စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောက်တတ်သူများ အတွက်




``ဓားကိုဖျက်တော့ ၀ါးမျက်´´ ``လူကိုဖျက်တော့ အရက်´´ ``ရှင်ကိုဖျက်တော့ ဓဇဂ်``လို့ ဆိုရိုးစကားရှိသည် မဟုတ်ပါလား?

ဝါးပင်မှာ ပါရှိတဲ့ ၀ါးမျက်ကို ဓားနှင့် ခုတ်လိုက်မိပြီဆိုရင်တော့ မာကျောလှတဲ့အတွက် ဓားဟာ ပဲ့လို့သွားပါတော့တယ်။ ဒါကြောင့် ဓားကို ဖျက်ဆီးလိုက်တာက ၀ါးမျက်လို့ ဆိုကြတာပေါ့။
လူတွေမှာ ဆိုရင်လည်း တစ်ချို့က အရက်ကို အတော် စွဲစွဲလန်းလန်း သောက်တတ်ကြလေ့ရှိပါတယ်။ အဲဒီလို အရက်ကို စွဲသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မိသားစုအရေးတွေ၊ စီးပွါးရေးတွေ၊ ကြီးပွါးရေးတွေကို အကုန်လုံး စွန့်လွှတ် မေ့ကုန်တော့တာပါပဲ။ သောက်တဲ့ အာရုံတစ်ခုလောက်ကိုသာ စိတ်ထဲမှာ ထားကြတော့တယ်။ သောက်တဲ့အချိန်ကာလ ကြာမြင့်လာတာနှင့်အမျှ ကိုယ့်ဘ၀ကို ကိုယ်ကိုတိုင် ဖျက်ဆီးပြစ်လိုက်ကြတော့တာပါပဲ။ ဒါကြောင့် လူကို ဖျက်တော့ အရက်လို့ ဆိုကြတာပေါ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော်ကနေ နောက်ကို ပြန်ပြီး မှန်းဆ ကြည့်လိုက်ပါ။ တောအရပ် တောဒေသတွေမှာ ရှိကြတဲ့ ဘုန်းကြီးကျောင်းတိုင်း လိုလိုပါပဲ ရှင်သာမဏေတွေများပြားစွာရှိနေခဲ့ကြတာကို တွေ့ရှိကြပါလိမ့်မယ်။ ကျောင်းထိုင်ဆရာတော်ကြီးများကလည်း အနာဂတ်သာသနာအတွက် မျှော်မှန်းချက်နဲ့ ရှင်သာမဏေများကို လိင်ဆယ်ပါး ဒဏ်ဆယ်ပါး ပေစ္စဝေက္ခဏာ သေခိယ ပရိတ်ကြီး သဒ္ဒါ သဂြိုဟ် စတဲ့ အခြခံစာပေများကို သင်ကြားပို့ချပေးခဲ့ကြတာကို တွေ့ရှိကြပါလိမ့်မယ်။

 အဲဒီ အခြေခံစာပေတွေ ပြည့်စုံမှသာလျှင် မြို့မှာရှိကြတဲ့ အထက်တန်းစာပေတွေ သင်ကြားပို့ချပေးကြတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေကို စေလွှတ်ပေးလေ့ ရှိကြတာကို တွေ့ရှိကြပါလိမ့်မယ်။ ဆရာဗန် ငယ်စဉ်အချိန်အခါက အပါအ၀င်ပေါ့။ အခြေခံစာပေတွေ သင်ကြားတဲ့အခါ ပရိတ်ကြီး ၁၁-သုတ်ရောက်လို့ ဓဇဂ္ဂသုတ် ကျက်မှတ်တဲ့အခါမှာ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ ခက်ခဲတဲ့အတွက်ကြောင့်လည်း ရှင်သာမဏေများဟာ လူထွက်သွားတတ်ကြပါတယ်။ အဲဒီ အထဲမှာတော့ ဆရာဗန် မပါဝင်ခဲ့ပါဘူး။ ကျော်လွန်ခဲ့တယ်လေ။ ဒါကြောင့် ရှင်ကို ဖျက်တော့ ဓဇဂ်လို့ ဆိုကြတာပေါ့။ ကလေးဘ၀တုန်းကတော့ ကျက်ဆိုတော့ ကျက်လိုက်တာပါပဲ။ အဓိပ္ပါယ်ကတော့ ဘာမှ မသိရဘူးပေါ့။ အရွယ်ရောက်လာလို့ အနက်အဓိပ္ပါယ်တွေ နားလည်လာတဲ့အခါကျမှ ဓဇဂ္ဂသုတ်ရဲ့ တန်ဖိုးကို သိရှိရပါတော့တယ်။

ဟို တချိန်တုန်းက တာဝတိံသာနတ်တွေနှင့် အသုရာတို့ စစ်ဖြစ်ခဲ့ဘူးကြတယ်။ တာဝတိံသာနတ်တို့ကို အစိုးရတာက သိကြားမင်းဖြစ်တယ်။ ထိုသိကြားမင်းနှင့် အပွင့်တူ အဆင့်တူ ထားတာက ပဇာပတိ ၀ရုဏ ဤသာန နတ်မင်းကြီးများ ဖြစ်ကြတယ်။ တာဝတိံသာ နတ်တို့ရဲ့ ခေါင်းဆောင်ကြီးတွေပေါ့။ စစ်မြေပြင် ရောက်လို့ စစ်တိုက်တဲ့အခါ ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင် ခေါင်းဆောင်ကြီးတွေရဲ့ အလံဖျားကိုသာ လှမ်းကြည့်လိုက်ကြပါ။ အဲဒီလို ကြည့်လိုက်မယ်ဆိုရင် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများဟာ ပျောက်သွားကြပါလိမ့်မယ်တဲ့။

မြတ်စွာဘုရားကတော့ တောနက်ကြီးထဲမှာပဲ ဖြစ်ဖြစ်၊ သစ်ပင်ရင်းမှာပဲ ဖြစ်ဖြစ်၊ ဆိတ်ငြိမ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် နေတဲ့အခါမှာ ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကိုသာ အောက်မေ့နေလိုက်ပါတဲ့။ အဲဒီလို နေလိုက်မယ်ဆိုရင် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများဟာ ပျောက်သွားကြပါလိမ့်မယ်တဲ့။

ဒီတော့ နတ်မင်းကြီးတွေရဲ့ အလံတံခွန်နှင့် ရတနာသုံးပါးဟာ ဘယ်ဟာက အစွမ်းသတ္တိ ရှိပါသလဲ?
နှိုင်းယှဉ် ကြည့်ကြပါဦးစို့ -နတ်မင်းကြီးတွေဟာ ရာဂ ဒေါသ မောဟ မကင်းကြသူများသာ ဖြစ်ကြပါတယ်။ ရာဂ ဒေါသ မောဟ မကင်းကြသည့် အလျှောက် သူတို့ ကိုယ်တိုင်ကလည်း ကြောက်တတ်တယ်။ လန့်တတ်တယ်။ ဘေးရန်တွေနဲ့ကြုံလာရင် ထွက်ပြေးတတ်ကြတယ်။

ဘုရားရှင်ကတော့ ရာဂ ဒေါသ မောဟ ကင်းပြီးသားပါ။ တရားတော်ကလည်း ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ-ဆိုတဲ့အတိုင်း ချမ်းသာ အဆင့်ဆင့်ကို ပေးစွမ်းနိုင်တဲ့ သတ္တိရှိတယ်။ အရိယာသံဃာတော်တွေကလည်း ရာဂ ဒေါသ မောဟ ကင်းပြီးသားပါ။ ပုထုဇဉ်သံဃာများကတော့ ရာဂ ဒေါသ မောဟကင်းအောင် ကျင့်ကြံနေကြတယ်။ ရာဂ ဒေါသ မောဟများ မရှိတဲ့အတွက်ကြောင့် မကြောက်တတ်ဘူး။ မလန့်တတ်ဘူး။ ထွက်ပြေးတယ်ဆိုတာလည်း မရှိဘူး။

ဒီတော့ ရတနာသုံးပါးဟာ ကိုယ်ကိုတိုင်လည်း အစွမ်းသတ္တိရှိတယ်။ သူတစ်ပါးတွေကိုလည်း အစွမ်းသတ္တိကို ဖြစ်စေတယ်။ ကိုယ့်မှာ ရွှေငွေတွေရှိရင် ကိုယ်ကိုတိုင်လည်း သုံးစွဲလို့ ရသလို သူတစ်ပါးတွေကိုလည်း ပေးကမ်းစွန့်ကြဲလို့ ရတာမျိုးပေါ့။ နတ်မင်းကြီးတွေကတော့ ရတနာသုံးပါးနှင့် ပြောင်းပြန်ပါပဲ။ ဆန့်ကျင်ဘက်ပါပဲ။ မိုးနဲ့ မြေပါပဲ။ အရှေ့နဲ့ အနောက်။ တောင်နဲ့ မြောက်ပါပဲ။

အဲဒါကြောင့် ကလျာဏမိတ်အပေါင်း သူတော်ကောင်းတို့ ဘာအလုပ်ပဲ လုပ်လုပ်။ ဘယ်နေရာပဲ သွားသွား။ ဘယ်အရပ်ပဲ ရောက်နေနေ။ အကြောင်း တစ်ခုခုကြောင့် ပုထုဇဉ်များဖြစ်သည့်အလျှောက် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဓဇဂ္ဂသုတ်လာအတိုင်း ရတနာသုံးပါး ဂုဏ်တော်များကိုသာ အဖန်ဖန် အောက်မေ့ ပွါးများကာ နေလိုက်ကြပါလို့ စေတနာ မေတ္တာဖြင့် တင်ပြလိုက်ရပါတယ်။

ဘေးရန်ဥပါဒ် တွေ့ကြုံလတ်သော်၊
ဗုဒ္ဓဓမ္မ သံဃဂုဏ်တော်၊
အာရုံရှေ့ရှု အလေးပြုသော်၊
ဘေးမျိုးကင်း ကောင်းခြင်းအောင်လံတော်။

(၂၅-၁-၂၀၁၃) သောကြာနေ့ ညနေ ၅-နာရီ ၄၅ မိနစ်
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)

http://www.mm4everfriends.com/profiles/blogs/2863689:BlogPost:8207930

ဒံပေါက်ချက်နည်း


ဒံပေါက်ချက်နည်း ----------------<br /
-
ဒီဒန်ပေါက်ကတော့ ပြီးခဲ့တဲ့ အပတ်က ချက်ကျွေးဖြစ်တယ် ။ ဧည့်သည်တွေ လာလည်လို့ပါ ။ ကြက်သားဒန်ပေါက်ပါ ။ ကြက်သား ဒန်ပေါက်ကို ရယ်ဒီမိတ် မဆလာနဲ့ ချက်ကြသလို ကိုယ်တိုင်မဆလာစပ်ပြီးလည်းချက်
ကြပါတယ် ။ဆိတ်သားဒန်ပေါက် နဲ့ အမဲသား ဒန်ပေါက် တို့ရဲ့ မဆလာက ကြက်သားဒန်ပေါက်မဆလာနဲ့ မတူပါဘူး ။ နောက်များ ချက်ရင် တင်ပေးပါ့မယ် ။ အခု ကြက်သား ဒန်ပေါက် ချက်နည်းလေး ပြောပြပါ့မယ်

