စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

ရွေးကောက်ပွဲအပေါ် သူတို့မျှော်လင့်ချက်


ဖြူဖြူကျော်သိန်း
ရွေးကောက်ပွဲက ဒုတိယ အကြိမ် မဲပေးဖြစ်တာ။ ၂၀၁၀ တုန်းက တစ်ကြိမ်၊ ၂၀၁၂ မှာတုန်းကတော့ အစ်မတို့ရပ်ကွက်မှာ ရွေးကောက်ပွဲမရှိဘူး။ ဒီတစ်ခေါက် က အရမ်းပျော်စရာကောင်း တယ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။ လူတွေအကုန် လာတန်းစီပြီး ဟိုတစ်ခေါက်နဲ့ မတူဘူး။ အစ်မက စမ်းချောင်း (တောင်)မှာ သွားပြီးမဲပေးရတာ။ အစ်မရောက်တဲ့အချိန် မနက် ၇ နာရီခွဲလောက်မှာ လူတွေရာနဲ့ချီ ပြီး တန်းစီနေကြပြီ။ တချို့ဆို ပေးပြီးလို့တောင် ပြန်လာကြပြီ။ မနက် ၄ နာရီလောက်ကတည်းက တန်းစီတဲ့သူတွေလည်း အများ ကြီးပဲ။ အားလုံးက စည်းကမ်း တကျလည်း ရှိတယ်။ တစ် ယောက်ကို တစ်ယောက် ဖေးဖေး မမ ရှိကြတယ်။ အားလုံးလည်း အဆင်ပြေတယ်။ မဲပေးရတာ လည်း အဆင်ပြေတယ်။ စိတ် ချမ်းသာတယ်။ မျှော်လင့်ချက်က တော့ တကယ် ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ အမှန်အတိုင်း Result ထွက်တဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။

ကိုယ်ရည်ရွယ် တဲ့ အစိုးရဆိုရင်လည်း အရင် ပြောဖူးတဲ့အတိုင်းပါပဲ။ လူတစ်စု ကောင်းစားတာမျိုးထက် တစ် တိုင်းပြည်လုံး လူထုလူတန်းစား မရွေး အတူတူကြီးပွားတိုးတက် ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံဆီကို ခေါ်ဆောင်သွားနိုင်တဲ့ အစိုးရမျိုး ကို လိုချင်တယ်။ ပြည်သူတွေ အားလုံးရဲ့ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေး အဘက် ဘက်ကနေ တစ်ပြေးညီ တိုးတက် ပြောင်းလဲတဲ့ဘဝကို ခေါ်ဆောင် သွားနိုင်တဲ့ အစိုးရဖြစ်စေချင် တယ်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)
၉၀ ရွေးကောက်ပွဲတုန်းက မဲပေးဖူးတယ်။ ၂၀၁၀ တုန်းက တော့ စင်ကာပူမှာ ရောက်နေလို့ မပေးဖြစ်ဘူး။ ဒါက ဒုတိယအ ကြိမ် ပေးဖြစ်တာပါ။ မဲပေးတာက နောက်ကျရင် လူများမှာစိုးတယ်။ နေပူမှာ စိုးတယ်။ နောက်တစ်ခု က စိတ်လှုပ်ရှားတယ်။ အဲဒါ ကြောင့် ရုပ်ရှင်ထိုင်ကြည့်ကြ တယ်။ နောက်ပြီးး အဲဒီမတိုင်ခင် ဦးမျိုးကားဆက်ခန်းကနေ ည ၁၀ နာရီလောက်ကမှ ပြန်လာတာ။ အဲဒီအချိန် မဲစာရင်းကို ကြည့်တဲ့ အချိန်မှာ ဦးမျိုးရဲ့ အမေနာမည် မှားနေတယ်။ မှတ်ပုံတင်နံပါတ် လည်း မှားနေတယ်။ ဦးမျိုးဇနီးရဲ့ အမေနာမည်လည်း မှားနေတယ်။ ထူးနွယ်အိမ်ရဲ့ မှတ်ပုံတင်နံပါတ် လည်း မှားနေတယ်။

အိမ်မှာ ငါး ယောက်ရှိတာ သုံးယောက်မှားနေ တာကြောင့် ညတွင်းချင်း ကောင် စီရုံးကို ပြေးတယ်။ သူတို့က မဲ စာရင်းအတိုင်း ထည့်တာဆိုတော့ မဲစာရင်းပြုစုသူတွေရဲ့ အမှား။ အဲဒါကို Complain တက်နေရင် အကုန်လုံးရှုပ်ပြီး မဲပေးခွင့်ရတော့ မှာမဟုတ်ဘူး။ မဲပေးခွင့်ရဖို့က အရေးကြီးတော့ အဲဒါတွေကို မပြင်တော့ဘဲ ည ၁၂ နာရီ လောက် အိမ်ပြန်ရောက်တယ်။ မနက်အစောကြီးပြန်သွားရမှာဆို တော့ အိပ်ချိန်မရှိတော့ဘူးဆိုပြီး ရုပ်ရှင်တစ်ကားထိုင်ကြည့် ဖြစ် တယ်။ ဇာတ်ကားပြီးတော့ အကုန်လုံး ရေချိုး၊ မျက်နှာသစ်ပြီးသွား တာ မဲရုံမဖွင့်ခင်ရောက်သွား တယ်။ မဲပေးပြီးတဲ့အချိန်မှာတော့ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွား သလို ခံစားရတယ်။ အဲဒီက ပြန် မှ အိပ်ရတာ။ တော်တော်နဲ့ မအိပ်နိုင်ဘူး။ စိတ်ထဲမှာ ပီတိဖြစ်သလို ခံစားရတယ်။ မျှော်လင့်ချက်က တော့ ရှင်းပါတယ်။ လောလော ဆယ်မှာ အကောင်းဆုံးဖြစ်မလာ သေးဘူးဆိုတော့ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ကြတယ်။ ပိုဆိုးတာကတော့ တရားဥပဒေ မျှတမှု၊ ဥပဒေလွှမ်းမိုးမှု အဲဒါကို မျှော်လင့်တယ်။

