စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကြံ့ခိုင်တဲ့စိတ်ထား”




မြတ်စွာဘုရားက စဉ်းစားတဲ့။တစ်စုံတစ်ခု အောင်မြင်မှုကို ရလာလို့ရှိရင်လည်း
“ သြော် ဒီရတယ်ဆိုတာ မြဲတဲ့အရာ မဟုတ်ဘူး။ တစ်ခဏလေးသာဖြစ်တယ်။ ပြောင်းလဲသွားနိုင်တယ်။
အခြေအနေတစ်ခု ပျက်စီးသွားနိုင်တယ်။ ငါဘာလုပ်သင့်သလဲ?။ လုပ်သင့်တဲ့အလုပ်လုပ်မှပဲ။
ရလာတာ အတွက် ငါဘယ်လိုအကျိုးရှိအောင် ငါဘယ်လို အသုံးချမလဲ?”ဟောဒီလိုစဉ်းစားပါတဲ့။

“မရဘူး”ဆိုလို့ရှိရင်လည်း ဒီလိုပဲစဉ်းစားရမယ်။ အေး “မရဘူးဆိုတာလည်း တစ်ခဏပဲ။
အခြေအနေ မပေးသေးလို့မရတာ။အခြေအနေပေးလာရင် ရမှာပေါ့။
မရလို့ ရှိရင် ရှိတာနဲ့ ငါရောင့်ရဲရမယ်။ထပ်ပြီးတော့ ကြိုးစားရမယ်။
မရဘူးဆိုတာလည်း နိစ္စ-ထာဝရမဟုတ်ဘူး။ အနိစ္စ-တစ်ခဏမျှသာ ဖြစ်တယ်။ မမြဲတဲ့ သဘောပဲ။
တစ်ချိန်ကျတော့ ပြောင်းလဲလာဦးမှာပဲ” ဆိုပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ထိန်းတဲ့။

အဲဒီလိုစဉ်းစားရင် ရလာတာကို အကြောင်းပြုပြီးတော့လည်း မာန်မာနတွေ မဖြစ်ဘူး။
စိတ်ဓါတ်တွေ မတက်ကြွဘူး။ မရတာကိုအကြောင်းပြုပြီးတော့ စိတ်ဓါတ်တွေမကျဘူး။
Depression မဖြစ်ဘူးပေါ့ နော်။ အဲဒါကို “ကြံ့ခိုင်တဲ့စိတ်ထား”လို့ပြောတာ။
ဒီစိတ်ထားမျိုးက သူ့ဖာသာသူ အလိုလိုတော့ ဖြစ်လာမှာတော့ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင်က လေ့ကျင့်ရမယ်။မြတ်စွာဘုရားက “ဒီလိုစဉ်းစား”လို့
စဉ်းစားနည်းကိုပြောတာ။ ဒါ ဒီသုတ္တန်မှာ တစ်ခု ဟောထားတာနော်။ ဒီလိုစဉ်းစားပါလို့။
 
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...