ကြက်သား ......................................... 1kg
ဆန် .......................................... ၄ဗူး
သစ်ဂျပွေးခေါက် ................................. ၁ ချောင်း ( ၂လက်မ)
ကရဝေးရွက် .................................. ၃ ရွက်
ချောင်းကော့ ........................................ ၂စေ့ (black cardamom)
ဖာလာစေ့ ................................... ၅ စေ့
လေးညင်းပွင့် .................................... ၅ ပွင့်
ဂရမ်းမဆလာ..................................... ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဇီရာမှုန့် .......................................... ၂ဇွန်း (လက်ဖက်ရည်ဇွန်း )
နံနံစေ့ အမှုန့် ....................................၃ဇွန်း (လက်ဖက်ရည်ဇွန်း)
ဆနွင်း / အရောင်တင် ........................အနည်းငယ်
နို့ ............................................... လက်ဖက်ရည်ခွက်တ၀က်
ကုံကုမံ ............................................ အနည်းငယ် (saffron) အရောင်အတွက်
ဇီရာစေ့ ........................................... အနည်းငယ်
ထေားပတ် ....................................... ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ ............................................. ၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ ...................................... ၃လုံး (ဥကြီး)
ကြက်သွန်ဖြူ ..................................... ၁ဥ
ဂျင်း .............................................. ၁တက် ( တလက်မအရွယ်)
စတော်ပဲစိမ်း ..................................... နို့ဆီဗူးဝက်

အခုကျမချက်တဲ့ ဒန်ပေါက်ကတော့ မြန်မာ ဒန်ပေါက်လိုပဲ ချက်တာပါ ။ အိန္ဒိယ ဒန်ပေါက်ကတော့ နို့ချဉ်
လည်းလိုပါတယ် ။ ဆန်ကလည်း သူတို့က (Basmathi Rice ) သုံးပါတယ် ။ ကျမကတော့ ရိုးရိုး ဆန်ပျော့
လေးနဲ့ပဲ ချက်ထားတာပါ ။
ဆန်ကို ရေစိမ်ထားပါ ။
ကြက်သားကို လိုချင်သလောက် အရွယ်တုံးပါ ။

ကုံကုမံကိုနို့နဲ့ စိမ်ထားပါ ။ ဒန်ပေါက်အရောင်အတွက်ဖြစ်ပါတယ် ။
ဆီအိုးတည် ပူလာရင် ဖာလာစေ့သေး ၊ ဖာလာစေ့ကြီး ၊ သစ်ဂျပွေးခေါက် ၊ လေးညင်းပွင့်၊ ကရဝေးရွက် ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့် ၊ ဂျင်းကြက်သွန်ဖြူ ထောင်းထည့် ကြက်သားထည့် ၊ ဆားနဲ့ မဆလာမှုန့်ထည့် ရေနည်းနည်း ထည့်ချက်ပြီး။ ဟင်းက အနှစ်များပြီး ခြောက်နေပါစေ ။
ကြက်သွန်နီ ပါးပါးလှီးပြီးကြော် ။ မဆလာမှုန့် နည်းနည်းထည့်ပြီးရောထား ။

ရေနွေးတည် ဆားများများထည့် ဇီရာစေ့ထည့် ကရဝေးရွက် တရွက်ထည့် ၊ပွက်ပွက်ဆူလာရင် ရေစိမ်ထား
တဲ့ ဆန်ထည့်ပြီး ထမင်း နပ်မဲ့ အနေအထားရောက်ရင် ဇကာထဲထည့်ပြီး ရေစစ်လိုက်ပါ (ဆားများများထည့်
ရခြင်းမှာ ထမင်းကို အရသာဖြစ်စေဖို့ ဖြစ်ပါတယ် ၊ ဒါမှဟင်းနဲ့ရောလိုက်ရင် အတော်ဖြစ်နေတတ်ပါတယ်)
အဖုံးလှုံမဲ့ အိုးထဲကို ထမင်းကို အောက်ဆုံးမှာ တ၀က်ထည့် ၊ ကြက်သွန်ကြော်ဖြူး ၊ ဟင်းထည့် ပဲစိမ်းထည့် ကျန်ထမင်းထည့် ၊ကြက်သွန်ဖြူး ထောပတ်အပေါ်ကနေဆမ်း ၊ ကုံကုမံစိမ်ထားတဲ့ နို့ဖျန်းပါ ။ အဖုံး လှုံလှုံဖုံးပြီး နပ်ထားပါ ။ ကြိုက်တတ်ရင် သီဟိုစေ့ကြော် ၊ စပျစ်ခြောက်ထည့်ပါ ။ ကျမကတော့ အဲ့ဒါတွေ ကိုက်မိရင် အရသာပျက်လို့ မထည့်ပါဘူး ။ ၄၅ မိနစ်လောက် နပ်ဖို့လိုပါ့မယ် ။ ထမင်းကောင်းကောင်း နပ်ရမှာမို့ပါ ။ သခွါးသီးသုပ်လေး နဲ့စားရင် အအီပြေပါတယ် ။


www.edinooyin.com

ပညာတတ် ၊ ပညာရှိ နှင့် ပညာရှင်



(၁) လောကမှာ ပညာတွေ၊ ဘွဲ့ဒီဂရီတွေ တတ်အောင် ရအောင်
တော့သင်ယူထားတယ်၊ ဘွဲ့ဒီဂရီတွေ ရထားသော်လည်း ကိုယ်
တိုင် မကျင့်သုံး၊ မလိုက်နာနိင်သေးတဲ့ အဆင့်ကို "ပညာတတ်"
လို့ ခေါ်တယ်၊

(၂) နောက်တစ်ယောက်ကတော့ ပညာတတ်ရုံသာ မကဘူး၊မိမိ
ရရှိထားတဲ့ ဂုဏ်ဒြပ်နဲ့ လိုက်ဖက်စွာ နှုတ်အပြောအဆို၊ စိတ်နေ
စိတ်ထား၊ ကိုယ်အမူအရာ က အစ သိမ်မွေ့စွာ ပညာရှိ ပီသစွာ၊
ယဉ်ယဉ်ကျေးကျေးနေထိုင် ကျင့်ကြံ နိုင်သူ ကိုတော့ "ပညာရှိ"
လို့ ခေါ်ရတယ်၊

(၃) ပညာရှိရုံ အဆင့်တင် ကျေနပ်မနေပဲ နောက် မိမိတပည့်တွေ၊
ပညာတတ်၊ ပညာရှင်တွေ ထွက်ပေါ်လာအောင် နောက်မျိုးဆက်
သစ်တွေgenerationတစ်ဆက်ပြီးတစ်ဆက် ပေါ်ပေါက်လာအောင်
ပြုစုပျိုးထောင်ပေးနေတယ်၊
(တနည်းအားဖြင့်)
ကိုယ့်မှာ ရှိနေတဲ့ ပညာတွေကို သေမနေစေ ဘဲ အမြဲတမ်း ရှင်သန်
နေအောင် ဥယျာဉ်မှုးကောင်း တစ်ယောက်အဖြစ် ကြိုးစားနေသူကို
ကျတော့ "ပညာရှင်" လို့ သတ်မှတ်ရပါမယ်။

(မူရင်းလင့်-http://www.dhammayaungchi.com/)

http://www.facebook.com/photo.php?fbid=410772215687282&set=a.351047714993066.76

ဗုဒ္ဓဟောကြား ကြီးပွားရေးတရား(၇)


 

စိတ္တာဓိပတိ


စိတ္တေန နိယျတိ လောကော စိတ်သည် လောကကြီးကို ဦးဆောင်၏ ဟုဆို သည့်အတိုင်း လောကကြီးကို စိတ်ကသာလျှင်လွမ်းမိုးအုပ်ချုပ်နေပါ၏၊ထိုကြောင့် လောကကြီးကို လွမ်းမိုးအုပ်ချုပ်လိုသူသည် စိတ်ကိုလွမ်းမိုးအုပ်ချုပ်နိုင်လျှင် လောက ကြီးကိုလွမ်းမိုးနိုင်ပြီး ကြီးပွားတိုးတက်နိုင်မည်ဖြစ်သည်။
စိတ္တေန ပရိကဿတိ စိတ်သည် လောကကို ဆွဲငင်၏ ဟုဆိုသည်အတိုင်း လောကကြီးကိုဆွဲငင်နိုင်လိုသောပုဂ္ဂိုလ်တို့သည် စိတ်ကိုနိုင်နင်းစွာ ဆွဲငင်နိုင်ရမည် ဖြစ်သည်။ထိုကြောင့် မြတ်စွာဘုရားသည် အဓိပတိ အကြီးအကဲတရားလေးပါးကို ဟော ကြားရာ၌ စိတ္တာဓိပတိကို ဟောတော်မူပါသည်။ စိတ်ဆောင်လျှင် အောင်သည်ဆိုသကဲ့ သို့ စိတ်ခိုင်မြဲစွာ ရည်မှန်းချက်ထားလုပ်ဆောင်ပါက ကြီးပွားတိုးတက်မည်သာဖြစ် သည်။စိတ်ခိုင်လျှင် နိုင်မည်ဖြစ်သည်။


စိတ္တဿ ဧကဓမ္မဿ ၊သဗ္ဗေဝ ဝသမနွဂူတိ အလုံးစုံသောတရားတို့သည် စိတ်ဟုသောတခုတည်းသောတရားသို့သာ အစဉ်လိုက်ကုန်၏ ဟုဆိုသည့်အတိုင်း စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများပြီးမြောက်စေရန် ဖြစ်လိုသောစိတ်ထား ကြီးပွားရမည်ဆိုသည့်စိတ်ထားအောင်မြင်ရမည်ဟူသောစိတ်ထားရှိရမွေးမြူရမည်ဖြစ်သည်။စိတ်သည် ရထားခေါင်းတွဲကဲ့သို့တည်း။ရထားခေါင်းတွဲသည် ဆွဲအားပြင်းပြင်းဖြင့် ရွေ့လျားသောအခါ နောက်ပါတွဲပေါင်းများစွာသည် လိုက်ပါရွေ့လျားသကဲ့သို့ စိတ် ဆောင်သောအခါ အခြားအောင်မြင်ကြောင်းတရားများသည်လိုက်ပါဆောင်ရွက်လျှက် အောင်မြင်မူကိုရယူပိုင်ဆိုင်ကြလေသည်။