လုံခြုံစိတ်ချစွာ နေချင်တယ်။ နိုင်ငံသားတစ် ယောက်ရဲ့ ရပိုင်ခွင့် နိုင်ငံသား တစ်ယောက်ရဲ့ လုံခြုံမှုအပြည့်ရ ချင်တယ်။ အနုပညာသမားဆို တော့ လွတ်လပ်တာကို ခုံမင် တယ်။ အနုပညာက လွတ်လပ်တဲ့ နေရာမှာ ရှင်သန်တာဆိုတော့ လွတ်လပ်မှုကို ပိုပြီးမျှော်လင့် တယ်။ ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး။ အပြောင်းအလဲဖြစ်စေ ချင်တယ်။ ဒီအတိုင်းနေရတာ ကြာပြီ။

ပြေတီဦး
ရွေးကောက်ပွဲမှာ ကိုယ် ကိုယ်တိုင် မဲပေးခဲ့ရတဲ့အတွက် ဝမ်းသာတယ်။ အရမ်းလည်း ပီတိ ဖြစ်တယ်။ ဒီရွေးကောက်ပွဲက ပထမဆုံးအကြိမ် မဲပေးဖူးတာ။ အကောင်းဆုံးဖြစ်မယ့်ရလဒ်ကို အေးအေးချမ်းချမ်းဖြစ်ဖို့ပဲ မျှော် လင့်ပါတယ်။

အမရာငြိမ်း
လမ်းမတော် ဗဟိုစည်အိမ် ရာဝင်းထဲမှာ မဲထည့်ရတာပါ။ အမရာတို့ဆီမှာက လူနည်းတော့ တစ်နာရီလောက်ပဲ စောင့်ရ တယ်။ မဲပေးရတာကတော့ အ ဆင်ပြေပြေ ချောချောမွေ့မွေ့ပါ ပဲ။ မဲပေးတာက အမရာ့အတွက် ပထမဆုံးအကြိမ်ပါ။ ရွေးကောက် ပွဲအပေါ် မျှော်လင့်ချက်ကတော့ အားလုံးက ပြည်သူ့ပါတီကိုပဲ နိုင် စေချင်တာ။ သူများတွေက ကိုယ် ယုံကြည်တဲ့ပါတီက ဘယ်လောက်လုပ်ပေးနိုင်မယ်ထင်လဲလို့ ပြော ကြတယ်။ ဘယ်လောက်လုပ်ပေး နိုင်မလဲဆိုတာကတော့ အမရာတို့ တိုင်းပြည်မှာ ဒီထက်ဆိုးရွားတဲ့ အခြေအနေတော့ မရှိတော့ဘူးလို့ ထင်ပါတယ်။

အနည်းဆုံးတော့ ဘယ်လိုအခြေအနေပဲဖြစ်လာ ဖြစ်လာ ကိုယ်ရွေးချယ်လိုက်တဲ့ ပါတီက ကိုယ့်ရဲ့ဦးဆောင်သူအ ဖြစ်ဆိုရင်ပဲ အဲဒီတစ်ခုတည်းနဲ့ တင် ပြည်သူတွေအတွက် ကျေ နပ်စရာဖြစ်မယ် ထင်ပါတယ်။ အမရာတို့က ကိုယ်ရွေးချယ်ထား ခြင်းမရှိတဲ့ အစိုးရကို နှစ်ပေါင်း များစွာ လက်ခံထားခဲ့ရတဲ့ တိုင်း ပြည်တစ်ခုဆိုတော့ ကိုယ်ရွေး ချယ်လိုက်တဲ့အစိုးရ၊ ကိုယ်လိုလား တဲ့ခေါင်းဆောင်တက်လာတယ် ဆိုတာနဲ့တင် ပြောင်းလဲမှုမဖြစ်ဘူး ဆိုရင်တောင် ကျေနပ်မယ်ထင်ပါ တယ်။

http://www.7daydaily.com/story/50638

ကာတွန်း Jungle Book ဇာတ်ကားကို အက်ရှင်ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်း


ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးကြတဲ့ Jungle Book လို့ အမည်ရတဲ့ ဇာတ်ကားကို မှတ်မိသူများလည်း မှတ်မိပါလိမ့်မယ်။ Disney မှ ရိုက်ကူးတင်ဆက်ခဲ့တဲ့ Jungle Book အမည်ရ ရုပ်ရှင်ဟာ Classic Tale တစ်ခု အဖြစ် ပြောစမှတ်ပြုခဲ့ ပါတယ်။ ယင်း ဇာတ်ကားကို အက်ရှင်ဇာတ်ကား အဖြစ် အသက်သွင်းလိမ့်မယ်လို့ ထင်မထားပေမယ့် တကယ် လုပ်ချက်လိုက်ပါပြီ။

ကလေးသရုပ်ဆောင် Neel Sethi မှ Mowgli အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးမှာ လူဆိုလို့ သူပဲ ပါဝင်ပါမယ်။ ကျန်တာတွေက ကွန်ပြူတာနဲ့ တီထွင်ဖန်တီးထားတဲ့ Animation များသာ ဖြစ်ပြီး စကားလတ်ဂျိုဟန်ဆန်က မြွှေမ ရဲ့ နောက်ခံအသံမှာ ပါဝင်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်များက တိရစ္ဆာန်များရဲ့ နောက်ခံအသံနေရာကို ပါဝင်ပေးထား ပါတယ်။ 

