စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင်



တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။

' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။

တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသော
မနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '

ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့
မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့
မျက်ရည်ပေါ့။

ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေး
မဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့မျက်ရည် ၊ ဆေးပေါင်းခ
တဲ့မျက်ရည်၊ တနည်းအားဖြင့် -ဘေးဖြစ်တဲ့မျက်ရည်၊ဘေးဖက်ဝင်တဲ့မျက်ရည်၊ဘေးပေါင်းခတဲ့မျက်ရည်ပေါ့.....။

ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊
ဝမ်းသာလို့ပဲ ကျကျ ၊ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။

စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်...။ကိလေသာအခြေခံတဲ့ မျက်ရည်
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။

မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမအချင်းချင်း၊မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်
အချင်းချင်း၊ဆရာဒကာအချင်းချင်း၊သံယောဇဉ်အနှောင်အဖွဲ့နဲ့ ရစ်ပတ်တွယ်တာနေမှုမှန်သမျှ ကိလေသာတွေချည်းပါပဲ ...။

သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။

ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့
ကိလေသာ၊၀မ်းသာတဲ့ကိလေသာ၊ကိလေသာကို အခြေခံတာ
ဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ ...။

တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊စိတ်ရှုတ်ထွေးတဲ့ဘေး၊စိတ်မတည်မငြိမ်
ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ဘေး ကတော့ အတွင်းဘေးအဖြစ်နဲ့ သေချာပေါက် ရင်ဆိုင်ကြုံတွေ့ရမှာပါ ...။

ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက်
ယတ်ခတ်ပြီး ဘေးခနေပါတယ် ..........

ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ် ..........

ဘုမသိ ဘမသိ အလိုလိုကျတဲ့မျက်ရည်ဟာ မောဟအပူနဲ့
စိတ်လွှင့်မျောပြီး ဘေးခနေပါတယ် ........

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံခွင့်ရတဲ့အခိုက် ကံကောင်းတာတစ်ခုကတော့ ဘေးပေါင်းခတဲ့မျက်ရည်ကို ဆေး
ပေါင်းခတဲ့ မျက်ရည်အဖြစ် အသွင်ပြောင်း ထုတ်လုပ်နိုင်ခြင်းပါပဲ .....။

တနည်းအားဖြင့် -

ပြောရရင်တော့ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့ မဂ်ဆီ အရောက်သွားနိုင်ခြင်းပါပဲ .......

ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ မြတ်စွာဘုရားရှင်က အပြည့်အစုံ ပေးထားပါတယ် .......

ဘေးကို ဆေးဖြစ်အောင် လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ပေးရမယ့် တန်ဖိုးကတော့" ယောနိသော မနသိကာရ " လို့ခေါ်တဲ့ စိတ်ထား တတ်မှု ၊ စိတ်ထားမှန်မှု ပါပဲ .....။

စိတ်ထားတတ်မှ၊စိတ်ထားမှန်မှ ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်ပါတယ် .....

စိတ်ထားမတတ်ရင်၊စိတ်ထားမမှန်ရင် ဘေးကိုဆေးဖြစ်အောင် မလုပ်နိုင်ပါဘူး .....။
ဘေးပြီးတော့ဘေး ၊ ဘေးထက်ဘေးတွေပဲ တိုးပွားလာနိုင်ပါတယ် .....
- Young Buddhist's Association
ပါရမီဓာတ်ခံအရ ကိုယ်ကိုယ်တိုင်က စိတ်ထားမတတ်ခဲ့ စိတ်ထားမမှန်ခဲ့ရင်တောင်မှ စိတ်ထားတတ်အောင်၊စိတ်ထားမှန်အောင် လမ်း ညွှန်ပေးနိုင်တဲ့ ဆရာကောင်း သမားကောင်း၊မိတ်ကောင်း ဆွေကောင်းတွေရဲ့ အကူအညီကြောင့် ကိုယ့်ရဲ့ ဘေးခမျက်ရည်ဟာ ဆေးခ မျက်ရည်အဖြစ် အလိုလို အသွင်ပြောင်းသွားနိုင်ပါတယ် .....။

ကူညီသူရဲ့ လမ်းညွှန်ချက် မှန်ကန်ဖို့တော့ အရေးကြီးပါတယ် ...။မေတ္တာမှန်ရုံနဲ့ မပြီးပါဘူး၊ပညာပါ မှန်ဖို့ လိုအပ်ပါတယ် ...။

မြတ်စွာဘုရားရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ အကူအညီကိုသာ ရလိုက်လိုက်လို့ကတော့ ကိုယ့်ရဲ့ ပူလောင်နေတဲ့ ဘေးခမျက်ရည်ဟာ အလွန် တရာအေးမြတဲ့ ဆေးခမျက်ရည်အဖြစ် အချိန်မဆိုင်း ချက်ချင်းပြောင်းလဲသွားမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး .....။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပဋာစာရာ(အများပြော ပဋာစာရီ) ဆိုတာ ဘေးပေါင်းခတဲ့မျက်ရည်တွေနဲ့ အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတစ်ဦးပေါ့ .......

ခင်ပွန်းသည်က မြွေကိုက်လို့သေ၊သားကြီးက ရေနစ်လို့သေ၊သားငယ်က စွန်ချီလို့သေ၊မိဘနှစ်ပါးနဲ့အစ်ကိုက လေကြီးမိုးကြီးကျပြီး အိမ်ပြိုပိလို့သေ၊တစ်နေ့တည်းမှာ အချစ်ရဆုံးသူခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင်သေပွဲကြီးနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ပဋာစာရာ မှ မရူးသွပ်ရင် ဘယ်သူရူးသွပ်ဦးမှာလဲ ???

အကြင်နာတရားကင်းမဲ့တဲ့လူတွေက 'အရူးမ၊အရူးမ 'လို့ခေါ်ပြီး သဲနဲ့ပက်၊ခဲနဲ့ပေါက် လုပ်ကြပေမယ့် အကြင်နာတရားပြည့်ဝ တဲ့ မြတ်စွာဘုရားရှင်ကတော့ သူ့ရဲ့တရားပွဲဆီ ပဋာစာရာ မရောက်ရောက်လာအောင် စိတ်တန်ခိုးအားနဲ့ ဆွဲခေါ်ဆောင်ယူတော် မူပါတယ် ....။

ဘုရားတန်ခိုးတော်နဲ့ တရားပွဲထဲရောက်လာတဲ့ ပဋာစာရာကို သဘောထားသေးသိမ်တဲ့ မေတ္တာတရား ခေါင်းပါးတဲ့ တရားနာ ပရိတ်သတ်က နှင်ထုတ်ကြပါတယ် .....။

မြတ်စွာဘုရားရှင်ကတော့ မေတ္တာတရားကြီးမားသူပီပီ ပဋာစာရာကို နှင်မထုတ်ဖို့ တရားနာပရိတ်သတ်ကို မိန့်ကြားပြီး အနီးနား ထိ ရောက်လာတဲ့ ပဋာစာရာကို " နှမလေးရယ် ...သတိလေးတစ်ချက်လောက် ထားလိုက်ပါဦးကွယ်" လို့ နှုတ်ခွန်းဆက် မေတ္တာ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ် .....။

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်၊ဓမ္မဓာတ်ကြောင့် အရူးစိတ် ပြေပျောက်ပြီး အသိစိတ်ဝင်ရောက်လာတဲ့ ပဋာစာရာကို မြတ်စွာဘုရားရှင် က ဘေးပေါင်းခတဲ့မျက်ရည် ပမာဏအကြောင်းနဲ့ ဘေးပေါင်းခတဲ့ မျက်ရည်ကို ဆေးပေါင်းခအောင် အသွင်ပြောင်းပုံ နည်းလမ်း အကြောင်း အခုလို မိန့်ကြားတော်မူပါတယ် .....။

"ချစ်နှမ ပဋာစာရာ . . . သမုဒ္ဒရာလေးစင်းထဲမှာရှိတဲ့ရေတွေဟာ တကယ်တော့ နည်းနည်းလေးပါကွယ် . . .ဘာမှမပြောပလောက်ပါ ဘူး...။

သံသရာမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ရလို့ ပူပင်သောကဖြစ်ပြီး ကျခဲ့ရတဲ့ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်တွေကမှ သမုဒ္ဒရာလေးစင်းထဲက ရေတွေထက် အင်မတန် များပြားလွန်းလှတာပါ . . .၊နည်းနည်းနောနောမှ မဟုတ်ပါပဲလား ??? ချစ်နှမရယ်...."

"သမုဒ္ဒရာလေးစင်းထက်များတဲ့ မျက်ရည်တွေ ကျခဲ့ဖူးလှတာတောင် ခုချိန်ထိ ဘာလို့များ မေ့လျော့နေချင်ရသေးတာလဲ . . . မမေ့လျော့သင့်တော့ဘူးလေ . . . ခုချိန်ကစပြီး မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ နေထိုင်မှုပုံစံသစ် ပြောင်းလိုက်ပါတော့ ချစ်နှမရယ် . . . နော် . . ."

မြတ်စွာဘုရားရှင်ရဲ့ မျက်ရည်တရားကို နားကြားရတဲ့အတွက် ပဋာစာရာရဲ့ ရင်ထဲက ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်၊နုလုံးသား ထဲက ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်...။

စိတ်ထဲက နောက်ကျုမှုတွေ ကြည်လင်သွားပါတယ် ၊ သွေးထဲက လှုပ်ရှားမှုတွေ ငြိမ်သက်သွားပါတယ် ......။

ပဋာစာရာရဲ့ စိတ်အစဉ် ငြိမ်အေးရှင်းလင်း ကြည်လင်ငြိမ်သက်သွားပြီဆိုတော့မှ မြတ်စွာဘုရားရှင်က

"မိဘဆွေမျိုး၊သားသမီး၊ဇနီး ခင်ပွန်း၊မိတ်ဆွေ စတဲ့ အပေါင်းအဖော်တွေဟာ အားကိုးမှီခိုရာ အစစ်မဟုတ်ကြောင်း၊အို နာ သေရေး စတဲ့ တကယ့်ဒုက္ခဘေးတွေနဲ့ တွေ့ကြုံလာတဲ့အခါ ဘယ်သူ့ကိုမှ အားကိုးမှီခိုလို့ မရကြောင်း၊အသိဥာဏ်ရှိတဲ့ သူတော်ကောင်းဟာ ကိုယ့်ရဲ့ နိဗ္ဗာန်သွားလမ်းကို သီလ အခြေခံပြီး အမြန်ဆုံး တည်ဆောက်လျှောက်သင့်ကြောင်း" ရှင်းလင်းမိန့်ကြားတော်မှုပါတယ် .....။

တရားတော်ရဲ့အဆုံးမှာ ပဋာစာရာ သောတပန်တည်သွားပါတယ် .....။

နောက်တော့ -

ဘိက္ခုနီမ ပြုပြီး တရားဆက်အားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ၀ိနည်းဆောင်တဲ့ ဘိက္ခုနီတွေထဲ မှာ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ် .....။

ပဋာစာရာရဲ့ ဘေးပေါင်းခနေတဲ့ သောကမျက်ရည်ဟာ ဘုရားအဆုံးအမတရားတော်ကြောင့် ဆေးပေါင်းခတဲ့ ဓမ္မမျက်ရည်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ် ...။

မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူ့တရား ကြီးမားလှပါတယ် .....။


"အရူးမမို့ အဖက်မလုပ်ဘူး ၊အဖက်မလုပ်နဲ့" ဆိုတဲ့ သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေ့ဆုံရမယ်ဆိုရင်တော့ ပဋာစာရာ ရဲ့ ဘ၀ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး .....။
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်း
လိုချင်တယ် ၊ကိုယ်ကတော့ သူတစ်ပါးရဲ့ မိတ်ကောင်းဆွေကောင်း
ဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး .....။

သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊အပြစ်တင်တဲ့ စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ် ....။
ကိုယ့်အတွက် ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက် မရှိရင် မပေါင်းချင်ကြပါဘူး ...။
ဒါကိုပဲ ' လူမှုဆက်ဆံရေးတော်တယ်' လို့ တလွဲ ဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။
အမှန်ကတော့ -

တကိုယ်ကောင်းဆန်တာပါ ... မေတ္တာတရားခေါင်းပါးတာပါ .....။
ပဋာစာရာ ကျခဲ့ရတဲ့မျက်ရည်ဟာ တကယ်တော့ ကာမဂုဏ်အာရုံကို အကြောင်းပြုပြီး ကျခဲ့ရတာမို့ ဘေးပေါင်းခတဲ့မျက်ရည်ပါ ...။
ဒါပေမယ့် -

မြတ်စွာဘုရားရှင်ရဲ့ သဘောတရားအဆုံးအမနဲ့ ကျင့်နည်းကြံနည်း အဆုံးအမတရားတွေကြောင့် ဘေးပေါင်းခတဲ့မျက်ရည် ဟာ ဆေးပေါင်းခတဲ့မျက်ရည်အဖြစ် အသွင်ကူးပြောင်းခဲ့ရပါတယ် .....။

လူသားတိုင်း လူသားတိုင်း သက်ရှိသက်မဲ့ ကာမဂုဏ်အာရုံတစ်ခုခုကို အကြောင်းပြုပြီး မျက်ရည်ကျခဲ့ကြဖူးမှာပါ .......
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ ငိုခဲ့ကြဖူးမှာပါ .........
မငိုတောင်မှ စိတ်ဆင်းရဲတာ၊စိတ်မချမ်းသာတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေတော့ ဖြစ်ဖူးကြမှာပါ ....
ဘာကြောင့်ပဲ ငိုငို ၊ ငိုတယ်ဆိုတာ အဘိဓမ္မာတရားကိုယ်ကတော့
ဒေါသပါပဲ ။
ငိုနေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ဟာ ဒေါသစိတ်ပါ ။

စိတ်ဆင်းရဲတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေဟာလည်း ဒေါသစိတ်တွေချည်းပါပဲ .......။

အဲဒီလို ဒေါသစိတ်တွေ ဖြစ်ပေါ်လာရင် သက်ဆိုင်ရာဒေါသရဲ့
အပြစ်ကိုလည်း မြတ်စွာဘုရားအဆုံးအမတွေနဲ့အညီ ဆင်ခြင်
နှလုံး သွင်းရပါမယ် .....။

ဖြစ်ပေါ်နေတဲ့ ဒေါသကိုလည်း ဖြစ်ပေါ်နေတဲ့အတိုင်း သတိပဋ္ဌာန်နည်းလမ်းနဲ့အညီ ရှုမှတ်ပွားများရပါမယ် .....