စိတ်ကိုထိန်းချုပ်နိုင်သူသည် သမာဓိရှိသူဖြစ်၏၊သမာဓိရှိသူသည် ဟုတ်တိုင်းမှန် ရာသိလေ၏။ဟုတ်တိုင်းမှန်ရာသိသူသည် မမှားကင်းကွာ အောင်မြင်ခြင်းများကို ရနိုင် မည်ဖြစ်သည်။
စိတ္တံ ဒန္တံ သုခံ ဝဟံ စိတ်ကိုဆုံးမချမ်းသာရ ဟုဟောကြားတော်မူသည့်အတိုင်း အရိုင်းစိတ်ကို ယဉ်ပါးအောင် ယဉ်ပါးသောစိတ်ကို သိမ့်မွေ့အောင် သိမ့်မွေ့သော စိတ် ကို လွတ်မြောက်အောင်အားထုတ်ကြမည်ဆိုလျှင် လောကီတွင်မက လောကုတ္တရာတရားများကို ရယူခံစားနိုင်ကြမည်ဖြစ်ပါသည်။
ဆက်ရန်


ဓမ္မအလင်းရောင် (Light of Damma)

http://www.facebook.com/photo.php?fbid=410772432353927&set=a.351047714993066.76

ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မင်းအမြဲ မှတ်ပါ မင်း မြန်မာ



ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မင်းအမြဲ မှတ်ပါ မင်း မြန်မာ
=================================
၁။ ဘာလဲဆိုတာ ယှဉ်ပြောရင် မြောက်ဘက်မှာ တရုတ်၊ တောင်ဘက်မှာ မလေး ကျွန်း ဆွယ် အချုပ် အခြာ ပိုင်ခဲ့တဲ့ မြေပုံပြပြီး ရှင်းလို့ ရတဲ့ သမိုင်းရှိတယ်။

၂။ အမျိုးစောင့် ဥပမာ ကျန်စေဖို့ သမီးတော်ကို ကုလားအစား၊ မသန်စွမ်းမင်းသား နဲ့ ထိမ်းမြားပေးခဲ့တဲ့ ကျန်စစ်သားလို မင်းဆက်တွေ ရှိတယ်။

၃။ ပြည်တွင်းမှာ စစ်ခင်းနေပေမယ့် ပြည်ပရန် ရောက်လာရင် မြန်မာကို ကိုယ်စားပြုလို့ စီးချင်းထိုး ရဲဝံ့တဲ့ မွန် သူရဲကောင်း သမိန်ဗရမ်း လို သူရဲကောင်းတွေ ရှိတယ်။

၎။ ဂျပန်မှာ တံခါးဖွင့်ဝါဒ မစခင် အနောက်ကို ပညာသင်လွှတ်ပြီး ရေမြုပ်ဗုံး စထွင်ပြီး နိုင်ငံကို ကာကွယ်ဖို့ ကြိုး စားခဲ့တဲ့ ကနောင်မင်းသားလို ပုဂ္ဂိုလ် ရှိတယ်။

၅။ အင်အားမမျှလို့ သူ့ကျွန်ဘ၀ ရောက်ခဲ့ပေမယ့် နှစ်ပေါင်း ၁၀၀ ကျော် တစ် ရက်မှ မပြတ်ခဲ့တဲ့ တော်လှန်ရေး သမိုင်းတွေ ရှိတယ်။

၆။ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ ဖြစ်နေချိန်မှာ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ခဲ့ပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်အောင် ကိုယ်ပိုင်အစွမ်းနဲ့ ကြိုးစားခဲ့တဲ့ သမိုင်းရှိတယ်။

၇။ ဂေါ်ဘာချော့ လို ဆုပေး၊ ဆိုဗီယက်လို ပြိုကွဲမလား ဆိုပြီး အနောက် အုပ်စုက ဖန်တီးခဲ့ပေမယ့် အရာ မ ရောက်အောင် ထိန်းချုပ်ဖူးတဲ့ သမိုင်း ရှိတယ်။

၈။ ယနေ့မှာ စစ်တိုက်၊ မနက်ဖြန်မှာ လက်ဆွဲနှုတ်ဆက်တဲ့ တပ်မတော်နဲ့ လက်နက်ကိုင် တပ်ဖွဲ့အကြား ထူးခြား တဲ့ ဆက်ဆံရေးတွေ ရှိတယ်။

၉။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပေမယ့် ဗုဒဘာသာနိုင်ငံ အဖြစ် ဂုဏ်ယူဝံ့ကြွားချင်လို့ ၉၆၉ လှုပ်ရှားမှုတွေ ရှိ တယ်။

၁၀။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အစိုးရကို ပြန်အပုပ်ချတတ်တဲ့ လူတွေအကြား မြန်မာဆိုတာ ဒါလား ဆိုပြီး ချီးကျူး အံ့သြ သွားစေခဲ့တဲ့ သူတွေ ရှိတယ်။

By: Oppositeyes

အလှပဆုံးစစ်သားဘ၀ရဖို့ဆိုတာ



တစ်နေ့ဝမ်းစာအတွက် လှလှပပစားရဖို့မလိုပါဘူး
အလှပဆုံးစားရတဲ့တစ်နေ့ အပြစ်မမြင်ဖို့ပဲလိုတာပါ

နေ့စဉ်နှင့်အမျှ ခန့်ခန့်ညားညားနေဖို့ မလိုလားပါဘူး
အလှပဆုံးတစ်နေ့ ၀တ်ရတဲ့အချိန်လေး မကဲ့ရဲ့ဖို့ပါပဲ

အချမ်းသာဆုံးအိမ်ယာတွေနဲ့ နေရဖို့ မလိုအပ်ပါဘူး
တစ်နေ့ နေရမည့်အချိန်ကြရင် မနာလိုမဖြစ်ဖို့လိုတယ်

ငါ့အတွက် ချမ်းသာတဲ့အိမ်ထောက်ဖက်ဖြစ်နေဖို့မလိုအပ်ပါဘူး
အမြဲစိတ်ချမ်းသာပေးမည့် အိမ်ထောင်ရေးလှလှလေးပဲလိုတယ

လူသားတိုင်းကို အပြစ်မဲ့သတ်ဖြတ်ဖို့မွေးဖွားလာတာ မဟုတ်ခဲ့ပါဘူး
ရန်သူတွေအားလုံးကိုကာကွယ်ရန် အသက်စွန့်ဖို့ မွေးဖွားလာရခြင်းပါပဲ

ငါတို့ကို မုန်းချင်မုန်းပါ ချစ်ချင်ချစ်ပါ ကဲ့ရဲ့ပါ အမျိုးမျိုးဝေဖန်နိုင်ပါတယ်
ငါသာတိုက်ပွဲမှာ ကျဆုံးသွားတဲ့တစ်နေ့ ၀မ်းမနည်းပဲ ဂုဏ်ပြုပေးဖို့ပါပဲ။

ရေး - နန်းမီမီမိုးစက်


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

၉၆၉ (သို့မဟုတ်) ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်များ အဓိပ္ပါယ်



"မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး"
*********************************************
ဣတိပိ သောဘဂဝါ

(၁)။အရဟံ

(၂)။သမ္မာသမ္ဗုဒ္ဓေါ

(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော

(၄)။သုဂတော

(၅)။လောကဝိဒူ

(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ

(၇)။သတ္ထာ ဒေဝမနုဿာနံ

(၈)။ဗုဒ္ဓေါ

(၉)။ဘဂဝါ

(၁)။အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

(၂)။သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဥာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။

(၃)ဝိဇ္ဇာစရဏသမ္ပန္တွော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝါ)ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏတရား (၁၅)ပါးတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဝိဇ္ဇာသုံးပါး

(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်=ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဥာဏ်။

(၂)။ဒိဗ္ဗစက္ခုဥာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဥာဏ်

(၃)။အာသဝက္ခယဥာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဥာဏ်။

ဝိဇ္ဇာရှစ်ပါး

(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။

(၂)။ဒိဗ္ဗစက္ခုဥာဏ်။

(၃)။အာသဝက္ခယဥာဏ်။

(၄)။ဝိပဿနာဥာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဥာဏ်။

(၅)။စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကိုသိသောဥာဏ်။

(၆)။မနောမယိဒ္ဓိဥာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဥာဏ်။

(၇)။ဒိဗ္ဗသောတဥာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဥာဏ်။

(၈)။ဣဒ္ဓိဝိဓဥာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဥာဏ်။

စရဏတရားတစ်ဆယ့်ငါးပါး

မှတ်ဉာဏ်တိုးပွား ရင့်သန်စေသည့် Rosemary ရနံ့ကုထုံး





Rosemary ပန်းမှရသော ရနံ့ဖြင့် ကုသမှုခံယူခြင်းသည် ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင် ပေးနိုင်ကြောင်း သိရှိရသည်။ အဆို ပါပန်းရနံ့ကို ရှေးနှစ်ပေါင်းများစွာက တည်းက ခေါင်းမူးခြင်းနှင့် ဦးနှောက် အားနည်းခြင်း (brain weakness)များတွင် အသုံးပြုခဲ့ကြောင်း သိရှိရ သည်။


ယခုလေ့လာမှုကို ဦးဆောင်ခဲ့သော Dr.Mark Mose က rosemary aromatherapy သည် ယခင်အတိတ်မှ အဖြစ်အပျက်များကို မမှတ်မိသူများကို ပိုမိုမှတ်မိစေကြောင်း မှတ်ဉာဏ်ချို့ယွင်းလာသော သက်ကြီးရွယ်အိုများတွင်လည်း မှတ်ဉာဏ်ပိုမိုကောင်းမွန်လာစေကြောင်း rosemary ပန်း၏ အဆီသည် ဦး နှောက်၏ သိမြင်မှုစွမ်းရည် (cognitive power)ကိုမြှင့်တင်ပေးနိုင် ကြောင်းကိုသုတေသနပြုနိုင်ခဲ့သည်။
ယခုလေ့လာမှုတွင် ရနံ့ကုထုံးကို ခံယူခဲ့ကြသည်။ Rosemary ၏ ကောင်းကျိုးများမှာ -
 

၁။ ပိုးသတ်သောပဋိဇီဝအာနိသင်၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသည်။
၂။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပြီး ကြက်သားနာကျင်မှုကို လျော့ပါး စေသည်။
၃။ ရနံ့ကို ရှူရှိုက်ခြင်းသည် လည်ချောင်းနာခြင်းကို သက်သာစေ ပြီး အစာစားလိုစိတ်ကို တိုးပွားစေကာ အစာခြေခြင်းကို အားပေးသည်။
၎။ လိမ်းကျံခြင်းအားဖြင့် အရေပြား ကိုစိုပြည်စေသည်။
၅။ ခေါင်းလျှော်ရည်တွင် ပါဝင်ခြင်း က ဆံပင်ကျွတ်ခြင်းနှင့် ဗောက်များကို ပျောက်ကင်းစေသည်။