ရုပ်ရှင်ကို ကာတွန်းထဲက အတိုင်း အတတ်နိုင်ဆုံး တူအောင် ဇာတ်ကွက်တွေ ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် ရယ်စရာ၊ စိတ်ကြည်နူးစရာဖြစ်အောင် ဖန်တီးထားချက်တော့ မဟုတ်ပါဘူး။ သည်းထိတ် ရင်ဖိုရလောက်အောင် စွန့်စားခန်းများ ပါဝင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Disney ကပဲ ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်ပြီး ယခု ရက်ပိုင်းတင်ပဲ YouTube ပေါ်မှာ Trailer တင်ခဲ့တာ ဖြစ်ပါတယ်။ 

ကျား၊ ခြေင်္သေ့၊ မြွှေ၊ ဝက်ဝံနဲ့ တိုက်ခိုက်မှု အက်ရှင်ခန်းပေါင်းမြောက်များစွာကို မြင်တွေ့ရမယ့် ဇာတ်ကား Jungle Book ဟာ ၂၀၁၆ မှာ စောင့်ကြည့်ရန် အကောင်းဆုံး ရုပ်ရှင်စာရင်းထဲ ပါဝင်လာပါတယ်။
 ရုပ်ရှင် အမြည်း ကြည့်ရှုရန် - https://youtu.be/HcgJRQWxKnw
 ////

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/posts/956412797735306

 
 
 
 
 
 https://www.facebook.com/YoYarLay/posts/956412797735306

ကားလမ်းပိတ်တဲ့ အချိန်မှာ ဖျော်ဖြေတဲ့ ထရပ်ကားပေါ်က ဇာတ်ပွဲ



ကားလမ်းတွေ အရမ်းပိတ်နေတဲ့ အချိန်မှာ လူတွေ နည်းနည်းပါးပါးစိတ်သက်သာ ရနိုင်စေဖို့ စလိုဗေးနီးယား မှာ ထရပ်ကားဇာတ်ရုံ တစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။

 ထရပ်ကားပေါ်မှာ ပဲ အဓိက နာမည်ကြီး ဇာတ်ပွဲတွေကို တင်ဆက်ပြသတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေထဲမှာ MishMash Bakery လို့ခေါ်တဲ့ ထင်ရှားတဲ့ စလိုဗေးနီးယား ရုပ်သေးပြပွဲ လည်းပါဝင်ပါတယ်။

ဒါကြောင့် စလိုဗေးနီးယား ကလူတွေအတွက် ကတော့ ကားလမ်းပိတ်လဲ ပျော်စရာကောင်းနေပါတယ်။ 
 
 
 https://www.facebook.com/ayesaycommm/posts/452202448285199

အောင်ရဲလင်းနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ−ဖြူဖွေးသန့်
မိန်းကလေးပရိသတ်များကြား ရေပန်းစားသူဖြစ်ပြီး လူငယ်ဇာတ်ရုပ်များ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်အောင်ရဲလင်း၏ ‘‘အသက်ကို အသက်ထက်ပို၍ချစ်သည်’’ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီရုံတင်ပြသတော့မည်ဖြစ်သည်။ မာန်မာနကြီးမားပြီး မသင့်မြတ် ကြသည့် မိသားစုကြီးနှစ်ခုကြားမှ လူငယ်နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို အဓိကပုံဖော်ရိုက်ကူးထားသော ယင်းဇာတ်ကားထဲတွင် အဓိက သရုပ်ဆောင်တစ်ဦးဖြစ်သည့် အောင်ရဲလင်းနှင့်တွေ့ဆုံမေး မြန်းခဲ့ပါသည်။

‘‘အသက်ကို အသက်ထက်ပို၍ချစ်သည်’’ဇာတ်ကားကြီးရိုက်ကူးမယ်ဆိုတော့ ကြိုတင်ပြင်ဆင်ခဲ့ရပုံတွေက အရင်ဇာတ်ကားကြီးတွေနဲ့ ဘာတွေကွာခြားမှုရှိပါသလဲ။
ဒီကားနဲ့ပတ်သက်ပြီး ပြင်ဆင်ခဲ့တာကတော့ ရှေ့ပိုင်းဇာတ်ကားက အလှလေးတွေလုပ်ရတာ။ နောက်ပိုင်းကတော့ ရွဲလာတဲ့ပုံစံကို အဓိကလုပ်ရတာပေါ့။ ဇာတ်လမ်းကိုသေချာဖတ်ပြီး ဇာတ်လမ်းထဲမှာပါတဲ့ကာရိုက်တာနဲ့ညီအောင်ပဲ အကောင်းဆုံး ကြိုးစားထားပါတယ်။

ဒီဇာတ်ကားက ရုံတင်ကားကြီးဆိုတော့ အောင်ရဲလင်းအတွက် အနုပညာပိုင်းဆိုင်ရာမှာ မျှော်လင့်ချက်က ဘယ်လောက်ရှိလဲ။ အကယ်ဒမီရဖို့အထိ မျှော်လင့်ထားတာရှိလား။
ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အရမ်းကြီး မျှော်လင့်ထားတာတော့မရှိပါဘူး။ အဓိကကတော့ ပရိသတ်ကြိုက်တယ်ဆိုရင် ကျွန်တော်ကျေနပ်နေပါပြီ။ ပရိသတ်တွေကြိုက်နှစ်သက်ဖို့ပဲ ကျွန်တော် မျှော်လင့်တာပါ။ တခြားမျှော်လင့်ချက်တော့မရှိပါဘူး။ ဒီဇာတ်လမ်းမျိုးကလည်း ကျွန်တော်ရိုက်ချင်တဲ့ ကာရိုက်တာမျိုးနဲ့ ဆင်တူနေတဲ့ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားမှာ အောင်ရဲလင်းရဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းကို အရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုထွင်ထားပြီးတော့ ခေတ်နဲ့အညီ ဝတ်ဆင်ထားသလဲ။