စိတ်ဆင်းရဲရင် "စိတ်ဆင်းရဲတယ်"၊ စိတ်ပူရင် "စိတ်ပူတယ်" ၊
စိတ်ညစ်ရင် "စိတ်ညစ်တယ်" ၊ ၀မ်းနည်းရင် "၀မ်းနည်းတယ်" ပေါ့ .....။
ဘယ်လိုပဲ ရှုမှတ် ရှုမှတ် ဒေါသကို ရှုမှတ်နေတာပါပဲ ........

ဆင်ခြင်မှု၊ရှုမှတ်မှု ဆိုတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ပူလောင်တဲ့မျက်ရည်ဟာ
အေးမြတဲ့ မျက်ရည် ဖြစ်သွားပါလိမ့်မယ် .....။

ဘေးပေါင်းခတဲ့ မျက်ရည်ဟာ ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်သွား
ပါလိမ့်မယ် .....။
အနာဂါမိ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သွားပြီဆိုရင်တော့ မျက်ရည်သမုဒ္ဒရာလည်း ထာဝရခန်းခြောက်သွား ပါပြီလေ . . . .။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Dhamma Danã Source ►youngbuddhistassociation

အတုယူဖွယ် မိလိန္ဒမင်းကြီး စိတ်ကိုပြုပြင်ပုံ




မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ
အထိုက်အလျောက် မေးပြီးနောက်သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော
ပြဿနာတို့ ကို မေးဖို့ ရန်အကြံဖြစ်လာသောအခါ ထိုပြဿနာများကို
မမေးသေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကိုသမာဓိရအောင် ထိန်းသိမ်းစောင့်စည်း
နေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။

စောင့်စည်းပုံကား - နံနက်စောစော အိပ်ယာထပြီးလျှင်
ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်ဆင်အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသောအ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင်
မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်း)
ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက်
(၈) ပါးသော အချက်များကို ၇ ရက်လုံးလုံး မပျက်ပြားအောင်
စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။ ၈ ပါးကား -

၁။ ၇ ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းမျာ
အပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင်စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်ထိန်းမည်။
၇။ မြင်ရ ကြားရ တွေ့ ရ သိရသမျှသော အာရုံများအတွက်
အကုသိုလ်မဖြစ်အောင် မျက်စိ နား စသော ဣနြေ္ဒများကိုစောင့်စည်းမည်။
၈။ အားလုံးသတ္တ၀ါတို့ အပေါ်မှာ မေတ္တာစိတ်ထားမည်။

ဤ (၈) ပါးသော အချက်ကို (၇) ရက်လုံးစောင့်သုံးလျက်
၈ ရက်မြောက်နေ့ ၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့  စက္ခုနြေ္ဒချပြီးလျှင်စကားပြောဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့  ကြည်လင်ရွှင်ပျ
အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော
ပြဿနာများကို မေးလျှောက်လေသည်။

ဤမိလိန္ဒမင်းကြီး၏ ၇ ရက်လုံးလုံး စိတ်ပြုပြင်ပုံကိုအတုယူလျက် သူတော်ကောင်းဘက်က
အထက်တန်းရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ်နံနက်စသည်ဖြင့်
ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသောအကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ
အထူးစောင့်စည်း သင့်ပေသည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ်
အထူးနည်းပါးသော သူတော်စင်အဖြစ်သို့  တက်ရောက်၍
သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ရက်ပေါင်းအတော်ကြာအောင် နဂိုဖြစ်တတ်သော
အကုသိုလ်စိတ်များ မဖြစ်ဘဲ ရှိပါလိမ့်မည်။

"ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏
အလိုသို့ လိုက်နေရသည်။" (တရားတော်)

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ-ကိုယ်ကျင့်အဘိဓမ္မာ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
 

မိုးကုတ်ဆရာတော်ကြီး၏ သစ္စာတရားတော်များ အပိုင်း(၂) (အခွေ ၁၀၀ )

၁၀၁။ ရှင်ယမကဥပမာပြ(၂) ရှေ့နောက်ခွဲကြရန် (၂၂-၁၁-၁၉၆၀)
၁၀၂။ သဗ္ဗေသင်္ခါရာ အနိစ္စာ (၂၂-၁၁-၁၉၆၀)
၁၀၃။ အစေလက ကဿဖဥပမာပြ(၁) ဆရာ့တာဝန်နှင့် ဒကာ့တာဝန် (၂၃-၁၁-၁၉၆၀)
၁၀၄။ အစေလက ကဿဖဥပမာပြ(၂) ဒုက္ခလာပုံအမေးအဖြေ (၂၄-၁၁-၁၉၆၀)
၁၀၅။ သုတ၀ါနှင့် အသုတ၀ါကွာခြားပုံ (၂၄-၁၁-၁၉၆၀)
၁၀၆။ သက္ကာယဒိဋ္ဌိခွါရေး (၂၆-၁၁-၁၉၆၀)
၁၀၇။ သေရမှာကြောက်သူနှင့် မကြောက်သူတရားတော် (၂၇-၁၁-၁၉၆၀)
၁၀၈။ မိတ်ဆွေကောင်းတစ်ယောက်က ပြောသည်ဟု သဘောထားကျင့်ရန် (၂၈-၁၁-၁၉၆၀)
၁၀၉။ အမြင်မှန်ပေးပုံ (၂၉-၁၁-၁၉၆၀)
၁၁၀။ လောက်စာနှင့်မီးခွဲခြားပြပုံ (၃၀-၁၁-၁၉၆၀) ၁၁၁။ ကောသလမင်းကြီးအား သေခြင်းတရားပြပုံ (၃-၁၂-၁၉၆၀)
၁၁၂။ အဓိပတိသုံးပါးနှင့် အားထုတ်ပါ၊ နံနက်အားထုတ်လျှင် ညနေရနိုင်ပုံ (၄-၁၂-၁၉၆၀)
၁၁၃။ လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရနိုင်ပုံ တရားတော် (၅-၁၂-၁၉၆၀)
၁၁၄။ သဒ္ဒါတရားဖြင့် သြဃမှ လွန်မြောက်နိုင်ပုံ တရားတော် (၆-၁၂-၁၉၆၀)
၁၁၅။ သေမင်းတမန်သတ်နည်း (၇-၁၂-၁၉၆၀)
၁၁၆။ ကာလိကနှင့် အကာလိက (၈-၁၂-၁၉၆၀)
၁၁၇။ သဿတ၊ ဥစ္ဆေဒရှိမရှိသိရန် ကိုယ်တွင်းစုံစမ်းရေး (၉-၁၂-၁၉၆၀)
၁၁၈။ ပဏ္ဍိတတာနစ္စသေ၀နာ မင်္ဂလာတရားတော် (၁၁-၁၂-၁၉၆၀)
၁၁၉။ ဘေးကြီးလေးပါး တရားတော် (၁၂-၁၂-၁၉၆၀)
၁၂၀။ နီဝရဏပယ်နည်း(၁) သံသရာတွင်းနေထိုင်ရပုံ (၁၃-၁၂-၁၉၆၀)
၁၂၁။ နီဝရဏပယ်နည်း(၂) (၁၄-၁၂-၁၉၆၀)
၁၂၂။ နီဝရဏပယ်နည်း(၃) (၁၅-၁၂-၁၉၆၀)
၁၂၃။ လောဘကာမစ္ဆန္ဒနီဝရဏရှိနေလျှင် ကြွေးတင်နေသောသူနှင့်တူပုံ (၁၇-၁၂-၁၉၆၀)
၁၂၄။ ဗျာပါဒ နီဝရဏတရားရှိနေလျှင် ရောဂါရနေသူနှင့်တူပုံ (၁၈-၁၂-၁၉၆၀)
၁၂၅။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏရှိနေလျှင် ကျွန်ဘ၀ရောက်နေသူနှင့်တူပုံ (၁၉-၁၂-၁၉၆၀)
၁၂၆။ အနှစ်နှစ်သောင်း အားထုတ်သော ရဟန်းကြီးဥပမာပြ (၂၀-၁၂-၁၉၆၀)
၁၂၇။ ပထမမဂ်ကိုတားသော အ၀ိဇ္ဇာ ၀ိစိကိစ္ဆာနီဝရဏ ဖြစ်ပေါ်ခြင်း၏လက်သည် (၂၁-၁၂-၁၉၆၀)
၁၂၈။ ရှင်အနုရာဓရဟန်းအား ဒိဋ္ဌိကိစ္ဆာခွါပေးပုံ (၂၂-၁၂-၁၉၆၀)
၁၂၉။ ရှင်ဆန္ဒရဟန်း ဥပမာပြ ဒိဋ္ဌိခွါနည်းနှင့် ၀ိပဿနာအလုပ်စဉ် (၂၃-၁၂-၁၉၆၀)
၁၃၀။ မာဂဏ္ဍီပရိဗိုဇ် သမုဒ္ဒရာခြောက်စင်း ဥပမာပြ (၂၅-၁၂-၁၉၆၀)
၁၃၁။ မာဂဏ္ဍီပုဏ္ဏားကြီးအား တရာပေးပုံ (၂၆-၁၂-၁၉၆၀)
၁၃၂။ မာဂဏ္ဍီပုဏ္ဏားကြီးအား အရိယာမျက်လုံးတပ်ပေးပုံ (၂၇-၁၂-၁၉၆၀)
၁၃၃။ မာဂဏ္ဍီပုဏ္ဏားကြီးအား အရိယာမျက်လုံးတပ်ပေးပုံ(၂) (၂၈-၁၂-၁၉၆၀)
၁၃၄။ ရှင်နန္ဒက ဘိက္ခုနီမငါးရာအား တရားပေးပုံ (၂၉-၁၂-၁၉၆၀)
၁၃၅။ ဣနြေ္ဒလုံခြုံစေနည်း ဣန္ဒြိယဘာဝနာသုတ် (၃၀-၁၂-၁၉၆၀)
၁၃၆။ ဦးကျော်သိန်း+ဒေါ်တင်လှတို့၏ မင်္ဂလာကျောင်းတိုက် ရေစက်ချ (၃၁-၁၂-၁၉၆၀)
၁၃၇။ ၀ဋ်ကြွေးကို ခန္ဓာနှင့်မဆပ်ဘဲ ဉာဏ်နှင့်ဆပ်ကြရန် (၁-၁-၁၉၆၁)
၁၃၈။ ဒီခန္ဓာပစ်ပြီး နောက်ခန္ဓာမရတာသည် အကောင်းဆုံး(ရှင်ဆန္ဒ၀တ္ထု-၁) (၂-၁-၁၉၆၁)
၁၃၉။ တွင်းအောင်းသောကြွက်ပမာ ပုဂ္ဂိုလ်လေးမျိုးရှင်းပုံ(ရှင်ဆန္ဒ၀တ္ထု-၂) (၃-၁-၁၉၆၁)
၁၄၀။ အလေးဂရုပြု၍နေစရာ(ရှင်ဆန္ဒ၀ိတ္ထု-၃) (၄-၁-၁၉၆၁)
၁၄၁။ မဟာနာမ်မင်းကြီးအား ထောပတ်အိုးကွဲ ဥပမာပြ(ရှင်ဆန္ဒ၀တ္ထု-၄) (၅-၁-၁၉၆၁)
၁၄၂။ ရထ၀ိနီတသုတ်၊ ရထားခုနစ်စင်း ဥပမာပြ (၆-၁-၁၉၆၁)
၁၄၃။ သာရောပမသုတ် (၇-၁-၁၉၆၁)
၁၄၄။ ရှင်သာရိပုတ္တရာက အနာထပိဏ်သူဋ္ဌေးအား ဖြစ်ပျက်ရှုနည်းသင်ပေးပုံ (၈-၁-၁၉၆၁)
၁၄၅။ မာလုံကျဥပမာပြ (၉-၁-၁၉၆၁)
၁၄၆။ ပုထုဇဉ်ရဟန်းနှင့် ရဟန္တာကြီးလေးပါး အမေးအဖြေ (၁၁-၁-၁၉၆၁)
၁၄၇။ ၀ိဏောပမသုတ်၊ စောင်းထဲမှာအသံရှာပုံ (၁၂-၁-၁၉၆၁)
၁၄၈။ သားကောင်းခြောက်ကောင် ဥပမာပြ(၁) (၁၃-၁-၁၉၆၁)
၁၄၉။ ဦးချမ်း+ဒေါ်ခန့်တို့၏ ဘုရားပြုပြင် အလှူရေစက်ချ (၁၄-၁-၁၉၆၁)
၁၅၀။ အာသ၀၀င်ရိုးချိုးရန် (၁၆-၁-၁၉၆၁)