သက်ကို
Ref: PTI
Health Updates


http://www.facebook.com/photo.php?fbid=410841282347042&set=a.351047714993066.76

ဗုဒ္ဓဘာသာဝင်တို သသသင့်သော အမေး ၊အဖြေ (၁၀)ခု

 

၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါဟူသမျှတို့သည် အကြောင်း'အာဟာရ'လျှင် တည်ရာရှိကုန်၏။

၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= နာမ်နှင့် ရုပ်တည်း။

၃။ သုံးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဝေဒနာသုံးပါးတို့တည်း။

၎။ လေးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။

၅။ ငါးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။

၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အတွင်း 'အဇ္ဈတ္တိက' အာယတနခြောက်ပါးတို့တည်း။

၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။

၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။

၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါတို့၏ တည်နေရာ 'သတ္တာဝါသ' ကိုးပါးတို့တည်း။

၁ဝ။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို ''ရဟန္တာ''ဟုဆိုအပ်၏။

ကုမာရပဥှာ၊ ခုဒ္ဒကပါဌပါဠိတော်။

တရားတော်များ

http://www.facebook.com/photo.php?fbid=410841952346975&set=a.351047714993066.76

ကမ္ဘာ့ပထမဆုံး မြန်မာ၏ tablet (ကျောက်သင်ပုန်း) သမိုင်းအစ

 
ကမ္ဘာ့ပထမဆုံး မြန်မာ၏ tablet (ကျောက်သင်ပုန်း) ၁၉၄၅ တွင်တည်ထွင်သည်။

မြန်မာ့tablet သမိုင်းအစ


ကျောက်သင်ပုန်း(tablet)နှင့် ကျောက်တံ(pen)များ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (tabet) ၅ချပ်သာပြီး၏။ တစ်ဖြည်းဖြည်းနှင့်တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း(tablet) ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း(tablet) ဖြစ်လာသည်။ ၁၉၅၀ ခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲတွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည်မွန်တို့၏လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်း(tablet)လုပ်ငန်းသည် ကျော်ကြားခဲ့သည်။
(စာရှည်မည်စိုးသောကြောင့် နောက်ပိုင်းစာပိုဒ်များတွင် မြန်မာမှုဆန်စေရန် tablet အစား ကျောက်သင်ပုန်းဟုသာ သုံးစွဲသွားပါမည်။ စကားချပ် )

ထုတ်လုပ်ပုံ


ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။ မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး၊ တောင်ပေါ်ကနေ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်။ ကျောက်သင်ပုန်းကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ရသော်လည်း အခုဆိုလျှင် တွင်းအနက်ကြီးတူးပြီး ယူရသည်။ တွင်းများကို တည့်တည့်တူးလို့မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။ အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်းတိုင်ထွန်းလို့မရပါ၊ မီးချောင်းများထွန်းပြီး ဆင်းရသည်။ တစ်ချို့တူးနေသော တွင်းများသည် ပေ ၂၀၀ အထိ နက်သည့်အတွက် အောက်ခြေမှာ ရေများ စိမ့်ဝင်သည်။ ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကို ခြစ်ထုတ်ရသည်။


 ခြစ်ထုတ်ပြီး ကျောက်များကို စတူးရသည်။ ကျောက်များကို အတုံးလိုက်အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့ တင်ရသည်။ တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။ အလွှာလိုက်အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစားအလိုက် ၈လက္မ၊ ၆လက္မ၊ ၇လက္မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။ ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။ ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန်ညီအောင် ညှိပေးရသည်။ ပြီးလျှင် စက်နဲ့တစ်ခါ ပြန်ချောပေးရသည်။ ထို့နောက် ရေနှင့် ဆေး၊ နေပူလှန်း၊ ဆေးသုတ်၊ အခြောက်ခံရသည်။ ပြီးလျှင် ဘောင်သွင်းရသည်။ ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ (၀ါး သို့မဟုတ် သစ်မာသားဖြင့် သစ်ပွသားဘေင်၏အဆက်ထောင့်များတွင် စို့ရိုက်ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါသည်၊ သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ ဖြန့်ကြသည်။

ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်


ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ -
(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။
(၂) ၄င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။
(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။
(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။
(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါတစ်ထမ်းကို ၂ကျပ် ၅၀ပြားနှုန်းဖြင့် ပို့ပေးရသည်။
(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။
(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။
(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။
(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။
(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ ဘောင်တပ်ခမှာ ကျောက်သင်ပုန်း ၁၀၀ လျှင် ၁၅ ကျပ်နှုန်းဖြစ်၍ တစ်နေ့လျှင်ဘောင် ၂၅၀ ထိ ပြီးနိုင်သည်။

ကျောက်တံ (pen) ထုတ်လုပ်ပုံ အဆင့်ဆင့်


ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တန်းနု၍ ကျောက်သားပွ ရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုက် အသေးများကို သယ်၍ မညီလျှင် ရွေဘော်ထိုးပေးရသည်။ ရွေဘော်ထိုးပြီး ရေတစ်ညစိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချွန်ပေးရတယ်။ အရင်က စက်နဲ့ချွန်၍ အခုမှာ ကော်ပတ်နှင့် အဆင်ပြေ၍ ကော်ပတ်နှင့် ချွန်ကြသည်။ ကော်ပတ်စားပြီးလျှင် ၆လက္မ၊ ၈လက္မ အရွယ်ဆိုက်များ ဖြတ်ရသည်။ ဆေးပြီး အခြောက်လှန်းကာ အမဲရောင် ဆေးဆိုးပေးရသည်။ မန္တလေးကို တင်ပို့လျှင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီး၊ မွန်ပြည်နယ်မှာ တင်ရောင်းလျှင် တစ်စည်းကို အချောင်းတစ်ရာစီ စည်း၍ ဖောက်သည်သွင်းရသည်။

ဈေးကွက်


ဈေးကွက်မှာ ပုံမှန်ဈေးကွက် ဖြစ်သည်။ ကျောက်ပြားများ အထွက်နည်းလာသောကြောင့်၊ သုံးစွဲသူ နည်းသွား သောကြောင့် ထုတ်ကုန်နဲ့ ရောင်းကုန် မျှတနေသည်။ ကျေးရွာမူလတန်းကျောင်းများနှင့် မြန်မာပြည် အထက်ပိုင်းတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသေးသည်။ အခုအခါ ကျောက်သင်ပုန်း သုံးစွဲသူ နည်းသွားသော်လည်း မွန်တို့၏ လက်မှုပညာတစ်ခုဖြစ်သည့် ကျောက်သင်ပုန်းလုပ်ငန်းသည် တည်ရှိနေဦးမည် ဖြစ်သည်။

(wikimyanmar မှ ပြန်လည်ကူးယူဖော်ပြကာ အနည်းငယ်ပြန်လည်ပြင်ဆင်ထားပါသည်)


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

အောင်မြင်မှု နိယာမ...




တစ်ခါတုန်းကအောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကို ရှာဖွေချင်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ တောင်ပေါ်မှာနေတဲ့ ပညာရှိကြီးတစ်ယောက်ဆီကိုသွားတယ်။ ပညာရှိကြီးရဲ့တဲကိုရောက်တော့ သူက ပညာရှိကြီးခင်ဗျား ဘ၀အောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကိုကျွန်တော့်ကို ပြောပြပေးပါ လို့ တောင်းဆိုတယ်။ ပညာရှိကြီးက ခဏတိတ်ဆိတ်သွားပြီးမှသူ့ ကို အနားမှာရှိတဲ့ မြစ်တစ်မြစ်ဆီကို ခေါ်သွားတယ်။

သူတို့ နှစ်ယောက်ဟာ လူငယ်လေးရဲ့ခေါင်းရေထဲကိုမြှပ်တဲ့အထိ မြစ်ထဲကိုဆင်းလျှောက်သွားတယ်။ လူငယ်လေးက သူ့ ရဲ့ ခေါင်းကိုရေပေါ်ပြန်ဖော်နိုင်အောင် ကြိုးစားရုန်းကန်နေရတယ်။ ဒါပေမယ့် ပညာရှိကြီးက သူ့ ကို မကူညီတာကိုကြည့်ပြီး သူအရမ်းအံ့သြသွားတယ်။ သူ့ ကို မကယ်တဲ့ အပြင်ကို ပညာ၇ှိကြီးက သူ့ ခေါင်းကိုရေထဲကို ထပ်နှစ်လိုက်တယ်။ ခဏကြာတော့မှ ပညာရှိကြီးက လူငယ်လေးကို ရေထဲကနေဆွဲထုတ်လိုက်ပြီးသူတို့ နှစ်ယောက်ဟာ ပညာရှိကြီးရဲ့ တဲဆီကို ပြန်လျှောက်လာတယ်။ ပညာရှိကြီးက လူငယ်လေးကိုသူ့ ခေါင်းရေထဲကို နှစ်မြှပ်နေတဲ့အချိန်မှာ ဘာကို အတောင့်တဆုံးလဲလို့ မေးလိုက်တယ်။လူငယ်လေးကလည်း မဆိုင်းမတွပဲနဲ့  ကျွန်တော် အသက်ရှုချင်တာပေါ့ဗျ၊ ခင်ဗျားရူးနေလားဆိုပြီးတော့ပြန်ပြောလိုက်တယ်။

အဲဒီတော့ ပညာရှိကြီးကအဲဒါပဲသား၊ မင်းဟာ အသက်ရှုချင်သလိုမျိုးသာ အောင်မြင်မှုကို တောင့်တမယ်ဆိုရင်၊ အောင်မြင်မှုရဲ့သော့ချက်အမှန်ကို မင်းသိလာမှာပါလို့ ပြောလိုက်တယ်။

အောင်မြင်မှုရဲ နိယာမ

အောင်မြင်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။သင့်ဆီမှာ တကယ်ကို ခိုင်လုံတဲ့ အကြောင်းပြချက်သာရှိမယ်ဆိုရင်၊ သင်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။တစ်ခုခုကို လုပ်ဖို့ အတွက် အကြောင်းပြချက်ရှိလာပြီဆိုရင် တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ကို နည်းလမ်းရှာကြမှာပါ။ သာမာန် ဆန္ဒရှိရုံနဲ့ တော့ ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ တကယ်ကို ပြင်းပြတဲ့ဆန္ဒသာလျှင် စွဲလမ်းမှုဖြစ်လာနိုင်ပြီးတော့၊ အဲဒီစွမ်းလမ်းမှုကပဲ သင်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်သွားနိုင်အောင် စွမ်းအားတွေကို ယူဆောင်လာပေးမှာပဲဖြစ်ပါတယ်