ဒီဇာတ်ကားကြီးထဲမှာတော့ ကျွန်တော့်ရဲ့ ဖက်ရှင်ဒီဇိုင်းကို သီးသန့်ကြီးပြောင်းလဲပစ်ခဲ့တာတော့ မရှိဘူး။ အရင်ခေတ်ကတော့ ဘယ်နှနှစ်နေမှရုံတင်မလဲဆိုတာကို မသိရတဲ့အတွက် Update ဖြစ်အောင်လည်း  အရမ်းဝတ်လို့ မရပြန်ဘူး။ အခုနောက်ပိုင်းရိုက်မယ့် ရုပ်ရှင်ကားကြီးတွေကျတော့ ရွေးဝတ်လို့ရပြီလေ။ ဘာလို့လဲဆိုတော့ ရုံပြိုင်စနစ်တွေနဲ့ပြမယ်ပြောတယ်။ အဲဒီအခါကျတော့ Update ဖြစ်တာလေးတွေ ဝတ်လို့ရပြီလေ။ ဆံပင်ပုံစံကတော့ ဒီဇာတ်ကား ရိုက်ခဲ့တာက လွန်ခဲ့တဲ့သုံးနှစ်ကဆိုတော့ ဆံပင်အရှည်ထားနေတဲ့အချိန်လည်းဖြစ်တယ်။ အရှည်ဖြစ်နေတဲ့အချိန်မှာရိုက်ခဲ့တဲ့ကား ဖြစ်နေတာပေါ့။ အဲဒီနောက်ပိုင်းတော့ ဆံပင်ညှပ်လိုက်တယ်။ ဒီနောက်ပိုင်းရုံတင်မယ့်ကားတွေ အကုန်လုံးကတော့ ဆံပင်အတိုတွေချည်းဖြစ်သွားပါပြီ။

ဒီဇာတ်လမ်းရိုက်ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့သုံးနှစ်ကဆိုတော့ အခု နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားကြီးတွေမှာ အဲဒီအချိန်က အောင်ရဲလင်းနဲ့ အခုအောင်ရဲလင်းက ဘယ်လိုကွာခြားသွားပြီလဲ။
ဒီဇာတ်ကားရိုက်ခဲ့ရတုန်းက အတွေ့အကြုံကတော့ အဲဒီတုန်းက ငယ်သေးတယ်လေ။ (၂၃)၊ (၂၄) နှစ်လောက်ပဲရှိသေးတော့ ပေါ့ပေါ့ပါးပါးပဲလုပ်ခဲ့တာ။ အဲဒီ တုန်းကနေ အခုချိန်နဲ့ယှဉ်ရင်တော့ ကျွန်တော် တော်တော်ကြီးကို ပြောင်းလဲသွားပြီ။ အခုအချိန်မှာ ဘယ်အရာကိုမဆို ကျွန်တော် လေးလေးနက်နက်လုပ်တယ်။

ဒါဆို လွန်ခဲ့တဲ့သုံးလေးနှစ်ကထက် ပိုရင့်ကျက်လာတဲ့ အောင်ရဲလင်းရဲ့ နောက်ပိုင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေက  ဘယ်လိုတွေ ပြောင်းလဲသွားပြီလဲ။
နောက်ပိုင်းထွက်လာမယ့် ရုံတင်ကားကြီးတွေကိုကြည့်ပြီးရင် ပရိသတ်ကဆုံးဖြတ်ပေးသွားမယ်ထင်ပါတယ်။ သေချာတာတော့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားလုပ်ဆောင်ပေးပါတယ်။ ဟိုတုန်းကလည်း အကောင်းဆုံးလုပ်ပေမယ့် အခုချိန်ကတော့ သက်တမ်းကလည်း ကြာလာပြီဆိုတော့ ပိုပြီးတော့ လေးနက်သင့်တယ်လေ။

မလေးနက်လို့လည်းမရတော့ဘူးဆိုတော့ အကုန်လုံးကို လေးလေးနက်နက်ဖြစ်လာတာပေါ့။ ဘယ်လိုမတူအောင်လုပ်မလဲဆိုတဲ့ စိတ်ပါလာတယ်။ နည်းနည်းတော့ ကွာခြားလာပြီလေ။ ဒါ့အပြင် အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု အပိုင်းကလည်း ပိုကြီးလာပြီလေ။
၂၀၁၅ ထဲမှာ ‘သက်တံသစ်’နဲ့ ‘အသက်ကို အသက်ထက်ပို၍ချစ်သည်’ဇာတ်ကားကြီးတွေအပြင် အောင်ရဲလင်းရိုက်ကူးထားတဲ့ ရုပ် ရှင်ကားကြီး ဘယ်နှကားထပ်ပြီး ကြည့်ရှုရဖို့ရှိပါသလဲ။

ဒီနှစ်ထဲမှာတော့ ကျွန်တော်ပါတဲ့ကားက သက်တံသစ်ရယ်၊ ဒီကားရယ်ပဲရှိပါတယ်။ စုစုပေါင်း နှစ်ကားပါပဲ။
လက်ရှိမှာ အောင်ရဲလင်းအနေနဲ့ ဘယ်လိုအနုပညာလှုပ်ရှားမှုတွေ ဆောင်ရွက်နေသလဲ။
ကျွန်တော် အခုလောလော ဆယ်မှာတော့ မသင်ဇာဝင့်ကျော်နဲ့ ဒါရိုက်တာ ဦးညီညီအောင်ရိုက်တဲ့ ‘မသိကိန်းများ၏အချစ်’ဆိုတဲ့ ကားကိုရိုက်ကူးနေပါတယ်။