၁၅၁။ စူဠသောတာပန်သေနည်း (၁၇-၁-၁၉၆၁)
၁၅၂။ ကိုယ်သာနာ၍ စိတ်မနာစေနှင့် (၁၈-၁-၁၉၆၁)
၁၅၃။ ဆန္ဒရာဂပယ်ခြင်းသည် ဘုရား၏အယူဝါဒဖြစ်ပုံ (၁၉-၁-၁၉၆၁)
၁၅၄။ ပပဉ္စတရားသုံးပါး ချုပ်ရန် ဝေဒနာနုပဿနာ ရှုပွားနည်း (၁-၂-၁၉၆၁)
၁၅၅။ မဂ္ဂင်ဖောင်ပြင်ရန်၊ မရဏရေဘေးကာကွယ်ရေး (၂-၂-၁၉၆၁)
၁၅၆။ အချိန်ကာလ၏ စားဖတ်၊ ၀ါးဖတ် ဖြစ်နေပုံတရား (၃-၂-၁၉၆၁)
၁၅၇။ ကံအမျိုးမျိုးကို အဟောသိဖြစ်အောင် လုပ်နည်းတရားတော် (၄-၂-၁၉၆၁)
၁၅၈။ သင်္ခတဒုက္ခမှ အသင်္ခတနိဗ္ဗာန် ပေါ်လာပုံ (၅-၂-၁၉၆၁)
၁၅၉။ နိဗ္ဗာန်ရောက်ချင်လျှင် ခန္ဓာဖြစ်စဉ်ဖြတ်ရန် (၆-၂-၁၉၆၁)
၁၆၀။ အရှိနှင့်အသိ ကိုက်အောင်လုပ်နည်း၊ စိတ္တနုပဿနာအလုပ်ပေး (၇-၂-၁၉၆၁)

၁၆၁။ စိတ္တနုပဿနာ အလုပ်ပေးတရားတော် (၈-၂-၁၉၆၁)
၁၆၂။ အရှင်အနုရာဓဥပမာပြ ဒိဋ္ဌိဖြုတ်ရေးတရားတော်(၁) (၉-၂-၁၉၆၁)
၁၆၃။ အရှင်အနုရာဓဥပမာပြ ဒိဋ္ဌိဖြုတ်ရေးတရားတော်(၂) (၁၀-၂-၁၉၆၁)
၁၆၄။ ခန္ဓာပဋိစ္စသမုပ္ပါဒ် ခန္ဓာအစဉ်သိ ဒိဋ္ဌိပြုတ်ရေး (၁၁-၂-၁၉၆၁)
၁၆၅။ ရှင်အနုရာဓ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကွာပြီး ရဟန္တာဖြစ်ပုံ (၁၂-၂-၁၉၆၁)
၁၆၆။ ၀ိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ဖြုတ်ရမည် (၁၃-၂-၁၉၆၁)
၁၆၇။ ဖွားဖက်တော်ရှင်ဆန္ဒ အကြောင်းပြု၍ မဂ်ဉာဏ်ဖိုလ်ဉာဏ် (၁၃-၂-၁၉၆၁)
၁၆၈။ ဒိဋ္ဌိခံနေလျှင် မဂ်ဖိုလ်မရနိုင်ကြောင်း (၁၄-၂-၁၉၆၁)
၁၆၉။ ဒိဋ္ဌိခွါမှုကိုရှေ့ထားပြီး ၀ိပဿနာရှုမှုကို နောက်ထားရပုံ (၁၆-၂-၁၉၆၁)
၁၇၀။ ကာယ၀ိဉာဏ်ကို ၀ိပဿနာရှုနည်း (၁၇-၂-၁၉၆၁)
၁၇၁။ မှန်ထောင်တရားတော် (၁၈-၂-၁၉၆၁)
၁၇၂။ ဒိဋ္ဌိမကွာလျှင်နိဗ္ဗာန်မမြင်နိုင်ပုံ (၁၉-၂-၁၉၆၁)
၁၇၃။ လူမိုက်နှင့်လူလိမ္မာထူးခြားပုံ (၂၀-၂-၁၉၆၁)
၁၇၄။ မဂ္ဂဗြဟ္မစရိယအကျင့် (၂၁-၂-၁၉၆၁)
၁၇၅။ စရိုက်နှင့်လျော်စွာ ကမ္မဋ္ဌာန်းပေးရပုံ(၁) (၂၃-၂-၁၉၆၁)
၁၇၆။ စရိုက်နှင့်လျော်စွာ ကမ္မဋ္ဌာန်းပေးရပုံ(၂) (၂၄-၂-၁၉၆၁)
၁၇၇။ အိုဘေးမစောင့်ဘဲ ၀ိပဿနာလုပ်သင့်ကြောင်း တိုက်တွန်းပုံ (၂၅-၂-၁၉၆၁)
၁၇၈။ ဒုလ္လဘတရားနှင့်ကြုံခိုက်မှာ အချိန်မဖြုန်းပါနှင့် တိုက်တွန်းခြင်း (၂၆-၂-၁၉၆၁)
၁၇၉။ အဖုံးငါးပါးဖွင့်လှစ်နည်း တရားတော် (၂၇-၂-၁၉၆၁)
၁၈၀။ ရာဓရဟန်းအကြောင်းပြု ဝေဒနာနုပဿနာရှုပွားနည်း (၂၇-၂-၁၉၆၁)
၁၈၁။ သမ္မသနသုတ်၊ မိမိကိုယ်ကိုသုံးသပ်ရန် (၁-၃-၁၉၆၁)
၁၈၂။ ၀ိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကူးပြောင်းပုံ (၂-၃-၁၉၆၁)
၁၈၃။ ကိုယ့်ခန္ဓာကိုယ် သုံးသပ်ပုံ (၃-၃-၁၉၆၁)
၁၈၄။ တောင်ကြီးလေးလုံးကြိပ်သည်ကို ခံနေကြရပုံ (၄-၃-၁၉၆၁)
၁၈၅။ ခန္ဓာခေါ်ရာကို ဉာဏ်ကသွားရမည် (၅-၃-၁၉၆၁)
၁၈၆။ ဓမ္မာနုဓမ္မပဋိပတ္တိဖြစ်ရန်နှင့် ဖြစ်ပျက်နှင့်မဂ်ကိုက်ရန် (၆-၃-၁၉၆၁)
၁၈၇။ ခန္ဓာဝန်ကြမ်းခရီးလမ်းသွားရုံ (၇-၃-၁၉၆၁)
၁၈၈။ အဓိပတိ(၃)ပါးထား၍ တရားအားထုတ်ရမည် (၈-၃-၁၉၆၁)
၁၈၉။ အတ္တပြုတ်အောင် ရှုနည်း (၁၀-၃-၁၉၆၁)
၁၉၀။ ဘ၀ထူးကြီးကို အလွဲသုံးစား မလုပ်ကြရန် (၁၂-၃-၁၉၆၁)
၁၉၁။ ဘ၀ထူးကြီးကို အလွဲသုံးစားမလုပ်ဘဲ၊ ဒိဋ္ဌိခွါပြီး နိဗ္ဗာန်ဝင်ရန် (၁၃-၃-၁၉၆၁)
၁၉၂။ သဿတ၊ ဥစ္ဆေဒဖြုတ်နည်း၊ လောင်စာသိမ်း၍မီးငြိမ်းရန် (၁၄-၃-၁၉၆၁)
၁၉၃။ နားကတရားနာ ဉာဏ်ကခန္ဓာလှည့်ရန် (၁၅-၃-၁၉၆၁)
၁၉၄။ ဒိဋ္ဌိအရင်ခွါရမည် (၁၆-၃-၁၉၆၁)
၁၉၅။ ပုထုဇဉ်နစ်မျိုးရှိနေပုံ (၁၇-၃-၁၉၆၁)
၁၉၆။ ငကျိုးငကန်းနှင့် ခရီးသွားပုံ (၁၈-၃-၁၉၆၁)
၁၉၇။ ကိသုကောပမသုတ်(၁) ကိုယ့်အကြောင်းကိုယ်သိရမည် (၂၀-၃-၁၉၆၁)
၁၉၈။ ကိသုကောပမသုတ်(၂) ကိုယ့်အကြောင်းကိုယ်သိရမည် (၂၁-၃-၁၉၆၁)
၁၉၉။ ကိသုကောပမသုတ်၊ ၀ိပဿနာရှုဖို့ အကြိမ်ကြိမ်မှာခြင်း (၂၂-၃-၁၉၆၁)
၂၀၀။ ပုထုဇဉ်ရဟန်းအမေး၊ ရဟန္တာကြီးလေးပါးအဖြေ (၂၃-၃-၁၉၆၁)

 
တရားတစ်ပုဒ်ကို (6MB) ပတ်ဝန်းကျင်မျှသာရှိပါတယ်။ Download ရယူကာ သိမ်းဆည်းထားသင့်ပါတယ်။ နောက် အချိန်ပေးကာ နာယူမှတ်သား ကျင့်ကြံပွားများကာ 
သံသရာဝဋ် အတွင်းမှ လွတ်းကင်းနိုင်သူမျာ ဖြစ်ကြပါစေ....
 ကျန်ရှိနေသေးသော တရားများအား ဆက်လက် မျှဝေပါဦးမည်...။
                                                                        လေးစားစွာဖြင့်    ....    မောင်မြင့်

မူရင်း= http://www.mogokdhamma.com/index.php?option=com_content&view=article&

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝ

 

အင်္ဂလန်စာရေးဆရာ Richard Happer က ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်းကို
"The law is an ass"ဆိုပြီး စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ ဥပဒေတချို့ကို အကြမ်းဖျင်း ဘာသာပြန်မျှဝေလိုက်ပါတယ်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ အတွင်းခံဘောင်းဘီတိုမဝတ်ဘဲ အိမ်ပြင်မထွက်ရတဲ့ ဥပဒေရှိတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘဲ အပြင်ထွက်ရင် ဥပဒေကိုကျူးလွန်ရာရောက်ပါတယ်။ ရှပ်အင်္ကျီမဝတ်ဘဲ ကားမမောင်းရပါတဲ့။

စင်ကာပူ
စင်ကာပူနိုင်ငံမှာ ပီကေမဝါးရ ဥပဒေရှိပါတယ်။ ၁၉၉၂ခုနှစ်ကစပြီး စင်ကာပူနိုင်ငံမှာ ပီကေထုတ်လုပ်တာ၊ တင်သွင်းတာ၊ ရောင်းဝယ်တာ၊ စားတာတွေ မလုပ်ရ တားမြစ်ထားပါတယ်။ ၂ဝဝ၄ခုနှစ်ရောက်မှ ဆေးဆိုင်တစ်ချို့မှာ ဆေးပီကေတွေကိုရောင်းခွင့်ပေးပါတယ်။ ဆေးပီကေကိုဝယ်ရင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ရပါတယ်တဲ့။

ဘရုနိုင်း
ဘရုနိုင်းနိုင်ငံမှာ အများပြည်သူသုံးနေရာတွေမှာ ဒူးရင်းသီးမစားရတဲ့ဥပဒေ ထုတ်ထားပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ဟိုတယ်၊ လေယာဉ်ကွင်းတွေမှာ ဒူးရင်းသီးမစားရပါဘူးတဲ့။

ဂျပန်
ဂျပန်နိုင်ငံမှာ လူတွေကို ဝခွင့်မပေးတဲ့ဥပဒေ ရှိပါတယ်။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဝသူဦးရေနှုန်း နည်းပါးတဲ့နိုင်ငံဖြစ်တယ်။ (၅%သာရှိပါတယ်။ အမေရိကားမှာ ၃၅%ရှိပါတယ်) ဂျပန်ဥပဒေဟာ ၂ဝဝ၉ခုနှစ်မှာ ခါးအတိုင်းအတာအကြီးဆုံးကို သတ်မှတ်ခဲ့သေးတယ်။ အသက် ၄ဝနှစ် သို့မဟုတ် ၄ဝနှစ်အထက်အမျိုးသားတွေရဲ့ ခါးပတ်အကျယ်ဟာ ၈ဝ cmထက်မကျော်ရ၊ အဲဒီအသက်အရွယ် အမျိုးသမီးတွေရဲ့ခါးပတ်အကျယ်ဟာ ၉ဝcmထက် မကျော်ရလို့ သတ်မှတ်ထားပါတယ်တဲ့။