Success Principles ဆိုတဲ့ပုံပြင်လေးကို ပြန်ဆိုထားတာပါ။

စနိုး

မေတ္တာဘာဝနာတရား နေ့စဉ်ပွားပါ။



၁။မိမိသည် ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ။

နည်းတူ။ ။

၂။မိမိ၏ မိဘနှစ်ပါးသည်..။
၃။မိမိ၏ ဆရာသမားများသည်..။
၎။မိမိ၏ ဆွေမျိုးများသည်...။
၅။ မိမိ၏ မိတ်ဆွေသူငယ်ချင်းများသည်....။
၆။မိမိထက်ကြီးသူငယ်သူအရွယ်တူသူတို့သည်...။
၇။ မိမိ၏ မိတ်ဆွေသူငယ်ချင်းမဟုတ်သူများသည်လည်း...။
၈။ သုံးဆယ်တစ်ဘုံမှာ ရှိကြကုန်သော သတ္တ၀ါအားလုံးသည်...။

မှတ်ချက်။ ။မေတ္တသုတ်တော်လာ၊ မေတ္တာပို့နည်း (၁၁)နည်း။
မင်းကွန်းဆရာတော်ဘုရားကြီး၏မေတ္တာပို့နည်း။
တစ်ခြားသောမေတ္တာပို့နည်းများလည်းရှိပါသေး၏။

မိမိနှစ်သက်တဲ့မေတ္တာပို့နည်းတစ်ခုခုကို အစဉ်ပွားများနေဖို့ပါပဲ။

မေတ္တာအကျိုး ၁၁-ပါး။
**************

မေတ္တာတရား ပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး ၁၁-ပါး။
(၁) ချမ်းသာစွာ အိမ်ရခြင်း၊
(၂) ချမ်းသာစွာနိုးရခြင်း၊
(၃)မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊
(၄)လူတို့ ချစ်နှစ်သက်ခြင်း၊
(၅)နတ်တို့ မြတ်နိုးခင်မင်ခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း၊
(၁၀) မတွေဝေဘဲသေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။

လပြည့်ဝန်း [သာစည်]

မေတ္တာဖြင့်နေသူသာ ငြိမ်းချမ်းမယ်။

ဓမ္မလမ်းပြကြယ်


http://www.facebook.com/photo.php?fbid=410846655679838&set=a.351047714993066.76

.နွံကြားထဲကကြာ.. နွံထဲမှာဘဲ..ကြွေခဲ့ပြီ



(အရမ်းကောင်းတဲ့ကဗျာတပုဒ်ဗျာ...ဖတ်ကြည့်စေချင်တယ်...ဗဟုသုတရပါတယ်)

♥ ဘာ ဘာ ဘယ်လိုဆရာ..
ကျူပ်မှာ AIDS ဆိုတဲ့ ရောဂါ ရှိနေပြီတဲ့လား။
တောသားကျုပ် လယ်ထဲ အလုပ်လုပ်..
နွားတစ်ကောင်လို သန်စွမ်း..
အကြမ်းပတမ်း စမ်းချင်ရာစမ်း..
ဒီလောက် ကြံ့ခိုင်တဲ့ ကျုပ်မှာ
အရေပြားယားနာ ပေါက်တာနဲ့ 
ဆရာဝန်က သွေးစစ်တာ..
ဘုရား ဘုရား
HIV တဲ့ဗျာ..
ဒါဟာ သေလောက်တဲ့ ရောဂါတဲ့..

♥ ဘာကြောင့် ဖြစ်သလည်းဆရာ ဆိုတော့
"မိန်းမနဲ့ အိပ်လို့ ရတဲ့ အနာ..
မူးယစ်ဆေးဝါးကြောင့်ဖြစ်တာ
ကွန်ဒုံးမသုံးလို့ ဖြစ်တာ..
ဆေးထိုးအပ် မသန့် လို့ ဖြစ်တာ"

♥ ဘုရားပေးပေး ကျမ်းပေးပေး
ကျုပ်မိန်းမ .မယ်ဖော့ကလွဲ..
ကျုပ် အငယ်လည်း မဆွဲရပါဖူး.
မူးယစ်ဆေးဝါးမပြောထား..
ထန်းရေလေးတောင်မသောက်ပါဖူး။
ကွန်ဒုံးဆိုတဲ့ အရာ
ကျုပ်မြင်တောင်မမြင်ဖူးပါဖူး။
ကျုပ်တို့  အဖိုးအဖေ..
ကွန်ဒုံးမပါဘဲ..အိမ်ထောင်ကျ..
ကျူပ်မျိုးဆက်ကျမှ..၀ယ်ရမတဲ့..
ဘယ်မှာရောင်းလည်း ကျူပ် မသိ..
မယ်ဖော့ လည်း နုံအအ သတ္တိမရှိ.

♥ ကျူပ်မွေးတာ မဆလ။ နအဖ လက်ထက်..
စပါးလယ်မြေတွေ ကြက်ဆူ မစိုက်မနေရ စိုက်
လယ်ကောင်းတွေ သုန်း၊ လယ်မြေပြုန်း
ဆရာစံ လက်ထက်တဲ့ မွဲ့ တဲ့ လယ်သမား
ကျုပ်တို့  နင်းပြား ဆင်းရဲစုတ်ပြတ်တဲ့ ဘ၀..
ညစာစားဖို့ တောင် အနိုင်နိုင်..
မရှက် မကြောက် ပြောရရင်..
ဇိမ်ခံနိုင်တဲ့ အရာက ကျုပ်မှာ ဒီတခုဘဲရှိတာ
ဆရာ ရယ်..
အခါတိုင်းတော့ ကျနော် မတတ်နိုင်ပါဖူး..

♥ ဖြစ်နိုင်တာ တခုဘဲရှိတယ်..
ဟိုတခါ ကျုပ်ဖျားတော့..
ဟိုဘက်ရွာက..ရမ်းကုဒေါက်တာ..
အပ်တုံးတုံးနဲ့ ဆေးတလုံး ထိုးပေးခဲ့တာ။
ကျုပ် အရင်ဆေးထိုးသူ က
ရန်ကုန်ပြန် .အနှိပ်သည်.နှင်းမြ..
သူက အခု သေသွားပြီ။
ကာလသားရောဂါ လို့  အများပြောသည်။

♥ အခုတော့ ကျူပ်နဲ့ မယ်ဖော့..
ဗိုင်းရပ်ပိုးတွေ..
အသွေးအသားကို ကိုက်နေပါပေါ့။
အမလေး ဆရာရယ်..
မကယ်နိုင်တော့ဖူးလား..

♥ အော်.. ပြည်သူ..ပြည်သူ..
အသိဥာဏ်က နုံနဲ့ ..
ကျမ်းမာရေး မပြည်မစုံနဲ့ 
တိုးချဲ့ ပညာပေးရမဲ့ အစိုးရ..
ဘာအရေးမှ ဖြစ်မြောက်အောင်မလုပ်..
သတင်းစာထဲ ဘာဖွင့်ပွဲ ညာဖွင့်ပွဲ
လက်ညှိုး တထိုးထိုးလုပ်.

♥ ကျူပ်ငယ်ငယ်..
မဆလ လက်ထက်ကမှ..
အစိုးရ သားဖွားဆရာမ
ပင့်ရင် အိမ်အထိကြွတယ်..
အခုတော့ အစိုးရ ကျမ်းမာရေးဝန်ထမ်း..
ဘယ်မှာမှန်းမသိ..
ဘာဆေးမှ မရှိ..
ကျုပ်သမီး..ရွှေမိ မီးဖွားတဲ့ အခိုက်..
မတတ်တတတ် အရပ်လက်သည်မ
လက်စွမ်းပြထည့်လိုက်တာ..
မီးနေခန်းထဲ အမေနဲ့ ကလေး..
ရေတိမ်နစ်ခဲ့ရတယ်..

♥ အခုလည်းကျုပ်နဲ့ မယ်ဖော့..
မသန့် ရှင်းတဲ့ အပ်နဲ့ ဆေးကုမိတော့..
ကာလသားနာဆိုတဲ့..၀ဋ္ဋ်..
HIV ရောဂါဆိုးနဲ့ သေရတော့မယ်။

♥ အပြစ်စင်တဲ့ လူ ဘယ်လောက်များ..
ဒီလို ခံစားရပြီးပြီလည်း။
အစိုးရမင်းများ..
ဘာတွေ များ..ကူညီကြမလည်း..
အပြစ်မဲ့ လူသား..နွံကြားထဲကကြာ..
နွံထဲမှာဘဲ..ကြွေခဲ့ပြီ။
အမည်းရောင်ဖုံးတဲ့ မြန်မာ့ကျေးလက်၏ ပန်းချီ။


ကျနော် ကြိုက် သော ကဗျာများ

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း



ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့ ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ အတွက်ပဲ ဖြစ်ပါတယ်။

သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့

(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ

(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ

(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ

(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ

(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့် လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း သဿတဒိဋ္ဌိ

(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။

သတ္တဝါ တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

စာရေးသူ = မနာပဒါယီအရှင်ဝိစိတ္တ(ဒိုက်ဦး)

World Of Wisdom


http://www.facebook.com/photo.php?fbid=410883819009455&set=a.351047714993066.7

နွေရာသီမှာ သောက်သုံးနိုင်သော အရည်များ



ယခုလိုမျိုး ပူပြင်းတဲ့ ရာသီမှာ ရေဓာတ် ဆုံးရှုံးမှု များတာကြောင့် ကုန်ဆုံးသွားသော ရေဓာတ် များကို ပြန်လည် ဖြည့်တင်းရန် မှန်ကန်သမ မျှတတဲ့ အရည် သောက်သုံးမှု လိုအပ်လှပါတယ်။ စာဖတ်သူ မိတ်ဆွေများကို ပြန်လည် ဝေငှလိုတဲ့ သောက်သုံးသင့်သော အရည်များကတော့...