ထူးထူးခြားခြားရိုက်ဖို့ကာရိုက်တာကတော့ လောလောဆယ်မှာ ရိုက်ဖို့ မရှိသေးပေမယ့် လာမယ့် ၁၁ လ ပိုင်း၊ ၁၂ လပိုင်းလောက်မှာတော့ တစ်ကားကမ်းလှမ်းထားတာရှိ တယ်။ ရိုက်ဖြစ်၊ မဖြစ်ကတော့ မသေချာသေးဘူးပေါ့။ အဲဒီဇာတ် လမ်းလေးကတော့ ထူးခြားနေ တယ်။ ဇာတ်လမ်းပုံစံကိုတော့ သေချာရိုက်ဖြစ်ပြီဆိုမှ ပြောပြချင် ပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ ဘယ်လိုပါဝင်ပေး ဖြစ်ခဲ့သလဲ။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအတွေ့အကြုံတွေရရှိခဲ့ လဲ။
ရေဘေးအတွက်တော့ ကိုဂျွန်လွင်လုပ်တဲ့ပွဲလေးမှာပါ တယ်။ ဂျန်းရှင်းစကွဲက အွန်လိုင်း ဒိုနေးရှင်းအဖွဲ့မှာလည်း အလှူခံ ပေးတယ်။ ယူရေနီယမ်အကအဖွဲ့ ကိုမင်းမင်းထွန်းတို့ပေါင်းလုပ်တဲ့ နိုက်ကလပ်တွေမှာသွားကတာမှာလည်း လိုက်အလှူခံပေးဖြစ်ခဲ့ပါ တယ်။

အတွေ့အကြုံဆိုတာထက် သူတို့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး အဲဒီလိုစိတ်နဲ့တင် တော် တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ် သဘာဝဘေး အန္တရာယ်ကို ဘယ်သူမှကြုံချင်ကြ မှာမဟုတ်ဘူးလေ။ ဘယ်သူမှလည်း ဖြတ်သန်းချင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖြတ်သန်းနေရတဲ့သူတွေကို အရမ်းကိုယ်ချင်းစာ တယ်။ သူတို့ကို မဖြစ်စေချင်ဘူး။ စိတ်မကောင်းလည်းတော်တော် ဖြစ်ရပါတယ်။

ပရိသတ်သိချင်တဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးအခြေအနေကကော ပြောင်းလဲမှုရှိပြီလား။
အချစ်ရေးကတော့ အေး ဆေးပါပဲ။ အေးဆေးဆိုတာကလည်း တကယ်ကိုအေးဆေးနေတာပါ။ ကျွန်တော့်ဘဝလက်တွဲဖော်ကတော့ လှတာ၊ မလှတာလည်း အရေးမကြီးသလိုဆင်းရဲ တာ၊ ချမ်းသာတာလည်း ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ဖြစ်လာတဲ့ဖူးစာပဲပေါ့နော်။ ကျွန်တော်ကြိုက်တဲ့အချက်အလက်တွေနဲ့ဆိုရင်ရပြီ။ ကျွန်တော့်လက်တွဲမယ့်သူက အပြင်ကလား၊ အထဲကလားဆိုတာလည်း မမြင်ရတဲ့အတွက် လောလောဆယ်ပြောလို့ မရသေးတာပါ။
ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
http://www.7daydaily.com/story/45709

အလှမက်လို့ ဘ၀ပါ ပျက်သွားခဲ့တဲ့ အလှမယ်

ကမ္ဘာ့ ဝင်ငွေအများဆုံး မင်းသားများ



ကမ္ဘာ့ ဝင်ငွေအများဆုံး မင်းသားများစာရင်းထဲမှာ Iron Man မင်းသား ဖြစ်တဲ့ Robert Downey Jr က နံပါတ်တစ်မှာ ယူနေပါတယ်။ ဇာတ်ကား တစ်ကားတစ်ကား ရိုက်လိုက်တိုင်းမှာ ရရှိတဲ့ ပျမ်းမျှငွေ ဖြစ်ပါတယ်။ Robert Downey Jr ဟာ ဇာတ်ကားတစ်ကားကို ပျမ်းမျှတွက်လိုက်ရင် ဗြိတိန်ပေါင် ၅၁.၂ သန်း ရှိပါတယ်။

Avengers စတင်ရိုက်ကူးတုန်းက အမေရိကန်ဒေါ်လာ သန်း ၄၀ ကို တစ်ခါတည်းငွေချေ စနစ်နဲ့ ပေးပြီး သတ်မှတ်ထားတဲ့ Record တစ်ခုကို ကျော်ရင် ရာခိုင်နှုန်းနဲ့ မြောက်ပြီးတော့ ထပ်ဖြည့်ပေးရပါတယ်။ ဒါကြောင့်မို့ Avengers ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါး အောင်မြင်တာကြောင့် Robert ရရှိတဲ့ ငွေဟာလည်း စံချိန်ချိုးခဲ့ပါတယ်။ ဒါ့အပြင် သူ့မှာ Iron Man စီးရီး၊ ရှားလော့ဟုန်း တို့လို ဇာတ်ကားကောင်းများမှာ သရုပ်ဆောင်ရန် စာချုပ်ရထားသူ ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

ဒုတိယနေရာမှာ လိုက်နေတဲ့ ဂျက်ကီချန်းကတော့ ဟောင်ကောင်နွယ်ဖွား တရုတ် မင်းသား တစ်ဦး ဖြစ်ပြီး ဇာတ်ကားတစ်ကားကို ပျမ်းမျှအားဖြင့် ဗြိတိန်ပေါင် ၃၂ သန်း ရပါတယ်။ တတိယနေရာမှာ လိုက်တဲ့ ဗင်ဒီဇယ်က ဂျက်ကီချန်းနဲ့ ၂ သန်းလျော့ ပါတယ်။ Fast and Furious အောင်မြင်မှုကြောင့် နှစ်အနည်းငယ် အတွင်း ထိပ်တန်း ၁၀ ဦးစာရင်းထဲ ပါဝင်လာခြင်း ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ အိန္ဒိယ ဘောလိဝုဒ် မင်းသားများ ပါဝင်နေခြင်း ဖြစ်ပါတယ်။ အမီတာဘဂျန်း နဲ့ ဆဲလ်မန်ခန်း တို့ နံပါတ် ၇ မှာ အတူရှိနေပြီး နောက်ထပ် အိန္ဒိယ မင်းသား တစ်ဦး ဖြစ်တဲ့ Akshay Kumar က သူတို့ အောက်မှာ မတိမ်းမယိမ်း ရှိပါတယ်။ ဂျိမ်းစဘွန်းမင်းသား ဒန်နီယမ် ခရစ်ကတော့ နံပါတ် ၁၅ မှာ ရှိပြီး ဗြိတိန်ဖွား သရုပ်ဆောင် မင်းသားထဲမှာ ထိပ်ဆုံးပဲ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