ဆွစ်စလန်
ဆွစ်စလန်နိုင်ငံမှာ ည ၁ဝနာရီကျော်ရင် အိမ်သာရေမလောင်းရ ဥပဒေရှိပါတယ်။ အနံ့နံခြင်းက ဆူညံခြင်းထက် ပတ်ဝန်းကျင်ကို ပိုသက်ရောက်စေလို့ပါတဲ့။ ဒါကြောင့် ည၁ဝနာရီကျော်မှာ အိမ်သာရေလောင်းတာဟာ ဥပဒေကိုချိုးဖောက်တာပဲဖြစ်ပါတယ်။

အရက်မသောက်ရဥပဒေ
အမေရိကန်နိုင်ငံ St. Louisမြို့မှာ လမ်းပေါ်မှာထိုင်နေတုန်း ဘီယာမသောက်ရ တားမြစ်ထားပါတယ်။
Chicagoမြို့မှာ မြို့ရဲ့ဘယ်ထောင့်တစ်နေရာမှာပဲဖြစ်ဖြစ် သင်ရပ်ပြီး အရက်သောက်ရင် သင့်ကိုဖမ်းဆီးခွင့်ရှိပါတယ်။
Kansasပြည်နယ် Topekaမြို့မှာ ရေနွေးကြမ်းခွက်နဲ့ အရက်ထည့်မသောက်ရ တားမြစ်ထားပါတယ်။
Clevelandမြို့မှာ ဝီစကီပုလင်းလိုက်မော့ခွင့် တားမြစ်ထားပါတယ်။
ကနေဒါရဲ့ Saskatchewanမြို့နယ်မှာ အရက်ဘားမှာ ရေမသောက်ရတားမြစ်ထားပါတယ်တဲ့။


ကျန်တချို့နိုင်ငံရဲ့ဥပဒေကို ဒီမှာသွားကြည့်နိုင်ပါတယ်.. http://www.ltaaa.com/wtfy/6394.html
.
နိုင်းနိုင်းစနေ


https://www.facebook.com/photo.php?fbid=476894339075069&set=a.351047714993066.7

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်



အောင်ခမ်း (ရိုးရာလေး)

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

► ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

► ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

► ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

► ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

► ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။
--
Ref: medic-facts


https://www.facebook.com/photo.php?fbid=477264102371426&set=a.351047714993066

ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်



ဆရာဝန်နှင့် တွေ့ ဆုံချိန်တွင် သိထားသင့်သော အချက် ခုနစ်ချက်
ဆေးကုသမှု ပြုလုပ်တဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့အတွက် လူနာတွေ အနေနဲ့ သိထားသင့်တဲ့ အချက်တွေ ရှိပါ တယ်။
 

(၁)မြင်ခဲ့၊ကြားခဲ့သမျှ မေ့လိုက်ပါ “ဒီလို စမ်းသပ်လိုက်ရင် ကောင်းတယ်လို့ သူများတွေက ပြောကြတယ်၊” “ဒီစစ်ဆေးမှုကို သူများတွေ လုပ်တာ မြင်ခဲ့ တယ်”၊“ဒီဆေးသောက်ရင် ကောင်းတယ်လို့ ပြောကြလို့ ”စတဲ့ အချက်တွေကို လူနာ အများစုက ဆရာဝန်နဲ့ တွေ့ ဆုံခိုက်မှာ ပြောပြလေ့ ရှိပါတယ်။တကယ်တော့ ဆရာဝန်တွေက သင့် ကျန်းမာရေး အခြေအနေကို စမ်းသပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ကာ သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် ဆေးပညာ အကြောင်း နားလည်တတ် ကျွမ်းမှု မရှိ သူတွေ ပြောတဲ့ စကားကို မေ့ပစ်လိုက် သင့်ပါတယ်။
 

(၂)အမွေးရှိနေတဲ့ ခြေသလုံးအတွက်မစိုးရိမ်ပါနဲ့  လူနာ အများစုဟာ ခြေသလုံးမှာ အမွေးတွေ ရှိနေတာကြောင့် ခြေသဲဝဲ စားတာ၊ခြေထောက် အနာ စတဲ့ အခြေအနေကို ဆရာဝန်နဲ့ တွေ့ ဆုံ ဆွေးနွေး ရမှာကို ရှက်ရွံ့  စိုးရိမ် လေ့ ရှိကြပါတယ်။ တကယ်တော့ ဆရာဝန်တွေက သင့် အရေပြား အနာကိုသာ အာရုံစိုက်နေမှာ ဖြစ်တာကြောင့် ခြေသလုံး အမွေးတွေ အတွက်စိုးရိမ် ပူပန်စိတ် မထားပါနဲ့ ။

(၃)သင့် လှုပ်ရှားမှု အကြောင်းကို ရိုးသားစွာ ပြောပြပါ ဆရာဝန်တွေက လူနာတွေကို “လေ့ကျင့်ခန်း လုပ်ဖြစ်ရဲ့ လား” ဆိုပြီး မေးမြန်းတဲ့ အခါ“ဟုတ်ကဲ့၊လုပ်ဖြစ်ပါတယ်”လို့ အ များစုက ဖြေလေ့ ရှိပါတယ်။သူတို့ ပြောချင်တာက မြေးကို ထိန်းရတာမျိုး၊ ကလေးကို ကျောင်းအကြို အပို့ လုပ်တာမျိုး လောက်ကို ပြောတာပါ။ ဒီလို အလုပ်ရှုပ်တာက လေ့ကျင့်ခန်း လုပ်ဖြစ်တယ်လို့ မဆို နိုင်ပါဘူး။ ခပ်သွက်သွက် လမ်းလျှောက်တာလိုမျိုး အ သင့်အတင့် ပြင်းထန်တဲ့
လေ့ကျင့်ခန်းကို မိနစ် ၃၀-လောက် လုပ်ပေးမှ လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုနိုင်တာပါ။

(၄)Spaကိုကျန်းမာရေးအထောက်အကူအဖြစ်မမြင်ပါနဲ့  လူအများစုဟာ Spaကို မှန်မှန် သွားရုံနဲ့ သင့်တော်တဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့ မလိုလောက်အောင်ကို ပြည့်စုံ သွား ပြီလို့ ထင်နေတတ် ကြပါတယ်။ တကယ်တော့ Spaသွားတာက စိတ်ဖိစီးမှု ပြေလျော့ စေရုံလောက်ပါပဲ။ ကျန်းမာရေး အတွက်သင့် တော်တဲ့ စစ်ဆေးမှု ကိုတော့ မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။
 

(၅)ဒုတိယ အကြံဉာဏ်ကို ရယူပါ၊ ဒါပေမဲ့သင့်မိခင်ဆီကယူရမှာမဟုတ်ပါဘူး
ဈေးဝယ်ထွက်တဲ့ အခါ ကိုယ်ကြိုက်တဲ့ ပစ္စည်းအတွက် ထောက်ခံမှု ရဖို့ တခြားသူတွေရဲ့ 
အကြံဉာဏ်ကို တောင်းခံ လေ့ရှိ ပါတယ်။လူနာတွေကလည်း ဆေးကုသမှု ပေးတဲ့ ဆရာဝန် ပေးတဲ့ အကြံဉာဏ်ကို ငြင်းဆန်ချင်တဲ့ အခါ တခြား လူ နှစ်ဦး၊ သုံးဦး ဆီက အကြံဉာဏ်ကို တောင်းလေ့ ရှိပါတယ်။ သူတို့ အကြံဉာဏ်တောင်းတဲ့ သူတွေက ဆရာဝန်တွေ မဟုတ်ကြပါဘူး။မိခင်၊ဆွေ မျိုး၊အိမ်နီးချင်း စတဲ့ နီးစပ်ရာ ပတ်ဝန်းကျင်က ဖြစ်တတ်ပါတယ်။တကယ်တော့ ဒုတိယ အကြံဉာဏ်ကို ဆရာဝန် ဆီက ယူသင့် တာ ဖြစ်ပါတယ်။
 

(၆)အသားအရေ ထိန်းပစ္စည်းကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှဝယ်ပါ အသားအရေ ထိန်းပစ္စည်းတွေကို ငွေတွေ အများကြီး အကုန်အကျ ခံကာ ဝယ်ယူနေတဲ့ သူတွေကို တွေ့ ဖူးပါတယ်။ သူတို့ သုံးတဲ့ အသားအရေ ထိန်းပစ္စည်းတွေနဲ့ မတည့်တာကြောင့် ဆရာဝန်ဆီ ရောက်လာကြသူတွေလည်း အများကြီးပါ။ တကယ် တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသားအရေ ထိန်းပစ္စည်းတွေကို ဝယ်ယူ သင့်ပါတယ်လို့ ချီကာဂို အရေပြားကု ဌာနမှ ကာ ရိုလင်းက ရှင်းပြပါတယ်။
 

(၇)အချက်အလက်ကိုသိနားလည်ပါ 
 ယေဘုယျ အားဖြင့် အမျိုးသမီးတွေက သန္ဓေတားဆေးကို ပုံမှန်သောက်တာဟာ ကင်ဆာရောဂါ ၊လေဖြတ်တာ ၊နှလုံး ရောဂါ ထတာနဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်တယ်လို့ ထင်နေတတ်ကြပါတယ်။တကယ်တော့ သန္ဓေတားဆေးကို ပုံမှန်သောက်တာက သားအိမ်နဲ့ မမျိုးဥ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာ၊ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးတာ၊ ရာသီအကြို ဝေဒနာ သက်သာစေတာနဲ့ မမျိုးဥ အရည်အိတ် ဖြစ်နှုန်း လျော့နည်းတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေ ပါတယ်လို့ အီလီနွိုက် တက္က သိုလ်မှ သားဖွားမီးယမ် အထူးကု ဆရာဝန် စူဇန်က ရှင်းပြပါတယ်။

ဇွန် Good Health


http://myawadynews.blogspot.com/2013/09/blog-post_7038.html

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်



ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့် အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့ ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ် ၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

လျှောက်ထားသူ မြန်မာနိုင်ငံ သားများ အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။


လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး ၀င်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။



https://www.facebook.com/photo.php?fbid=477329362364900&set=a.351047714993

မိုးကုတ်ဆရာတော်ကြီး၏ သစ္စာတရားတော်များ အပိုင်း(၁) (အခွေ ၁၀၀ )

cycle5


- ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် အရှင်ဝိမလ ဟောကြားတော်မူသော သစ္စာတရားတော်များကို စုစည်းတင်ဆက်ထားပါသည်။
- တရားတော်များကို ဓမ္မမိတ်ဆွေတစ်စုမှ အသံကြည်လင် ပြတ်သားစေရန် MP3 Audio Digital Filtering နည်းပညာဖြင့် ပြန်လည်ပြုပြင်ထားပါသည်။

- ဆရာတော်ကြီး၏ အသံတော်များ File Size သေးပြီး အထူးကြည်လင်သောကြောင့် ဓမ္မပရိတ်သတ်များ အထူးကြည်ညို သဒ္ဒါပွားနိုင်ကြပါသည်။

တရားတစ်ပုဒ်ကို (6MB) ပတ်ဝန်းကျင်မျှသာရှိပါတယ်။ Download ရယူကာ သိမ်းဆည်းထားသင့်ပါတယ်။
 