(၁) ရေ

နွေရာသီမှာ သောက်သင့်ဆုံး ကတော့ “ရေ” ဖြစ်ပါတယ်။ လူတစ်ဦးဟာ နေ့စဉ် ရေခြောက်ခွက်မှ ရှစ်ခွက်အတွင်း သောက်သုံးသင့်ကြောင်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင် များက ထောက်ပြ ပြောဆိုပါတယ်။ ရေသောက် နည်းသူတွေ အနေနဲ့လည်း ထမင်းစားစဉ်၊ Snack လို အစားအစာတွေ စားစဉ်တွေမှာ ရေကိုတွဲဖက် သောက်သုံးခြင်းဖြင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်အားဖြည့် နိုင်ပါတယ်။

(၂) သဘာဝ အချိုရည်

သဘာဝ သစ်သီး အချိုရည်တွေ ကတော့ နွေမှာ သောက်သုံး သင့်ပေမယ့် သကြား များများဖြင့် ဖျော်ထားလျှင်၊ ကယ်လိုရီ ပါဝင်မှု များလျှင်တော့ ခန္ဓာကိုယ်ကို ထိခိုက် စေတာကြောင့် သဘာဝ ဖျော်ရည် သောက်သုံး တတ်သူတွေ အနေနဲ့လည်း အချို မကြိုက်ဘဲ သဘာဝ အရသာကို မှီဝဲပါလို့ အကြံ ပြုပါရစေ။ ဒါကြောင့် သကြားမဲ့ သစ်သီး ဖျော်ရည်သာ သောက်သုံး သင့်ပါတယ်။ ပိန်သွယ်လိုသူ၊ အချို ရှောင်လိုသူများ အနေနဲ့ ကတော့ သဘာဝ လိမ္မော် ဖျော်ရည်ထက် လိမ္မော်သီး တစ်လုံး စားလိုက်ခြင်း က ရေငတ်လည်း ပြေပြီး ဖျော်ရည် သောက်သလို ခံစား ရစေပါတယ်။

(၃) နွားနို့

ကယ်လ်ဆီယမ်၊ မဂ္ဂနီ ဆီယမ်နဲ့ ဗီတာမင်ဒီ စတဲ့ အာဟာရတွေ ပါဝင်တဲ့ နွားနို့ကတော့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်း ပေးတာကြောင့် သောက်သုံးသင့်တဲ့ အရည်ထဲမှာ ပါဝင်ပါတယ်။ အဆီ ပါဝင်မှု နည်းတဲ့ သို့မဟုတ် အဆီ မပါဝင်တဲ့ နွားနို့တွေ ကတော့ အချိုဓာတ် ရှောင်ကြဉ်လိုတဲ့ ယနေ့ ပျိုမေများ အကြိုက်ပါ။

(၄) ပဲနို့

ပဲနို့ဖျော်ရည် အေးအေးလေးတွေ ကတော့ အာဟာရ လည်းဖြစ်၊ အမောလည်း ပြေစေတဲ့ အရည်တွေ ပါပဲ။ သကြားဓာတ် ပါဝင်ပေမယ့် ကျန်းမာရေးနှင့် ညီညွတ်သော ပဲနို့ဘူးလေး တွေကို ဈေးကွက်ထဲမှာ အလွယ်တကူ ရနိုင် နေပါပြီ။

(၅) ရေနွေး

ရေခဲရေ သောက်သုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ် ဆိုတာကို စာရှုသူ မိတ်ဆွေများ သိရှိကြ ပေမယ့် ရေခဲရေကို ရှောင်ဖယ်ရန် ခက်ခဲကြ ပါတယ်။ ရေခဲရေ အစား အစားထိုး သောက်သုံးသင့်တာ ကတော့ ရေနွေးပါပဲ။ ယနေ့ လက်ဖက်ရည် ဆိုင်နှင့် စားသောက်ဆိုင် ယဉ်ကျေးမှုမှာ ရေနွေး သောက်ခြင်းက ခေတ်စားလျက် ရှိပြီး ယခုလို ပူအိုက်သော ရာသီတွင် ရေနွေး သောက်ခြင်းသည် ကျန်းမာရေးကို တစ်ဖက် တစ်လမ်းက အထောက်အကူ ပြုနေကြောင်း တင်ပြလိုက်ရ ပါတယ်။

Source ►http://bit.ly/YaAd63


http://www.facebook.com/photo.php?fbid=410884072342763&set=a.351047714993066.76

ကမ္ဘာ့ အချမ်းသာဆုံး လူ ၁၀ ဦး

Top 10 Richest People In The World


No.1 Carlos Slim Helu  ကလက်ရှိ အချမ်းသာ ဆုံးပါ။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 69 ဘီလီယံဖြစ်ပြီး  Maxico နိုင်ငံသားပါ။

No.2 Bill Gates  ကတော့ လူသိများတဲ့ လူတစ်ယောက် ဖြစ်ပြီ သူ့ကို  Microsoft CEO အဖြစ်လူသိများကြပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 61 ဘီလီယံဖြစ်ပြီး American (US) နိုင်ငံသားဖြစ်ပါတယ်။


No.3 Warren Buffett ကတော့ တတိယ အချမ်းသာဆုံး ဖြစ်ပြီ သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 44 ဘီလီယံဖြစ်ပါတယ်။သူလဲ  American (US) နိုင်ငံသားဖြစ်ပါတယ်။

No.4 Bernard Arnault  ကတော့ နာမည်ကြီး ပြင်သစ် စီးပွါးရေး သမားဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 41ဘီလီယံဖြစ်ပြီး France နိုင်ငံသားဖြစ်ပါတယ်။


No.5 Amancio Ortega ကလဲ နာမည်ကြီး စပိန် စီးပွါးရေး သမားဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 37.5 ဘီလီယံဖြစ်ပြီး Spain နိုင်ငံသားဖြစ်ပါတယ်။

No.6  Larry Ellison ကတော့  Oracle Corporation ကိုစတင်တည်တောင် သူပါ။ သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ36 ဘီလီယံဖြစ်ပြီး American (US) နိုင်ငံသားဖြစ်ပါတယ်။


No.7 Eike Batista  ကတော့ Brazilian စီးပွါးရေး သမားဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 30 ဘီလီယံဖြစ်ပြီး Brazil နိုင်ငံသားဖြစ်ပါတယ်။


No.8 Stefan Persson ကတော့ နာမည်ကြီး ဆွီဒင် စီးပွါးရေး သမားဖြစ်ပါတယ်။ Reputed fashion company မှာ CEO အဖြစ်လုပ်ကိုင် ပေါတယ် rသူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 26 ဘီလီယံဖြစ်ပြီး Sweden နိုင်ငံသားဖြစ်ပါတယ်။


No.9  Li Ka-shing  ကတော့ ဟောင်ကောင် ကနာမည် ကြီး  စီးပွါးရေး သမားဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 25.5 ဘီလီယံဖြစ်ပြီး Hong Kong. နိုင်ငံသားဖြစ်ပါတယ်။

No.10 Karl Albrecht  ကလဲ နာမည်ကြီးဂျာမန် စီးပွါးရေး သမားဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှူ့ က ဒေါ်လာ 25။4 ဘီလီယံဖြစ်ပြီးGermany. နိုင်ငံသားဖြစ်ပါတယ်။


ref: top10panel.com

http://www.mmcfamily.org/profiles/blogs/top-10-richest-people-in-the-world

တစိမ့်စိမ့်တွေးမယ်(သိစရာတွေးစရာ)



(၁)     အချစ်ခံရဖို့ မျှော်လင့်ချက်နဲ့ လုပ်တာတွေဟာစိတ်ပျက်ရတာမှာ လမ်းဆုံးတာ များပါတယ်။

(၂)     ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ခံစားချက်၊ကိုယ်ပိုင်စိတ်ုကိုက်ရွေးချယ်မှုကိုယ်ပိုင်အသိညာဏ်
          ရှိမှ ကိုယ်ပိုင်ဘ၀ဖြစ်မယ်။

(၃)     ကိုယ်ပိုင်အသိညာဏ် ရှိမှ  ကိုယ်ပိုင်ဘ၀ဖြစ်မယ်။ အငှား အ တွေး အ ခေါ်၊အငှားခံစားချက်၊
         အငှားအကြိုက်၊ အငှားအသိညာဏ် ၊ဖြစ်နေရင် အငှားဘ၀ ဖြစ်နေမယ်။

(၄)     လူတစ်ယောက်မှာ ဘာလွတ်လပ်မှု့မှ မရှိတော့ဘူးထားဦးသူ့မှာ နောက်ဆုံးထွတ်သက်
         တစ်ခုတော့ ရှိသေးတယ်အဲဒါကတော့ ဖြစ်နေတဲ့အခြေအနေမှာ သူ့သဘောထားကို
         သူ့စိတ်ကြိုက်ရွေးချယ်နိုင်တာပဲ။

 (၅ နေရာတစ်ခုကို မရမက မယူချင်တဲ့သူအဖို့ နေရာပျောက်တယ်ဆိုတာမရှိတော့ဘူး ..။

 (၆)   ကိုယ့်ကိုယ်ကို မြှင့်ချင်ရင် သူများကို မြှင့်ပေးပါ။သူများကို မြှင့်ပေးလေလေကိုယ်လည်း
         မြင့်သွားလေလေ။

ဆရာတော် ဦးဇောတိကရဲ့ တစိမ့်စိမ့်တွေးမယ် စာအုပ်ထဲကပါ
အတွေးတစ်ခုလောက် ရသွားရင်ပဲ တင်ပေးရကျိုးနပ်ပါပြီ.....
အားလုံးကိုလေးစားလျှက်  ဒီနိုင်းခ

http://www.mmcfamily.org/profiles/blogs/3003595:BlogPost:2051161 

ကျကျန်ခဲ့တဲ့အရာတွေ....



မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်...
"မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ"

မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
"ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ?"

"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ်" လို့ အဒေါ်ကြီးက ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားဟာ အဓိပ္ပာယ်လေးနက်လွန်းပါတယ်။ အခုခေတ်လူတွေကို တွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ကြဘူး။ ကျွန်တော်တို့ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ်၊ ...... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုအရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ကိုယ်ပေါ်မှာဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို သတိပေးသင့်ပါတယ်။

"သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ကိုယ့်ကိုယ်ကိုချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ"
"သင့်မျက်နှာပေါ်ကအပြုံး ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ"

ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲကျကျန်နေခဲ့ပြီလား? အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ....



မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&

နိုင်းနိုင်းစနေ
http://www.facebook.com/photo.php?fbid=411147838983053&set=a.351047714993066.

