စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွန်အားစိုက်ကစားခြင်း (Intensity Training)



က်သားတွေကြီးထွားလာဖို့အတွက် ခွန်အားစိုက်ထုတ်မှု အရှိန်မြင့်မြင့် (High Intensity) နဲ့ ကစားရပါလိမ့် မယ်။ ဘယ်နှစ်ကျော့ပဲ ကစားကစား အကျော့တွေကို ပျင်းပျင်းရိရိနဲ့ လေးလေးကြီး ကစားနေလို့ကတေ့ ကြွက်သားတွေကြီးထွားလာဖို့မျှော်လင့်မနေပါနဲ့။

လေ့ကျင့်ခန်းတိုင်းမှာ သွေးပူ အကျော့ တစ်ကျော့ နှစ်ကျော့ ကစားပြီးတာနဲ့ တကယ်ကစားမယ့် အကကျော့တွေကို ပြင်းပြင်းထန်ထန် နာနာလေး ဆက်ကစားရပါမယ်။ တစ်ကျော့ နဲ့ တစ်ကျော့အကြား အကြာကြီးမနားဘဲ အရှိန်နဲ့ ခွန်တိုက်အားတိုက် ကစားရမယ်။ ဒီလို ကစားတာကို “ခွန်အားစိုက် ကစားခြင်း´´ (Intensity Training) လို့ ခေါ်ပါတယ်။

နေ့စဉ်ရက်ဆက် အရှိန်မြင့်မြင့်နဲ့ ခွန်အားစိုက် ကစားလို့မရတဲ့ အခါမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ကာယအား၊ စိတ်အားတွေက၊ တခြားနေ့တွေထက် ပိုအားကောင်း နေတာမျိုးရှိသလို လူရောစိတ်ရော နုန်းနေပြီး ကစားချင်တဲ့စိတ်နည်းနေလို့ အလေးတွေ လျှော့ကစားရတဲ့နေ့မျိုးတွေလည်း ရှိတတ် ပါတယ်။ အားမရှိတဲ့နေ့မျိုးတွေမှာ ချင့်ချိန်ပြီး လျှော့ကစားရတာမျိုးကို မပြောလိုပါဘူး။ ကိုယ့်မှာကစားနိုင်တဲ့ အခြေအနေရှိရက်နဲ့ အားသွန်ခွန်စိုက် အားထုတ်မကစားရင်တော့ တိုးတက်မှုကို ဖင့်နှေးစေမှာ သေချာတယ်လို့ နားလည်ထားရပါမယ်။

အလေးတွေ ဘယ်လောက်များများနဲ့ ကစားနိုင် ကစားနိုင် တစ်ကျော့ကစားပြီး နောက်တစ်ကျော့ မကစားခင် ကြားမှာ အကြာကြီးနားပြီး မှန်ရှေ့ကမဖယ်တော့ဘဲ မှန်ကြည့်နေတာမျိုး၊ ပေကြိုးနဲ့ ကြွက်သားကို တိုင်းပြီး ဘ၀င်ခွေ့ပြီး အချိန်ကို မေ့နေတာမျိုး၊ အားမနာတမ်းပြောရရင် လေကန်ပြီး အချိန်ဖြုံးနေတာမျိုးတွေဟာ ခွန်အားစိုက်ကစားခြင်းရဲ့ ဆန့်ကျင်ဖက်တွေဖြစ်ပါတယ်။ အာနိုးဟာ ကစားရင်း ရယ်စရာ၊ မောစရာတွေ တသောသောပြောပြီး ကစားတတ်ပါ တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံနဲ့ လေ့ကျင့်ပုံက ခွန်စိုက် အားစိုက် လေ့ကျင့်မှုကို ဘယ်တော့မှ အထိခိုက်မခံပါဘူး။
ကြွက်သားကြီးတွေအတွက် အလေးများများနဲ့ ကစားရတဲ့ အောက်ပိုင်းထိုင်တာမျိုးမှာ တစ်ကျော့နဲ့ တစ်ကျော့ အကြား (၁)မိနစ်ကနေ အများဆုံး (၃)မိနစ်ခွဲထက်ပိုပြီး မနားသင့်ပါဘူး။ ကြွက်သားငယ်တွေကစားရင် တစ်ကျော့နဲ့တစ်ကျော့အကြား နားချိန် (၁)မိနစ်အောက် (၃၀)စက္ကန့်နဲ့ (၄၅)စက္ကန့်အတွင်းပဲ ချိန်ပီယံတွေ နားကြပါ တော့တယ်။

နားချိန်နည်းနည်းနဲ့ကစားနိုင်လေ ကြွက်သားထုနဲ့ ကြွက်သားအရည်အသွေးတို့အတွက် ပိုကောင်း လေပဲလို့ သိလကြတဲ့နေ့ကစပြီး ခွန်အားစိုက်လေ့ကျင့်မှုဟာ ကာယဗလသမားအားလုံးရဲ့ ခေတ်မီလက်နက်ကောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်ကျော့နဲ့တစ်ကျော့အကြား အသက်ရှူ ပြန်မှန်ရုံလေးအတွက်သာနားပြီး ဆက်တိုက်မြန်မြန် ကစားခြင်းဟာ အမောခံနိုင်ရည် သက်လုံကို ကောင်းစေပါတယ်။ တစ်နည်းအားဖြင့်တော့ နှလုံးကြွက်သား ခွန်အား ကောင်းစေတဲ့ “အယ်ရိုးဗစ်အာနိသင်´´ (Aerobic Effects) ကို ရစေပါတယ်။

တစ်ကျော့နဲ့ တစ်ကျော့အကြား အချိန် အနည်းဆုံး အနားယူပြီး ခွန်တိုက်အားတိုက် ဆက်တိုက်ကစားပါ။

အောက်ပါ link မှ ၃။ ခွန်အားစိုက်ကစားခြင်း ကို ကောက်နုတ်ဖော်ပြပါသည်။
http://muscleprofessor.blogspot.com/2014/12/blog-post_84.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...