၁။ သုဘဒ်ရဟန်း ဥပမာပြ၊ သင်္ခါရတရားတော် ချောင်(၁၆)ချောင် ခိုတတ်ပုံ (၁၆-၃-၁၉၆၀)
၂။ သတိနှင့်ဆား ဥပမာပြ (၂၅-၁-၁၉၅၅)
၃။ ၀ိသာခနှင့် ဓမ္မဒိန္နာမေးဖြေ (၂၉-၁-၁၉၅၅)
၎။ တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် (၈-၁၀-၁၉၅၆)
၅။ ဇောတိက ဥပမာပြ (၁၁-၁၀-၁၉၅၆)
၆။ ၀ိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား (၁၂-၁၁-၁၉၅၆)
၇။ ယမကရဟန်း ဥပမာပြ (၁၆-၁၂-၁၉၅၇)
၈။ ဇော(၇)ကြိမ် တရားတော် (၁၀-၇-၁၉၅၈)
၉။ ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ ပဋိလောမနည်းဖြင့် ဒုက္ခသစ္စာဆိုက်ပုံတရားတော် (၁၀-၈-၁၉၅၈)
၁၀။ အ၀ိဇ္ဇာလက်အောက်ခံ သင်္ခါရသုံးမျိုး တရားတော် (၁၂-၈-၁၉၅၈)
၁၁။ ခန္ဓာကိုယ်စေခိုင်း၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော် (၁၃-၈-၁၉၅၈)
၁၂။ အဓိပတိသုံးပါးထား၍ အားထုတ်ရန်နှင့် ဝေဒနာနှင့်တဏှာကြား နိဗ္ဗာန်ရှာပုံ (၁၃-၈-၁၉၅၈)
၁၃။ ကံ စေတနာ ကမ္မ၀ါဒီ သဿတဒိဋ္ဌိပယ်ပုံ (၂၅-၁၁-၁၉၅၉)
၁၄။ ဂီလာနရဟန်းအား ဝေဒနာပြ၍ ဟောကြားပုံ တရားတော် (၂၈-၁၁-၁၉၅၉)
၁၅။ အ၀ိဇ္ဇာ တဏှာ နှစ်ဘက်တန်းနေပုံတရား (၂၉-၁၁-၁၉၅၉)
၁၆။ တဏှာအပ်ချုပ်သမား ဥပမာပြ(၁) (၃၀-၁၁-၁၉၅၉)
၁၇။ တဏှာအပ်ချုပ်သမား ဥပမာပြ(၂) (၁-၁၂-၁၉၅၉)
၁၈။ ရှင်နန္ဒက ဘိက္ခုနီမငါးရာအား မီးအလင်းဖြင့် ဥပမာပြပုံ (၂-၁၂-၁၉၅၉)
၁၉။ ရှင်နန္ဒက ဘိက္ခုနီမငါးရာအား သစ်ပင်ဖြင့် ဥပမာပြပုံ (၃-၁၂-၁၉၅၉)
၂၀။ အာသဝေါတရား လေးပါးတရားတော် (၄-၁၂-၁၉၅၉)
၂၁။ ၀ဲသြဃ တရားတော် (၅-၁၂-၁၉၅၉)
၂၂။ ကံခြောက်မျိုး တရားတော် (၆-၁၂-၁၉၅၉)
၂၃။ ဒုက္ခခြောက်မျိုး တရားတော် (၇-၁၂-၁၉၅၉)
၂၄။ ကာမခြောက်မျိုး တရားတော် (၈-၁၂-၁၉၅၉)
၂၅။ ဝေဒနာခြောက်မျိုး တရားတော် (၉-၁၂-၁၉၅၉)
၂၆။ ဉာဏသုံးဆင့်တက်ပုံနှင့် အလုပ်စဉ်ပြတရား (၉-၁၂-၁၉၅၉)
၂၇။ ဥတ္တရလုလင် ဥပမာပြ ၀ိပဿနာ အားထုတ်နည်း (၁၀-၁၂-၁၉၅၉)
၂၈။ လူမိုက်နှင့် လူလိမ္မာခွဲခြားပုံ တရားတော် (၂၈-၁၂-၁၉၅၉)
၂၉။ သောတာပန်တည်နည်း တရားတော် (၃၁-၁၂-၁၉၅၉)
၃၀။ ဝေဒနာသုံးပါး(၁) စရိုက်ရွေးချယ်ပုံ (၇-၁-၁၉၆၀)
၃၁။ ဝေဒနာသုံးပါး(၂) ကိုယ့်အသေကိုယ်ကြည့်ရန် (၈-၁-၁၉၆၀)
၃၂။ သင်္ခါရတရား အနိစ္စပေါ်အောင် ကြည့်ရန် (၉-၁-၁၉၆၀)
၃၃။ မဂ်ဉာဏ်လိုချင်လျှင် ၀ိပဿနာအားထုတ်ပါ (၁၀-၁-၁၉၆၀)
၃၄။ သောတာပန်ပုဂ္ဂိုလ်၏ မြင်ပုံတရားတော် (၁၅-၁-၁၉၆၀)
၃၅။ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်မြင်မည် (၁၆-၁-၁၉၆၀)
၃၆။ ဒိဋ္ဌိသတ်လျှင် သောတာပန်တည်သည် (၁၉-၁-၁၉၆၀)
၃၇။ ကံသည် အနတ္တသဘောဖြစ်ပုံ (၂၀-၁-၁၉၆၀)
၃၈။ လူမိုက်နှင့် လူမိုက်ထက်ပိုမိုက်သောသူ တရား (၂၁-၁-၁၉၆၀)
၃၉။ ပဋိစ္စသမုပ္ပါဒ် အကြောင်းနှင့် အကျိုးတရားနာနေကြပုံ (၂၂-၁-၁၉၆၀)
၄၀။ မဂ္ဂဗြဟ္မစရိယအကျင့် လူမိုက်လမ်းဖြတ်ရန် (၂၃-၁-၁၉၆၀)
၄၁။ လူမိုက်နှင့် လူလိမ္မာခွဲခြားပုံ (၂၄-၁-၁၉၆၀)
၄၂။ အရှင်ခေမက ဥပမာပြ၊ ငါဟူသော သက္ကာယဒိဋ္ဌိဖြုတ်ရန် (၂၅-၁-၁၉၆၀)
၄၃။ အရှင်ခေမက ဥပမာပြ(၂)၊ အနိစ္စနှင့် အနိစ္စလက္ခဏာ (၂၆-၁-၁၉၆၀)
၄၄။ အိပ်ခြင်းမှ နိုးပြီး မဂ္ဂင်ဖောင်ကို ပြင်ဆင်ကြရန် (၂၇-၁-၁၉၆၀)
၄၅။ ၀ိပဿနာလမ်းနှင့် နိဗ္ဗာန်သို့သွားနိုင်ပုံ (၂၈-၁-၁၉၆၀)
၄၆။ သုသိမပရိဗိုဇ် တရားခိုးခန်း(၁) (၂၉-၁-၁၉၆၀)
၄၇။ သုသိမပရိဗိုဇ် တရားခိုးခန်း(၁) (၃၀-၁-၁၉၆၀)
၄၈။ သုသိမပရိဗိုဇ် ရဟန္တာဖြစ်ပုံ (၃၁-၁-၁၉၆၀)
၄၉။ အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိကျင့်စဉ် (၁-၂-၁၉၆၀)
၅၀။ ခဏကောင်းကို မလွန်မိပါစေနဲ့တရား (၂-၂-၁၉၆၀)
၅၁။ အဂ္ဂိဝစ္ဆပုဏ္ဏားအား နိဗ္ဗာန်အကြောင်း ရှင်းပြပုံတရား (၃-၂-၁၉၆၀)
၅၂။ အဂ္ဂိဝစ္ဆပုဏ္ဏားအား မီးနှင့်ဥပမာပြပုံ (၅-၂-၁၉၆၀)
၅၃။ သစ္စာနှစ်ပါးတရားတော် (၆-၂-၁၉၆၀)
၅၄။ အားကိုးထိုက်သော မဂ္ဂင်ဖောင်ကိုဖွဲ့ထားရန် တရား (၇-၂-၁၉၆၀)
၅၅။ ရှင်သာရိပုတ္တရာက အနာထပိဏ်သူဋ္ဌေးအား ဖြစ်ပျက်ရှုနည်းသင်ပေးပုံ (၈-၂-၁၉၆၀)
၅၆။ ဒိဋ္ဌိဖြုတ်ပြီးမှ ၀ိပဿနာရှုပါ တရားတော် (၁၃-၂-၁၉၆၀)
၅၇။ ဖြစ်ပျက်နှင့်မဂ်မှာ ကိလေသာ ကြားမခိုပါစေနဲ့တရား (၁၅-၂-၁၉၆၀)
၅၈။ ရှင်ဆန္ဒဥပမာပြ၊ ဝေဒနာနှင့် အသက်ရှင်နေပုံ (၁၆-၂-၁၉၆၀)
၅၉။ ရှင်ဆန္ဒရဟန်းအား ဒိဋ္ဌိခွါခန်း (၁၇-၂-၁၉၆၀)
၆၀။ ရှင်ဆန္ဒရဟန်းအား ဒိဋ္ဌိခွါခန်း (၁၈-၂-၁၉၆၀)
၆၁။ ရှင်ဆန္ဒ ဒိဋ္ဌိ ၀ိစိကိစ္ဆာကွာပြီး ရဟန္တာဖြစ်ပုံတရားတော် (၁၉-၂-၁၉၆၀)
၆၂။ လူမိုက်နှင့် လူလိမ္မာတရားတော် (၂၄-၂-၁၉၆၀)
၆၃။ တလပဏ္ဍိတသုတ် တရားတော် (၂၅-၂-၁၉၆၀)
၆၄။ သူတောင်းစားခြောက်ယောက် ဥပမာပြတရားတော် (၂၄-၂-၁၉၆၀)
၆၅။ ဒိဋ္ဌိကိလေသာ သတ်ရန်တရားတော် (၂၇-၂-၁၉၆၀)
၆၆။ သမ္မာဒိဋ္ဌိငါးမျိုး တရားတော် (၂၈-၂-၁၉၆၀)
၆၇။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၂) (၂၉-၂-၁၉၆၀)
၆၈။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၃) (၁-၃-၁၉၆၀)
၆၉။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၄) (၂-၃-၁၉၆၀)
၇၀။ ဖဂ္ဂုဏရဟန်းဥပမာပြ ခန္ဓာကြီးက သေရွာသို့သွားနေပုံ (၄-၃-၁၉၆၀)
၇၁။ ခင်ရာမင်ရာမှ တဏှာလာပုံတရားတော် (၆-၃-၁၉၆၀)
၇၂။ အဆိပ်ရောသည့်ရေ မသောက်မိစေရန်တရားတော် (၇-၃-၁၉၆၀)
၇၃။ နိဗ္ဗာန်သွား လမ်းပြမြေပုံ တရားတော် (၈-၃-၁၉၆၀)
၇၄။ စိတ်(၁၁)မျိုး ရှုပွားနည်းတရားတော်(ရှင်အနုရာဓ) (၉-၃-၁၉၆၀)
၇၅။ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အသိနှင့်ပထမပယ်နည်း(ရှင်အနုရာဓ-၂) (၁၀-၃-၁၉၆၀)
၇၆။ နှစ်ကြောင်းသောတရားဖြင့် နိဗ္ဗာန်သို့ရောက်နိုင်ပုံ (၁၄-၃-၁၉၆၀)
၇၇။ ချည်တိုင်နှင့်ကြိုး၊ ခွေးနှင့်လည်ပတ် (၁၅-၃-၁၉၆၀)
၇၈။ အာသဝေါတရား လေးပါးဖြုတ်သောဉာဏ်(၁) (၁၆-၃-၁၉၆၀)
၇၉။ ၀ိပဿနာရှုနေရမည့် ဘာဝေတဗ္ဗအလုပ်ပေးတရား (၁၇-၃-၁၉၆၀)
၈၀။ အနတ္တလက္ခဏဉာဏ် (၁၉-၃-၁၉၆၀)
၈၁။ ခန္ဓာငါးပါးကို မျောက်ဖြင့်ဥပမာပြ (၂၀-၃-၁၉၆၀)
၈၂။ ကုသိုလ်ခွေး အကုသိုလ်ခွေးတရားတော် (၂၂-၃-၁၉၆၀)
၈၃။ လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရနိုင်ပုံ တရားတော် (၂၂-၃-၁၉၆၀)
၈၄။ ပြုံးသေမဲ့သေ (၂၃-၃-၁၉၆၀)
၈၅။ ကံလေးမျိုးအကြောင်း ရှင်းပြပုံ (၂၄-၃-၁၉၆၀)
၈၆။ ဘုရားပြောသော စကားနှစ်ခွန်းတရားတော် (၂၅-၃-၁၉၆၀)
၈၇။ စိတ္တနုပဿနာ သတိပဋ္ဌာန် (၂၆-၃-၁၉၆၀)
၈၈။ သြဃလေးပါးနစ်မြုပ်နေပုံနှင့် ယင်းမှထွက်ပုံ (၂၇-၃-၁၉၆၀)
၈၉။ အခေါ်ရှိနှင့်တကယ်ရှိ အရှိနှစ်ပါးခွဲခြားရန် (၂၈-၃-၁၉၆၀)
၉၀။ ဝေဒနာနှင့်တဏှာကြား သဗ္ဗညုတဉာဏ်ရ၍ ဘုရားဖြစ်လာပုံ (၃၁-၃-၁၉၆၀)
၉၁။ သစ္စာလေးပါးနှင့် ကထိန်ရေစက်ချတရားတော် (၁၀-၁၁-၁၉၆၀)
၉၂။ ၀ိပဿနာအလုပ်ပေး တရားတော် (၁၃-၁၁-၁၉၆၀)
၉၃။ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်ပုံတရားတော် (၁၄-၁၁-၁၉၆၀)
၉၄။ သက္ကပဉာသုတ်(၄) ၀ိတက်ရှုနိသျှည်း (၁၅-၁၁-၁၉၆၀)
၉၅။ ဒုလ္လဘတရားငါးပါး (၁၆-၁၁-၁၉၆၀)
၉၆။ တိတ္ထိတွေအမေး အနာထပိဏ်သူဋ္ဌေးအဖြေ (၁၈-၁၁-၁၉၆၀)
၉၇။ ဖဂ္ဂုဏရဟန်း ဥပမာပြ သေတတ်အောင် သေနည်း (၁၉-၁၁-၁၉၆၀)
၉၈။ ရှာမှီးခြင်းမလွဲကြရန် (၂၀-၁၁-၁၉၆၀)
၉၉။ ရှင်ယမကဥပမာပြ(၁) ဒုက္ခပျောက်ဆေးမဂ်ရေအေး (၂၁-၁၁-၁၉၆၀)
၁၀၀။ အနာထပိဏ္ဍကောဝါဒသုတ် (၂၁-၁၁-၁၉၆၀)