ဘဲလေးအကသမားများရဲ့ နေ့စဉ်ဘဝ

           

ဘဲလေးအက ကသူများဟာ သာမန် လူများထပ် ပိုလို့ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ ဓာတ်ပုံဆရာ David Perkins အနေနဲ့ သာမန် ဓာတ်ပုံများ ရိုက်နေတာထက် ဘဲလေးအက ပညာရှင်များ၊ သင်ကြားပေးနေတဲ့ ဆရာဆရာမများ၊ ဝါသနာရှင်များကို စုစည်းလို့ သူတို့ရဲ့ ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါတယ်။

ယင်းရိုက်ကူးမှုအတွက်လည်း လူများက တမင်တကာ ကြိုးစားဖန်တီးမှု မဟုတ်ပါဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ကိုယ်ခန္ဓာ ပျော့ပြောင်းနေအောင် တမင် ကြိုးစား လုပ်ယူနေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ နေထိုင်မှုဟာ သာမန်လူနဲ့ မတူပဲ ထူးခြားနေတတ်ပါတယ်။ 

ဥပမာ ထမင်းချက်ရင်တောင် ခြေထောက်တစ်ချောင်း၊ ခြေဖျားထောက်လို့လည်း ချက်နေတတ်ပါတယ်။ စာရေးရင်လည်း ခြေထောက်ကို ကွေးလိုက်၊ ဆန့်လိုက်တဲ့ အလုပ်ရှုပ်ပါတယ်။
အလေ့အကျင့်တစ်ခုဆိုတာ လွယ်တကူမဟုတ်ပဲ ယခုလို နေ့စဉ်ဘဝမှာ ကျင့်ယူလာရခြင်း ဖြစ်ကြောင်းကို ဓာတ်ပုံဆရာ David က ဖော်ဆောင်ပြသခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/posts/928119810564605


 
 https://www.facebook.com/yoyarlaydotcom/posts/928119810564605

ဘက်စုံတော်တဲ့သူ ဖြစ်ချင်တဲ့ မိုးအောင်ရင်

မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခံထားရတဲ့ သန့်ရှင်းရေး အလုပ်သမား

(၆၈)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများ


၁၉ ဇူလိုင် မမေ့နိုင် ဟူသည့်အတိုင်း ယခုလတွင် ကျရောက်မည့် ဇူလိုင် ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၆၈)နှစ်မြောက်သော နေ့တစ်နေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီး များသည် ရန်ကုန်မြို့ အတွင်း ဝန်ရုံး (ဝန်ကြီးများရုံး)၌ မသမာသူများ၏ လုပ်ကြံမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ပြည်သူများ၏ စိတ်နှလုံးကို ထိခိုက်စေသည့် နေ့ ရက်ဖြစ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် နေ့ရက်ကိုလည်း ပြည်သူ များနှင့်အတူ ပြည်သူချစ် အနုပညာရှင် များကလည်း ယနေ့ထက်တိုင် မမေ့နိုင် အောက်မေ့သတိရစမြဲ ရှိနေ ကြောင်းကို ပြည်သူများ သိရှိနိုင်ရန် အနုပညာရှင် တချို့၏ ရင်တွင်းစကားသံများကို ယခုလို မေးမြန်းဖော်ပြ ပေးလိုက်ပါသည်။
                       
အကယ်ဒမီ ပြေတီဦး
အစ်ကိုက အခုဇာတ်ကား ရိုက်ကူးရေးနဲ့ ပုဂံကို ရောက်နေပါတယ်။ အာဇာနည်နေ့မှာလည်း ရန်ကုန်မှာ မရှိတော့ အာဇာနည်နေ့ကို ဇာတ်ကား ရိုက်ကူးရင်းနဲ့ပဲ နယ်မှာကျော်ဖြတ်ရမှာပါ။ အာဇာနည်နေ့ ဆိုတာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖခင်ကြီးတွေ၊ တိုင်းပြည်အတွက် အသက်ကို စတေးပြီး စွန့်လွှတ် အနစ်နာခံခဲ့ရတဲ့ အာဇာနည် ကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အာဇာနည်တွေကို မမေ့တဲ့၊ တန်ဖိုးထားတဲ့ အနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအချင်းချင်း အားလုံးက စိတ်ဝမ်းမကွဲကြဘဲနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ မိမိနိုင်ငံ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ အဲဒီလို ကြိုးစားကြမှလည်း ကျွန်တော်တို့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို တန်ဖိုးထားရာ ရောက်မယ်လို့ ခံယူထားပါတယ်။ အမှတ်တရ ဆိုရင်တော့ ငယ်ငယ်တုန်းက အာဇာနည်နေ့ ရောက်ပြီဆိုရင် တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ဥသြတွေဆွဲပြီးတော့ ဂုဏ်ပြုကြတယ်။ ဒီဥသြသံလေး ကြားပြီဆိုတာနဲ့ လမ်းလျှောက်တဲ့ သူတွေတောင် ရောက်တဲ့နေရာ မတ်တတ်ရပ် သတိဆွဲပြီး အလေးပြုကြတယ်။ အဲဒါကတော့ ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ မြင်ကွင်းတွေ၊ တန်ဖိုးဖြတ်လို့ မရတဲ့ အမှတ်တရတွေပါပဲ။ အဲဒီလို အလေ့ အကျင့်မျိုးကိုလည်း ဒီဘက်ခေတ်မှာ တညီတညွှတ်တည်း ပြန်လုပ်စေချင်ပါ တယ်။

