေးဖွားပါတယ်။ မွေးပြီး လပိုင်းမှာပဲ အာဖရိကတိုက် အနောက်တောင်ဘက်က နမ်မီဘီရာ (Namibia) အမည်ရ နိုင်ငံသို့ မိသားစုနဲ့ အတူ သွားရောက် နေထိုင်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါးစလုံးဟာ တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝ အလှ ရိုက်ကူးတဲ့ ဓာတ်ပုံ ဆရာနဲ့ ရုပ်ရှင် ဖန်တီးသူများ ဖြစ်တာကြောင့် ဖြစ်ပါတယ်။
Tippi ဟာ ငယ်စဉ် ကတည်းက တိရစ္ဆာန်များကြား၊ လူရိုင်းများကြား ရှင်သန် ရပါတယ်။ သူမနဲ့ အတူ ကြီးပျင်းတဲ့ ကျားသစ်၊ ဆင်၊ မြောက်၊ ရေမြင်း၊ သစ်ကုလားအုတ်၊ သားပိုက်ကောင်၊ မြွေ၊ မြောက် အစရှိသဖြင့် မြောက်များစွာသော တောရိုင်း တိရစ္ဆာန်ပေါင်း များစွာ ရှိပါတယ်။ မိဘများဟာလည်း တိရစ္ဆာန်နဲ့ ယဉ်ပါးအောင် နေတတ်သလို ကလေးငယ်ကိုလည်း တိရစ္ဆာန်များနဲ့ ယဉ်ပါးအောင် နေထိုင်တတ်စေရန် သင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ဘယ် တောရိုင်း တိရစ္ဆာန်ကိုမဆို မိတ်ဆွေဖွဲ့နိုင်ပြီး အတူ နေနိုင်ပါတယ်။
သူမနဲ့ တိရစ္ဆာန်များဖြင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထုတ်ဝေခဲ့ပြီး ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာအုပ်များ ဖြစ်ခဲ့ပါတယ်။ အသက် ၁၀ နှစ်ကျော်တော့ ပြင်သစ်သို့ ပြန်ပြီး ကျောင်းစတက်ပါတယ်။ ကျောင်းတက်စဉ်လည်း သူမ ကြီးပြင်းခဲ့တဲ့ တောသို့ မကြာမကြာ ပြန်သွားပါတယ်။
ယခုတော့ သူမဟာ တောရိုင်း တိရစ္ဆာန်များ ဆိုင်ရာ လေ့လာရေး၊ သုတေသန ပြုလုပ်ရေး၊ သဘာဝ ပတ်ဝန်းကျင် လေ့လာရေး တီဗီ ချယ်နယ်တို့မှာ အစီစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်ပြီး စာအုပ်များလည်း ရေးသားလျက် ရှိပါတယ်။
.
Ref: wiki
Image - dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/909427469100506




















.
Ref: wiki
Image - dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/909427469100506
No comments:
Post a Comment