 
တရားတစ်ပုဒ်ကို (6MB) ပတ်ဝန်းကျင်မျှသာရှိပါတယ်။ Download ရယူကာ သိမ်းဆည်းထားသင့်ပါတယ်။ နောက် အချိန်ပေးကာ နာယူမှတ်သား ကျင့်ကြံပွားများကာ 
သံသရာဝဋ် အတွင်းမှ လွတ်းကင်းနိုင်သူမျာ ဖြစ်ကြပါစေ....
 ကျန်ရှိနေသေးသော တရားများအား ဆက်လက် မျှဝေပါဦးမည်...။
                                                                        လေးစားစွာဖြင့်    ....    မောင်မြင့်
ဒီနေရာမှ ကူးယူမျှဝေပါသည်။

ရှင် အရဟံနှင့် အနော်ရထာမင်းကြီး


                                     

မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။

မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။

မင်းကြီး။ ။သမ္မာသမ္ဗုဒ္ဓဘုရား အမျိုးအနွယ်တည်ကား အဘယ်သို့သောဂုဏ်၊ အဘယ်သို့သော အကျင့်ရှိ ပေသနည်း။

မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍ မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို ပယ်သတ်ပေး နိုင်သောအကျင့် ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်…

မင်းကြီး။ ။ မင်းကြီးလည်း အားရ၀မ်းသာ တော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား တစ်စိတ်တစ်ဒေသမျှ ဟောကြားတော် မူပါလို့ တောင်းပန်လျှောက် ထားသည်တွင်…

မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓ သာမဏေ ဟောသကဲ့သို့ ) ဒါန သီလ ဘာဝနာ တရားတို့၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော် မူလေသည်။

မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာ ရှိသနည်း။ တရားတော်ကား မည်မျှများ ပါသနည်း။အရှင်မှ တစ်ပါး အခြားသော ရဟန်းတပည့် သံဃာများ ရှိပါသေး သလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။

မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ (၈၄၀၀၀) ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင် ရှိလေသည်။ ငါမှတစ်ပါး အခြား ရဟန်းတော် များစွာလည်း ရှိပေသည်။

မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှ တစ်ပါးအခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား လေသည်။

နေပြည်တော် အရှေ့ဘက် အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည် ရေကိုထမ်း၊ မိဖုရားသည် ဆွမ်းကိုရွက်ကာ နေ့စဉ်သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည် များကိုလည်း လျှောက်ထားမေးမြန်း လေသည်။

အရည်းကြီး တို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့် အရည်းကြီးတို့သည် ရှင်အရဟံကို ရန်ငြိုးထား ကြလေသည်။ မင်းကြီးကလည်း အရည်းကြီး တို့လက်မှ ကာကွယ်ပေးရန် ဆင်ခြင်ပြီး အရည်းကြီး သုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်း စေလေသည်။

ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူ တို့ကိုလည်း ရဟန်းပဉ္စင်း ပြုပေးပြီး သာသနာ တော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍ သာသနာကို သန့်ရှင်းစေလေသည်။

အနော်ရထာ မင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင် လိမ္မာသော အမတ်တစ်ဦးကို တန်စိုးလက်ဆောင် များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်၊ မွေတော်များကို ပင့်ဆောင်ခိုင်း လိုက်လေသည်။

ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော် မူလေသည်။
ထို့ကြောင့်ကိုယ်တော်တိုင် ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်း ရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊ မြင်းရှစ်သိန်း၊သူရဲကောင်းကုဋေရှစ်ဆယ် တို့နှင့် ချီတက်လေသည်။

ရေကြောင်းစစ်ဦး ပဲခူး သို့ရောက်၍ ပုဂံက လှေတပ်မကုန်သေး၊ ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ် မကုန်သေးချေ။ ထိုစစ်ရေး ချီလာသော သတင်းကို မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။

ထို့ကြောင့် အနော်ရထာ မင်းကြီးသည် ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်းအောင်မြင်မှုကို မရခဲ့ချေ။ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို ဖုတ်ကင်၍ စားသောကုလားငယ်၏ဦးခေါင်း၊ ပေါင်၊ လက် တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း သိရလေလျှင် အနော်ရထာ မင်းကြီးသည် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။

ထို့နောက် သထုံပြည်ကို အောင်မြင်ကာ သထုံမင်း အဆက်ဆက် ရတနာ ပန်းတောင်းတွင် ထား၍ကိုးကွယ်သော ဓာတ်တော်၊ မွေတော်များ၊ ပိဋကတ် သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ(၃၂)စီးတွင် တင်၍ပင့်ဆောင် လာခဲ့လေသည်။

မနူဟာမင်းကြီး နှင့်တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ် တစ်ထောင် တို့ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။

ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာ မင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြ ရရှာသော ခေတ်အဆက်ဆက် မင်းပြု အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။

ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန် ပြုလေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ် ကြလေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ ဂူတည်ထား ကိုးကွယ်လေသည်။

ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော် ကြလေသည်။
(ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)။

မြန်မာပြည်သူပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြု လုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေလေတော့သည်။

အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားပြုစုသော သာသနာ လင်္ကာရစာတမ်း သုံးကျမ်းတွဲ။

THE HISTORY OF THE BUDDHIST’S RELIGION စာအုပ်နှင့် ။

ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော ရဟန္တာများ စာအုပ်မှ မှီးငြိမ်းပြီးအတိုချုံးကာ ဖော်ပြလိုက်ပါသည်။

ဓမ္မစေတီဆရာတော် ဦးကောသလ္လ Page မှ
ပြန်လည်ကူးယူ မျှဝေ ပူဇော်ပါသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက် ရှိ ပြန်ပွားလာအောင် ဆောင် ရွက်တော်မူကြသော ရှင် အရဟံ မထေရ်မြတ်နှင့် အနော်ရထာမင်းကြီးတို့၏ ကျေးဇူးကား ကြီးမားလှပါပေသည်။

Shwe Tun
 

နာကျင်မှုရဲ့အနက်အဓိပ္ပာယ်




ပုံပြင်တစ်ပုဒ်မှာ ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်မှာပဲသေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။

အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။

ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။

ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။

ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှု
××××××××××××

ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။

ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရမဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။

စိတ်ရဲ့နာကျင်မှု
××××××××

အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......

နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွှဲတဲ့အခါ

ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ

လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ

သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ

ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။

ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။

တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွှတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။

ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/tengtongdeyiyi_78731_3.html

နိုင်းနိုင်းစနေ

အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင်



A .. Age .. အသက် ဖြစ်ပါတယ် .. ကိုယ်နဲ့ အိမ်ထောင် ပြုမယ့် သူဟာ အသက် ကွာခြား ချက် ကြီး လို့ မရပါဘူး .... အသက် ( ၅ ) နှစ်ဟာ ခေတ် တစ်ခေတ် ကွာပါတယ် ... အတွေးအခေါ် အယူ အဆ ဖြတ်သန်း လာခဲ့ရတဲ့ ဘ၀ ပေး သင်ခန်းစာ တူဖို့ ဆိုတာ အင်မတန် ခက်ခဲ ပါတယ် ...

B .. Beauty .. အလှအပ ဖြစ်ပါတယ် ... ကိုယ်နဲ့ ယူမယ့် အိမ်ထောင်ဘက် ဟာ ... ကိုယ်နဲ့ လိုက် ဖက် တဲ့ ရုပ်ရည် ရူပကာ ရှိသင့် ပါတယ် ....

C .. Character .. အကျင့် စာရိတ္တ ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက် ဟာ အကျင့် စာ ရိတ္တ ကောင်း မွန်ဖို့လိုပါမယ် ...

D .. Director .. ဦးဆောင် နိုင်စွမ်း ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက်ဟာ .. အိမ်ဦးနတ် ပဲ ဖြစ်ဖြစ် အိမ်ထောင် ရှင်မ ပဲ ဖြစ်ဖြစ် ကျရာ တာဝန်မှာ ဦးဆောင် နိုင်စွမ်း ရှိတဲ့ သူတစ် ဦး ဖြစ် ဖို့ လိုပါတယ် ...

E .. Education .. ပညာရေး ... အိမ်ထောင် တစ်ခု မှာ ပညာရေး ကွာ ခြားလို့ မရပါဘူး ... ပညာေ ရး ကွာခြားချက် ကြီးမား တာနဲ့ အမျှ အတွေးအခေါ် အယူ အဆတွေ ပေါင်းသင်း ဆက်ဆံ ရေးေ တွ မှာ ကွာခြား လာပါတယ် ... အဲ့ အတွက် ကိုယ့် ရဲ့ လူမှု ပေါင်းသင်း ဆက်ဆံရေး နယ်ပယ် အ တွက် ပါ ထိခိုက်လာ နိုင်ပါတယ် ...

F .. Facility ...အထောက် အကူ ပြု ပစ္စည်း .. ဒီ နေရာမှာ ဘ၀ အတွက် အထောက် အကူ ပြုနိုင် တဲ့ အရာ ပေါ့ဗျာ ... ငွေကြေး ပဲ ထားပါတော့ ... သိပ်တော့ အရေး မကြီးပါဘူး ... ဒါပေမယ့် ထည့် သွင်း စဉ်းစား ရမယ့် အချက် တစ်ခုအနေနဲ့ ထည့် ထားတာပါ ....

G ... Generation .. မျိုး ဆက် ( သို့ ) မျိုး ရိုး ... ကိုနဲ့ အိမ်ထောင် ပြု မယ့် သူဟာ မျိုးရိုး ကော င်းဖို့ လိုပါမယ် ... ဒါက ထွေထွေ ထူးထူး ပြောနေစရာ ကိစ္စမဟုတ်ပါဘူး ...

H ... Health .. ကျန်းမာရေး ... ဒါကတော့ ပြောနေ စရာကို မလိုတာ ... ကိုယ့် အိမ်ထောင် ဖက် ကို ကိုယ့် ဖာသာ ကို စစ်ဆေးခိုင်း ပေါ့ဗျာ ....

ကျွန်တော် သင်ကြား ခဲ့ ဘူးတာလေး ကို ပြန်လည်ဝေမျှတာပါ ... သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါမယ် ....

လင်းလက်လူ ( GLM ) ရေးခဲ့တဲ့ ပိုစ့် အဟောင်းလေး တစ်ခု ပါ ....


https://www.facebook.com/photo.php?fbid=476629489101554&set=a.351047714993

ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်



စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။


(ဘဲဥနဲ့ဝက်သားတွဲမှာထားတဲ့ ၃၀၀ ကျပ်တန် ထမင်းပွဲ)
အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။

ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...

“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”

သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။

“ဘာလဲဟ ၀က်ဘဲဆိုတာ”

“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”

ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။

ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်ဆမ်းထားတဲ့ ထမင်းပွဲက သူရောင်းနေတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး ဖြစ်နေတယ်။

(အခြေခံလူတန်းစားတို့အားထားရာ ပုသိမ်မြို့ ပန်းခြံလမ်းက ၂၀၀ ကျပ်တန် ထမင်းရောင်းတဲ့ဆိုင်)

ဆိုင်မှာ ဟင်းက ငါးဟင်း၊ ငါးဆုပ်ဟင်း၊ ဘဲဥဟင်း၊ ၀က်သားနဲ့ အမဲအူဆိုပြီးတော့ ဟင်း (၅) မျိုး ရတယ်။ ဟင်း တမျိုးစားလည်း ၂၀၀ ကျပ်၊ နှစ်မျိုးစားလည်း ၂၀၀ ကျပ်ပဲ ပေးရတယ်။ ဘဲဥဟင်းနဲ့ တခြားဟင်းတမျိုးတွဲရင်တော့ ၃၀၀ တဲ့။

ကျနော်တို့မှာလိုက်တဲ့ ထမင်းပွဲကတော့ ၃၀၀ တန်ထမင်းပွဲပေါ့။
ထမင်းလိုက်ပွဲထပ်ယူရင် တပွဲ ၁၀၀။ တခြားထမင်းဆိုင်ကြီးတွေလို ဟင်းချို၊ အရွက်ကြော်၊ ငါးပိရည် တို့စရာ တွေတော့ မပါဘူး။ ဒါပေမယ့် ရေနွေးကြမ်းရတယ်။ ဆားပန်းကန်နဲ့ အစပ်ကြိုက်သူအတွက် ငရုတ်သီးစိမ်းပန်းကန် ချထားပေးတယ်။

မှာထားတဲ့ထမင်းပွဲကို စားကြည့်လိုက်တော့ ဟင်းလက်ရာ ကောင်းသလို ဆန်ကလည်း ဆန်ကြမ်းပေမယ့် အညံ့စားကြီး မဟုတ်ဘဲ စားလို့အဆင်ပြေတဲ့အနေအထားမှာ ရှိတာ တွေ့ရတယ်။ ကျနော်လည်း မြည်းရင်းစမ်းရင်း စားလိုက်တာ တပန်းကန်ကုန်သွားတယ်။