ဒါရိုက်တာ သီတာလင်း
အာဇာနည်နေ့မှာ ဥသြတွေဆွဲပြီးတော့ အလေးပြုချင်ပါတယ်။ ကားရိုက်တွေနဲ့ မအားတဲ့အခါမှာ အာဇာနည် ဗိမာန်ကိုတော့ မသွားဖြစ်ပါဘူး။ ဇူလိုင် ၁၉ ရက်မှာလည်း ဥသြဆွဲပြီး အလေးပြုတာတွေကို ပြုလုပ်စေချင်ပါတယ်။ အန်တီ တို့ ငယ်ငယ်တုန်းက အာဇာနည်နေ့မှာ ဥသြတွေဆွဲပြီးတော့ တစ်နိုင်ငံလုံး အလေးပြုကြတယ်။ အဲဒီလို ဖြစ်ရပ်မျိုး ကို ပြန်တွေးလိုက်ရင် ဝမ်းနည်းမိပါတယ်။ အခုလည်း ကားဟွန်းတွေ တီးပြီးတော့ အလေးပြုကြတော့ အာဇာနည်နေ့ မှာ သေချာလေး အလေးပြုဖို့ ဆုံးဖြတ်ထားပါတယ်။ အာဇာနည်နေ့ဆိုတာ မမေ့ထိုက်တဲ့ နေ့ရက် တစ်ရက်ပါ။ လူငယ်တွေ မမေ့သင့်တဲ့ နေ့ရက်တစ်ရက်ဆိုလည်း မမှားပါဘူး။

 ကျော်ကျော်
အာဇာနည်နေ့မှာ အစ်ကို ကားရိုက်ရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ မနှစ်ကတော့ ကြက်ခြေနီ အဖွဲ့နဲ့အတူ အာဇာနည် ဗိမာန်မှာ လုပ်အား သွားပေးဖြစ်တယ်။ အဲဒါတော့ အမှတ်တရပေါ့။ အာဇာနည်နေ့ဆိုတာ အစ်ကိုတို့ နိုင်ငံမှာရှိနေ တဲ့ နိုင်ငံသူ၊ နိုင်ငံသား တွေအတွက် မည်သူ တစ်ဦးတစ်ယောက်မျှ မမေ့သင့်တဲ့ နေ့ရက်တစ်ရက်လို့ သတ်မှတ် ထားပါတယ်။ ဒီနေ့ရက်ကလည်း နောက်နှစ်ပေါင်းများစွာ တိုင်အောင် ရှိနေဦးမှာပါ။ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း အမှတ်တရ နေ့ရက်တစ်ရက်အဖြစ် သတ်မှတ်ထားကြမယ်လို့ ထင်ပါတယ်။ ဒီနှစ်မှာ ကားရိုက်နဲ့ မအားလပ်ပေ မယ့်လည်း နှစ်တိုင်း၊ အာဇာနည်နေ့ ရောက်တိုင်း ကျွန်တော့်ရဲ့ ဖေ့ဘွတ်မှာ အာဇာနည်နေ့ အမှတ်တရအဖြစ် ဂုဏ်ပြုကဗျာတွေကို ရေးပြီးတင်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ အာဇာနည်နေ့ကို သောကြာနေ့ ဒါမှမဟုတ် တနင်္လာနေ့ ဖြစ်စေချင်တာ။ ဒါမှ ကျောင်းပိတ်ရက် များမယ်ပေါ့။ ဒါပေမဲ့ ကျောင်းစာတွေ သင်ကတည်းက အာဇာနည်နေ့ အကြောင်းကို သင်ခဲ့ရတော့ နားလည်တတ်တဲ့ အရွယ်ရောက်လာတော့ စိတ်ထဲမှာ အလေးထား တတ်လာတယ်။ တကယ့်ကို မမေ့နိုင်တဲ့ နေ့ရက်တစ်ရက်ပါ။

သျှားထွဋ်အိန္ဒြာ
ညီမဒီနှစ်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည် ဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကို အလေးသွားပြုမယ်။ ပြီးတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးတော့ ဘိုးဘွားရိပ်သာမှာ အလှူပြု လုပ် ပေးဖို့ရှိပါတယ်။ ညီမ ငယ်ငယ်ကတည်းက အာဇာနည်နေ့ဆိုရင် အာဇာနည် ဗိမာန်နားမှာနေတော့ အာဇာ နည် ခေါင်းဆောင်ကြီးတွေကို အလေးသွားပြုလေ့ ရှိပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ပြတိုက် သွားပြီးတော့ ခေါင်းဆောင် ကြီးတွေ အကြောင်း သွားပြီးလေ့လာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုမျိုး အသက်ပေးပြီး ကာကွယ် ခဲ့တဲ့ ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ ဒီလိုနေ့ကိုရောက်တိုင်း စိတ်မကောင်းတော့ ဖြစ်မိတယ်။ ဒါပေမဲ့ သူတို့ တွေအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်လေးတွေ လုပ်ဖြစ်ပါတယ်။

ဆုမြတ်နိုးဦး
အာဇာနည်နေ့မှာ ညီမမွေးနေ့ အကြိုအနေနဲ့ ကျိုက်ထိုကိုသွားပြီးတော့ အလှူသွားလုပ်မှာပါ။ အားလုံးနားရက် ဆိုပြီး ရွေးလိုက်တာ အာဇာနည်နေ့ ဖြစ်သွားတော့ အမှတ်တရလည်း ဖြစ်သွားပါတယ်။ အာဇာနည်နေ့ ဆိုတာက လည်း မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ အလေးအနက်ထားတဲ့ နေ့ရက်တစ်ရက်ဖြစ်တော့ အဲဒီလိုနေ့ရက်မှာ မွေးနေ့ အလှူ လုပ်ဖြစ်တဲ့အတွက် အမှတ်တရ ဖြစ်သွားပါတယ်။ အာဇာနည်နေ့မှာ ဥသြဆွဲသံတွေ ကြားရတဲ့အခါမျိုးမှာ ငိုချင်တဲ့ စိတ်တွေဖြစ်မိပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်း ခေါင်းထဲရောက်လာပြီး မျက်ရည် ဝဲမိပါတယ်။ အာဇာနည်နေ့မှာ ကားဟွန်းတီးပြီးတော့ အလေးပြုချင်ပါတယ်။