"ပြိတ္တာအကြောင်း တစ်စေ့တစ်စောင်း…"




ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့်
ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက-

၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက-

၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ "ဝန္တာသပြိတ္တာမျိုး"
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ "ကုဏပါသပြိတ္တာမျိုး"
၃။ မစင်ကိုသာ စားသုံးရတဲ့ "ဂူထခါဒကပြိတ္တာမျိုး"
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ "အဂ္ဂိဇာလမုခပြိတ္တာမျိုး"
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ "သူစိမုခပြိတ္တာမျိုး"
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် "တဏှာဋ္ဋိတပြိတ္တာမျိုး"
(ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ "သုနိဇ္ဈာမကပြိတ္တာမျိုး"
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ "သတ္ထင်္ဂပြိတ္တာမျိုး"
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့်"ပဗ္ဗတင်္ဂပြိတ္တာမျိုး"
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် "အဇဂရင်္ဂပြိတ္တာမျိုး"
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့်
" ဝေမာနိကပြိတ္တာမျိုး"
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် "မဟိဒ္ဓိကပြိတ္တာမျိုး"
ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

♦ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့်
သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက
မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့
ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့
အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က
♦ အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု
တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝ
မှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး
သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက်
ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို
များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း
စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

[စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_


Honey Lay
 

ရုရှားသတင်းစာက ပြောသော ပညာတော်သင်မြန်မာအရာရှိများအကြောင်း



ရုရှားရောက်ပညာတော်သင်အရာရှိများ၏ နေထိုင်မှူပုံစံကို ရုရှားနိုင်ငံသတင်းစာတစ်စောင်မှ
အောက်ပါအတိုင်းရေးသားဖြန့်ချီထားခဲ့ပါသည်။ယမန်နှစ်က ပျံနှံခဲ့သော သံအမတ်ကြီး၏ သတိပေးစာတုအတုပြုလုပ်ချက်များအတွင်း၌ ဖော်ပြသကဲ့သို့နေထိုင်ခြင်းလည်းမရှိ ကျောင်းမှ နှင်
ထုတ်ခြင်းများလည်းမဟုတ်ပဲ မြန်မာပြည်မှလာသာ ပညာတော်သင်ကျောင်းသားများ အကြောင်း
ကို အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
///////////////////////////////////////////////////////////////////////////////////////////

ခင်ဗျားတို့ မြန်မာအကြောင်းသိကြပါရဲ့လား..
လူတော်တော်များများကတော့ ဒီနိုင်ငံအကြောင်းမေးကြပြောကြပါလိမ့်မယ်..အဲ.လူအနည်းငယ
ကပဲ ရှင်းပြပါလိမ့်မယ်..သူတို့ရဲ့ လူမျိုးဓလေ့ထုံးစံတွေယဉ်ကျေးမှူတွေနေထိုင်မှူတွေကိုပေါ့..။လွန်
ခဲ့တဲ့ ၁၀ နှစ် ကစပြီး မြန်မာကျောင်းသားတွေဟာ ကျွန်တော်တို့တက္ကသိုလ်တွေကနေ စာသင်နှစ်တလျှောက်လုံးကို ထူးထူးချွန်ချွန်နဲ့အောင်မြင်ခဲ့ကြတာပါ..သူတို့ဟာ ရုရှားကျောင်းသား
တွေနဲ့ ရင်းရင်းနှီးနှီး စကားတွေပြောကြ ဘောလုံးအတူတူကစားကြ သီချင်းတွေဆိုကြ ကကြခုန်ကြနဲ့ တသားတည်းဖြစ်နေတာလေ..။

အင်တာနက်မှ ကြင်ဖော် ရှာသူတို့ သတိ ထားစရာ



တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီး များသည် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက် များကို ရှာဖွေ ကြရာတွင် ကိုယ်စွမ်းကိုယ်စ နှင့်သာ မက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။


ယခုခေတ် ကာလများတွင် ခေတ်နှင့်အညီ နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလိုအပ် တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေ လာကြသည်ကို လေ့လာ တွေ့ရှိရသည်။ ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည် ကောင်းကျိုး ခံစားရမည့် အိမ်ထောင်ဖက် အစစ် အမှန်ကို တွေ့ရှိ နိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ်စေမည့် အတုအယောင် အိမ်ထောင်ဖက် များကိုလည်း တွေ့ရှိ နိုင်ပါသည်။
ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ် နိုင်ငံ၌ ပို၍ အသုံးပြု လာကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရသည်။


တရုတ် နိုင်ငံမှ Jiayuan.com Ltd; သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ၀က်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများ ဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ်ကျိုးနှင့် ရှန်ကျန်းမြို့များ အထိပါ တဖြည်းဖြည်း စမ်းသပ် အသုံးပြုလာ ကြပြီ ဖြစ်သည်။


၎င်းဝက်ဘ်ဆိုက်ကို အသက် ၂၀ မှ ၃၅ နှစ် အရွယ်ရှိ အမျိုးသား၊ အမျိုး သမီးများ အတွက် ရည်ရွယ်၍ တင်ထားခြင်း ဖြစ်ပြီး ၀က်ဘ်ဆိုက် အသုံးပြုကြသည့် user များ အနေဖြင့် မိမိတို့၏ မှတ်ပုံတင် နံပါတ် သို့မဟုတ် ဖုန်းနံပါတ် များကို ၎င်းဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။ တရုတ် နိုင်ငံတွင် အောင်သွယ်ရေး ၀က်ဘ်ဆိုက် အသုံးပြုသူ ပို၍ များလာပြီး စံထားရ လောက်သည့် အိမ်ထောင်ဖက်ကို စိတ်ကြိုက် ရွေးချယ်ခွင့် ရနေကြသည်။


တရုတ် နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ် ရသေးသည့် လူဦးရေ ၂၄၉ သန်း ရှိပြီး အမျိုးသား များသည် အမျိုးသမီး များထက် အိမ်ထောင်ဖက်ကို ပို၍ လိုလားတောင့်တ ကြကြောင်း၊ အမျိုးသား လူဦးရေနှင့် မိသားစု ရေးရာ စီမံကိန်း ကော်မရှင်က တရုတ် လူမျိုးများ အကြား Marriage Value နှင့် ပတ်သက်၍ ထုတ်ဝေသော ၂၀၁၂-၂၀၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။
Jiayuan.com Ltd; မှ တည်ထောင်ထားသော Net Ease Huatian အောင်သွယ်ရေး ၀က်ဘ်ဆိုက်သည် ၎င်းဝက်ဘ်ဆိုက်တွင် မှတ်ပုံတင် သွင်းကြသည့် အမျိုးသား၊ အမျိုးသမီး များသည် အိမ်ထောင်ဖက် ကောင်းများ ရရှိစေရန် အတွက် ကောင်းမွန်သော အလုပ်အကိုင် ကောင်းနှင့် ပစ္စည်းဥစ္စာ ရှိရုံသာမက လိုက်ဖက်သော လူနေမှု ပုံစံနှင့် ပြီးပြည့်စုံ၍ အဆင့် အတန်းရှိသော လူမျိုးများ ကိုသာ ခွင့်ပြုခဲ့သည်။


ထို့ကြောင့် အမျိုးသား၊ အမျိုးသမီး အချို့သည် အိမ်ထောင်ဖက် ကောင်းများကို တွေ့ရှိ ခဲ့ကြပြီး ကောင်းကျိုးများကို ခံစား ခဲ့ကြသလို ဆိုးကျိုး အနေဖြင့် အမျိုး သမီးများ အနေဖြင့် အလိုမတူဘဲ ကာမလိမ်လည် ယူသူများနှင့် တွေ့ဆုံနိုင်သည့် အပြင် ငွေကြေး လိမ်လည်မှု များနှင့် အဓမ္မ ပြုကျင့်မှု များသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ် နေ သည်ကို လေ့လာ တွေ့ရှိရသည်။ ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိအတွက် အကျိုး ရှိမည့် အရာများ ကိုသာ ရွေးချယ်လုပ်သင့် ပါကြောင်း သတိပေး ရေးသား လိုက်ရပါသည်။



http://bit.ly/17sT2Hu


http://www.facebook.com/photo.php?fbid=411166368981200&set=a.351047714993066.76

အရေးအကြောင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ~



► အရေးအကြောင်းဆိုတာ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။ ဒါတွေဟာ့ အသက်ကြီးလာတာနဲ့အမျှ ရှောင်လွှဲလို့မရတဲ့အရာတွေဆိုတာမှန်ပါတယ်။ ဒါပေမယ့် အားလုံးတွေ့ဖူးမှာပေါ့။ ရွယ်တူအချင်းချင်းတောင် တချို့က ပိုအိုသလိုဖြစ်နေတာမျိုးလေ။ အရေးအကြောင်းဖြစ်ပေါ်လာခြင်းကို တားဆီးလို့မရပေမယ့် ပုံမှန်ဖြစ်ပေါ်နှုန်းထက် ပိုမြန်မြန်မဖြစ်အောင်တော့ ထိန်းသိမ်းနိုင်တယ်လို့ယူဆတယ်။

► အရေးအကြောင်း ဖြစ်ပေါ်ရခြင်းအကြောင်းများ
အသက်ကြီးလို့ အရေးအကြောင်းဖြစ်တာမျိုးကို ခဏထား။ အဲ့လိုမဟုတ်ဘဲ တခြားဘယ်လိုအကြောင်းအရာတွေကအရေးအကြောင်းတွေပိုမြန်မြန်ဖြစ်စေလဲဆိုတာ လေ့လာရအောင်နော်…

၁)အရေးအကြောင်းဖြစ်ပေါ်စေတဲ့အဓိကတရားခံကတော့ ခြောက်သွေ့တဲ့အသားအရေပါ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေမှာ အရေးအကြောင်းဖြစ်ဖို့ ပိုလွယ်ကူတယ်။ ငယ်ရွယ်တုန်းမှာ အဆီပြန်တဲ့အသားအရေ/ပုံမှန်အသားအရေ ပိုင်ဆိုင်ရာကနေ အသက်ကြီးလာမှ ခြောက်သွေ့တဲ့အသားအရေကို ပြောင်းလဲသွားတာတွေလည်း ရှိတယ်။

၂) နေရောင်နဲ့ ထိတွေ့မှုများခြင်းကြောင့်လည်း အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတယ်။ အရေးအကြောင်းဖြစ်ပေါ်ရတဲ့ ၉၀ ရာခိုင်နှုန်းဟာ နေရောင်ကြောင့်ပါတဲ့။

၃) စီးကရက်မှာပါဝင်တဲ့ Chemical တွေဟာ သဘာဝ Collagen နဲ့ Elastin တွေကို ပျက်စီးစေပြီး ၄၀ ရာခိုင်နှုန်းလောက် အသားအရေကို ပါးလွှာစေပါတယ်။

၎) တချို့ဆေးဝါးတွေနဲ့ Thyroid တို့ ဆီးချိုတို့လို ရောဂါတွေဟာလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။

► ဆောင်ရန်၊ ရှောင်ရန်

ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီဆိုရင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ ဆက်ပြောပြမယ်နော်…

၁) အသားအရေကို အစိုဓာတ်ထိန်းပါ။ Moisturizer ပုံမှန်လိမ်းပါ။

၂) အငံ လျော့စားပါ။ အငံလျော့စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

၃) ငါးကြီးဆီ စားပါ။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 ဟာ အသားအရေအတွက်တင်မကဘဲ နှလုံးအတွက်ပါ အထူးသင့်တော်တယ်လေ။ ငါးကြီးဆီမစားချင်ရင် ပင်လယ်ငါးတွေ စားပေးပေါ့။ Salmon လို ငါးမျိုးတွေမှာလည်း Omega 3 ပါတယ်။

၎) ရေများများသောက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ Antioxidant များများပါတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ ပိုစားပါ။ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။

၅) အနည်းဆုံး SPF 30 လောက်ပါဝင်တဲ့ Sunscreen လိမ်းပါ။ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်တပ်ပါ။

၆) တနေ့ ၈ နာရီ ပုံမှန်အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ဘေးစောင်းအိပ်ခြင်းဟာလည်း အသားအရေကို လျော့တွဲလွယ်စေပါတယ်တဲ့။

၇) စိတ်ဖိစီးမှုကို လျော့ချပါ။ အားကစားလုပ်ခြင်း တရားထိုင်ခြင်းနဲ့ အသက်၀၀ရှုခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

၈) Anti-wrinkle cream တွေဟာ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အသားအရေကို ပိုတင်းရင်းနုပျိုစေတယ်။ မျက်နှာမှာဆို ပထမဆုံးပေါ်တတ်တာ မျက်လုံးနားက အရေးအကြောင်းတွေပေါ့။ အဲ့ဒါတွေကို Anti-wrinkles eye cream တွေနဲ့ ကာကွယ်နိုင်ပါတယ်။

► Product recommendation

L’oreal Eye cream လေး သုံးကြည့်တာ မဆိုးဘူး။ မျက်လုံးတ၀ိုက်မှာ အရင်ထက် ပိုတင်းတင်းလေးဖြစ်လာသလို ခံစားရတယ်။ တခြား Eye cream တွေ မသုံးဖူးတော့ ဘယ်ဟာကောင်းလဲ မပြောပြတတ်ဘူး။ ခုသုံးနေတာလေးကို ကြိုက်လို့ ပြောပြတာပါ...