ကျန်တဲ့လူတွေအကဲခတ်ကြည့်တော့ ထမင်းစားလိုက်၊ ငရုတ်သီးစိမ်းလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူ သောက်လိုက်နဲ့ သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။
ဟင်းအရည်လိုချင်ရင် ထပ်တောင်းလို့လည်း ရတယ်။ ဟင်းရည်တောင်းရင် အသားဖတ် ၂ ဖတ်၊ ၃ ဖတ်တောင် ဆိုင်ရှင်က အဆစ်ထည့်ပေးလိုက်သေးတယ်။

(၂၀၀ ကျပ်ဖိုး ဟင်းနှစ်မျိုး တွဲစားလို့ရ)

ပုသိမ်မှာ လက်ဖက်ရည်တခွက်တောင် ၂၀၀ ကျပ် ဖြစ်နေတဲ့ခေတ်မှာ ထမင်းတပွဲကို ငွေ ၂၀၀ နဲ့ ရောင်းနေတဲ့ကိစ္စက အတော့်ကို ထူးဆန်းစရာပဲမဟုတ်လား။

ဆိုင်ရှင်အမျိုးသားကိုဇေယျာလင်းကို မေးလိုက်တယ်။

“ဒီဈေးနှုန်းနဲ့ ရောင်းနေတော့ အစ်ကိုတို့ မြတ်ကော မြတ်ရဲ့လားဗျ”

“ဈေးသည်ပဲဗျာ။ မြတ်လို့ရောင်းတာပေါ့။ အဓိကကတော့ စားတဲ့လူတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေစားလို့ရနေရင် ကျေနပ်ပါတယ်။ ကျနော်တို့ ဒီဆိုင်ဖွင့်လာတာ အခုဆိုရင် သက်တမ်း ၁၅ နှစ်နီးပါးရှိနေပြီ။
စရောင်းတုန်းကတော့ ထမင်းတပွဲ ၄၀ (ကျပ်)၊ နောက်တော့ ကုန်ဈေးနှုန်းတက်လာလို့ ၂၀၀ ကျပ်အထိ တက်ရောင်းဖြစ်တာ”လို့ ကိုဇေယျာလင်းက ပြန်ဖြေပါတယ်။

ရောင်းလို့ မကုန်တဲ့နေ့ မရှိသလို နေ့လည် ၁၁ နာရီလောက်ကစရောင်းတာ မွန်းလွဲ ၂ နာရီထိုးလောက်ဆိုရင် ရောင်းကုန်ပြီလို့ သူက ပြောပါတယ်။

ကျနော်စဉ်းစားကြည့်တယ်။ ဒီဈေးနှုန်းနဲ့ရောင်းနိုင်ရအောင် ဆန်တွေများ အလကား ရနေလို့များလား။

“အစ်ကိုတို့ ဆန်ကျတော့ကော။ ရွာက မှာတာလား”

“မဟုတ်ပါဘူး။ ဆန်ကလည်း ပုသိမ်ကပဲ ၀ယ်ပါတယ်။ အသားတွေ ဟင်းတွေလည်း ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းစားလို့ရအောင် ချက်ပါတယ်”လို့ သူက ပြောပါတယ်။

ထမင်းဆိုင်ကို အားပေးနေသူတွေကတော့ ကမ်းနားတ၀ိုက်က ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆိုက္ကားသမားတွေ၊ အခြေခံလူတန်းစားတွေနဲ့ ကျေးရွာတွေက တက်လာတဲ့ တောသူတောင်သားတွေအများစုဖြစ်နေတာ တွေ့ရပါတယ်။

“မသိသူကျော်သွား၊ သိသူဖော်စား“ဆိုတဲ့ စကားပုံလိုပဲ ဒီဆိုင်ကိုသိနေတဲ့ ဖောက်သည်တွေက လူအုပ်လိုက်ဝင်လာ ခပ်သုတ်သုတ်စား။ ပြီးတာနဲ့ ငွေရှင်းပြီး ပြန်ကြ။ ရောင်းတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ရောင်း၊ စားတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ စားကြတာ တွေ့ရပါတယ်။

“ကျနော်တို့လို ဆိပ်ကမ်းကကုန်တင်ကုန်ချအလုပ်သမားတွေအတွက်တော့ ဒီဆိုင်လေးက တအားအဆင်ပြေတယ်။ ပုသိမ်တမြို့လုံးမှာ ဒီဆိုင်က ဈေးအသက်သာဆုံးပဲ။
ဈေးလည်းသက်သာတယ်။ စားလို့လည်း ကောင်းတယ်”လို့ ပုသိမ်ဆိပ်ကမ်းက ကုန်တင်ကုန်ချလုပ်သားတဦးက ပြောပါတယ်။

ဆိုခဲ့သလိုပဲ ထမင်းဆိုင်ရယ်လို့တောင် ဆိုင်းဘုတ်တပ် နာမည်ပေးထားခြင်းမရှိပေမယ့် မြို့တော်ခန်းမနား အနီးတ၀ိုက်မှာ “၂၀၀ ကျပ်တန် ထမင်းဆိုင်”လို့ မေးလိုက်ရင် မသိတဲ့လူ မရှိသလောက်ဖြစ်အောင်ကို နာမည်ကြီးပါတယ် တဲ့။

ကဲ ... ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်ဆိုတာ မယုံဘူးဆိုရင်တော့ မြို့တော်ခန်းမ နောက်ကျောက ပန်းခြံလမ်းထဲမှာရှိတဲ့ ၂၀၀ ကျပ်တန် ထမင်းဆိုင်ကိုသာ ကြွခဲ့ပါလို့ ပြောပါရစေဗျာ…


ဆလိုင်းသန့်စင်
ဧရာဝတီသတင်း


https://www.facebook.com/photo.php?fbid=476632192434617&set=a.35104771499306

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ



ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း
ယိုယွင်းလာစေပါတယ်။ ကျောက် ကပ်ကို ဂရုမစိုက်ရင် ဒီရောဂါဝင်လာ ဖို့က ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပြီး အြေငသညေူုငိညနပ င်္သကညိအေငသည သှ်ုညိငေ က အတည်ပြုခဲ့ပါတယ်။ ကျောက်ကပ်ကို ဂရုမစိုက်တဲ့အတွက် ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၉၀၀၀၀ကျော်ဟာ နှစ်စဉ်ကျောက် ကပ်အစားထိုး ခွဲစိတ်မှုခံယူနေရတယ် လို့ အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။

National Kidney Foundation of India က ဖော်ပြ ထားတဲ့ကျောက်ကပ်ကျန်းမာရေး အတွက် အကြံပြုချက်တွေကို ဖော်ပြ ပေးလိုပါတယ်။

•- ဆေးလိပ်ကို လျှော့သောက်ပါ။
•- ယမကာ မှီဝဲမှုကို ထိန်းချုပ်ပါ။
•- ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံး လုပ် ပေးပါ။
•- ကိုယ်အလေးချိန် မတက်အောင် အမြဲဂရုပြုပါ။
•- ဆားပါဝင်မှုများသော အစားအစာ များကို ရှောင်ပါ။
•- သွေးပေါင်ချိန်နှင့် သွေးတွင်းကို လက်စတီရောကို ပုံမှန်ရှိသင့်သော ပမာဏအတွင်း ထိန်းထားပါ။
•- အကိုက်အခဲပျောက်ဆေး အလွန် အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
•- ရေနှင့် အရည်ရွှမ်းသော သစ်သီး များကို များများစားသုံးပေးပါ။

ဒီနည်းလမ်းတွေကို ကျင့်သုံးပေး ပြီးတဲ့အပြင် ကျောက်ကပ်ပျက်စီးနိုင် မယ့် မငျု တွေကို ကြုံတွေ့ရရင် ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန် ကြီးတွေနဲ့ ပြသဖို့အခုစာတမ်းမှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: zeenews

http://myawadynews.blogspot.com/2013/09/blog-post_6932.html

နည်းပညာကို အလွန်အကျွံသုံးစားခြင်း





နေ့စဉ် လူနေမှုဘဝ ပတ်ဝန်းကျင်ကို ကြည့်လိုက်တိုင်း နည်းပညာကို မသုံးစားသူ မရှိသလောက်ဖြစ်သည်။ ဆဲလ်ဖုန်းတွေ သုံးနေကြသည်။ ကွန်ပျူတာ၊ တက်ဘလက်တွေနှင့် အလုပ်ရှုပ်နေကြသည်။ ကားမောင်းရင်းလည်း သုံးသည်။ လမ်းလျှောက်ရင်းလည်း သုံးသည်။ လူတို့၏ နေ့စဉ် လူနေမှုဘဝတွင် နည်းပညာက မသုံးရမနေနိုင်၊ မရှိမဖြစ်အသွင် ဆောင်လာသည်။ နည်းပညာကို သုံးစားရုံမက နည်းပညာဖြင့် မထိတွေ့ရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်သည်အထိ စွဲသူတွေပင် ရှိလာသည်။ နည်းပညာကို ဝန်းရံထားခြင်းဖြင့် ဘဝကို တည်ဆောက်လာကြသည့် ခေတ်သစ်လူနေမှု ဟူ၍ပင် ဆိုရမည်ဖြစ်သည်။

နည်းပညာသည် လူသားကို အထောက်အကူ ပြုသည်။ ပျော်စရာကောင်းစေရန် ဖန်တီးပေးသည်။ စိတ်ကြည်နူးချမ်းသာစေရန် ဖျော်ဖြေမှု ပေးနိုင်သည်။ လုပ်ငန်းပရောဂျက် များကို အမြန်ဆုံး ပြီးစီးနိုင်စေရန်၊ နေ့စဉ်လူတို့ဘဝ လုပ်ငန်းဆောင်တာများကို ပိုပြီး ထိရောက်စေရန် နည်းပညာကို မဖြစ်မနေ အကူအညီ ယူကြရသည်။ သို့သော် နည်းပညာ၏အထောက်အကူ ယူခြင်းကြောင့် လူနေမှုဘဝအတွက် အပျက်သဘောဆောင်သော ထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။ နည်းပညာကို မည်မျှသော အတိုင်းအတာအထိသာ သုံးသင့်ကြောင်း ပြန်လည်ဆန်းစစ်ရမည့် အချိန်ရောက် လာပြီထင်သည်။

လွန်ကျူးခြင်း ဆိုသည်မှာ မည်သည့်နေရာတွင် မဆို အကောင်းထက် အဆိုးကိုသာ ဖြစ်စေနိုင်ကြောင်း သဘောပေါက်မည် ထင်ပါသည်။ နည်းပညာကြောင့် ဖြစ်ပေါ်လာစေသည့် အဆိုးတရား တစ်ခုတွင် ထင်ရှားသည်မှာ ခေတ်သစ်လူတို့၏ စိတ်မရှည်တတ်ခြင်း ဖြစ်သည်။ ထို့ပြင် လူသားတို့ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံမှုနှင့် ဂါရဝတရား နည်းပါလာခြင်းကိုပါ ထင်ရှား သည့် လက္ခဏာတစ်ရပ် အနေဖြင့် တွေ့မြင်လာရသည်။

တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံပြောခြင်းထက် လင်မယားချင်း၊ သားသမီးများကိုပင် ဖုန်းဖြင့် ခေါ်ပြောမှုများသည် သူစိမ်းအသွင် ဆောင်လာခြင်းကို ဖြစ်စေသည်။ နောက်ပိုင်းတွင် စကားပြောဆိုရ မည်ကိုပင် စိတ်မပါသဖြင့် စာ (Message) များပို့ကာ "ထမင်းစားပြီးပြီလား"၊ "နေကောင်းလား" လုပ်လာကြသည်။ လေကို ချွေတာလေ၊ အနေကွာလေ ဖြစ်သည်ကို သတိ မမူကြခြင်းဖြစ်သည်။

နေ့စဉ်လူနေမှုဘဝ တွင်လည်း လူတို့၏ နေထိုင်မှု စရိုက်များ ပြောင်းလဲလာသည်။ စာဖတ်ခြင်း ဓလေ့ထက်၊ တီဗီကြည့်ခြင်းကို ပိုပြီးအချိန်ပေးလာသည်။ သူငယ်ချင်း အချင်းချင်း ကော်ဖီဆိုင်ထိုင်ပြီး ရင်းနှီးခင်မင်စွာ စကားပြောခြင်းထက် အွန်လိုင်းပေါ်တက်ပြီး ချက်တင်လုပ်ကြသည်။ ဂျီမေးလ်ဖြင့် ဆက်သွယ် ပြောဆိုကြသည်။ Facebook နှင့် Twitter စသည့် လူမှုကွန်ရက်ဖြင့် ဖြတ်လမ်းဆက်သွယ်မှု များကို သုံးပြီး ပျော်မွေ့ကြသည်။ ထို့ကြောင့် နေ့စဉ် လူမှုလောကတွင် လူတို့သည် စိတ်မရှည်ခြင်း၊ စိတ်တိုခြင်း၊ သည်းခံစိတ်နည်းပါးခြင်း တို့မှာ နည်းပညာကို