စိုးနန္ဒာကျော်
အာဇာနည် နေ့မှာတော့ ညီမလုပ်နေကြ အနုပညာ အလုပ်တွေပဲ လုပ်ဖြစ်မှာပါ။ အာဇာနည်နေ့ ဆိုတာကလည်း ညီမတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အမြဲတမ်း အမှတ်တရ ဖြစ်စေတဲ့ နေ့လေးတစ်နေ့ပါ။ အားလုံး ကလည်း အလေးထားပြီး ဂုဏ်ပြုကြတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ အစတုန်းကဆိုရင် အာဇာနည်နေ့ရောက်ရင် ဥသြတွေ ဆွဲကြ တယ်။ ဥသြသံကြားရင်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ တစ်ခုခုကို လွမ်းဆွတ် သတိရမိသလိုလည်း ခံစားရပါတယ်။ ဇူလိုင် ၁၉ ရက်ဆိုတာ တစ်နိုင်ငံလုံး မမေ့နိုင်ကြတဲ့ နေ့ရက်တစ်ရက် ဆိုလည်း မမှားပါဘူး။

https://www.facebook.com/mwdmedia/posts/813135695470237 

အသက် (၁၈)နှစ်အရွယ်မှာ ကလေးအမေ ဖြစ်ခဲ့ပေမယ့် ထင်ရှားတဲ့မော်ဒယ်ဖြစ်လာသူ

       ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု လိုက်သူတစ်ဦးဟာ ထင်ရှားတဲ့ မော်ဒယ် တစ်ဦးဖြစ်လာမယ်လို့ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရာဇီးလ် နိုင်ငံသူ လာအစ်ရီဘီရိုကတော့ အသက် (၁၈)နှစ် အရွယ်မှာ ကလေးတစ်ယောက် ရခဲ့ပြီး ထင်ရှားသူ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ရီဘီရိုပာာ လက်ရှိ အချိန်မှာ အကျော်ကြားဆုံး မော်ဒယ် အဖြစ် သတ်မှတ်ခံ ထားရပြီး နာမည်ကျော် Victoria Secret ရဲ့ ပင်တိုင် မော်ဒယ်အဖြစ် ဆောင်ရွက်နေပါတယ်။ Victoria Secret ဟာ အမျိုးသမီး အတွင်းခံ ဘောင်းဘီတွေကို ထုတ်လုပ်နေခြင်း ဖြစ်ပြီး ထင်ရှားသူတွေကိုသာ မော်ဒယ်အဖြစ် ခန့်အပ်လေ့ ရှိပါတယ်။

      ရီဘီရိုဟာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တာကြောင့် ဘ၀ကို ခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ရီဘီရိုမှာ ထူးခြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတာကြောင့် သူငယ်ချင်းဖြစ်သူက မော်ဒယ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရီဘီရိုဟာ အရပ် (၅) ပေ၊ (၁၁) လက်မရှိပြီး သွယ်လျတဲ့ အချိုးအစား ရှိနေတာကြောင့် မော်ဒယ်အလုပ်ကို စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ရီဘီရို မျှော်လင့်ထားသလို မဟုတ်ခဲ့ဘဲ ပထမဆုံး မော်ဒယ် အတွေ့အကြုံက အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်ပြီး မော်ဒယ် အေဂျင်စီတွေက ရီဘီရိုရဲ့ အချိုးအစားကို မနှစ်သက်တာကြောင့် အလုပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအချိန်မှာ ရီဘရိုဟာ စွန့်စားခန်းတစ်ခု ဖွင့်ခဲ့ပြီး အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

 အင်္ဂလိပ်စကား ကလည်း ကျွမ်းကျင်မူမရှိသလို နယ်မြေသစ်မှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ပေမယ့် နောက်ဆုံးမှာ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ထင်ရှားတဲ့မော်ဒယ်တွေကို မွေးထုတ်ပေးရာမှာ နာမည်ကျော်ပြီး ရီဘီရိုဟာ အက်ဒရီ ယာနာလီမာ၊ ဂျီဆီလီဘန်ချန် တို့ပြီးနောက် အကျော်ကြားဆုံး ဖြစ်လာခဲ့ပါတယ်။

         Victoria Secret ဟာ ပြီးခဲ့တဲ့ လတွေမှာ ထင်ရှားကျော်ကြားတဲ့မော်ဒယ် (၁၀)ဦးကို ရွေးချယ်ပြီး သူတို့ရဲ့ထုတ်ကုန် ကို မိတ်ဆက်ခဲ့ရာ ရီဘီရိုလည်း ပါဝင်ခဲ့ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တွေဟာ Victoria Secret ကနေ မွေးထုတ် ပေးလိုက်တာကြောင့် ရီဘီရိုဟာ ပိုမို ကျော်ကြားလာဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ အသက် (၂၄)နှစ်ရှိနေပြီး အသက် ခုနစ်နှစ်အရွယ် သားတစ်ဦး ပိုင်ဆိုင်ထားတဲ့ ရီဘရိုဟာ ခက်ခဲတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ်။

http://messengernewsjournal.com/General/Eventure/detail.php?id=40683 

မက်ဒေါ်နယ်ဆိုင်တွင် အလုပ်လျှောက်ရင်း မော်ဒယ်ဖြစ်လာသူ

Related Posts Plugin for WordPress, Blogger...