နှင်းဆီဖူးလေးများ-Love BUDS


http://www.facebook.com/photo.php?fbid=411166685647835&set=a.351047714993066

ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု ကျေးရွာများတွင် တွင်ကျယ်လျက်ရှိ



စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ကနီမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား များဖြင့် တစ်အိမ်ထောင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲမှု တွင်ကျယ်လျက် ရှိကြောင်း သိရသည်။
နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ အသုံးပြုလျက် ရှိသော ကနီမြို့နယ် ချောင်းမ ကျေးရွာမှ ကိုချစ်ဦးက ““ကျွန်တော့်အိမ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားက လွန်ခဲ့သော နှစ်နှစ်ခန့်က ၀ယ်ယူ ထားတာပါ၊ တန်ဖိုးငွေကျပ် ၁၃၀၀၀၀ ပေးရ ပါတယ်။

အခုဆို ငွေကျပ် ၉၀၀၀၀ လောက်ပဲ ရှိတော့တယ်။ ဆိုလာပြားက အလျား ၂ ပေ၊ အနံ ၅ ပေရှိ ၁၃၀ ၀ပ် ဖြစ်ကြောင်း၊ ၁၂၀ ၀ပ် ကားဘက်ထရီ အိုးဖြင့် အားသွင်းပြီး ၅၀၀ ၀ပ်ရှိ အင်ဗာတာဖြင့် တွဲဖက် အသုံးပြုခြင်း ဖြစ်ကြောင်း”” ပြောကြားခဲ့သည်။ လျှပ်စစ် ဓာတ်အား ရရှိရန် အတွက် အခက်အခဲ ရှိသော ကျေးရွာများတွင် ယခင်က မီးစက်များဖြင့် အသုံးပြုကြ သော်လည်း စက်ချွတ်ယွင်း ပါက ပြင်ဆင်ရန် အခက်အခဲများ ရှိခဲ့ရာ ယခုကဲ့သို့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ ပြားများဖြင့် လျှပ်စစ် ဓာတ်အားများ ထုတ်ယူ အသုံး ပြုမှုမှာ လွယ်ကူသဖြင့် အသုံးပြုသူ များပြား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


http://bit.ly/10Qq988


http://www.facebook.com/photo.php?fbid=411187892312381&set=a.351047714993066.76

ရင့်ကျက်သူဖြစ်ဖို့



(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။

(၁၃) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၄) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။

(၁၅) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။

(၁၆) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၇) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၈) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ "ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၉) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၂ဝ) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၂၁) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၂၂) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။

(၂၃) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ... ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။

(၂၄) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၅) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....



နိုင်းနိုင်းစနေ

http://www.facebook.com/photo.php?fbid=411192868978550&set=a.351047714993066.76

တရားခံ



အဝေးပြေးလမ်းတွင်ယာဉ်တိမ်းမှောက်မှု တစ်ခုအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြသည်။

အခင်းဖြစ်ပွားမှုတွင် ယာဉ်ပေါ်တွင်ပါလာသော လူအားလုံးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီ

ထို ယာဉ်ပေါ်တွင်ပါလာသော မျောက်တကောင်သာ အသက်ရှင်ကျန်ရစ်သည်။

ရဲများမှာ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရန် အတွက် အခက်တွေ့နေကြသည်။

ကံကောင်းချင်တော့ ထိုကားပေါ်တွင် ပါလာသော မျောက်မှာ လူတို့ပြောစကား နားလည်ပြီး

သူကိုယ်တိုင်ကလဲ ခြေဟန်လက်ဟန်နှင့် ပြန်ပြောနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် အမှုအတွက် အခြားသက်သေများ မရသည့် အဆုံး မျောက်အား အမှုစစ်ကြရသည်။

ရဲအရာရှိ(မေး)။ ။....ကဲဒီကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလာလဲ

မျောက်(ဖြေ) ။ ။၁၄ယောက်(လက်၁၀ချောင်းအပြင်ခြေ ၄ချောင်း ပါ ထောင်ပြသည်)

ရဲအရာရှိ(မေး)။ ။ဟုတ်ပြီ ဒါဆို သူတို့တွေ ဘာလုပ်နေလဲ

မျောက်(ဖြေ)။ ။လက်မကို မော့သည့်ပုံ လုပ်ပြသည်။

ရဲအရာရှိ။ ။သြော် အရက်သောက်ကြတယ်ပေါ့(မျောက်ကထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်)

ရဲအရာရှိ(မေး)။ ။ပြီးတော့ရော

မျောက်(ဖြေ)။ ။ ခုန်ဆွ ခုန်ဆွဖြင့် ကသည့်ဟန်လုပ်ပြသည်(ရဲက သြော် ဒါဆို သူတို့ မူးပြီး ကကြတယ်ပေါ့...မျောက်က ခေါင်းကိုထပ်ညိတ်သည်)

ရဲအရာရှိ(မေး)။ ။ဘယ်နှစ်ယောက်တောင် မူးကြတာလဲ

မျောက်(ဖြေ)။ ။၁၄ ယောက်လုံး (လက်၁၀ချောင်းအပြင်ခြေ ချောင်း ၄ ချောင်းပါ ထပ်ထောင်ပြသည်)

ရဲအရာရှိ။ ။ဟ ဒါဆိုဒရိုင်ဘာ ကရော ဘာလုပ်နေတုန်း

မျောက်(စိတ်မရှည်ဟန်ဖြင့်)။ ။မူးသည့်ဟန်နှင့် ကသည့်ဟန်ပါလုပ်ပြသည်

ရဲအရာရှိလဲ စိတ်ညစ်လာပြီးမေးသည်.....

"ကိုင်း ကားတစီးလုံးက ဒီလိုမူးရူးပြီး ပျော်ပါးနေတာ ကားကို ဘယ်အကောင်မောင်းတုန်းကွ"

ထိုအခါကျမှ မျောက်က သူပြောချင်သည့်အပိုင်းရောက်လာသောကြောင့် ဘ၀င်ကြသွားသည့် ဟန်ဖြင့်

သူ၏ ရင်ဘတ်ကိုကော့ပြီး တဘုန်းဘုန်း ပုတ်ပြလိုက်လေတော့သည်။။

တိန်....(တေရော တေရော တေရော.....)

ရီမောပျော်ရွှင်ပါစေ....

Lon Ely......

http://www.facebook.com/photo.php?fbid=411193395645164&set=a.351047714993066.76

ကျန်းမာသော စားသောက်မှုပုံစံက အိပ်ရေးဝစေမည်





ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံကို မှီဝဲခြင်းသည် အိပ်စက်မှု ပြဿနာများကို ကင်းဝေးစေမည်ဟု အမေရိကန် သုတေသီများက ထုတ်ဖော် ပြောဆို လိုက်သည်။

Perelman School of Medicine နှင့် University of Pennsyl yania မှပြုလုပ်သော သုတေသနအရ အိပ်စက်မှုကာလကို နေ့စဉ်စားသုံးသော အစားအစာများ ကလည်း လွှမ်းမိုးမှု ရှိကြောင်းသိရ သည်။

သုတေသန ခေါင်းဆောင် Dr.Grandner Sittsက လူတွေဟာ စားသုံးတဲ့ အာဟာရ အပေါ်မူတည်ပြီး နေ့စဉ် ၆နာရီမှ ၈နာရီ အထိပျမ်းမျှ အိပ်စက် ကြကြောင်း၊ နေ့စဉ်စားသုံးသော အစားအဟာရ မမှန်ကန်လျှင် အိပ်စက်မှု ကာလ လျော့နည်းနိုင်ကြောင်း ပြောဆိုထားသည်။

လေ့လာမှုအရ သန့်ရှင်းသောရေကို သောက်သုံးမှု နည်းပါးခြင်း၊ အနီရောင် ရှိသော အသီးများ (ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး)မှရသော လူကိုပင်းနှင့် ကစီဓာတ်ရရှိမှု နည်းပါးခြင်းများ ကအိပ်မပျော်ခြင်းကို ဖြစ်စေကြောင်း နှင့် ဗီတာမင်စီ ဓာတ်နည်းပါလျှင် လည်း အိပ်စက်မှု ကာလ တိုတောင်း ကြောင်းကို သိရှိရသည်။

ထို့ပြင် အခွံမာ ငါးများမှရရှိသော စီလီနီယမ်၊ အသားနှင့် အနှံများမှ ရရှိသော ပရိုတင်း နည်းပါးလျှင်လည်း အိပ်စက်မှုကာလ ပုံမှန်တစ်ညတာ ၆ နာရီမှ ၈ နာရီထက် နည်းပါးနိုင်ကြောင်းကို ဖော်ပြထားသည်။

အိပ်ရေး၀၀အိပ်လိုလျှင် theo-bromine ဓာတ်များ ကြွယ်ဝနေသော ချောကလက်နှင့် လက်ဖက်ရည်များ လျှော့သောက်ခြင်း၊ ပြည့်ဝဆီများကို ရှောင်ကြဉ်ခြင်းနှင့် ဥများနှင့် အဆီပါသော အသားများမှ ကိုလင်းဓာတ်ကို လျှော့ချခြင်း (လုံးဝရှောင်ကြဉ်ရန် မဟုတ်) များကို ပြုလုပ်သင့်ကြောင်း Dr.Grandner Sitts က အကြံပြုထား သည်။

ယခုလေလ့ာမှုကို Journal of Appetiteတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး
Ref: IANS
Health Updates Journal
Related Posts Plugin for WordPress, Blogger...