Bobtail ပြည်ကြီးငါးတို့၏ သဘာဝ အလှတရားများ


Sunday, September 29, 2013

Bobtail ပြည်ကြီးငါးများသည် ပင်လယ်သမုဒ္ဒရာများမှ သဘာဝ အလှတရားများအဖြစ် ရေအောက် ဓာတ်ပုံဆရာ တစ်ဦးက သက်သေထူ ပြသလိုက်သည်။ အဆိုပါ ပြည်ကြီးငါးများ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပါဝင်သည့် ထောင်နှင့်ချီသော ပြင်ပအရေပြားလွှာ ဆဲလ်များသည် အရောင်များကို အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိသည်။ ယင်းပြည်ကြီးငါးများသည် မိတ်ဖက်ကို ဆွဲဆောင်ရန်နှင့် သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် အရောင်အပြောင်းအလဲများ ပြုလုပ်လေ့ရှိပြီး ယင်းစွမ်းရည်သည် ၎င်းတို့အား အဏ္ဏဝါ ရေပြင်၏ ထူးခြားလှပသည့် သက်ရှိများအဖြစ် ပုံဖော်ခွင့် ရစေခဲ့သည်။ ရေအောက် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိသည့် တော့ဒ်ဘရတ်တဲလ်သည် ထိုပြည်ကြီးငါးများ၏ လှပသော ဓာတ်ပုံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။

တော့ဒ်သည် ဘာမြူဒါတွင် လှေတစ်စင်းဖြင့် လှည့်လည်ရင်း အဆိုပါ ပြည်ကြီးငါးများ၏ လှပဆန်းကျယ်သော အရောင်ပြောင်းလဲမှုများကို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ တော့ဒ်သည် ဒေသခံ ရေငုပ်သမားများကို အားကျစိတ်ဖြင့် ကိုယ်တိုင်လည်း ဝါသနာအလျှောက် ရေငုပ်ခဲ့သူ ဖြစ်သည်။ အသက်(၁၂)နှစ်သား ကတည်းက ရေအောက်သဘာဝနှင့် မစိမ်းတော့သည့် တော့ဒ်သည် (၂၀၀၈)ခုနှစ်တွင် ရေအောက် ကင်မရာ တစ်လုံးကို ဝယ်ယူကာ ပါလာအူတွင် ရေအောက် သက်ရှိများကို လိုက်လံ ဓာတ်ပုံရိုက်ခဲ့သည်။

Bobtail ပြည်ကြီးငါးများမှာမူ ကင်းမွန်များနှင့် ပုံစံဆင်တူပြီး စုပ်ခွက်ပါသည့် လက်တံ(၈)ခု ပါရှိသော သက်ရှိငယ်များ ဖြစ်ကြသည်။ ထို့အပြင် ရှည်လျားသည့် ဘဝဲလက်တံနှစ်ခုလည်း ပါရှိသည်။ ယင်းတို့သည် ပစိဖိတ် သမုဒ္ဒရာ ကမ်းဦးရေတိမ်ပိုင်းများနှင့် အိန္ဒိယ သမုဒ္ဒရာရှိ အချို့သော အစိတ်အပိုင်းများတွင် ပျံ့နှံ့နေထိုင်ကြသည်။ အဆိုပါ ပြည်ကြီးငါးများသည် ကင်းမွန်တို့ကဲ့သို့ပင် ရေယက်များဖြင့် ကူးခတ်နိုင်သလို ခန္ဓာကိုယ်အား အရှိန်မြှင့် တွန်းကန်လွှတ်ကာ လျင်မြန်စွာ ရွေ့လျားနိုင်စွမ်း ရှိကြောင်းလည်း သိရသည်။

Planet Myanmar Network

https://www.facebook.com/photo.php?fbid=476746605756509&set=a.351047714993

ယောက်ျား နှင့် မိန်းမ မွေးဖွားမှု ဘယ်သူပိုများသလဲ


Saturday, September 28, 2013

လူသတ္တ၀ါတို့တွင် ယောက်ျားဖြစ်ရန်နှင့် မိန်းမဖြစ်ရန် မည်သည်က ပိုမိုလမ်းများပါသနည်း။တစ်နည်းဆိုသော် ယောက်ျားကလေးနှင့်မိန်းကလေးတွင် မည်သူက ပဋိသန္ဓေတည်ရန် အခွင့်အလမ်းသာပါသနည်းဟု စဉ်းစားရန်ရှိ၏။ အနောက်နိုင်ငံများ၌ မိန်းကလေး ၁၀၀ လျှင် ယောက်ျားလေး ၁၀၅ ယောက်ခန့် မွေး၏။ သန္ဓေသားကို အထီးဖြစ်အောင် ဖန်တီးနိုင်သော Y သုတ်ပိုးနှင့် အမဖြစ်အောင်ဖန်တီးနိုင်သောX သုတ်ပိုးများ ဦးရေ တူညီပါလျှက် ယောက်ျားကလေးများ ပိုမိုမွေးဖွားကြခြင်းမှာပွဲဦးထွက်၌ Y သုတ်ပိုးများက ခြေလှမ်းသာသောကြောင့် ဖြစ်နိုင်တန်ရာ၏။ 


ပဋိသန္ဓေတည်ဆဲကာလ၌ယောက်ျားကလေးသည် မိန်းကလေးထက် ချူချာ၍ ပျက်စီးဆုံးပါးတတ်ကြောင်း ယုတ္တိအထောက်အထားများရှိ၏။ မူလအစက ချွတ်ယွင်းနေသော ကလေးများနှင့် မမွေးမီ သို့မဟုတ် မွေးပြီးလျှင် ပြီးခြင်း သေဆုံးသောကလေးများတွင် ယောက် ကျားကလေးများက သိသိသာသာ ဦးရေများ၏။ အချို့ပညာရှင်များကမူ ပဋိသန္ဓေတည်ပြီးနောက် ပထမ လများ၌ ပျက်စီးသော သန္ဓေသားများတွင် အထီးကအမ၏ နှစ်ဆ၊ သုံးဆ ဖြစ်သည်ဆို၏။

ဤစကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထင်ရှားသောအချက်သည်ကား အသေမွေးသောကလေးများတွင်မိန်းကလေး ၁၀၀ လျှင် ယောက်ျားကလေး ၁၂၅ ယောက် ဖြစ်နေခြင်း ဖြစ်၏။ ဤသို့ အထီးက အမထက်
အပျက်အစီး များခြင်းကို လူသတ္တ၀ါများ၌ သာ တွေ့ရသည် မဟုတ်ချေ။ တိရစ္ဆာန်များ၌လည်း အထီးက အမထက်အလားတူ ပျက်စီးဆုံးပါးမှု ပို၍ များကြောင်း တွေ့ရသည် ဆို၏။ ဤနေရာ၌ ပျက်စီးဆုံးပါးမှု များခြင်း၏ အကြောင်းဖြစ်သောအထီး၏ ချွတ်ယွင်းချက် တစ်ခုကို ပြရမည်ဆိုသော် အထီးသည် ပဋိသန္ဓေသားဘ၀၌ပင်အရိုးကြီးထွားမှု၌အမထက်နောက် ကျ၍၊ မွေးဖွားသောအခါတွင်လည်း အရိုးမာမှု၌ အမထက် တစ်လခွဲခန့် နောက်ကျ၏။

သို့ဖြစ်၍ ဦးစွာ ပထမအရွယ်၌ ယောက်ျားကလေးသည် မိန်းကလေးကဲ့ သို့ တောင့်တင်းကြံ့ခိုင်ခြင်း မရှိချေ။ယောက်ျားကလေးသည် မွေးဖွား ရန် ပိုမိုခက်ခဲ၍ အချိန်အနည်းငယ် ပို၍ ကြာ၏။မိန်းကလေးများသည်ကိုယ်ဝန်ရှိစဉ်က အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေလိုက်၍ သားယောက်ျား သို့မဟုတ် သမီးမိန်းကလေး ရရှိတတ်၏။ အသက်ငယ်၍ ကျန်းမာသော မိန်းမများသည် အသက်ကြီးသော မိန်းမများထက်သားယောက်ျားရရန် အလားအလာရှိ၏။ 


အသက် ၁၈ နှစ်မှ ၂၂ နှစ်ထိ မိန်းမများမွေးသော ကလေးများတွင်ယောက်ျားကလေးများက ၂၀ ရာခိုင်နှုန်း ပိုများ၏။ အသက် ၃၈ နှစ်မှ ၄၂ နှစ်ထိ မိခင်များ၏ ကလေးများ၌မူယောက်ျားကလေးများမှာ ၁၀ ရာခိုင်နှုန်းနည်းကြောင်း တွေ့ရသည် ဆို၏။ ကြေး ရတတ်အထက်တန်းစားအမေရိကန်နှင့် ဂျာ မန် မိန်းမများ၏ သားသမီးများတွင် ယောက်ျားကလေးများမှာ ၂၀ မှ ၂၅ ရာခိုင်နှုန်းထိ ပို၍
များသည်ဟု သိရသည်။

ဆရာဦးအေးမောင်၏ ဖိုမ၏ ဗီဇ နှင့် ပတ်ဝန်းကျင် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ကိုသန်းဇော်
အေးမြသာစည်ရွာ


https://www.facebook.com/photo.php?fbid=476199775811192&set=a.351047714993066.

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ



၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

ဆောင်ပုဒ် ...

၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး ဖြစ်ပါသည်။

မိဘကျေးဇူးအနန္တကို သိတဲ့အတိုင်း ဆပ်ခွင့်ရနိုင်ကြပါစေ….


https://www.facebook.com/photo.php?fbid=506832116066998&set=a.501060999977443.1

ခြေဖနောင့် နာအောင်လုပ်တဲ့ ဒေါက်မြင့်များ သတိထား



လူတစ်ယောက်ရဲ့ ခြေဖဝါး မတ်တတ်ရပ် လမ်းလျှောက်ဖို့ရာ ခြေဖဝါး (ဖနောင့်မှ ခြေချောင်းလေးတွေ အထိ) နှင့် ခြေသလုံး တိုင်တို့ ၉၀ ဒီဂရီ ရှိ ရပါတယ်။ ထို့အတူပဲ ခြေသပွတ် တိုင်နဲ့ ခြေဖဝါးကတော့ ၆၀ ဒီဂရီ ရှိရတယ်။ ဒါမှ လူတွေဟာ နေ့စဉ် ပုံမှန်လှုပ်ရှားမှုတွေ ပြုလုပ်နိုင် ပါတယ်။

ဒါပေမယ့် ဒေါက်မြင့်တဲ့ ရှူးဖိနပ်တွေက လူရဲ့ ခြေထောက် အနေအထားကို ရှေ့မှ ဖော်ပြခဲ့တဲ့ အနေအထား ဒီဂရီ တွေ ပြောင်းလဲစေတဲ့အတွက် သူတို့ ရဲ့ ပုံမှန်လုပ်ငန်းကို ထိခိုက်စေ ပါသတဲ့။

ခြေဖဝါးအစုံ ပုံမှန်မရှိစေ တော့ဘဲ ပျောက်သွားတဲ့ အတွက် လမ်းလျှောက် ရာတွင်လည်းကောင်း၊ ပြေးလွှားတဲ့ အခါတွင် လည်းကောင်း၊ ခြေဖဝါး ကူရှင်ဖြစ်နေစေတဲ့ အခုံးမရှိလို့ ဒူး တွေနဲ့ ခါးရိုးပေါ်မှာ မလိုအပ်ဘဲ ဖိအား တွေ သက်ရောက်စေပါ တော့တယ်။ သေးသေး ရှူးဖိနပ်စီးတဲ့ အမျိုးသမီး တွေ အသက်ရလာတာနဲ့အမျှ ဘာ ကြောင့် 'ငါဒူးနာ ရတာလဲ၊ ခါးနာရ တာလဲ' ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိလာ ပါလိမ့်မယ်။

နောက်တစ်ချက် ကတော့ ခြေဖဝါးရှိ ခြေဆစ်ကလေး တွေ အားပြုလျှောက်ရလို့ ရောင်ရမ်း လာခြင်း၊ ခြေဖနောင့်အရွတ် ရောင် ရမ်းလာခြင်း၊ ခြေပူနာခေါ် အသားမာ တက်လာခြင်းနှင့် ခြေမအဆစ်ငေါပြီး နာကျင် လာခြင်းတို့ပါ တွဲဖက် ခံစား နိုင်ပါသတဲ့။ ဒေါက်မြင့်လေ ခြေသပွတ် တိုင်လယ်တာ၊ ခေါက်တာ၊ လဲကျလို့ အရိုးကျိုးတာစတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါသေးတယ်။

အမျိုးသမီး တွေဟာ ဒေါက်မြင့်မြင့် ကြီးတွေစီးရင် ပိုကြည့်ကောင်းလာမှာ ပဲလို့ထင်ပြီး စီးလေ့ရှိပါတယ်။ အမှန် က ၂.၅ စင်တီမီတာထက် ပိုနိမ့်ပြီး ပိုကျယ်တဲ့ ဒေါက်မြင့်မျိုး စီးသင့်ပါ တယ်။


မေ


https://www.facebook.com/photo.php?fbid=476204742477362&set=a.35104
Related Posts Plugin for WordPress, Blogger...